အပိုင်း ၁၆၉•၃
” အိမ်ရှေ့စံမင်းသား ”
°°°
အဲ့ဒီအချိန်ကစလို့ သူ့ရဲ့ဒုက္ခိတဖြစ်နေတဲ့အခြေအနေကို ဘယ်သူကမှမေးခွန်းမထုတ်၀ံ့တော့ပါဘူး။ အိမ်ရှေ့စံမင်းသားနေရာကိုလဲလုံး၀ထိန်းထားနိုင်ပါတော့တယ်။
လွန်ခဲ့တဲ့နှစ်တွေမှာ ဧကရာဇ်ရဲ့ခန္ဓာကိုယ်အခြေအနေက အတော်ကိုဆိုးရွားလို့လာခဲ့ပါတယ်။ သူကများသောအားဖြင့် အိပ်ရာထဲမှာ လှဲနေလေ့ရှိတယ်။ ရွှီချန်ယန်ရဲ့ ညီနောင်တော်တွေထဲမှာ အရည်အချင်းရှိတဲ့သူတွေကလဲ စတင်ပြီလှုပ်ရှားနေကြပါပြီ။ ဒါ့အပြင် ရွှီချန်ယန်ရဲ့ ဒုက္ခိတဖြစ်နေတဲ့အခြေအနေကိုတောင် သူတို့က အခွင့်ကောင်းယူပြီ တိုက်ခိုက်ကြပါသေးတယ်။ ဒါပေမယ့် သူကတော့ အမြဲတမ်းတည်ငြိမ်နေခဲ့ပြီ ဘယ်တုန်းကမှ ဆိုးဆိုးရွားရွားမတုန့်ပြန်ခဲ့ပါဘူး။ ဘယ်သူကမှ သူ့ကိုအထင်မသေး၀ံ့သလို သူက ထီးနန်းဆက်ခံဖို့အတွက်လဲ ထိပ်ဆုံးနေရာမှာ သတ်မှတ်ခံထားရဆဲပါ။
ကျွီးကျင့်က ရွှီချန်ယန်ကို သူ့ခန်းမဆောင်အပြင်ဆီတွန်းထုတ်လာခဲ့ပါတယ်။ အစောင့်တွေကလဲ နောက်ကနေလိုက်လာခဲ့ကြတယ်။
တော်၀င်သက်တော်စောင့်တွေရဲ့ ဌာနချုပ်က နန်းတော်ထဲမှာပဲရှိတာပါ။ ဒါကနန်းတော်ထောင့်မှာဖြစ်ပေမဲ့ ဒီနေရာက တော်၀င်မိသားစုအပိုင်ထဲက တစ်ခုပါပဲ။
” ကျွီးကျင့် ကျင့်ကြံမှုကရောဘယ်လိုလဲ ”
” ကျွန်မရဲ့ကျင့်ကြံမှုက အတော်လေးနှေးကွေးလာပါတယ်…ဒါပေမယ့် အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ပြီတဲ့နောက် တိုးတက်မှုတွေက ရပ်တန့်နေကိုကြုံနေရတဲ့ပုံပါပဲ ၀ိညာဥ်စွမ်းအားတိုးတက်မှုကလဲ အတော်ကိုနှေးကွေးသလို ဆေးတွေသောက်တာကလဲသိပ်ပြီအသုံး၀င်တဲ့ပုံမပေါ်ပါဘူး..၀ိညာဥ်လက်နက်တွေကို သုတေသနပြုတာက ဆက်တိုက်တိုးတက်မှုတွေကို တွေ့နေရပေမဲ့ စွမ်းအားကရပ်တန့်နေပါပြီ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်နိုင်ဖို့ယုံကြည်ချက်အပြည့်ရှိနေပေမဲ့ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ နောက်သုံးနှစ်ကနေ နောင်ငါးနှစ်လောက်အထိ ကြာမှာကိုတော့စိုးရိမ်မိတယ်…ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ပိုပြီးတော့တောင်ကြာနိုင်ပါသေးတယ် ”
” အဆင်ပြေတယ် ကျွီးကျင့် မင်းသိလား ငါမင်းရိုးရိုးသားသားပြောတာကို ငါသဘောကျတယ်…ငါရဲ့ဘေးနားက လူတွေထဲမှာ မင်းလိုရိုးသားတဲ့လူမျိုးငါတကယ်ကိုရှားလွန်တယ်..သူတို့ဘယ်လောက်ငါနဲ့နီးကပ်ပါစေ အမှန်တရားကိုတော့ မပြောနိုင်ကြဘူး ”
ကျွီးကျင့်ကတော့ ခေါင်းငုံ့နေခဲ့ပါတယ်။
” အရှင်မင်းသားက ကျွန်မရဲ့ အသက်ကိုပေးခဲ့တဲ့သူပါ ရှိသမျှအရာအားလုံးလဲ အတူတူပါပဲ ”
ရွှီချန်ယန်က ပုခုံးတွန့်လိုက်ပါတယ်။
” ဒီကိစ္စကိုမပြောရအောင် မင်းငါအတွက်ဓားနှစ်ချက်ကို ခံယူပြီတဲ့အချိန်ကစလို့ ကျေးဇူးကဆပ်ပြီသားဖြစ်သွားပြီပဲ ကျွီးကျင့် ငါအဖေရဲ့အခြေအနေက တဖြည်းဖြည်းဆိုးလာနေတယ်…သူအချိန်အကြာကြီးအသက်ရှည်တော့မယ်လို့ ငါမထင်ဘူး..အကယ်၍ မင်းရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် တိုးတက်မှုကနှေးကွေးနေတယ်လို့ထင်တယ်ဆိုရင် ကျောင်းတော်ကထွက်ပြီငါ့ကိုကူညီလို့မျှော်လင့်ပါတယ်…မင်းအမြဲတမ်းလက်စားချေချင်နေတာမဟုတ်လား မင်းကိုစစ်တပ်ထဲ၀င်ခွင့်ပြုမယ်…စစ်တပ်ထဲမှာငါပိုင်ဆိုင်ထားတဲ့ အဓိက၀ှက်ဖဲတွေကိုမင်းရဲ့လက်ထဲဖြည်းဖြည်းချင်း ကူပြောင်းပေးမယ်…ပြီရင် မင်းလဲလုပ်စရာရှိတာတွေကို လုပ်လို့ရတာပေါ့ ”
” အရှင်မင်းသားဒီလိုလုပ်လို့မရဘူးလေ ကျွန်မက အဲ့ဒီလောက်ကြီး အသုံးမ၀င်သေးပါဘူး ”
ကျွီးကျင့်က ခပ်မြန်မြန်ပဲငြင်းပယ်လိုက်ပါတယ်။ သူမရဲ့မျက်လုံးထဲမှာ စိုးရိမ်ပူပန်းမှုက အထင်သားပါ။ ဒါပေမယ့် တကယ်တော့ ပျော်ရွှင်နေခဲ့ပါတယ်။
ရွှီချန်ယန်က သူမရဲ့လက်ကို ခပ်ဖွဖွပုပ်လိုက်ပြီတဲ့နောက် သက်ပြင်းချလိုက်တယ်။
” ငါကဒီအခြေအနေမျိုးနဲ့ စစ်တပ်ကိုဘယ်လိုဦးဆောင်နိုင်ပါ့မလဲ စစ်တပ်ဆိုတာက ဧကရာဇ်တိုင်းထိန်းချုပ်ဖို့လိုတဲ့အင်အားစုတစ်ခုပဲလေ မင်းကငါရဲ့အယုံကြည်ရဆုံးသူပဲ ဒါကြောင့် မင်းရဲ့လက်ထဲဒီစစ်တပ်ထဲကို ထည့်ထားမှသာငါစိတ်ချနိုင်မှာပါ ”
” အရှင်မင်းသား ”
” မင်းကလက်ရှိအချိန်မှာ အရှိန်အ၀ါတော့လိုသေးသေးတယ်..ဒါပေမယ့် စစ်တပ်အသိပညာနဲ့ ဉာဏ်ရည်ထက်မြက်မှုက အတော်ကိုကြီးမားတယ်…၀ိညာဥ်လက်နက်ကိုလဲ ကောင်းကောင်းပိုင်နိုင်တယ်မလား ဒါကြောင့် ငါမင်းကိုအပြည့်အ၀ယုံကြည်တယ်..ငါရဲ့စစ်တပ်အင်အားအတွင်းစည်းထဲကို ဖြည်းဖြည်းချင်း၀င်ခိုင်းမှာပါ ပြီရင်သူတို့ကို ငါရဲ့ဇနီးသည်ဖြစ်တယ်လို့ ပြောလိုက်မယ်…အိမ်ရှေ့စံမင်းသားရဲ့ဇနီးသည် ပြီရင်အနာဂတ်ရဲ့ဧကရီပေါ့ ”
” အရှင်မင်းသား ”
ကျွီးကျင့်က အထိတ်တလန့်နဲ့ ရပ်တန့်သွားပါတော့တယ်။ ဟို့ယွိဟောင်ကို ကယ်တင်ဖို့အတွက်အရမ်းကိုအလောကြီးတာကြောင့် သူ့ရဲ့စိတ်အကြံအစည်ကိုဒီနေရာမှာ ဖွင့်ပြောလို့မရပါဘူး။ ဒါကြောင့် သူချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ပါတယ်။
” အရှင်မင်းသား ကျွန်မက မထိုက်တန်ပါဘူး ”
ရွှီချန်ယန်က သူမရဲ့ခေါင်းကိုခပ်ဖွဖွလေးပုတ်နေခဲ့ပါတယ်။
” မင်းကဘယ်လိုလုပ်မသင့်တော်ရမှာလဲ ငါရဲ့နှလုံးသားထဲမှာ ဒီထီးနန်းကို ဆက်ခံနိုင်ဖို့ကိစ္စက အတော်ကိုကြီးမားတဲ့ကိစ္စဖြစ်နေတယ်…ဒါ့အပြင် ငါလဲဇနီးသည်တစ်ယောက် လိုအပ်တယ်လေ အဲ့ဒီလူက ငါယုံကြည်ရမဲ့သူလဲ ဖြစ်ရဦးမယ်…မင်းလဲငါအခြေအနေကို သိရဲ့သားနဲ့ ငါအပြည့်အ၀ယုံကြည်နိုင်တဲ့ တစ်ယောက်တည်သောသူက မင်းပဲ ငါမင်းနဲ့သင့်တော်တဲ့အဆင့်အတန်း ဩဇာအာဏာကို ငါပေးမယ်…ငါရဲ့ထီးနန်းကိုတည်ငြိမ်အောင်လုပ်ဖို့ မင်းငါကိုကူညီပေးရမယ်…လက်စားချေနိုင်ဖို့အတွက် ငါလိုအပ်တဲ့အင်အားအကုန်လုံးကို ငါထောက်ပံ့ပေးမယ်…ဒါ့အပြင် ဆက်သွားဖို့ကိုလဲကူညီပေးဦးမယ် ဒီတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်ဖို့ကလွဲပြီ ငါမှာတခြားအကြံအစည်မရှိပါဘူး…နေလနိုင်ငံတော်ကို ပိုပြီးတောက်ပလာစေချင်တယ်…ဒီတိုက်ကြီးတစ်ခုလုံးက ငါတို့ကို နောက်တစ်ကြိမ်ပြန်ပြီတော့ မှီခိုလာစေချင်တယ် ”
သူပြောပြီတဲ့နောက် သူ့ရဲ့အကြည့်က ပိုမိုတောက်ပလာခဲ့ပြန်ပါတယ်။
ကျွီးကျင့်ကတော့ သူ့ရဲ့နှုတ်ခမ်းတွေကို ခေါင်းငုံ့ရင်းကိုက်ထားမိတယ်။ တလောကလုံးမှာ ရွှီချန်ယန်ကို အနားလည်ဆုံးသူက သူမသာဖြစ်ပါလိမ့်မမယ်။ ဒီဒဏ်ရာတွေက သူ့ရဲ့ခြေထောက်တွေကို ထိခိုက်စေရုံတင်မကပဲ အမျိုးသားဆွဲဆောင်မှုတွေအားလုံးကိုပါ ထိခိုက်သွားစေခဲ့တယ်။ ဒီလိုနေ့မျိုးရောက်လာဖို့ ကျွီးကျင့်စောင့်ဆိုင်းနေတာ အချိန်အတော်ကိုကြာပါပြီ။ ရွှီချန်ယန်သာ မရှိဘူးဆိုရင် သူမကဘယ်လိုများ လက်စားချေနိုင်မှာလဲ။ ဒါပေမယ့် ရွှီချန်ယန်ကို တကယ်သစ္စာရှိတာတော့ အမှန်ပါ။
” ကောင်းပြီ မြန်မြန်သွားကြစို့ မဟုတ်ရင် တော်၀င်သက်တော်စောင့်တွေက လူတိုင်းအတွက်ကြီးမားတဲ့ပြဿနာတစ်ခုကိုဖန်တီးလိမ့်မယ် ”
ရွှီချန်ယန်က ကျွီးကျင့်ကိုဆွဲထူလိုက်ပါတယ်။ တကယ်ကိုကျေးဇူးတင်နေခဲ့တယ်။ သူလဲ နောက်တစ်ကြိမ်တွန်းခံလိုက်ရပါပြီ။ မြန်မြန်ဆန်ဆန် ၀ှီးချဲကိုတွန်းလာနေခဲ့ပါတယ်။
ရွှိီချန်ယန် မသိခဲ့တာကတော့ လွန်ခဲ့တဲ့လ၀က်အတွင်းမှာ ကျွီးကျင့်ရဲ့နှလုံးသားတခြားသူတစ်ယောက်ရောက်ရှိနေခဲ့ပြီဆိုတာပါပဲ။
°°°
တော်၀င်သက်တော်စောင့်တွေရဲ့ရုံးတော်က မြို့တော်ထဲမှာရှိနေခဲ့ပါတယ်။ အစွန်းအဖျားမှာရှိပေမဲ့ အတော်လေးကိုကြီးမားခဲ့တယ်။
တော်၀င်သက်တော်စောင့်ဖြစ်လာတဲ့သူတွေအားလုံးနီးပါးက တော်၀င်မိသားစုနဲ့သွေးသားတော်စပ်တဲ့သူတွေပါ။ ဒါပေမယ့် အများစုကတော့ တိုက်ရိုက်မိသားစုတွေမဟုတ်ကြပါဘူး။ တိုက်ရိုက်မိသားစုတွေက ပုံမှန်အခြေအနေအရ ပိုပြီးတော့ ကောင်းမွန်တဲ့အခွင့်အရေးတွေကို ပိုင်ဆိုင်ကြပါတယ်။ အထူးသဖြင့် လက်ရှိဧကရာဇ်ရဲ့သားတွေပါပဲ။
ရွှီချန်ယန်အပြင် တခြားသားတော်တွေအားလုံးက မင်းသားတွေအဖြစ်ဘွဲ့ထူးခံထားရပါတယ်။ ဒါပေမယ့် ပလ္လင်ကိုဆက်ခံဖို့အရည်အချင်းမပြည့်မီတဲ့သူတွေတောင် ကိုယ်ပိုင်မြေတွေအပြည့်ရှိနေတာပါ။ အမွေဆက်ခံဖို့အခွင့်အရေးပြည့်မီတဲ့သူတွေထဲမှာ ကိုယ်ပိုင်အိမ်တော်တွေရှိကြပါတယ်။ ရွှီမော့ချန်ရဲ့ နောက်ခံအင်အားက တော်၀င်သက်တော်စောင့်တွေထဲက အကောင်းဆုံးဆိုတာတင်မကပဲ အဖွဲ့အစည်းကြီးတစ်ခုလုံးကို အုပ်ချုပ်နေရတဲ့သူလဲ ဖြစ်နေပါသေးတယ်။
°°°
” အထဲကို၀င်မယ် ”
၀ိညာဥ်ဘုရင်တစ်ယောက်က ဟို့ယွိဟောင်ကိုတွန်းလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ဒူးထောက်လျက်သားကျသွားခဲ့တယ်။ ဒါပေမယ့် အထဲကိုတော့ရောက်သွားခဲ့ပါပြီ။
ဒီနေရာက တော်တော်ကိုကောင်းကောင်းမွန်မွန်အလှဆင်ထားတာပါ။ နန်းတော်ရဲ့အဆောင်တစ်ခုနဲ့တောင် တူနေခဲ့ပါသေးတယ်။
ရွှီမော့ချန်ကတော့ သူ့လက်အောက်ငယ်သားတွေကိုတစ်ချက်ကြည့်ပြီပြောလာခဲ့ပါတယ်။
” သူ့ကိုစစ်ဆေးတဲ့အခန်းထဲထည့်ထားလိုက် တော်၀င်မိသားစုရဲ့ လူတစ်ယောက်ကို ဘယ်လိုထိခိုက်အောင်လုပ်၀ံ့လဲဆိုတာ သေချာစစ်ပြီမေး ”
ရွှီမော့ချန်ရဲ့ တပည့်သားတစ်ယောက်က လက်ဖ၀ါးနှစ်ဖက်ကိုပွတ်ကာပြောလာခဲ့ပါတယ်။
” ခေါင်းဆောင်ငါလက်ထဲသာအပ်လိုက်တော့ ”
ဟို့ယွိဟောင်ကို နောက်ကနေဆွဲသွားပြီသူပြောလိုက်ပါတယ်။
ဟို့ယွိဟောင်က လက်ရှိအချိန်မှာ လက်ထိတ်ခတ်ထားခဲ့ရသလို လုံး၀လဲမခုခံခဲ့ပါဘူး။ စကားတစ်ခွန်းတောင်မပြောပဲနဲ့ သူဒီအတိုင်းသာဆွဲသွားခံလိုက်ပါတယ်။ စစ်ဆေးရေးအခန်းဆိုတာက ကောင်းတဲ့နေရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အနောက်ဖက် ခြံ၀န်းမှာရှိတာဖြစ်ပြီ ရိုးရှင်းတဲ့အခန်းတစ်ခုနဲ့တူပါတယ်။ တံခါးဖွင့်လိုက်ချိန်မှာတော့ သွေးညှီးနံ့တွေကအပြင်ကိုထွက်ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင် ဒီအခန်းထဲကို တွန်းထုတ်ခံလိုက်ရပါတယ်။ ဒီနေရာမှာတော့ နှိပ့်စက်ရေးပစ္စည်းတွေကအစုံပါပဲ။ ဟို့ယွိဟောင် တော်တော်များများကိုမသိပါဘူး။
” သူ့ကိုနဂါးထွင်းတိုင်လုံးမှာ ချည်လိုက် ”
၀ိညာဥ်ဧကရာဇ်တစ်ယောက်က ဦးဆောင်ပြီ ၀ိညာဥ်ဘုရင်နှစ်ယောက်က သူ့ကိုခပ်မြန်မြန်ပဲ သံမဏိတိုင်လုံးကြီးမှာချည်လိုက်ပါတယ်။ ဒီသံမဏိတိုင်လုံးကြီးက အတော်လေးကိုထူးဆန်းတယ်။ လက်၀ါးကပ်တိုင်ပုံစံရှိနေခဲ့ပြီ အပေါက်တွေလဲအများကြီးပါပဲ။ ဟို့ယွိဟောင်ရဲ့လက်ထိတ်တွေကို ဖယ်ရှားခံလိုက်ရသလို သူ့ရဲ့၀ိညာဥ်စွမ်းအားကိုလဲတားဆီးလိုက်ပါတယ်။
၀ိညာဥ်ဘုရင်နှစ်ယောက်က သူ့ကိုလက်၀ါးကပ်တိုင်ပေါ်မှာ ချည်လိုက်ပါတော့တယ်။
အဲ့ဒီတိုင်လုံးကြီးက အရမ်းကိုအေးစက်လို့နေခဲ့ပြီ သွေးတွေလဲစွန်းနေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ပိုမို၀ိုင်းစက်လို့လာခဲ့ပါတယ်။
အဲ့ဒီလက်ထိတ်တွေကသူ့ရဲ့၀ိညာဥ်စွမ်းအားကိုတားဆီးထားနိုင်ပေမဲ့ စိတ်၀ိညာဥ်စွမ်းအားကိုတော့ မတားဆီးထားနိုင်ပါဘူး။ စိတ်၀ိညာဥ်ထောက်လှမ်းမှုက ၀ိညာဥ်စွမ်းအားရဲ့အထောက်အပံ့မပါဘူးဆိုရင် အသုံးပြုဖို့ခက်ပါလိမ့်မယ်။ ဒါပေမယ့် ပတ်၀န်းကျင်အခြေအနေတစ်ခုအထိကိုတော့ ဆက်ပြီထောက်လှမ်းနိုင်နေဆဲပါ။
ဒါကဘာအတွက်အသုံးပြုလဲဆိုတာ သူချက်ချင်းနားလည်သွားပါတော့တယ်။ အပါက်တစ်ပေါက်ချင်းဆီတိုင်းမှာ ဆူးချွန်တွေပြည့်နှက်နေခဲ့ပြီ။ ဆူးချွန်တစ်ခုဆီတိုင်းကလဲ သုံးလက်မကျော်ရှည်လျားပါတယ်။ ဒါ့အပြင် တိကျတဲ့နေရာတစ်ခုချင်းဆီတိုင်းကို ဦးတည်ထားခဲ့တာပါ။ ဒါတွေကလူတစ်ယောက်ရဲ့သေစေနိုင်တဲ့နေရာတွေကို ဦးတည်ထားတာမဟုတ်ပါဘူး။ သူ့ကိုချက်ချင်းမသေစေပဲ နာကျင်အောင်လုပ်ဖို့အဓိကပြုလုပ်ထားတဲ့ နှိပ့်စက်နည်းကိရိယာပစ္စည်းဖြစ်နေခဲတယ်။
” ကောင်လေး မင်းရိုးရိုးသားသားဖြေ ငါတို့သိဖို့လိုတာတွေအားလုံးကိုပြောပြလိုက် ”
အစောပိုင်းတုန်းက သူ့ကိုခေါ်လာခဲ့တဲ့ ၀ိညာဥ်ဧကရာဇ်ကတော့ စားပွဲနောက်မှာထိုင်နေခဲ့ပြီ မေးလာခဲ့ပါတယ်။
တခြားသူတွေကတော့ ဘေးမှာရပ်နေခဲ့တယ်။ လူတစ်ယောက်ကတော့ စာရွက်နဲ့စုတ်တံကိုယူပြီ အားလုံးကိုမှတ်တမ်းတင်ဖို့လုပ်နေခဲ့တယ်။ ရွှီမော့ချန်က အထဲကို၀င်မလာခဲ့ပါဘူး။ သူဘယ်ရောက်သွားတယ်ဆိုတာလဲ ဘယ်သူမှမသိနိုင်ပဲရှိခဲ့ပါတယ်။
” ဘာတွေပြောနေတာလဲမသိရပါဘူး ”
” မင်းမသိဘူးတဲ့လား ၀မ်ရှောင်ကျဲ့ကို ဘယ်လိုထိခိုက်အောင်လုပ်လိုက်လဲ သူ့ကိုဘယ်လိုများ ဒီလောက်ဒဏ်ရာရသွားအောင် လုပ်လိုက်တာလဲ အကယ်၍ မင်းငြင်းမယ်ဆိုရင် ငါတို့မင်းကိုနှိပ့်စက်လို့ကတော့ အပြစ်မတင်လေနဲ့ ”
ဟို့ယွိဟောင်က ရယ်မောရင်နဲ့ လှောင်ရယ်တဲ့အပြုံးကိုပြုံးလိုက်ပါတယ်။
” ဒီအတိုင်းမေးနေတာထက် တစ်ခါထဲနှိပ့်စက်လိုက်တာကမကောင်းဘူးလား နှိပ့်စက်စရာအကြောင်းအရင်းမရှိတာကြောင့် အတော်လေးအကြောင်းရှာရခက်နေလား ဘယ်လိုပဲဖြစ်ဖြစ်နှိပ့်စက်ပြီဆိုမှတော့ အကြောင်းရင်းကောင်းပေးနေရဦးမှာလဲ အဲ့ဒီတော့ အကြံပြုချက်လေးတစ်ခုမေးလိုက်မယ်…ငါ့ကိုလာမထိနဲ့ မဟုတ်ရင် မင်းတို့တွေခံစားရလိမ့်မယ် ”
ဟို့ယွိဟောင်က ဒီလူတွေကိုလုံး၀မကြောက်ပါဘူး။ ကိစ္စတွေကိုဆိုးအောင်မလုပ်ချင်ရုံသက်သက်ပါပဲ။ ရွှီမော့ချန်က နေလနိုင်ငံတော်ရဲ့ ကျောင်းတော်ထဲမှာဖမ်းဆီးချိန်ကထဲက အမိန့်ပေးနေတာကိုသူကြားပါတယ်။
၀ိညာဥ်လက်နက်အတတ်ပညာရှင် ကျောင်းတော်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက သူ့ကိုကာကွယ်လိမ့်မယ်လို့ ယုံကြည်တယ်။ မဟုတ်ရင် သူတို့လဲဖြစ်လာမဲ့ရလဒ်ကိုလက်ခံနိုင်မှာမဟုတ်ပါဘူး။
” ကြည့်ရတာငါတို့ရဲ့အစွမ်းကိုမပြရသေးတော့ မင်းပါးစပ်ကိုမဖွင့်မဲ့ပုံပေါ်တယ်..နံပါတ်လေးတိုင်လုံးရဲ့အစွမ်းကိုပြလိုက်စမ်း မင်းရဲ့အရေပြားတွေဆက်တိုက်ဆွဲဖြဲခံရတဲ့နာကျင်မှုက ဘယ်လိုလဲဆိုတာ ကောင်းကောင်းသိအောင်ကြည့်လိုက် ”
အငယ်ဆုံး၀ိညာဥ်ဘုရင်က ကြောက်စရာကောင်းအောင်ရယ်မောရင် အနားကိုကပ်လာခဲ့ပါတယ်။
” ဒုတိယအစ်ကိုစဖို့အချိန်ရောက်ပြီလား ဒီတိုင်ပေါ်မှာလူအော်တဲ့အသံမကြားရတာအတော်ကြာပြီ သွေးတွေစင်ထွက်သွားတာ တကယ်လှတဲ့မြင်ကွင်းပဲ ဆူးချွန်ရှစ်ဆယ်တစ်ခုက မတူညီတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖောက်သွားရင် မွှေနှောက်သွားတာတကယ်လှတယ် ”
” တကယ်လုပ်တော့မှာလား သေချာစဥ်းစားပြီးပြီလား ”
ဟို့ယွိဟောင်က လက်သီးကိုဆုပ်ပြီ အံကြိတ်ရင်းမေးလာခဲ့ပါတယ်။
တစ်ဖက်လူကတော့ ရန်လိုလို့နေခဲ့တယ်။
” ကောင်ငယ်လေး မင်းကစစ်ကြောရဲ့အခန်းထဲမှာတောင် ငါတို့ကိုခြိမ်းခြောက်၀ံ့တယ်လား ”
နံပါတ်လေးက ကြောက်စရာကောင်းအောင်ရယ်မောနေခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်ကတော့ အနောက်ဖက်မှာရှိတဲ့ခလုတ်ကို ဆွဲချလိုက်ပါပြီ။ ချက်ချင်းဆိုသလို ဆူးချွန်တွေက အပြင်ဖက်ဆီဆန့်ထွက်လို့လာခဲ့တယ်။
အပိုင်း ၁၆၉•၃ ပြီး၏။