အပိုင်း ၁၇၄•၂
” နှင်းဧကရီ ”
°°°
လျှပ်စီးဧကရာဇ်က နှင်းဧကရီကို ကြည့်ရင်းနဲ့ပြောလာခဲ့ပါတယ်။
” မင်းက ငါဒီလောကကိုရောက်လာပြီတဲ့နောက် မြင်ဖူးသမျှထဲမှာ အင်အားအကြီးဆုံးစိတ်၀ိညာဥ်ပဲ ဒီပိုးကောင်ကြီးက မင်းထက်ကျင့်ကြံဆင့်ပိုကောင်းပေမဲ့ စိတ်၀ိညာဥ်အင်အားက မင်းကိုယှဥ်လို့မရနိုင်ပါဘူး…အတော်လေးကိုသန့်စင်တဲ့အပြင်အတော်လေးလဲ ရှားပါးတဲ့အပြင် စိတ်၀ိညာဥ်က်ိုမင်းပိုင်ဆိုင်ထားတယ်..ရေခဲကောင်းကင်ကနေ အလိုအလောက်မွေးဖွားလာတဲ့ နှင်းအမျိုးသမီးဆိုတာ အံ့ဩစရာမရှိဘူးပဲ ”
နှင်းဧကရီကတော့ အကြီးအကဲလျှပ်စီးဧကရာဇ်ကို ကြည့်ရင်း မောက်မာတဲ့လေသံနဲ့ပြောလာခဲ့တယ်။
” လူသား မင်းငါ့ကိုဒီလိုအသုံးမ၀င်တဲ့ကိစ္စတွေပြောမနေနဲ့ မင်းကိုယ်တိုင်ကလဲ အရမ်းအင်အားကြီးလွန်တယ် ”
လျှပ်စီးဧကရာဇ်က ပြုံးနေခဲ့ပါတယ်။
” မင်းကမတူညီတဲ့အဆင့်တစ်ခုမှာရောက်နေတာကြောင့် ငါရဲ့စွမ်းအားကိုအာရုံခံနိုင်တာ..ငါကဒီလောကကိုလာတဲ့အချိန် ဆံချည်တစ်မျှင်လောက်ပဲ အသိဉာဏ်ကျန်တော့ပေမဲ့ တည်ရှိနေတုန်းပဲ မင်းရဲ့အဆင့်ကမမြင့်ပေမဲ့ ဒီအဆင့်မှာရပ်တန့်နေတာအချိန်ကြာပြီ နောက်ဆုံးတော့လဲ လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်နဲ့ နတ်အသိဉာဏ်ဆိုတာက တူညီတဲ့အရာမဟုတ်ဘူးလေ ”
” ဒီတော့မင်းကနတ်ဘုရားတစ်ပါးရဲ့အသိစိတ်လား ”
နှင်းဧကရီက တစ်ချက်တုန်သွားခဲ့ပါတယ်။
” မဟုတ်ဘူး ငါကနတ်ဘုရားမဖြစ်ချင်တဲ့လူသားတစ်ယောက်ပဲ ငါရဲ့အရင်လောကမှာ နတ်ဘုရားတစ်ပါးဖြစ်တယ်ဆိုတာက ထာ၀ရသေဆုံးခြင်းကို ကိုယ်စားပြုတာပဲ ဒီလောကနဲ့မတူညီဘူး…ဒါကြောင့် အခုလက်ရှိအချိန်မှာ ငါလဲနတ်ဘုရားတစ်ပါးဖြစ်လာဖို့ ခိုင်မာတဲ့အခြေခံကိုမပိုင်ဆိုင်တော့ဘူးလေ ”
” မင်းကိစ္စကိုပဲ ဆက်ပြောရအောင် မင်းရဲ့အခြေအနေကအတော်လေးရိုးရှင်းပါတယ်.. ငါခန္ဓာကိုယ်ကိုဆုံးရှုံးပြီတဲ့နောက် များပြားတဲ့စိတ်၀ိညာဥ် စွမ်းအားတွေက မှီခိုဖို့အိမ်တစ်အိမ်မရှိတော့ဘူး…စိတ်၀ိညာဥ်အင်အားရဲ့မူလစွမ်းအားတွေကို မထိန်းသိမ်းနိုင်တော့တာကြောင့် ဖြည်းဖြည်းချင်းပျက်စီးလာတယ်…ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာလဲ မင်းကိုနေရာပေးနိုင်မဲ့ပုံမပေါ်ဘူး…သူကအခုလုံလောက်အောင်မသန်မာသေးဘူးလေ အခုလက်ရှိအချိန်မှာ မထိန်းနိုင်သေးပေမဲ့ အနာဂတ်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး..ဒါကြောင့် ငါကမင်းကိုကူညီချင်တာပဲ ငါ့ကိုငါနဲ့ ဒီပိုးကောင်ကြီးကိုရော ကင်မြီးကောက်လေးကိုရော ကူညီတာလဲပါတယ် ”
” မင်းရဲ့စွမ်းအားနဲ့ဆိုရင် အနာဂတ်မှာ ယွိဟောင်အဆင့်ဆက်ဖို့အတွက် အများကြီးပိုလွယ်ကူလိမ့်မယ် ”
” အကယ်၍ ငါအသက်ရှင်မယ်ဆိုရင် ငါတောတောင်ရေမြေတွေနဲ့ သဘာ၀တရားတွေအင်အားကောင်းတဲ့နေရာမှာပဲ နေချင်တယ် ”
နှင်းဧကရီက ပြန်ဖြေလိုက်ပါတယ်။
” ဘယ်သူကမှ မင်းကိုသနားစရာကောင်းလောက်အောင် မနေခိုင်းပါဘူး…မင်းရဲ့အနာဂတ်အကြောင်းကိုငါတွေ့ပြီးပြီ ဒါပေမယ့် အချိန်မကျသေးဘူး…လက်ရှိအချိန်မှာ စွမ်းအားကိုထိန်းသိမ်းထားပြီ သူတို့တွေကိုမပျောက်ကွယ်အောင် ကူညီမှရမယ်…မင်းရဲ့အသိဉာဏ်ကလဲ စိတ်၀ိညာဥ်စွမ်းအားအဖြစ် တည်ရှိနေလိမ့်မယ် ”
” ငါရဲ့အနာဂတ်တဲ့လား ”
နှင်းဧကရီက အနည်းငယ်ပဟေဠိဖြစ်နေခဲ့ပါတယ်။လျှပ်စီးဧကရာဇ်ကို စူးစမ်းလိုစိတ်အပြည့်နဲ့သူကြည့်နေခဲ့တယ်။
လျှပ်စီးဧကရာဇ်က ခေါင်းညိတ်ရင်းနှုတ်ခမ်းကိုလှုပ်ကာ တစ်စုံတစ်ရာပြောနေပေမဲ့ သူအသံကို ဘယ်သူမှမကြားရပါဘူး။ နှင်းဧကရီကတော့ ဂရုတစိုက်နဲ့နားထောင်နေပြီတဲ့နောက် သူမ အထိတ်တလန့်ဖြစ်သွားပါတော့တယ်။
” အဲ့ဒါတကယ်ကြီးဖြစ်နိုင်လား ”
” ငါဘယ်တုန်းကမှကိစ္စတွေကို ချဲ့ကားပြီမပြောဆိုဖူးဘူး…ခုနှစ်ဆယ်ရာခိုင်းနှုန်းယုံကြည်ချက်အပြည့်ရှိတယ်…ဒါ့အပြင် မင်းရဲ့မူလစွမ်းအားတွေကို ချိတ်ပိတ်ထားဖို့ပဲလိုမှာ စိတ်၀ိညာဥ်စွမ်းအားတွေနဲ့ အသိပညာတွေကဒီအတိုင်းတည်ရှိနေဦးမှာပဲ ဒီနေရာနဲ့ရင်းနှီးအောင်လုပ်ဖို့မင်းမှာအချိန်တွေအများကြီးရှိတယ်..ဟို့ယွိဟောင်ရဲ့လက်ရှိအချိန်ကျင့်ကြံမှုကသာ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကိုသွားပြီရောက်သွားဆိုရင် သူလဲတိုးတက်ဖို့အခွင့်အရေးကောင်းအများကြီးရလာလိမ့်မယ် ”
” နှင်းဧကရီ တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး ဒီနေရာမှာနေပါ ”
ရေခဲဧကရီက သူ့ရဲ့ရှည်လျားတဲ့အမြီးကိုအသုံးပြုရင်း နှင်းဧကရီရဲ့ပေါင်ကိုဖက်ကာတောင်းဆိုနေခဲ့တယ်။
” ဟုတ်ပါတယ် ဒီနေရာမှာပဲနေပါ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ပြောလာခဲ့ပေမဲ့ နှင်းဧကရီနားကပ်ဖို့လုပ်ချိန်မှာ ရေခဲဧကရီက သူ့ကိုလှမ်းရိုက်တော့တယ်။
နှင်းဧကရီကတော့ ဟို့ယွိဟောင်ကိုကြည်ပြာတောက်ပနေတဲ့ မျက်လုံးတွေနဲ့လှမ်းကြည့်နေခဲ့ပါတယ်။
ဒီအချိန်မှာ ဟို့ယွိဟောင်လဲ သူ့ဘာလုပ်သင့်လဲသိသွားခဲ့ရတယ်။ ဒါကြောင့်သူတည်ငြိမ်အေးဆေးတဲ့မျက်နှာထားနဲ့သာ ပြောလာခဲ့ပါတယ်။
” နှင်းဧကရီကို ဂါရ၀ပြုပါတယ်…အကြီးအကဲယိက ဘာတွေပြောလိုက်လဲဆိုတာ မသိပေမဲ့ ဒီနေရာမှာနေဖို့ တကယ်မျှော်လင့်မိတယ်…အနာဂတ်မှာဆန္ဒပြီးမြောက်အောင် ဖြည့်စည်းပေးပါမယ်လို့ အာမမခံနိုင်ပေမဲ့ ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ နှင်းဧကရီက သဘာ၀တရားရဲ့ သမီးတော်ပဲ ဒါကြောင့် ဒီအတိုင်းသေဆုံးဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ ကျွန်တော်ရဲ့မိတ်ဆွေတစ်ယောက် ဆွေမျိုးသားချင်းတစ်ယောက် အဖော်မွန်တစ်ယောက်က်ိုမျိုး ကျွန်တော်အလေးထားပြီတော့ ဂရုစိုက်ပါ့မယ်…အစ်ကိုကြီးကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီတို့ကို ဂရုစိုက်သလိုပဲနေမှာပါ ”
အကယ်၍ နှင်းဧကရီသာ ဒီမှာနေမယ်ဆိုရင် သူ့အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်။ အကြီးအကဲက ဘာတွေပြောလိုက်မှန်းသူမသိပေမဲ့ ဆင့်ကဲတိုးတက်မယ်ဆိုတာကိုတော့ နားလည်နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကလဲ စွမ်းအားတွေတိုးမြင့်လာတာနဲ့အမျှ ပိုအားကောင်းလာခဲ့ပါပြီ။ အင်အားကြီးတဲ့စိတ်၀ိညာဥ်တွေက သူ့ခန္ဓာကိုယ်ထဲမှာရှိနေပေမဲ့ ဘယ်သူကမှ သူ့ခန္ဓာကိုယ်ကိုအလွန်အမင်မထိန်းချုပ်နိုင်တော့ပါဘူး။
နှင်းဧကရီလူသားအဖြစ် မပြောင်းလဲခင်တုန်းက နှစ်ပေါင်းခုနှစ်သိန်းနီးပါးကျင့်ကြံဆင့်ကိုပိုင်ဆိုင်ခဲ့တာပါ။ သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပြစ်လိုက်တာတောင် မူလစွမ်းအားတွေက ကျန်နေဆဲပါပဲ။ ဒါကြောင့် အနာဂတ်မှာ အရမ်းကိုအသုံး၀င်ပါလိမ့်မယ်။ ဒါ့အပြင် နှင်းဧကရီနဲ့ ရေခဲဧကရီတို့က အရမ်းကိုရင်းနှီးကြပုံပေါ်ပါတယ်။ သူတို့သာဒီလိုမျိုးအတူတူနေနိုင်မယ်ဆိုရင် ရေခဲဧကရီကအများကြီးပျော်ရွှင်ရမှာပါ။
သူမရဲ့အသက်ရှင်သန်လိုတဲ့စိတ်ဆန္ဒက မောက်မာတဲ့သဘောသဘာ၀ကို ချိုးနှိမ့်နိုင်လိုက်ပါတယ်။
နှင်းဧကရီလဲ ရေခဲဧကရီရဲ့မျှော်လင့်တကြီးမျက်လုံးတွေကိုကြည့်ရင်း ခေါင်းညိတ်လိုက်ပါတော့တယ်။
” နှင်းဧကရီဘယ်လိုလုပ်ဒီလိုများလုပ်နိုင်တာလဲ နှစ်ခုနှစ်သိန်းကျင့်ကြံဆင့်ကို ဖြတ်သန်းပြီတဲ့နောက် လူသားအဖြစ်ပြန်လည်မမွေးဖွားန်ိုင်တော့ဘူးမလား နှစ်တစ်သိန်းအထက်တွေက ဒီလိုမျိုးမလုပ်တော့အောင်ချိတ်ပိတ်ခံထားရတယ်လေ ငါတို့ရဲ့စွမ်းအားတွေကိုလဲ လျှော့လိုက်မယ်ဆိုရင်တောင် ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူး…ဘယ်လိုများအောင်မြင်ခဲ့တာလဲ ”
” နှစ်တစ်သိန်းနှင်းကြာပန်းနဲ့ တွေ့ခဲ့တယ်..အဲ့ဒီနှစ်တစ်သိန်းနှင်းကြာပန်းက ၀ိညာဥ်အသိဉာဏ်ကို သေချာထိန်းသိမ်းပေးထားနိုင်တယ်…ဒါ့အပြင် မိုးကောင်းကင်နဲ့ မြေကမ္ဘာရဲ့အသန့်စင်ဆုံးစွမ်းအားတွေကို ပိုင်ဆိုင်တာကြောင့် မူလစွမ်းအားကိုချိတ်ပိတ်လိုက်ပြီ လူသားအဖြစ်မွေးဖွားဖို့အတွက်လုပ်ခဲ့တာ ဒါပေမယ့် အတော်လေးကိုကံဆိုးသွားခဲ့ပြီ မြောက်၀င်ရိုးစွန်းမှာ လူသားတစ်ယောက်နဲ့တွေ့လာရမယ်လို့ ဘယ်သူထင်မိမှာလဲ သူအဲ့ဒီအခွင့်အရေးကို အရယူပြီငါ့ကိုကြောက်စရာကောင်းတဲ့ နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းထဲမှာ ချိတ်ပိတ်လိုက်တယ်လေ ”
” ငါသိပြီ ဒါကြောင့်အဲ့ဒီလမ်းကိုရွေးချယ်ခဲ့ရတာပေါ့ တကယ်နှမြောစရာကောင်းလိုက်တာ ”
” မူလစွမ်းအားတွေက ကြီးမားလွန်လို့ နှင်းဧကရီရဲ့စိတ်၀ိညာဥ်အသိဉာဏ်ကအတော်ကို မတည်မငြိမ်ဖြစ်နေပြီ ငါတို့မြန်မြန်စမှရမယ် ”
နှင်းဧကရီက ဘယ်လောက်ပဲမာနကြီးပါစေ သူမချိတ်ပိတ်ပြီတဲ့နောက် လုံး၀ကိုမတွေဝေခဲ့ပါဘူး။ သူချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။
” ဒါဆိုရင်လဲ ဒုက္ခပေးရတော့မှာပဲ ”
လျှပ်စီးဧကရာဇ်က နှင်းဧကရီကိုညာဘက်လက်နဲ့ထိလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရှေ့မှာရှိတဲ့စိတ်၀ိညာဥ်ပင်လယ်က ဖြည်းဖြည်းချင်းလှည့်ပတ်လို့လာခဲ့ပြီ ဟို့ယွိဟောင်ကတော့ နောက်ကိုဆုတ်သွားခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ရွှေရောင်အလင်းတန်းတွေက ကြယ်တာရာတွေလိုစုစည်းလို့လာခဲ့ရင်း လျှပ်စီးဧကရာဇ်ရဲ့အရှေ့ကိုရောက်လာပါတော့တယ်။ ရှည်လျားတဲ့တုတ်ကောက်ကြီးက သူ့လက်ထဲမှာပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို ပြင်းထန်လွန်လှတဲ့ အားနည်းမှုကိုခံစားလိုက်ရပါတော့တယ်။
လျှပ်စီးဧကရာဇ်က တခြားသူတွေနဲ့တူညီပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ သူပေါင်းစည်းတဲ့အချိန်မှာ ဆံချည်မျှင်တစ်မျှင်လောက်သာ အသိစိတ်ကရှိတော့တာပါ။ ဟို့ယွိဟောင်ရဲ့အင်အားကို အသုံးပြုပြီးတော့မှသာ သူ့ရဲ့စွမ်းအားတွေကိုအသုံးပြုလို့ရနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကို သူကောင်းကောင်းအသုံးချပြီ ဒီအင်အားတွေကို ထိန်းချုပ်ရပါတော့တယ်။
လက်ရှိအချိန် လက်ထဲမှာကိုင်ထားတဲ့တုတ်ကောက်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေပါပဲ။
လျှပ်စီးဧကရာဇ်ရဲ့အငွေ့အသက်က ဒီတုတ်ချောင်းကြီးကိုကိုင်လိုက်တာနဲ့ ချက်ချင်းဆိုသလို ပြောင်းလဲသွားပါတော့တယ်။ သန့်စင်ပြီကျက်သရေရှိလွန်လှတဲ့အငွေ့အသက်က နတ်ဘုရားတစ်ပါးဆင်းသက်လာသလိုမျိုး အားကောင်းလို့နေခဲ့တယ်။
နက်ရှိုင်းလွန်လှတဲ့ ဂါတာမန္တန်ရွတ်ဖတ်သံက ပေါ်လာခဲ့ပါပြီ။ ထူးဆန်းတဲ့စကားတွေကို သူဆက်တိုက်ရွတ်ဆိုနေခဲ့ပါတယ်။ အစပထမမှာအသံက အတော်ကိုနက်ရှိုင်းလေးနက်နေခဲ့ပြီ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။
သူ့ရဲ့ခန့်ညားထည်၀ါတဲ့ အသံက တစ်ခွန်းရွတ်ဆိုလိုက်တိုင်းမှာ အရှိန်အ၀ါကောင်းလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘယ်သူကမှ တစ်ချက်လေးတောင်မလှုပ်ရှားကြပါဘူး။ နှင်းဧကရီကလဲ မျက်လုံးတွေကိုပိတ်ထားခဲ့ပါပြီ။
ဟို့ယွိဟောင်ကသာ နာနာကျင်ကျင်ခံစားနေရခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်က ပိုပိုအားနည်းလာပြီ အဆုံးမဲ့တဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက မြန်မြန်ဆန်ဆန်ကျုံ့လာနေတာကို မြင်လိုက်ရပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အတော်ကိုလျော့သွားခဲ့ပါပြီ။
အစောတုန်းက အကြီးအကဲလျှပ်စီးဧကရာဇ်ကို အထင်ကြီးနေခဲ့မိတယ်လို့ သူကိုယ်သူတွေးနေမိခဲ့တာပါ။ ဒါပေမယ့် လျှပ်စီးဧကရာဇ်က သူထင်ထားတာထက်က်ို အများကြီးပိုပြီးသန်မာတဲ့ပုံပါပဲ။ ရေခဲဧကရီ နှင်းဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ရဲ့အမူအရာကိုသူကြည့်ပြီတော့ ဒီလိုသူတွေးမိလိုက်တာပါ။
အကြီးအကဲယိစပြီအစွမ်းထုတ်တာနဲ့ နှင်းဧကရီရဲ့မောင်မာ၀င့်ကြွားမှုတွေကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်နေခဲ့ပါပြီ။ သူမက လေးနက်တည်ကြည်ပြီ လုံး၀ကိုတည်ငြိမ်လို့နေခဲ့တယ်။
အကယ်၍ အကြီးအကဲယိကသာ ပိုပြီးအားကောင်းတဲ့ နတ်အသိဉာဏ်အဖြစ်တည်ရှိနေခဲ့မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ ထူးကဲသာလွန်သော့်လော့တွေတောင် သူ့ကိုယှဥ်နိုင်မှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်လဲ တဖြည်းဖြည်းချင်းဆီ ခန္ဓာကိုယ်က ပိုလို့အားလျော့လာပါတော့တယ်။ ခန္ဓာကိုယ်မျိုးနွယ်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမတို့ရဲ့တိုက်ပွဲကြားမှာ သူဘယ်လောက်အထိ သေးငယ်ပြီ အစွမ်းအစမရှိလဲဆိုတာကို နားလည်ခဲ့ရတယ်။ ဒီအဆင့်ကသူ၀င်ပြီပါလို့ရတဲ့တိုက်ပွဲမဟုတ်ခဲ့ပါဘူး။ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုလဲ ဒီအချိန်မှာသုံးလို့မရပဲဖြစ်နေခဲ့ပါတယ်။
သူက သက်တူရွယ်တူတွေထဲမှာအထူးချွန်ဆုံးတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ တကယ်စစ်မှန်တဲ့ထိပ်သီးတွေနဲ့ယှဥ်မယ်ဆိုရင် အများကြီးနောက်ကျကျန်ရစ်နေခဲ့ပါသေးတယ်။
အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံက ပိုပြီးတော့ နက်ရှိင်းလေးနက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာစတင်တုန်ခါလာခဲ့သလို အကြီးအကဲယိကလဲ ဆက်တိုက်ဆိုသလို ရွတ်ဖတ်နေခဲ့ပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တောက်ပတဲ့အလင်းတန်းတွေက ဆက်တိုက်ဆိုသလို ပိုင်းဖြတ်နေခဲ့ကြပြီ ဟို့ယွိဟောင်လဲ သတိရတစ်ချက် မရတစ်ချက်အခြေအနေကို ပြောင်းလဲလို့သွားပါတော့တယ်။
ဒီအချိန်မှာတောက်ပတဲ့ ဒေါင်လိုက်မျက်လုံးကြီးက စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ပေါ်ထွက်လာခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဒီအလင်းတန်းက မမြင်ရပေမဲ့ အထဲမှာကတော့ သူရုတ်တရက်လန့်နိုးလာအောင် တောက်ပတဲ့အထိ အစွမ်းထက်နေခဲ့ပါတယ်။
အကြီးအကဲယိရဲ့အသံကို ဒီအလင်းတန်းကြီးရဲ့တောက်ပမှုက တားဆီးလိုက်တယ်။ ဒီအလင်းတန်းတွေက စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ဆက်တိုက်အားကောင်းလာခဲ့ပြီတဲ့နောက် ကံကြမ္မာမျက်လုံးဆီကနေ ရလာတဲ့အငွေ့အသက်တွေကိုခံစားမိခဲ့ရတယ်။ ကံကြမ္မာမျက်လုံးရဲ့စွမ်းအားက ဟို့ယွိဟောင် သတိမလစ်အောင်ထိန်းထားနေခဲ့တာပါ။ သူဘယ်လောက်ပဲအားနည်းနေပါစေ အသိတော့ကပ်နေတုန်းပါပဲ။ အကြီးအကဲယိရွတ်ဆိုနေတာကို ဟို့ယွိဟောင်မကြားရတော့ပါဘူး။
ရွှေရောင်တုတ်ချောင်းကြီးကိုသာ ကိုင်ထားခဲ့ရင်း တောက်ပတဲ့ရွှေရောင်ဘောလုံးတစ်ခုကို သူထိန်းချုပ်လို့နေခဲ့တယ်။ ထူးဆန်းတဲ့သင်္ကေတတွေက အဲ့ဒီဘောလုံးထဲမှာဖြည်းဖြည်းချင်းပေါ်လာနေခဲ့ပါပြီ။ ဒီအလုံးကြီးက ဖြည်းဖြည်းချင်းဆိုသလို အောက်ပြန်ဆင်းသက်လာခဲ့ရင်း နှင်းဧကရီရဲ့နဖူးပေါ်မှာ ကပ်သွားပါတော့တယ်။ အဲ့ဒီနောက် သင်္ကေတတွေက နှင်းဧကရီနဖူးနဲ့ပေါင်းစည်းလို့သွားခဲ့ပြီ သူမရဲ့ခန္ဓာကိုယ်ထဲကို စိမ့်၀င်လို့သွားခဲ့တယ်။ ဒီဖြစ်စဥ်က အရမ်းကိုချောချောမွေ့မွေ့နဲ့ ဖြစ်သွားခဲ့တာပါ။
အပိုင်း ၁၇၄•၂ ပြီး၏။