Switch Mode

Chapter – 170.3

ဒဏ်ရာသေဆုံးမှုနဲ့ လူ့နှလုံးသား

အပိုင်း ၁၇၀•၃

” ဒဏ်ရာသေဆုံးမှုနဲ့ လူ့နှလုံးသား ”
°°°
ဟို့ယွိဟောင်က နိုးနေပြီသားပါ။ ဒါပေမယ့် သူအသက်ရှုသွင်းလိုက်ချိန်မှာ ပူပြီလန်းဆန်းတဲ့အငွေ့က နှာခေါင်းထဲကို ၀င်လာပါတော့တယ်။ သူချက်ချင်းဆိုသလို မျက်လုံးအပြူးသားနဲ့ နိုးလာခဲ့ရပါပြီ။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က တုန်သွားခဲ့ပါပြီ။ အဲ့ဒီနောက် မျက်လုံးမဖွင့်ခင်အချိန်မှာ နှာချေလိုက်ပါတယ်။

” ယွိဟောင် ငါကျန်ဟုန်ချန်ပါ ”

ကျန်ဟုန်ချန်က အိပ်ရာဘေးကိုရောက်လာပြီ ထိုင်နေခဲ့ပါတယ်။ အခုအချိန်မှာ သူကတော့ အင်မတန်ကိုဖော်ရွေနွေးထွေးတဲ့အကြည့်နဲ့ ကြည့်နေခဲ့တယ်။

” ခန်းမသခင်ကို ဂါရ၀ပြုပါတယ် ”

ဟို့ယွိဟောင်ရဲ့အသံက အက်ကွဲကြမ်းတမ်းနေဆဲပါ။ သူအတော်လေးအားနည်းတဲ့အသံထွက်ပေါ်နေခဲ့ပါတယ်။ ကြည့်ရတာ အချိန်မရွေးအသက်ရှုရပ်သွားနိုင်ပုံပါပဲ။

ကျန်ဟုန်ချန်လဲ တခဏတာစဥ်းစားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။

” ဒီနေ့ဖြစ်သွားတဲ့ကိစ္စတွေအတွက် တောင်းပန်ပါတယ်…ကျောင်းတော်ကမင်းကိုကာကွယ်မှုမလုပ်နိုင်ခဲ့ဘူး…ကျူးကျော်သူတွေက မင်းကိုဖမ်းဆီးပြီ နှိပ့်စက်ခဲ့ကြတဲ့အတွက် အပြစ်ပေးခံလိုက်ရပါပြီဒါ့အပြင် ကျောင်းတော်ကလဲ နောက်ထပ်အစီအစဥ်တွေကို ပိုပြီးကြပ်ကြပ်တည်တည်လုပ်ပါ့မယ်…ဘယ်သူမှမင်းကိုမထိခိုက်စေရဘူးလို့ ငါတို့ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်…ကျောင်းတော်ကိုယ်စား ငါတောင်းပန်ပါတယ် ”

တကယ်လူပါပဲလား အကြီးအကဲမု မဆုံးပါးခင်အချိန်တုန်းက ဒီလူကအတော်ကိုအပြောင်းအလဲမြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့သူလို့ပြောခဲ့တာ အံ့ဩစရာမရှိပါဘူး။ သူက အတော်လေးဒေါသကြီးတဲ့သူဆိုပေမဲ့ တကယ်တော့ခေါင်းကကောင်းပါသေးတယ်။

ဟို့ယွိဟောင်က ခေါင်းသာခါရင်းပြောလာခဲ့ပါတယ်။

” ခန်းမသခင်က ကျွန်တော်ကို ထိခိုက်စေသူမှမဟုတ်တာ တောင်းပန်ဖို့မလိုပါဘူး…ဒါ့အပြင် ကျူးကျော်သူတွေရဲ့ အဓိကနောက်ကွယ်တရားခံကြီးက စစ်ကြောအခန်းရဲ့အပြင်မှာရှိတဲ့သူပဲ သူက အဲ့ဒီလူငါးယောက်ကိုညွှန်ကြားစေပြီ ကျွန်တော်ကိုနှိပ့်စက်နေခဲ့တယ်…ဒီလိုဖြစ်လာမယ်လို့လဲ မထင်ထားခဲ့ဘူးလေ…နေလကျောင်းတော်ရဲ့လက်ရှိအဆင့်အတန်းနဲ့ဆိုရင် ဘယ်သူမှကျောင်းတော်ထဲကို၀င်လာပြီ လူတစ်ယောက်ကိုဖမ်းဆီး၀ံ့မယ်လို့လဲ မထင်ခဲ့မိတာ ကျွန်တော်ရဲ့ဒဏ်ရာတွေကတော့ ဘာမှမဟုတ်ပါဘူး…ကျွန်တော်လို၀ိညာဥ်ပညာရှင်လူမျိုးအတွက်ဆိုရင် တကယ်မဆိုးရွားတဲ့ကိစ္စပေါ့ ”

” ဒါပေမယ့် ဒီကျောင်းသားအကူအပြောင်းသင်ကြားမှုကနေ တစ်ခုခုကိုသင်ယူဖို့အတွက် မျှော်လင့်ပါတယ်…ကျောင်းတော်ထဲမှာ ကျွန်တော်ရှိနေတာ အချိန်တချို့ကြာပြီဖြစ်ပေမဲ့ အခြေခံတွေလောက်ပဲသင်ရသေးတယ်..ဒါကြောင့် တော်တော်လေးနှောင့်နှေးနေပြီလို့ထင်တယ် ”

ကျန်ဟုန်ချန် စိတ်ထဲမှာအတော်ကိုမုန်းတီးနေခဲ့မိပါတယ်။ ဟို့ယွိဟောင်က ငယ်ရွယ်ပေမဲ့ တကယ်ကိုအကြံအစည်များတဲ့သူပါ။ ကျန်ဟုန်ချန်ကို စကားလုံးလှလှတွေနဲ့အသုံးပြုရင်း ချောင်ပိတ်ရိုက်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မြေးတွေကို လုံခြုံစိတ်ချစေချင်တဲ့အတွက် ရွေးချယ်စရာမရှိပဲ ဒါကိုသည်းခံရမှာပါ။

တခဏတာစဥ်းစားပြီတဲ့နောက် သူပြောလိုက်ပါတယ်။

” တော်၀င်သက်တော်စောင့်တွေရဲ့ခေါင်းဆောင်ရွှီမော့ချန်က တော်၀င်မိသားစုတစ်ခုကိုခေါင်းဆောင်တဲ့မင်းသားရဲ့သားပဲ ငါ့မှာသူ့ကိုလွှမ်းမိုးနိုင်တဲ့ဩဇာအာဏာမရှိဘူး…ဒါပေမယ့် မင်းကိုကိုယ်တိုင်လာရောက်တောင်းပန်ရအောင်တော့ လုပ်ပေးပါ့မယ်…ကျောင်းတော်ကဒီကိစ္စနဲ့ပတ်သက်ပြီတော့လဲ တာ၀န်ကိုသေချာပေါက်ယူမှာပါ…အခုကနေစပြီ ကျောင်းတော်ကနေ မင်း၀ိညာဥ်လက်နက်ဖန်တီးဖို့အတွက် ဘယ်ပစ္စည်းကိုမဆိုယူလို့ရတယ်…ဒါပေမယ့် အဓိကဗျူဟာတွေနဲ့ ပုံတူပွားထားတာတွေမပါ၀င်ဘူး…ဒါတွေကိုစမ်းသပ်ဖို့လဲ မလိုဘူး..မင်းပြန်ကောင်းလာတဲ့အချိန် ရွှီချန်ယန်ကိုပြောပြီ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုလာလိုက် ဒါဆိုရင်အသိပညာလဲပိုတိုးလာလိမ့်မယ်…အကြီးအကဲမုဆုံးပါးသွားပေမဲ့ သူက ငါအလေးစားရဆုံးအကြီးအကဲတစ်ယောက်ဖြစ်နေတုန်းပဲလေ အကယ်၍ ကျောင်းတော်ထဲမှာ တစ်စုံတစ်ယောက်ကသာ ရန်စထိပါး၀ံ့တယ်ဆိုရင် ငါ့ကိုသေချာပေါက်ပြောရမယ် ”

ဟို့ယွိဟောင်ကတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်နေခဲ့ပါတယ် သူ့ရဲ့ပစ်မှတ်ကအောင်မြင်သွားခဲ့ပါပြီ။

” ဒီအခွင့်အရေးကိုပေးတဲ့အတွက် ခန်းမသခင်ကို ကျေးဇူးတင်ပါတယ်..သေချာပေါက် စိတ်မပျက်စေရပါဘူး ကျွန်တော်ကြိုးစားပါ့မယ် ”

ဟို့ယွိဟောင်ရဲ့ စိတ်ရင်းမှန်ကန်တဲ့ကျေးဇူးတင်စကားကိုကြားချိန်မှာ ကျန်ဟုန်ချန်ခေါင်းညိတ်လိုက်ပါတယ်။ သူအားတင်ပြီပြုံးပြရင်းနဲ့ ထရပ်လိုက်တော့တယ်။

“ဒါဆိုကောင်းကောင်းနားပါ မင်းကိုကုသဖို့အတွက်ငါအကောင်းဆုံးဆေး၀ါးတွေ ပေးခိုင်းထားတယ် ”

ဟို့ယွိဟောင် တလေးတစားနဲ့ခေါင်းညိတ်ပြလိုက်ပါတယ်။ တကယ်တော့ သူဘာမှသိပ်ပြီမခံစားရတာမဟုတ်ပါဘူး။

ဒဏ်ရာတွေကိုသေချာကုသပြီတဲ့နောက် ဟို့ယွိဟောင်ကို အနားယူတဲ့နေရာဆီအပို့ခံလိုက်ရပါတော့တယ်။ ကျန်ဟုန်ချန်ရဲ့ သူ့အပေါ်အလွန်အမင်စိုးရိမ်နေမှုကြောင့် အကောင်းဆုံးပြုစုမှုတွေကို ရရှိ ခဲ့တာပါ။ အစားအသောက်တွေလဲပိုကောင်းလာခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်လောက်တော့မကောင်းပေမဲ့ အာဟာရပြည့်အောင်တော့စားရပါသေးတယ်။

အရင်တစ်ခေါက်ကလို သွေးဆုံးရှုံးမှုမများပေမဲ့ ပင်ပန်းနေဆဲပါပဲ။ ဒါ့အပြင် သူ့ရဲ့ထိခိုက်မှုကို လုံး၀အစစ်အမှန်နဲ့တူအောင်လုပ်ဖို့လဲ ကြိုးစားနေရပါသေးတယ်။ ကျောမှာရှိတဲ့ယာယံနာကျင်မှုက ဆေး၀ါးတွေရဲ့အကူအညီနဲ့အတော်လေး သက်သာသွားခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ နောက်ကျောတစ်ခုလုံးအသားမာတက်နေခဲ့ပါတယ်။

ဒီအချိန်မှာပဲ တံခါးကဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီ အထဲကို၀င်လာခဲ့တော့တယ်။

ယွိဟောင်က ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုလိုက်ပေမဲ့ ဒါကခက်ခက်ဖြစ်နေခဲ့ပါတယ်။

” ယွိဟောင် ယွိဟောင် ”

ခက်ခက်က သူ့အနားကိုရောက်လာရင်း ခေါ်လိုက်ပါတယ်။

ဟို့ယွိဟောင်က အရမ်းကိုပင်ပန်းနေတာကြောင့် ခက်ခက်ကိုအော်မထုတ်ချင်ပါဘူး။ ဒါကြောင့် အိပ်ပျော်နေတဲ့ပုံစံသာ ဟန်ဆောင်နေခဲ့ပါတယ်။

” အဲ့ဒီတော်၀င်သက်တော်စောင့်ခွေးမသားတွေ တကယ်လွန်းလွန်တာပဲ သူ့တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်ကြီးပဲ တော်တော်လေးဒဏ်ရာဆိုးနေတယ်ဖြစ်ရမယ်…အရင်ဒဏ်ရာဟောင်းတွေတောင် အခုထိမကောင်းသေးတာကို နောက်တစ်ခေါက်ထိခိုက်ပြန်ပြီ ဒီကောင်တွေအားလုံးကိုငါသွားရိုက်ပြစ်ချင်လိုက်တာ အားလုံးကိုသင်ကွပ်ပြီးတော့ မိန်းမစိုးတွေဖြစ်အောင် လုပ်ပြစ်မယ် ”

ခင်ခက်က ဒေါသတကြီးနဲ့သူ့ဘာသာသူပြောနေခဲ့ပါတယ်။

ဟို့ယွိဟောင် ရယ်ချင်နေပေမဲ့ မရယ်မိအောင်လို့ထိန်းထားနေခဲ့ရတယ်။ ခက်ခက်က တကယ်ကိုတဲ့တိုးဆန်တဲ့သူပါ သူက အကြံအစည်များတာလဲမရှိပါဘူး။ တကယ်မိန်းမကောင်းလေပါပဲ။

ခက်ခက်ကခေါင်းကိုငုံ့ရင်း ဟို့ယွိဟောင်ရဲ့မျက်နှာကိုသေချာကြည့်ကာ လေပူတွေမှုတ်ထုတ်မိပါတယ်။ ဟို့ယွိဟောင်အနေနဲ့ နောက်ထပ် တောင့်မခံနိုင်တော့တဲ့အခြေအနေအထိကို ဖြစ်လာတော့တယ်။

ခက်ခက်က သူမရဲ့လက်ကိုဟို့ယွိဟောင်ရဲ့ခေါင်းပေါ်တင်လိုက်ပြီ သက်ပြင်းချလိုက်ပါတယ်။

” နင်က နည်းနည်းလေးငယ်နေသေးတယ်…မဟုတ်ရင် သေချာပေါက် ငါစိတ်၀င်စားမိမှာပဲ ”

သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ပါးကိုသစ်သီးလေးတစ်လုံးလိုဖြစ်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့နှလုံးခုန်သံတွေက ပိုပြီးမြန်လာခဲ့ပါပြီ။ သူ့ကိုစိတ်၀င်စားပြီသဘောကျတယ်လို့ပြောချင်တာလား ခက်ခက်က တခဏတာတွေဝေနေခဲ့တယ်။ ဟို့ယွိဟောင်မနိုးလာတာကိုမြင်ချိန်မှာတော့ သူထွက်ခွာသွားခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်မိပါတယ်။ ဒါထက်သူမဆက်ပြီစောင့်နေဦးမယ်ဆိုရင် သူကြာကြာဟန်မဆောင်နိုင်မှာကိုစိုးရိမ်နေခဲ့မိတယ်။ သူကတကယ်တော့ အိပ်ပျော်လို့မပျော်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့စကားတွေကြောင့်သာ ဒီလိုအလန့်တကြားဖြစ်သွားခဲ့တာပါ။

အဲ့ဒိီအချိန်မှာပဲ တံခါးကနောက်တစ်ကြိမ်ပွင့်လာခဲ့ပါတယ်။ ဘာလို့သူပြန်လာတာလဲ ဟို့ယွိဟောင် စိတ်ညစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကို သူသတိထားမိလိုက်တယ်။ ဒီလိုမျိုးအသံက ခက်ခက်ရဲ့အသံမဟုတ်ပါဘူး။ လူတစ်ယောက်က သူ့ဘေးနားကိုရောက်လာခဲ့ပြီ သူ့ဆံပင်တွေကို ခပ်ဖွဖွပွတ်သပ်ပေးနေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ စိတ်ညစ်လာခဲ့မိတယ်။

” ဘာဖြစ်လို့ သူတို့ငါဆံပင်ကိုပဲ တစ်ချိန်လုံးလာကိုင်ချင်နေရတာလဲ အမျိုးသားတစ်ယောက်ရဲ့ဆံပင်ကိုဒီလိုမျိုး စိတ်ရှိတိုင်းထိကိုင်နေလို့ရမလား ”

” ယွိဟောင် ငါတောင်းပန်ပါတယ်…ငါနင့်ကိုထိခိုက်စေမိပြီ အကယ်၍ ငါသာသူတို့ကိုခေါ်လာပြီ နင့်ကိုရင်မဆိုင်ခဲ့ဘူးဆိုရင် နင်လဲ၀မ်ရှောင်ကျဲ့နဲ့ပြဿနာတက်မိမှာမဟုတ်ဘူး…ဒီလိုလဲဒဏ်ရာရစရာမလိုဘူး…အခုမှဒဏ်ရာပြန်ကောင်းခါစပဲရှိသေးတာကို အကုန်လုံးက ငါအမှားတွေပဲ ”

ဟို့ယွိဟောင်ရဲ့မျက်နှာပေါ်ကို မျက်ရည်တွေကစီးကျလာခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ နွေးထွေးနူးညံ့တဲ့လက်တစ်စုံက ဒီမျက်ရည်တွေကိုပြန်သုတ်ပေးခဲ့တယ်။ ဟို့ယွိဟောင်ရဲ့နှလုံးသားက အနည်းငယ်အခုန်မြန်လာခဲ့ပါပြီ။ သူ့ရဲ့အိပ်ရာကသိပ်မကြီးမားပါဘူး။ သူလှဲနေတဲ့အတွက် နောက်ထပ်နေရာအလွတ်မရှိပဲဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွီးကျင့်ကတော့ ဘေးမှာကပ်ပြီလှဲနေရင်း သူမရဲ့ခေါင်းကိုသူ့ပုခုံးပေါ်မှာ မှီထားခဲ့တယ်။ သူမက ခပ်တိုးတိုးငိုနေခဲ့တာပါ။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကပိုပြီးစိုးရိမ်လာခဲ့မိပါပြီ။ ကျွီးကျင့်က သူ့အတွက်တော့ ထူးဆန်းတဲ့လူတစ်ယောက်ပါပဲ။ ကျွီးကျင့်ကို အိမ်ရှေ့စံမင်းသားနဲ့မြင်ပြီချိန်မှာသာ အရာအားလုံးကိုနားလည်သွားပါတော့တယ်။ သူမရဲ့နောက်ကြောင်းကအတော်ကို သနားစရာကောင်းပေမဲ့ သူမှာကျောထောက်နောက်ခံလူတစ်ယောက်ရှိနေပါသေးတယ်။ ဒါကြောင့် အနာဂတ်မှာစစ်ပွဲထဲတွေ့မယ်လို့ ပြောခဲ့တာအံ့ဩစရာမဟုတ်တော့ပါဘူး။

ဟို့ယွိဟောင်အပေါ် ကျွီးကျင့်ထားတဲ့ခံစားချက်တွေက ရှုပ်ထွးပါတယ်။ သူ့အပေါ်မှာသတိကြီးကြီးလဲထားရပြီ သနားလဲသနားရသလို နှစ်လဲနှစ်သက်ပါတယ်။ အထူးသဖြင့် သူ့ကိုဂရုစိုက်တဲ့အချိန်မှာပါ။ နှလုံးသားထဲမှာ ကျွီးကျင့်နဲ့မာရှောင်ထောင့်က တူညီတာကို ၀န်ခံရမှာအမှန်ပါပဲ။ ဒါပေမယ့် မာရှောင်ထောင့်က စိတ်ဆိုးလွယ်ပြီ စကားပြောပြတ်တဲ့အစ်မကြီးတစ်ယောက်ဖြစ်သလို ကျွီးကျင့်က နွေးထွေးပြီနူးညံ့တဲ့အစ်မကြီးပါပဲ။

သူတို့တွေဒီလိုအတူတူရှိပြီတဲ့နောက် ကျွီးကျင့်က သူ့အရှေ့မှာဆိုရင် သိပ်ပြီတော့ဟန်မဆောင်နေတော့တာကို နားလည်လာမိပါတယ်။ ဒီမိန်းကလေးရဲ့နှလုံးသားတစ်ခုလုံးက အမုန်းတွေနဲ့ပြည့်နှက်နေတာကို သူမြင်ခဲ့ရတယ်။ ဒါ့အပြင် အတွင်းစိတ်ထဲက ကြင်နာမှုကလဲရှိနေဆဲပါပဲ။ ဒါကိုလဲဖုံးကွယ်ထားပါသေးတယ်။

” ပထမဆုံး နင်ကင်ပေးတဲ့အသားကို စားရတဲ့အချိန်မှာတကယ်ပဲ အဲ့ဒီအရသာကြောင့် အံ့အားသင့်ခဲ့မိတာကိုသိလားယွိဟောင် နင်ရဲ့အစားအသောက်တွေက အဖေကိုပြန်ပြိအမှတ်ရစေမိတယ်…ငါတစ်ခေါက်တုန်းက ပြောခဲ့ဖူးတယ်..အကယ်၍ ငါနှလုံးသားတစ်ခုလုံးကို ပုံအပ်ခဲ့ပြီ တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးရင် လက်ထပ်ရမယ်ဆိုရင် ငါအဖေလိုမျိုးပါရမီရှိပြီ ကောင်းကောင်းချက်ပြုတ်တတ်တဲ့သူတစ်ယောက်ဖြစ်စေချင်တယ်လို့ ”

” နင်က ငါထက်အများကြီးငယ်ပေမဲ့ ငါနင့်ကိုတကယ်သဘောကျတယ်ဆိုတာ ၀န်ခံရမှာပဲ ဒါပေမယ့် ဒီခံစားချက်တွေကို ငါအတော်ကြီးထိန်းသိမ်းထားခဲ့ရတယ်…ဘာကြောင့်လဲဆိုရင် ငါတို့နှစ်ယောက်မှာအနာဂတ်မရှိနိုင်ဘူးလေ အသက်အရွယ် အတွေ့အကြုံအားလုံးကအတူတူအဆုံးသတ်နိုင်တာမရှိဘူး ”

” နင်က အမျက်ဒေါသကျောင်းတော်ရဲ့ ပါရမီရှင်ဆိုတာငါသိတယ်..၀ိညာဥ်စက်ကွင်းလေးကွင်းပဲရှိသေးပေမဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကိုတော့ တိုက်ခိုက်နိုင်နေပြီ အနာဂတ်မှာ နှစ်တစ်သောင်းသားရဲကောင်တွေက နင်ကိုတားဆီးနိုင်တော့မှာမဟုတ်ဘူး…ငါမြင်ဖူးသမျှ၀ိညာဥ်ပညာရှင်တွေထဲမှာနင်က အထူးချွန်ဆုံးသူပဲ ဒါပေမယ့် နင့်မှာဘာအားနည်းချက်ရှိလဲ နင်သိလား ”

” နင်ကိုငါသွေးအေးအေးနဲ့ အကဲဖြတ်မယ်ဆိုရင် ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာနိုင်တယ်…နင်ရဲ့ပြဿနာကအရမ်းထူးချွန်လွန်နေတာပဲ အကောင်းဆုံးဖုံးကွယ်ဖို့ကြိုးစားပေမဲ့ ဘယ်လိုလုပ်ပါရမီရှင်ဆိုတဲ့ ကျယ်ပြန့်တဲ့အခွင့်အရေးကြိီးကို ဖုံးကွယ်လို့ထားနိုင်မှာလဲ သေချာပေါက် အနာဂတ်မှာ နင်ကတိုက်ကြီးတစ်တိိုက်လုံးမှာ အင်အားအကြီးဆုံးသူဖြစ်လာလိမ့်မယ်..တခါတလေမှာ လှိုင်းတွေငြိမ်သက်ဖို့အချိန်ကိုစောင့်သင့်တယ်..ခြေလှမ်းကို နောက်တစ်လှမ်းဆုတ်လိုက်တာက နင်လိုချင်တဲ့ငြိမ်ချမ်းမှုကို ရစေမှာပါ ဒါပေမယ့် ငါနင့်ကိုပြောချင်တဲ့ကိစ္စပဲ အကယ်၍ နင်လုပ်နိုင်တယ်ဆိုရင် အနာဂတ်မှာလမ်းကပိုပြီးတောက်ပပြီတော့ ဖြောင့်ဖြူးလာလိမ့်မယ် ”

” ဒီတစ်ကြိမ်က ငါငိုရတာနောက်ဆုံးအကြိမ်လို့မျှော်လင့်ပါတယ်…မကြာခင်မှာ ငါကျောင်းတော်ကနေ ထွက်သွားတော့မယ်…အနာဂတ်မှာ ပြန်တွေ့နိုင်ပါ့မလားဆိုတာ မသေချာဘူး…ဒါပေမယ့် မတွေ့ပါစေနဲ့လို့မျှော်လင့်ပါတယ်…ဘာကြောင့်လဲဆိုရင် စစ်မြေပြင်မှာ ငါနင့်ကိုရင်မဆိုင်ချင်ဘူး…ပျော်ရွှင်သာယာပြီအေးချမ်းတဲ့ဘ၀လေးကို နေထိုင်နိုင်ပါစေလို့မျှော်လင့်တယ် ”

” ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကိုရှာပြီ သူ့ကိုလက်ထပ် လှပပြီတော့ချစ်စရာကောင်းတဲ့ကလေးလေးကိုမွေး သာမန်ဘ၀မှာနေ ဒီငြိမ်ချမ်းမှုကနင်အတွက်မဖြစ်နိုင်ဘူးဆိုတာကိုငါသိတယ်…ဒါပေမယ့် ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ရတုန်းပဲ ငါအဲ့ဒိီအမျိုးသမီးဖြစ်ချင်ပေမဲ့ မလုပ်နိုင်ဘူး ”

” ငါသွားဖို့လိုပြီ ”
ကျွီးကျင့်က ပြန်ထလိုက်ပါတယ်။

” ငါတို့နေထိုင်ရတာ အချိန်အတော်ကိုတိုတောင်ပေမဲ့ နင့်ကိုလက်ဆောင်တစ်ခုတော့ပေးချင်တယ် ”

အဲ့ဒီနောက် သူမတိတ်ဆိတ်လို့သွားပါတော့တယ်။ သူမစကားလုံးတစ်လုံးချင်ဆီတိုင်းက ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ထင်ထင်ရှားရှားကျန်ရှိနေဆဲပါ။ အထူးသဖြင့် အေးချမ်းသာယာပြီပျော်ရွှင်တဲ့ဘ၀ဆိုတာပါပဲ။ ဒါက ဟို့ယွိဟောင်ကို ငိုမိမတတ်ဖြစ်စေခဲ့တယ်။ သူ့မျက်လုံးကိုလဲ မဖွင့်၀ံ့ပါဘူး။ သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို မသိလို့ပါ။ ဒါကြောင့် အသက်ရှုသံတွေကပိုပြီးတော့ ကြမ်းတမ်းနှေးကွေးလို့လာပါတော့တယ်။

ရုတ်တရက်ဆိုသလို လတ်ဆတ်တဲ့လေပြေညင်းတချို့ကို သူခံစားလိုက်ရပါပြီ။ နွေးထွေးပြီတော့စိုစွတ်တဲ့ အရသာကိုလဲခံစားလိုက်ရပါတယ်။ ကျွီးကျင့်ရဲ့နှုတ်ခမ်းဖူးဖူးလေးတွေက သူ့ကိုခပ်ဖွဖွနမ်းလိုက်တာပါ။ ဒီအနမ်းကအတော်ကိုနွေးထွေးပြီ မဖော်ပြနိုင်လောက်တဲ့ ၀မ်းနည်းမှုတွေလဲပြည့်နှက်လို့နေခဲ့ပါတယ်။

သူမရဲ့နှုတ်ခမ်းတွေသူ့မျက်နှာပေါ်မှာခွာသွားချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကနေ မျက်ရည်တွေဆက်တိုက်စီးကျလာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွီးကျင့်က ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ဒဏ်ရာတစ်ခုကိုချန်ထားခဲ့ပါပြိီ။ ဒါကအချစ်မဟုတ်ပါဘူး။ ထာ၀ရကျန်ရှိမဲ့အမှတ်အသားပါပဲ။

ကျွီးကျင့်က သူမရဲ့မျက်ရည်တွေကိုသုတ်လိုက်ရင်းဟို့ယွိဟောင်ကို ခပ်တိုးတိုးပြောလာခဲ့တယ်။

” ဒါကငါရဲ့ပထမဆုံးအနမ်းပဲ ငါနင်ရဲ့နှုတ်ခမ်းကိုနမ်းချင်ပေမဲ့ ခွင့်ပြုချက်မရတာကြောင့် မလုပ်ခဲ့ဘူး…ဒါကြောင့် မျက်နှာကိုနမ်းဖို့ပဲဆုံးဖြတ်လိုက်တယ်…ပထမဆုံးအနမ်းကို ကံကြမ္မာဆုံမဲ့ကောင်မလေးအတွက် ပေးလိုက်ပါ ငါသွားတော့မယ်..နောက်တစ်ကြိမ် တွေ့ရအောင်မလုပ်ပါနဲ့ ”

အဲ့ဒီနောက် ကျွီးကျင့်နောက်လှည့်ထွက်သွားချိန်မှာ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်သွားခဲ့ပါတယ်။ သူမကတော့ သူ့နှုတ်ခမ်းသူကိုက်ထားခဲ့ရင် မငိုမိအောင်ထိန်းနေခဲ့ရတယ်။ ကျောခိုင်းလှည့်ထွက်ပြီတဲ့နောက် အပြင်ကိုပြေးထွက်လို့သွားခဲ့ပါပြီ။

သူမလာကထဲက ဟို့ယွိဟောင်နိုးနေတာကို သူမသိပါတယ်။ ဟို့ယွိဟောင်မှာထူးခြားတဲ့အချက်တစ်ခုရှိနေတယ်။ သူကိုယ်တိုင်မသိလောက်ပေမဲ့ သူနိုးနေတဲ့အချိန်မှာ သူ့ရဲ့နာရွက်ထိပ်ဖျားလေးတွေက ခေါင်းနဲ့ကပ်နေမှာပါ။ တရားထိုင်နေတဲ့အချိန် အိပ်နေတဲ့အချိန်မှာတော့ ဒီနာရွက်ထိပ်ဖျားလေးတွေက ခွာနေတတ်ပါတယ်။

၀မ်သုန့်တောင် ဒီအပြောင်းအလဲကို သတိမထားမိပါဘူး။ ဒါပေမယ့် ကျွီးကျင့်ကတော့ ကောင်းကောင်းသတိထားမိပါတယ်။

တံခါးပိတ်နေတဲ့အသံကို ဟို့ယွိဟောင်ကြားလိုက်ရတယ်။ အဲ့ဒီနောက် မျက်ရည်တွေအပြည့်နဲ့ မျက်လုံးတွေကိုသူဖွင့်လိုက်မိပါပြီ။ သူဘယ်လောက်အထိ ကူကယ်ရာမဲ့နေလဲဆိုတာ သူရုတ်တရက်နားလည်သွားပါတော့တယ်။ သူ့ရဲ့နှလုံးသားကို ဟိုအနက်ရှိုင်းဆုံးထဲကနေ သူမကိုကူညီနေချင်ပေမဲ့ ဒါမဖြစ်နိုင်မှန်းလဲသိနေခဲ့တယ်။

သူမရဲ့ရန်သူဆိုတာက သူ့ရဲ့အမိနိုင်ငံတော်ဖြစ်နေတာပါ။ သူမရဲ့လမ်းကသူ့လျှောက်လှမ်းရမဲ့လမ်းနဲ့လုံး၀ကိုဆန့်ကျင်ဖက်ပါပဲ။ သူမကိုသူနဲ့အတူတူရှိဖို့လဲ တွန်းအားပေးလို့မရနိုင်ပါဘူး။ အကယ်၍ အတူတူရှိခဲ့မယ်ဆိုရင် သူမကကျွီးကျင့်ဆက်ဖြစ်နေဦးမှာလား။

” အစ်မကြီးကျွီးကျင့် ကျွန်တော်လဲ အေးချမ်းသာယာတဲ့ဘ၀လေးကို လိုချင်တယ်ဆိုတာ အစ်မကြီးသိလောက်မှာမဟုတ်ပါဘူး ”

ဟို့ယွိဟောင် သက်ပြင်းချရင်းနဲ့ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ရပါတော့တယ်။

အပိုင်း ၁၇၀•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset