Switch Mode

Chapter – 170.1

ဒဏ်ရာသေဆုံးခြင်း လူနှလုံးသား

အပိုင်း ၁၇၀•၁

” ဒဏ်ရာသေဆုံးခြင်း လူနှလုံးသား ”
°°°
ဒီတိုင်ကတကယ်ကိုရက်စက်တဲ့ စက်ကိရိယာတစ်ခုပါပဲ။ ဆူးချွန်းတွေက ချက်ချင်းဖောက်ထွက်လို့မသွားပဲနဲ့ အသားထဲကိုဖောက်၀င်လာကာ စတင်ပြီလှည့်ပတ်ပါတော့တယ်။ ဒါကခံရတဲ့သူကို ပိုကြာရှည်နာကျင်အောင်လို့ နှိပ့်စက်တဲ့ကိရိယာပါပဲ။

ဒါပေမယ့် ဟို့ယွိဟောင်အော်တဲ့အသံကို သူတို့မကြားရပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဆီကနေ ရွှေနီရောင်အလင်းတန်းအလွှာတစ်ခုက ဆူးချွန်တွေထိုးဖောက်တဲ့အချိန်မှာပဲ စတင်ထွက်ပေါ်လာပါတော့တယ်။ ဆူးချွန်တွေက ရပ်တန့်လို့သွားခဲ့ပြီ သူ့ရဲ့အရေပြားကို ဆက်ပြီမထိုးဖောက်နိုင်တော့ပါဘူး။

ဒီအလင်းတန်းရဲ့ရုတ်တရက်ပေါ်ထွက်လာခဲ့မှုက သက်တော်စောင့်တွေကို ထိတ်လန့်လို့သွားစေခဲ့တယ်။ သူတို့လဲ သိုင်းပညာ၀ိညာဥ်တွေကို ချက်ချင်းဆိုသလို ထုတ်လွှတ်လိုက်ကြပါပြီ။

” မဖြစ်နိုင်လိုက်တာ နဂါးချိတ်ပိတ်စည်းနဲ့ ချည်နှောင်ခံထားရတာတောင် ၀ိညာဥ်စွမ်းရည်တွေကို သုံးနိုင်နေတုန်းလား ဒါက ၀ိညာဥ်လက်နက်တစ်ခုလား ”

ဒုတိယအစ်ကိုက အတော်ကိုစိတ်ရှုပ်ထွေးနေတဲ့ပုံစံရှိနေခဲ့ပါတယ်။

သူက ၀ိညာဥ်လက်နက်အတတ်ပညာရှင်မဟုတ်ပေမဲ့ တော်၀င်မိသားစုကလူတစ်ယောက်ဖြစ်နေခဲ့တာကြောင့် ၀ိညာဥ်လက်နက်တွေကို ရင်းနှီးတဲ့သူပါ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေကို တားဆီးတဲ့နေရာမှာ သူတို့သုံးတဲ့လက်ထိတ်က တကယ်ကိုအသုံး၀င်ပါတယ်။ အကယ်၍ ဟို့ယွိဟောင်သာ ၀ိညာဥ်စွမ်းအားတွေကို ကန့်သတ်ခံထားရပေမဲ့ ၀ိညာဥ်လက်နက်ကိုသုံးနိုင်သေးတယ်ဆိုရင် သေချာပေါက် သူ့ရဲ့၀ိညာဥ်လက်နက်က အများကြီးပိုအဆင့်မြင့်မားလို့ပါပဲ။ အခုသူတို့သုံးထားခဲ့တဲ့ ချိတ်ပိတ်မှုက အဆင့်​ခြောက်လက်နက်ဖြစ်နေပါပြီီ။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်ခုခံမှုက ဘယ်လိုအဆင့်မျိုးရှိနေတာလဲ။

လက်ရှိအချိန်မှာ ဒီမောက်မာတဲ့တော်၀င်သက်တော်စောင့်က တစ်ခုခုလွဲနေတာကိုလုံး၀နားမလည်သေးပါဘူး။ သူ့တို့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပြီ လောဘတွေကလဲ စတင်ထွက်ပေါ်လာပါတော့တယ်။

အကယ်၍ ဟို့ယွိဟောင်သာ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ပိုင်ဆိုင်တယ်ဆိုရင်တော့ သေချာပေါက် စျေးကောင်းကောင်းနဲ့ရောင်းလို့ရမှာပါ။ အကယ်၍ သူတို့ပိုက်ဆံကိုခွဲဝေမယ်ဆိုရင်တောင် တော်တော်လေးအကျိုးအမြတ်ရပါလိမ့်မယ်။ သူတို့တွေက တော်၀င်မိသားစုရဲ့သက်တော်စောင့်တွေဖြစ်ပေမဲ့ လစာကသိပ်ပြီမမြင့်ပါဘူး။ ဒါ့အပြင် တိုက်ရိုက်မိသားစုလဲမဖြစ်တာကြောင့် အဆင့်အတန်းကလဲ မြို့တော်ထဲမှာအတော်ကို ကို့လို့ကန့်လန့်ဖြစ်နေပါသေးတယ်။ ဒါ့ကြောင့်များပြားတဲ့မှောင်ခိုလုပ်ငန်းတွေလုပ်ပြီတော့ ပိုက်ဆံရှာကြတာပါ။

” မင်းကခုခံ၀ံ့တယ်လား မင်းရဲ့ခုခံရေး၀ိညာဥ်လက်နက်က ငါတို့ရဲ့နဂါးချိတ်ပိတ်စည်းထက် အဆင့်မြင့်နေရင်တောင် ၀ိညာဥ်စွမ်းအားက ကန့်သတ်ချက်ရှိမှာပဲ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲကြည့်ကြတာပေါ့ ဆူးချွန်တွေက မင်းခန္ဓာကိုယ်ကိုဖောက်ထွက်လာလိမ့်မယ်…ဒါဆိုရင် မင်းလဲချက်ချင်းဆွဲဖြဲခံရမှာ ”

ဟို့ယွိဟောင် သက်ပြင်းချလိုက်မိပါတယ်။ ဒါကကောင်းကင်ရဲ့မှားယွင်းတဲ့ကိစ္စတစ်ခုလို့ခံစားရပေမဲ့ လူတစ်ယောက်က ကိုယ်ရဲ့ပြစ်မှုတွေအရမ်းများနေပြီဆိုရင် အကြာကြီးရှင်သန်မနေသင့်ပါဘူး။ ဟို့ယွိဟောင်လဲ ပြဿနာမဖြစ်ချင်ပေမဲ့ သူတို့တွေက အတော်ကိုယုတ်မာလွန်နေခဲ့ပါတယ်။ အကယ်၍ သူတို့ကို နှိပ့်စက်ခွင့်ပြုလိုက်မယ်ဆိုရင် အကူအညီရောက်လာတဲ့အချိန်မှာ သူအသက်ရှင်နိုင်တော့မှာတောင် မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံးရှင်းထုတ်ဖို့လိုပါလိမ့်မယ်။

ဟို့ယွိဟောင်ဒါကိုစဥ်းစားနေရင်း မျက်လုံးတွေက ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။

စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်က ဘယ်လိုလုပ်တခြားသူတွေအလွယ်တကူထိန်းချုပ်တာကိုခံမှာလဲ။

ဟုန်ချန်ကောင်းချီးမင်္ဂလာက ဒီချိတ်ပိတ်မှုကို တားဆီးခဲ့ပါတယ်။ ဒီအဆင့်ခြောက်၀ိညာဥ်လက်နက်က သူ့ကိုသိပ်ပြီမတားဆီးထားနိုင်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါ့အပြင် စိတ်၀ိညာဥ်မျက်လုံးရဲ့အဓိကအစွမ်းအစက စိတ်၀ိညာဥ်စွမ်းအားအပေါ်မှာမူတည်ပါတယ်။ ဒါကြောင့် စိတ်၀ိညာဥ်မျက်လုံးရဲ့စွမ်းရည်ကို သူကအပြည့်အ၀အသုံးချနိုင်မှာဖြစ်သလို တိုင်လုံးဆီကနေလဲ ဖောက်ထွက်လာဖို့ပိုပြီးလွယ်ကူပါတယ်။

ဟို့ယွိဟောင်က သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်အင်အားကို စတင်အသုံးပြုပါပြီ။ ၀ိညာဥ်စွမ်းအားကို ဆက်တိုက်ကုန်ဆုံးစေဖို့ခွင့်ပြုမပေးနိုင်ပါဘူး။ ပုံစံတူတုပမှုကြောင့် ဟို့ယွိဟောင်ရဲ့၀ိညာဥ်စက်ကွင်းတွေတောက်ပနေတယ်ဆိုတာကို တော်၀င်သက်တော်စောင့်တွေက မသိပဲရှိနေခဲ့ပါတယ်။ တကယ်တော့ သူ့ရဲ့လေးခုမြောက်၀ိညာဥ်စက်ကွင်းက စတင်ပြီအလုပ်လုပ်နေခဲ့ပါပြီ။

စိတ်၀ိညာဥ်စိတ်ရှုပ်ထွေးစေမှုကို အသုံးပြုရင်းအခွင့်အရေးကို ဖန်တီးဖို့လုပ်နေခဲ့တာပါ။ မျက်လုံးထဲမှာရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီတဲ့နောက် ရွှေနီရောင်အတားအဆီးလဲ ပြန်ရုတ်သိမ်းလို့သွားပါတော့တယ်။

သူနာနာကျင်ကျင်အော်ဟစ်ရင်နဲ့ ဆူးချွန်တွေကိုဖောက်ထွက်ခွင့်ပြုလိုက်ပါပြီ။ သွေးတွေက ချက်ချင်းဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဒါတင်မကပဲ ဟို့ယွိဟောင်ကရုန်းကန်နေပြီ သူ့ရဲ့အစောပိုင်းတုန်းကကျက်ထားပြီးသားဒဏ်ရာတွေကိုပါ ပြန်ဆွဲဖြဲသွားစေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကတော့ သွေးတွေရွှဲနစ်လို့နေခဲ့ပါပြီ။

ဒါကိုမြင်ချိန်မှာ နံပါတ်လေးက အော်ရယ်ပါတော့တယ်။

” မင်းအရမ်းသန်မာတယ်လို့ ငါထင်နေခဲ့တာ ကြည့်ရတာ အစောပိုင်းတုန်းက တွေးထားသလိုမျိုးအသုံးမ၀င်တဲ့ကောင်ပဲ မင်းကိုငါတို့လက်စသတ်ပေးမယ် ”

ဟို့ယွိဟောင်နောက်ကျောကလာတဲ့ ပြင်းထန်တဲ့နာကျင်မှုကို သည်းခံနေခဲ့ပါတယ်။ လက်ရှိအချိန် သူ့ရဲ့မျက်လုံးထဲမှာကတော့ ထူးဆန်းတဲ့အရိပ်အငွေ့တွေက ပြည့်နှက်နေခဲ့ပါတယ်။

” ဘယ်သူငါ့ကိုတား၀ံ့သလဲ ”

အရမ်းကိုကြောက်စရာကောင်းလွန်လှတဲ့ ဒေါသတကြီးအော်သံကြီးက ဒီအချိန်မှာ နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပါတယ်။

စစ်ကြောရဲ့အခန်းထဲမှာရှိနေတဲ့သူတွေကတော့ မျက်လုံးအပြူးသားဖြစ်ကုန်ပါပြီ။ အဲ့ဒီနောက် ကျယ်လောင်တဲ့အသံကျယ်ကြီးနဲ့အတူ တံခါးကကန်ဖွင့်ခံလိုက်ရပါတယ်။ အတော်ကိုဒေါသထွက်နေပုံရတဲ့ ကျန်ဟုန်ချန်က လင်းကျားယွီနဲ့အတူ ပြေး၀င်လာတာပါ။ ဟို့ယွိဟောင်ကိုမြင်ချိန်မှာတော့ ကျန်ဟုန်ချန် တစ်ချက်တုန်သွားပါတော့တယ်။

” အဘိုးကြီး မင်းကိုယ်မင်းဘာကောင်ထင်လို့ ဒီမှာပြဿနာလာရှာ၀ံ့တာလဲ ”

နံပါတ်လေးက အတော်ကိုမာနကြီးပါတယ်။ အထဲ၀င်လာသူကို ဘယ်သူမှန်းသူကဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျန်ဟုန်ချန်ကတော့ အတော်ကိုလူသတ်ချင်စိတ်အပြည့်ဖြစ်နေပြီဖြစ်တာကြောင့် သူစကားပြီအောင်မပြောနိုင်ခင်အချိန်မှာပဲ နံပါတ်လေးကို ဆွဲယူလိုက်ပါတော့တယ်။

ကိစ္စတွေမူမမှန်တော့ဘူးဆိုတာကို မြင်မြင်ချင် ဒုတိယလူက ကျန်ဟုန်ချန်ဆီကို တခြားတော်၀င်သက်တော်စောင့်တွေနဲ့အတူ ခုန်၀င်လာပါတော့တယ်။

” ထွက်သွားကြစမ်း ”

ကျန်ဟုန်ချန် အော်လိုက်ချိန်မှာနို့နှစ်ဖြူလိုတောက်ပနေတဲ့ အငွေ့တွေက အဲ့ဒီလူတွေအားလုံးကို လွှင့်စင်ထွက်သွားစေခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းကလဲ ထွက်ပေါ်လာခဲ့ပါပြီ။

” သော့်လော့ကြီးလား ”

ဒုတိယအစ်ကိုကထပြောတော့တယ်။ သူ့ခန္ဓာကိုယ်နာကျင်ပေမဲ့ ထောင့်တစ်ထောင့်မှာ ကပ်နေရသလို အခုလက်ရှိအချိန် ကြုံတွေ့ရတဲ့ကိစ္စကြောင့် ပိုပြီးထိတ်လန့်နေခဲ့ပါတယ်။

နေလနိုင်ငံတော်က သော့်လော့ရဲ့အရေအသွေးနဲ့အရေအတွက်ကို ယှဥ်မယ်ဆိုရင် ကြယ်တာရာလော့နိုင်ငံကို ဘယ်လိုမှယှဥ်လို့မရပါဘူး။ သူတို့နိုင်ငံထဲမှာ သော့်လော့တွေက အရမ်းကိုအလေးထားခံထားရပါတယ်။ တော်၀င်သက်တော်စောင့်တွေ ဘယ်လောက်ပဲမောက်မာပါစေ သော့်လော့တစ်ယောက်ကိုတော့ အပြစ်ပြုမိလို့မရပါဘူး။

လင်းကျားယွီက လက်ရှိအချိန် ဟို့ယွိဟောင်ဆီကိုအပြေးသွားရင် တိုင်လုံးကိုတားဆီးလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးသွေးတွေနီရဲနေတဲ့ခန္ဓာကိုယ်ကိုမြင်ချိန်မှာ သူအရမ်းကိုထိတ်လန့်သွားခဲ့ရတယ်။ ကျောက်စိမ်းပုလင်းတစ်ခုကို ခပ်မြန်မြန်ပဲထုတ်ယူလိုက်ပါပြီ။ တခဏတာ သူတွေဝေနေပြီတဲ့နောက် ကျောက်စိမ်းပြာရောင်ဆေးလေးကိုထုတ်ရင် ဟို့ယွိဟောင်ပါးစပ်ထဲထိုးထည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် တိုင်လုံးပေါ်ကနေ သူကြိုးတွေဖြည်ပြီ လွှတ်ပေးလိုက်ပါတယ်။

ကျန်ဟုန်ချန်ကတော့ မျက်မှောင်ကြုတ်နေခဲ့ပါပြီ။သူတို့ရဲ့အဆင့်အတန်းတွေသာ ကွာခြားနေမယ်ဆိုရင်တော့ သေချာပေါက် အားလုံးကိုဒီနေရာမှာသတ်ပြစ်မှာပါ။ ဒါပေမယ့် တော်၀င်သက်တော်စောင့်တွေဖြစ်နေတာကြောင့် တော်၀င်မိသားစုနဲ့ရင်းနှီးနီးကပ်တဲ့ဆက်ဆံရေးကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဒါကြောင့် အစွမ်းကုန်တိုက်ခိုက်လို့မရပါဘူး။

ဒါကြောင့် ဟို့ယွိဟောင်အနားကိုအမြန်​ရောက်အောင်သွားရင် မေးလိုက်ပါတယ်။

” မင်းအခြေအနေဘယ်လိုလဲ ”

ဟို့ယွိဟောင်က ဖြူဖျော့နေပေမဲ့ သူ့ရဲ့တည်ငြိမ်အေးဆေးနေမှုက ကျန်ဟုန်ချန်ကိုမသက်မသာဖြစ်လာစေပါတယ်။ ဒီကောင် ဒေါသထွက်လာပါစေလို့သာ ကျန်ဟုန်ချန်မျှော်လင့်နေခဲ့တယ်။ ဟို့ယွိဟောင်ကိုသူကြည့်နေရင်း သူ့ရဲ့နှလုံးသားထဲကနေ အေးစက်မှုတွေက ထွက်ပေါ်လာခဲ့ပါပြီ။

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ကိုယ်ရဲ့ကျောင်းသားတွေကိုတောင် မကာကွယ်နိုင်ပဲဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး ”

ဟို့ယွိဟောင်ရဲ့အသံကသိပ်ပြီမပြင်းထန်ပေမဲ့ ကျန်ဟုန်ချန်ရဲ့နှလုံးသားကိုတော့ မိုးကြိုးတွေနဲ့ပြစ်နေသလိုခံစားရစေပါတယ်။

ကျန်ဟုန်ချန်ရဲ့ဒေါသက တငွေ့ငွေ့လောင်နေခဲ့ပါပြီ။ ဒါကြောင့် သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပါတယ်။ သူကအတော်ကိုဒေါသကြီးတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် အမြဲတမ်းအားနည်းချက်ကတော့ ရှိနေပါတယ်။ နောက်ဆုံးမှာတော့ ဒိီကိစ္စကသူ့ကိုထိခိုက်မှုကြီးစေနိုင်တယ်။ ဒါ့အပြင် ဟို့ယွိဟောင်က အဆုံးတော့မသတ်သေးပါဘူး။ အမျက်ဒေါသကျောင်းတော်က ဒီကိစ္စကိုသူ့ဆီကနေ နောက်နှစ်တွေကြာမှသိသွားရင်တော့ ပြဿနာကရှိနိုင်နေပါသေးတယ်။

” စကားမပြောနဲ့တော့ မြန်မြန်ပြန်ကြတယ်…ကျောင်းတော်ကမင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီ ရှင်းလင်းပေးမှာပါ ”

ကျန်ဟုန်ချန်က ဒေါသတွေကိုဖိနှိပ်ထားခဲ့ရင်းလှည့်ထွက်ဖို့ပြင်ပါတော့တယ်။ လင်းကျားယွီကလဲ ဟို့ယွိဟောင်ကိုခပ်မြန်မြန်ပဲချီပြီ ခေါ်ထုတ်ဖို့လုပ်တယ်။

ဟို့ယွိဟောင်ကို လင်းကျားယွီတိုက်လိုက်တဲ့ဆေးက အတော်ကိုထူးခြားပါတယ်။ နွေးထွေးတဲ့ခံစားချက်က ဟို့ယွိဟောင်တစ်ကိုယ်လုံးကို စီးဆင်းလို့သွားခဲ့ပြီ နာကျင်မှုတွေက ဖြည်းဖြည်းချင်းပျောက်ကွယ်လာတာကို ခံစားမိလိုက်တယ်။ ဒါ့အပြင် ဆက်တိုက်သွေးထွက်နေတဲ့ ဒဏ်ရာတွေကလဲ အလိုလိုကုသနေသလို ၀ိညာဥ်စွမ်းအားတွေကလဲ ပြန်လည်ရရှိလာခဲ့ပါပြီ။

အဲ့ဒီအချိန်မှာပဲ ကျန်ဟုန်ချန် အပြင်ပြန်မထွက်နိုင်ခင်အချိန်မှာ အသံတစ်သံကိုကြားလိုက်ရပါတော့တယ်။

” အိမ်ရှေ့စံမင်းသားကြွရောက်လာပြီ ”

ကျန်ဟုန်ချန် မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒါကြောင့်မလို့ သူလဲလျှောက်နေတဲ့နေရာကနေ ရပ်လိုက်တော့တယ်။

ညီလာခံရဲ့နိုင်ငံရေးတွေထဲမှာ သူပါ၀င်မှုမရှိပေမဲ့ မင်းသားတွေအကြောင်းကို သူကောင်းကောင်းသိပါတယ်။ အိမ်ရှေ့စံမင်းသားရဲ့အောက်မှာ တော်၀င်သက်တော်စောင့်တွေက မရှိကြပါဘူး။ တတိယမင်းသားရဲ့အောက်မှာရှိကြပါတယ်။ ဒါ့အပြင် အဲ့ဒီတော်၀င်မျိုးနွယ်ကို ထိန်းချုပ်တဲ့မင်းသားက ရွှီမော့ချန်ရဲ့အဖေလဲဖြစ်သလို တတိယမင်းသားရဲ့အားအကောင်းဆုံးထောက်ပံ့သူပါပဲ။

” စစ်ကြောရဲ့အခန်းကိုပြန်သွားကြမယ် ”

ရွှီချန်ယန်က ပြောလိုက်ပါတယ်။

” အရှင်မင်းသားကို ဂါရ၀ပြုပါတယ် ”

ရွှီမော့ချန်က ပြောလာခဲ့ပါတယ်။ အခုအချိန်မှာ ပါးစပ်ပိတ်မနေနိုင်တော့ပါဘူး။

ကျန်ဟုန်ချန် အထဲကို၀င်လာကထဲက ကိစ္စတွေမှားယွင်းနေပြီဆိုတာကို သူသိပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင်ကို သူဘယ်လိုလုပ်မသိပဲနေမှာလဲ။ ဟို့ယွိဟောင်က သူ့ရဲ့အရေးပါအရာရောက်မှုကို ချဲ့ကားမပြောခဲ့ပါဘူး။ ကျန်ဟုန်ချန်ကိုယ်တိုင် အလောတကြီးရောက်လာမှာတော့ ကိစ္စတွေက ဘာကိုဆိုလိုလဲဆိုတာကို သူအကြမ်းဖျင်းခန့်မှန်းမိပါပြီ။

ဒါပေမယ့် သူထွက်မလာခဲ့ပါဘူး။ စစ်ကြောရဲ့အခန်းကိုလဲ သူမ၀င်ခဲ့ဘူးဆိုတာ အမြဲတမ်းကိုယ်ရဲ့ထွက်လမ်းကိုရှာထားချင်လို့ပါ။ ကျန်ဟုန်ချန်က အရမ်းကိုမြန်မြန်ဆန်ဆန်ရောက်လာခဲ့သလို သူ့ရဲ့လက်အောက်ငယ်သားတွေကလဲ ကြီးကြီးမားမားထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။

ဟို့ယွိဟောင်အများကြီးမထိခိုက်သွားစေဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် သူတကယ်ပြဿနာတက်မှာပါ။ သူကတော့ မသိနားမလည်နိုင်တဲ့အတိုင်း ဟန်ဆောင်ဖို့ဆုံးဖြတ်ထားခဲ့တယ်။ ဒါ့အပြင် သူသာတကယ်လက်၀င်မလျှိုခဲ့ရင် ကျန်ဟုန်ချန်လဲ သူ့ကိုထိလို့မရပါဘူး။ နောက်ဆုံးတော့လဲ သူရပ်တည်တဲ့ဖက်ကို ကောင်းကောင်းနားလည်နေခဲ့ပါသေးတယ်။

ဒါပေမယ့် ကျန်ဟုန်ချန်တောင်မသွားသေးခင်အချိန်မှာ အိမ်ရှေ့စံမင်းသားရွှီချန်ယန်က ရောက်လာမယ်လို့ဘယ်သူထင်မှာလဲ။ ကျန်ဟုန်ချန်ကို လျစ်လျူရှုလို့ရပေမဲ့ ရွှီချန်ယန်ကိုတော့ လျစ်လျူရှုလို့မရနိုင်ပါဘူး။

ရွှီချန်ယန်က ရွှီမော့ချန်ကို တစ်ချက်ကြည့်ရင်းနဲ့ပြောလာခဲ့တယ်။

” မော့ချန် ထပါငါတို့က တစ်မိသားစုထဲကပဲလေ အများကြီးဓလေ့ထုံတမ်းတွေကို လိုက်နာနေဖို့မလိုဘူး…ကျွီးကျင့်ဆီကနေကြားတာတော့ သူ့ရဲ့အတန်းဖော်ကိုမင်းဖမ်းသွားတယ်တဲ့ ငါ့ကိုမျက်နှာသာလေးပေးပြီ သူ့ကိုလွှတ်ပေးလို့ရနိုင်မလား ”

ရွှီချန်ယန်က အရမ်းကိုရက်ရောနေတဲ့အတွက် ရွှီမော့ချန်အနေနဲ့ ဒါကိုအထင်သေးလို့မရနိုင်ပါဘူး။ ဒါ့အပြင် ရွှီချန်ယန်ရဲ့ နည်းလမ်းတွေကိုသူကောင်းကောင်းသိပါတယ်။ ဒုတိယမင်းသားက ရွှီချန်ယန်ကို လုပ်ကြံဖို့ကြိုးစားတာ​ကျရှုံးခဲ့ပြီတဲ့နောက် ဒုက္ခိတဖြစ်အောင်သာလုပ်နိုင်ခဲ့တယ်။

ရွှီချန်ယန်ပြန်လာပြီတဲ့နောက် တခဏတာကြာတဲ့အထိ ဒေါသတွေကိုဖိနှိမ့်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယမင်းသားကိုဖမ်းဆီးပြီတစ်ချက်ထဲနဲ့ တစ်မိသားစုလုံးကို အပြတ်ဖြုတ်ရုံတင်မက နန်းတော်တစ်ခုလုံးကိုပါ အသေသတ်ခဲ့တယ်။ ဒုတိယမင်းသားကတော့ အသေဆိုးနဲ့သေခဲ့ရပြီ ရွှီချန်ယန်ရဲ့နေရာကတော့ ပြန်ခိုင်မာသွားခဲ့ပါပြီ။ ဒီအိမ်ရှေ့စံမင်းသားက ဒုက္ခိတဖြစ်နေပေမဲ့ ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာလူတိုင်းအသိပါပဲ။

” ပြဿနာမရှိပါဘူး ”

ရွှီမော့ချန်က ရွှီချန်ယန်ကို အာခံဖို့အထိ အရည်အချင်းမရှိသေးတာအမှန်ပါ။ သူ့သခင်ဖြစ်တဲ့ တတိယမင်းသားတောင်မလုပ်၀ံ့ပါဘူး။ သူ့အဖေမရှိသရွေ့ ရွှီချန်ယန်က ဘယ်သူကိုမှဦးညွတ်မှာ မဟုတ်မှန်းသိနေခဲ့တယ်။

ရွှီမော့ချန်ကတော့ ၀မ်ရှောင်ကျဲ့ကိုကျိန်ဆဲနေပါပြီ။ ပုံရိပ်ယောက်အစစ်အမှန်ခန်းမသခင်ကို ရောက်လာစေရုံတင်မက လက်ရှိအချိန်မှာ အိမ်ရှေ့စံမင်းသားကိုယ်တိုင်ပါ ရောက်လာခဲ့တယ်။ ကြည့်ရတာ ဒီကိစ္စကအလွယ်လေးရှင်းလို့ပြီးမဲ့ပုံမပေါ်ပါဘူး။

စစ်ကြောရဲ့အခန်းတံခါးက ပွင့်လာခဲ့ပါတယ်။ မျက်စိပျက် မျက်နှာပျက်နဲ့ ကျန်ဟုန်ချန်က ထွက်လာခဲ့သလို လင်းကျားယွီနဲ့ ဟို့ယွိဟောင်ကလဲ သူ့နောက်မှာပါလာခဲ့ပါတယ်။

ဟို့ယွိဟောင်တစ်ကိုယ်လုံးသွေးတွေရွှဲနစ်နေတာကို မြင်ချိန်မှာတော့ ကျွီးကျင့်ရဲ့ခန္ဓာကိုယ်က တောင့်တင်းလို့သွားပါတော့တယ်။ ဒါပေမယ့် ခံစားချက်တွေကို အတတ်နိုင်ဆုံးသူမ ထိန်းထားဖို့ကြိုးစားနေခဲ့ရတယ်။ ရွှီချန်ယန်ကို သူမကောင်းကောင်းနားလည်ပါတယ်။ အကယ်၍ ဟို့ယွိဟောင်ကို ဘယ်လောက်အထိ စိတ်အားထက်သန်နေလဲဆိုတာ ပြသလိုက်မယ်ဆိုရင် ဟို့ယွိဟောင်က သေချာပေါက်ပြဿနာတက်မှာပါ။ ရွှီချန်ယန်ရဲ့စိတ်ကို ကျွီးကျင့်ကနားလည်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူမက သူ့အပိုင်ဖြစ်နေတာကြောင့်ပါ။

” အရှင်မင်းသားကိုဂါရ၀ပြုပါတယ် ”

ကျန်ဟုန်ချန်က တစ်ချက်သာခေါင်းညိတ်လိုက်တယ်။ သူ့ရဲ့အဆင့်အတန်းကဘာပါလိမ့် နေလနိုင်ငံတော်မှာသူကမဟာအကြံပေးပုဂ္ဂိုလ်ဆိုတဲ့ ရာထူးနဲ့တူညီတဲ့သူပါ။ လက်ရှိဧကရာဇ်တောင်မှ သူ့ကိုတလေးတစားဆက်ဆံရပါတယ်။ ဒါကြောင့် ဘာတွေကိုများဂရုစိုက်နေရမှာလဲ။

ရွှီချန်ယန်ကတော့ ထိုင်ခုံကနေတလေးတစားဦးညွတ်လိုက်ပါတယ်။

” ခန်းမသခင်ကို ဂါရ၀ပြုပါတယ်..ငါက ဒုက္ခိတဖြစ်နေတဲ့အတွက် အပြည့်အ၀ဂါရ၀ပြုဖို့တော့ အဆင်မပြေတာအားနာပါတယ်…ဒါကိုခွင့်လွှတ်ပေးပါ ”

အပိုင်း ၁၇၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset