အပိုင်း ၁၇၄•၁
” နှင်းဧကရီ ”
°°°
ဟို့ယွိဟောင်က အခုလက်ရှိအချိန်မှာ ဘေးကနေရပ်ကြည့်နေသူတစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။ သူတို့သုံးယောက်က သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ စကားပြောနေတာကိုသာ ကြားနေခဲ့ရပြီ အတော်လေးထူးဆန်းနေတယ်လို့လဲ တွေးမိနေခဲ့တယ်။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ မြေအောက်အခြေစိုက်စခန်းကတော့ အတော်ကိုရှုပ်ထွေးနေခဲ့ပါပြီ။ ဒါ့အပြင် ခန်းမရဲ့လူတော်တော်များများက ခန္ဓာကိုယ်မျိုးနွယ်နောက်ကို လိုက်ဖမ်းနေခဲ့ကြတဲ့အတွက် ကျင့်ကြံဆင့်နှိမ့်ပါးပြီ ဒဏ်ရာရနေတဲ့သူတွေသာ ကျန်ရစ်ပါတော့တယ်။
ဟို့ယွိဟောင်ကလဲ လက်ရှိအချိန်အကူအညီလိုအပ်နေတဲ့သူတွေကြားထဲမှာ ရောနှောလို့နေခဲ့တယ်။ သူက သူအသက်ရှင်တဲ့အကြောင်းကို အတည်ပြုတာခံရပြီတဲ့နောက် ပိုပြီးလုံခြုံစိတ်ချတဲ့နေရာတစ်ခုဆီကို ခေါ်သွားခံလိုက်ရပါတယ်။ သူကတော့ သတိလစ်နေတဲ့ပုံသဏ္ဍာန်အတိုင်း ဟန်ဆောင်နေခဲ့တဲ့အတွက် ယာယီလုံခြုံလို့သွားခဲ့ရတယ်။
” နှင်းဧကရီ မူလစွမ်းအားတွေကို စုစည်းဖို့ကူညီခွင့်ပြုပါ ဒါဆိုရင် ပြန်ပြီတော့ ကောင်းမွန်လာနိုင်မဲ့အခွင့်အရေးရှိလိမ့်မယ် ”
ရေခဲဧကရီက ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်အားကိုအသုံးပြုပြီး နှင်းဧကရီကို ကြည်လင်တောက်ပနေတဲ့ အရည်လေးတစ်ခုအဖြစ် ပြောင်းလဲရင်း မူလစွမ်းအားတွေကို ပြန်စုစည်းချင်နေပါတယ်။
ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကို သူသတိထားမိလိုက်တယ်။ ဟို့ယွိဟောင်ရဲ့အတွင်းစွမ်းအားတွေကို သူအရင်ကလိုမထိန်းချုပ်နိုင်တော့ပါဘူး။
” ယွိဟောင် တစ်ခုခုလုပ်ပါဦး လာပြီကူညီပေးဦး ”
ဟို့ယွိဟောင်ကတော့ ခါးသီးမှုအပြည့်နဲ့သာပြန်ဖြေလိုက်ပါတယ်။
” ရေခဲဧကရီ ကျွန်တော်ကြောက်တယ်…အခုအချိန်မှာ ကျွန်တော်ရုတ်တရက်ကြီးပေါ်လာမယ်ဆိုရင် နှင်းဧကရီက ကျွန်တော်ကိုအထင်လွဲသွားမှာ စိုးရိမ်မိတယ် ”
နှင်းဧကရီက တကယ်ကြီးအထင်လွဲသွားမိပါတယ်။ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါကိုခံစားရချိန်မှာ သူအထိတ်တလန့်နဲ့မေးတော့တယ်။
” ရေခဲ နင်လူသားခန္ဓာကိုယ်ထဲမှာနေနေတာလား ဘယ်လိုလုပ်ဂုဏ်သိက္ခာကို ဒီလောက်အထ်ိ အဆုံးစွန်းရောက်အောင် ဆွဲချလိုက်တာလဲ ဘာတွေဖြစ်သွားတာလဲ ငါ့ကိုဒီနတ်ဘုရားချိတ်ပိတ်အကာအကွယ်ထဲကနေ ကယ်လာခဲ့တာနင်လား ”
ဟို့ယွိဟောင်စိတ်ရှုပ်လာခဲ့မိပါတယ်။
” ဒါပေမယ့် ငါရဲ့ကြင်နာမှုကို မင်းကအသုံးချပြီ ငါ့ကိုတောင်ခဲပြစ်လိုက်တယ်လေ ရေခဲဧကရီရဲ့စွမ်းအားသာမရှိဘူးဆိုရင် ငါအဲ့ဒီနေရာမှာတကယ်ရေခဲရုပ်ထုကြီးဖြစ်နေလောက်ပြီ ”
နှင်းဧကရီက ဒေါသထွက်နေခဲ့ပါတယ်။
” နင်တို့လူသားတွေအားလုံးက ယုတ်မာလွန်တယ်…ငါနင့်အကူအညီမလိုဘူး ”
ရေခဲဧကရီက သက်ပြင်းချနေခဲ့မိပါတယ်။ နှင်းဧကရီရဲ့စိတ်ကို သူမဒေါသကြီးနေတဲ့အချိန်မှာ ဘယ်သူမှမပြောင်းလဲနိုင်မှန်းလဲ သိနေခဲ့တယ်။ ဒါကြောင့် ကိစ္စတွေကိုရှင်းရှင်းလင်းလင်း လုပ်ရပါ့မယ်။
ဟို့ယွိဟောင်နဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ကို သူဘယ်လိုတွေ့ခဲ့လဲဆိုတဲ့အကြောင်း ရှင်းပြတာကအကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါ့အပြင်ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်လာအောင် ဘယ်လ်ိုသိမ်းသွင်းခဲ့လဲဆိုတာကိုပါ။
နှင်းဧကရီရဲ့ခံစားချက်က တော်တော်ကြီးကို ဆူပူအုံကြွနေခဲ့တာပါ။ ဟို့ယွိဟောင်လဲ ဒီအခွင့်အရေးကို အသုံးပြုပြီး နှင်းဧကရီရဲ့ စွမ်းအားတွေကို ဖြည်းဖြည်းချင်းစုစည်းပြီ ပုလဲလုံးလေးတစ်လုံးဖြစ်အောင် ပြောင်းလဲလိုက်ပါတယ်။ ရေခဲဧကရီရဲ့ညွှန်ကြားမှုအောက်မှာ သူ့ရဲ့အဆုံးစွန်းရေခဲစွမ်းအားကို အသုံးပြုပြီး ဒီပုလဲလေးကိုချက်အောက်ပိုင်းမှာတည်ငြိမ်အောင်ထိန်းလိုက်ပါတယ်။
နှင်းဧကရီက အကြီးအကဲလျှပ်စီးဧကရာဇ်နဲ့အတူ အတော်လေးတူညီတာကို သူသတိထားမိပါတယ်။ သူမက မူလအသိစိတ်သာကျန်ရစ်နေခဲ့ပြီ သူ့ရဲ့ဒီအသိစိတ်ကလဲ အပိုင်းပိုင်းအစစဖြစ်နေတဲ့အတွက် အကြီးအကဲလျှပ်စီးဧကရာဇ်ထက် အများကြီးတော့ပိုအခြေအနေကောင်းပါသေးတယ်။ ဒါပေမယ့် နတ်ဘုရားအသိဉာဏ်ကိုတော့ သူရှင်းလို့မရနိုင်ပါဘူး။ ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲကြောင့်သာ မဟုတ်ရင် နှင်းဧကရီရဲ့မူလစွမ်းအားတွေကလဲ ပျောက်ကွယ်သွားနိုင်ပါတယ်။
” ရေခဲ နင်ဒီလိုလမ်းမျိုးကိုရွေးချယ်လိုက်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး ”
နှင်းဧကရီက သက်ပြင်းချရင်းနဲ့ ပြောလာခဲ့ပါတယ်။ သူလဲ ဖြည်းဖြည်းချင်းဆိုသလို စိတ်ပြန်ငြိမ်သွားခဲ့ပါပြီ။
” ရွေးချယ်စရာဘာမှမရှိခဲ့ဘူးလေ အဲ့ဒီတုန်းက တအားကြီးကူကယ်ရာမဲ့နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ကိုယ်ရဲ့ကံကြမ္မာကိုတခြားတစ်ယောက်ရဲ့လက်ထဲအပ်လိုက်မှာမဟုတ်ဘူး…အခုတော့ ယွိဟောင်ကိုကူညီဖို့ပဲ အကောင်းဆုံးလုပ်နေရတယ်…တစ်နေ့မှာတော့ သူအဲ့ဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”
” ကောင်းကင်အိပ်မက် ”
” ကျွန်တော်ဒီမှာရှိတယ် ဒီမှာရှိတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က စိတ်အားထက်သန်မှုအပြည့်နဲ့ ပြန်ဖြေနေခဲ့ပါတယ်။
” နင်ဒီလောက်သစ္စာရှိမယ်လို့ ငါမထင်ထားခဲ့မိဘူး..နင်က အောင်မြင်တဲ့လမ်းကြောင်းကိုရှာတွေ့ခဲ့တယ်…ဒါပေမယ့် ရေခဲကိုမမေ့လျော့ခဲ့ဘူးလေ ဒီကိစ္စတစ်ခုထဲကိုကြည့်မယ်ဆိုရင် ရေခဲမင်းနဲ့အတူတူရှိရတာ ကံကောင်းတယ်လို့ပြောလို့ရနိုင်တယ်..အနာဂတ်မှာကို သူ့ကိုကောင်းကောင်းဂရုစိုက်ပေး ”
” ဟုတ်ကဲ့ပါ ”
” နှင်းဧကရီဘာပြောချင်တာလဲ ငါနဲ့တူညီတဲ့လမ်းကိုမလျှောက်ချင်တာလား ”
” ငါမလျှောက်လှမ်းချင်တာမဟုတ်ဘူး ငါမလုပ်နိုင်လို့ပဲ မင်းရဲ့အခြေအနေက ငါနဲ့ကွာခြားတယ်…ငါကလူသားတစ်ယောက်အဖြစ် မွေးဖွားဖို့ကိုရွေးချယ်လိုက်ပြီးပြီ ငါရဲ့ကိုယ်ပိုင်စွမ်းအားက မူလစွမ်းအားထဲမှာ တည်ရှိနေတယ်…အကယ်၍ ပြန်လည်မွေးဖွားမှုသာ အောင်မြင်ခဲ့မယ်ဆိုရင်ဒီအင်အားတွေက လူသားခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့လူသားစွမ်းအားအဖြစ်ကိုပြောင်းသွားမှာအခုတော့ဒီစွမ်းအားအပိုင်းအစတချို့ကရှိနေပေမဲ့ဒီလူသားတွေက ငါရဲ့ မူလစွမ်းအားကို တောင်ခံနိုင်မယ်များထင်လား ”
” ဒါ့အပြင် ကောင်းကင်အိပ်မက်က ပေါင်းစည်းဖို့အတွက် နေရာတစ်ခုသေချာချန်ပြီတော့ နင်ကိုခေါ်လာခဲ့တာ ဒါပေမယ့် ငါနေဖို့နေရာဒီမှာရှိလို့လား အကယ်၍ ငါသာနေမယ်ဆိုရင် သေချာပေါက် အချိန်မရွေးထပေါက်နိုင်တဲ့ ဗုံးတစ်လုံးလိုဖြစ်နေခဲ့မှာ ငါသာ ပေါက်ကွဲသွားမယ်ဆိုရင် မင်းတို့နှစ်ယောက်လဲ သေဆုံးရလိမ့်မယ်…ဒီလူသားလဲသေရမယ် ”
” ငါရဲ့မူလခန္ဓာကိုယ်မရှိဘူးဆိုရင် မူလစွမ်းအားတွေက ဒီတည်ငြိမ်တဲ့အခြေအနေမှာမရနိုင်ဘူး..အချိန်မရွေးပေါက်ထွက်သွားနိုင်တယ် ”
ရေခဲဧကရီလဲ နှင်းဧကရီပြောတာကိုနားလည်ပါတယ်။ သူမလဲ ဒီကိစ္စနဲ့ပတ်သက်ပြီ တွေးတောလိုက်မိတယ်။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရဲ့လမ်းကြောင်းက သူတို့လို၀ိညာဥ်သားရဲကောင်တွေနဲ့ ရွေးချယ်မှုမရှိတဲ့သူတွေအတွက် အခွင့်အရေးကောင်းဆိုတာ သေချာပေါက် ၀န်ခံရမှာပါ။ ဟို့ယွိဟောင်သာ နတ်ဘုရားတစ်ပါးဖြစ်လာခဲ့မယ်ဆိုရင် သူတို့လဲ လွှတ်မြောက်လာပါလိမ့်မယ်။ ဒါပေမယ့် ရေခဲဧကရီကတော့ နှင်းဧကရီနဲ့အခြေအနေမတူပါဘူး။ နှင်းဧကရီက ဒီနေရာမှာပေါင်းစည်းလိုက်မယ်ဆိုရင် အားလုံးသေနိုင်ချေများပါတယ်။
ရေခဲဧကရီလဲ ဘာမှမပြောနိုင်ပဲ ရှိလာခဲ့ရတာဟုတ်ပါတယ်။ သူက နှင်းဧကရီကို ဒီနေရာရောက်အောင် လမ်းညွှန်ခဲ့တဲ့သူပါ။ ဒါပေမယ့် ဘယ်လိုများ ထပ်ပြီကူညီလို့ရမှာလဲ။ နှင်းဧကရီရဲ့စွမ်းအားအရင်းအမြစ်တွေက မတည်မငြိမ်ဖြစ်နေတာကို သူမ ခံစားခဲ့မိတယ်။ သူ့ရဲ့မူလစွမ်းအားတွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းအစကလဲ နှင်းဧကရီမှာမရှိတော့ပါဘူး။ တစ်ခုခုသာမှာယွင်းသွားမယ်ဆိုရင် ပျက်စီးမှုကကြီးမားမှာပါ။
” ကောင်းကင်အိပ်မက် ငါတို့ဘာလုပ်ကြမလဲ တစ်ခုခုတွေးဦး ”
” ငါတွေးရမှာလား ငါမှာဘယ်လိုအတွေးမျိုးရှိနိုင်မှာလဲ ငါရဲ့ကျင့်ကြံမှုကမင်းထက်ပိုပြီး ကောင်းနေပေမဲ့ အစွမ်းအစတွေက မင်းတို့နှစ်ယောက်ထက် အများကြီးနောက်ကျကျန်ရစ်နေခဲ့တယ်လေ မင်းတို့နှစ်ယောက်လဲ ယွိဟောင်ရဲ့ခန္ဓာကိုယ်အခြအနေကိုသိသားနဲ့ သူ့ရဲ့အနာဂတ်တိုးတက်မှုက ဖြည်းဖြည်းချင်းတိုးတက်နေပြီဖြစ်ပေမဲ့ နှင်းဧကရီရဲ့မူလစွမ်းအားကိုတောင့်ခံနိုင်ဖို့တော့မလုံလောက်ဘူး ”
” ဒါဆိုဖြေရှင်းချက်က တစ်ခုတောင်မရှိတော့ဘူးလား ”
” အကယ်၍ နှင်းဧကရီသာ သူ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပြီ ငါရဲ့လမ်းစဥ်ကိုလိုက်နိုင်မယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့စွမ်းအားတွေက ပေါက်ကွဲထွက်လာဖို့သိပ်ပြီမရှိတော့ဘူး…ဒါ့အပြင် သူမက မင်းသိုင်းပညာ၀ိညာဥ်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းလဲဖြစ်လာလိမ့်မယ်…သူ့ရဲ့ အသိဉာဏ်ကိုလဲ ထိန်းသိမ်းထားနိုင်မယ်…ဒါပေမယ့် နှင်းဧကရီက မင်းရဲ့ထက်အများကြီးကိုအဆင့်မြင့်နေသေးတယ်…အကယ်၍ သူသာမင်းဖန်တီးထားတဲ့ သိုင်းပညာ၀ိညာဥ်နဲ့ပေါင်းစည်းလိုက်မယ်ဆိုရင် ပဋိပက္ခတွေဖြစ်လာမှာပဲ ဒီကိစ္စက အတော်ကြီးမားလိမ့်မယ်…ဒါ့အပြင် အခုအချိန်မှာလဲ သူ့စွမ်းအားသူမထိန်းချုပ်နိုင်ဘူးလေ ”
” ဒါဆိုငါရဲ့အင်အားတွေကိုထုတ်ပြီ နှင်းဧကရီကို ငါနေရာအစားထိုးလိုက်ရင်ကော ဖြစ်နိုင်လား ”
ရေခဲဧကရီကပြောလာခဲ့ပါတယ်။
” မင်းဒါတွေကိုကစားပွဲလုပ်နေတယ်လို့များထင်သလား မင်းရဲ့နေရာကိုဒီလောက်လွယ်လွယ်လေး လက်လျှော့လို့ရမယ်ထင်လား မင်းရဲ့စွမ်းအားတွေက ရေခဲ၀ိညာဥ်နဲ့ပေါင်းစည်းနေပြီးပြီ ယွိဟောင်ရဲ့သဘောတူညီချက်မရှိဘူးဆိုရင် မင်းရဲ့စွမ်းအားတွေကိုပြန်ထုတ်ယူလို့မရနိုင်ဘူး…အကယ်၍ ထုတ်ယူလို့ရမယ်ဆိုရင်တောင် ရေခဲသိုင်းပညာ၀ိညာဥ်က ပျက်စီးသွားလိမ့်မယ်…ဒီနေရာမှာရှိတဲ့လူတိုင်းလဲ ပျက်စီးသွားရမှာပဲ ”
နှင်းဧကရီရဲ့အသံကတော့ ပိုပြီးနူညံ့လာခဲ့ပါတယ်။
” ရေခဲဒီလိုမလုပ်နဲ့ ငါတို့က ဒီလောကကြီးမှာနေထိုင်လာတာ နှစ်ပေါင်းသိန်းနဲ့ချီနေပြီ ငါရှင်သန်လာခဲ့တာမင်းထက်အများကြီးပိုကြာရှည်တယ်..ငါပထမဆုံးမွေးဖွားလာတဲ့အချိန်မှာ လူသားတွေတောင်မမွေးဖွားကြသေးဘူး..သေခြင်းတရားကတကယ်အဲ့လောက်ကြောက်စရာကောင်းလို့လား ငါတော့မထင်ဘူးလေ ဒါကအစသစ်တစ်ခုပဲ အကယ်၍ နောင်ဘ၀သာရှိမယ်ဆိုရင် ငါတို့တွေဆန့်ကျင်ဖက်လိင်တွေအဖြစ် မွေးဖွားလာကြမယ်လို့ မျှော်လင့်ပါတယ်…ဒါဆိုငါလဲမင်းကိုလက်ထပ်လို့ရမယ် အခုတော့ခွဲခွာဖို့အချိန်တန်ပြီ ”
သူမပြောပြီတာနဲ့ နှင်းဧကရီရဲ့မူလစွမ်းအားတွေက ဟို့ယွိဟောင်ရဲ့ချက်အောက်မှာစတင်ပြီ လှုပ်ရှားလာပါတော့တယ်။ သူက ငါးတစ်ကောင်လိုဖြတ်ပြေးနေခဲ့ပြီ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေက ဒါကိုမတားဆီးနိုင်ပဲဖြစ်လာပါတော့တယ်။
” ဘာဖြစ်နေတာလဲ ရေခဲဧကရီနဲ့ နှင်းဧကရီတို့က ဘာတွေလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မျက်လုံးအပြူးသားနဲ့ ထအော်ပြီပြောနေခဲ့ပါတယ်။
” ပါးစပ်ပိတ်ထားစမ်း ”
ရေခဲဧကရီက ထအော်တော့တယ်။ သူမက ငိုကြွေးတော့မဲ့အသံပေါက်နေခဲ့ပါပြီ။
” နှင်းဧကရီမသွားပါနဲ့ ငါတို့တွေနောက်တစ်နည်းစဥ်းစားလို့ရတယ် ”
” ငါသွားဖို့လိုလာပြီ ဒီနေရာမှာစွမ်းအားတွေကို ဘယ်လောက်ကြာကြာစုစည်းထားနိုင်မလဲမသိတော့ဘူး..ငါထွက်သွားပြီရင် မင်းတို့အားလုံးလဲ ဒီနေရာကမြန်မြန်သွားသင့်ပြီထင်တယ်…ငါရဲ့မူလစွမ်းအားတွေသာ ပေါက်ကွဲသွားမယ်ဆိုရင် အစောပိုင်းဖြစ်တာထက်ပိုပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာမယ်…ရေခဲ ကောင်းကင်အိပ်မက်က ကောင်းတဲ့သူတစ်ယောက်ပဲ မင်းသူ့အပေါ်ကောင်းကောင်းဆက်ဆံ ”
” မင်းသွားဖို့မလိုပါဘူး ”
ဒီအချိန်မှာပဲ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။ ဒီအချိန်မှာ သူပြောလာခဲ့ပါပြီ။
” အကြီးအကဲရေ နှင်းသခင်မကိုကူညီပါဦး အကယ်၍ သူအသက်ရှင်ဖို့အတွက် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်မဘာမဆိုလုပ်ပါ့မယ် ”
နှင်းဧကရီအတွက် ရေခဲဧကရီက အသနားခံပေးပါတော့တယ်။
” မင်းရဲ့စိတ်၀ိညာဥ်ကိုလက်လျှော့ရမယ်ဆိုရင်တောင်လား ”
ရေခဲဧကရီက တခဏတာတွေဝေလို့သွားခဲ့ပြီတဲ့နောက် ချက်ချင်းပြန်ဖြေလာခဲ့ပါတယ်။
” ဟုတ်ပါတယ် ”
” ငါ့ဘ၀မှာတစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားပြီ မင်းစိတ်၀ိညာဥ်ပင်လယ်ထဲမှာ ခန္ဓာကိုယ်ကိုထုတ်ဖော်လိုက် ယွိဟောင်ကပဲ ဆုံးဖြတ်ချက်ချရမဲ့သူ..နောက်ဆုံးတော့လဲ ငါတို့က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာလေ ”
များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေအောက်မှာ ဟို့ယွိဟောင်က သူ့ရဲ့ကိုယ်ပိုင်စိတ်ကိုမနည်းထိန်းချုပ်နေခဲ့ရပါတယ်။ တောက်ပပြီအဆုံးမဲ့တဲ့ ရွှေရောင်ပင်လယ်ကြီးက သူ့ရဲ့မြင်ကွင်းထဲကို၀င်ရောက်လာခဲ့ပါပြီ။ သူက စိတ်၀ိညာဥ်ပင်လယ်ရဲ့ ဘေးကိုရောက်လာခဲ့တယ်။
ရေခဲဧရီကတော့ ရေခဲကျောက်စိမ်းဧကရီကင်မြီးကောက်အဖြစ် အသွင်ပြောင်းနေခဲ့ပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ တောက်ပပြီ စက်ကွင်းတွေအပြည့်နဲ့ ပိုးကောင်ကြီးအဖြစ်ကိုရှိနေပါတယ်။
နှင်းဧကရီရဲ့ ရုပ်သွင်ကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်လန့်သွားခဲ့ရတယ်။
သူက အသက်ဆယ့်ခုနှစ် ဆယ်ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်လိုပါပဲ။ သူမရဲ့လှပပြီရှည်လျားတဲ့ဆံပင်ရှည်တွေက ခြေဖျားအထိကိုလွတ်လွတ်လပ်လပ်ကျဆင်းလို့နေခဲ့တယ်။ ကောင်းကင်ပြာရောင်မျက်လုံးတွေကလဲ အင်မတန်ကိုကြည်လင်ပြီတောက်ပနေခဲ့ပါသေးတယ်။ သူမက လောကမှာရှိသမျှအရာအားလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ပုံပေါ်ပါတယ်။ သေးသွယ်တဲ့ခန္ဓာကိုယ်ကလဲ ခြောက်ပြစ်ကင်းသဲလဲစင်အောင် တောက်ပနေခဲ့ပြီ လှပရှည်လျားတဲ့၀တ်ရုံဖြူက ရိုးရိုးရှင်းရှင်းသာရှိနေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ ရုပ်သွင်ကတော့ အင်မတန်ကိုကျက်သရေရှိပြီ စိတ်နှလုံးတိုင်းကိုဖမ်းစားနိုင်ပါတယ်။
သူမရဲ့မူလစွမ်းအားက အနည်းငယ်သာကျန်ရှိတော့ပေမဲ့ သူ့ရဲ့ရုပ်သွင်ကိုတော်တော်လေးဂရုစိုက်တဲ့ပုံစံအထင်သားပေါ်နေခဲ့တယ်။ ဒီလူတွေကြားထဲမှာကို ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ သူကရပ်နေခဲ့တာပါ။
ဟို့ယွိဟောင်လဲ မူလရုပ်သွင်အတိုင်းအထဲမှာပေါ်လာပါတော့တယ်။ သူ့ခန္ဓာကိုယ်အပြင်ဖက်မှာ ရွှေရောင်အလွှာတချို့က ဖုံးလွှမ်းထားတာကြောင့် ရေခဲဧကရီတို့က သူ့ကိုမမြင်ရပါဘူး။
လျှပ်စီးဧကရာဇ်ရဲ့ရုပ်သွင်ကလဲ ဖြည်းဖြည်းချင်းပေါ်လာခဲ့ပါပြီ။ သူကတော့ ရှည်လျားတဲ့ရွှေရောင်၀တ်ရုံကြီးကို ၀တ်ဆင်လို့ထားပါတယ်။ ဆံပင်ဖြူဖြူတွေက လက်ရှိအချိန်မှာ သပ်သပ်ရပ်ရပ်ရှိနေခဲ့ပြီ ရိုးရှင်းပြီခိုင်မာတဲ့ရုပ်ရည်သွင်ပြင်ကိုဖော်ပြလို့နေခဲ့တယ်။
နှင်းဧကရီက သူ့ကိုမြင်ချိန်မှာ တစ်ချက်တုန်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ သူမမူလစွမ်းအားတွေရဲ့ ပြင်းထန်တဲ့တုန့်ပြန်မှုကို အာရုံခံမိလိုက်တယ်။
အပိုင်း ၁၇၄•၁ ပြီး၏။