Switch Mode

Chapter – 171.1

မတွေ့ဆုံကြရင် ပိုကောင်းမဲ့သူများ

အပိုင်း ၁၇၁•၁

” မတွေ့ဆုံကြရင် ပိုကောင်းမဲ့သူများ ”
°°°
ဟို့ယွိဟောင် အမျက်ဒေါသကျောင်းတော်မှာရှိစဥ်တုန်းက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့စိတ်ပိုင်ဆိုင်ရာထူးခြားလေ့ကျင့်ခန်းတစ်ခုကို မှတ်မိလာနေခဲ့ပါတယ်။ သူတို့ရဲ့ဆရာက ကြီးမားတဲ့ကိစ္စတွေကိုအောင်မြင်ဖို့အတွက် အေးစက်ပြီခံစားချက်မဲ့ရမယ်လို့ သင်ကြားခဲ့ဖူးတယ်။ ကြီးမားတဲ့စိတ်ခံစားချက်လှိုင်းတွေက လူတစ်ယောက်ရဲ့အောင်မြင်မှုကို အများကြီးသက်ရောက်စေမှာပါ။

ဟို့ယွိဟောင်လဲ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ကိစ္စတွေက သူ့ဆရာပြောတဲ့အတိုင်းကောင်းမွန်တဲ့ကိစ္စတွေလို့ တွေးထင်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ သူ့ဆရာသင်ကြားသလောက်မလုပ်နိုင်သေးတဲ့ပုံပါပဲ။ ဘယ်သူကများ တကယ်ပဲစိတ်ခံစားချက်ကင်းမဲ့နေနိုင်မှာလဲ ဒါ့အပြင် သူက အသက်ဆယ့်ငါးနှစ်တောင်မပြည့်သေးတဲ့သူပါ။ သူအသက်အရွယ်လူအများစုက ဒီအချိန်တွေမှာများပြားတဲ့စိတ်ရှုပ်ထွေးမှုတွေကို အပြောင်းအလဲတွေကို ကြုံတွေ့ရပြီ စိတ်ခံစားချက်မတည်ငြိမ်မှုကို ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးတော့လဲ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်မြတ်နိုးမှုတွေဆိုတာ အဲ့ဒီအချိန်မှာစတင်တာဖြစ်သလို လူတစ်ယောက်ရဲ့စိတ်ခံစားချက်ဆိုင်ရာတည်ငြိမ်မှုကိုလဲ ထိခိုက်စေလာနိုင်ပါတယ်။

ဟို့ယွိဟောင် အသက်ပြင်းပြင်းရှုသွင်းရင်နောက်ဆုံးမှာတော့ သူကိုယ်သူတည်ငြိမ်အောင်ထိန်းနိုင်လိုက်ပါပြီ။ စိတ်ခံစားချက်တွေကို ထိန်းချုပ်မှုလွှတ်သွားတာက ဘယ်အရာကိုမှဖြေရှင်းဖို့ကို ကူညီနိုင်မှာမဟုတ်ပါဘူး။ သူကိုယ်တိုင်ချမှတ်ထားခဲ့တဲ့ ဖြေရှင်းချက်ကတော့ ရိုးရှင်းပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ ဒီလောကကြီးကို ပြောင်းလဲဖို့အတွက် နည်းလမ်းတစ်လမ်းသာရှိတယ်လို့ ဆုံးမထားခဲ့တယ်။ ဒါကတော့ သူ့ကိုယ်သူပိုပြီးသန်မာလာအောင်လုပ်ဖို့ပါပဲ။ ဒါမှသာအားလုံးကိုထိန်းချုပ်နိုင်မှာပါ။

ဒီအတွေးကိုတွေးပြီတဲ့နောက် ဟို့ယွိဟောင် ဖြည်းဖြည်းချင်းအိပ်ပျော်သွားပါတော့တယ်။ ဒီညမှာသူမလေ့ကျင့်ပါဘူး။

°°°
နောက်တစ်နေ့မနက်မှာတော့ ခက်ခက်ဆိီကနေ ကျွီးကျင့်ကျောင်းထွက်သွားပြီဆိုတာ သူသတင်းရလိုက်ပါတော့တယ်။ သူမဘယ်ကိုထွက်သွားလဲဆိုတာ ဘယ်သူမှမသိပါဘူး။ စိတ်ကိုပြင်ဆင်ထားပေမဲ့ ဆယ့်ငါးမိနစ်တိတိကြောင်အလို့နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာသူသတိပြန်၀င်လာခဲ့တယ်။

” အဲ့ဒိီလောက်ကြီးလန့်မနေနဲ့ သူဘယ်သွားတယ်လို့နင်ထင်လဲ ”
ခက်ခက်က အတော်လေးစိတ်ဖိစီးနေတဲ့လေသံနဲ့ မေးလာခဲ့ပါတယ်။

” ကျွန်တော်မသိဘူးလေ ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်အတွက်အလုပ်လုပ်နေပြီလို့ ကျွန်တော်ထင်တာပဲ ”

ဟို့ယွိဟောင်က မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာခဲ့ပါတယ်။ သုံးရက်ကြာပြီတဲ့နောက် ဆေးကုသဆောင်ကနေထွက်လာပြီ သူ့ရဲ့အခန်းဆီကိုပြန်ရင်နားနိုင်ခဲ့ပါပြီ။ အမှန်တကယ်တော့ ဒဏ်ရာတွေအားလုံးက အပြည့်အ၀ပျောက်လုနီးပါးဖြစ်နေခဲ့တာပါ။

ကျွီးကျင့်အကြောင်းကို ဆက်ပြီမတွေးတော့ပါဘူး။ အဲ့ဒီအစား ရှိသမျှအစွမ်းအစတွေနဲ့ အင်အားတွေအားလုံးကို ကျင့်ကြံမှုမှာသာအသုံးပြုဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ကျန်ဟုန်ချန်ကလဲ လှည့်စားခံလိုက်ရပြီဖြစ်တဲ့အတွက် သူကိုပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ သင်ကြားခွင့်ရတော့မှာပါ။ သူလဲမကြာခင်မှာ သင်နိုင်ပါတော့မယ်။ ဒါကအဓိကရည်ရွယ်ချက်ပါပဲ။

ကျန်ဟုန်ချန် သံသယမ၀င်စေဖို့အတွက် ဟို့ယွိဟောင်က ၀မ်ရှောင်ကျဲ့ကို ချက်ချင်းသွားမရှာသေးပဲ ငါးရက်တိတိအခန်းအောင်လို့နေခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာတွေ အပြည့်အ၀ပျောက်သွားပြီလို့ ငါးရက်ကြာပြီတဲ့နောက် သွားပြီသတင်းပေးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ သူလေ့ကျင့်နိုင်ပါတော့တယ်။

ရွှမ်ကျင့်၀မ်ကတော့ အရှေ့မှာရှိနေတဲ့ လူငယ်လေးကိုစိုက်ကြည့်နေခဲ့တယ်။ ရက်အနည်းငယ်သာရှိသေးပေမဲ့ ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို ရင့်ကျက်တည်ငြိမ်သွားပုံပါပဲ။ ဒီခံစားချက်က အတော်ကိုထူးဆန်းသလိုစကားနဲ့လဲ ဖော်ပြလို့မရနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွေးမှန်တာကိုတော့ သူသိပါတယ်။

” ယွိဟောင် မင်းသိလား နိုင်ငံတစ်နိုင်ငံရဲ့ အမြင်ရှု့ထောင့်အရဆိုရင် ငါတကယ်ပဲ ခန်းမထဲကိုခေါ်မသွားချင်ဘူး…ခန်းမသခင်က မင်းရဲ့အသိပညာကိုအများကြီးအထင်သေးလျှော့တွက်လွန်တယ် ”

ရွှမ်ကျင့်၀မ်က မျက်မှောင်ကြုတ်ရင်ခေါင်းခါနေခဲ့ပါတယ်။

” ဆရာရွှမ်က နိုင်ငံရေးသမားတစ်ယောက်မဟုတ်ဘူးလေ သုတေသနတစ်ယောက်ပဲ ဒါကြောင့် အနာဂတ်မှာဆရာရွှမ်ရဲ့ သုတေသနတွေကို ကျွန်တော်ပိုပြီးကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်..နောက်ဆုံးတော့လဲ ပထမဆုံးတွေ့ချိန်တုန်းကပေးထားခဲ့တဲ့ ကတိကို ကျွန်တော်ကောင်းကောင်းမှတ်မိနေတုန်းပါ ဆရာလဲမှတ်မိတယ်မလား ”

ရွှမ်ကျင့်၀မ်လဲ ရယ်မောလိုက်ပါတယ်။
” ဒါပေါ့ သေချာပေါက် ငါမှတ်မိတာပေါ့ မမေ့လိုက်နဲ့ ခန်းမဆောင်က ဒီနေရာနဲ့ဘာမှမတူဘူး…မင်းရဲ့ စကားတစ်ခွန်ချင်ဆီတိုင်းနဲ့ ပြုမှုလှုပ်ရှားမှုတွေအားလုံးကို သူတို့ကစောင့်ကြည့်နေမှာ များများနားထောင် များများသင်ယူ များများကြည့်ပြီ များများတွေး စကားကိုနည်းနည်းပဲပြော တခြားအမျက်ဒေါသကျောင်းတော်ကလူတွေနဲ့ မပတ်သက်မိအောင်နေ ငါဘေးနားမှာပဲကပ်နေ ဒါဆိုရင်အဆင်ပြေလိမ့်မယ် ”

” ဟုတ်ကဲ့ပါဆရာ ”
ဟို့ယွိဟောင် တလေးတစားပြန်ဖြေလိုက်ပါတယ်။

” ဒါဆိုငါနဲ့လိုက်ခဲ့တော့ ”
ရွှမ်ကျင့်၀မ်က ပြောပြီတဲ့နောက် ဟို့ယွိဟောင်ကိုခေါ်ထုတ်လာပါတော့တယ်။

စမ်းသပ်ခန်းထဲမှာတော့ ကျင်မုက ဆရာရွှမ်နဲ့အတူလိုက်လာတဲ့လူငယ်ကိုကြည့်ရင် ထိတ်လန့်နေခဲ့ပါတယ်။ ဒါပေမယ့် ခက်ခက်ကတော့ စိတ်လှုပ်ရှားနေခဲ့တယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ပထမဆုံး၀င်ရောက်တဲ့အချိန်တုန်းကထက်တောင် ပိုပြီးပျော်နေပုံရပါတယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က နေလနိုင်ငံတော်ရဲ့ အဓိကဗဟိုချက်မှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် လူတွေအတွက်သာမန်အဆောက်အဦးတစ်ခုသာ တူနေပေမဲ့ အထဲကို၀င်တာနဲ့ဒီခန်းမဆောင်ကြီးက သူတွေးထားတာထက် အများကြီးပိုပြီးကျယ်ပြန့်နေတာကို နားလည်လိုက်ရပါတော့တယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမကကြယ်တာရာလော့နိုင်ငံတော်ရဲ့ လေလံအိမ်ကြီးတွေလိုပါပဲ။ သူက ဟိုအောက်ဖက်ကိုအဓိကအခြေခံစိုက်ပြီ တည်ဆောက်ထားခဲ့တာပါ။ ဒါပေမယ့် အရွယ်အစားကတော့ မယှဥ်နိုင်လောက်အောင်ကြီးလွန်ပါတယ်။

ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့အဆောက်အဦးထဲကို သူ၀င်သွားခဲ့ရပါတယ်။ ရွှမ်ကျင့်၀မ်က စစ်ဆေးမှုနေရာသုံးခုအထိကို ဖြတ်ကျော်လာခဲ့ပြီ သူ့ကိုခေါ်ဆောင်လာခဲ့တယ်။ တစ်ခုချင်းဆီတိုင်းမှာလဲ ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ ၀ိညာဥ်လက်နက်တွေက စောင့်ကြပ်နေခဲ့တာပါ။

အဆောက်အဦးထဲ၀င်လာချိန်မှာပဲ အလွှာတစ်ခုချင်းဆီတိုင်းကို ရောက်နိုင်တဲ့ ဓာတ်လှေကားအခုနှစ်ဆယ်ကို မြင်လိုက်ရပါတော့တယ်။ ဒီဓာတ်လှေကားတွေက အမိုခုံပုံစံတွေနဲ့ ပြုလုပ်ထားတာပါ။ ဒါ့အပြင် တစ်ခုချင်းဆီတိုင်းကလဲ အတော်ကိုခိုင်ခံ့ပြီ လူဆယ်ယောက်မကဆန့်တဲ့ပုံစံပါပဲ။
ရွှမ်ကျင့်၀မ်က ပထမဆုံးဓာတ်လှေကားဆီကို ခေါ်လာရင်း သူ့ရဲ့သက်သေခံတံဆိပ်ပြားကို ၀ိညာဥ်လက်နက်ပေါ်မှာဖြန့်လိုက်ပါတယ်။ အဲ့ဒီနောက် အလယ်ကသတ္ထုချောင်းကို ဆွဲချလိုက်ရင်း သူ့ရဲ့၀ိညာဥ်စွမ်းအားကိုထည့်သွင်းလိုက်တော့တယ်။ မကြာခင်မှာပဲ ဓာတ်လှေကားက အောက်ဆင်းလာခဲ့ပါပြီ။

ဓာတ်လှေကားအောက်ကိုရောက်ဖို့အတွက် နှစ်မိနစ်တိတိကြာမြင့်ခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒါကိုဟိုစိတ်နှလုံးသားအထိ သေချာမှတ်မိအောင် မှတ်သားထားလိမ့်ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ဒီဓာတ်လှေကားကြီးက မီတာတစ်ရာနီးပါးရှည်လျားနေခဲ့တာပါ။

သူတို့ဆင်းလာနေချိန်မှာပဲ ဓာတ်လှေကားရဲ့အတွင်ပိုင်းက လုံး၀ကိုချိတ်ပိတ်ခံထားရသလို အပြင်ဘက်ကိုလဲမမြင်ရပါဘူး။ အထဲမှာကတော့ အဖြူရောင်အလင်းတန်းခပ်ဖျော့ဖျော့လေးသာ ထွက်ပေါ်နေခဲ့ပါတယ်။

ရွှမ်ကျင့်၀မ်က သူကိုဘာမှလဲမပြောသလို ဘာမှလဲမရှင်းပြပါဘူး။ သူအစောပိုင်းတုန်းက ပြောခဲ့သလိုပဲ ဟို့ယွိဟောင်ကို များများထောင် များများမြင်တွေ့ ပြီ များများတွေးတောချင်ကြပါတယ်။ မေးတော့မမေးစေချင်ပါဘူး။

ဓာတ်လှေကားရဲ့တံခါးတွေပွင့်သွားပြီတဲ့နောက် ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြလိုက်ပါတယ်။

ဒီလောကကြီးက သတ္ထုတွေနဲ့အပြည့်အ၀ပြုလုပ်ထားတဲ့လောကကြီးပါ။ ဒါ့အပြင် အခုံပုံသဏ္ဍာန်လဲရှိနေခဲ့ပါသေးတယ်။ ဓာတ်လှေကားထဲကနေ စိတ်လှုပ်ရှားမှုအပြည့်ထွက်လာခဲ့ပြီတဲ့နောက် စင်္ကြန်လမ်းတစ်ခုကိုဖြတ်ပြီချိန်မှာ အတွင်းနယ်မြေက ကျယ်ပြန့်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို အသက်ရှုဖို့မေ့သွားခဲ့ပြီ တအံ့တဩအသံထုတ်လိုက်မိပါတယ်။

” အား ”

အရှေ့မှာရှိနေတဲ့မြင်ကွင်းက တကယ်ကိုလန့်စရာကောင်းလွန်လှပါတယ်။ သူက ကြီးမားကျယ်ပြန့်လွန်လှတဲ့ ခန်းမကြီးရှေ့မှာရောက်လာခဲ့တာပါ။ ဒီခန်းမကြီးက ကျယ်လွန်လို့ဘယ်နေရာမှာအဆုံးသတ်မလဲဆိုတာ မမြင်ရပါဘူး။ မရေမတွက်နိုင်တဲ့ စမ်းသပ်ခန်းသုံးစားပွဲတွေက သပ်သပ်ရပ်ရပ်စီထားတဲ့အပြင် ဟိုအဝေးကြီးအထိ ရှိနေခဲ့တာပါ။ ရေပြင်ညီအတိုင်းကြည့်မယ်ဆိုရင်တောင် စားပွဲကအခုငါးဆယ်တိတိရှိနေခဲ့ပါတယ်။ ဒါ့အပြင် စားပွဲတစ်ခုချင်းဆီတိုင်းကလဲ သုံးမီတာကနေ ငါးမီတာအထိ ကျယ်ပြန့်တာပါ။

ဟိုအဝေးအထိကြည့်မယ်ဆိုရင် သူရေတွက်နိုင်တာထက်ကို ပိုပြီးကျော်လွန်တဲ့ စားပွဲတွေရှိနေခဲ့ပါတယ်။ လူတွေကလဲ အဲ့ဒီစားပွဲတစ်ခုချင်းဆီမှာအလုပ်လုပ်နေခဲ့ကြတယ်။ ဒီကြီးမားတဲ့အခန်းကြီးကတကယ်တော့ အုပ်ဆောင်ကြီးတစ်ခုလိုဖြစ်နေခဲ့တာပါ။ မီတာနှစ်ဆယ်ကျော်အထိ မြင့်မားပြီသတ္ထုတွေနဲ့ သူ့ကိုကာကွယ်ထားပါတယ်။ သန်မာလွန်လှတဲ့ သတ္ထုအခွံကြီးက ဟို့ယွိဟောင်ရဲ့အာရုံထဲကို ၀င်ရောက်လာခဲ့တယ်။

ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမလား ၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်တဲ့စက်ရုံကြီးပဲ။ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ထုတ်လုပ်တဲ့၀ိညာဥ်လက်နက်တွေအားလုံးက အရည်အသွေးမနှိမ့်နိုင်ဘူး။ ဒီနေရာမှာအလုပ်လုပ်တဲ့သူတွေအားလုံးက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ထိပ်သီးတွေပဲဖြစ်ရမယ်။

ရွှမ်ကျင့်၀မ်က ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” ငါတို့အခုရပ်နေတဲ့နေရာက စောင့်ကြည့်လေ့လာရေးအောက်မှာရှိမနေဘူး….ငါတို့အောက်ကိုဆက်ဆင်းသွားမယ်ဆိုရင် နေရာတိုင်းမှာရုပ်မြင်သံကြားထောက်လှမ်းရေးတွေတပ်ထားတယ်…ဒါက ပုံရပ်ယောင်အစစ်အမှန်ခန်းမရဲ့ထုတ်လုပ်ရေးနယ်မြေပဲ ဘယ်လောက်ကြီးမားလဲဆိုတာ ငါမသိပေမဲ့အနည်းဆုံးတော့ အပေါ်မှာရှိတဲ့ ကျောင်းတော်ရဲ့တစ်၀က်နီးပါးလောက်တော့ ကျယ်လိမ့်မယ်…ဒီနေရာမှာစားပွဲခုံက စုစုပေါင်းငါးထောင်ရှိတဲ့အပြင် အမှောင်ထဲမှာမမြင်ရတာတွေလဲ ထပ်ရှိနေသေးတယ် ”

” တချို့သုတေသနတွေက ကုန်ကျစရိတ်ကြီးမားတဲ့အပြင် ဒီနေရာမှာရှိတဲ့ သုံးပုံတစ်ပုံက ဗလာဟင်းလင်းဖြစ်နေတာ ဒါပေမယ့် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ပါရမီရှင်တွေအားလုံးက ဒီမှာရောက်နေခဲ့ပြီ ဒီနေရာမှာရှိနေတဲ့သူတွေက နေလနိုင်ငံတော်ရဲ့အင်အားအကြီးဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလို့ပြောရမှာပဲ ”

” တချို့သူတွေကတော့ အလုပ်သင်တွေ သူတို့ကဒီနေရာမှာအချိန်ခဏတာလောက်အလုပ်လုပ်ပြီ သူတို့ရဲ့သင်ကြားမှုတွေကို ပြန်စတင်ကြလိမ့်မယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ ထုတ်လုပ်တဲ့သုတေသနတွေက အုပ်စုလိုက်အုပ်စုလိုက်လုပ်ရတာတွေများတယ်…အုပ်စုတစ်ခုချင်းဆီတိုင်းမှာ လူအရေအတွက်ကလဲ မတူညီဘူး…ပုံမှန်အတိုင်းဆိုရင် သူတို့တွေကကစားပွဲငါးခုထက်မနည်းသုံးကြရတယ်..လူထုအများနဲ့ဆိုင်တဲ့ သုတေသနတွေဆိုရင် လျှို့၀ှက်စမ်းသပ်ခန်းတွေရှိနေသေးတယ် ”

” အဲ့ဒီလျှို့၀ှက်စမ်းသပ်ခန်းတွေထဲမှာ ထုတ်လုပ်နိုင်တဲ့သူတွေက အနည်းဆုံးအဆင့်ရှစ်အထက်မှာရှိမှာပဲ သူတို့ရင်ဘတ်မှာရှိတဲ့ အဆောင်အယောင်တွေကို သတိထားပြီကြည့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အဆောင်အယောင်တွေက ပုံမှန်လောကနဲ့မတူညီဘူး…နေနဲ့ လကိုအဓိကနောက်ခံထားပြီ ကြယ်တာရာတွေကို ထင်ထင်ရှားရှားဖြစ်အောင်လုပ်ထားတယ်…ကြယ်တစ်ပွင့်ချင်းဆီတိုင်းက နောက်တစ်ဆင့်ကိုကိုယ်စားပြုတယ် ”

သူပြောပြီတဲ့နောက် ရွှမ်ကျင့်၀မ်က ကြယ်ရှစ်လုံးပါတဲ့ အဆောင်အယောင်တစ်ခုကိုထုတ်ယူလာပြီ သူ့ရဲ့ရင်ဘတ်ပေါ်မှာတင်လိုက်ပါတော့တယ်။

” အကယ်၍ အဆင့်ကိုးကိုရောက်သွားပြီဆိုရင် ငါတို့နိုင်ငံမှာအဆင့်အမြင့်ဆုံးနဲ့ အင်အားအကြီးဆုံးသူဖြစ်သွားပြီပဲ..ဒါကြောင့် အမြင့်ဆုံးအကာအကွယ်ကိုရရှိကြတယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ လက်ရှိအချိန်ဆိုရင် ခန်းမသခင်အပါအ၀င်အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်လေးယောက်တိတိရှိတယ်…ခန်းမသခင်က အသက်အငယ်ဆုံးပဲ ဒီနေရာမှာသုတေသနလုပ်နေတဲ့သူတွေက အင်အားအကြီးဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်လေးယောက်ရဲ့ တပည့်သားတွေထဲက တစ်ယောက်လို့ပြောလို့ရနိုင်တယ်လေ ငါအပါအ၀င်ပဲပေါ့ ငါရဲ့ဆရာကလဲ အဲ့ဒီအဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်လေးယောက်ထဲက တစ်ယောက်ပဲ ”

နေလနိုင်ငံတော်ရဲ့ ဒီကျောင်းတော်မှာဟို့ယွိဟောင်နေတာ အချိန်တချို့ကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ရှိရှိသမျှရက်တွေအားလုံးပေါင်းတာထက်တောင် ပိုပြီးသင်ယူလိုက်ပြီလို့ခံစားမိပါတယ်။ ရွှမ်ကျင့်၀မ်ပြောတာကို နားထောင်နေရင်း သူပါးစပ်တောင်မဖွင့်၀ံ့ပါဘူး။ ပြောသမျှအရာအားလုံးကို ဆက်တိုက်ခေါင်းညိတ်ရင် မှတ်သားနေခဲ့ပါတယ်။

ရွှမ်ကျင့်၀မ်ကတော့ သူ့ရဲ့တုန့်ပြန်ပုံကိုကြည့်ရင်း သဘောကျနေခဲ့မိတယ်။ ဒါကြောင့် သူပြုံးပြလိုက်ပါတယ်။

” ကောင်းပြီ သွားကြမယ်…ငါတို့တွေအောက်ဆက်ဆင်းမယ်..မင်းလဲကိုယ်ပိုင်စားပွဲရမှ ငါမင်းကိုသုတေသနပြုဖို့အတွက် ခေါင်းစဥ်တစ်ခုပေးမယ်…အကယ်၍ မင်းမှာမေးခွန်းရှိမယ်ဆိုရင် ငါကိုတိုက်ရိုက်မေး စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးမင်းမေးခွန်းတွေကို ပို့လွှတ်နိုင်မယ်လို့ ငါသိတယ်…မင်းကောင်းကောင်းလုပ်မယ်လို့လဲ ယုံကြည်တယ် ”

ရွှမ်ကျင့်၀မ်ရဲ့ညွှန်ကြားမှုအောက်မှာသူတို့နှစ်ယောက်က ဆယ်မိနစ်ကျော်ကြာတဲ့အထိ ဆက်လျှောက်လာခဲ့ပြီ စားပွဲအလွှတ်တစ်ခုဆီကိုလျှောက်လာခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်က သူ့ရဲ့တံဆိပ်ပြားကို ထုတ်ယူလာခဲ့တယ်။ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တံဆိပ်ပြားပါ။ ဟို့ယွိဟောင်ရဲ့ရင်ဘတ်မှာအဲ့ဒီတံဆိပ်ပြားကို သူတပ်ပြီတဲ့နောက် သက်သေခံကပ်ပြားကို ထုတ်ယူရင်း စားပွဲရဲ့ဘေးကိုထိတွေ့လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ကိုယ်ပိုင်သက်သေခံတံဆိပ်ပြားကိုပါ နောက်တစ်ကြိမ် အသိအမှတ်ပြုဖို့အတွက် ထပ်ထည့်လိုက်တယ်။

” ဒီကဒ်ကိုသိမ်းထား နောက်တစ်ကြိမ်မင်း၀င်လာလို့ရှိရင်း စားပွဲနံပါတ် တစ်ထောင်နှစ်ရာသုံးဆယ်ရှစ်ကိုသုံးရမယ်…ဒီကဒ်ကိုလဲလိုလိမ့်မယ် ”

ဟို့ယွိဟောင်ကဒ်ကိုသေချာကြည့်နေချိန်မှာပဲ စားပွဲရဲ့အောက်မှာရှိတဲ့ခလုတ်တွေအများကြီးက အရောင်တောက်ပလာပါတော့တယ်။ သေချာကြည့်မယ်ဆိုရင် အနည်းဆုံးအခုငါးဆယ်ရှိနေတာကို မြင်ရမှာပါ။ ခလုတ်တစ်ခုချင်းဆီတိုင်းက သေးငယ်တဲ့တံဆိပ်တွေရှိနေပြီ အားလုံးရဲ့အရောင်ကလဲမတူညီပါဘူး။

အပိုင်း ၁၇၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset