Switch Mode

Chapter – 206

မျက်ရည်လည်ရွဲနှင့် ဘလိုင်းဒိတ်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၆ -မျက်ရည်လည်ရွှဲနှင့် ဘလိုင်းဒိတ်

လူများမှာ သူတို့မြင်လိုက်ရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်သွားကြသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အရပ် ၁၇၅ စင်တီမီတာကျော် ရှိပြီး သူမ လမ်းလျှောက်လိုက်တိုင်း ယိမ်းနွဲ့နေသည့် ကြာပန်းနှင့်တူနေသည်ပင်။ သူမသည် ဤအခန်းထဲရှိ အချို့အမျိုးသားများထက်ပင် အရပ်ရှည်နေသေးသည်။

သူမ၏ ဆံပင်နက်မှာ ချောမွတ်နူးညံ့နေပြီး သူမ၏မျက်လုံးများမှာ ဖီးနှစ်မျက်လုံးများကဲ့သို့ ဆွဲဆောင်မှု ရှိလှသည်။ အပြစ်ပြောစရာဆို၍ သူမကို မချဉ်းကပ်နိုင်သည့် အချက်တစ်ချက်သာရှိသည်။ သူမသည် မြင့်မြတ်သည့်ဘုရင်မတစ်ပါးကဲ့သို့ပင်။

သူမ ချူဖုန်းနှင့် ခွက်ချင်းတိုက်လိုက်သည်။ တောက်ပနေသည့် ဖန်ခွက်နှင့် နီရဲနေသည့် နှုတ်ခမ်းတို့ ထိကပ်သွားသည့်မြင်ကွင်းမှာ ဆွဲဆောင်မှု ရှိလှသည်။

သို့သော် အမျိုးသမီးသည် ဤနေရာ၌ ကြာကြာမနေ။ ချူဖုန်းနှင့် ခွက်ချင်းတိုက်ပြီးသည်နှင့် အဝေးတောင့်တစ်နေရာရှိ စားပွဲအလွတ်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဖန်ခွက်ကို စားပွဲပေါ်တင်ပြီးနောက် အတိတ်မှ အဖြစ်အပျက်တစ်ခုခုအား ပြန်စဉ်းစားနေသည့်သူကဲ့သို့ ငေးကြောင်စွာ ထိုင်နေလေ၏။

ချူဖုန်းလည်း သူမကို ဘာမှမပြောလိုက်ပေ။ သို့သော် သူ့ရင်ထဲတွင်တော့ ခံစားချက်ပေါင်းစုံ ထွက်ပေါ်လာသည်။

“သူက ထာဝရဖီးနှစ်ဘုရင်ပဲ ႏ.ငါတို့ ဗာတီကန်မြို့မှာ တွေ့ဖူးတယ်ႏႏ”

သတ်ဖြတ်ပွဲကြီး စတင်သည့်အချိန်တွင် ထိုနေရာ၌ ရှိနေသည့် ဘုရင် ၉၉ ရာခိုင်နှုန်းကျော် အသတ်ခံခဲ့ရပြီး အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများသာ လွတ်မြောက်ခဲ့သည်။ သို့သော် ထိုလူများလည်း ချက်ချင်း လိုက်သတ်ခံခဲ့ရသည်ပင်။

ဥပမာအားဖြင့် ငွေလရောင်ဝံပုလွေဘုရင်သည် မြောက်ပိုင်းကုန်းပြင်မြင့်တွင် မည်သူမှ မယှဉ်နိုင်သည့် ဘုရင်တစ်ပါးဖြစ်သော်လည်း ရှီလာ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ထာဝရဖီးနှစ်ဘုရင် ထွက်ပြေးသည့်အချိန်က နဂါးနက်ဘုရင် လိုက်ဖမ်းခဲ့သည်ပင်။ သူမ သေသွားပြီဟု အားလုံး ထင်ထားသည့်အချိန်တွင် သူမကတော့ ရွှမ်းထျန်မှ ဘလိုင်းဒိတ်ပါတီတွင် ပေါ်လာသည်။

သူ ဘယ်လိုလုပ် အသက်ရှင်နေခဲ့တာလဲႏႏ

ချူဖုန်း ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ သူ့ထံ၌ ဤအမျိုးသမီးအား မေးချင်သည့် မေးခွန်းများစွာ ရှိနေသည်။ သို့သော် ခဏကြာပြီးနောက် ထာဝရဖီးနှစ်ဘုရင်မှာ တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိသွားသည်။ သူမထံတွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ဘုရင်တစ်ဦးရှိနေသင့်သည့် ဟန်အမူအရာမျိုး ရှိမနေပေ။

သူမ အတွေးထဲ နှစ်မြောကာ စိတ်လွတ်နေသည်။ ဘာက သူ့ကို ဒီလိုမျိုးဖြစ်အောင် လုပ်နိုင်တာလဲႏႏ

“သူက ဒဏ်ရာတွေ ပြန်မကောင်းသေးလို့များလားႏႏ” ချူဖုန်း ခန့်မှန်းလိုက်သည်။

“ဒါမှမဟုတ် သူ အသက်ရှင်ဖို့အတွက် ပြန်မွေးဖွားဖို့ ကြိုးစားတဲ့အချိန်မှာ အရေးကြီးတဲ့တစ်ခုခုမှားသွားပြီးတော့ မှတ်ဉာဏ်ဆုံးရှုံးသွားတာလား ႏ.အင်း ႏ.ဒါ ဖြစ်နိုင်တယ်ႏႏ” ချူဖုန်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ထာဝရဖီးနှစ်ဘုရင်များမှာ ဒဏ္ဍာရီလာမျိုးစိတ်များပင်။ ဒဏ္ဍာရီများတွင် သူတို့သည် နတ်ဘုရားများနှင့် ပုခုံးချင်းယှဉ်နိုင်သည့်သူများပင်။ သူတို့သည် အသက်အန္တရာယ်ရှိသည့်အချိန်တွင် ပြန်လည်မွေးဖွားနိုင်ရန်အတွက် ထာဝရမီးတောက်များကို အသုံးပြုနိုင်ကြသည်ပင်။

ထိုအခိုက်အတန့်တွင် အမျိုးသားများ၏ မျက်နှာထက်တွင် ထူးဆန်းသည့်အမူအရာများ ဖြစ်ပေါ်လာသည်။ ချူဖုန်းမှာ အစောပိုင်းမှ ဖြစ်ရပ်နှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားပုံမပေါ်သည်ကို သူတို့တွေ့လိုက်ရသည်။ သူ့ပုံစံကြည့်ရသည်မှာ ထိုအနက်ရောင်အမျိုးသမီးနှင့် စကားပြောရန် စိတ်ဝင်စားပုံမပေါ်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားသည် ချူဖုန်းကို လက်မထောင်ပြလိုက်ကာ သူ့နားထဲ တီးတိုးပြောလာသည်။ “ဟေ့လူ ႏ.ခင်ဗျားက တကယ့်လူပဲ ႏ.ကျုပ်သိပြီ ႏ.ခင်ဗျားက သူ ပိုလှုပ်ရှားအောင်လို့ လုပ်နေတာမလား ႏ.အဲဒါမှ နောက်ပိုင်း ခင်ဗျားသူ့ကို ထိန်းချုပ်လာနိုင်မှာလေ ႏ.ဟုတ်တယ်မလား ႏ.ဒါပေမဲ့ ကျုပ်ထင်တာတော့ ခင်ဗျားလုပ်တာ နည်းနည်းလွန်သွားပြီထင်တယ်”

ချူဖုန်း ဆွံ့အသွားရသည်။ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ငှက်ဘုရင်တစ်ဦးပင်။ အသိစိတ်ရှိနေသည့် မည်သူကများ သူအား ထိန်းချုပ်ရန် ကြိုးစားရဲမည်နည်းႏ.”ဒီသားရဲက သူလုပ်ချင်ရင် ဒီအခန်းထဲမှာရှိတဲ့လူတွေအားလုံးကို တစ်စစီလုပ်ပစ်လို့ရတယ်ႏႏ” ချူဖုန်း သူ့ဘာသာသူ တွေးလိုက်သည်။

ချူဖုန်းကို အမျိုးသမီးအချို့ ကြည့်နေကြဆဲပင်။ သူတို့အမူအရာများမှ တစ်ဆင့် သူတို့ ထိတ်လန့်နေကြောင်း သိနိုင်သည်ပင်။ သူတို့ချူဖုန်းကို ကြည့်သည့်အကြည့်လည်း ပြောင်းလဲသွားလေပြီ။ အထူးသဖြင့် သူနှင့် စကားပြောဖူးခဲ့သည့်သူများပင်။

ချူဖုန်း လူမြင်ကွင်းထဲမှ ထွက်လာကာ ထောင့်နားရှိ စားပွဲအလွတ်ထံသို့ သွားလိုက်သည်။ ထိုနေရာတွင် ကျားဖြူမျက်နှာဖုံးနှင့် အမျိုးသားတစ်ဦးကို သူ တွေ့လိုက်ရ၏။ ဤလူကို ချူဖုန်း ယခင်က တွေ့ဖူးသည်ပင်။ သို့သော် ထိုလူအနားတွင် သူနှင့် အလွန်ရင်းနှီးနေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

မိန်းကလေးမှာ အမျိုးသားအား စကားပြောနေသည်။ သူတို့ ပြောနေသည့်စကားများအား ကြားလိုက်ရသည့်အချိန်တွင် ချူဖုန်း အော်ရယ်မိမတတ် ဖြစ်သွားသည်။ မိန်းမငယ်လေးမှ အားကောင်းမောင်းသန် အမျိုးသားအား ကောင်မလေးများအား မည်ကဲ့သို့ လိုက်ရမည်၊ သူတို့နှင့် မည်ကဲ့သို့ စကားပြောရမည်ကို သင်ပေးနေခြင်းပင်။

ဤမိန်းကလေးငယ်လေးသည် အလွန်ကာတွန်းဆန်သည့် မျက်နှာဖုံးကို တပ်ထားသည်ပင်။ ဤမျက်နှာဖုံးသည် လူအုပ်ထဲ၌ ထင်းထွက်နေသော်လည်း သူမကတော့ ဂရုစိုက်ပုံမပေါ်။ သူမသည် ငယ်ရွယ်တက်ကြွနေသည်ပင်။ သေသပ်စွာ ဖြီးသင်ထားသည့် ဆံပင်များကို လည်ပင်တစ်ဝိုက်တွင် လျော့ရဲရဲ ချထားပြီး သူမမျက်လုံးများမှာလည်း တောက်ပနေသည်ပင်။ ထိုအခိုက်အတန့် သူမနှုတ်ခမ်းထက် ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏ပုလဲလုံးကဲ့သို့ ဖြူဖွေးနေသည့်သွားများနှင့် ချယ်ရီရောင်နှုတ်ခမ်းတို့မှာ သူမကို ချိုမြိန်ပြီး ဆွဲဆောင်မှု ရှိစေသည်။

သို့သော် ခဏကြာပြီးနောက် သူမ စိတ်တိုလာသည့်ပုံပင်။ သူမသည် သူမအစ်ကိုကို မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်လာလေသည်။

“အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်က ဘလိုင်းဒိတ်မှာ ကောင်မလေးတွေကို လိုက်ဖို့ သူ့ညီမကို ခေါ်လာတာလားႏႏ” ချူဖုန်း နှာခေါင်းရှုံ့လိုက်သည်။

သို့သော် ဤလူများ မည်သူဖြစ်သည်ကို သူ ရုတ်တရက် သတိရသွား၏။ ဤလူများမှာ လုရှီယွင်နှင့် သူ့အစ်ကို ကျားဖြူပင်။

ပြောင်းလဲမှုများ စတင်သည့်အချိန်က ချူဖုန်း ဤကောင်မလေးကို တိုင်ဟန်းရှိ သူ့အိမ်၌ တွေ့ဖူးသည်။ သူသည် ပုန်းခိုစရာနေရာတစ်ခု လာရှာခြင်းဖြစ်သော်လည်း နွားဝါလေး၏ ချုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရကာ သတိလစ်သွားခဲ့သည်။

ချူဖုန်း အိမ်ပြန်ရောက်သည့်အချိန်တွင် အခန်းမှာ မှောင်မဲနေသောကြောင့် သူ့ကုတင်ပေါ်၌ အခြားလူတစ်ယောက်ရှိနေသည်ကို သူမသိခဲ့။ ထို့ကြောင့် သူ မိန်းမလှလေးပေါ်၌ ထပ်အိပ်မိသွားခဲ့သည်ပင်။ နောက်ဆုံးတွင် မိန်းမလှလေး စိတ်ဆိုးပြေစေရန်အတွက် ညလယ်စာ သွားရေစာမု့န်အချို့ ပေးခဲ့လိုက်သေးသည်။

သို့သော် ထို သွားရေစာ သိုးသားကင်မှာ ဒိတ်ကုန်နေခဲ့သည်ပင်။

ချူဖုန်း ထိုကောင်မလေးကို ဗိုက်နာပျောက်သည့်ဆေးတစ်ပုလင်းလည်း ပေးခဲ့သေးသည်။

ထိုနေ့ညနောက်ပိုင်း သူမ ဘာဆက်ဖြစ်မှန်း မသိသော်လည်း သေချာပေါက် ကောင်းမည့်အရာဖြစ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မြွေဖြူတောင်၌ ဒုတိယအကြိမ် ပြန်တွေ့ကြသည့်အချိန်တွင် သူမသည် ချူဖုန်းအား မကျေနပ်သလိုပင်။

“အဲဒါဆိုရင် ဒီလူက ကျားဖြူပဲ ဖြစ်ရမယ်ႏႏ” ချူဖုန်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ကျားဖြူသည် ဂျိဒ်ကျောင်းအတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်သည်ဟု သူကြားဖူးသော်လည်း ကျားဖြူကို တစ်ခါမှ မမြင်ဖူးသေး။ လုရှီယွင်မှာ ကျားဖြူ၏ညီမ ဖြစ်သည်ကိုတော့ သူသိသည်။

“ဟေး အစ်ကိုကြီး ႏ.ကျွန်မရှင့်ကို အကြံတွေ ပေးနေတာလေ ႏ.ရှင် ကျွန်မ ပြောတာကို နားရော ထောင်နေရဲ့လားႏႏ” လုရှီယွင် ဒေါသထွက်လာသည်။ သူ့အစ်ကိုမှာ သူမ ပြောနေသည်အား အာရုံမစိုက်သည်ကို သူမ သတိထားမိသွားခဲ့ခြင်းပင်။

“အင်း အင်း ႏ.ငါ နားထောင်နေတယ် ႏ.ဒါပေမဲ့ မင်း င့ါကို ပြောခိုင်းတဲ့စကားတွေက ငါနဲ့မှ မလိုက်တာ ႏ.ထားလိုက်ပါတော့ ႏ.ငါ မင်း အကြံကို မလိုတော့ဘူး ႏ.ငါ ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်တော့မယ် ႏ.အိုး ဒါနဲ့ မင်းကြိုက်တဲ့သူ တစ်ယောက်ယောက်တွေ့ရင် င့ါကိုလာပြော ႏ.သူက လူကောင်း ဟုတ်မဟုတ်ကို ကူပြီး စစ်ဆေးပေးမယ်ႏႏ” ထိုသို့ပြောပြီးနောက် ကျားဖြူကြီး လမ်းလျှောက်ထွက်သွားလိုက်သည်။

အတိအကျပြောရလျှင်တော့ ကျားဖြူကြီး သူ့ညီမအနားမှထွက်သွားရန် ကြိုးစားလိုက်ခြင်းပင်။ မည်သို့ပင်ဖြစ်စေ အရွယ်ရောက်အမျိုးသားတစ်ဦးသည် သူ့ညီမထံမှ အကြံပေးချက်များ နားထောင်နိုင်ရန်အတွက် သူ့ညီမအား ဘလိုင်းဒိတ်သို့ ခေါ်လာရခြင်းမှာ အတော်လေး ရှက်စရာကောင်းလှသည်ပင်။

ဤကိစ္စကို ကျားဖြူ အတော်လေး ရှက်မိသော်လည်း ကံကောင်းစွာဖြင့် ဤနေရာတွင် သူ့ကို မှတ်မိသည့်သူ ရှိပုံမပေါ်။ မဟုတ်ပါက ရှက်လွန်း၍ သူ ဤနေရာ၌ နေနိုင်မည်မဟုတ်။

ကျားဖြူ ပုခုံးကျော်ကြည့်လိုက်သည့်အချိန်တွင် သူ့ကို ပြုံးပြနေသည့် ချူဖုန်းကို တွေ့လိုက်ရသည်။ ချူဖုန်း ဤအတိုင်း ပြုံးပြနေခြင်းဖြစ်သော်လည်း ကျားဖြူသည် ဤလူငယ်လေး သူတို့ပြောနေသည်ကို ကြားသွားပြီး သူ့အား ရယ်နေခြင်းဖြစ်သည်ဟု ထင်သွားလေ၏။ ကျားဖြူမျက်နှာမှာ ချက်ချင်းပင် နီရဲလာသည်။

သူ ချူဖုန်းထံသို့ ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်သွားလိုက်ပြီးနောက် ချူဖုန်းကို စိုက်ကြည့်လိုက်သည်။ သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကြောင့် ဤအကြည့်မှာ လူတစ်ယောက် ကြောက်ရွံ့သွားစေရန် လုံလောက်သည်။ ဤသည်မှာ သူ့သတိပေးချက်ပင်။

ချူဖုန်း ဆွံ့အသွားရ၏။ “ဟေး ညီအစ်ကို ႏ.ငါတို့က မိတ်ဆွေတွေလေ” ဟု ချူဖုန်း ပြောလိုက်ချင်သော်လည်း ပြော၍မရ။

ချူဖုန်း စကားတစ်ခွန်းမှ မပြောသောကြောင့် ကျားဖြူသည် ဤလူငယ်လေး သူ့အကြည့်ကြောင့် ကြောက်ရွံ့သွားပြီဟု တွေးလိုက်ကာ ချူဖုန်းကို ဖြတ်လျှောက်သွားလိုက်တော့သည်။ ကျားဖြူသည် ဤရလဒ်ကို အတော်လေး ကျေနပ်သောကြောင့် ချူဖုန်းကို ဒုက္ခများအောင် မလုပ်တော့ပဲ ကောင်မလေးများနှင့် ကရန်အတွက် ခန်းမထဲသို့ ဝင်သွားလိုက်သည်။

“ဒီမှာႏႏ” သူ့အစ်ကို လူအုပ်ထဲသိ့ ပျောက်ကွယ်သွားသည်နှင့် လုရှီယွင် ချူဖုန်းကို လက်ဝေ့ရမ်းပြလာသည်။ သူမသည် လွန်ခဲ့သည့်တစ်နှစ်ကအတိုင်း ငယ်ရွယ်နုပျိုလှပနေဆဲပင်။

သို့သော် ဤသည်မှာ ချူဖုန်းကို မသက်မသာ ဖြစ်သွားစေခဲ့သည်။ “သူ င့ါကို မှတ်မိသွားတာလား ႏ.ချီးပဲႏႏ” ချူဖုန်း တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ လွန်ခဲ့သည့်မိနှစ်ပိုင်းက သူ ကျားဖြူကို လှောင်ရယ်နေခဲ့သော်လည်း ယခုတော့ သူ့ရန်သူဟောင်းကြီး သူ့ကို မှတ်မိသွားလေပြီ။ ဝဋ်ကတော့ ချက်ချင်း လည်လေပြီ။

သို့သော် သူမ သူ့ကို အခြားတစ်ယောက်နှင့် အမှတ်မှားနေခြင်း ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်နေဆဲပင်။ “မျက်နှာဖုံးအရှင်ရေ ႏ.ကျွန်တော့်ကို မမြင်ရအောင် စောင်မပေးတော်မူပါ” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သို့သော် ဤသည်မှာ အလုပ်မဖြစ်ကြောင်း ချူဖုန်း သိလိုက်ရသည်။ လုရှီယွင်သည် သူ့ကို လက်ဝေ့ရမ်းပြပြီး ပြုံးပြနေဆဲပင်။ သူမကိုကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေသည့်ပုံပင်။

လုရှီယွင် အစောကြီးကတည်းက သူ့ကို မှတ်မိနေခြင်းဖြစ်လိမ့်မည်။ သူမ အကြွေးတောင်းရမည့်သူ ပေါ်လာပြီဟု တွေးမိပြီး ပျော်ရွှင်နေခြင်း ဖြစ်လိမ့်မည်ပင်။

ချူဖုန်း အလွန်တည်ငြိမ်ချင်ဟန်ဆောင်လိုက်သည်။ “မင်းလိုလူမျိုးက ဘလိုင်းဒိတ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး ႏ.မင်းဒီမှာ ရှိနေကြောင်း တစ်ယောက်ယောက်သာ အပြင်ကို သတင်းထုတ်လိုက်ရင် မင်း သေချာပေါက် မနက်ဖြန် သတင်းခေါင်းစီးမှာ ပါလာမှာသေချာတယ်” လုရှီယွင် စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် ချူဖုန်း သူမကို စနောက်လိုက်သည်။

လုရှီယွင် မျက်လုံးများ ပြူးကျယ်လာ၏။ ချူဖုန်း၏ အရှက်မရှိမှုအတွက် သူမ ဒေါသထွက်လာရသည်။ သူစိမ်းများနှင့် ဘလိုင်းဒိတ်လုပ်ရန် ရောက်လာသည့်သူမှာ သူဖြစ်သော်လည်း သူက သူမကို လာပြီး စွပ်စွဲပြောဆိုနေသေးသည်။ သူမ ဘလိုင်းဒိတ်လုပ်ရန် လာခြင်းမဟုတ်။ သူမ အစ်ကိုကို ကူညီပေးရန် ရောက်လာခြင်းသာ။ ချူဖုန်း သူတို့ပြောနေသည့်စကားများကို ကြားလိုက်ရမည်ဖြစ်ကြောင်း သူမသိသည်။ ဤသည်ကို သူကပဲ အပေါ်စီးကနေ လာပြောနေသေးသည်။

“တော်လိုက်ပါ နတ်ဆိုးဘုရင်ချူ ႏ.ကျွန်မက ရှင့်လိုမျိုး ရည်ရွယ်ချက်နဲ့ ရောက်လာတာ မဟုတ်ကြောင်း ရှင်သိပါတယ် ႏ.ပြီးတော့ ရှင် ကျွန်မကို ကြိုက်သလောက် သွားပုပ်လေလွင့် ပြောလို့ရတယ် ႏ.ဘာလို့လဲဆိုတော့ ဘယ်သူမှ ကျွန်မကို မသိဘူး ႏ.ဒါပေမဲ့ ရှင်စဉ်းစားကြည့် ႏ.တကယ်လို့ ကျွန်မသာ ‘နတ်ဆိုးဘုရင်ချူက ဒီမှာရှိနေတယ်’ လို့ အော်လိုက်ရင် နောက်ငါးမိနစ်အတွင်း ရှင် သတင်းခေါင်းစီးထဲ ပါသွားမှာ”

ချူဖုန်းကို ခြိမ်းခြောက်လိုက်ရသောကြောင့် လုရှီယွင်မျက်နှာထက်၌ ကျေနပ်သည့်အပြုံးကြီး ဖြစ်ပေါ်လာသည်။

“ရှူး ႏ.ငါ စနေတာကို မင်းလည်းသိပါတယ် ႏ.မတွေ့တာကြာတဲ့ သူငယ်ချင်းဟောင်းနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့တဲ့အချိန် စနောက်ကြတာ ဘာမှားလို့လဲ ႏ.ငါက စနေတာပါ ႏ.အေးဆေးပေါ့ ကောင်မလေးႏႏ”

“ဟက် အဲဒီလိုလား ႏ.ဒါပေမဲ့ ရှင် ဘလိုင်းဒိတ်ရောက်နေတာကို လူတွေသိသွားပြီး ရှင့်ကို လှောင်ရယ်ကြမှာကို ရှင်ကြောက်နေတာလို့ ဘာလို့ ခံစားနေရတာပါလိမ့်ႏႏ” လုရှီယွင် ပြောလိုက်သည်။

“ရှူး ႏ.မအော်နဲ့ ႏ.ငါတို့က မတွေ့တာကြာတဲ့ သူငယ်ချင်းဟောင်းတွေပဲကို ထိုင်ပြီး စကားပြောကြတာပေါ့” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။

လုရှီယွင် သူမကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ သူတို့ ပထမဆုံး တွေ့ဆုံသည့်အချိန်က ဖြစ်ခဲ့သည့် ကိစ္စများကို သူမ မှတ်မိနေဆဲပင်။ သူမကဲ့သို့ သဘောကောင်းသည်ဟု သတ်မှတ်ခံထားရသည့်သူပင် ဤလူကို ရိုက်ပစ်ချင်မိသည်။

“အခုတလော ရှင် နဂါးသတ်သူရဲကောင်းဖြစ်လာတယ်လို့ ကြားတယ် ႏ.ရှင် ကျွန်မအတွက် နဂါးဦးချို ယူလာခဲ့ပေးလားႏႏ” လုရှီယွင် မေးလိုက်သည်။ သူမကို ကြည့်ရသည်မှာ ချူဖုန်းအား ခြိမ်းခြောက်ငွေညှစ်မည့်ပုံ ပေါ်နေသည်။ ချူဖုန်းမှာ အတော်လေး ဆွံ့အသွားရသည်။

ထို့နောက် မြွေဖြူတောင် တိုက်ပွဲ၌ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို ချူဖုန်း မှတ်မိသွားသည်။ လုရှီယွင်သည် သူ့ကို လေထဲသို့ သယ်သွားပြီး သူ့အသက်ကို တစ်ခါ ကယ်ပေးခဲ့ဖူးသည်ပင်။ ရုတ်တရက် ချူဖုန်းသည် လိုလိုချင်ချင်ပင် ခြိမ်းခြောက်ခံလိုက်တော့သည်။

ထို့နောက် ချူဖုန်း သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ရှာလိုက်ပြီးနောက် ပုတီးကုံးတစ်ခုကို ထုတ်လာသည်။ “ဒီပုတီးစေ့တွေက နဂါးချိုတွေနဲ့ လုပ်ထားတာ ႏ.ဒီပုတီးစေ့တွေကို လက်ကောက်လိုမျိုး ဝတ်လို့ရတယ် ႏ.မင်းသိလား ႏ.ဒီလက်ကောက်က အခုအချိန်မှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလက်ကောက်ပဲ ႏ.ဒိမ်ဒီနဲ့ ဘောဓိက လူတွေတောင် င့ါကို တိုက်ခန်းတွေပေးပြီး လာလဲနေကြတာ ႏ.ဒါပေမဲ့ ငါက မင်းကို ပေးဖို့ သိမ်းထားတာမို့လို့ သူတို့ ကမ်းလှမ်းချက်အားလုံးကို ငြင်းခဲ့တာ ႏ.ဒီလက်ကောက်က မင်းရဲ့ အသားအရေကို ဂရုစိုက်ပေးပြီး မင်းကို အမြဲတမ်း နုပျိုနေအောင် ကူညီပေးနိုင်တယ် ႏ.ဒီလက်ကောက်က တကယ် တော်တော်လေးကို မှော်ဆန်တယ်” ချူဖုန်း လုရှီယွင် နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

အဝေး၌ ရှိနေသည့် ကျားဖြူသည် သူ့ညီမအား လှည့်ကြည့်လိုက်သည့်အချိန် ဤမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူ့မျက်နှာ ချက်ချင်း မည်းမှောင်သွားလေသည်။

ဤသည်မှာ သူ အစောပိုင်းက ခြိမ်းခြောက်ခဲ့သည့်ကောင်ပင်။ “မင်းက တော်တော်လေးကို အရှက်မရှိတဲ့ကောင်ပဲ ႏ.မင်းက င့ါညီမနဲ့ ဘာလုပ်နေတာလဲႏႏ” ကျားဖြူ ကျိန်ဆဲလိုက်သည်။ ထိုကောင်သည် သူ့ညီမနားနားကပ်ကာ အရှက်မရှိ တီးတိုးပြောနေပြီးနောက် သူ့ညီမ လက်ကောက်ဝတ်၌ အမှိုက်တစ်ခု ဝတ်ပေးလိုက်သည်ကို သူ မြင်လိုက်သည်။ “မင်းက ကိုယ့်ပြဿနာကိုကိုယ်ရှာတာပဲ လူငယ်လေးႏႏ”

ချူဖုန်းသည် သူ့ညီမအား လက်စားလာချေနေခြင်းဖြစ်သည်ဟု ကျားဖြူကြီး ထင်သွားခြင်းပင်။ အစ်ကိုတစ်ယောက်အနေနှင့် သူ ဘယ်လိုလုပ် ဤကဲ့သို့ အဖြစ်ခံမည်နည်းႏႏႏ

ကျားဖြူကြီးသည် ခြေလှမ်းကျယ်များဖြင့် ချူဖုန်းထံ လျှောက်သွားလိုက်သည်။

လုရှီယွင်သည် သူမ လက်ကောက်ဝတ်ပေါ်မှ ပုတီးစေ့လေးများကို ပွတ်သပ်ပြီး အလွန်ပျော်ရွှင်နေသည်။ ဤသည်မှာ ပိုက်ဆံပေးဝယ်၍မရသည့် အရာတစ်ခုပင်။

သို့သော် သူမ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင်တော့ ဒေါသထွက်နေသည့် သူမ၏အစ်ကိုကြီး သူမရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ကိုကိုႏႏ” သူမ နူးညံ့စွာ နှုတ်ဆက်လိုက်သည်။

“ညီအစ်ကိုကျားႏႏ” ချူဖုန်းလည်း သူ့လေးစားမှုကို ပြသလိုက်သည်။

“ချီးပဲႏႏ” ကျားဖြူကြီး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “သူက ငါ့နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ ႏ.ငါထွက်သွားတဲ့ မိနစ်ပိုင်းလေးအတွင်းကို သူက ဘယ်လိုလုပ် င့ါညီမဆီကနေ သတင်းတွေ ရသွားတာလဲႏႏ”

“သူက ပလေးဘွိုင်း ဒါမှမဟုတ် အပြစ်ကင်းတဲ့မိန်းကလေးတွေကို သူနဲ့ မကောင်းတာတွေလုပ်ဖို့ ဖျားယောင်းတတ်တဲ့ကောင်ပဲ ဖြစ်ရမယ် ႏ.ဘာပဲဖြစ်ဖြစ် ငါ သူ့ကို င့ါညီမရှေ့မှာ ရိုက်ပစ်ဖို့လိုတယ် ႏ.ဒီလိုမကောင်းတဲ့ကောင်မျိုး င့ါညီမကို ထိခိုက်လာမှာကို ခွင့်ပြုမပေးနိုင်ဘူးႏႏ” ကျားဖြူကြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ငါ မင်းကို သတိပေးလိုက်မယ် ႏ.မင်း င့ါညီမကို အကွက်ရွေ့ရဲရွေ့ကြည့် ႏ.ငါမင်းကို တစ်စစီလုပ်ပစ်မယ် ကြားလားႏႏ” ကျားဖြူကြီး ခြိမ်းခြောက်လိုက်သည်။

ချူဖုန်းသည် ဘာမှမပြောပဲ ပြုံး၍သာ နေလိုက်သည်။

လုရှီယွင်ကတော့ ရှက်ပြီး ဒေါသထွက်လာရသည်။ “အစ်ကို ႏ.ဝေးဝေးသွားတော့ ႏ.အစ်ကို ကိုယ့်ကိစ္စကိုသွားလုပ် ႏ.အစ်ကိုထင်သလိုမဟုတ်ဘူးႏႏ”

“ငါ ထင်ထားသလိုမဟုတ်ဘူးဆိုတာ ဘာပြောချင်တာလဲ ႏ.ဒီကောင်က ကောင်းတဲ့ကောင်မဟုတ်မှန်း တစ်ချက်ကြည့်လိုက်တာနဲ့ ငါသိတယ် ႏ.သူ့ကို ကြည့်လိုက်စမ်းပါ ႏ.အဲဒီမျက်လုံးက လူလိမ်မျက်လုံးတွေ ႏ.ဟေး မင်းလာခဲ့ ႏ.ငါတို့ အေးဆေးလေး စကားပြောလို့ရအောင် တိတ်ဆိတ်တဲ့ နေရာတစ်နေရာသွားကြမယ်ႏႏ” ကျားဖြူ ပြောလိုက်သည်။

လုရှီယွင် ဆွံ့အသွားရ၏။ “အစ်ကိုကြီး ႏ.အစ်ကိုကြီးသာ သူ ဘယ်သူမှန်း သိသွားရင် အေးဆေးစကားပြောချင်မှာ မဟုတ်တော့ဘူး” သူမ တွေးလိုက်သည်။

“ဝေးဝေးသွားတော့ အစ်ကို ႏ.ညီမ နောက်မှ ပြန်ရှင်းပြမယ် ႏ.အခုက အချိန်မကျသေးဘူး ႏ.သွားတော့ ႏ.မြန်မြန်သွားတော့ပါဆို ႏ.မဟုတ်ရင် ‘ကျားဖြူကြီး ဒီမှာရှိနေပါတယ်’ လို့ အော်လိုက်မှာနော်ႏႏ” သူမအစ်ကို သူ့ကိုယ်သူ အရူးလုပ်နေသည်ကို ကြည့်ပြီး ချူဖုန်း ရယ်မောနေမည်ကို သူမ သည်းမခံနိုင်။ လုရှီယွင် သူမအစ်ကိုကျောကုန်းကိုရိုက်ပြီး ခြိမ်းခြောက်လိုက်သည်။

ကျားဖြူကြီးမှာ ငိုချင်သွားရသည်။ သူ့ညီမသည် မိနစ်ပိုင်းလေးကမှ တွေ့ခဲ့သည့်သူစိမ်းဘက်မှ ရပ်တည်လိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ ဤလူကို ပို၍ မုန်းလာပြီး ဤလူမှာ ‘ဘာမှမကောင်းသည့်ခွေးမသား’ ဖြစ်လိမ့်မည်ဟူသည့် သူ့အမြင်လည်း ပိုခိုင်မာလာသည်။

“ဟမ် ႏ.အဲဒီမှာ ဘာဖြစ်နေတာလဲ ႏ.စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲႏႏ” သန်မာထွားကြိုင်းသည့် အမျိုးသားတစ်ဦး ခန်းမထဲသို့ ဝင်လာသည်။ ဤသည်မှာ ဝက်ဝံနက်ဘုရင်ကြီး၏မြေးပင်။ သူ့အား ဤနေရာ၌ တွေ့ရသည်မှာ အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်ပင်။

“အဲဒီဝတ်စုံဖြူနဲ့ အမျိုးသမီးက ထူးခြားတဲ့ အမျိုးသမီးပဲ ႏ.သူက တစ်ခြားယောက်ျားတစ်ယောက်နဲ့ စကားပြောရဖို့အတွက် တစ်ခြားယောက်ျားတစ်ယောက်ကို မောင်းထုတ်နေတယ် ႏ.ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်ႏႏ” ဟူရှန်းလည်း ပါလာသည်ပင်။

သူတို့နှစ်ဦးသည် မြို့ပြ၏ ဘဝနေထိုင်မှုကို သဘောကျနေသောကြောင့် ရွှမ်းထျန်၌သာ နေနေကြသည်။ သူတို့သည် မြို့ပြကြီး၏ ပျော်ပွဲရွှင်ပွဲမှန်သမျှ၌ ပါဝင်ဆင်နွှဲကြပြီး ပျော်စရာကောင်းသည့် ကိစ္စတစ်ခုခုရှိသည်နှင့် သူတို့က ရှေ့ဆုံးမှ ရောက်နေမည်ပင်။

ဤဘလိုင်းဒိတ်ပါတီမှာ ထူးခြားကြောင်း သူတို့ ကြားခဲ့ရသည်။ ဤပါတီတွင် စိန်အဆင့်လူပျိုလေးများနှင့် လှပသည့် သိုက်တူးသမားများ စုဝေးနေကြောင်း သူတို့ ကြားခဲ့ရသည်။ သူတို့သည် စိန်အဆင့်လူပျိုလေးများ မဟုတ်သော်လည်း ဤပါတီပွဲမှာ သူတို့အတွက် ပျော်စရာကောင်းနေဆဲပင်။

“ဟေး မိန်းမလှလေး ႏ.ငါ့နာမည်ကို ရှုန်းခွန်ပါ” ရှုန်းခွန် သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီးနောက် လုရှီယွင်ကို သူ၏ချီးကျူးသည့်စကားများနှင့် ပစ်ပေါက်လေတော့သည်။ “မင်းရဲ့အလှက ပန်းပွင့်တွေကိုတောင် ရှက်သွေးဖြာသွားစေပြီး လကိုတောင် အရောင်မှိန်စေနိုင်တယ် ႏ.မင်းရဲ့အလှကြောင့် ငါးတွေ ရေနစ်သေသွားနိုင်ပြီးတော့ ငန်းရိုင်းတွေတောင် ရှက်လွန်းလို့ ကောင်းကင်ပေါ်က ပြုတ်ကျလာနိုင်တယ်”

“သောက်ခွေးပဲႏႏ” ချူဖုန်း စိတ်ထဲ ကျိန်ဆဲလိုက်သည်။

“ငါက ဘယ်လိုလုပ် ဒီနှစ်ကောင်နဲ့ လာတွေ့နေရတာလဲႏ.သူတို့ထဲက တစ်ယောက်ယောက်သာ ငါ့ကို တွေ့သွားလို့ကတော့ ငါ့ကို သေချာပေါက် ရောင်းစားကြမှာ သေချာတယ် ႏ.ငါတောင်မသိလိုက်သေးခင်မှာပဲ သားရဲတွေအကုန်လုံး သိသွားကြလိမ့်မယ်ႏႏ”

အခြားနေရာမှာသာဆိုလျှင် ချူဖုန်း ဤနှစ်ကောင်ကို ကန်ထုတ်ပစ်လိုက်မည်ပင်။

သို့သော် ဤပွဲသည် အကြမ်းဖက်မှုကို ခွင့်မပြု။ ချူဖုန်း မြန်မြန် မျက်နှာလှည့်ပစ်လိုက်သည်။ ကံကောင်းစွာဖြင့် သူသည် မျက်နှာဖုံးတပ်ထားပြီး သူ့အော်ရာကိုလည်း ခန္ဓာကိုယ်ထဲ ပိတ်သိမ်းထားလိုက်သည်။

ဟူရှန်းလည်း အပြောကောင်းသည့်သူပင်။ သူလည်း လုရှီယွင်နှင့် စကားပြောနေသည်ပင်။

စကားပြောနေသည်မှာ မိနစ်ပိုင်းသာ ရှိသေးသော်လည်း ရှုန်းခွန်ကတော့ စတင်ကြွားဝါနေလေပြီ။ “ငါတို့နှစ်ယောက်လုံးက သန္ဓေပြောင်းတွေ ႏ.ဒါပေမဲ့ မင်း ငါတို့ကို သိမှာမဟုတ်ဘူး ႏ.ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး ႏ.ငါတို့မှာ အရမ်းကိုကောင်းတဲ့ ညီအစ်ကိုတစ်ယောက်ရှိတယ် ႏ.သူ့နာမည်က ချူဖုန်းလေ ႏ.မင်း သူ့နာမည်ကို ကြားဖူးမှာပါ ဟုတ်တယ်မလား ႏ.ချူဖုန်းက င့ါညီအစ်ကိုပဲႏႏ”

ချူဖုန်း ဆွံ့အသွား၏။ ချူဖုန်းသည် ခေါင်းငုံ့ထားလိုက်ပြီး ဤနေရာ၌ မရှိသည့်လူလို ဟန်ဆောင်နေလိုက်သည်။

“ဟမ် ႏ.တစ်ယောက်ယောက်က ချူဖုန်း နာမည်ပြောတာကို ကြားလိုက်သလိုပဲႏႏ” ရှားချန်းယုသည် သူတို့စကားပြောနေသည်နှင့် နေရာနှင့် သိပ်မဝေးသည့်နေရာ၌ ရှိနေကာ သူတို့ စကားများကို ကြားသွားသည်ပင်။ “တကယ်ကြီးလားႏ.ငါသွားတဲ့နေရာတိုင်းမှာ ဒီနတ်ဆိုးဘုရင်ချူကြီးနဲ့ တွေ့နေရမှာလား ႏ.ငါ့ကံက အဲဒီလောက်ထိ ဆိုးနေတာတော့ မဟုတ်လောက်ပါဘူးနော် ႏ.မဟုတ်ဘူး ..ငါမယုံဘူးႏ.ဒီလောက်တိုက်ဆိုင်လိမ့်မယ်လို့ ငါမယုံဘူး ႏ.ဘာဖြစ်နေလဲဆိုတာ သွားကြည့်ကြစို့ႏႏ” ရှားချန်းယုနှင့် ကျန်းလော့ရှန်းတို့သည် ချူဖုန်း ရပ်နေသည့်နေရာသို့ မြန်မြန် လျှောက်သွားကြတော့သည်။

အပိုင်း ၂၀၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset