Switch Mode

Chapter – 5

ကောင်းကင်ကို အာခံနိုင်သော စွမ်းအား

Chapter – 5 ကောင်းကင်ကို အာခံနိုင်သော စွမ်းအား

ကျောက်ဟိုင် စိတ်လှုပ်၇ှားမှုကို ထိန်းချုပ်ပြီး မှော်နှင်တံလိုလိုထင်ရတဲ့ ကြမ်းပိုးကြိမ်လုံးကို ကောက်ကိုင်လိုက်သည်။ တဆက်ထဲမှာပဲ အသံထွက်လာ၏။

“ ကပ်ရောဂါဖန်တီးနိုင်သော လက်နက်၊ အဆင့်တစ် ကောက်ပဲသီးနှံတွေစားတဲ့ အန္တရာယ်ရှိတဲ့အင်းစက်တွေကို ထုတ်ပေးနိုင်တယ်။ တစ်နေ့ကို အကြိမ်ငါးဆယ်အထိ သုံးနိုင်တယ်။ နေရာလပ်ဒေသပြင်ပကိုလည်း ယူဆောင်နိုင်ပါတယ်”

“ ပေါင်းပင်တွေထုတ်ပေးနိုင်တဲ့လက်နက် အဆင့်တစ်၊ ကောက်ပဲသီးနှံတွေ အာဟာရဓာတ်ကိုစုပ်ယူရာမှာ အနှောင့်အယှက်ပေးနိုင်တဲ့ ပေါင်းပင်တွေ၊ မြက်ပင်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို အကြိမ်ငါးဆယ်အထိ အသုံးပြုနိုင်ပါတယ်။ နေရာလပ်ဒေသပြင်ပကိုလည်း ယူဆောင်သွားနိုင်ပါတယ်”

ကျောက်ဟိုင်ပင် မှင်တက်မိပေသည်။ ဒီနှစ်ခုက ပစ္စည်းကောင်းတွေပဲ။

နောက်အခြားထူးထူးခြားခြားမ၇ှိတော့တာမို့ တဲအိမ်လေးထဲကထွက်ပြီး စပါးကျီထဲသွားလိုက်သည်။

ထိုစပါးကျီထဲတွင် ပစ္စည်းကောင်းတွေပိုရှိမယ်လို့ သူထင်နေမိသည်။ ဒီတဲထဲမှာလည်း မျိုးစေ့ထည့်တဲ့အိတ်တွေ မတွေ့ခဲ့ဘူးမဟုတ်လား။

စပါးကျီက သာမန်တဲအိမ်လေးပဲဖြစ်သည်။ သစ်သားတံခါးနဲ့ဖြစ်ပြီး အခြားထူးထူးခြားခြားဘာမှမတွေ့ရပေ။

သစ်သားတံခါးကို ကျောက်ဟိုင်ထိလိုက်တော့ အသံထွက်ပေါ်လာ၏။

“ စပါးကျီ အဆင့်တစ်၊ ပစ္စည်းတွေသိုလှောင်နိုင်ပါတယ်။ အကန့်အသတ်မဲ့ဖြစ်တာမို့ ဘယ်လောက်ထည့်ထည့်မပြည့်ပါဘူး။ လောလောဆယ်ရှိတဲ့မျိုးစေ့ကတော့ ကောက်ရိုးစေ့ခြောက်ထုပ်ပါ”

‘ကောက်ရိုးစေ့’

ကျောက်ဟိုင် ရေရွတ်လိုက်တာနဲ့ သူ့မျက်စိေ၇ှ့တွင် ကောက်ရိုးစေ့လို့ရေးထားတဲ့ အထုပ်ငယ်ခြောက်ထုပ်ပေါ်လာသည်။

ကျောက်ဟိုင်ခဏတော့ စိတ်ရှုပ်နေပေမယ့် နောက်တော့ပျော်သွားသည်။ သူအစကတော့ ဒီစပါးကျီကိုဘယ်လိုသုံးရမယ်ဆိုပြီး တွေးရကျပ်နေခဲ့တာအခုတော့ အတွေးတစ်ချက်ပဲလိုသည်မို့ ၀မ်းသာသွားရသည်။

သူ သစ်သားတံခါးကိုတွန်းဖွင့်ကြည့်ပေမယ့် မပွင့်သွားချေ။ ထို့ကြောင့် တဲအိမ်လေးထဲပဲ ပြန်ဝင်လာလိုက်သည်။

အိမ်လေးထဲရှိ ကောက်ရိုးအိပ်ယာပေါ်ထိုင်လိုက်ရင်း သူရှာဖွေတွေ့ရှိခဲ့တာတွေကို အစဉ်တိုင်းပြန်စဉ်းစားလိုက်သည်။

စိုက်ပျိုးလို့ရတဲ့ ယာခင်းတွေရှိတယ်။ ရိတ်သိမ်းမယ့်အချိန်ကိုမြန်ဆန်စေနိုင်တဲ့ မြေဆီလွှာတွေရှိတယ်၊ဆယ်ဆ တောင်မြန်ဆန်နိုင်တာဖြစ်တယ်။ ရေတွေကလည်း ဆယ်ဆမြန်ဆန်နိုင်သေးတယ်။ တူရွင်းတွေ၊ ရေပုံးတွေ၊ ခြင်းတောင်းတွေကလည်း အသုံးဝင်တယ်။ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ ပိုးကောင်တွေထုတ်နိုင်တဲ့လက်နက်နဲ့ မြက်ပင်တွေထုတ်နိုင်တဲ့လက်နက်တွေကလည်း အသုံးဝင်လေတယ်။ သူ့အနေနဲ့ ဒီပစ္စည်းတွေကိုပြင်ပကိုလည်း ယူနိုင်သေးတယ်။ ဒါတွေသာရှိနေလို့ကတော့ ငတ်သေမှာစိုးရိမ်ဖို့မလိုပေ။

အထူးသဖြင့် စပါးကျီပင်၊ အကန့်အသတ်မဲ့သိုလှောင်နိုင်တယ်ဆိုတာနဲ့တင် ကျောက်ဟိုင် အပျော်ကြီးပျော်နေလေပြီ။

အာ့ဆုကုန်းမြေကြီးမှာ နေရာလပ်သိုလှောင်ပစ္စည်းတွေရှိသည်။ နေရာလပ်စွမ်းအားပိုင်ဆိုင်တဲ့မှော်ဆရာမတွေက ထုတ်လုပ်နိုင်ခြင်းပင်။ သို့သော်ထိုသို့သော်မှော်ဆရာမတွေက ရှားပါးလွန်းလှသည်မို့ အထက်တန်းလွှာက အဘိုးအိုကြီးတွေဆီမှာပဲ ရှိနိုင်၏။

ဒါ့အပြင် သူတို့ပိုင်ဆိုင်တဲ့သိုလှောင်ပစ္စည်းတွေက အများဆုံး ကုဗစင်တီမီတာရာကျော်သာဆန့်လေသည်၊ ထိုအရာတွေက စပါးကျီနှင့်ယှဉ်လို့ကိုမရချေ။ ဒါကိုတောင်မှ ထိုသိုလှောင်ပစ္စည်းတွေကို နတ်ဘုရားအဆင့်လက်နက်ဆိုပြီး သတ်မှတ်ကြသေးသည်။ စပါးကျီလောက်ကျယ်ဝန်းတဲ့ပစ္စည်းဆိုတာကတော့ ပြင်ပလောကတွင် လုံးဝမတည်ရှိပေ။

ပိုပြီးအရေးကြီးတာက အာ့ဆုကုန်းမြေမှာရှိတဲ့ သိုလှောင်ပစ္စည်းတွေက သက်၇ှိအရာတွေကို ထည့်နိုင်ခြင်းမ၇ှိပေ။ သို့သော်စပါးကျီကတော့ ထိန်းသိမ်းထားနိုင်ပေသည်။ သူ့အနေနဲ့ အရန်ကုန်ပစ္စည်းတွေကိုလည်း အစုလိုက်အပုံလိုက် သိမ်းထားနိုင်ပေသေးသည်။

သူဂိမ်းရဲ့အချက်အလက်များကို လေ့လာပြီးသြွာ့းပီမို့လို ဒီစနစ် အလုပ်လုပ်ပုံကိုသိနေပြီ။ သူအဆင့်တက်လာတာနဲ့ စားကျက်မြေတွေဖွင့်နိုင်ပြီး လုပ်နိုင်စွမ်းပိုများလာမှာဖြစ်သည်။

သူအရင်ဆုံးလုပ်ရမှာက ယာဆယ်ကွက်ကို စိုက်ပျိုးဖို့ပင်။ နောက်တော့ ပြင်ပကိုယူဆောင်ပြီး အနက်ရောင်လွင်တီးခေါင်မြေကို ပြောင်းလဲရပေမည်။ သူ့မှာ ကောက်ရိုးစေ့ခြောက်ထုပ်ရှိသည်။ ရွှေပြားငါးရာလည်းရှိသေးသည်။ သူအလိုရှိတဲ့မျိုးစေ့ကိုဆိုင်မှာဝယ်လို့လည်းရပေသည်။

ယာဆယ်ကွက်ကို စိုက်ပျိုးဖို့ ဒါကိုတွေးမိတော့ ကျောက်ဟိုင် ကို့ယို့ကားယားပြုံးလိုက်ဖြစ်သည်။ သူက မြို့ကြီးပြကြီးမှာကြီးပျင်းခဲ့တဲ့အပြင် ကွန်ပျူတာရှေ့ကနေတစ်နေကုန်မခွာသူဖြစ်သည်။ ဒါကြောင့်မို့ မုယောစပါးပင်၊ ပဲပိစပ်ပင်၊ နှမ်းပင်၊ ဘာလီပင်နှင့် ဆန်တို့ကိုတောင်မခွဲတတ်ပေ။ တကယ်တမ်း စိုက်ပျိူးရမယ်ဆိုတဲ့အခါ ဘယ်ကဘယ်လို စလုပ်ရမယ်ကို မသိချေ။

ကျောက်ဟိုင် စပါးကျီထဲက ကောက်ရိုးစေ့တွေကို တစ်ချက်ကြည့်လိုက်သေးသည်။ လောလောဆယ်ဒါတွေက သူ့အတွက်အသုံးမ၀င်သေး၊ သူ့အတွက်လိုတာက စားဖို့ပင်။

ဒါကြောင့်ဆိုင်ထဲကိုပဲ အရင်ဝင်လိုက်သည်။ ဆိုင်ထဲမှာတော့ မျိုးစေ့တွေကို အပေါ်တွေရော၊ အောက်ဘက်မှာပါ အစဉ်လိုက်ပြထားသည်။ ဘယ်မျိုးစေ့က ဘယ်အဆင့်ရှိကာ ဘယ်လောက်ကျသင့်တယ် စသဖြင့်….။

စက်တင်တွေကအစ ဂိမ်းထဲကနဲ့အတူတူပင်ဖြစ်သည်။ သူက အဆင့်တစ်ပဲရှိသေးတာမို့ သူစိုက်ပျိုးထွန်ယက်နိုင်တာကလည်း အဆင့်တစ်တွေဖြစ်တဲ့ ကောက်ရိုးစေ့၊ မုန်လာဥဖြူ၊ မုန်လာဥနီနှင့် ဂေါ်ဖီထုပ်တို့သာဖြစ်သည်။

သူအဆင့်နှစ်ကို နှိပ်ကြည့်သည့်အခါ အဆင့်မလုံလောက်ပါဆိုတဲ့ စာတန်းက ပေါ်လာသည်။ ဒါတွေကလည်း ဂိမ်းထဲကနှင့်အတူတူပင်ဖြစ်သည်။

ကျောက်ဟိုင်မှာရွေးစရာလေးမျိုးသာရှိရာ သူချက်ချင်းပဲ မုန်လာဥဖြူကို ရွေးလိုက်တော့သည်။ မုန်လာဥဖြူက တစ်ထုပ်ကို ရွှေပြားတစ်ရာပေးရပြီး ယာဆယ်ကွက်အတွက်လုံလောက်သည်။ ထိုယာဆယ်ကွက်ကနေ မုန်လာဥဖြူ ရှစ်ထောင်ကက်တီနီးပါးထွက်နိုင်သည်။ ထိုရှစ်ထောင်ကတ်တီက ရွှေပြားငါးရာတန်ကြေးရှိပေသည်။

ကမ္ဘာမြေမှာဆိုရင် ရွှေဒင်္ဂါးငါးရာကို ယွမ်ငါးသောင်းတန်ကြေးရှိသည်။ ရွှေဒင်္ဂါးတစ်ပြားကို 100RMB ရှိသည်၊ ငွေဒင်္ဂါးတစ်ပြားကို 10 RMBရှိပြီးတော့ ကြေးဒင်္ဂါးတစ်ပြားကိုတော့ 0.1 RMBရှိလေသည်။

ဒီလိုမျိုးတွက်ချက်ကြည့်မယ်ဆိုရင် မုန်လာဥဖြူစိုက်တာက အတော်လေးကိုတွက်ချေကိုက်သေသည်။ သို့သော် ဂေါ်ဖီထုပ်နဲ့ မုန်လာဥနီတို့နဲ့တော့ မယှဉ်နိုင်ပေဘူး။ သူမုန်လာဥဖြူကို ရွေးခဲ့တာကလည်း ပိုက်ဆံများများရှာနိုင်တာကြောင့်တော့မဟုတ်ချေ။

သူအရင်ဂိမ်းကစားခဲ့တဲ့ရလဒ်အရ မုန်လာဥဖြူက မြန်ဆန်စွာ စိုက်ပျိုးပြီး ရိတ်သိမ်းနိုင်သောကြောင့်ပင်။ လက်၇ှိအခြေအနေအရ သူ့အဆင့်ကိုမြှင့်တင်ဖို့လိုအပ်နေပေသည်။ ဒါကြောင့် မုန်လာဥဖြူစိုက်တာက အဆင်အပြေဆုံးပင်။

သူက ပြင်ပကိစ္စတွေကိုစိတ်မ၀င်စားတတ်တဲ့လူတစ်ယောက်မို့ အပြင်ထွက်ရတာကိုလည်း မကြိုက်ပေ။ သူထွက်ရမယ်ဆိုရင်တောင် အချိန်တိုအတွင်းမှာ တတ်နိုင်သမျှ မြန်မြန်လုပ်ပေသည်။ သူဘာမှမလုပ်ခင်မှာ အရင်ဆုံးသူနဲ့အဆင်ပြေမယ့်နည်းလမ်းကို တွေးတောတတ်၏။ သူလုပ်စရာမရှိဘဲ အားလပ်ချိန်တိုင်း ထိုသို့တွက်ချက်နေတတ်သည်။

အလားတူပင် ယခုလည်း ထိုသို့တွက်ချက်နေခဲ့သည်ပေ။ ခဏကြာမှသာ အဆင်ပြေဆုံးဖြစ်တဲ့ မုန်လာဥဖြူတစ်ထုပ်ကို ၀ယ်ယူလိုက်သည်။

၀ယ်ပြီးသွားတဲ့အခါ သူ့ေ၇ှ့မှာမပေါ်လာဘဲ စပါးကျီထဲရောက်သွားသည်။ သူတွေးလိုက်တဲ့အခါမှာတော့ မျက်စိေ၇ှ့တွင် ပေါ်လာ၏။

အထုပ်ကလေးက သေးငယ်ကာ အထဲတွင်ဘာမှမပါသလောက် ပြားကပ်နေသည်။ သူထိလိုက်တဲ့အခါ အသံထွက်လာ၏။

“ မုန်လာဥဖြူစေ့ အဆင့်တစ်၊ စိုက်ပျိုး၇န်အသင့် အပြင်ကိုလည်း ယူသွားလို့ရ”

မုန်လာဥဖြူရဲ့မျိုးစေ့ထုပ်ကိုကိုင်ပြီး တဲအိမ်ထဲကထွက်ကာ ယာခင်းဘက်ထွက်လာလိုက်သည်။ သို့သော် ယာခင်းကိုကြည့်ပြီး သူတွေဝေသွား၏။

သူက မျိုးစေ့ဝယ်ပြီးတာတော့ဟုတ်ပါပြီ စိုက်တော့မစိုက်တတ်ပေ။ သူစိတ်ညစ်သွားပြီး မျိုးစေ့ကို စပါးကျီထဲပြန်ထားမယ်ပြင်ပြီးမှ တစ်ခုကိုတွေးမိသွားသည်။

ဂိမ်းထဲမှာဆိုရင် စိုက်ပျိုးတာတွေ၊ဘာတွေကို လက်လေးနဲ့လိုက်တို့ရုံတင်လုပ်ရသည်မဟုတ်လား။ အခုလည်း ဒီနေရာလပ်ဒေသက ကိစ္စတွေကိုလည်း သူစိတ်လေးနဲ့တင် ပြီးစီးအောင်လုပ်နိုင်တာမဟုတ်လော။ အခုလိုစိုက်ပျိုးတာကလည်း ထိုသို့ပင်ဖြစ်နိုင်ပေသည်။

ကျောက်ဟိုင် သူ့စိတ်ထဲတွင် မုန်လာဥဖြူစိုက်ရန်လို့တွေးလိုက်တာနဲ့ မျိုးစေ့ထုပ်က သူ့လက်ထဲကထွက်သွားကာ ယာခင်းတစ်ခုပေါ်ပျံဝဲလို့နေသည်။ မြေကြီးထဲစိုက်ထားတဲ့တူရွင်းကလည်း မြောက်တက်လာကာ ယာခင်းတစ်ခုရှိ မြေကို အလိုလိုထိုးဆွသည်။ ထိုသို့ထိုးဆွကာ တွင်းတစ်ခုပေါ်လာလျှင် မျိုးစေ့ထုပ်ထဲက မျိုးစေ့တစ်စေ့ထွက်လာကာ ထိုတွင်းထဲဝင်သွားသည်။ ထိုသို့ဝင်ပြီးသွားတဲ့အခါ စမ်းချောင်းနားက ရေပုံးက ရောက်လာပြီး ရေလောင်းသည်။ နောက် တူရွင်းက တွင်းကိုပြန်ပိတ်လိုက်လေသည်။ နောက်တစ်ခါ တူရွင်းက ထပ်တူးဆွပြန်ကာ တွင်းတစ်ခုတူးပြန်သည်။ နောက်ရေလောင်းကာ တွင်းပြန်ပိတ်လိုက်ပြန်သည်။ ထိုသို့ဖြင့် စိုက်ပျိုးခြင်းအမှုကို အလိုလိုဆက်လုပ်နေကြပေ၏။ ကျောက်ဟန်မှာ ဘာမှပင်လုပ်ဖို့ပင်မလိုပေ။

ကျောက်ဟိုင်လည်း ဒါတွေကိုမြင်တော့ ၀မ်းသာအားရအော်ရယ်လိုက်တော့သည်။ သူက ဒီနေရာလပ်ဒေသရဲ့နတ်ဘုရားတစ်ပါးလို့ပင် ခံစားနေရသည်။ သူ့အတွေးတစ်ချက်နဲ့တင် အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေသည်မဟုတ်လား။

ထိုအချိန်တွင် အတွေးတစ်ချက်ဝင်လာ၏။ သူပျောက်နေတာကိုသာ ဂရင်းသိသွားရင် ပြဿနာတွေတက်လာမည်မဟုတ်ပါလား။ သူအတွေးနဲ့တင် ရဲတိုက်ထဲက အိပ်ခန်းထဲပြန်ရောက်သွားသည်။

ကောင်းကင်ကလည်း မပြောင်းလဲသေးချေ။ မည်သူမှလည်း အခန်းထဲမ၀င်လာရသေးသလို ခံစားရပေသည်။ ကြည့်ရတာတော့ နေရာလပ်ဒေသက အချိန်နှင့် ပြင်ပဒေသက ကွာခြားမှုရှိပုံရပေသည်။

ကျောက်ဟိုင် အော်ရယ်ချင်လာသည်။ ဒီလိုနှုန်းနဲ့သာဆိုရင် သူက ဒီလောကကြီးရဲ့နယ်မြေအရှင်ဖြစ်လာပေလိမ့်မည်။ အေဒင်အတွက် လက်စားချေဖို့ကိစ္စကလည်း သိပ်မဝေးတော့ပေ။ ထို့ထက် အရေးကြီးတာကတော့ သူ့ဘဝရှေ့ရေးက အေးအေးဆေးဆေးဖြစ်ဖို့ပင်။

ကျောက်ဟိုင် သူ့ကိုယ်သူ ရည်မှန်းချက်မရှိတဲ့လူဆိုတာကိုတော့ ၀န်ခံရပေမည်။ သူ့အတွက် မျှော်လင့်ချက်နည်းနည်းသာရှိသည်။ ဘူတကလန်ကို တိုးတက်လာစေဖို့၊ အေဒင့်အတွက်လက်စားချေဖို့တွေကိုပဲ တွေးပြီး သူစိတ်လှုပ်ရှားနေတာဖြစ်သည်။ သို့ပေမယ့် အထက်တန်းလွှာက အဘိုးအိုတွေကိုတွေးမိတော့ ကြောက်ရွံ့လာမိပြန်သည်။ ထိုသို့သောသူတွေက သူတို့ဘူတမိသားစုကို စကားတစ်ခွန်းနဲ့တင် ပျက်ဆီးအောင်လုပ်နိုင်ခဲ့သည်မဟုတ်လား။ သူ့လိုဘာစွမ်းအားမှမတတ်တဲ့လူတစ်ယောက်သာဆိုရင် လက်တစ်ချက်ဝေ့ရမ်းရုံနဲ့တင် ဖျက်ဆီးပစ်နိုင်လောက်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset