အပိုင်း ၁၇၂•၂
” အလစ်၀င်တိုက်ခြင်း ”
°°°
သူတို့ရဲ့ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိသွားချိန်မှာတော့ ဟို့ယွိဟောင်ဘာလုပ်မှာလဲ ဟို့ယွိဟောင်ရဲ့အခြေအနေက အတော်ကို အခက်တွေ့နေခဲ့ပါပြီ။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားက သူ့ခရီးစဥ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့တယ်။ အကြီးအကဲမုက သူ့ကိုဒီအကြောင်းပြောခဲ့ပါတယ်။ ဟို့ယွိဟောင်ကိုယ်တိုင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ပုံစံတူတုပမှုရှိတာကြောင့် အခွင့်အရေးသာရလာမယ်ဆိုရင် ကြိုးစားကြည့်သင့်တာပါ။ ဒါပေါ့ အစောပိုင်းအခြေအနေတွေကြောင့် သူ့ရဲ့ကိုယ်ပိုင်အသက်အန္တရာယ်ကို အဓိကအာရုံစိုက်ရမှာပါ။ အကယ်၍ သူသာရှာဖွေတွေ့ရှိသွားခဲ့မယ်ဆိုရင် သူရဲ့ပြိုင်ဘက်တွေကသူ့ကို ထိခိုက်အောင်တော့လုပ်ကြမှာမဟုတ်ပါဘူး။ အများဆုံးကျောင်းတော်ကို ပြန်ပို့ကြရုံပါပဲ။
နေလနိုင်ငံတော်ကိုရောက်ရှိလာပြီတဲ့နောက် ဟို့ယွိဟောင်ဒီအကြံနဲ့ပတ်သက်ပြီ လုံး၀လက်လျှော့လိုက်ပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခုခံမှုတွေက အရမ်းကိုတင်းကြပ်လွန်တဲ့အပြင် နောက်ဆုံးပေါ်စက်ကိရိယာတွေနဲ့ ကာကွယ်ထားခဲ့တာပါ။ ဒါကြောင့် သူ့အနေနဲ့ လုံး၀သတိမထားမိပဲ ခိုး၀င်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလွယ်လေးခိုး၀င်လို့ရပေမဲ့ အရမ်းကိုအန္တရာယ်များလွန်ပါတယ်။
ခန္ဓာကိုယ်မျိုးနွယ်ရောက်ရှိလာမယ်လို့ ဘယ်သူကခန့်မှန်းထားခဲ့မိမှာလဲ။ သူတို့တွေက တစ်စုံတစ်ယောက်အထဲကို ၀င်ဖို့အတွက် လွှတ်ပြီသားဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီအစီအစဥ်ကလဲအစောကြီးကထဲက ကြံစည်နေလောက်တာကြာပါပြီ။ ခန္ဓာကိုယ်မျိုးနွယ်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကို တစ်ခေါက်ထဲဖျက်ဆီးဖို့အတွက် ယုံကြည်ချက်ရှိလောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် အပေါ်ယံကနေ တိုက်ခိုက်တာအာရုံလွဲတစ်ခုသာဖြစ်ပြီ တကယ်ရည်ရွယ်ချက်အစစ်အမှန်ကတော့ လှိုင်ခေါင်းထဲကနေ တွားသွားပြီသန္ဓေသားကို ခိုးဖို့ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် သူဆက်သွားရမှာလား မသွားရဘူးလား။
ခန္ဓာကိုယ်မျိုးနွယ်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲအထိ ကျူးကျော်လာတဲ့အတွက် သုပုစီးရဲ့အစွမ်းအစကို တွေ့ကြည့်ရုံနဲ့သိနေလောက်ပါပြီ။ ဒါမျိုးကသူယှဥ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလွယ်လေးလက်လွှတ်လိုက်ရမှာလား ဒါကအခွင့်အရေးကောင်းကြီးဖြစ်နေခဲ့တာပါ။
ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အင်အားကြီးသူတွေနဲ့ရင်ဆိုင်ရချိန်မှာ ကျန်ဟုန်ချန်က အချိန်ယူပြီဖြေရှင်းရပါလိမ့်မယ်။
လက်ရှိအချိန်မှာ အချိန်ဖြုန်းနေလို့မရပါဘူး။ သိပ်ပြီမတွေးတော့ပဲ ဟို့ယွိဟောင်အပြင်ထွက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူ့ရဲ့အသက်ကပိုပြီးအရေးကြီးတယ်။ ဒါ့အပြင် သူ့မှာနှစ်တစ်သန်းစက်ကွင်းနဲ့ နှစ်တစ်သိန်းစက်ကွင်းတွေကရှိနေပြီသားပါ။ သူတအားကြီးလောဘကြီးလို့မရပါဘူး။ အကယ်၍ လောဘကြီးလွန်သွားမယ်ဆိုရင် ကပ်ဆိုးကျရောက်နိုင်ပါသေးတယ်။ ဒါ့အပြင် ရေခဲဧကရီ ကောင်းကောင်အိပ်မက်ရေခဲပိုးကောင်နဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်တို့ရဲ့မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။
ဒီအတွေးကိုတွေးပြီတာနဲ့ ဟို့ယွိဟောင်ချက်ချင်းစိတ်ပြေငြိမ်သွားခဲ့ပါပြီ။ ခန္ဓာကိုယ်မျိုးနွယ်က နှစ်တစ်သိန်းသားရဲကောင်ကို ရသွားတာလဲအဖြစ်မခံနိုင်ပါဘူး။ အကယ်၍ ဒီသန္ဓေသားသာပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ ဆက်ရှိနေဦးမယ်ဆိုရင် သူ့အနေနဲ့ရဖို့အခွင့်အရေးရှိမှာပါ။ ခန္ဓာကိုယ်မျိုးနွယ်ယူသွားမယ်ဆိုရင်တော့ သွားယူဖို့အခွင့်အရေးကမရှိတော့ပါဘူး။ ဒါကြောင့် ခန်းမသခင်နဲ့ဆက်သွယ်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာရပါလိမ့်မယ်။
ကျန်ဟုန်ချန်နဲ့ ဆက်သွယ်ဖို့စဥ်းစားနေချိန်မှာပဲ ကြီးမားပြင်းထန်တဲ့တုန်ခါသံကြီးကို ကြားလိုက်ရပါပြီ။
ခန်းမကြီးတစ်ခုလုံးက သွက်သွက်ခါအောင် လှုပ်ရမ်းနေပါတော့တယ်။ ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီတဲ့နောက် လှိုင်ခေါင်းအပိုင်းအစတစ်ခုက ပြိုကျလို့လာခဲ့တယ်။ ဖုန်တွေသဲတွေက သူ့ဆီကိုအလုံးလိုက်ပြေး၀င်လာခဲ့ပါပြီ။
မဖြစ်တော့ဘူး ဟို့ယွိဟောင် မျက်နှာတစ်ခုလုံးဖြူဖျော့လို့နေတော့တယ်။ အပြင်ဖက်တိုက်ပွဲကအရမ်းကိုအရှိန်ပြင်းလွန်တာကြောင့် လှိုင်ခေါင်းထဲပြိုလာနေပါပြီ။ ဒါ့အပြင် အောက်ဖက်နေရာတစ်ခုလုံးကလဲပြင်းပြင်းထန်ထန်တုန်ခါနေတာကြောင့် စက်ရုံကြီးတစ်ခုလုံးကိုပါ အထိအခိုက်ဖြစ်လာစေခဲ့ပါတယ်။
လှိုင်ခေါင်းရဲ့ အဆုံးစွန်းမှာဘယ်လိုပဲအန္တရာယ်ရှိပါစေ အရှင်လတ်လတ်မြေမြုပ်ခံရတာထက်တော့ ပိုကောင်းပါသေးတယ်။ မိုးကောင်းကင်ကလူသားတွေကို ကစားလေ့ရှိတယ်။ ဟို့ယွိဟောင် နောက်ကိုတစ်ချက်မှလှည့်မကြည့်ပဲ အမြန်ဆုံးနှုန်းနဲ့ပြေးရပါပြီ။
သူပြေးနေချိန်မှာပဲ နောက်ဖက်မှာလှိုင်ခေါင်းကပြိုလာခဲ့တယ်။ အရှင်လတ်လတ်မြေမြုပ်မခံချင်သရွေ့ သေချာပေါက်ထွက်လမ်းကိုရှာရမှာပါ။
ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး။ ဟို့ယွိဟောင်မှာ ရွေးချယ်စရာတစ်ခုသာရှိပါတော့တယ်။ ဒါကြောင့် အသက်ပြင်းပြင်းရှုသွင်းရင် သူတွေးလိုက်မိတယ်။ မိုးကောင်းကင်ကဒီလိုဖန်တီးပြီဆိုမှတော့ အကောင်းဆုံးကြိုးစားရတာပေါ့။
သူ့အရှေ့ကိုဆက်သွားနေရင်းနဲ့ ရုတ်တရက်ဆိုသလို လှိုင်ခေါင်းကတစ်ပတ်လည်တာ ခံစားလိုက်ရပါတယ်။ ဟို့ယွိဟောင်ကို စိတ်ရှုပ်ထွေးသွားစေခဲ့တယ်။ ဒီလိုထူးဆန်းတဲ့အရာတွေကို ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ မတွေ့ခဲ့ဖူးပါဘူး။ ဒီလှိုင်ခေါင်းက အပြင်လူတွေရဲ့ဖန်တီးမှုဆိုတာကို သူသိပါတယ်။ မြေအောက်မှာဖန်တီးထားပေမဲ့ သူတို့တွေက မြေကမ္ဘာရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို တိတိကျကျကြီး ထိုးဖောက်ထားတာပါ။ ဘယ်လိုလုပ်ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့လျှို့၀ှက်ချက်တွေကို သူတို့သိနေရတာလဲ။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့မြေအောက်အခြေစိုက်စခန်းမှာတော့ ကြီးမာပြင်းထန်တဲ့ပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်ပေါ်နေရင်း နှစ်ဖက်စလုံးက ရပ်တန့်လို့သွားခဲ့ပါတယ်။ ဒီနေရာကြီးပြိုခါနီးဖြစ်နေတာကို နားလည်သွားချိန်မှာတော့ ဘယ်သူမလုပ်တော့ပါဘူး။ အကယ်၍ ဆက်တိုက်ခိုက်နေကြမယ်ဆိုရင် အကုန်လုံးသေကုန်မှာကိုသိနေကြလို့ပါ။
” သုပုစီး မင်းဘာလို့ဒီလိုလုပ်တာလဲ ”
ကျန်ဟုန်ချန်ကအံကြိတ်ရင်းမေးနေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သူသတိထားမိပါပြီ။ ချက်ချင်းဆိုသလို ဒေါသတကြီးနဲ့တုန်ရီသွားခဲ့ရင် အော်ဆဲပါတော့တယ်။
” ခွေးမသား မင်းတကယ်ကြီးလုပ်ရဲတယ်ပေါ့ ”
သူပြောပြီတဲ့နောက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အထဲထဲကိုပြေး၀င်လို့သွားပါတော့တယ်။ ကြီးမားတဲ့ပေါက်ကွဲမှုကြီးဘယ်နေရာကဖြစ်လာတယ်ဆိုတာ သူချက်ချင်းသိသွားလို့ပါ။
ဒါပေမယ့် ရည်မှန်းချက်ကို ပြည့်၀အောင်မြင်တော့မှ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေက သူ့ကိုဘယ်လိုများနှောင့်ယှက်ခွင့်ပြုမှာလဲ။ ကြီးမားတဲ့အစိမ်းရောင်မုန်တိုင်းကြီးက ကောင်းကင်ကနေဆင်းသက်လာခဲ့ပါတယ်။ သူ့ရဲ့မူလ၀ိညာဥ်စွမ်းအားကို သုံးဖို့တစ်ချက်လေးတောင် မတွေဝေတဲ့ သုပုစီးက စတင်ပြီ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။မရေမတွက်နိုင်တဲ့ ကြောက်စရာလူတွေက ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ပညာရှင်တွေဆီကို ပြေး၀င်လာပါတော့တယ်။
သူတို့တွေက ကျန်ဟုန်ချန်ကို သတ်ချင်နေတာပါ။ ဒါကြောင့် တခြား၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လုခိုင်းဖို့အတွက်ကြိုးစားကြပါတော့တယ်။
ကျန်ဟုန်ချန်ကလဲ အခုအချိန်မှာပြန်တိုက်ခိုက်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ အဆင့်ကိုး၀ိညာဥ်လက်နက်ကို အသုံးပြုရင်းနဲ့ သုပုစီးလိုထူးကဲသာလွန်သော့်လော့ကို ယှဥ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားနေခဲ့ရတယ်။ အဆင့်ကိုးဆယ်ကိုး၀ိညာဥ်စွမ်းအားနဲ့ဆိုရင် ဒီမြေအောက်လောကကြီးပြိုကျသွားမှာကို စိုးရိမ်တာကြောင့်သာ မဟုတ်ရင် သေချာပေါက် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးနီးပါးသေဆုံးကုန်ကြတော့မှာပါ။
နှစ်ဖက်စလုံးမှာ တိုက်ပွဲကအတော်ကိုပြင်းထန်နေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ အဆုံးအရှုံးကတော့ အများကြီးတိုးမလာသေးပါဘူး။ သူတို့တွေက စွမ်းအားကိုတိုက်ခိုက်နေကြတာမဟုတ်ပဲ ခုခံဖို့အဓိကအားစိိုက်ထုတ်နေတာကြောင့်ပါ။ သုပုစီးရဲ့ရည်ရွယ်ချက်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ဖိအားပေးရင် သူ့လူတွေအတွက် အခွင့်အရေးကိုဖန်တီးဖို့ပါပဲ။
” အား ”
ဟို့ယွိဟောင်လှိုင်ခေါင်းကနေထွက်လာရင်း နောက်လှိုင်ခေါင်းထဲကို၀င်သွားပါတော့တယ်။ လှိုင်ခေါင်းရဲ့ နှစ်ဖက်စလုံးမှာ၀ိညာဥ်အလင်းတန်းတွေက တောက်ပလို့နေခဲ့ပြီ ဒီနေရာကြီးက မတည်ငြိမ်တာကို ဖော်ပြနေခဲ့တယ်။
ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အတွင်းနေရာဖြစ်သင့်တယ်မဟုတ်လား။ ဒါဆိုရင် သူအစောပိုင်းတုန်းကလာတဲ့နေရာကြီးက ဘယ်နေရာကြီးလဲ။
ဟို့ယွိဟောင်အပေါ်ကို တက်လိုက်ချိန်မှာတော့ သူတစ်ကိုယ်လုံးက ဖုန်တွေပြည့်နေခဲ့ပါပြီ။ ဒီဖုန်တွေထဲမှာ ပုန်းအောင်နေရင်း သူ့ကိုယ်သူသာမန်ဖြစ်စေတဲ့ အသွင်ကိုပြောင်းဖို့လုပ်ပေမဲ့ ခဏတာစဥ်းစားပြီတဲ့နောက် သုပုစီးအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။
စိတ်၀ိညာဥ်စွမ်းအားကို သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက အတော်ကိုကောင်းမွန်တယ်လို့ပြောရမှာပါ။ သူ့ရဲ့ခန္ဓာကိုယ် ကိုယ်ဟန်နဲ့ ရုပ်ရည်သွင်ပြင်က သုပုစီးနဲ့တူရုံတင်မက သုပုစီး၀တ်ထားတဲ့၀တ်ရုံနက်ကြီးကိုပါ သူအသွင်ပြောင်းမှုထဲ ထည့်ထားပါသေးတယ်။ တကယ်တော့ ကြည့်လိုက်မယ်ဆိုရင် မျက်နှာဖုံးမပါတဲ့ သုပုစီးဆီဆိုတာ ဒီပုံစံမျိုးပါပဲ။
ဟို့ယွိဟောင်ရဲ့နှလုံးတွေကတော့ အခုန်မြန်နေခဲ့ပါပြီ။ ဒီနေရာမှာကို ရောက်လာပြီဆိုမှတော့ လွှတ်မြောက်အောင်ထွက်ပြေးဖို့အခွင့်အရေးက မရှိနိုင်တော့ပါဘူး။
သူတွေးပြီတဲ့နောက် အရှိန်ကိုလျှော့ရင်းနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို တိုးချဲ့လိုက်ပါတော့တယ်။
အရှေ့ကိုဆက်လျှောက်လာနေရင်းနှလုံးသားကတော့ ပိုပြီး အခုန်မြန်နေခဲ့တယ်။ ခပ်မြန်မြန်ပဲ ဘယ်ဘက်မှာရှိတဲ့ လှိုင်ခေါင်းထဲကို၀င်လိုက်ပါပြီ။အဲ့ဒီနေရာမှာ သတ္ထုတံခါးအနက်ကြီးက ရှိနေခဲ့တယ်။ အထဲမှာကတော့ အရမ်းကိုကျယ်ပြန့်တဲ့ စမ်းသပ်ခန်းကြီးပါ။
ဒီစမ်းသပ်ခန်းကြီးက လုံး၀ကိုဗလာဟင်းလင်းဖြစ်နေခဲ့ပါတယ်။ သူခံစားရတဲ့စွမ်းအားအရဆိုရင် ဒီနေရာကနေများပြားတဲ့ အင်အားကြီးလူတွေက အပြင်ကိုပြေးထွက်သွားခဲ့တာဖြစ်မှာပါ။
ဒီနေရာကိုရောက်လာပြီဖြစ်တာကြောင့် သူစတင်ပြိီ ရှာဖွေရပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်တွေက ဖုန်တွေကိုခါရင်း အသွင်ပြောင်းမှုကိုစတင်ပြီ ကျယ်ပြန့်တဲ့အခန်းကြီးထဲကို ၀င်လာခဲ့ပါတယ်။
ဒီအခန်းကြီးက အနည်းဆုံးမီတာတစ်ရာကျော်ကျယ်၀န်းပြီ မီတာသုံးဆယ်ကျော်အထိမြင့်ပါတယ်။ ဟို့ယွိဟောင်၀င်လာချိန်မှာတော့ ကြီးမားတဲ့ပစ္စည်းကြီးတစ်ခုကို ချက်ချင်းအာရုံစိုက်လိုက်မိပါပြီ။ ဒါကသံမဏိတွေနဲ့ပြုလုပ်ထားတဲ့ လူရုပ်ကြီးပါပဲ။ အနည်းဆုံးဆယ်ငါးမီတာအထိ မြင့်မားပြီ ခန္ဓာကိုယ်ကြီးတစ်ခုလုံးက သံမဏိတွေနဲ့ ပြုလုပ်ထားတာကြောင့် သူ့ရဲ့ကိုယ်ထည်က ပြီးပြည့်စုံပြီဖြစ်ပေမဲ့ ထိုင်ခုံလိုမျိုးတစ်စုံတစ်ရာက ရင်ဘတ်မှာ ပွင့်နေခဲ့ပါတယ်။
ဟို့ယွိဟောင်က မျက်လုံးနဲ့ ကြည့်ရုံတင်မကပဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ပါ အကဲဖြတ်နေခဲ့တယ်။ သူအဲ့ဒါကိုလေ့လာပြီတဲ့နောက် ချက်ချင်းဆိုသလို နောက်ကိုပြန်ဆုတ်သွားပါပြီ။
ဒီသတ္ထုလူသားကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထောင်နဲ့ချီတဲ့ဗျူဟာတွေကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီလောက်အသေးစိတ်ကျတာကို သူမမြင်ဖူးပါဘူး။ ပိုပြီးကြောက်စရာကောင်းတာကတော့ ဒီသတ္ထုလူကြီးရဲ့ခန္ဓာကိုယ်ထဲကနေ ထိတ်လန့်စရာအင်အားတွေထွက်ပေါ်နေလို့ပါပဲ။ ဒါကသတ္ထုရဲ့ ကိုယ်ထည်ကိုယ်တိုင်ကလဲ စွမ်းအားရှိနေခဲ့တာပါ။ ဒါကိုသူအချိန်တိုလေးအတွင်း သူဘယ်လိုနားလည်နိုင်မှာလဲ။ ဒါကြီးက တကယ်ဘာကြီးများလဲ။
ဟို့ယွိဟောင် ရပ်တန့်နေရင်းနဲ့ ဒီသတ္ထုလူသားကြီးကို တစ်ပတ်လှည့်ကြည့်ပြီ နောက်ပြန်ဆုတ်လိုက်ပါတယ်။ အနီးကိုပိုကပ်လာလေလေ ဒီသတ္တ၀ါကြီးက ပိုကြီးလာသလိုခံစားနေခဲ့ရလို့ပါ။
သူ့ရဲ့ အကြောက်တရားလက်သည်းတွေကို အသုံးပြုပြီး အဲ့ဒီသတ္ထုလူသားကြီးကို ခုတ်ဖြတ်ကြည့်ပါတယ်။ မီပွားတွေထွက်လာပေမဲ့ အဖြူရောင်အခြစ်ရာလေးတစ်ခုဖြစ်စေရုံကလွဲပြီ ကျန်တာဘာမှမဖြစ်ခဲ့ပါဘူး။ ဟို့ယွိဟောင်က အင်အားကြီး၀ိညာဥ်စွမ်းအားတွေကို မသုံးခဲ့ပေမဲ့ သေချာပေါက် ဒီလက်သည်းနဲ့ဆိုရင် ရွှေတွေငွေတွေတောင်မှ ခံနိုင်ရည်မရှိဘူးဆိုတာကို သူသိနေခဲ့တယ်။
ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အဆင့်မြင့်ဆုံးသုတေသနပါ။ သူတို့တွေဒါကိုစစ်ပွဲအတွက် လုပ်နေတာလား။
ဟို့ယွိဟောင် သတ္ထုလူသားကြီးရဲ့ရင်ဘတ်အပေါက်ဆီကို မော့ကြည့်လိုက်မိပါတယ်။ အဲ့ဒီနေရာမှာ ထိန်းချုပ်တဲ့နေရာက ရှိနေမှာပါ။ ဒါကိုတွေးလိုက်မိပြီချိန်မှာတော့ သူဖျက်ဆီးခဲ့တဲ့ စက်ကိရိယာကြီးအကြောင်းကို ပြန်သတိရသွားပါတော့တယ်။
အဲ့ဒီစက်ကိရိယာက ဒီသတ္ထုလူကြီးနဲ့ယှဥ်လိုက်မယ်ဆိုရင် ဘယ်လောက်အထိ သေးငယ်ပြီမထင်မရှားဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့ရပါပြီ။
ဒါကြောင့် ဒီသတ္ထုလူကြီးက ပုံရိပ်ယောင်အစစ်အမှန်ခန်းမအတွက် အရမ်းကြီးတန်ဖိုးရှိတဲ့သူဖြစ်မယ်ဆိုတာကို သူချက်ချင်းဆိုသလို နားလည်လို့သွားပါတော့တယ်။ ဒါကြောင့်သာ အဆင့်မြင့်သုတေသနထဲရောက်နေတာဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ဒါကြီးကိုယူသွားလို့ရမလား အရမ်းကိုကြီးသလို ဟို့ယွိဟောင်ရဲ့သိုလှောင်ရေးပစ္စည်းထဲထည့်ရဖို့လဲမလွယ်ပါဘူး။
မယူနိုင်ဘူးဆိုရင် သေချာပေါက် ဖျက်ဆီးပြစ်ရမှာပဲ။ အနည်းဆုံးတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို ပျက်စီးအောင်လုပ်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီဟာကြီးကတအားကို သန်လွန်နေတဲ့အတွက် အချိန်တိုလေးအတွင်းဖြတ်ဖို့ မလွယ်ပါဘူး။
ဟို့ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ဆက်တိုက်ဆိုသလို လေ့လာနေခဲ့ပါတယ်။
” အမ်း ဒါကြီးကဘာကြီးလဲ ”
သတ္ထုလူသားကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့အမြင်ကိုမူတည်ပြီ နောက်ထပ်များပြားတဲ့ ဖွင့်လို့ရတဲ့နေရာတွေရှိနေခဲ့ပါတယ်။ ဒါတွေက ဆက်ပြီတော့ပြုပြင်ရဦးမှာပါ။ ဟို့ယွိဟောင်လဲ အနီးကပ်ကြည့်လိုက်ချိန်မှာကတော့ ခပ်နှိမ့်နှိမ့်ခုံလေးတစ်ခုရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒါကသတ္ထုလူကြီးနဲ့ ဆက်စပ်နေတာပါ။
အဲ့ဒီခုံပေါ်ကိုရောက်ချိန်မှာပဲ အရှေ့မှာရှိနေတဲ့ပစ္စည်းတွေက ချိတ်ဆက်သွားတာကိုမြင်လိုက်ရပါတော့တယ်။
ဒီပစ္စည်းကလက်၀ါးအရွယ်လောက်သာရှိပြီ မှန်တစ်ချပ်နဲ့တူပါတယ်။ ငွေရောင်အလွှာက ဒီပစ္စည်းရဲ့ပတ်လည်မှာလည်ပတ်လို့နေခဲ့ပြီ ဗျူဟာကိုလဲထွင်းထုလို့ထားခဲ့တယ်။ အလယ်ဗဟိုမှာတော့ ကြီးမားတဲ့နီလာကြီးတစ်လုံးရှိပါတယ်။ ဒီနီလာကြီးက အပြာရောင်ဖျော့ဖျော့တောက်ပနေခဲ့ပြီကြယ်အလင်းခြောက်ခုကတော့ မျက်စိကျိန်လောက်အောင် တောက်ပလို့နေခဲ့တယ်။
” ဒါကကြယ်အလင်းနီလာလား ဘာဖြစ်လို့အဲ့ဒီလောက်ကြီးရတာလဲ ”
ကြယ်အလင်းနီလာတွေကထူးခြားတဲ့အင်အားနဲ့ကြီးမားစွမ်းအားကို ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့လေဟာနယ်အက်ကွဲကြောင်းတွေကို ဖန်တီးနိုင်တဲ့စွမ်းအားက လေဟာနယ်အမျိုးအစား၀ိညာဥ်ပစ္စည်းတွေကို ပြုလုပ်ဖို့အတော်ကို အရေးပါနေခဲ့တယ်။ လက်မအရွယ်ရှိတဲ့ ပစ္စည်းတောင်မှ သိုလှောင်ရေး၀ိညာဥ်လက်နက်တစ်ခုကို ကိုယ်ဘာသာမီတာအများကြီးကျယ်အောင် ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်။
ဒါကနည်းနည်းလေးသုံးရုံနဲ့အများကြီးတန်ကြေးရှိတဲ့အရာပါ။ ဒီလိုကြီးတဲ့ဥစ္စာတွေက ပိုလို့တောင်ရှားပါးသေးတယ်။
ဒီလောက်ကြီးမားတဲ့ဥစ္စာမျိုးကို သူအရင်ကမမြင်ဖူးခဲ့ပါဘူး။ ဟို့ယွိဟောင် အံ့အားသင့်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ အသုံးပြုတဲ့ဥစ္စာကိုစဥ်းစားနေခဲ့မိပါတယ်။ ဒါအကုန်ပဲလား ဟို့ယွိဟောင် အဲ့ဒီနီလာကြီးကို လက်နဲ့ဖိကြည့်ရင်းအပေါ်ကို မြောက်လိုက်ပါတယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကိုအသုံးပြုပြီး ၀ိညာဥ်စွမ်းအားကိုလဲ ထည့်သွင်းလိုက်တယ်။ အားကောင်းတဲ့အင်အားတွေက ဒီနီလာကြီးဆီမှာ စတင်ပြီဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာနေတာကို ခံစားလိုက်ရပြီတဲ့နောက် စက္ကန့်ပိုင်းအတွင်းမှာပဲ စွမ်းအားကသုံးပုံတစ်ပုံနီးပါးကုန်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာပဲ သတ္ထုလူကြီးရဲ့ခေါင်းကရုတ်တရက်ဆိုသလို အပြာရောင်အလင်းတန်းတွေတောက်ပလာတာကို သူသတိထားမိလိုက်ပါတော့တယ်။
ဒီအလင်းတန်းက အပြင်ကိုစတင်ပြန့်ထွက်လို့လာခဲ့ပြီတဲ့နောက် အလင်းတန်းနှစ်ခုက ချိတ်ဆက်လို့သွားချိန်မှာ စမ်းသပ်ခန်းကြီးတစ်ခုလုံးက ရုတ်တရက်ဆိုသလို အလင်းတွေဖြာထွက်လို့လာပါတော့တယ်။
ဒီလိုမျိုးထူးဆန်းတဲ့ဖြစ်ပေါ်လာမှုက ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်တုန်ရီလို့သွားစေခဲ့ပါတယ်။ နောက်ဆုံးတော့လဲ သူလုပ်နိုင်တဲ့တစ်ခုတည်သောအရာက အဲ့ဒီနေရာမှာ မလှုပ်မယှဥ်ရပ်နေခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ဒီအပြာရောင်အလင်းတန်းက သိပ်ပြီမကြာခဲ့ပါဘူး။ အလင်းတန်းပျောက်သွားချိန်မှာတော့ အဲ့ဒီသတ္ထုလူကြီးလဲ ပျောက်ကွယ်သွားတာကို ဟို့ယွိဟောင်လဲ တအံ့တဩတွေ့လိုက်ရပါတော့တယ်။
အပိုင်း ၁၇၂•၂ ပြီး၏။