Switch Mode

Chapter – 171.3

မတွေ့ဆုံသင့်တဲ့သူများ

အပိုင်း ၁၇၁•၃

” မတွေ့ဆုံသင့်တဲ့သူများ ”
°°°
ဒါက အပေါ်ယံကြောချီးမွမ်းမှုတစ်ခုပါပဲ။ လွန်ခဲ့တဲ့လ၀က်ကနေစပြီ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အစောင့်အကြပ်တွေကို လျော့ကျလိုက်ပါတယ်။ ဖန်းယွီမှာလဲ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့ပုံတွေကို ပို့ဖို့အတွက်အခွင့်အရေးတစ်ခုရခဲ့ပါပြီ။ ဒါ့အပြင် ဒီပုံတွေရဲ့တန်ဖိုးက အရမ်းကိုကြီးမားနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနအတွက်တော့ ဒါကနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ထက်တောင်ပိုပြီးတန်ဖိုးကြီးပါသေးတယ်။ ဒါ့အပြင် ဒီပုံတွေနဲ့ သူတို့သုတေသနတွေကို နှစ်တစ်ရာလောက် အဆင့်ပိုမြင့်နိုင်တော့မှာပါ။

ဟို့ယွိဟောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ဒါကိုသိသင့်သူက ရွှမ်ကျင့်၀မ်တစ်ယောက်သာရှိနေခဲ့တယ်။

ဟို့ယွိဟောင်ရဲတိုးတက်မှုတွေက ရွှမ်ကျင့်၀မ်ကို ထိတ်လန့်လာစေခဲ့ပါတယ်။ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်တစ်ခုလုံးမှာ ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်စွမ်းအားအပေါ်သူ့ရဲ့နားလည်မှုက ပြည့်ပြည့်စုံစုံပါပဲ။

အနီးကပ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ မှောင်မိုက်နေတဲ့ပင်လယ်ပြင်ကြီးအလယ်မှာ သေးငယ်တဲ့လှေငယ်လေးတစ်ခုကို ရရှိသွားပြီ ဦးတည်ရာအလင်းတစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရပါတယ်။ ရွှမ်ကျင့်၀မ်တောင်မှ ၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်ပြီ သူဘယ်လောက်အထိ တကယ်အစစ်အမှန်တိုးတက်မှုဆိုလာတာကို မသိသေးပါဘူး။

ဟို့ယွိဟောင် သက်ပြင်းချရင်းနဲ့ အကြောဆန့်လိုက်ပါတယ်။ သူအရမ်းကိုပျော်ရွှင်လို့နေခဲ့ပြီ သူ့ရဲ့လက်ထဲက ငွေရောင်သတ္ထုအပိုင်းလေးကို ကြည့်နေခဲ့တယ်။ ဒီပုံသတ္ထုလေးက ပုံသဏ္ဍာန်မမှန်သေးပါဘူး။ ဒါ့အပြင် သူ့ရဲ့ရှုပ်ထွေးတဲ့အသွင်သဏ္ဍာန်က များပြားတဲ့သတ္ထုတွေအများကြီးကို ပေါင်းစပ်ထားတာဖြစ်နေခဲ့တယ်။ ဒါကိုလုပ်ဖို့ဟို့ယွိဟောင်ဆယ်ရက်ကျော်ကြာတဲ့အထိ အချိန်ယူလိုက်ရတာပါ။ နောက်ဆုံးမှာတော့ သူအောင်မြင်သွားခဲ့ပါပြီ။ ဒါက သူ့ရဲ့၀ိညာဥ်ရှပ်ပြေးအတွက် လိုအပ်တဲ့ပစ္စည်းပါပဲ။ သူလုပ်ထားတဲ့ဒီဇိုင်းကလဲနောက်ဆုံးမှာတော့ ပြီးပြည့်စုံလို့သွားခဲ့ပါပြီ။

အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်လမ်းစဥ်ကို ရွေးချယ်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့အဓိကပထမဦးစားပေးတာကတော့ တိုက်ခိုက်မှုတွေ ခုခံမှုတွေမဟုတ်ပဲ အရှိန်နှုန်းကို မြင့်တင်ဖို့ပါ။

သာမန်၀ိညာဥ်ဘိုးဘေးတွေနဲ့ယှဥ်လိုက်မယ်ဆိုရင်သူက ပိုပြီးအင်အားကြီးပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကလဲ သုံးဆမက ပိုပြီးများနေခဲ့တယ်။ တိုက်ခိုကမှုမှာရော ခုခံမှုမှာရော ထိန်းချုပ်မှုမှာရော အင်အားကောင်းတဲ့စွမ်းရည်တွေကရှိပြီသားပါ။ ကံကြမ္မာမျက်လုံးနဲ့ တွဲဖက်လိုက်မယ်ဆိုရင် အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်စွမ်းရည်တွေအားလုံးက အတော်ကိုအားကောင်းလွန်တဲ့ အခြေအနေတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်ရော ၀ိညာဥ်ဧကရာဇ်တွေတောင်မှ သူ့ရဲ့တိုက်ခိုက်မှုတွေကို အနီးကပ်အချိန်အတွင်းမှာ ခုခံနိုင်ဖို့မလွယ်ပါဘူး။

ဒါပေမယ့် သူ့ရဲ့တစ်ခုတည်သောအားနည်းချက်ကတော့ အရှိန်နှုန်းဖြစ်နေခဲ့ပါတယ်။ နယ်မြေကိုထိန်းချုပ်နိုင်တဲ့၀ိညာဥ်စွမ်းရည်တွေရှိသလိုနေရာတစ်ခုလုံးကို သက်ရောက်စေနိုင်တဲ့တိုက်ခိုက်မှုတွေလဲရှိနေခဲ့တယ်။ ဒါပေမယ့် အလွယ်တကူအပြောင်းအလဲလုပ်ဖို့တော့ အဆင်မပြေခဲ့ပါဘူး။ ဘယ်သူကမှအဖက်ဖက်မှာမထူးချွန်နိုင်တာကတော့ အမှန်ပါ။ ဒါကြောင့် အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ကို ရွေးချယ်ပြီတဲ့နောက် နယ်မြေကိုလွှမ်းခြုံနိုင်တဲ့တိုက်ခိုက်မှုတွေနဲ့ အဝေးကနေ တိုက်ခိုက်မှုတွေအားလုံးကို သူလက်လျှော့လိုက်ပါတော့တယ်။ ဒါကြောင့် သူ့ရဲ့အရှိန်နှုန်းကို မြင့်ဖို့လိုမှာပါ။

ပုံမှန်၀ိညာဥ်စက်ကွင်းလေးကွင်းပိုင်ဆိုင်တဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ထက်ကို သူမြန်ဆန်ဖို့လိုပါတယ်။ အနည်းဆုံးတော့ အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ဘိုးဘေးတွေနီးပါးမြန်ဖို့လိုအပ်နေခဲ့တယ်။ ဒါပေမယ့် အရှိန်ကိုအသုံးပြုတဲ့၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ရင်ဆိုင်လာရမယ်ဆိုရင်တော့ သူ့ရဲ့အားနည်းချက်က သေချာပေါက် ထင်ထင်ရှားရှားပေါ်လာခဲ့မှာပါ။ ဒါကြောင့် သူ့ရန်သူရဲ့အရှိန်နှန်းကိုကန့်သတ်ဖို့အတွက်လဲ ထိန်းချုပ်ရေး၀ိညာဥ်စွမ်းရည်ကို လိုအပ်ပါလိမ့်မယ်။ အဓိအားဖြင့်အရှိန်နှုန်းနှေးကွေးတာက မူလပိုင်ဆိုင်ထားတဲ့ပြင်းထန်မှုပေါက်ကွဲတဲ့ ၀ိညာဥ်စွမ်းအားကိုလဲ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်သာ ၀ိညာဥ်ရှပ်ပြေးကိုအဓိကဦးစားပေးပြီ ပြုလုပ်နေခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်၀က်မှာ ဟို့ယွိဟောင်က သူ့ရဲ့အချိန်တစ်၀က်နီးပါးကို အချိန်မြင့်တင်ဖို့အတွက်ပဲ အဓိကပဲအာရုံစိုက်ပြီ သုတေသနပြုလုပ်နေခဲ့ပါတယ်။ ကျန်ရစ်တဲ့အချိန်တစ်၀က်ကိုတော့ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေနဲ့ ၀ိညာဥ်လက်နက်တွေကို ပေါင်းစည်းမဲ့နည်းလမ်းကို ရှာဖွေနေခဲ့တယ်။ နှစ်ဖက်စလုံးမှာသူလဲအတော်လေးကို တိုးတက်လာခဲ့ပါပြီ။

သူ့ရဲ့လက်ထဲမှာရှိနေတဲ့ပစ္စည်းက ပြီး​မြောက်သွားပြီဖြစ်တဲ့အတွက် သူကိုယ်တိုင် အထူးပြုလုပ်ထားတဲ့အဆင့်ခြောက်၀ိညာဥ်လက်နက်က ပြီးပြည့်စုံသွားပြီလို့ပြောရတော့မှာပါ။ သူလုပ်ဖို့လိုအပ်တဲ့တစ်ခုတည်သောအရာက သေချာတပ်ဆင်ဖို့ပါပဲ။

၀ိညာဥ်လက်နက်တွေကိုပိုပြီးသုတေသနပြုလာလေလေ မာယုလုံရဲ့စကားတွေကို နားလည်လာနေပါပဲ။ အင်အားကောင်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က သူကိုယ်တိုင်ဖန်တီးတဲ့ ၀ိညာဥ်လက်နက်တွေကို အသုံးပြုမှသာအဆင်ပြေနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဘာကိုလိုအပ်လဲဆိုတာကို သူကိုယ်တိုင်က အသိဆုံးဖြစ်လို့ပါပဲ။

ဟို့ယွိဟောင် အသက်ပြင်းပြင်းရှုသွင်းရင်း စိတ်ပါလက်ပါနဲ့ ပြုံးနေခဲ့မိတယ်။ သူ့အတွက်တော့ ဒါကအဆင့်ခြောက်၀ိညာဥ်လက်နက်တစ်ခုရဲ့ပြီးမြောက်ရုံတင်မကပါဘူး။ လွန်ခဲ့တဲ့နှစ်၀က်အတွင်း လေ့ကျင့်ထားတဲ့အရာအားလုံးကို ပုံအောပြီဖန်တီးထားတဲ့အရာလဲဖြစ်နေခဲ့ပါသေးတယ်။ ဒါကသူ့ရဲ့အခြေခံတွေကို ပိုပြီးခိုင်မာလာစေဖို့အတွက် အားဖြည့်ပေးနေခဲ့တယ်။ ဒီအခြေခံသဘောသဘာ၀တွေအားလုံးက နေလနိုင်ငံတော်ရဲ့ အနာဂတ်တိုးတက်မှုအတွက် အဓိကအရေးကြီးတဲ့အရာတွေဖြစ်ခဲ့တာပါ။ ဒါ့အပြင် နောက်နှစ်နှစ်အချိန်အတွင်းမှာ တိုးတက်မှုတွေကလဲ ပိုပြီးများပြားလာမယ်လို့ ဟို့ယွိဟောင်ယုံကြည်ပါတယ်။

ဒါပေမယ့် သူစိတ်မရှည်ဖြစ်နေခဲ့မိတဲ့အရာကတော့ ၀ိညာဥ်စွမ်းအားတိုးတက်မှုပါပဲ။ သူ့ရဲ့၀ိညာဥ်စွမ်းအားက အခုအဆင့်လေးဆယ်သုံးကိုရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ပိုပြီးနှေးကွေးလာတာကို ခံစားမိပါတယ်။ ဒီအတိုင်းဆက်သွားနေခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ အဆင့်ငါးဆယ်၀ိညာဥ်ဘုရင်တစ်ယောက်သာဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် သူက သူ့သူငယ်ချင်းတွေရဲ့အနောက်မှာအများကြီးနောက်ကျကျန်ရစ်နေခဲ့မှာပါ။

ဒါပေမယ့် သူမှာအကောင်းမြင်စိတ်ကလေးတော့ ကျန်နေပါသေးတယ်။ သေချာစဥ်းစားကြည့်မယ်ဆိုရင် နှစ်နှစ်ခွဲအချိန်နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်ကျောင်းတော်မှာ ကုန်ဆုံးခဲ့ရတဲ့ကာလက ၀ိညာဥ်လက်နက်အတတ်ပညာတွေအများကြီးကို မြင့်တင်ဖို့အတွက်ကူညီပေးပါတယ်။ လက်ရှိအချိန်မှာ ၀ိညာဥ်စွမ်းအားတွေကို မြင့်တင်ဖို့အတွက် သူ့မှာကိုယ်ပိုင်အစီအစဥ်တွေရှိနေခဲ့တယ်။

ဟို့ယွိဟောင် သူ့လက်ထဲမှာရှိနေတဲ့ပစ္စည်းကို စိတ်ပါလက်ပါကိုင်ကြည့်နေချိန်မှာပဲ ထူးခြားတဲ့ခံစားချက်ကို ခံစားလိုက်ရပါတယ်။ ဒါကသူ့ဆီကနေလာတာမဟုတ်ပါဘူး။ ကံကြမ္မာမျက်လုံးဆီကနေလာတာပါ။ ကံကြမ္မာမျက်လုံးက သူ့ကိုထုံထိုင်အောင်ပြုလုပ်နေခဲ့ပါတယ်။ အန္တရာယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသလိုပါပဲ။

ဟို့ယွိဟောင် ချက်ချင်းဆိုသလို ဘေးကိုခုန်ထလိုက်ရင်း သူ့ရဲ့ခုံကိုလှည့်လိုက်ပါပြီ။ အဲ့ဒီနောက် ရေခဲဧကရီရဲ့ သံချပ်ကာကိုထုတ်လာရင်း သူစားပွဲခုံအောက်ကို ကွေး၀င်ကာဘောလုံးတစ်လုံးလိုမျိုး ၀ပ်လိုက်ပါတော့တယ်။ ဒါ့အပြင် ဟုန်ချန်ကောင်းချီးမင်္ဂလာကလဲ ချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါပြီ။

” ၀ုန်း ၀ုန်း ၀ုန်း ၀ုန်း ”

ပေါက်ကွဲသံလေးသံက ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာပေါ်ထွက်လာခဲ့ပြီတဲ့နောက် ကြောက်စရာပေါက်ကွဲမှုတွေက ဖျက်ဆီးမှုလှိုင်းတွေနဲ့အတူဆက်တိုက်ပေါ်ထွက်လို့လာပါတော့တယ်။

အလင်းတန်းကြီးလေးခုက နေရာလေးဖက်ဆီကို ရုတ်တရက်ပြန့်သွားခဲ့ပြီ သုတေသနပြုသူတွေအများကြီးရှိနေတဲ့နေရာဆီကို ပြေး၀င်လို့သွားခဲ့တယ်။

ဒီပေါက်ကွဲမှုက အရမ်းကိုရုတ်တရက်ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် ကိုယ်လုပ်ကိုယ်အာရုံစိုက်နေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တော်တော်များများက ကိုယ်ကိုကိုယ်ခုခံချိန်မရလိုက်ပါဘူး။ အနည်းဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ရာနီးပါးက ဒီပေါက်ကွဲမှုကြောင့် သူတို့တွေလွှင့်ထွက်ကုန်ကြပါတော့တယ်။ ရာနဲ့ချီတဲ့စားပွဲတွေကလဲ ပေါက်ကွဲကြပြီ သတ္ထုအပိုင်းအစက လွှင့်စင်ထွက်လာရင် နာနာကျင်ကျင်အော်ဟစ်သံတွေက သွေးညှီးနံ့နဲ့အတူ ထွက်ပေါ်လာပါတော့တယ်။ ကြောက်စရာကောင်းလွန်လှတဲ့ပေါက်ကွဲမှုကြောင့် ပစ္စည်းတွေက နေရာအနှံ့ကိုလွှင့်ထွက်လာခဲ့တာပါ။

မြေပြင်ကြီးတစ်ခုလုံးလဲ ပြင်းပြင်းထန်ထန် တုန်ခါလာပြီတဲ့နောက် ကြီးမားတဲ့မြေအောက်စက်ရုံကြီးရဲ့ သုံးပုံတစ်ပုံနီးပါးက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသလို တချို့ကလဲသေဆုံးကုန်ကြပါတယ်။

ဟို့ယွိဟောင်က အတော်ကိုကံကောင်းတယ်လို့ပြောရမှာပါ။ သူကဒီနေရာကိုရောက်နေတာ နှစ်၀က်ကြာပြီဖြစ်သလို သူ့ရဲ့စားပွဲခုံကလဲ ပေါက်ကွဲမှုနဲ့အတော်ဝေးတဲ့အစွန်းဖက်မှာရှိနေခဲ့ပါတယ်။

ဒါပေမယ့် အင်အားလှိုင်းတွေနဲ့ပေါက်ကွဲမှုက သူ့နဲ့ သူစားပွဲခုံကို နောက်ဖက်ဆယ်မိီတာအထိလွှင့်ထွက်သွားအောင် တွန်းထုတ်ခဲ့ပါတယ်။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့အလိုအလောက်သိစိတ်တွေကြောင့် သူတို့တွေက ချက်ချင်းဆိုသလို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်လိုက်ကြပါတယ်။ လူတွေရဲ့ သုံးပုံတစ်ပုံနီးပါးက ဒီတိုက်ခိုက်မှုကိုခံလိုက်ရပေမဲ့ ရာချီလောက်သာ သတ်ဖြတ်ခံလိုက်ရတာပါ။ အများစုကတော့ ပေါက်ကွဲမှုကြောင့် လွှင့်ထွက်သွားရုံပါပဲ။ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ရှိသမျှ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက သူတို့ရဲ့အကာအကွယ်၀ိညာဥ်လက်နက်တွေကို စတင်ပြီအသက်သွင်းလိုက်ပါတော့တယ်။ ပေါက်ကွဲမှုကိုလဲ ဒီလိုအကာအကွယ်က အတော်ကို အရှိန်လျှော့ပြစ်နိုင်လိုက်တယ်။ တော်တော်များများက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပေမဲ့ သေဆုံးသူအရေအတွက်ကိုတော့ ထိန်းချုပ်နိုင်လိုက်ပါပြီ။

ပေါက်ကွဲမှုပြီးတဲ့နောက် အနက်ရောင်အရိပ်တွေက မြေပြင်ကနေထွက်ပေါ်လာပါတော့တယ်။ ဒီလူတွေက တစ်ကိုယ်လုံး၀တ်ရုံနက်တွေ ၀တ်ထားခဲ့ကြပြီ အရမ်းကိုလျင်မြန်သွက်လျက်ကြပါတယ်။ သူတို့ပေါ်ထွက်လာချိန်မှာ သူတို့တွေက အရပ်မျက်နှာလေးခုစလုံးကို စတင်ပြီ ရူးရူးသွပ်သွပ် တိုက်ခိုက်သတ်ဖြတ်ပါပြီ။

အပေါ်ကနေကြည့်မယ်ဆိုရင် ပေါက်ကွဲမှုရဲ့နေရာမှာ ဆယ်မီတာကျော်လောက်ကျယ်တဲ့အပေါက်ကြီးရှိနေတာကို မြင်ရမှာပါ။ ဒီ၀တ်ရုံနက်တွေက အပေါက်ထဲကနေ ထွက်လာခဲ့ကြပါတယ်။ သူတို့က ပြင်ဆင်ထားရုံတင်မက အရမ်းကိုလဲ အင်အားကြီးကြတာကြောင့် ဒီနေရာကြီးကို သတ်ဖြတ်မှုအပြည့်နဲ့ နေရာကြီးတစ်ခုလိုဖန်တီးလိုက်ပါပြီ။

ဟို့ယွိဟောင်ကတော့ သူ့ရဲ့စားပွဲခုံအောက်မှာပုန်းနေခဲ့ပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကတော့ ဆက်ပြီအသက်၀င်နေဆဲပါပဲ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမလိုမျိုးဒီလောက်အထိ တင်းကြပ်တဲ့လုံခြုံရေးချထားပြီ ခုခံမှုကောင်းလွန်တဲ့နေရာတောင် တိုက်ခိုက်ခံရမယ်လို့ မမျှော်လင့်ထားခဲ့မိတာအမှန်ပါ။ ဒီလူတွေရဲ့စွမ်းအားက သူတွေးထားတာထက်ကို ပိုကျော်လွန်နေခဲ့ပါတယ်။

အဲ့ဒီအထဲမှာဘယ်သူကမှ ၀ိညာဥ်သူတော်စင်အောက်နှိမ့်နေတဲ့ ပုံမပေါ်ပါဘူး။ သူတို့ပေါ်လာပြီတာနဲ့ သူတို့ရဲ့သိုင်းပညာတွေတွေက စတင်ပြီပေါ်ထွက်လာပါတော့တယ်။ ကြမ်းတမ်းရက်စက်လွန်လှတဲ့ လူသတ်မှုကြီးကတော့ စတင်ပါပြီ။

အမျက်ဒေါသကျောင်းတော်မှာတောင် ဒီလိုအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ပါဘူး။

မကြာခင်ပဲဟို့ယွိဟောင်တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားရပါတော့တယ်။ ဒီလူတွေက အနက်ရောင်၀တ်ရုံကို၀တ်ထားပြီ အရမ်းကိုအင်အားကြီးပေမဲ့ သူတို့ရဲ့အားနည်းချက်ကို မမျှော်လင့်ပဲ ထုတ်ဖော်ပြသပေးလိုက်တာပါ။

ဟို့ယွိဟောင် သူရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုနေချိန်မှာ အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့လူတွေထဲကတစ်ယောက်ရဲ့ညာလက်အပေါ်ကိုသူစိတ်၀ိညာဥ်ထောက်လှမ်းမှုက ရောက်ရှိလို့သွားပါတော့တယ်။ အဲ့ဒီလူရဲ့စွမ်းအားက ရုတ်တရက်ဆိုသလို ဆယ်ဆမကတက်သွားခဲ့ပါပြီ။ သူက သူ့ကိုလက်နက်နဲ့တိုက်ခိုက်တော့မဲ့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့လုပ်နေတာပါ။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်က သူတို့ဘယ်ကနေလာမှန်း နားလည်သွားပါတော့တယ်။

ခန္ဓာကိုယ်မျိုးနွယ် ဒီလူတွေကခန္ဓာကိုယ်မျိုးနွယ်ရပါ ဘာကြောင့်များနေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို လာတိုက်ခိုက်တာလဲ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆီကို တန်းတန်းမတ်မတ်ပြေး၀င်လာတာပါ။ ဒီကောင်တွေ ရူးနေကြပြီလား။

သူဘယ်လိုပဲတွေးပါစေ အခုအချိန်က ထွက်ပြေးဖို့အချိန်ကောင်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်မျိုးနွယ်ကလူတွေက ဘာကိုမှဂရုမစိုက်ပဲ၀င်လာတာနဲ့ တစ်ချက်မတွေးပဲ သတ်ဖြတ်နေခဲ့တာပါ။

မကြာခင်မှာပဲ ရာနဲ့ချီတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သွေးအိုင်ထဲမှာလဲနေကြပါပြီ။ တချို့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက တန်ပြန်တိုက်ခိုက်ကြပေမဲ့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေကတော့ ထင်ထားတာထက်ကိုအများကြီးပိုပြီးအားကောင်းကြပါတယ်။ သူတို့ထဲမှာအနည်းဆုံးဆယ်ယောက်ထဲက သော့်လော့တွေကြီးပါပဲ။ ဘယ်လိုလုပ်၀ိညာဥ်လက်နက်တွေက ခုခံနိုင်မှာလဲ။

ဒါ့အပြင် ဒီလူတွေက အရာအားလုံးကို ဖျက်ဆီးချင်တာပါ။ သူတို့လက်ထဲမှာ တန်ဖိုးကြီးတဲ့စားပွဲတွေက အပိုင်းပိုင်းအစစဖျက်ဆိီးခံရပါတော့တယ်။ ဒီအချိန်အတွင်းပျက်စီးသွားတဲ့ပမာဏက တွေးကြည့်လို့တောင်မရနိုင်ပါဘူး။

ဒါပေမယ့် ဟယ့်ချိုက်ထို့နဲ့ဆရာဖန်းယွီနှစ်ယောက်စလုံး ဒီနေရာမှာမရှိဘူးဆိုတာကို ဟို့ယွိဟောင်သိလိုက်ရတဲ့အတွက် အနည်းငယ်စိတ်အေးသွားမိပါတယ်။ သူတို့တွေက ၀ိညာဥ်လက်နက်ကို စမ်းသပ်ဖို့အတွက် နေလကျောင်းတော်သားတွေနဲ့အတူ အပြင်ကိုထွက်သွားခဲ့တာပါ။ ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ဟို့ယွိဟောင် ဒီနေရာမှာပုန်းနေနိုင်မှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်သက်လုံးပုန်းမနေနိုင်တာကို သူသိပါတယ်။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေက သူစားပွဲဆီရောက်မလာဘူးလို့ဘယ်သူမှအာမမခံနိုင်ပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့အစွမ်းအစတွေကို ယုံကြည်ချက်အပြည့်ရှိပေမဲ့ တစ်ဖက်သူတွေက ၀ိညာဥ်သူတော်စင်အထက်အဆင့်ရှိသူတွေပါ။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့၀ိညာဥ်သူတော်စင်ဆိုတာက တခြားနေရာလူတွေထက် အများကြီးပိုအားကောင်းပါတယ်။ သူတို့ကိုဘယ်လိုမှ အနိုင်မတိုက်နိုင်ပါဘူး။

” ဒီကောင်တွေလာရင် သူဘယ်လိုပြေးရမှာလဲ သေလိုက်ပါတော့လား ”

သူဒါကိုတွေးပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့လက်နှစ်ဖက်က ရေခဲဧကရီဆူးချွန်တွေနဲ့ အပြည့်ဖြစ်လာပါတော့တယ်။ ညာဘက်လက်ကနေ အကြောက်တရားလက်သည်းတွေကို ထုတ်လွှတ်ပြီတဲ့နောက် အောက်ဖက်မှာရှိတဲ့မြေပြင်ကိုသူဆွဲဖြဲလိုက်ပါပြီ။

ဒီမြေပြင်က ဆယ်ခုနှစ်စင်တီမီတာလောက်ထူးထပ်တဲ့ သတ္ထုအလွှာနဲ့ကာရံထားတာပါ။ ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေအောက်မှာတော့ လက်ခံလိုက်ရပါတယ်။ လက်နှစ်ဖက်စလုံးကိုအသုံးပြုရင်း သူက မြေကြီးအောက်ကိုမြန်မြန်ဆန်ဆန်တူးထုတ်နေခဲ့ပါတယ်။ မကြာခင်မှာပဲ တွင်းတစ်ခုကိုဖန်တီးနိုင်လိုက်ပါပြီ။ သူ့ရဲ့အင်အားကိုအသုံးပြုရင်း စားပွဲကိုစောင်းချလိုက်ပါတယ်။ အကြောက်တရားလက်သည်းတွေနဲ့အတူ ပေါင်းလိုက်ချိန်မှာတော့ သူစားပွဲကမြေပြင်ပေါ်ကို မှောက်လျက်ကြလာခဲ့ပါပြီ။ သူတူးလိုက်တဲ့ချိုက်ကြီးကိုလဲ ဖုံးကွယ်ပြီသားဖြစ်သွားခဲ့ပါတယ်။ တစ်ယောက်ယောက်ကသာ ဒီစားပွဲကိုလာမလှန်းခဲ့ဘူးဆိုရင် သူရှိနေမှန််းသိမှာမဟုတ်ပါဘူး။

ဟို့ယွိဟောင်က မြေပြင်မှာလှဲရင်း မလှုပ်မယှက်နေနေခဲ့ပါတယ်။ သူ့ရဲ့အသက်ရှုသံကတောင် မထွက်ပေါ်လာတော့ပါဘူး။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုအသုံးပြုရင်းပတ်၀န်းကျင်အခြေအနေကိုတော့ အကဲခတ်နေဆဲပါပဲ။

အပိုင်း ၁၇၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset