Switch Mode

Chapter – 169.2

အိမ်ရှေ့စံမင်းသား

အပိုင်း ၁၆၉•၂

” အိမ်ရှေ့စံမင်းသား ”
°°°
ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ ကျန်ဟုန်ချန်က နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားကိုတိတ်တဆိတ်ကြည့်ရှု့နေခဲ့တာပါ။ သူ့မှာ၀ိညာဥ်စက်ကွင်းကကိုးကွင်းရှိနေပါပြီ။ ဒါကြောင့် သူကိုယ်တိုင်အတွက်မလိုအပ်ခဲ့ပေမဲ့ သူ့ရဲ့မြေးအတွက်တော့ လိုနေခဲ့တယ်။ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်စလုံးကသူ့အတွက် အရမ်းကိုတန်ဖိုးကြီးပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်ကနေ အားလုံးကိုသင်ယူလာဖို့အတွက် သူသေသေချာချာကို စီစဥ်ထားတာပါ။ နောက်ဆုံးတော့လဲ နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ၀ိညာဥ်ပညာရှင်တွေကိုမွေးမြူးတဲ့နေရာမှာ အမျက်ဒေါသကျောင်းတော်ကိုမယှဥ်နိုင်ပါဘူး။

” ခန်းမသခင် ”

လင်းကျားယွီက အမြန်ဆုံးပြေးလာခဲ့ပါတယ်။

” လန့်လိုက်တာ ကောင်စုတ်လေး မင်းဘာဖြစ်လို့တံခါးမခေါက်တာလဲ ”

ကျန်ဟုန်ချန် ဒေါသတကြီးနဲ့ပြောပါတယ်။

လင်းကျားယွီကတော့ လက်ရှိအချိန်မှာဒူးထောက်ရင်းနဲ့ ရူးရူးသွပ်သွပ်ပြောလာခဲ့ပါတယ်။

” ခန်းမသခင် ဟို့ယွိဟောင်ကို တော်၀င်သက်တော်စောင့်တွေဖမ်းသွားပါတယ် ”

” ဘာဖြစ်တယ် ”

ကျန်ဟုန်ချန် မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါပြီ။

” တော်၀င်သက်တော်စောင့်တွေတဲ့လား ဘာဖြစ်ကုန်တာလဲ ”

ဟို့ယွိဟောင်နဲ့ ၀မ်ရှောင်ကျဲ့ဖြစ်ခဲ့တဲ့ပြဿနာကို လင်းကျားယွီသိပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်စွမ်းရည်နဲ့ ၀မ်ရှောင်ကျဲ့ကို ရက်ပေါင်းများစွာကြာတဲ့အထိ သတိလစ်အောင် ဟို့ယွိဟောင်လုပ်ခဲ့မှန်းသူကောင်းကောင်းသိထားခဲ့တယ်။ ရွှမ်ကျင့်၀မ်က ဒီကိစ္စနဲ့ပတ်သက်ပြီ သူ့ကိုတောင်းဆိုပြီသားပါ။

ကျန်ဟုန်ချန်ကို အရာအားလုံးပြန်ပြောင်းပြောလိုက်ပါတယ်။

ကျန်ဟုန်ချန်က ဒီကိစ္စတွေကိုကြားပြီတဲ့ နောက် သူ့အမူအရာကလုံး၀ကို အကျည်တန်းလို့သွားခဲ့ပါပြီ။

” ဒီတော်၀င်သက်တော်စောင့်တွေက ပုန်ကန်ချင်တာလား နေလနိုင်ငံတော်ရဲ့တော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်ထဲကလူကို သူဘယ်လိုလုပ်ဖမ်းဆီး၀ံ့တာလဲ သူတို့နောက်ကွယ်မှာရှိနေတာ ဘယ်ကောင်လဲ အရှင်မင်းမြတ်ကိုယ်စားငါဒီကောင်တွေအားလုံးကို ဖြေရှင်းပြစ်မယ်…သွားကြမယ် ”
သူပြောပြီတဲ့နောက် ထွက်သွားပါတော့တယ်။

” ခန်းမသခင် အမြန်ဆုံးသွားဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်…တော်၀င်သက်တော်စောင့်တွေက နှိပ့်စက်တဲ့နည်းလမ်းတွေကိုအများကြီးသင်ထားတဲ့သူတွေပါ ဟို့ယွိဟောင်အခုလက်ရှိအချိန်မှာ ”

” ကောင်းပြီ ”

ကျန်ဟုန်ချန်ရဲ့မျက်လုံးတွေက အေးစက်လို့သွားပါတော့တယ်။ သူတကယ်ဒေါသထွက်နေခဲ့တာပါ။ ဟို့ယွိဟောင်အသက်ကိုသူဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး ဒါပေမယ့် အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်တို့ရဲ့ ကျောင်းသားအကူအပြောင်းသင်ကြားမှုက အရမ်းကိုအရေးကြိီးပါတယ်။

ဒါ့အပြင် သူ့မြေးတွေလဲပြဿနာတက်နိုင်တာကြောင့် ဟို့ယွိဟောင် ပြဿနာတက်မှာကိုသူအဖြစ်မခံနိုင်ပါဘူး။ ဟို့ယွိဟောင်က ထူးချွန်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်လို့ မထင်ခဲ့သလို သူ့မြေးတွေအတွက်သာ အမျက်ဒေါသကျောင်းတော်အတွက် အရေးပါတဲ့သူတစ်ယောက်ရောက်လာစေဖို့ဟို့ယွိဟောင်ကို ဒီကျောင်းသားအကူအပြောင်းကိစ္စမှာ လာရောက်ခွင့်ပြုလိုက်တာပါ။

တစ်ချိန်ထဲမှာပဲ အမျက်ဒေါသကျောင်းတော်အတွက် ဟို့ယွိဟောင်ဘယ်လောက်အထိ အရေးကြီးလဲဆိုတာသူသိပါတယ်။ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားရုံတင်မက အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ရှင်ပါ။ ကျန်ဟုန်ချန် ဒါကိုကောင်းကောင်းသိပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က သူတို့ပထမဆုံးတွေ့ဆုံချိန်မှာ အကြီးအကဲမုရဲ့ဘေးမှာရှိနေခဲ့တာကိုလဲ မှတ်မိသေးတယ်။

” အကယ်၍ ဟို့ယွိဟောင်သာ တကယ်တစ်ခုခုဖြစ်သွားရင်တော့လား ”

ကျန်ဟုန်ချန်ဆက်ပြီတော့တောင် မတွေး၀ံ့တော့ပါဘူး။ ဒါက သူမြေးတွေပြန်လာရမဲ့ကိစ္စနဲ့လုံး၀ကိုပတ်သက်နေပါတယ်။ အမျက်ဒေါသကျောင်းတော်က ဒေါသတကြီးနဲ့နေလနိုင်ငံတော်လာတိုက်ခိုက်မှာ သူတကယ်ပဲကြောက်လန့်မိတယ်။ ဒါ့အပြင် သူတို့ရဲ့ကျောင်းတော်ကိုပါ တိုက်ခိုက်လာနိုင်ပါသေးတယ်။

အရင်တုန်းက အမျက်ဒေါသကျောင်းတော်ကို သူရောက်လာခဲ့ဖူးတယ်။ အဲ့ဒီနေရာမှာ အင်အားကြီးတဲ့သူတွေက အပြည့်ပါပဲ။ ခန္ဓာကိုယ်မျိုးနွယ်တောင်မှ နောက်ဆုတ်သွားခဲ့ရုံတင်မက သူဖန်တီးထားတဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်တွေပါ ဖျက်ဆီးခံလိုက်ရပါတယ်။

အပေါ်ယံမှာ အမျက်ဒေါသကျောင်းတော်ကို သူကြောက်၀န်မခံပေမဲ့ စိတ်ထဲမှာတော့ သူတကယ်ကြီးကို ကြောက်နေမိပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ သမိုင်းကြောင်းကရှည်လျားတဲ့အပြင် တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်အဖြစ် ရပ်တည်နေတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ သော့်လော့တိုက်တစ်ခုလုံးမှာ နိုင်ငံတော်ကြီးသုံးခုကို မယိမ်းယိုင်အောင်လို့ထိန်းချုပ်ထားနိုင်တဲ့ ကျောင်းတော်လဲဖြစ်နေခဲ့သလို နေလနိုင်ငံတောင်မှ သူတို့နဲ့ပတ်သက်လာရင်း ပြဿနာမရှာ၀ံ့တာအမှန်ပါ။

°°°
နေလနိုင်ငံတော်ရဲ့တော်၀င်နန်းတော်မှာတော့ ကျွီးကျင့်က သူ့အတောင်ပံတွေကိုပြန်သိမ်းရင်း ဆင်းသက်လာခဲ့ပါတယ်။ သူရွေးချယ်စရာမရှိတာကြောင့် ဒီလိုလုပ်ရတာပါ မြို့တော်အပေါ်မှာ ဖြတ်ပြီပျံသန်းတာကို တားဆီးထားပါတယ်။ အထူးသဖြင့် အလယ်နယ်မြေတွေမှာပါပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်အစောင့်တွေက သူမကို လေထဲမှာတားလိုက်ကြပြိီ အောက်ကိုချက်ချင်းဆင်းဖို့အတွက် ပြောလိုက်ကြတယ်။

ကျွီးကျင့်က ရွှေအိုရောင်တံဆိပ်ပြားတစ်ခုကိုထုတ်လာခဲ့တယ်။ ဒါကတော့ အပေါ်မှာမီးလျှံနဂါးတစ်ကောင်ကို ထွင်းထုထားတဲ့တံဆိပ်ပြားပါ။

ဒါကိုမြင်ချိန်မှာတော့ အစောင့်တွေလဲချက်ချင်းဆိုသလိုဒူးထောက်ရင်း ဦးညွတ်လိုက်ပါတယ်။ ကျွီးကျင့်က သူတို့ကိုလစ်လျူရှုထားရင်းနဲ့ နန်းတော်ထဲကိုပြေးသွားခဲ့ပါပြီ။

” သူဘာမှဖြစ်လို့မရဘူး…သူတကယ်ဘာမှဖြစ်လို့မရဘူး ”

တော်၀င်သက်တော်စောင့်တွေမှာအတော်ကို အောက်တန်းကျတဲ့နည်းလမ်းတွေရှိနေတာကို သူသိပါတယ်။ ဟို့ယွိဟောင် အခုပဲအဖမ်းခံလိုက်ရတဲ့အတွက် သူ့ကိုမထိခိုက်စေပဲ ကယ်ထုတ်လို့ရနိုင်ကောင်းရနိုင်ပါသေးတယ်။

လက်ထဲမှာဒီမီးလျှံနဂါးတံဆိပ်ပြားကိုကိုင်ထားရင် ပြေးလာခဲ့ပါတယ်။

တော်၀င်နန်းတော်ရဲ့ဂိတ်တံခါးကိုရောက်ချိန်မှာပဲ ဘယ်သူမှသူ့ကိုမတား၀ံ့ကြပါဘူး။ အစောင့်တွေအားလုံးက သူ့ကိုဒူးထောက်ရင်ဦးညွတ်ကြပါတယ်။ ဒီတံဆိပ်ပြားက ဘယ်လောက်အထိအင်အားကြီးလဲဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့ပါပြီ။

လက်သည်းရှစ်ခုပါတဲ့မီးလျှံနဂါးက အတော်ကိုကြီးမားတဲ့အင်အားရှိပါတယ်။ သူမက နန်းတော်ထဲကိုအချိန်မရွေး၀င်ထွက်ခွင့် ပိုင်ဆိုင်ထားသူပါ။

နန်းတော်ရဲ့အဓိကခန်းမဆောင်ကိုဖြတ်ကျော်လာပြီတဲ့နောက် အတွင်းနေရာအထိကို ပြေး၀င်လာခဲ့ပါတယ်။ ဒီနေရာတွေကို သူအမြဲတမ်းသွားလာနေဖူးတဲ့ပုံစံမျိုးနဲ့ကို ရင်းရင်းနှီးနှီးနဲ့အရှိန်မြင့်နေခဲ့တယ်။ဒါ့အပြင် ရပ်တန့်ပြီမေးခွန်းမမေးခံရအောင်လို့ တံဆိပ်ပြားကိုလမ်းမှာ ဆက်တိုက်မြောက်လာခဲ့ပါသေးတယ်။

ဆယ်မိနစ်ကြာအောင် ပြေးလွှားနေပြီတဲ့နောက် ခန်းမဆောင်တစ်ခုအရှေ့ကိုရောက်လာခဲ့ပါပြီ။ အဲ့ချိန်မှသာ သူရပ်တန့်လိုက်ပါတော့တယ်။

တံခါးမှာရှိနေခဲ့တဲ့ အစောင့်ကသူ့ကိုမြင်ချိန်မှာ ဒူးမထောက်ခဲ့ပါဘူး။ အဲ့ဒီအစား ပြုံးပြရင်းနဲ့သာ ပြောလာခဲ့ပါတယ်။

” သခင်မလေးကျွီးကျင့် ရောက်လာပြီပေါ့ အရှင်မင်းသားက စာကြည့်ဆောင်ထဲမှာပါ ”

” ကောင်းပြီ ငါအရှင်မင်းသားကို တွေ့ဖို့လိုတယ် ”

” ဟုတ်ကျွန်တော်နဲ့လိုက်ခဲ့ပါ ”

ဒီအစောင့်ကသူ့ကိုနှောင့်နှေးအောင်မလုပ်၀ံ့ပါဘူး။ ချက်ချင်းဆိုသလို ကျွီးကျင့်ကိုအထဲ၀င်ခိုင်းလိုက်ပါတယ်။ ကျွီးကျင့်ကလဲ သူ့ရဲ့တံဆိပ်ပြားကိုပြန်သိမ်းလိုက်တော့တယ်။

အစောင့်က သူမကိုစာကြည့်ဆောင်ထဲ ခေါ်လာပြီတဲ့နောက် ဘယ်ဘက်မှာရှိတဲ့ ခန်းမဆောင်ထဲကို၀င်ခိုင်းစေလိုက်ပြီ သူရောက်လာတဲ့အကြောင်း ချက်ချင်းသတင်းပို့လိုက်ပါတယ်။

ကျွီးကျင့်ကတော့ အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ရင်း သူ့ကိုယ်သူတည်ငြိမ်အောင်ထားဖို့ကြိုးစားနေခဲ့တယ်။ သူမနဲ့ထပ်တူညီမျှ အသိပညာကြွယ်၀ပြီ ကောက်ကျစ်တဲ့သူနဲ့တွေ့ရမှာကို သိနေတာကြောင့်ပါ။ အကယ်၍ သူသာသတိမထားဘူးဆိုရင် အခြေအနေတွေထိခိုက်သွားနိုင်ပါတယ်။

” ကျွီးကျင့် ရောက်နေတာလား သူ့ကို၀င်လာခိုင်းလိုက်လေ ငါမင်းကိုပြောထားတယ်မလား သူလာတဲ့အချိန်တိုင်းချက်ချင်း၀င်ခိုင်းလိုက်လို့ ငါ့ကိုဘာသတင်းမှလာပို့စရာမလိုနေဘူး ”

ဘေးခန်းမဆောင်တံခါးက ပွင့်လာခဲ့ပြီတဲ့နောက် အဲ့ဒီသက်တော်စောင့်က ပြေးထွက်လာခဲ့ပါတယ်။သူကကျွီးကျင့်ကို လေးလေးစားစားနဲ့ဦးညွတ်လိုက်ပြီ အထဲကို၀င်ဖို့လက်ဟန်ပြလိုက်ပါတယ်။

ကျွီးကျင့်လဲ အထဲကိုဖြည်းဖြည်းချင်း၀င်သွားခဲ့ပါပြီ။

ကျက်သရေရှိမှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ခန်းမဆောင်က ရိုးရှင်းတယ်လို့ပြောလို့မရနိုင်ပါဘူး။ ဒီအထဲမှာလက်သည်းရှစ်ခုပါတဲ့ မီးလျှံနဂါးပုံဖော်ထားမှုတွေအများကြီးရှိနေခဲ့တယ်။

ဒါ့အပြင် စာကြည့်စားပွဲရဲ့အနောက်မှာလဲ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့လူငယ်လေးတစ်ယောက်ရှိနေခဲ့ပါတယ်။ အဲ့ဒီလူက သူမကိုနူးညံ့တဲ့အကြည့်နဲ့ ကြည့်နေခဲ့တယ်။

ဒီလူကအသက်နှစ်ဆယ် နှစ်ဆယ်ငါး၀န်ကျင်လောက်ရှိမှာပါ။ သူ့ရဲ့၀တ်ရုံကအင်မတန်ကို ရိုးရှင်းနေခဲ့ပြီ မျက်လုံးကတော့ မီးတွေလိုတောက်ပလို့နေခဲ့တယ်။ တအားကြီးမခန့်ညားပေမဲ့ အတော်ကိုအာဏာရှိတဲ့အငွေ့အသက်တွေကတော့ အပြည့်ပါပဲ။ ဒါ့အပြင် ညိုမှောင်တဲ့အသားအရေက တောက်ပလို့နေခဲ့ပါသေးတယ်။

” အရှင်မင်းသားကို ဂါရ၀ပြုပါတယ် ”

ကျွီးကျင့်က ခပ်မြန်မြန်လျှောက်လာရင်နဲ့ ဒူးထောက်လိုက်တယ်။

လူငယ်ကတော့ လက်ကိုဝှေ့ရမ်းလိုက်ပြီတဲ့နောက် သူမကို ၀ိညာဥ်စွမ်းအားတချို့နဲ့ ဆွဲထူးလိုက်ပါတယ်။

” ငါရှေ့မှာဒီလိုကြီးဓလေ့ထုံတမ်းတွေကို လိုက်နာနေစရာမလိုဘူး…မင်းရဲ့နှလုံးခုန်သံတွေက ပုံမှန်မဟုတ်ဘူး…တစ်ခုခုဖြစ်လို့လား ”

ကျွီးကျင့် အခန်းထဲကိုမ၀င်ခင်တုန်းက အတော်ကိုစိုးရိမ်ပူပန်းနေပေမဲ့ အခုလက်ရှိအချိန်မှာ အများကြီးတည်ငြိမ်နေခဲ့ပါပြီ။ ဒါတောင်သူကထောက်လှမ်းနိုင်ခဲ့ပါတယ်။ သူမ လေးနက်တဲ့အသံနဲ့ ပြောလာခဲ့တယ်။

” အရှင်မင်းသားအခွင့်အရေးက ရောက်ရှိလာပါပြီ ဒါကိုအရယူရပါ့မယ် ”

” ဟုတ်လား ဘာအခွင့်အရေးများလဲ ”

၀တ်ရုံဖြူလူငယ်က သိလိုစိတ်အပြည့်နဲ့ မေးလာခဲ့ပါတယ်။

” အခွင့်အရေးကတော့ ဒီလိုပါ ကျွန်မရဲ့အတန်းဖော်တွေထဲမှာ ဆရာရွှမ်ရဲ့လက်အောက်မှာသင်ကြားနေတဲ့လူတစ်ယောက်ရှိပါတယ်…သူက တော်၀င်မိသားစုရဲ့မျိုးနွယ်ခွဲထဲကသူဖြစ်ပြီ နာမည်ကတော့ ၀မ်ရှောင်ကျဲ့ပါ အရှေ့ရက်တွေတုန်းက အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ သိပ်မကြာခင်တုန်းပဲ ဆရာရွှမ်က ကျွန်မနဲ့ခက်ခက်ကို ဒီကျောင်းသားနဲ့အတူ အပြင်ဖက်မှာစက်ကိရိယာစမ်းသပ်ဖို့အတွက် စေလွှတ်ခဲ့တယ်။ ကျွန်မရဲ့လေ့လာမှုတွေအရ ဒီအမျက်ဒေါသကျောင်းသားက အရမ်းကိုထူးချွန်ပါတယ် ”

” မင်းဘာကိုဆိုလိုချင်တာလဲ ”

” ဒီလူကအမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့အပြင် နေလနိုင်ငံတော်မှာတစ်ခါမှ မပေါ်ထွက်လာဖူးတဲ့ ပုံစံမျိုးပါ ”

” စိတ်၀င်စားစရာပဲ ”

” ကျွန်မသိသလောက်အရဆိုရင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန် နှစ်ယောက်ကလဲ အမျက်ဒေါသကျောင်းတော်ဆီကို သင်ကြားမှုမှာပါ၀င်သွားခဲ့ပါတယ်..ဒါကြောင့် သူတို့ကခန်းမသခင်ဘယ်လောက်အထိအရေးကြီးလဲဆိုတာကို အရှင်မင်းသားသိမှာပါ ဒီကျောင်းပြောင်းကျောင်းသားကလဲ အမျက်ဒေါသကျောင်းတော်အတွက် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တိုနဲ့ တူညီတဲ့အဆင့်အတန်းကို ပိုင်ဆိုင်ထားပါတယ်။ ၀မ်ရှောင်ကျဲ့က တော်၀င်သက်တော်စောင့်တွေကို ဒီနေ့မနက်မှာခေါ်ပြီ အဲ့ဒီကျောင်းသားကိုဖမ်းဆီးခိုင်းခဲ့တယ်..အကယ်၍ ခန်းမသခင်သာဒါကိုသိသွားခဲ့မယ်ဆိုရင် ”

သူမပြောချင်နေတာကို မင်းသားကချက်ချင်းနားလည်သွားခဲ့ပါတယ်။

” ခန်းမသခင်ပါလာပြီဆိုရင် ကိစ္စကမရိုးရှင်းနိုင်တော့ဘူး…ဒါဆိုရင် မင်းရဲ့အကြံကဘယ်လိုလဲ ”

” ခန်းမသခင်က နေလနိုင်ငံတော်မှာအရေးကြီးတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်…တော်၀င်မိသားစုရဲ့လူအများစုကလဲ သူ့အနားကပ်ချင်ပေမဲ့ အရှင်မင်းမြတ်က ဘယ်တော်၀င်မိသားစုကမှပုံရိပ်ယောက်အစစ်အမှန်ခန်းမနဲ့ အဆက်မသွယ်မလုပ်ရဘူးလို့အမိန့်ထုတ်ထားခဲ့တယ်…ဒါကြောင့် ဒီအမိန့်ကိုဘယ်သူမှမဖီးဆန်၀ံ့ပါဘူး ”

” ငါလဲ ဒီကန့်သတ်ချက်ထဲမှာပါတယ်လေ ”

” လွန်ခဲ့တဲ့နှစ်တွေမှာ တော်၀င်သက်တော်စောင့်တွေက အတော်ကိုလွန်လွန်ကျူးကျူးတွေလုပ်လာပါတယ်…အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားပါ၀င်တဲ့ကိစ္စမှာ သူတို့ကဖမ်းဆီးခဲ့ပြီ ကျွန်မတို့ကိုအရင်သတင်းပို့သင့်တယ်..ဒါကြောင့် အခုအချိန်မှာခန်းမသခင်ကဒေါသထွက်နေလောက်ပါပြီ လက်ရှိအချိန်မှာ ခန်းမသခင်နဲ့ ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင် ဒီကိစ္စကြီးမကြီးမားလာခင်မှာ ခန်းမသခင်က အရှင်မင်းသားရဲ့အကူအညီကို သေချာပေါက်မှတ်မိနေမှာပါ ”

မင်းသားက ခေါင်းညိတ်လိုက်ပါတယ်။

” အတော်တော်လာတာပဲ ကျွီးကျင့်မင်းကပိုပြီးထက်မြက်လာပြီ မင်းရဲ့သုံးသပ်မှုတွေက တကယ်ပဲကိုပါးနပ်လွန်တယ်…လာငါနဲ့လိုက်ပြီတော်၀င်သက်တော်စောင့်တွေကိုသွားတွေ့မယ်…သူတို့နဲ့ခေါင်းဆောင်က ရွှီမော့ချန် ဟုတ်တယ်ဟုတ် ဒီကောင်စုတ်လေးက အတော်ကိုမာနကြီးနေတယ်ဒီတစ်ကြိမ်တော့သူ့ကိုကောင်းကောင်းရှင်းရသေးတာပေါ့ ”

ကျွီးကျင့်က မင်းသားရဲ့အနောက်ဖက်ဆီကို ပြေးသွားခဲ့ပါတယ်။ ​ဘီးတွေလိမ့်နေတဲ့အသံကို ကြားလိုက်ရပါပြီ။ ဒီလူငယ်က သူမကတွန်းထုတ်လာခဲ့ပါတယ်။ ဟုတ်ပါတယ် သူက ဘီးတပ်ကုလားထိုင်တစ်ခုမှာထိုင်နေခဲ့တာပါ။ တကယ်တော့ ခြေထောက်လုံး၀မရှိတဲ့သူပါပဲ။

သူက ဒုက္ခိတဖြစ်နေပေမဲ့လဲ နေလနိုင်ငံတော်ရဲ့ ထီးမွေးနန်းလျာဖြစ်တဲ့ အိမ်ရှေ့စံမင်းသားပါ။

ကျီးကျင့်က သူမရဲ့မိဘတွေသေဆုံးပြီတဲ့နောက် ရွှီချန်ယန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမ လမ်းပေါ်လေလွှင့်နေတဲ့အချိန်မှာ အဓိကတွေ့ဆုံခဲ့တာပါ။ ရွှီချန်ယန်က အဲ့ဒီအချိန်မှာ ဒုက္ခိတမဟုတ်သေးပါဘူး။ သူမကိုမွေးစားပြီတဲ့နောက် နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကိုပို့ပြီး သင်ကြားစေခဲ့ပါတယ်။

ကျွီးကျင့်က ရွှီချန်ယန်ကို စိတ်မပျက်စေခဲ့ပါဘူး။ သူမရဲ့ကျင့်ကြံဆင့်က မနားမနေလေ့လာမှုကြောင့် မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ထူးခြားတဲ့ဆက်ဆံရေးကြောင့် ရွှိီချန်ယန်ကလဲ ကျွီးကျင့်ကိုအများကြီးယုံကြည်ခဲ့တယ်။ ကျွီးကျင့်ကလဲ တကယ်ကိုသစ္စာရှိတဲ့သူပါ။

ရွှီချန်ယန် ခြုံခိုတိုက်ခိုက်ခံရတဲ့အချိန်မှာ ကျွီးကျင့်က သူ့ကိုကယ်တင်ဖို့အတွက် နောက်ကျောမှာဓားနှစ်ချက်တိတိအထိုးခံခဲ့ရပါတယ်။ ဒါ့အပြင် သေလုမတတ်လဲ ဖြစ်ခဲ့ရတယ်။ ဒါကရွှီချန်ယန်အတွက်လဲ ကြီးမားတဲ့ရိုက်ခတ်မှုကြီးပါပဲ။ ကျွီးကျင့်ကတော့ သူ့ရဲ့လုံး၀လူယုံတော်ဖြစ်လာခဲ့ပြီ မပြည့်အ၀ယုံကြည်မှုကိုရရှိခဲ့တယ်။ ကျွီးကျင့်ရဲ့ ကြယ်တာရာလာ့နိုင်ငံတော်အပေါ်မုန်းတီးမှုကိုလဲ ရွှီချန်ယန်က နားလည်ပါသေးတယ်။ ဒါ့အပြင် ကျွီးကျင့် ဘယ်လောက်အထိ ဆုံးဖြတ်ချက်ခိုင်မာပြီတည်ငြိမ်တယ်ဆိုတာကိုလဲ သူက အမြဲတမ်းစောင့်ကြည့်နေတဲ့သူပါ။ ဒါတွေအားလုံးက သူနှစ်သက်တဲ့အချက်တွေပါပဲ။

နေလနိုင်ငံတော်ရဲ့တော်၀င်မိသားစုမှာ ရွှီချန်ယန်ရဲ့နေရာက အင်မတန်ကိုခိုင်မာပါတယ်။ သူကသေချာပေါက် ထီးနန်းကိုဆက်ခံနိုင်မဲ့သူတွေပါ။ ဒါပေမယ့် ရုတ်တရက်အလစ်၀င်တိုက်ခံရပြီတဲ့နောက် ဒုက္ခိတဖြစ်သွားခဲ့တာကြောင့် သူ့ရဲ့တော်၀င်မိသားစုထဲမှာရှိတဲ့နေရာကလဲ ဖြည်းဖြည်းချင်းကျဆင်းလာရပါတော့တယ်။ နောက်ဆုံးတော့လဲ ဒါကနိုင်ငံတစ်ခုကိုအုပ်ချုပ်မဲ့သူ့အတွက်ကြီးမားတဲ့ပြစ်ချက်ကြီးဖြစ်လာစေနိုင်မှာပါ။

ဒါပေမယ့် ရွှီချန်ယန်က အရမ်းကိုခိုင်ခိုင်မာမာရှိပြီ နာကျင်မှုတွေကိုခုခံခဲ့ပါတယ်။ သံသယ၀င်၀ံ့တဲ့ဘယ်သူကိုမဆို လုံး၀ဖယ်ရှားပြစ်ခဲ့တယ်။ ဒါ့အပြင် ဒီအကွက်ဆင်မှုနောက်ကွယ်က တရားခံကိုရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ညီနောင်တွေထဲက တစ်ယောက်ပါပဲ။

ရွှီချန်ယန် သူ့ကိုဘယ်လိုနောက်ကြောင်းလိုက်လဲတော့ မသိပါဘူး။ ဒါပေမယ့် အဲ့ဒီညီနောင်က သူ့နန်းတော်မှာတင် အပိုင်းအပိုင်းအစစဖြတ်ခုတ်ခံလိုက်ရသလို နန်းတော်တစ်ခုလုံးလဲ သွေးနဲ့ဆေးကြောခံလိုက်ရပါတယ်။

အပိုင်း ၁၆၉• ၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset