Switch Mode

Chapter 171.2

မဆုံတွေ့သင့်သူများ

အပိုင်း ၁၇၁•၂

” မဆုံတွေ့သင့်သူများ ”
°°°
သူ့ရဲနာမည်ကဒ်ကိုရပြီတဲ့နောက် ဟို့ယွိဟောင်က ရွှမ်ကျင့်၀မ်ရဲ့ရှင်းပြမှုအောက်မှာ စတင်ပြီ ခလုတ်တွေကိုစူးစမ်းလေ့လာပါတော့တယ်။ သူခလုတ်တစ်ခုချင်းဆီတိုင်းက ဖိလိုက်ချိန်တိုင်းမှာ သက်ဆိုင်တဲ့ပစ္စည်းတွေက ပေါ်ထွက်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီပစ္စည်းရဲ့ရှားပါးမှုနဲ့ ကုန်ကျစရိတ်အပေါ်မူတည်ပြီ မတူညီတဲ့ပမာဏတွေကလဲ ထွက်ပေါ်လာမှာပါ။ စားပွဲတစ်ခုချင်းဆီတိုင်းက သင့်တော်တဲ့ပမာဏတစ်ခုဆီကို ထည့်သွင်းထားပါတယ်။

ဥပမာအားဖြင့် မီးသွေးတစ်ရာဂရမ်ကို စားပွဲတစ်ခုချင်းဆီတိုင်းမှာ ထည့်သွင်းထားပါတယ်။ ဟို့ယွိဟောင်လဲ စိတ်ထဲကနေစတင်ပြီ တွက်ချက်လိုက်ပါပြီ။ ကျန်ဟုန်ချန်က ရှိသမျှပစ္စည်းတွေအားလုံးကို ယူနိုင်တယ်လို့ပြောတယ်ဆိုတာ အရမ်းကြီးရက်ရောနေတယ်လို့ ထင်ခဲ့မိတာမမှားပါဘူး။ တကယ်တော့အရာအားလုံးက ကန့်သတ်ထားလို့ပါပဲ။ ဒါပေမယ့် ဒီပမာဏကတင် သူ့ကိုစိတ်ကျေနပ်နေစေခဲ့ပါပြီ။ စတင်ပြီ ပစ္စည်းတွေကိုလေ့လာရင်း ရွှမ်ကျင့်၀မ်ကို မေးခွန်းတချို့မေးခဲ့တယ်။ သူဘယ်တုန်းကမှမမြင်ဖူးတဲ့ ရှားပါးသတ္ထုဆယ်ခုလောက်ကို မြင်လိုက်ရလို့ပါ။

ရွှမ်ကျင့်၀မ်က ပစ္စည်းတစ်ခုကိုထုတ်ပြရင်းနဲ့ ပြောလာခဲ့တယ်။

” ဒီနေ့က ပထမဆုံးနေ့ဆိုတော့ စားပွဲခုံရဲ့အလုပ်လုပ်ပုံတွေကို သေချာသိအောင်လုပ်ဦး ဒီစာအုပ်ထဲမှာ ညွှန်ကြားချက်တွေပါတယ်…၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အတွက် ကောင်းမွန်တဲ့စားပွဲတစ်ခုက သုတေသနပြုတဲ့အချိန်မှာ အများကြီးကူညီပေးလိမ့်မယ်…ငါသွားဖို့လိုလာပြီ ငါရဲ့ သုတေသနတွေကိုဆက်ပြီလုပ်ရတော့မယ်…အကယ်၍ မင်းငါ့ကိုရှာဖို့လိုလာရင် မင်းရဲ့သက်သေခံကဒ်ပြားကို အသုံပြုပြီး လျှို့၀ှက်သုတေသနနယ်မြေနံပါတ်တစ်ထဲကို၀င်လာခဲ့လိုက် အစောင့်တစ်ယောက်ကိုရှာပြီ ငါကိုလာတွေ့တဲ့အကြောင်းပြော ဒါပေမယ့် တစ်ရက်မှာမွေးခွန်းတစ်ခုပဲ မေးဖို့ရှိမှာ ”

” ဟုတ်ကဲ့ပါဆရာ ”

ဟို့ယွိဟောင် ပြန်ဖြေလိုက်ပါတယ်။ ရွှမ်ကျင့်၀မ်ကတော့ ဒီလိုပုံစံမျိုးပြောချိန်မှာ အတော်လေးကိုအေးဆေးပြီတည်ငြိမ်လို့နေခဲ့တယ်။ အဲ့ဒီနောက် သူ့ကိုအမှောင်ထုထဲလျှောက်ပြိီ ၀င်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ တောက်ပစူးရှတဲ့မျက်၀န်းနဲ့ အမြင်အာရုံကြောင့် မဲမှောင်နေတဲ့တံခါးတစ်ခုအရှေ့မှာ ရပ်တန့်သွားတာကို မြင်လိုက်ရပါတယ်။ အဲ့ဒီနေရာမှာ အနက်ရောင်အရိပ်နှစ်ခုပေါ်လာခဲ့ပြီ သူ့ကိုစကားပြောပြီတဲ့နောက် ပျောက်ကွယ်လို့သွားပါတော့တယ်။ လျှို့၀ှက်သုတေသနနယ်မြေနံပါတ်တစ်က အဲ့ဒီလောက်မှာရှိနေမှာပါ။

နောက်ဆုံးမှာတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆီကို သူ၀င်နိုင်ခဲ့ပါပြီ။ ဒါက သူတွေးထားတာနဲ့တကယ်ကို လုံး၀မတူပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဟို့ယွိဟောင်ကတော့ အတော်လေးစိတ်ကျေနပ်ပြီ အံ့ဩနေဆဲပါပဲ။ ဒီနေရာမှာ သူပိုပြီးသင်ယူနိုင်မှာဖြစ်သလို ကိုယ်ပိုင်လမ်းကိုရှာဖွေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလဲဖြစ်ပါတယ်။ သံသယ၀င်စရာမရှိပါဘူး။

၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးဖို့အတွက် အလောမကြီးပဲ စားပွဲခုံဘေးမှာထိုင်ရင်း စာအုပ်ကိုသေချာလေ့လာနေခဲ့ပါတယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အတွင်းအနက်ရှိုင်းဆုံးနေရာမှာ ကျန်ဟုန်ချန်ရှိနေတာကိုတော့ ဟို့ယွိဟောင်မသိပဲဖြစ်ခဲ့ပါတယ်။ ကျန်ဟုန်ချန်က သူ့ရဲ့လက်နက်တစ်ခုချင်းဆီတိုင်းကို တိတ်တဆိတ်စောင့်ကြည့်လို့နေခဲ့တယ်။ လင်းကျားယွီကတော့ ကျန်ဟုန်ချန်ရဲ့ဘေးမှာရပ်နေခဲ့တာပါ။

” သူ့ရဲ့ခန္ဓာကိုယ်ကိုကုသနိုင်စွမ်းက သာမန်လူတွေထက် အတော်လေးကို ပိုမြန်တယ်…ဒါပေမယ့် ကျွန်တော်အဲ့ဒီနေ့က သူ့ကိုတိုက်လိုက်တဲ့ဆေးကို ထည့်စဥ်းစားမယ်ဆိုရင်တော့ ပုံမှန်ပါပဲ ခန်းမသခင် သူ့ကိုတကယ်ကြီးအဲ့ဒီမှာလေ့လာခိုင်းမှာလား ဆရာရွှမ်ရဲ့စရိုက်ကိုခန်းမသခင်လဲသိပါတယ်…သူက သုတေသနကိုဆာလောင်ပြီဆိုတာနဲ့ စားရမှာတွေ အိပ်ရမှာတွေကိုတောင် မေ့သွားတဲ့သူကျွန်တော်စိုးရိမ်မိတာက ”

” သူ့ကိုနည်းနည်းပါးပါး သင်ကြားခိုင်းစေတာက ကောင်းပါတယ်…မဟုတ်ရင် အမျက်ဒေါသကျောင်းတော်ကို ငါတို့ဘယ်လိုအဖြေပြန်​ပေးရမှာလဲ ဒီကလေးက အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့အင်အားကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်း၀ိညာဥ်ပညာရှင်ပဲ သူ့ကိုသင်ယူခိုင်းပါစေ လူတစ်ယောက်ထဲရဲ့အစွမ်းအစက စားပွဲတစ်ခုကိုမပြောင်းလဲနိုင်ဘူး ဟုတ်တယ်ဟုတ် ဒီကိစ္စက နှောင့်နှေးသွားခဲ့ပြီ အဲ့ဒီတော်၀င်သက်တော်စောင့်ခွေးမသားတွေကြောင့်သာမဟုတ်ဘူးဆိုရင် ဒီလိုပြဿနာတွေဖြစ်လာစရာအကြောင်းမရှိဘူး…တစ်ယောက်ယောက်ကိုလွှတ်ပြီ သူ့ရဲ့လုပ်ရပ်တွေကို လေ့လာခိုင်းလိုက် အရာအားလုံးသာ ပုံမှန်ဖြစ်နေမယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါ ဒါ့အပြင် သူလုပ်တဲ့၀ိညာဥ်လက်နက်တွေကိုလဲ သေချာအာရုံစိုက်ကြည့်ဦး ”

” ဟုတ်ကဲ့ပါ ”

လင်းကျားယွီက ခေါင်းညိတ်လိုက်ပါတယ်။

ကျန်ဟုန်ချန်ကတော့ ထထွက်သွားခဲ့ပါပြီ။ နေ့စဥ်နေ့တိုင်းသုတေသနပြုရတဲ့ တာ၀န်၀တ္တရားတွေကို သူကဦးဆောင်နေရတဲ့သူပါ။ အသက်အငယ်ဆုံးအဆင့်ကိုး ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တဲ့အတွက် သူ့ရဲ့ပြဿနာတွေက နိုင်ငံတော်တိုးတက်မှုအတွက် အများကြီးသက်ရောက်စေပါတယ်။ မနေ့တုန်းက အိမ်ရှေ့စံမင်းသားရဲ့ ညနေစာစားပွဲကို သူတက်ရောက်ဖို့ ဖိတ်ကြားလွှာကိုလဲ လက်ခံခဲ့ပါတယ်။ ဒါကြောင့် သူမသွားခင်အချိန်မှာလုပ်စရာရှိတဲ့ကိစ္စတွေကို အပြီးသတ်ရမှာပါ။

°°°
ဒီသေးငယ်တဲ့စာအုပ်ကလေးက ဟို့ယွိဟောင်ကို ထိတ်လန့်သွားစေခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေတဲ့စားပွဲက ဘယ်လောက်အထိ ကောင်းမွန်အောင်ပြုလုပ်ထားလဲဆိုတာကို အခုအချိန်မှာသာသူနားလည်သွားခဲ့ရတော့တယ်။

ဘာမဟုတ်တဲ့ ဒီစားပွဲက များပြားတဲ့လုပ်ဆောင်ချက်တွေနဲ့ ပြည့်နေခဲ့တာပါ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ ထုတ်လုပ်ရေးကိရိယာတွေထက်တောင် ပိုပြီးလုပ်နိုင်စွမ်းမြင့်မားသေးတယ်။ ဒီစားပွဲထဲမှာ ပွတ်တိုက်မှုနဲ့ဖိအားပေးတဲ့လက်နက်ကိရိယာတွေ ပါ၀င်ရုံတင်မက မြင့်မားတဲ့အပူရှိန်နဲ့ ထုတ်လုပ်မှုတွေကိုပါလုပ်ဆောင်နိုင်တဲ့အခြေအနေအထိ ရှိနေခဲ့တယ်။ မှန်ကန်တဲ့ပစ္စည်းကိုသုံးမယ်ဆိုရင် ဒီစားပွဲကိုအသုံးပြုရင်း အဆင့်ခုနှစ်နဲ့ အဆင့်ရှစ်လက်နက်တွေကိုတောင် ထုတ်လုပ်နိုင်မှာပါ။

ဟို့ယွိဟောင်တစ်နေ့လုံးလုံးစာအုပ်ကိုဖတ်ရင်းနဲ့ စားပွဲရဲ့လုပ်ဆောင်ချက်တွေကို ရင်းနှီးအောင်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ဒီစားပွဲကိုလေ့လာနေတာကိုတော့ ဘယ်သူမှမသိခဲ့ပါဘူး။

နေ့လည်စာနဲ့ ညစာကို အပြင်ကနေပြီတော့ လာပို့ပါတယ်။ သူလေ့လာနေရင်းနဲ့ တွေ့ရှိလာခဲ့ရတာကတော့ တချို့၀ိညာဥ်လက်နက်ပညာရှင်တွေက အစာစားဖို့ကိုလုံး၀အာရုံမစိုက်ဘူးဆိုတာပါပဲ။ သူတို့တွေက ညစာစားချိန်ရောက်တဲ့အထိ နေ့လည်စာကိုလုံး၀မထိပဲ ရှိခဲ့ပါတယ်။ အဲ့ဒီနေ့မျိုးအချိန်ရောက်လာရင်းတော့ အပြင်ကရောက်လာတဲ့အထောက်အကူတွေက သူ့တို့ကိုအစာစားဖို့အတွက် သတိပေးကြရတယ်။

နောက်ဆုံးမှာတော့ လုံး၀ပင်ပန်းနေပြီဖြစ်တဲ့ဟို့ယွိဟောင်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ရွှမ်ကျင့်၀မ်နဲ့အတူ ပြန်လာခဲ့ပါပြီ။ အပြင်ဖက်ကောင်းကင်ကတော့ လုံး၀ကိုမဲမှောင်နေခဲ့ပါပြီ။

” ဒီတော့မင်းဘယ်လိုခံစားရလဲ ”
ရွှမ်ကျင့်၀မ်က မေးလာခဲ့တယ်။

” အချိန်တွေကအထဲမှာဆိုရင် အတော်လေးအကုန်မြန်တယ်ဆရာ ”

ရွှမ်ကျင့်၀မ်က သူ့ကိုတအံ့တဩကြည့်ရင်းပြောလာခဲ့ပါတယ်။

” ဒါအမှန်ပဲ ဒီလိုမျိုးခံစားချက်ရဖို့ဆိုတာမလွယ်ကူဘူး…မင်းတော်တော်လေးတိုးတက်တာမြန်တယ်လို့ ပြောရမယ်..မင်းပျင်းနေမယ်လို့တောင် ငါ
ထင်ထားခဲ့မိတာ ”

” ကျွန်တော်အချိန်မလောက်မှာကိုလဲ စိုးရိမ်မိတယ်ဆရာ ဒါကြောင့် စောစောလေးပြန်ပြီနားလိုက်ဦးမယ် ”

” ကောင်းပြီ သွားတော့မင်းမနက်ဖြန်မှာပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ကိုယ်ဘာသာကိုယ်၀င်ကိုယ်ရဲ့သက်သေခံတံဆိပ်ပြားကိုသုံးအထဲကိုရောက်ပြီဆိုရင် မင်းရဲ့ဇစ်မြစ်ကိုသူတို့တွေ သေချာစစ်ဆေးလိမ့်မယ်…ငါကမင်းကိုအာမခံထားရတဲ့သူပဲ အကယ်၍ တစ်ခုခုဖြစ်လာမယ်ဆိုရင် ငါလဲပြဿနာတက်မှာ ”

သူပြောပြီတဲ့နောက် သူ့ရဲ့အကြည့်က ပိုမိုနက်ရှိုင်းလို့သွားပါတော့တယ်။

” ဆရာရွှမ် မစိုးရိမ်နဲ့ ကျွန်တော်ဆရာကိုပြဿနာမဖြစ်စေရပါဘူး ”

ဟို့ယွိဟောင် အလေးအနက်ကတိပေးခဲ့ပါတယ်။

သူ့ရဲ့အခန်းထဲမှာ စိတ်၀ိညာဥ်ထောက်လှမ်းရေးလက်နက်တွေရှိနေလားလို့ သေချာစူးစမ်းပါတော့တယ်။ ဘာမှမရှိဘူးဆိုတာသေချာမှ စာရွက်ကိုချပြီရေးဆွဲလိုက်တော့တယ်။ စားပွဲရဲ့ဖန်တီးတည်ဆောက်မှုက အတော်ကိုရှုပ်ထွေးလွန်ပါတယ်။ ပုံစံအကြမ်းဖျင်းကို ဆွဲဖို့တောင်လေးနာရီနီးပါးတောင် သူကုန်သွားခဲ့ရတာပါ။ ဒီနေ့မှာတော့ ဒီတစ်ခုထဲကိုသာအဓိကအာရုံစိုက်ပြီ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စားပွဲထဲမှာဗျူဟာကအနည်းဆုံးဆယ်ခုရှိနေခဲ့ပြီ တစ်ခုချင်းဆီတိုင်းကလဲ သိပ်ရှုပ်ထွေးတဲ့ပုံမပေါ်ပေမဲ့ အားလုံးက အတွင်းပိုင်းမှာအတော်ကို နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေခဲ့ကြတယ်။ တချို့ဗျူဟာတွေကိုသူကြားတောင်မကြားဖူးပါဘူး။

ဥပမာအားဖြင့် အဆင့်လေးဗျူဟာတစ်ခုကို အထောက်အပံ့ပြုဖို့အတွက်သုံးထားတဲ့ အဆင့်သုံးဗျူဟာသုံးခုပါ။ သူတို့အတူတူပေါင်းစည်းလိုက်မယ်ဆိုရင် အဆင့်ငါးဗျူဟာရဲ့ကုန်ကျစရိတ်ကိုသက်သာသွားစေခဲ့ပါတယ်။ သူ့အတွက်တော့ ဒါကတန်ဖိုးကြီးတဲ့ အတွေ့အကြုံပါပဲ။

သုတေသနစားပွဲရဲ့ ဗျူဟာတွေကိုတင် မှတ်တမ်းတင်တာမဟုတ်ပါဘူး။ ဟို့ယွိဟောင်အတွက်တော့ ဒါကညွှန်ကြားရေးလုပ်ငန်းစဥ်တစ်ခုပါပဲ။

နောက်တစ်ရက်မှာ မနက်စာစားတဲ့အချိန် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို၀င်ဖို့အတွက် အခွင့်အရေးရလာခဲ့ပါပြီ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကစာမေးပွဲကို အောင်မြင်သွားသူဖြစ်တာကြောင့် အလွန်ပျော်ရွှင်နေဆဲပါပဲ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ သူ့ရဲ့သုတေသနတွေကို ညွှန်ကြားပေးမဲ့ ဆရာတွေလဲရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်လိုမျိုး စားပွဲမှာသူ့သာသာသူလုပ်ချင်တာလုပ်နေရတာနဲ့ မတူပဲဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ ဟို့ယွိဟောင်ရဲ့လုပ်ဆောင်ချက်တွေကို အတော်လေးသဘောကျနေခဲ့တယ်။ သူ့ရဲ့ဆရာတွေက သူ့ကိုညွှန်ကြားပြသပေးမဲ့ စားပွဲကိုမထိခိုက်သေးပါဘူး။ ဟို့ယွိဟောင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူ့ရဲ့အခြေအနေကဆိုးရွားနေခဲ့ပါတယ်။

သူတို့နှစ်ယောက်က အတွေးအတူတူပါပဲ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်ပြီတာနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့လောကက ဘယ်လောက်အထိကြီးမားလဲဆိုတာကို နားလည်ကြမှာပါ။ အဲ့ဒီအချိန်မှာသာ နေလနိုင်ငံတော်ရဲ့သုတေသနတွေဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို သူတို့သိလာရပါတော့တယ်။

အချိန်အတော်ကြာပြီတဲ့နောက် သူတို့နှစ်ယောက်စလုံးလဲ သုတေသနတွေထဲမှာသာ အပြည့်အ၀အာရုံစိုက်ထားလိုက်ပါတော့တယ်။ ဒါ့အပြင် တတ်နိုင်သလောက် အသိပညာတွေကိုရအောင်ယူရင် မနားမနေသင်ယူခဲ့ကြတယ်။

မကြာခင်မှာပဲ ကျောင်းပြောင်းကျောင်းသားတွေကို အဓိကစောင့်ကြည့်ရတဲ့ လင်းကျားယွီကတော့ ဟို့ယွိဟောင်အပေါ်မှာ စိတ်၀င်စားမှုလျော့နည်းလာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့သုတေသနတွေက လုံး၀ကိုဦးတည်ချက်ကင်းမဲ့နေတယ်လို့ သူတွေးမိပါတယ်။ ဒီနေ့စဥ်နေ့တိုင်းသူက ရိုးရှင်းသေးငယ်တဲ့ သတ္ထုပစ္စည်းတွေကိုပဲ ပြုလုပ်နေလေ့ရှိတယ်။ ဗျူဟာတွေဆိုတာကို မဆွဲသလောက်ပါပဲ။ အချိန်အများစုမှာ သူကဒီနေမှာထိုင်နေပြီ ဘာမှမလုပ်ပဲ ဒီအတိုင်းကြီးသာနေနေလေ့ရှိတယ်။

တစ်ခါတလေမှာတော့ ရွှမ်ကျင့်၀မ်ကို မေးလေ့မေးထရှိပေမဲ့ ဒါတွေကအဆင်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက်တော့ ခက်ခဲတဲ့ကိစ္စတွေမဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ သူ့ရဲ့အာရုံကိုဖမ်းစားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က ၀ိညာဥ်လက်နက်တွေကို ပြုလုပ်တဲ့နေရာမှာတော့ အတော်လေးပါရမီရှိပုံပါပဲ။ သူက မြန်မြန်ဆန်ဆန်သင်ယူတတ်မြောက်သလို သူ့ရဲ့သုတေသနတွေကလဲ အတော်ကိုအရှိန်အဟုန်ကောင်းပါတယ်။ နေ့စဥ်နေ့တိုင်းသူက ဆက်​ပြီတော့ တိုးတက်နေတဲ့သူပါ။

ဒါကတော့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့ ဖန်တီးထားတဲ့ဗျူဟာပါ။ ဟယ့်ချိုက်ထို့က ဟို့ယွိဟောင် ထက် ၀ိညာဥ်လက်နက်တွေကိုဖန်တီးတဲ့နေရာမှာ တော်တာမှန်ပေမဲ့ တကယ်တမ်းမှာတော့ အများကြီးမကွာကြပါဘူး။ ဒါပေမယ့် သူ့ရဲ့အကာအကွယ်သာ ရှိမယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ ကျယ်ပြန့်တဲ့၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ဒီနေရာမှာအများကြီးသင်ယူနိုင်မှာပါ။

” ဘာမှမလုပ်ဘူးတဲ့လား အကယ်၍ လင်းကျားယွီသာ ဟို့ယွိဟောင် တစ်နေ့တစ်နေ့ထိုင်ပြီဘာတွေလုပ်နေလဲဆိုတာ သိခဲ့မယ်ဆိုရင်သူ့မျက်နှာ သူတောင်ဖြတ်ရိုက်မိလောက်ပါတယ်။

ဟို့ယွိဟောင်ရဲ့ဘာမှမလုပ်ပဲထိုင်နေတယ်ဆိုတဲ့ပုံစံက တကယ်တော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း ဘေးမှာရှိသမျှလူတိုင်းရဲ့ လေ့လာမှုတွေအားလုံးကို သင်ယူနေတာပါ အထူးသဖြင့်လက်နက်အဖြစ်သုံးလို့ရနိုင်ပေမဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဖန်တီးတဲ့ ၀ိညာဥ်လက်နက်တွေကို သူပုံတူကူးနေတာပါပဲ။ သူအစီအစဥ်တော့ရှင်းပါတယ်။ သူတို့တွေကို လေ့လာပြီမှတ်တမ်းတင်မယ် ပြီးရင် ကိုယ့်ဘာသာကိုယ်ပြန်ပြီသုတေသနတွေလုပ်ရင်း တိုးတက်အောင်ဖန်တီးမှာပါ။ အကယ်၍ သူမသိတဲ့အရာတစ်ခုခုကိုသာ ကြုံတွေ့ရမယ်ဆိုရင် ရွှမ်ကျင့်၀မ်ဆီသွားပြီ မေးပါလိမ့်မယ်။

တကယ်တော့ သူဘာမှမလုပ်ပဲထိုင်နေတယ်လို့ ထင်ရပေမဲ့ သူ့ရဲ့တိုးတက်မှုကလဲ ကြောက်စရာကောင်းပါတယ်။ သူနေတိုင်းလုပ်နေတဲ့ပစ္စည်းသေးသေးလေးတွေဆိုတာက အခန်းကိုပြန်ရောက်ပြီဆိုတာနဲ့ ရိုးရှင်းတဲ့ပစ္စည်းတွေ မဟုတ်တော့ပဲဖြစ်သွားတော့တယ်။

သက်စောင့်ဓားကိုအသုံးပြုရင်း အဲ့ဒီပစ္စည်းတွေကို လုံး၀လျှို့လျှို့၀ှက်၀ှက်နဲ့ ပြန်ပြီအချောသတ်လေ့ရှိပါတယ်။

နှစ်၀က်ကြာပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားတွေအားလုံးက လုံး၀ကိုပုံမှန်အနေအထားနဲ့သာ ရှိနေခဲ့ကြတယ်။ ဒီဆယ်ယောက်ထဲမှာ ခြောက်ယောက်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို၀င်ပြီ သင်ကြားနိုင်နေခဲ့ပါပြီ။ တခြားလေးယောက်ကတော့ တစ်ပတ်မှာသုံးရက်တိတိ၀င်ဖို့အခွင့်အရေးရလာခဲ့ပါတယ်။ သူတို့ရဲ့၀ိညာဥ်လက်နက်တွေအပေါ်ထားတဲ့ စိတ်အားထက်သန်မှုအပေါ်ရွေးချယ်နေရာတွေကိုမှုတည်ပြီ တိုးတက်မှုတွေကလဲ ကွာခြားကြတယ်။ အရေးကြီးတဲ့သုတေသနတွေကိုတော့ ဘယ်သူမှမထိကြသေးပါဘူး။ ဒါပေမယ့် ဒီအုပ်စုအမျက်ဒေါသကျောင်းတော်ကိုသာ ပြန်ရောက်သွားပြီဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ဌာနတော့ အများကြီးတိုးတက်တော့မှာအမှန်ပါ။

အပိုင်း ၁၇၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset