Switch Mode

Chapter – 207

ချစ်သူ့ ကောင်မလေး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၇ – ချစ်သူကောင်မလေး

လုရှီယွင်သည် သန့်ရှင်းသပ်ရပ်သည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရှုန်းခွန်၏ အရှက်မရှိသည့်စကားများကို ကြားလိုက်ရသည်နှင့် အပြစ်ကင်းစင်သည့် သူမ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။ ထို့နောက်တွင်တော့ သူမ ပြုံးလိုက်ကာ သူမ၏မျက်ဝန်းမှာ လခြမ်းကွေး ပုံသဏ္ဌာန်ဖြစ်သွားသည်။

သူမ အပြုံးအား မြင်လိုက်ရသည့်အချိန်တွင် ရှုန်းခွန်၏ မျက်လုံးများ တောက်ပသွားရသည်။ သူသည် အရပ်ရှည်ကာ ကိုယ်ခန္ဓာတုတ်ခိုင်သည့်သူဖြစ်သော်လည်း အပြစ်ကင်းကာ ငယ်ရွယ်တက်ကြွသည့်မိန်းကလေးများအား နှစ်သက်လေ၏။ သားရဲအမျိုးသမီးများမှာ ဤပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် သူ သားရဲအမျိုးသမီးများကို မကြိုက်။

“တစ်နေ့ကျရင်တော့ နတ်ဆိုးဘုရင်ချူနဲ့ မိတ်ဆက်ပေးမယ် ..အဲဒီချိန်ကျရင်တော့ ငါ ပြောတာကို မင်းယုံလိမ့်မယ် ..သူက နာမည်ကြီးတာကို သိပါတယ် ..ဒါပေမဲ့ င့ါရှေ့မှာတော့ သူက ညီလေးတစ်ယောက်ပဲ..”

ရှုန်းခွန်၏ စကားများမှာ တစ်ဖြည်းဖြည်းပင် အမှန်တရားနှင့် ကင်းဝေးလာသည်။ သူ သူ့ပါစပ်ကို ပိတ်ရန် ပိုခက်ခဲလာသည်ကို တွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လုရှီယွင်ကို ကြည့်လေလေ သူစိတ်လွတ်လေလေပင်။ သူမ မျက်တောင်ခတ်လိုက်တိုင်း၊ ပြုံးလိုက်တိုင်း သူ့အတွက် အလွန်ဆွဲဆောင်မှု ရှိလှသည်။ ဤမိန်းကလေးနှင့် ပတ်သက်သည့် အရာအားလုံးမှာ ပြည့်စုံနေသည်။

ဟူရှန်းကတော့ အနည်းငယ် စိုးရိမ်လာသည်။ နတ်ဆိုးဘုရင်ချူသာ ဒီစကားတွေကို ကြားသွားရင် ဘယ်လိုလုပ်မလဲ ..ကံကောင်းစွာဖြင့် နတ်ဆိုးဘုရင်ချူမှာ ဤကဲ့သို့သော ပွဲမျိုးကို လာမည့်သူမျိုးမဟုတ်။

“ရှင် လျှောက်ပြောနေတာ..”

ရှားချန်းယုနှင့် ကျန်းလော့ရှန်း ကြားဖြတ်ဝင်ပြောလိုက်သည်။ ရှားချန်းယုသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ကာ “ကျွန်မ ရှင်တို့ထက် ချူဖုန်းအကြောင်းကို ပိုသိပါတယ်လို့ မပြောဘူး ..ဒါပေမဲ့ ရှင်တို့ လျှောက်ပြောနေတာကိုတော့သိတယ် ..ချူဖုန်းနဲ့ ကျွန်မက ကိစ္စတွေအတော်များများကို အတူတူ ဖြတ်ကျော်ဖူးတယ် ..သူက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်..”ေမဲ့ ရှင်တို့ လျှောက်ပြောနေတာကိုတော့သိတယ် ..ချူဖုန်းနဲ့ ကျွန်မက ကိစ္စတွေအတော်များများကို အတူတူ ဖြတ်ကျော်ဖူးတယ် ..သူက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်..”

ရှားချန်းယုစကားကြောင့် ရှုန်းခွန် အနည်းငယ်စိတ်ပျက်သွားရသည်။ သို့သော် သူ လှည့်ကြည့်လိုက်ပြီး ရှားချန်းယုနှင့် ကျန်းလော့ရှန်းအား မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ ပြိုင်ဘက်ကင်းအလှများကြောင့် သူ မှင်တက်သွားရသည်။

“မိန်းကလေးတို့ ဒီတစ်ခေါက်တော့ မင်းတို့ အရမ်းမှားသွားပြီ ..ငါက လျှောက်ပြောနေတာမဟုတ်ဘူး ..တစ်နေ့ကျရင် ငါ မင်းတို့ကို နတ်ဆိုးဘုရင်ချူဆီ ခေါ်သွားပေးမယ် ..အဲဒီအချိန်ကျရင် ငါ လျှောက်ပြောမပြောကို မင်းတို့ သိသွားလိမ့်မယ်” ရှုန်းခွန် ပြောလိုက်သည်။ “ခဏ ..ငါ ဒီမိန်းကလေးကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ..” ရှုန်းခွန် သူ့ကိုယ်သူ တွေးလိုက်သည်။

သူတို့ ယခင်က တကယ်တွေ့ဖူးကြသည်ပင်။ သို့သော် ရှုန်းခွန် သူတို့ကို မမှတ်မိ။

ထိုနေ့မှာ သူ ကံဆိုးခဲ့သည့်နေ့ပင်။ သူနှင့် အခြားသန္ဓေပြောင်းသားရဲများစွာ ချူဖုန်း၏ ဖိနှိပ်ခြင်း ခံခဲ့ရသည်။ သူတို့သည် ချူဖုန်းရှေ့၌ ခေါင်းငုံ့၍ရပ်နေခဲ့ရခြင်းဖြစ်သောကြောင့် ရှားချန်းယုကို သေချာမကြည့်နိုင်ခဲ့။ ဖြတ်ခနဲသာ တွေ့လိုက်ရသောကြောင့် ဤသည်မှာ သူ့မှတ်ဉာဏ်ထဲ စွဲထင်နေရန် မလုံလောက်။

ထို့အပြင် ရှားချန်းယုသည် ယနေ့တွင် အပြာရောင်မျက်ကပ်မှန်တပ်ဆင်ထားသောကြောင့် သူမ မျက်လုံးများမှာ ကြီးမားဝိုင်းစက်နေသည်။

ရှားချန်းယုလည်း ရှုန်းခွန်ကို မမှတ်မိ။ ဤပါတီကို သန္ဓေပြာင်းသားရဲများ တက်လိမ့်မည်ဟု မတွေးမိလောက်အောင် သူမစိတ်က ရိုးရှင်းလှသည်ပင်။

“ရတယ်လေ ..ရှင် ကျွန်မတို့ကို ချူဖုန်းနဲ့ တွေ့ပေးဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်ကျရင် ကျွန်မတို့ကို ခေါ်လိုက်လေ” ရှားချန်းယု တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။

“သေချာပေါက် ခေါ်မှာပေါ့..” ရှုန်းခွန် ရယ်မောလိုက်ပြီးနောက် ရှားချန်းယုထံသို့ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလိုက်သည်။ သူသည် ရှားချန်းယုနှင့် ဖုန်းနံပါတ်ချင်းပင် လဲလှယ်တော့မည်။

ရှားချန်းယုဘေး၌ ရပ်နေသည့် ကျန်းလော့ရှန်းကတော့ ကြောက်၍ တောင့်နေလေပြီ။ သူမ သူငယ်ချင်းကောင်းက ရှုန်းခွန်ကို မမှတ်မိသော်လည်း ဤလူမှာ လူသားအဖြစ် ပုံစံပြောင်းထားသည့် သားရဲတစ်ကောင်ဖြစ်ကြောင်း အစကတည်းက သတိထားမိခဲ့သည်ပင်။

ကျန်းလော့ရှန်းသည် လှပရုံသာမက လေ့လာအားလည်း ကောင်းလှသည်။ သူမသည် တစ်ခါမြင်ဖူးသည်နှင့် စိတ်ထဲချက်ချင်းမှတ်မိသွားသည်ပင်။ ယခု သူမ ဘာလုပ်ရမှန်းပင် မသိတော့။

သူမ ရပ်နေသည့်ပုံစံကို ပြောင်းလိုက်သည်။ ယခုအချိန်တွင် သူမသည် ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ မြေကြီးထဲ ခေါင်းဝင်မတတ် ခေါင်းငုံ့ထားလိုက်သည်။ သူမ အတတ်နိုင်ဆုံး သူမအလှ မပေါ်လွင်အောင် နေလိုက်သည်။

ရှုန်းခွန်နှင့် မျက်လုံးချင်းဆုံသွားမည်ကို သူမ အကြောက်ဆုံးပင်။ ထို့ကြောင့် သူမ အဝေးသို့ ကြည့်နေလိုက်တော့သည်။

“ချီးပဲ..” ကျန်းလော့ရှန်း တီးတိုးကျိန်ဆဲလိုက်သည်။ သူမ မတိုးသာမဆုတ်သာ ဖြစ်နေသည်။ ယခုအချိန်တွင် သူမ နောက်ပြန်လှည့်ရန် ခိုင်လုံသည် အကြောင်းပြချက်မရှိ။ သို့သော် သူမ နောက်ပြန်မလှည့်လျှင်လည်း ဤသားရဲကောင်ကြီး သူမကို မှတ်မိသွားလိမ့်မည်။ သူမ ဘလိုင်းဒိတ်ပါတီသို့လာသည့်သတင်းသာ ပေါက်ကြားသွားပါက မနက်ဖြန်ကျလျှင် အင်တာနက်တစ်ခုလုံး၌ သူမ နာမည်တစ်ခုတည်းသာ ကြီးစိုးနေလိမ့်မည်။

ကျန်းလော့ရှန်း သူမ အန်တီကို လိုက်ရှာလိုက်သော်လည်း မတွေ့တော့။

ထို့နောက် သူမ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ ဤသည်မှာ လုရှီယွင်ပင်။ ကျန်းလော့ရှန်း ပို၍ပင် စိတ်ပျက်သွားရသည်။ သူမသိသည့်လူတစ်ယောက်တိုးလာလေလေ သူမအဖော်ခံရဖို့အခွင့်အရေး ပိုများလာလေလေပင်။ သူတို့နှစ်ဦး ယခင်က တစ်ကြိမ်ထက်မက တွေ့ဖူးပြီး တိုင်ဟန်းတောင်၌ စကားပင် ပြောဖူးသေးသည်။

“သွားကြစို့..” သူမ ရှားချန်းယုကို တီးတိုးပြောလိုက်သည်။ ဤနေရာမှာ နေရန် မသင့်တော်တော့။

ကံကောင်းစွာဖြင့် သူမနှင့် အခြားသားရဲများကြားတွင် အကွာအဝေးတစ်ခု ရှိနေသေးသည်။ ရှုန်းခွန်တစ်ဦးတည်းသာ သူမတို့နားသို့ လျှောက်လာနေခြင်းပင်။

သို့သော် ခဏကြာပြီးနောက် ဟူရှန်းလည်း ရောက်လာသည်။ သူ လမ်းလျှောက်လိုက်တိုင်း သူ၏ရွှေရောင်ဆံနွယ်များ လေထဲလွင့်ပျံနေသည်။ သူသည် ရှားချန်းယုကို ယဉ်ကျေးမှုအရ ဦးညွှတ်လိုက်ပြီးနောက် “မင်္ဂလာညနေခင်းပါ မမလေး ..မင်းက ဒီညမှာ အလှဆုံး မိန်းကလေးပဲ ..မင်းအလှက လထက်တောင် တောက်ပတယ်” သူ မြှောက်ပင့်နေတော့သည်။

“အိုး ..ကျေးဇူးတင်ပါတယ်” ရှားချန်းယုမှာ အချိန်ကောင်း ရှိနေသည့်ပုံပင်။

“အမ် ..ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလား..” ဟူရှန်း ပို၍ နီးကပ်လာသည်။ သူမကို သူ ယခင်တွေ့ဖူးကြောင်း ဟူရှန်း သေချာသိနေသည်။

ကျန်းလော့ရှန်းမှာ အလွန်စိတ်လှုပ်ရှားနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဟူရှန်းသည် ရှုန်းခွန်ထက် ပိုထက်မြက်ပြီး သူမကို မှတ်မိသွားရန် အချိန်တစ်ခုသာ လိုအပ်သည်ကို သူမသိသည်။ သူမ ဤနေရာမှ ထွက်ပြေးရန် အကြောင်းပြချက်တစ်ခု စဉ်းစားလိုက်သည်။

“ငါ ဘာလို့ ဒီကိုရောက်နေတာလဲ ..ငါက ဘာလို့ ဒီလောက်တောင် ကံဆိုးနေတာလဲ ..ဒီလိုမျိုး ရှားပါးတဲ့ပွဲမျိုးမှာ ဘာလို့ ရင်းနှီးတဲ့မျက်နှာတွေအများကြီးနဲ့ လာတွေ့နေရတာလဲ ..နိုင်ငံ့နတ်ဘုရားမက ဟာသပျက်လုံးတစ်ခု ဖြစ်တော့မှာလား..” ကျန်းလော့ရှန်း ဤနေရာသို့ လာမိသည့်အတွက် အလွန်နောင်တရနေပြီဖြစ်သည်။

“ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ အလှလေး ..ကျွန်တော် မင်းနဲ့မိတ်ဆက်ပေးချင်တဲ့ သူငယ်ချင်းတစ်ချို့ရှိတယ်” ဟူရှန်း ပြောလိုက်သည်။ သူသည် ကျန်းလော့ရှန်းနှင့် ရှားချန်းယုအား သူနှင့်လိုက်လာရန် ဖိတ်ခေါ်နေခြင်းပင်။

“ရပါတယ်..” ရှားချန်းယုမှာ အပြောချိုချိုလေးများကို အတော်လေး ကျေနပ်နေသည့်ပုံပင်။

“မရဘူး ချန်းယု ..သွားရအောင်..” ကျန်းလော့ရှန်း ရှားချန်းယုကို ဆွဲဆိတ်လိုက်သည်။

“င့ါကို မစနဲ့တော့..” ရှားချန်းယု ရယ်မောလိုက်ကာ ကျန်းလော့ရှန်းလက်ကိုဆွဲပြီး သူမနှင့်အတူ ခေါ်သွားလေသည်။

ကျန်းလော့ရှန်း ဆွံ့အသွားရ၏။ “နင့်ကိုစတယ်ဟုတ်လား ..ငါ နင့်ကို စနေတာမဟုတ်ဘူး .. ငါတို့နှစ်ယောက်သာ ဒီနေရာမှာ ပေါ်သွားရင် ငါတို့နှစ်ယောက်လုံး ဒီမှာ ဆိုးဆိုးရွားရွား သေသွားလိမ့်မယ်” ကျန်းလော့ရှန်း မျက်နှာအမူအရာဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အသုံးမဝင်။ ရှားချန်းယုမှာ အခြေအနေကို နားမလည်သေး။ နောက်ဆုံးတွင်တော့ ကျန်းလော့ရှန်း မတတ်သာပဲ ရှားချန်းယုကို သူ၏သန္ဓေပြောင်းအားဖြင့် စောင့်ဆွဲလိုက်ရတော့သည်။

သို့သော် တစ်ယောက်ယောက် သူမကို မျက်စိကျသွားပြီဖြစ်သည်။ လုရှီယွင်သည် အစပိုင်းတွင် အံ့အားသင့်နေသော်လည်း နောက်ပိုင်းတွင် သူမမျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ကျန်းလော့ရှန်းထံသို့ အမြန်ပြေးသွားလိုက်ပြီး ကျန်းလော့ရှန်း လက်မောင်းကို ဖက်ထားလိုက်သည်။

ကျန်းလော့ရှန်း လုရှီယွင်ခါးကို ဆိတ်လိုက်ကာ “နင် င့ါလက်မောင်းကို လွှတ်ပေးရင် ငါ နင့်ကို နဂါးအရိုးပုတီးစေ့ ပေးမယ်..”

“နင် ဘာတွေပြောနေတာလဲ ..ငါ နားမလည်ဘူး” လုရှီယွင်မှာ ပြုံးနေဆဲပင်။

“အဲဒါဆိုလည်း နှစ်စေ့ ..ဒီထက်တော့ ပိုမပေးနိုင်ဘူး ..ငါ အဲဒီပုတီးစေ့တွေကို ခွန်းလွန်ကနေ ဈေးကြီးပေး ဝယ်လာရတာ ..” ကျန်းလော့ရှန်း တီးတိုးပြောပြီး လုရှီယွင် ခါးကို ထပ်ဆိတ်လိုက်သည်။

လုရှီယွင် မျက်လုံးလှန်လိုက်ကာ ကျန်းလော့ရှန်း၏ သွယ်လျသည့်ခါးကို ပြန်ဆိတ်လိုက်သည်။ “မရဘူး ..ပုတီးတစ်ကုံးမှရမယ်..”

“င့ါမှာ အဲဒီလောက် မရှိဘူး” ကျန်းလော့ရှန်း ပြောလိုက်၏။

“ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး” လုရှီယွင် စတင် ဓားပြတိုက်လေပြီ။

ကျန်းလော့ရှန်း ပြန်ဆိတ်လိုက်သည်။ “ငါ နင့်ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား ..တော်လိုက်တော့ မဟုတ်ရင် နင်က မိန်းမချင်းကြိုက်နေတဲ့သူပါဆိုပြီး မီဒီယာတွေကို ပြောလိုက်မယ် ..မင်း သတင်းထောက်တွေ အများကြီးနဲ့ သိတာကို နင်သိပါတယ်..”

“ဂရုမစိုက်ဘူး ..အဲဒါဆိုလည်း နင်ခေါ်လာတဲ့ အဲဒီမျက်လုံးဝိုင်းဝိုင်းနဲ့ အပြစ်ကင်းပုံပေါ်တဲ့မိန်းကလေးကို ငါ့အစ်ကိုနဲ့ လက်ထပ်ဖို့ တိုက်တွန်းပေး..” လုရှီယွင် ပြောလိုက်သည်။

“မဖြစ်နိုင်တာ ..ပေးစားပြီးလက်ထပ်တာတွေက အစောကြီးကတည်း ခေတ်ကုန်သွားပြီဆိုတာ နင်မသိဘူးလား ..ဒီမှာ လာရှုပ်မနေနဲ့တော့ ..မဟုတ်ရင် နင်က နင့်အဖေ၊ နင့်အစ်ကိုနဲ့ တစ်ခြားအမျိုးသမီးတွေကို သမီးရည်းစားစိတ်တွေနဲ့ သဘောကျနေတဲ့အကြောင်း တစ်မြို့လုံးသိအောင် လုပ်ပစ်မှာ..”

“နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်..”

“ဟုတ်တယ် ..ငါ လျှောက်ပြောနေတာ..”

ဘာဖြစ်နေတာလဲ ..ချူဖုန်းသည် ဘေးဘက်၌ သေချင်ဟန်ဆောင်နေဆဲပင်။ မိန်းကလေးနှစ်ဦးသည် ဦးနှောက်လှိုင်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦးကို ခြိမ်းခြောက်နေကြသော်လည်း သူတို့သည် ချူဖုန်း၏တည်ရှိမှုကို မေ့နေကြသည်။ သူသည် အချုပ်အနှောင်လေးခု ချိုးဖျက်ထားသည့်သူဖြစ်သောကြောင့် သူမတို့ ပြောနေသည့်စကားများကို ရှင်းရှင်းလင်းလင်းပင် ကြားနေရသည်။

“ခွင့်ပြုပါဦး ..မိန်းမလှလေး ..မင်းကို တော်တော်လေး ရင်းနှီးနေသလိုပဲ..” ဟူရှန်း သူ့သံသယကို ထုတ်ပြောလာသည်။ ကျန်းလော့ရှန်း သူနှင့် တည့်တည့်မျက်နှာချင်းဆိုင်နေခြင်းမဟုတ်သော်လည်း ဟူရှန်းမှ သူမကို သတိပြုမိသွားဆဲပင်။

ဟူရှန်းသည် မြေခွေးဖြစ်သောကြောင့် မွေးရာပါ ဉာဏ်ကောင်းသည်ပင်။ လေထုထဲမှ ထူးဆန်းမှုများကို သူ အရင်ဆုံး သတိပြုမိသွားသည်။

“ဟေး ..မင်း ပြောတာဟုတ်တယ် ..သူ့ကို တော်တော်လေး ရင်းနှီးနေသလိုပဲ ..သူက အရင်တုန်းက ငါ့ညီအစ်ကို ဒိတ်ဖူးတဲ့သူနဲ့တူယ်” ရှုန်းခွန် ပြောလိုက်သည်။

“ရှင့်ညီအစ်ကိုက ဘယ်သူလဲ..” လုရှီယွင် မေးလိုက်သည်။ သူမ ပြုံးနေဆဲပင်။ ရှုန်းခွန်အတွက်တော့သူမအပြုံးမှာ ဤလောကတွင် အချိုမြိန်ဆုံးအရာပင်။ “ချူဖုန်းပေါ့..” သူ တွေးပင်မတွေးပဲ ဖြေလိုက်သည်။

ကျန်းလော့ရှန်း၏မျက်လုံးများ ဒေါသဖြင့် အရောင်လက်လာသည်။ သူမ လုရှီယွင်ကို စိုက်ကြည့်လိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ..ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျွန်မနဲ့ခင်တဲ့ သူငယ်ချင်း ..အဲဒီသောက်နတ်ဆိုးဘုရင်ချူ မပြောနဲ့ ..သူ ဘယ်သူမှ မဒိတ်ဖူးဘူး ..သူ နတ်ဆိုးဘုရင်ချူကို သိတောင် မသိဘူး..” ရှားချန်းယု အခြေအနေကို ထိန်းညှိရန် ကြိုးစားလိုက်သည်။

“သူနဲ့တူတယ်လို့ပဲ ပြောတာပါ ..သူက ငါ့ညီအစ်ကို အရင်က ဒိတ်လုပ်ခဲ့ ကောင်မလေးနဲ့တူတယ်လို့ ပြောတာ ..ကြည့်လေ တူလေပဲ..”

ရှန်းခွန်မှာ ဟူရှန်းလောက် မထက်မြက်ပေ။ ဘာဖြစ်နေသည်ကို ယခုအချိန်ထိ သူ မသိသေး။ “ဟုတ်တယ် ..သူတို့တွေက တော်တော်လေး တူတယ်” ဟူရှန်း ဤကဲ့သို့ ပြောလာသည့်အချိန် သူ အံ့အားသင့်သွားခဲ့ရသည်။

ရှန်ုးခွန်သည် ဤကဲ့သို့သော အခြေအနေများကို နားလည်ရန် အလွန်နှေးကွေးလွန်း၏။ ဤသည်မှာ သူတို့၏ ဝက်ဝံနက် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့်အမွေပင်။ သူ့ရှေ့၌ ရှိနေသည့်သူမှာ နိုင်ငံ့နတ်ဘုရားမ ကျန်းလော့ရှန်းကိုယ်တိုင်ပင်ဖြစ်ကြောင်း ယခုထိ သူ မသိသေး။

ဟူရှန်းကတော့ ကြောက်လွန်း၍ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီဖြစ်သည်။ ဤအမျိုးသမီးမှာ နိုင်ငံနတ်ဘုရားမဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။

“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ ..မဟုတ်ရင်တော့ ကျွန်မကို ရိုင်းတယ်လို့ လာမပြောနဲ့နော်..” ရှားချန်းယု ခြိမ်းခြောက်လိုက်သည်။

“ဟေး ..ငါက တူတယ်လို့ပဲ ပြောတာပါ ..ခန့်မှန်းရုံ ခန့်မှန်းလိုက်တာ ..သူက င့ါညီအစ်ကိုကောင်မလေးလို့ ငါ မပြောပါဘူး ..တူတယ်လို့ပဲ ပြောတာပါ ..ပြီးတော့ ဒါက မင်း သူငယ်ချင်းကို ချီးကျူးလိုက်တာလို့ ပြောလို့ရတယ်နော် ..သူ့ကောင်မလေးက ဘယ်လောက်တောင် နာမည်ကြီးလဲဆိုတာ မင်းသိလား ..သူ့ကောင်မလေးက နိုင်ငံ့နတ်ဘုရားမ ကျန်းလော့ရှန်းနော်..” ရှုန်းခွန်မှာ ယခုထိ မသိသေး။

“ဟား ဟား ဟား ..” လုရှီယွင် ရယ်နေသည်ကို မရပ်တန့်နိုင်တော့။

ကျန်းလော့ရှန်း၏ နဖူးထက်တွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာသည်။ “ငါ သွားပြီ..” ကျန်းလော့ရှန်း ပြောလိုက်၏။

သို့သော် လုရှီယွင်သည် ကျန်းလော့ရှန်းလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်ပင်။ အပြင်ပန်းကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးသည့် သူငယ်ချင်းများပင်။

သိပ်မဝေးသည့်နေရာ၌ သူတို့အား ကျောပေးထိုင်နေသည့် ချူဖုန်း၏ မျက်နှာထက်တွင် အနက်ရောင်လှိုင်းများ ဖြစ်ပေါ်လာသည်။ “ဒါက တော်တော်လေးကို ကို့ယို့ကားယားနိုင်တာပဲ..” ချူဖုန်း ကျိန်ဆဲလိုက်၏။ သူကဘာလို့ ကျန်းလော့ရှန်း၊ လုရှီယွင်နဲ့ အဲဒီငတုံးကောင် ဝက်ဝံနက်ကြီးကို တစ်နေရာတည်းမှာ တွေ့နေရတာလဲ..

“ပါးစပ်ပိတ်တော့..” ဟူရှန်း ရှုန်းခွန်ကို ပြောလိုက်သည်။ ကျန်းလော့ရှန်း ချူဖုန်းအား ပြန်ပြောပြမည်ကို သူ အလွန်ကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သည်။

နိုင်ငံ့နတ်ဘုရားမသည် သူမနှင့် ချူဖုန်းကြားမှ ဆက်ဆံရေးကို အတည်မပြုသေးသော်လည်း သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်နှစ်သက်ကြလိမ့်မည်ဟု သူ ယုံကြည်သည်။

“ဘာလို့လဲ..” ရှုန်းခွန် စိတ်ရှုပ်ထွေးသွားပုံ ပေါ်သည်။

“ငါတို့နတ်ဘုရားမကျန်းက ချူဖုန်းနဲ့ ဘာမှမဆိုင်ဘူး ..သူတို့ကြားမှာ ဆက်ဆံရေးတစ်ခုရှိမယ်ဆိုရင်တောင် အဲဒါက သူငယ်ချင်း ဆက်ဆံရေးပဲ..” ဟူရှန်း သူ့ချွေးစေးများကို သုတ်၍ ပြောလိုက်သည်။ နိုင်ငံ့နတ်ဘုရားမကို သူ မဆန့်ကျင်ချင်။

“မဟုတ်သေးဘူး ညီအစ်ကိုချူ ..မင်းပြောတော့ ကျန်းလော့ရှန်းနဲ့ နတ်ဆိုးဘုရင်ချူကြားက ဆက်ဆံရေးက မရှင်းဘူး၊ သူတို့ ခိုးချစ်နေကြတာဖြစ်နိုင်တယ်ဆို ..မင်း ကိုယ်တိုင် ပြောခဲ့တာလေ မှတ်မိလား..”

ယခုအချိန်တွင် ကျန်းလော့ရှန်း၏ မျက်လုံးများမှာ မီးတောက်များ ပွင့်ထွက်လာတော့မတတ်ပင်။ ယခုတော့ သူမနောက်ကွယ်တွင် လူများ သူမအား မည်ကဲ့သို့ ပြောဆိုနေသည်ကို သူမ သိလိုက်ရလေပြီ။

ဟူရှန်းမျက်နှာကတော့ အစိမ်းရောင် ပြောင်းနေလေပြီ။ သူသည် ရှုန်းခွန်ကို ဘေးဘက်သို့ ဆွဲခေါ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်တော့..”

“ဘာလို့လဲ..” ရှုန်းခွန် ရှုပ်ထွေးနေသည့်ပုံပင်။

“ဒါက ကျန်းလော့ရှန်းပဲ..” ဟူရှန်း တီးတိုးပြောလိုက်သည်။

“ဟမ်..” ရှုန်းခွန် ဆွံ့အသွားရ၏။

ယခုအချိန်တွင် ကျန်းလော့ရှန်း၏မျက်နှာထက်၌ လူသတ်ချင်သည့် အငွေ့အသက်များ ထွက်ပေါ်လာလေပြီ။ “ကျွန်မ ရှင့်ကို သတိပေးလိုက်မယ် ..ဒီနေရာမှာရှိတဲ့လူတစ်ယောက်မှ ဒီအကြောင်းကို ထုတ်မပြောရဘူး ..ပြီးတော့ ကျွန်မထပ်ပြောလိုက်မယ် ..ကျွန်မနဲ့ ချူဖုန်းကြားမှာ ဘာကိစ္စမှမရှိဘူး ..ဒီလိုမျိုး စွပ်စွဲပြောဆိုနေတာကို ထပ်ကြားရလို့ကတော့ နောက်နေ့မနက် ရှင်အလောင်းဖြစ်သွားရင် ကျွန်မကို အပြစ်မတင်နဲ့..”

ဟူရှန်းသည် ပလုတ်တုတ်ဗုံတစ်လုံးကဲ့သို့ ခေါင်းငြိမ့်လိုက်သည်။ “တောင်းပန်ပါတယ် ..ကျွန်တော်တောင်းပန်ပါတယ် ..ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ..ကျွန်တော် တောင်းပန်ပါတယ်..” ဟူရှန်း ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။

ရှုန်းခွန်သည် ဉာဏ်မကောင်းသော်လည်း သူ၏လေတိုက်ရာဘက်ယိမ်းတတ်သည့်စွမ်းရည်ကတော့ အထူးစပါယ်ရှယ်ပင်။ “ဟုတ်တယ် ဟုတ်တယ် ..ငါတို့ရဲ့ နိုင်ငံ့နတ်ဘုရားမက အားလုံးအထက်မှာ ရှိနေတဲ့သူပဲ ..ငါတို့နတ်ဘုရားမက ဘယ်လိုလုပ် ချူဖုန်းလိုလူမျိုးနဲ့ ဒိတ်ရမှာလဲ ..သူက ဘယ်သူမို့လို့လဲ ..သူက ငါတို့နိုင်ငံ့နတ်ဘုရားမနဲ့ မထိုက်တန်ဘူး..”

ချူဖုန်းသည် အဝေး၌ သေချင်ယောင်ဆောင်နေဆဲပင်။ အပေါ်ယံ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ထိုခွေးမသားလေးကို ရိုက်နှက်ပစ်ချင်နေပြီဖြစ်သည်။

လုရှီယွင် ရယ်မောနေဆဲဖြစ်ပြီး သူ့အပြုံးမှာ တောက်ပနေဆဲပင်။ သူမ အကြည့်များကတော့ ထောင့်အလွတ်တစ်နေရာ၌ နံရံကို မျက်နှာမူ၍ ထိုင်နေသည့် ချူဖုန်းထံ၌သာ ရှိနေသည်။

ရှုန်းခွန်းကတော့ အနည်းငယ် ရှက်လာလေသည်။ “အစောပိုင်းက ဖြစ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ ..နားလည်မှု လွဲသွားတာပါ ..ဒါပေမဲ့ ချူဖုန်းက တကယ် ကျွန်တော့် ညီအစ်ကိုပါ” ရှုန်းခွန်သည် ကြွားဝါရန် ကြိုးစားနေဆဲပင်။

“နင် အဲဒါကို ဘာလုပ်မှာလဲ..” လုရှီယွင် ကျန်းလော့ရှန်းကို မေးလိုက်သည်။

“ဘာကိုလုပ်တာလဲ..”

“ရှုန်းခွန် အခု ပြောလိုက်တဲ့ကိစ္စလေ..” ကျန်းလော့ရှန်း အလွန်စိတ်တိုနေပုံပေါ်သော်လည်း ကျန်းလော့ရှန်းကတော့ ဖိအားပေးနေဆဲပင်။

“နင် ဘာလိုချင်တာလဲ..” ကျန်းလော့ရှန်း မေးလိုက်သည်။ သူမ သတိကြီးကြီးထားနေသည်။ ကိစ္စများမှာ သူမထင်ထားသည်ထက် ပိုသာလွန်နေကြောင်း သူမ အလိုလိုသိစိတ်မှ ပြောပြနေသည်။

“ဟေး ..သေချင်ဟန်ဆောင်မနေနဲ့..” လုရှီယွင် ထောင့်တစ်နေရာ၌ လူအုပ်ကို ကျောပေးထိုင်နေသည့်အမျိုးသားကို ပြောလိုက်သည်။

“အဲဒီလူကို ငါ ရင်းနှီးနေသလိုပဲ..” ရှုန်းခွန် ပြောလိုက်သည်။

ဟူရှန်းမျက်နှာသည် ယခုမှ ပုံမှန်အရောင်ပြန်ဖြစ်သွားခြင်း ဖြစ်သော်လည်း ချက်ချင်းပင် ပြန်စိမ်းသွားလေ၏။ “အိုးမိုင်ဂေါ့ ..သူက ဘာလို့ ဒီရောက်နေတာလဲ ..ဝှက်သယ်ဖက်..” သူ့စိတ်ထဲ ကျန်ဆဲလိုက်သည်။

အပိုင်း ၂၀၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset