Switch Mode

Chapter – 172.1

အလစ်ဝင်တိုက်ခံရခြင်း

အပိုင်း ၁၇၂•၁

” အလစ်၀င်တိုက်ခံရခြင်း ”
°°°
တိုက်ကြီးတစ်ခုလုံးရဲ့နံပါတ်တစ်အင်အားအကြီးဆုံးသုတေသနအလုပ်ရုံဖြစ်တဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက အလွယ်လေးပျက်စီးသွားမှာမဟုတ်ပါဘူး။ တခဏတာကြာအောင် ထိတ်လန့်နေခဲ့ပြီတဲ့နောက် နားစည်ကွဲမတတ်စူးရှတဲ့ အချက်ပေးသံတွေက ထွက်ပေါ်လာပါတော့တယ်။ ခန်းမကြီးရဲ့တန်ပြန်တိုက်ခိုက်မှုကလဲ စတင်ပါပြီ။

ကြီးမားတဲ့၀ိညာဥ်လက်နက်တစ်ခုက မျက်နှာကြက်ဆီကနေ ထွက်ပေါ်လာပါတော့တယ်။ ဒီ၀ိညာဥ်လက်နက်က လွန်ပူတစ်ခုလိုမျိုးအသွင်ရှိပြီ ငါးမီတာကျော်ရှည်လျားပါတယ်။ ဒါ့အပြင် နှစ်မီတာအကျယ်အထိကို ထူးထပ်လို့နေခဲ့ပြီ ခရမ်းပြာရောင်အလင်းတန်းက သူ့ရဲ့ဘေးပတ်လည်မှာဝေ့၀ဲရိုက်ခတ်လို့နေပါတော့တယ်။အစွန်းဖက်မှာချွန်ထက်နေတဲ့အချွန်ကြီးက တောက်ပတဲ့အလင်းတန်းတွေကို ထုတ်လွှတ်ရင်း ကျူးကျော်လာသူတွေကိုမျက်လုံးရှိတဲ့အတိုင်း လိုက်ပြီပစ်ခတ်နေပါတော့တယ်။

စတင်ချိန်မှာတော့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ကျူးကျော်သူတွေက ဒီတိုက်ခိုက်မှုကိုဘာမဟုတ်တဲ့အတိုင်းသဘောထားနေခဲ့တာပါ။ သူတို့ရဲ့အင်အားကြီးတဲ့၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ခုခံဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိသွားပါပြီ။

ခေါင်းမိုးပေါ်ကလာတဲ့ ခရမ်းရောင်အလင်းတန်းတွေက အတော်ကိုကြောက်စရာကောင်းတဲ့ အင်အားလှိုင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီအင်အားလှိုင်းတွေကြောင့် ဒဏ်ရာရမှာကို ရှောင်ရှားဖို့လုပ်ပေမဲ့လဲ လက်ရှိအချိန်မှာ ဒီအင်အားတွေကနေ ဖန်တီးတဲ့အကြောလိုက်မှုကို မဖယ်ရှားနိုင်ခဲ့ပါဘူး။ သော့်လော့တစ်ယောက်တောင်မှ ဒီအလင်းတန်းဆယ်ခုနဲ့ ထိမိမယ်ဆိုရင် သေချာပေါက် မြေပြင်ပေါ်ကိုလှဲကျသွားမှာပါ။

ထွက်ပြေးတော့မလိုဖြစ်နေကြတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကလဲ ပေါင်းစည်းပြီပြန်လည်တိုက်ခိုက်ကြပါတယ်။ မကြာခင်မှာပဲ ခန္ဓာကိုယ်မျိုးနွယ်က စတင်ပြီအပျက်အစီးကြုံရပါပြီ။

အဲ့ဒီအချိန်မှာပဲ ကောင်းကင်ကနေ လူတစ်ယောက်ဆင်းသက်လို့လာပါတော့တယ်။ မရေမတွက်နိိုင်တဲ့ ခရမ်းရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ ပုံရိပ်ယောင်လိုတောက်ပနေခဲ့ပြီ ဘယ်အလင်းတန်းကမှ သူ့ခန္ဓာကိုယ်ပေါ်ကိုမကျရောက်နိုင်ခဲ့ပါဘူး။

အဲ့ဒီနောက် အပေါ်ယံမျက်နှာကြက်ကြီးတစ်ခုလုံးကအစိမ်းရောင်ပျောက်သွားပါတော့တယ်။ ဒီကြောက်စရာအစိမ်းရောင်အလင်းတန်းရဲ့အောက်မှာ ရှိသမျှ၀ိညာဥ်လက်နက်တွေအားလုံးက အရည်ပျော်ကြကုန်တယ်။

” သွားကြတော့ ”

အဲ့ဒီလူကလေထဲမှာ သူကိုယ်သူတည်ငြိမ်အောင်ထိန်းရင်း လက်ကိုဝှေ့ရမ်းလိုက်ပါတော့တယ်။ အစိမ်းရောင်အရည်တွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဆီကို ပြေး၀င်လို့သွားပါတော့တယ်။

” ငါတို့တွေအဆိပ်မိမှာမဟုတ်ဘူး..အတင့်ရဲလှချေလား ”

ချက်ချင်းဆိုသလို အနီရောင်အလင်းတန်းကပေါ်ထွက်လာခဲ့ပြီ အစိမ်းရောင်အရည်တွေကိုတားဆီးလိုက်ပါတော့တယ်။ ခန်းမရဲ့ဟိုအထဲကနေ ဒါဇင်ချီတဲ့လူတွေက ပြေးထွက်လို့လာခဲ့ပါပြီ။ သူတို့ကိုဦးဆောင်လာတဲ့သူကတော့ ကျန်ဟုန်ချန်ပါပဲ။

သူ့အောက်မှာရှိတဲ့အပေါက်ကြီးကိုမြင်ချိန်မှာတော့ ကျန်ဟုန်ချန် ဒေါသထွက်လွန်လို့ မျက်လုံးတွေတောင် ပြူးလာခဲ့ပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမ တည်ထောင်ပြီချိန်ကထဲကစလို့ဒီလိုအပျက်အစီးမျိုးကို ဘယ်တုန်းကမှမကြုံခဲ့ဖူးပါဘူး။ သူကြည့်ကြည့်သမျှနေရာတိုင်းသမျှမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အလောင်းတွေကပြည့်နေခဲ့ပါတယ်။

စစ်မြေပြင်မှာဆိုရင်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ကျူးကျော်သူတွေကို အပြည့်အ၀ဖျက်ဆီးနိုင်ဖို့အတွက် ယုံကြည်ချက်ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတိုက်ခိုက်မှုမျိုးက အရမ်းကိုရုတ်တရက်ဆန်နေခဲ့တယ်။ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက မြေအောက်မီတာရာနဲ့ချီပြီအနက်မှာရှိနေခဲ့တာပါ။ အပြင်လူတွေက ဒီနေရာကိုမသိရုံတင်မက ဘယ်လိုထိုးဖောက်ရမလဲဆိိုတာကိုပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်က တုံးအဆုံးနဲ့ အထောက်အပံ့ဖြစ်ဆုံး အထိရောက်ဆုံးနည်းလမ်းကိုရွေးချယ်လိုက်မယ်လို့ ဘယ်သူထင်မိမှာလဲ။ သူတို့တွေက မသိနိုင်တဲ့နေရာကနေ တွင်းကြီးတစ်တွင်းတူးလာခဲ့ပြီ အားအနည်းဆုံးနေရာကို တိုက်ခိုက်ကာ သူတို့ရဲ့ခုခံမှုကိုချိုးဖောက်ခဲ့ပါတယ်။

လေထဲမှာရှိနေတဲ့ ၀တ်ရုံနက်လူက ကျန်ဟုန်ချန်အသံကိုကြားချိန်မှာ တစ်ခွန်းသာပြောတော့တယ်။

” သတ်ကြစမ်း ”

ဒီများပြားတဲ့၀ိညာဥ်လက်နက်တွေကို ဖျက်ဆီးလိုက်တဲ့သူကတော့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ခေါင်းဆောင်သုပုစီးပါပဲ။ သူ့က သူ့လူတွေကိိုဒီနေရာဆီခေါ်လာပြီးပြီဆိုမှတော့ သူကိုယ်တိုင်လဲ၀တ်ရုံနက်ကိုခြုံထားခဲ့ပြီ ဘယ်သူမှသူ့ကိုမသိနိုင်အောင် ကာကွယ်လို့ထားခဲ့ပါတယ်။

ကျန်ဟုန်ချန်ကလဲ ဒေါသတကြီးနဲ့ ပြန်အော်လိုက်တယ်။

” ဘယ်ကောင်ကိုမှအလွတ်မပေးနဲ့ အကုန်သတ် ”

သူပြောပြီချိန်မှာပဲ ခန္ဓာကိုယ်ကနေ အနီရောင်အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့အနောက်ဖက်မှာကတော့ အနီရောင်ကြာပန်းလိုအသွင်နဲ့ သတ္ထုရောင်အလင်းတန်းကြီးက စတင်ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ထောင်နဲ့ချီတဲ့အနီရောင်တုတ်ချောင်းတွေက ကောင်းကင်ဆီကိုဦးတည်ပြီပြေးသွားခဲ့ပါပြီ။

ကျန်ဟုန်ချန်ရဲ့ခေါင်းပေါ်မှာ အနီရောင်ဦးထုပ်ကြီးတစ်လုံးက ပေါ်လာခဲ့ပါတယ်။ ဒါက သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်လို့ထားခဲ့ပြီ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက ခန္ဓာကိုယ်မျိုးနွယ်ခေါင်းဆောင်ဆိီကို ပြေး၀င်လို့သွားခဲ့ပါတော့တယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ တခြားအင်အားကြီးသူတွေကလဲ ကျန်ဟုန်ချန်နဲ့အတူတူလိုက်ပါရင်း သူတို့ရဲ့၀ိညာဥ်လက်နက်တွေကို ထုတ်ယူလာခဲ့ပါပြီ။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေကိုပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင် နှစ်ဖက်စလုံးကထိပ်တိုက်တွေ့ပါတော့တယ်။ ၀ိညာဥ်စွမ်းအားတွေရဲ့ပေါက်ကွဲမှုက အောက်ဖက်မြေနေရာကြီးတစ်ခုလုံးကို ဆက်တိုက်ဆိုသလို တုန်ခါနေစေခဲ့တယ်။

ဟို့ယွိဟောင်လဲ သူ့ရဲ့နှလုံးသားတစ်ခုလုံးရင်ဘတ်အပြင်ကို ခုန်ထွက်သွားတော့မလို ခံစားနေခဲ့ရပါတယ်။ ဒီလိုကိစ္စတွေကို သူကြုံဖူးတာပထမဆုံးအကြိမ်ပါပဲ။

ဘာကြောင့်များခန္ဓာကိုယ်မျိုးနွယ်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို ဒီလောက်ပြင်းပြင်းထန်ထန်ကြီးလာတိုက်ခိုက်နေရတာလဲ။ သော့်လော့တိုက်ရဲ့နိုင်ငံသုံးခုအကျိုးအမြတ်ကြောင့်လား မဖြစ်နိုင်တာပဲ ဆရာပြောဖူးတာရှိတယ်။ ခန္ဓာကိုယ်မျိုးနွယ်က သူတို့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ စိတ်၀င်စားတယ်။ သူတို့က ကိုယ်အကျိုးရဖို့ဆိုရင် ဘာမဆိုလုပ်နိုင်တယ်။ အခုအချိန်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမနဲ့ ရန်သူဖြစ်အောင် ဖန်တီးလိုက်ပြီဆိုမှတော့ သူတို့ဘယ်လိုအကျိုးအမြတ်ကိုလိုချင်တာကြောင့်များလဲ။

ဟို့ယွိဟောင် ခေါင်းပူအောင်စဥ်းစားနေခဲ့ပေမဲ့ အကြောင်းအရင်းကို ရှာလို့မတွေ့ခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာ အသက်လုံခြုံဖို့အတွက်သာ အာရုံစိုက်နေခဲ့ရပါတယ်။

၀ိညာဥ်လက်နက်တွေကနေလာတဲ့ အလင်းတန်းက ဟို့ယွိဟောင်ရဲ့စားပွဲပေါ်ကို ကျရောက်လာခဲ့ပါပြီ။ ဒါ့အပြင် အလင်းတန်းတစ်ခုချင်းဆီတိုင်းကလဲ သတ္ထုတွေအားလုံးကို အရည်ပျော်သွားစေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ စားပွဲကပြင်းပြင်းထန်ထန်ပျက်စီးလို့သွားပါတော့တယ်။ စားပွဲပျက်စီးသွားတာနဲ့ သေချာပေါက် သူလဲပုန်းစရာနေရာရှိမှာမဟုတ်တော့ပါဘူး။

အင်အားကြီးကျင့်ကြံသူတွေရဲ့တိုက်ပွဲမှာသူက အပိုင်းပိုင်းဖြစ်သွားနိုင်ပါတယ်။

သူဘာလုပ်ရမှာလဲ ဟို့ယွိဟောင်မသိတော့ပါဘူး။ လက်ရှိအချိန်မှာ အောက်ဖက်မြေပြင်ကိုနက်အောင်တူးရင်းနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အဆုံးစွန်းအထိဆွဲဆန့်ကာတိုက်ခိုက်မှုကနေ လုံခြုံမဲ့နေရာကို ရှာတွေ့နိုင်ဖို့ဆုတောင်းနေခဲ့ပါတယ်။

ဒါပေမယ့် ၀ိညာဥ်စွမ်းအားတွေရဲ့ တိုက်ပွဲကအရမ်းကိုကြီးမားပြင်းထန်လွန်ပြီ မုန်းတိုင်းကြီးတစ်ခုလိုဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာသူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက ရှာဖွေနေရင်းနဲ့ အပိုင်းပိုင်းအစစအဖြစ် ဆုတ်ဖြဲခံရနိုင်တယ်။ အပြင်လောကကိုစိတ်၀ိညာဥ်စွမ်းအားနဲ့ ထောက်လှမ်းလို့မရတာသိပြီချိန်မှာကတော့ ပါးစပ်နဲ့နှာခေါင်းကနေ သွေးတွေထွက်လာတဲ့အချိန်အထိကြိုးစားပြီတဲ့နောက် လက်လျှော့လိုက်ပါတော့တယ်။

သူဒီနေရာမှာသေလို့မရဘူး ဒါဆိုရင် အရမ်းကိုဒေါသထွက်စရာကောင်းနေမှာပါ။ သူအပြင်ထွက်တာက ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် အပြင်ထွက်မယ်ဆိုရင် ဘယ်ဘက်ကိုတူးရမှာလဲ။

သေချာပေါက် အလယ်ရောက်သွားပြီဆိုရင်တော့ အသက်တစ်ခါထဲပျောက်သွားမှာပါ။ ဟိုယွိဟောင်လဲ ဒီကိစ္စကိုရှင်းရှင်းလင်းလင်းသိပါတယ်။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေက ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့လူတွေကိုပိုပြီးသတ်နိုင်လေ ပိုကောင်းလေဖြစ်မှာပါ။ ဒါက စစ်ပွဲကြီးကိုအနည်းငယ်နှောင့်နှေးသွားစေခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန် သူ့ကိုယ်တိုင်ကလဲ တိုက်ရိုက်ပါ၀င်နေသူဖြစ်တာကြောင့် ဒီနေရာမှာသူသာသေသွားမယ်ဆိုရင်တော့ အဖြစ်ဆိုးပါလိမ့်မယ်။

အခုအချိန်မှာ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက တစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိလို့သွားခဲ့ပါတယ်။ သူအပြင်ကိုမရှာတော့ပဲနဲ့ ဟိုမြေအောက်အနက်ရှိုင်းဆုံးနေရာကို ရှာဖွေနေရင်း ကောင်းကောင်းတူးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

အင်အားကိုတိုးမြင့်လိုက်တာနဲ့အမျှ စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ ပိုပြီးအားကောင်းလာခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးဖုန်တွေသဲတွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့ ပတ်၀န်းကျင်အတိုင်းအတာတစ်ခုအထိကိုတော့ အာရုံခံလို့ရနေခဲ့ပါတယ်။

အခုအချိန်မှာတော့ အင်အားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားကသူ့ကိုအပေါ်ကနေလာဖိနေတာခံစားလိုက်ရပါတယ်။ ဒါက သူဒီလိုတူးနေတာကို အနည်းငယ်သက်သောက်သက်သာဖြစ်သွားစေခဲ့တယ်။

ဟို့ယွိဟောင် တစ်စုံတစ်ရာကိုတွေးလိုက်မိတဲ့အတွက် ဒါကိုအတည်ပြုဖို့အတွက် ကြိုးစားပါတော့တယ်။ အမှန်တကယ်ကို သူခန့်မှန်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့အောက်ဖက်ငါးမီတာအကွာလောက်မှာ လှိုင်ခေါင်းတစ်ခုရှိနေခဲ့တယ်။ ဒီလှိုင်ခေါင်းက အတော်ကိုကျဥ်မြောင်းလွန်ပြီ လူတစ်ယောက်သာတစ်ကြိမ်တွားသွားနိုင်မဲ့နေရာပါပဲ။ သေချာပေါက် ဒါက လှိုင်ခေါင်းအသစ်ပါ။

” ကောင်းလိုက်တာ အကယ်၍ ဒီလှိုင်ခေါင်းထဲကိုသာငါ၀င်နိုင်မယ်ဆိုရင် တိုက်ခိုက်ခံရမှာမဟုတ်ဘူး…ဒါ့အပြင် ဒီလှိုင်ခေါင်းထဲမှာလေကလဲ အတော်လေးကိုသန့်တယ်…အသက်ရှုရတာပြဿနာမရှိတော့ဘူး ”

ဟို့ယွိဟောင်ရှိသမျှအင်အားတွေအားလုံးကို အသုံးပြုပြီး အောက်ကိုဆက်တိုက်တူးပါတော့တယ်။

သူ့ရဲ့စားပွဲခုံကတော့ ၀ိညာဥ်အမြောက်ကြောင့် ပျက်စီးလို့သွားခဲ့ပြီ လေထဲကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ တချို့အပိုင်းအစတွေက ဟို့ယွိဟောင်ရဲ့သံချပ်ကာဆီကိုလာထိပါတော့တယ်။ ဒါပေမယ့် လက်ရှိအချိန် သူက အောက်ဖက်နှစ်မီတာကိုတူးပြီးပြီဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဆွဲဆန့်လိုက်ပါတယ်။ ဘယ်ဘက်လက်ကရေခဲဧကရီရဲ့ဆူးချွန်ကိုအသုံးပြုရင်း ညာဘက်လက်ကတော့ အကြောက်တရားလက်သည်းတွေကို အသုံးပြုကာရှိသမျှအင်အားကိုတစ်စမချန်အသုံးပြုရင်း အောက်ဖက်လှိုင်ခေါင်းဆီကို တိုးသွားနေခဲ့တယ်။

အခုအချိန်မှာ သူတစ်ချက်လေးတောင်နှောင့်နှေးစေလို့မရပါဘူး။ စက္ကန့်တိုင်းက အရေးကြီးပါတယ်။ ဒါကြောင့် သူလှုပ်စိလှုပ်စိလုပ်ရင်းနဲ့ လှိုင်ခေါင်းထဲကိုဖြည်းဖြည်းချင်းရောက်သွားခဲ့ပါပြီ။

တကယ်တော့ သူပြုတ်ကျလာချိန်မှာပဲ အန္တရာယ်အငွေ့အသက်တွေသိသိသာသာကျဆင်းသွားတာကို ခံစားလိုက်ရပါတယ်။ ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်မိတယ်။ ဒါပေမယ့် ဒီလိုနေရာမှာအကြာကြီးဆက်နေလို့မရပါဘူး။ အပေါ်မှာပြင်းထန်တဲ့တိုက်ပွဲကဖြစ်နေတာပါ။ အကယ်၍ လှိုင်ခေါင်းပြိုကျသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဒါကြောင့် ချက်ချင်းဆိုသလို ဒီလှိုင်ခေါင်းရဲ့ဦးတည်ရာနေရာတစ်ခုဆီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပိုပြီး များများရှိတဲ့နေရာ အင်အားကောင်းကောင်းရှိ​တဲ့သူတွေဆီသွားမယ်ဆိုရင်တော့ ပိုလုံခြုံမှာပါ။

ကံကောင်းစွာနဲ့ပဲ ဒီလှိုင်ခေါင်းကသိပ်ပြီမမြင့်မားတဲ့အတွက် သူလဲတွားသွားပြီတော့သာ ရှေ့ဆက်တိုးနေခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဒီအန္တရာယ်နယ်မြေကြီးကနေ ထွက်ခွာဖို့လိုပါလိမ့်မယ်။ ကျန်တာဘာမှသိပ်အရေးမကြီးသေးပါဘူး။

လှိုင်ခေါင်းရဲ့အထဲကိုရောက်လာချိန်မှာတော့ အပြင်ဖက်ရဲ့ပေါက်ကွဲသံတွေက ဖြည်းဖြည်းတိုးလာပါတော့တယ်။ ဟို့ယွိဟောင် နောက်တစ်ကြိမ်သက်ပြင်းချလိုက်ရပါပြီ။ ဒီကျည်ဆန်ကိုသူရှောင်ရှားနိုင်ခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးမှာဘယ်သူပဲနိုင်နိုင် အရေးမကြီးတော့ပါဘူး။ ဒါကိုလဲသူမသိနိုင်ပဲဖြစ်ခဲ့ပါတယ်။

ဒီနေရာနဲ့ လှိုင်ခေါင်းကမီတာရာနဲ့ချီပြီ နက်ရှိုင်းပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေကအင်အားအကြီးဆုံးတိုက်ခိုက်မှုတွေကို အသုံးပြုမှာမဟုတ်ပါဘူး။ အကယ်၍ အောက်ဖက်တည်ဆောက်ရေးနေရာကြီးတစ်ခုလုံးသာ ပြိုသွားခဲ့မယ်ဆိုရင် သော့်သော့တွေတောင်မှ အပေါ်ကပြိုကျလာတဲ့မြေကြီးတွေကို ဖောက်ထွက်နိုင်မှာမဟုတ်ပါဘူး။

ဟို့ယွိဟောင် အခုလိုလွှတ်လာပြီချိန်မှာ ရူးရူးသွပ်သွပ်တွေးလိုက်မိတာကတော့ နှစ်ဖက်စလုံးဒဏ်ရာပြင်းပြင်းထန်ထန်ရပြီသေသွားရင် ပိုကောင်းမယ်ဆိုတာပါပဲ။

သူ့အရှေ့ကိုတိုးလာနေရင်းနဲ့ လေထုကသန့်စင်လာတာကို ခံစားမိပါတယ်။ ထွက်ပေါက်ရှိနေတာများလား။

ထွက်ပေါက်ဆိုတဲ့စကားကို ကြားပြီချိန်မှာပဲ သူပိုပြီးတောင့်တင်းလို့သွားပါတော့တယ်။ အခုလက်ရှိအချိန်မှာကတော့ ဒီလှိုင်ခေါင်းက ပုံရိပ်ယောင်အစစ်အမှန်ခန်းမတူးထားတာမဟုတ်မှန်း သူနားလည်သွားခဲ့ပါပြီ။

ကျန်ဟုန်ချန်ရဲ့ အာရုံကိုလွဲဖို့အတွက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို ခန္ဓာကိုယ်မျိုးနွယ်က ၀င်တိုက်တာလား။ သူတို့ရဲ့တကယ်ပစ်မှတ်က ဒီလှိုင်ခေါင်းရဲ့အဆုံးမှာရှိနေတာလား။ ဒါဆိုရင် သူက တိုက်တိုက်ဆိုင်ဆိုင်ကြီးအဲ့ဒီအထဲ၀င်လာမိတာပေါ့။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့တန်ဖိုးကြီးတဲ့၀ိညာဥ်လက်နက်ကိုသူတို့က လိုချင်ကြတာလား။ ဒါမှမဟုတ်ဟို့ယွိဟောင်တွေးမိပြီတုန်သွားပါတော့တယ်။

ဖြစ်နိုင်ချေတစ်ခုကိုသူရုတ်တရက်သတိထားမိသွားပါတယ်။ သူ့အတွက်တော့ မဖြစ်နိုင်တဲ့ကိစ္စဆိုပေမဲ့ တွေးကြည့်ဖို့တော့ လိုပါဦးမယ်။ အကယ်၍ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အဓိကရည်ရွယ်ချက်ကသာ သူနဲ့တူနေခဲ့မယ်ဆိုရင် အရာအားလုံးကရှင်းပြဖို့လွယ်သွားမှာပါ။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားသူတို့တွေဒီပစ္စည်းနောက်ကိုလိုက်နေကြတာဖြစ်ပါလိမ့်မယ်။

သုပုစီးရဲ့ ၀ိညာဥ်စက်ကွင်းအနီရောင်သုံးကွင်းကို တွေးမိပြီချိန်မှာ ဟို့ယွိဟောင်အတွက် အရာအားလုံးက ရှင်းလင်းလို့သွားခဲ့ပါပြီ။ ကြယ်တာရာလော့လေလံပွဲမှာ စျေးအမြင့်ဆုံးပေးသွားတဲ့သူ့ကို ဟို့ယွိဟောင်ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်။ ဒီပစ္စည်းကို၀ိညာဥ်ရွှေပြားပေါင်းသန်းတစ်ရာနဲ့ ၀ယ်သွားတယ်လို့တစ်စုံတစ်ယောက်ကပြောခဲ့တာကို သူမှတ်မိသေးတယ်။ ဒါကိုကြော်ငြာပြီတဲ့နောက် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဘယ်တော့ကမှမနားခဲ့ပါဘူး။ ကျောင်းသားတွေကိုခေါ်ဆောင်လာပြီတဲ့နောက် လူအများစုက ဒီပစ္စည်းကိုလိုချင်တပ်မက်နေမှန်း သူတို့သိတာကြောင့် အစောင့်အကြပ်များများနဲ့ စောင့်ကြပ်ခဲ့ပါတယ်။ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခုခံမှုက အရမ်းကိုအားကောင်းလွန်တာကြောင့် ဘယ်မှာဖွက်ထားလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

အကြီးအကဲမုပြောတာကို သူကြားဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်မှာ အရမ်းကိုနည်းပါးတဲ့နှစ်တစ်သိန်းသားရဲကောင်တွေက သတ်ဖြတ်ခံရပြီ ကြယ်တာရာသစ်တောထဲမှာအဓိကဖြစ်ခဲ့ပါတယ်။၀ိညာဥ်သားရဲကောင်တွေက ပိုပြီးအင်အားကြီးမားလာတဲ့အတွက် သူတို့လိုမျိုးနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို သတ်ဖြတ်တာက ကြီးမားတဲ့ရလဒ်တွေကိုဖြစ်လာစေခဲ့တယ်။

ဒါပေမယ့် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေက သော့်လော့တွေကိုနောက်ထပ်အင်အားတိုးအောင် မလုပ်ပေးနိုင်ပါဘူး။ သူတို့တွေရဲ့၀ိညာဥ်စက်ကွင်းနဲ့၀ိညာဥ်အရိုးတွေက စွမ်းအားဖြည့်ပေးရုံသာဖြစ်ပြီ ၀ိညာဥ်ပညာရှင်တွေကို ပိုပြီးအားကောင်းအောင် မလုပ်ပေးနိုင်ပဲဖြစ်လာခဲ့ပါတယ်။

၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့၀ိညာဥ်စက်ကွင်းက ဒါကိုရသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ကိုးကွင်းမြောက်ကလဲ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ထပ်တူညီနေမှာပါ။ ဒါ့အပြင် အဆင့်ကိုးဆယ်ငါးထူးကဲသာလွန်သော့်လော့လဲဖြစ်လာနိုင်ပါသေးတယ်။

သုပုစီးလိုနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းသုံကွင်းရှိနေတဲ့သူတောင် အဆင့်ကိုးဆယ်ကိုးကန့်သတ်မဲ့သော့်လော့အဆင့်တောင် မရောက်ရှိနိုင်ပါဘူး။ သူရဲ့အဆင့်မှာတော့ များပြားတဲ့၀ိညာဥ်စက်ကွင်းတွေကြောင့် နောက်ထပ်ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကိုရင်ဆိုင်နေရပါပြီ။ ဒါကြောင့်သာ အကြီးအကဲမုကို သူရင်မဆိုင်၀ံ့တာပါပဲ။

တကယ်သတ္တိကောင်းလိုက်တဲ့ခန္ဓာကိုယ်မျိုးနွယ်ပါလား။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုလာပြီ ဓားပြတိုက်၀ံ့တယ်ပေါ့ သေချာပြင်ဆင်ထားပေမဲ့ သူတို့က မျိုးနွယ်စုတစ်ခုအဖြစ်သာရှိပါသေးတယ်။ နိုင်ငံတစ်ခုမဟုတ်ပါဘူး။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမသာ လက်စားချေချင်တယ်ဆိုရင်သေချာပေါက် နိုင်ငံတစ်ခုလုံးကသူတို့ကိုလာပြီ ချေမှုန်းပြစ်မှာပါ။ ဒါကြောင့် ရှိသမျှအချက်အလက်တွေအားလုံးကို ဖုံးကွယ်ရင်ဒါကိုတာ၀န်မယူဖို့ပြင်ထားမှန်း သိသာနေခဲ့တယ်။

အပိုင်း ၁၇၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset