Switch Mode

Chapter – 173.1

တကယ်သူဖြစ်နေတာပဲ

အပိုင်း ၁၇၃•၁

” တကယ်သူဖြစ်နေတာပဲ ”
°°°
အဲ့ဒါက သိုလှောင်ရေး၀ိညာဥ်လက်နက်ဖြစ်နေခဲ့တာပါ။ မြင်ဖူးသမျှထဲမှာ အကြီးမားဆုံးသိုလှောင်ရေး၀ိညာဥ်လက်နက်ဖြစ်နေပါလိမ့်မယ်။ ဒီနီလာကြီးကိုမြင်ချိန်မှာ ဟို့ယွိဟောင်ရဲ့အတွေးကနားလည်သဘောပေါက်သွားတဲ့အတွက် ပျော်ရွှင်ပြီထိတ်လန့်သွားခဲ့ရတယ်။

သူကံဒီလောက်အထိကောင်းမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။ တကယ်ရတနာတစ်ခုကိုရလိုက်တာပါပဲ။

ဒီသတ္ထုလူကြီးက အစွမ်းအစရှိတာကိုကောင်းကောင်းသိနေပါတယ်။ ပြီးပြည့်စုံအောင်မတည်ဆောက်ရသေးပေမဲ့ အစွမ်းကတော့မသေးနိုင်ပါဘူး။ ဒါ့အပြင် ဗျူဟာတွေကလဲအများကြီးရှိနေခဲ့တယ်။ သူ့ရဲ့၀ိညာဥ်လက်နက်ရှာဖွေမှုမှာအသုံး၀င်နိုင်ရုံတင်မက ထိပ်တန်း၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကိုတောင် တစ်နေ့မှာမီလာနိုင်မယ်လို့ ယုံကြည်ချက်ရှိလာနိုင်တဲ့အထိကို တွန်းအားပေးလို့နေခဲ့ပါတယ်။

ဒါပေါ့ အချိန်တွေအများကြီးတော့လိုပါဦးမယ်။ ဒီသတ္ထုလူကြီးကို ပိုင်ဆိုင်တာက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ၀ိညာဥ်လက်နက်ထိပ်သီးတည်ဆောက်မှုကို ပိုင်ဆိုင်တာနဲ့အတူတူပါပဲ။ သိုလှောင်ရေး၀ိညာဥ်ပစ္စည်းကို သူ့ရဲ့ ကိုယ်ပိုင်သိုလှောင်ရေး၀ိညာဥ်လက်နက်ထဲ ထည့်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာ နှစ်တစ်သိန်း၀ိညာဥ်သန္ဓေသားကို စဥ်းစားဖို့အချိန်မရှိပါဘူး။ ဒီသတ္ထုလူကြီးက သန္ဓေသားထက်ကို ပိုအရေးကြီးနေခဲ့တယ်။ ဒီနေရာက ဘယ်လိုထွက်သွားရမလဲဆိုတာကိုပဲ သူတွေးနေခဲ့ပါတယ်။

လှိုင်ခေါင်းရဲ့အပြင်ကိုပြေးထွက်လာပြီတဲ့နောက် ဟို့ယွိဟောင်ကအသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ နှလုံးခုန်သံတွေကပိုပြီးမြန်ဆန်လာပါပြီ။ အပြင်ရဲ့ပေါက်ကွဲသံတွေကလဲ ပိုပြီးတိုးလာပါတော့တယ်။ နှစ်ဖက်ရဲ့တိုက်ပွဲက အချိန်ကလျော့သွားပါပြီ။

သူဘာလုပ်ရမလဲ ဘာလုပ်ရမလဲ ဒီလှိုင်ခေါင်းအတိုင်းဆက်သွားသင့်လား ရွေချယ်စရာမရှိပါဘူး။ လှိုင်ခေါင်းထဲကို၀င်လာပြီတဲ့နောက် ရွေးချယ်စရာအခွင့်အရေးတွေက ပိုနည်းပါးလာပါတယ်။ ရေခဲဧကရီရဲ့ ဆူးချွန်နဲ့ အကြောက်တရားလက်သည်းတွေကို အသုံးပြုပြီး နောက်ထပ်လှိုင်ခေါင်းတစ်ခုကိုတူးလို့ရပါတယ်။ အကယ်၍ သူသာခန္ဓာကိုယ်မျိုးနွယ်က ဖန်တီးထားတဲ့နောက်ထပ်လှိုင်ခေါင်းတစ်ခုဆီကိုသာ ရောက်သွားခဲ့မယ်ဆိုရင် သေချာပေါက် လွှတ်မြောက်အောင်ထွက်နိုင်မှာပါ။

ဟို့ယွိဟောင် ဒီအချက်ကိုတွေးပြီတဲ့နောက် အရှိန်မြင့်လိုက်ပါတော့တယ်။ သူပြေးနေချိန်မှာပဲ အနက်ရောင်လူတစ်ယောက်က သူ့ဆီကို အရှိန်ပြင်းပြင်းနဲ့​ဖြတ်သန်းသွားပါတော့တယ်။

” ဘယ်သူလဲ ”

တစ်ဖက်လူက အော်လိုက်ပါတယ်။ တောက်ပတဲ့ခရမ်းရောင်အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပြီ ဟို့ယွိဟောင်ကို အသက်ရှုကြပ်သွားစေခဲ့တယ်။

အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်လေးကွင်းတို့က အဲ့ဒီလူရဲ့ခန္ဓာကိုယ်ပေါ်မှာပေါ်လာခဲ့ပါပြီ။ ဒီလူကလက်မောင်းကြီးကြီးနဲ့ ၀ိညာဥ်သော့်လော့တစ်ယောက်ပါပဲ။ သူ့ရဲ့လက်တွေကကြီးမားတဲ့ ဂဏန်းလက်ကြီးတွေလိုမျိုး ဖြစ်ပေါ်နေခဲ့ပါတယ်။

” ပါးစပ်ပိတ်ထားစမ်း ”

ဟို့ယွိဟောင်ရဲ့အသံက နက်ရှိုင်းပြီအက်ကွဲလို့နေခဲ့တယ်။ သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါပြီ။

တစ်ဖက်လူက ဟို့ယွိဟောင်ဖန်တီးထားတဲ့ မျက်နှာကိုမြင်ချိန်မှာ ချက်ချင်းမျက်လုံးပြူးသွားပြီ ဒူးတစ်ဖက်ထောက်လိုက်ပါတယ်။

” မျိုးနွယ်စုခေါင်းဆောင်ကို ဂါရ၀ပြုပါတယ် ”

ဟို့ယွိဟောင်က အခုအချိန်မှာ အတော်လေးစိတ်ရှုပ်ထွေးနေခဲ့ပါပြီ။ သူလူမှန်ကိုရွေးပြီ အသွင်ပြောင်းလိုက်တာမှန်သွားခဲ့ပါတယ်။ တစ်ဖက်လူရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားပုံအရဆိုရင် သေချာပေါက် ခန္ဓာကိုယ်မျိုးနွယ်ကလူပါပဲ။ ဒါ့အပြင် လက်တစ်ဖက်မှာ၀ိညာဥ်ရှိတဲ့ ၀ိညာဥ်သော့်လော့တစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဒီလူကဘယ်လောက်အင်အားကြီးမှာလဲ လက်တစ်ဖက်နဲ့တွင်းကိုတူးလာနိုင်တဲ့သူလား။

” လိုချင်တာရခဲ့ပြီလား ”

ဟို့ယွိဟောင်က မေးလိုက်ပါတယ်။

” ရခဲ့ပါပြီ ”

၀ိညာဥ်သော့်လော့ကအရမ်းကိုစိတ်လှုပ်ရှားနေခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို လက်နှစ်ဖက်နဲ့တစ်စုံတစ်ရာကမ်းပေးလိုက်ပါတယ်။ ဒါကတော့ အဖြူရောင်လင်ဗန်းပါ။ အထဲမှာကတော့ သစ်သားဇလုံးတစ်ခုရှိနေခဲ့ပြီ ရာနဲ့ချီတဲ့ကျောက်မျက်ရတနာတွေက အရောင်စုံတောက်ပလို့နေခဲ့ပါတယ်။ အဖြူရောင်အငွေ့တွေကတော့ ဒီအပေါ်မှာတုန်ခါလို့နေခဲ့တယ်။

ဒီပစ္စည်းကိုကြယ်အလင်းလေလံအိမ်မှာသူမြင်ဖူးပါတယ်။ ဒီပစ္စည်းတွေလိုထိပ်တန်းအဆင့်ပစ္စည်းကိုသူဘာလို့မေ့နိုင်မှာလဲ။ တစ်ဖက်လူရဲ့လက်ထဲကို ဒီပစ္စည်းဘယ်လိုရောက်လာလဲမသိပေမဲ့ ဒါက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားဆိုတာ သေချာနေပါတယ်။ ဒါ့အပြင် နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းက သေချာပေါက် အစစ်အမှန်ပါ။

ဟို့ယွိဟောင် အသက်ပြင်းပြင်းရှုသွင်းရင်း သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းနေခဲ့ပါတယ်။ တစ်ဖက်လူဆီကနေ နတ်ဘုရားချိတ်ပိတ်အကာအကွယ်ကိုယူလိုက်ပြီတဲ့နောက် သေချာကြည့်ရင် ခေါင်းညိတ်နေခဲ့တယ်။

” မဆိုးဘူးပဲ ဒီတစ်ကြိမ်မှာမင်းစွမ်းဆောင်မှုက ကြီးမားခဲ့တယ်…ပြန်ရောက်ရင်ကောင်းကောင်းဆုချမယ်..သွားတော့ မြန်မြန်ထွက်သွား ”

သူပြောပြီတဲ့နောက် သူ့ရဲ့ကိုယ်ပိုင်သိုလှောင်ရေးပစ္စည်းထဲကို နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းထည့်လိုက်ပါတော့တယ်။ ဒါပေမယ့် သူကျရှုံးသွားတယ်ဆိုတာကို နားလည်လိုက်ရပါပြီ။ သူ့ရဲ့သိုလှောင်ရေး၀ိညာဥ်လက်နက်ကဒါကိုမထည့်နိုင်ပါဘူး။ ဟို့ယွိဟောင်သူမျက်နှာသူပြန်ဖြတ်ရိုက်လုနီးပါးဖြစ်သွားခဲ့ပါတယ်။

ဒါကိုသူဘယ်လိုလုပ်မေ့သွားတာလဲ။ အကယ်၍ ဒါက၀ိညာဥ်လက်နက်တွေရဲ့အဆင့်အတန်းက ကွာခြားလွန်နေတယ်ဆိုရင် အဆင့်မြင့်တဲ့၀ိညာဥ်လက်နက်တွေကို သယ်ယူနိုင်မှာမဟုတ်ပါဘူး။

ဒီအချိန်မှာပဲ အပြင်ဖက်ကနေ တစ်၀ုန်း၀ုန်းမြည်သံတွေကိုကြားလိုက်ရပါတော့တယ်။ ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေတဲ့လူကလဲ ချက်ချင်းမတ်တပ်ရပ်လာခဲ့ရင်း အရမ်းကိုထိတ်လန့်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်ကို လက်ညိုးတစ်ထိုးထိုးနဲ့သူပြောတော့တယ်။

” မင်းက မျိုးနွယ်စုသခင်မဟုတ်ဘူးလား ”

” ဘာတွေလာပြောနေတာလဲ ”

” မျိုးနွယ်စုခေါင်းဆောင်ရဲ့အငွေ့အသက်ကို အပြင်ကနေရတယ်…မင်းက ဟန်ဆောင်ထားတာပဲ သေပေရော့ ”

သူ့ရဲ့လက်ကကြီးမားတဲ့လက်သီးကြီးတွေအဖြစ်ကို ပြောင်းလဲရင်းဟို့ယွိဟောင်ရဲ့ ရင်ဘတ်ကိုထိုးချလိုက်ပါတော့တယ်။ ပေါက်ကွဲတဲ့စွမ်းအားက လှိုင်ခေါင်းတစ်ခုလုံးကိုတောင် တုန်ခါသွားစေခဲ့တယ်။

ဟို့ယွိဟောင်က သူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုပြီး နှစ်တစ်သိန်းသားရဲကောင်ဆီကို လက်လှမ်းလိုက်ပါပြီ။

တစ်ဖက်လူက သူမျိုးနွယ်ခေါင်းဆောင်မဟုတ်မှန်း သူသိသွားပြီဆိုမှတော့ သူ့ရဲ့အစွမ်းအစက ၀ိညာဥ်သော့်လော့တွေကို မမီနိုင်တဲ့အတွက် သေချာပေါက် အန္တရာယ်ကျတော့မှာပါ။

ဒီလိုအရေးကြီးအချိန်မျိုးမှာ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကနေ သင်ယူခဲ့တဲ့တစ်စုံတစ်ရာကို ကောင်းကောင်းအသုံးချရပါတော့တယ်။ သူလုပ်ခဲ့တဲ့အရာတွေကမှန်ကန်နေခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သွေးနီရောင်အလင်းတန်းတွေက လွှမ်းခြုံလို့သွားပါတော့တယ်။ ဆယ့်ငါးစက္ကန့်ကြာတဲ့အချိန် ခုခံပေးနိုင်တဲ့ ဟုန်ချန်ကောင်းချီးမင်္ဂလာက သူ့ရဲ့ခုခံမှုကို သုံးဆမြင့်မားသွားစေခဲ့တယ်။

ရေခဲဧကရီရဲ့သံချပ်ကာကိုလဲ ထုတ်သုံးလို့ထားခဲ့ပါပြီ။ သူ့ရဲ့ ပုံစံတူတုပမှုကြောင့် ဒီစိန်ပွင့်လိုတောက်ပမှုမျိုးကို တစ်ဖက်လူကတော့ မမြင်ရပါဘူး။

ခုခံမှုတွေကို ထုတ်လွှတ်ပြီတဲ့နောက် နှစ်တစ်သိန်းသားရဲကောင်ရဲ့သန္ဓေသားကို အသုံးပြုရင်း တစ်ဖက်လူရဲ့ လက်သီးကိုခုခံလိုက်ပါတယ်။ ဒါပေမယ့် တစ်ဖက်လူကတော့ လုံး၀နောက်ဆုတ်မဲ့ပုံမပေါ်ပဲ အရှေ့ကိုဆက်တိုက်တိုးလာနေခဲ့တယ်။

နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတွေဆိုတာပါပဲ။ ၀ိညာဥ်ပညာရှင်တွေတိုင်းအတွက်ရတနာတစ်ခုပါ။ သော့်လော့တစ်ယောက်တောင်မှ ဒီရတနာကိုရရှိပြီရင် ပျက်စီးအောင်လုပ်ဖို့နှလုံးသားကလက်မခံနိုင်ပါဘူး။

ဒါ့အပြင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်က သူတို့ရဲ့အဓိကပစ်မှတ်ပါပဲ။ ဟို့ယွိဟောင်ရဲ့ကျင့်ကြံမှုက သင့်တော်တဲ့အဆင့်အတန်းတစ်ခုကိုရောက်နေပြီဆိုပေမဲ့ သူ့ရဲ့ဉာဏ်ကတော့ ကျင့်ကြံမှုထက်ကို ပိုပြီးသာလွန်နေခဲ့ပါတယ်။

တစ်ဖက်လူကအရှိန်ပြင်းပြင်းနဲ့ ​ရောက်လာနေ​တဲ့ သူ့ရဲ့လက်ကို ကြိုးစားပြီ နောက်ပြန်ဆုတ်ဖို့အတွက် လုပ်နေခဲ့တယ်။

သူ့ရဲ့ဘယ်ဘက်လက်က ညာဘက်လက်ဆီကိုရောက်လာခဲ့ပြီ ဟို့ယွိဟောင်ကို ဖမ်းဆွဲဖို့လုပ်လိုက်ပါတယ်။

ခန္ဓာကိုယ်မျိုးနွယ်က ဒီအစီအစဥ်အတွက် အများကြီးကြိုးစားအားထုတ်ရတာပါ။ နှစ်နှစ်လုံးလုံး ပြင်ဆင်ထားရသလို ဒီပစ္စည်းကိုရနိုင်ဖို့အတွက်လဲ အများကြီးလေ့လာခဲ့ရပါတယ်။

နတ်ဘုရားချိတ်ပိတ်အတားအဆီးက အသက်စွမ်းအားတွေအားလုံးကို ချိတ်ပိတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်က မချိတ်ပိတ်ခံရခင်အချိန်မှာ ရှိသမျှရုန်းကန်နိုင်စွမ်းတွေအားလုံးကို ဆုံးရှုံးနေဖို့လိုလိမ့်မယ်။ ပစ်မှတ်ကိုချိတ်ပိတ်ပြီတာနဲ့ သော့်လော့တစ်ယောက်တောင် မဖျက်ဆီးနိုင်ပါဘူး။ အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်တွေကို ချိတ်ပိတ်ဖို့အဓိကသုံးလေ့ရှိပါတယ်။ မဟုတ်ရင် ရှားပါးတဲ့၀ိညာဥ်ပညာရှင်တွေကို ချိတ်ပိတ်ဖို့သုံးတာပါ။

ဒီပစ္စည်းက အမြဲတမ်းခြောက်ပြစ်ကင်းသဲလဲစင်နေတာတော့မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားကို ချိတ်ပိတ်နိုင်ပေမဲ့ ပြင်ပကနေအားထုတ်ပေးဖို့လဲလိုပါတယ်။

ဒီပစ္စည်းကို ကောင်းကောင်းအားသုံးလိုက်မယ်ဆိုရင် အက်ကွဲအောင်လုပ်နိုင်ပါတယ်။ ဒါကြောင့်သာ အပြင်မှာပျော့ပျောင်းပြီ အထဲကမာကြောတယ်လို့ ပြောနိုင်တာပါပဲ။

ဟို့ယွိဟောင်လဲ ဒါကိုနားလည်မှုတချ်ို့တလေတော့ ရှိပါတယ်။ ဒါကြောင့်သာ ဒီလိုရွေးချယ်မှုလုပ်လိုက်တာပါ။ ကြီးမားတဲ့သတ္ထုလူကြီးကိုရပြီတဲ့နောက် သူ့ဆီကနေ အသက်အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားချင်စိတ်သာရှိပါတော့တယ်။ ဒီသန္ဓေသားကိုလဲ သူစိတ်မ၀င်စားပါဘူး။ အခုလက်ရှိအစွမ်းအစနဲ့ဆိုရင် အဲ့ဒီသန္ဓေသားကိုသူမစုပ်ယူနိုင်မှန်းလဲ ကိုယ့်ကိုကိုယ်သိနေခဲ့ပါတယ်။ ဒါကြောင့်သာ ဒီ၀ိညာဥ်သားရဲကောင်ကိုလွှတ်ပေးဖို့အတွက် သူဆုံးဖြတ်လိုက်တာပါ။ တစ်ဖက်လူရဲ့တိုက်ခိုက်မှုကို ခုခံဖို့သာတစ်ခုတည်သောနည်းလမ်းပါပဲ။ မဟုတ်ရင် ဟုန်ချန်ကောင်းချီးမင်္ဂလာတောင်မှ သူ့ကိုကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

အသက်ရှင်ချင်စိတ်ဆိုတာက သူ့ရဲ့တစ်ခုတည်သောရည်ရွယ်ချက်ဖြစ်ပါတယ်။

၀ိညာဥ်သော့်လော့က သူတို့ရဲ့အရေးကြီးတဲ့တာ၀န်၀တ္တရားကို လုပ်ဆောင်ဖို့ရွေးချယ်ခံထားရတာကြောင့် တကယ်ကိုအင်အားကြီးပါတယ်။ နောက်ဆုံးအချိန်မှာ သူ့ရဲ့လှုပ်ရှားမှုကို သူ့ဘာသာသူပြန်တားဆီးနိုင်လိုက်တယ်။ ဘယ်ဘက်လက်က ညာဘက်လက်ကို ဖမ်းဆွဲနိုင်လိုက်ပါပြီ။ ခန္ဓာကိုယ်ကလဲ တောင့်တင်းလို့သွားခဲ့ပြီ လက်ကရပ်တန့်လို့သွားခဲ့တယ်။

ဒါပေမယ့် ရှိသမျှအင်အားတွေအားလုံးကိုလဲ သုံးလိုက်ရပါတယ်။ လက်ရှိအချိန်မှာ သူညာဘက်လက်သီးနဲ့ ထိုးချလို့လဲမရနိုင်ပါဘူး။ ဟို့ယွိဟောင်ကတော့ ဒီအခွင့်အရေးကိုအသုံးပြုပြီး တိုက်ခ်ိုက်လာမှန်းသိပါတယ်။ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ခုခံမှုနိုင်စွမ်းကိုလဲ နားလည်နေခဲ့တယ်။ ဒါပေမယ့် မမျှော်လင့်တဲ့အရာတစ်ခုက ဖြစ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်က သူ့ကိုတိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် နတ်ဘုရားချိတ်ပိတ်အကာအကွယ်ကို အသုံးပြုပြီးတိုက်ခိုက်လာခဲ့တာပါ။

တစ်ဖက်လူရဲ့လက်သီးက စိတ်၀ိညာဥ်ထောက်လှမ်းမှုအောက်မှာရပ်တန့်သွားမှန်း နားလည်လိုက်ပါတယ်။ ဒါကြောင့် နတ်ဘုရားချိတ်ပိတ်အတားအဆီးကို အသုံးပြုပြီး တစ်ဖက်လူရဲ့လက်သီးကို ထုချလိုက်တော့တယ်။

ဒီအချိန်မှာအားအပြည့်သုံးထားပြီ ရေခဲဧကရီရဲ့ ဆူးချွန်အင်အားကိုလဲ အပြည့်ထုတ်ဖော်ထားခဲ့ပါတယ်။

၀ိညာဥ်သော့်လော့ရဲ့ လက်သည်းအောက်မှာနတ်ဘုရားချိတ်ပိတ်အတားအဆီးတစ်ခုအက်ကွဲရာပေါ်လာခဲ့ရင်းအသံကျယ်ကြီးက ဟိန်းထွက်သွားပါတော့တယ်။

” ခွေးမသားရေ ”

၀ိညာဥ်သော့်လော့ကတော့ ဒေါသတကြီးနဲ့ ထအော်ပါတော့တယ်။ သူလဲနတ်ဘုရားချိတ်ပိတ်အတားအဆီးကိုပြန်ယူချင်ပေမဲ့ ပတ်၀န်းကျင်ရဲ့အပူရှိန်က ရုတ်တရက်ကျသွားခဲ့ပါပြီ။ အဖြူရောင်မြူခိုတွေက အပြင်ကိုစိမ့်ထွက်လာခဲ့ပါတော့တယ်။

ဟို့ယွိဟောင်လဲ အတားအဆီးကိုခပ်မြန်မြန်ပဲ လက်လွှတ်ရင်းနဲ့ နောက်ကိုပြန်ဆုတ်လိုက်ပါတော့တယ်။ ၀ိညာဥ်သော့်လော့က အငွေ့တွေကိုဖမ်းဆွဲဖို့လုပ်ပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မောက်မာပြီဒေါသထွက်ကြီးလွန်လှတဲ့အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

” နှိမ့်ကျလိုက်တဲ့လူသားတွေ သေပေးရော့ မင်းတို့တွေအကုန်သေရမယ် ”

ဟို့ယွိဟောင်ရော ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ သော့်လော့ကမျက်စိရှေ့မှာရှိသမျှအရာအားလုံးဖြူဖွေးသွားတာကို မြင်လိုက်ရပါတယ်။

ဟို့ယွိဟောင်လဲ ၀ိညာဥ်သော့်လော့ကို မမြင်ရတော့ပါဘူး။ ဒါပေမယ့် ဟုန်ချန်ကောင်းချီးမင်္ဂလာက ရပ်တန့်သွားတာကို ခံစားမိပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ အားနည်းလာခဲ့ပါပြီ။ ကြောက်စရာအသံတွေကလဲ လေထဲမှာဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။

ဒီအအေးဓာတ်က နေရာအနှံ့ကိုဖုံးလွှမ်းလို့သွားခဲ့ပြီ သူ့ခန္ဓာကိုယ်ထဲ၀င်လာပါတော့တယ်။

အဆုံးစွန်းရေခဲကိုပိုင်ဆိုင်ပြီချိန်ကစလို့ အအေးဓာတ်ကိုမခံစားခဲ့ရတာအတော်ကြာပါပြီ။ ဒါပေမယ့် ဒီအချိန်မှာတော့ ခိုက်ခိုက်တုန်အောင်ချမ်းအေးလို့နေခဲ့ပါတယ်။ စိတ်၀ိညာဥ်နဲ့ခန္ဓာကိုယ်တွေအားလုံး အေးခဲသွားတော့မလိုပါပဲ။

ဒီအချိန်မှာပဲ တအံ့တဩအော်သံကဟို့ယွိဟောင်ရဲ့စိတ်ထဲမှာပေါ်လာခဲ့ပါတယ်။

” တကယ်သူဖြစ်နေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အရိုးတွေက စတင်တောက်ပလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့အေးခဲနေတဲ့သွေးတွေက ပုံမှန်အတိုင်းလှည့်ပတ်ပါတော့တယ်။ အဆုံးစွန်းရေခဲက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပြီ မခဲသွားအောင်လို့ကူညီပေးနေခဲ့တယ်။

ဒါပေမယ့် အဆုံးစွန်းရေခဲတောင်သူ့ကို တိုက်ခိုက်နေတဲ့အအေးလှိုင်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားနည်းသွားမှန်းခံစားမိပါတယ်။

သူ့ရဲ့အဆုံးစွန်းရေခဲက တစ်လောကလုံးမှာအအေးဆုံးလို့ ဟို့ယွိဟောင်တွေးထားခဲ့ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီအမြင်က ပြောင်းလဲခဲ့ရပါပြီ။

မျက်လုံးဖွင့်လိုက်ချိန်မှာ အရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကြောင့်လန့်သွားပါတော့တယ်။

ဒီလှိုင်ခေါင်းတစ်ခုလုံးက ပိုမိုကျဥ်းမြောင်းသွားခဲ့သလို ရေခဲအလွှာတွေက လှိုင်ခေါင်းတစ်ခုလုံးမှာဖြစ်ပေါ်နေပါတော့တယ်။ ၀ိညာဥ်သော့်လော့ကတော့ ရေခဲရုပ်ထုဖြစ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့အရှေ့မှာတင် ရပ်တန့်နေခဲ့တာပါ။ နတ်ဘုရားချိတ်ပိတ်အတားအဆီးကလဲ မြေပြင်မှာပြုတ်ကျပြီ အေးခဲနေခဲ့ပါတယ်။

ဒီလှိုင်ခေါင်းကြီးတစ်ခုလုံးက လုံး၀ကိုမှောင်မိုက်လို့သွားခဲ့သလို ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်မျက်လုံးကြောင့်သာ မဟုတ်ရင် ဘာမှမြင်ရမှာမဟုတ်ပါဘူး။

” ရေခဲဧကရီ ဘာတွေဖြစ်နေတာလဲ ဘာပြောချင်တာလဲ ”

ရေခဲဧကရီကို သူလှမ်းမေးလိုက်ပါတယ်။

” အဲ့ဒါနှင်းဧကရီရဲ့ အငွေ့အသက်ပဲ ”

ဟို့ယွိဟေင် တုန်သွားခဲ့ပါတယ်။

” ဒါဆိုရင် ချိတ်ပိတ်ခံထားရတဲ့ သားရဲကောင်က မြောက်၀င်ရိုးစွန်းရဲ့ ကောင်းကင်ဘုရင်သုံးပါးထဲက ခေါင်းဆောင်ဖြစ်တဲ့ နှင်းဧကရီလို့ပြောချင်တာလား သူက မဟာရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲက တတိယမလား ”

” ဟုတ်တယ် အဲ့ဒါနှင်းဧကရီရဲ့အငွေ့အသက်ပဲ ”

ရေခဲဧကရီက ပိုသေချာလာပါတယ်။

” ဒီတိုက်ကြီးတစ်ခုလုံးမှာ ငါထပ်ပိုပြီးအေးတဲ့အအေးဓာတ်ကို နှင်းဧကရီပဲပိုင်ဆိုင်တယ်…ဒါ့အပြင် သူ့အသံကလဲအတူတူပဲ သေချာပါတယ် ”

” ဒါပေမယ့် ဖြစ်ကောဖြစ်နိုင်ရဲ့လား နှင်းဧကရီက နှစ်ခုနှစ်သိန်းကျော်သွားပြီလေ အကယ်၍ ၀ိညာဥ်သားရဲကောင်တွေသာ လူသားအဖြစ်ပြောင်းချင်တယ်ဆိုရင် နှစ်တစ်သိန်းမှာရွေးချယ်ရမှာမဟုတ်လား နှင်းဧကရီက နှစ်ခုနှစ်သိန်းတောင်ကျော်နေပြီဆိုမှ ဘယ်လိုလုပ်လူသားပြန်ဖြစ်နိုင်မှာလဲ မျိုးနွယ်စုတစ်ခုနဲ့တစ်ခုက မတူတာလား ဒါမှမဟုတ်တခြားမျိုးနွယ်ကလူဖြစ်နိုင်လား ”

” မဟုတ်ဘူး နှင်းဧကရီက ထူးခြားတယ်..သူက မိုးကောင်းကင်နဲ့မြေကမ္ဘာကနေ ဖြစ်ပေါ်လာတဲ့စိတ်၀ိညာဥ်စွမ်းအားကို ရရှိပြီမွေးဖွားလာတဲ့သူပဲ ပြောရမယ်ဆိုရင် သူကရေခဲကောင်းကင်ကနေ အလိုအလောက်မွေးဖွားလာတဲ့သူ ဘယ်လိုလုပ်သာမန်နှင်းလူသားတစ်ယောက်က ငါထက်ပိုပြီးအင်အားကြီးနိုင်မှာလဲ သေချာပေါက် နှင်းဧကရီပဲဖြစ်မှာပေါ့ သူဘယ်လိုလုပ်လိုက်လဲငါမသိပေမဲ့ သေချာပေါက် သူဆိုတာလုံး၀ပြောနိုင်တယ် ”

” နှင်းဧကရီဟုတ်ဟုတ်မဟုတ်ဟုတ် ငါတို့အမြန်ဆုံးသွားမှဖြစ်မယ်..တွေးနေဖို့အချိန်မဟုတ်ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒီအချိန်မှအသိပြန်၀င်လာခဲ့ပါပြီ။ ဟုတ်တယ် သူအခုအထိအသက်အန္တရာယ်မလွှတ်သေးပါဘူး။

အပိုင်း ၁၇၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset