အပိုင်း ၁၆၉•၁
” အိမ်ရှေ့စံမင်းသား ”
°°°
” ချွမ် ချွမ် ချွမ် ”
ဟို့ယွိဟောင်ရဲ့လက်ကောက်၀တ်ကိုရွှေရောင်လက်ထိတ်တွေနဲ့ ခတ်လိုက်ပါတော့တယ်။ ဒီလက်ထိတ်တွေကနေ အရမ်းကိုတင်းကျပ်တဲ့ တားဆီးနိုင်စွမ်းအင်အားက ထွက်ပေါ်လာတယ်။ ဒါက ၀ိညာဥ်လက်နက်တစ်ခုဆိုတာ အသိအသာကြီးပါပဲ။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးချိတ်ပိတ်ခံလိုက်ရတာကို ဟို့ယွိဟောင်ခံစားလိုက်ရပါပြီ။
၀မ်ရှောင်ကျဲ့ကတော့ ဟို့ယွိဟောင်ဆီကို လျှောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကိုမျက်လုံးတည့်တည့်ကိုစိုက်ကြည့်ရင်း ဟို့ယွိဟောင်ရဲ့ခေါင်းကိုကိုင်ကာ ဗိုက်ကိုအရှိန်ခပ်ပြင်းပြင်းနဲ့ထိုးချလိုက်ပါတော့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းအောက်ဖက်ကို ပြန်ငုံ့လိုက်ရပါပြီ။ဒီလိုပြင်းထန်တဲ့နာကျင်မှုက သူ့ကိုမျက်မှောင်ကြုတ်သွားစေခဲ့ပါတယ်။ အေးစက်တဲ့အလင်းတန်းတစ်ချို့က သူ့မျက်နှာပေါ်မှာဖြတ်ပြေးလို့သွားခဲ့ပါတော့တယ်။ အကယ်၍ သူသာအနာဂတ်အတွက်သေချာအာရုံစိုက်မထားခဲ့ဘူးဆိုရင် သေချာပေါက် ပြင်းပြင်းထန်ထန် တုန့်ပြန်မိမှာပါ။ ဒိီအဆင့်ခြောက်၀ိညာဥ်လက်ထိတ်တွေက သူ့ကိုတကယ်ပဲ တားဆီးနိုင်မယ်လို့ သူတို့ထင်နေကြတာလား။
” မင်းကတိုက်ခိုက်တာအရမ်းတော်တယ်မဟုတ်လား နေလနိုင်ငံတော်ရဲ့မဟာနှိပ့်စက်မှုဆယ်ခုရဲ့နာကျင်မှုကိုကောင်းကောင်းသိသွားစေရမယ်..သူ့ကိုခေါ်သွားလိုက်တော့ ”
၀မ်ရှောင်ကျဲ့က ပျော်ရွှင်တဲ့အကြည့်ကို စတင်ပြီထုတ်ဖော်လာပါတော့တယ်။ သူနောက်ဆုံးမှာတော့ လက်စားချေနိုင်ခဲ့ပါပြီ။
လွန်ခဲ့တဲ့သုံးရက်တုန်းက သူနိုးထလာခဲ့သလို ဟို့ယွိဟောင် ဖန်တီးခဲ့တဲ့နာကျင်မှုကို ၀ိုးတ၀ါးမှတ်မိနေဆဲပါ။ ကံကောင်းစွာနဲ့ပဲ သူ့အနေနဲ့ ကြီးမားတဲ့ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။
နှစ်ရက်တိတိပြန်လည်ကုသမှုတွေလုပ်ပြီတဲ့နောက် သူ့အခြေအနေကအတော်လေးကောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာ ဟို့ယွိဟောင် ကျွီးကျင့်နဲ့ ခက်ခက်တို့ပြန်လာတာကိုသူကြားခဲ့ရတာပါ။
ရွှမ်ကျင့်၀မ်က ဒီကိစ္စကိုရှင်းပေးခဲ့ပါပြီ။ တော်၀င်မိသားစုရဲ့ အခြေအနေကြောင့် သူတို့တွေက ဒီကိစ္စကိုလုံး၀လက်လွှတ်ဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ ၀မ်ရှောင်ကျဲ့လဲ သေလောက်တဲ့အထိ ဒဏ်ရာရမသွားတာကြောင့် သူလဲဒီကိစ္စကို ဂရုမစိုက်ကြပါဘူး။ ဒါပေမယ့် ရွှမ်ကျင့်၀မ်က ၀မ်ရှောင်ကျဲ့ကိုယ်တိုင်ဒီလောက်အထိ အငြိုးကြီးမယ်လို့ မထင်ထားခဲ့ပါဘူး။ သူက အကြံပေးတာကိုတောင် နားမထောင်ပဲတော်၀င်သက်တော်စောင့်တွေကို ချက်ချင်းခေါ်လိုက်ပါတယ်။ ဒါ့အပြင် ကျောင်းသားဆောင်ထဲမှာတောင် အခန်းထဲကို၀င်ပြီတော့ မစီးရဲပါဘူး။ ဒါကြောင့် ဟို့ယွိဟောင် အခန်းအပြင်ထွက်လာတာကို သူတို့စောင့်ပြီဖမ်းကြတာပါ။
၀မ်ရှောင်ကျဲ့အနေနဲ့ ဟို့ယွိဟောင်ခုခံဖို့မျှော်လင့်ထားခဲ့တယ်။ အကယ်၍ သူသာ တော်၀င်သက်တော်စောင့်တွေကို တိုက်ခိုက်၀ံ့တယ်ဆိုရင် အကယ်၍ သူ့ကိုသတ်လိုက်မယ်ဆိုရင်တောင် ဘယ်သူမှအပြစ်တင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က လုံး၀ကိုအလောတကြီးမလှုပ်ရှားပဲနဲ့ ငြိမ်ငြိမ်သက်သက်ရှိနေခဲ့ပါတယ်။ ဒါက ၀မ်ရှောင်ကျဲ့ကိုလုံး၀စိတ်ပျက်သွားစေခဲ့တယ်။
သူတို့ခေါင်းဆောင်က ၀မ်ရှောင်ကျဲ့ကိုဆက်ပြီ မရိုက်စေတော့ပါဘူး။ အဲ့ဒီနောက် သူပြောလာခဲ့ပါတယ်။
” ငါတို့ဒီမှာလုပ်လို့မဖြစ်ဘူး သူ့ကိုခေါ်သွားပြီတော့ ကိုင်တွယ်လိုက်မယ်…ငါတို့တွေဘယ်နားရောက်နေလဲဆိုတာကို မမေ့လိုက်နဲ့ ”
၀မ်ရှောင်ကျဲ့လဲ လက်ဖ၀ါးတွေကိုပွတ်သပ်နေခဲ့မိပါတယ်။
” ဟုတ်တယ်အစ်ကို၀မ်းကွဲ သူ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်…ကူညီပါရစေလား ”
ခေါင်းဆောင်ကခေါင်းခါရင်ပြန်ဖြေလိုက်ပါတယ်။
” မင်းလုပ်လို့မရဘူး..မင်းကျောင်းတော်ထဲမှာနေတာ ပိုကောင်းလိမ့်မယ်…ဒါဆိုရင် ဒီကိစ္စကမင်းနဲ့ဘာမှမပတ်သက်ဘူးလို့ ငြင်းလို့ရလိမ့်မယ်..မင်းလဲအသက်မငယ်တော့ဘူးလေ ဦးနှောက်ကိုမသုံးနိုင်သေးဘူးလား ရွှမ်ကျင့်၀မ်က ဒီကောင်ကိစ္စအတွက် အသနားခံစာတင်ပြီးနေပြီ ကိစ္စကလဲ ဖြေရှင်းသွားပြီ ဒါကိုမင်းကဓားခုတ်ရာထဲ လက်၀င်လျှိုချင်တာလား ဘာကိုမှမင်းမသိတဲ့အတိုင်းပဲနေ ငါတို့ဘာလုပ်ရမလဲသိတယ် ”
” ကောင်းပြီလေ ”
၀မ်ရှောင်ကျဲ့က မကျေမနပ်ဖြစ်ပေမဲ့ သူနောက်ဆုံးမှာတော့ သဘောတူလိုက်ပါတယ်။ နောက်ဆုံးတော့လဲ သူက အဲ့ဒီလောက်ကြီးတုံးအတဲ့သူမဟုတ်ပါဘူး။ သူ့ရဲ့ပတ်၀န်းကျင်ကိုသေချာလေ့လာနေပြီတဲ့နောက် ဘယ်သူမှမရှိတာကို စစ်ဆေးပြီချိန်မှသာ ခပ်မြန်မြန်ပဲ ထွက်သွားပါတော့တယ်။
သူတို့ရဲ့ခေါင်းဆောင်က ဟို့ယွိဟောင်အရှေ့ကိုရောက်လာပြီတဲ့နောက် ပြောလာတော့တယ်။
” အားနာပါတယ်..မင်းကံဆိုးတာကိုပဲအပြစ်တင်လိုက်တော့ မင်းကတော်၀င်မိသားစုရဲ့လူတစ်ယောက်ကို ထိ၀ံ့တယ်ဟုတ်လား မင်းကအမျက်ဒေါသကျောင်းတော်ကဟုတ်တယ်ဟုတ် ငါတို့တွေပြန်ရောက်ပြီဆိုရင် သေချာစကားပြောကြတာပေါ့ ”
ဟို့ယွိဟောင်လဲ ဒီလေသံကိုနားထောင်ရင်းနဲ့ တစ်ဖက်လူမှာမကောင်းတဲ့အကြံအစည်တွေရှိမှန်း ကောင်းကောင်းခံစားမိပါတယ်။ ဒီလူက ၀မ်ရှောင်ကျဲ့ထက် အများကြီးပ်ိုအင်အားကြီးနေတာကိုလဲ သိနေခဲ့တယ်။ ဒီလူရဲ့လက်ထဲမှာဆိုရင် သူသေချာပေါက် အတော်လေးခံစားရမှာပါ။ ဒါပေမယ့် ဘာလာမလဲဆိုတာကို မသိသေးတဲ့အတွက် အခုလက်ရှိအချိန်မှာ ခုခံရုန်းကန်ဖို့လဲအလောမကြီးသေးပါဘူး။
” ဒါမျိုးတွေလုပ်ပြီရင် နောင်တမရစေဖို့ပဲ မျှော်လင့်ပါတယ် ”
၀ိညာဥ်ဘုရင်တစ်ယောက်က ဟို့ယွိဟောင်ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်ရင်းပြောလာခဲ့တယ်။
” တော်၀င်သက်တော်စောင့်ရဲ့ရှေ့မှာ မင်းကဒီလိုမျိုးရိုင်းပြ၀ံ့တယ်လား မင်းအသက်ရှင်ရတာငြီးငွေ့နေပြီနဲ့တူတယ်…ခေါင်းဆောင်ငါတို့တွေပြန်ရောက်ပြီဆိုရင် သူ့ကို ငါ့လက်ထဲသာအပ်လိုက်တော့ ”
ခေါင်းဆောင်က လက်ကိုဝှေ့ရမ်းရင်းနဲ့ ပြောလာခဲ့ပါတယ်။
” သွားကြမယ် ပြန်ရောက်မှပြောမယ် ”
၀ိညာဥ်ဘုရင်နှစ်ယောက်က ဟို့ယွိဟောင်ကို ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်ပါတော့တယ်။ သူကတော့ အတူတူပူးပေါင်းဆောင်ရွက်ရင်းနဲ့ လိမ်လိမ်မာမာလေးသာ လိုက်သွားခဲ့တယ်။ သူ့ရဲ့ပုံစံက ထူးမခြားနားပုံစံဖြစ်နေခဲ့ပေမဲ့ လုံး၀မကြောက်လန့်ခဲ့ပါဘူး။
တော်၀င်သက်တော်စောင့်တွေက တော်၀င်မိသားစုကို အဓိကကာကွယ်စောင့်ရှောက်ရတဲ့ တာ၀န်ခံထားရတဲ့သူတွေပါ။ ဒါ့အပြင် တော်၀င်နန်းတော်ထဲ ဖြစ်သမျှအရာအားလုံးကိုလဲ တာ၀န်ယူရပါတယ်။
ပုံမှန်အခြေအနေမှာ သူတို့တွေက တော်၀င်မိသားစုရဲ့အပြင်ဘက်ကိစ္စတွေကို၀င်ပြီ မနှောင့်ယှက်ကြပါဘူး။
နေလနိုင်ငံရဲ့တော်၀င်မျိုးနွယ်တွေက နောက်ဆုံးတော့လဲ အတော်ကိုအစွမ်းထက်တဲ့သူတွေဖြစ်နေခဲ့တယ်။ တော်၀င်သက်တော်စောင့်တွေရဲ့ခေါင်းဆောင်နာမည်ကတော့ ရွှီမော့ချန်လို့ခေါ်ပါတယ်။ သူ့အဖေက တော်၀င်မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုကိုထိန်းချုပ်ရတဲ့မင်းသားတစ်ပါးပါ။
ရွှီမော့ချန်က ဩဇာအာဏာကြီးမားသလို တော်၀င်မိသားစုရဲ့တိုက်ရိုက်မျိုးဆက်သစ်လဲ ဖြစ်နေခဲ့ပါသေးတယ်။
၀မ်ရှောင်ကျဲ့ကတော့ မျိုးနွယ်ခွဲထဲကတစ်ခုဖြစ်ပြီ သူက ရွှီမော့ချန်ကို ဖိတ်ခေါ်ကာဒီကိစ္စကိုဖြေရှင်းဖို့အတွက် ကူညီခိုင်းစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က သွေးသားတော်စပ်နေလို့ပါပဲ။
ရွှီမော့ချန်က မိသားစုအဆက်အသွယ်ကြောင့် တော်၀င်သက်တော်စောင့်ခေါင်းဆောင်ဖြစ်လာခဲ့တာမဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကျင့်ကြံမှုကလဲ အတော်လေကိုကောင်းမွန်ပါတယ်။ ဒါ့အပြင် သူက၀ိညာဥ်လက်နက်တွေကို အဓိကပြုတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နေပေမဲ့လဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။
တော်၀င်မိသားစုရဲ့တိုက်ရိုက်မျိုးဆက်တွေကနေမျိုးရိုးဆက်ခံတဲ့ အင်အားကြီး၀ိညာဥ်ကိုပိုင်ဆိုင်ထားတာကြောင့်သာ သူ့ရဲ့ကျင့်ကြံမှုက သန်မာလာတာပါ။ သူက တော်၀င်သက်တော်စောင့်တွေထဲမှာမှ အတော်ဆုံးသူဖြစ်နေခဲ့ပါတယ်။
ဟို့ယွိဟောင် အရမ်းကိုတည်ငြိမ်နေတာသတိထားမိတဲ့အတွက် ရွှီမော့ချန်က ပိုပြီးတော့သတိကြီးလာခဲ့တယ်။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်က အမျက်ဒေါသကျောင်းတော်ကနေလာတဲ့သူပါ။
၀မ်ရှောင်ကျဲ့က သူ့ကိုလာရှာပြီကျောင်းတော်ထဲမှာ အမျက်ဒေါသကျောင်းတော်ကလူငယ်တစ်ယောက် အလစ်၀င်တိုက်တာကို ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီလူငယ်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ပြီ သူအလစ်၀င်တိုက်ခံလိုက်ရတဲ့အတွက် ရှိသမျှအစွမ်းတွေအားလုံးကို ထုတ်မသုံးနိုင်ခဲ့ဘူးလို့လဲ ပြောခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတယ်လို့လဲ ပြောပြခဲ့ပါသေးတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သတင်းက နိုင်ငံတိုင်းကို လွှမ်းမိုးမှုကြီးမားပါတယ်။ ရွှီမော့ချန်လဲ ဒီခရီးစဥ်ကိုလာတဲ့တစ်လျှောက်မှာအတော်ကို လေ့လာစူးစမ်းခဲ့ရတယ်။ အမျက်ဒေါသကျောင်းတော်သားတွေ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သူမြင်ချင်ခဲ့ပါတယ်။ ဒီလိုကြောင့်သာမဟုတ်ဘူးဆိုရင် ၀မ်ရှောင်ကျဲ့ရဲ့ကိစ္စတွေကို အာရုံစိုက်နေမှာတောင် မဟုတ်ပါဘူး။
ဟို့ယွိဟောင်ရဲ့ရုပ်ရည်က တော်တော်လေးကိုငယ်ရွယ်နေခဲ့ပါတယ်။ ဒါပေမယ့် သူအဲ့ဒီလောက်ကြီးအထိ မရိုးရှင်းဘူးဆိုတာကို ရွှီမော့ချန်ခံစားမိတယ်။ ဒီကလေးက မကြောက်တဲ့အပြင် လူတွေအများကြီးရှိနေတာတောင် မတုန်လှုပ်ခဲ့ပါဘူး။
သူကိုယ်တိုင်လဲ ခြိမ်းခြောက်ခဲ့ပေမဲ့ ၀မ်ရှောင်ကျဲ့ရိုက်တာခံရပြီတာတောင် တစ်ချက်လေးမှအော်မဆဲပဲရှိခဲ့ပါတယ်။ အတော်က်ိုတည်ငြိမ်ပြီ အေးဆေးနေခဲ့တဲ့အတွက် အနောက်ကနေ အထောက်အပံ့ပေးသူတွေရှိဦးမယ်လို့ ပိုပြီးသေချာနေစေခဲ့တယ်။
သူဒီနေရာမှာ ရပ်နေရင်းနဲ့တင် နောက်ထပ်အကြံတစ်ခုရလာခဲ့ပါတယ်။ သူ့ရဲ့လက်အောက်ငယ်သားတစ်ယောက်ကိုစပြီ ညွှန်ကြားလိုက်ပါပြီ။
” ငါတို့တွေ ဟို့ယွိဟောင်လို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ကိုစုံစမ်းဖို့အတွက် ခေါ်သွားတယ်လို့ နေလတော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို သတင်းပို့လိုက် ”
သူ့ရဲ့လက်အောက်ငယ်သားအနည်းငယ်ပဟေဠိဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် အမိန့်ကိုတော့လုံး၀မေးခွန်းပြန်မထုတ်၀ံ့ပါဘူး။ ဒါကြောင့် ချက်ချင်းဆိုသလို သတင်းသွားပို့ဖို့လုပ်ပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ပြုံးပြရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
” သတင်းအချက်အလက်ကောင်းတဲ့မိတ်ဆွေတွေနဲ့ အတူတူဆုံတွေ့ရတာ၀မ်းသာစရာပါပဲ ကျွန်တော်ဘယ်လိုများခေါ်ဝေါ်ရမှာလဲမသိ ”
” လူငယ်လေး ကြည့်ရတာမင်းကလုံး၀ကို ထိတ်လန့်မနေဘူးပဲ ဒါပေမယ့် မင်းကနေလနိုင်ငံတော်ကလူမဟုတ်ဘူးလေ…မင်းရဲ့နောက်ခံကဘယ်သူပဲဖြစ်ဖြစ် ငါဒီတစ်ကြိမ်မှာ လက်ဗဟာနဲ့ပြန်မသွားနိုင်ဘူး…မင်းကတော်၀င်မိသားစုရဲ့လူတစ်ယောက်ကို လက်ပါခဲ့တယ်..ဒါကြောင့် ငါသေချာပေါက် မင်းကိုသင်ခန်းစာပေးရမယ်…မင်းရဲ့နောက်ကွယ်ကလူဒီကိုမြန်မြန်ဆန်ဆန်ရောက်လာနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ အကယ်၍ မင်းရဲ့နောက်ကွယ်ကလူသာရောက်တာနောက်ကြခဲ့မယ်ဆိုရင် ကိစ္စတွေလုံး၀လက်လွှတ်သွားလို့ကတော့ ငါ့ကိုအပြစ်မတင်လေနေနဲ့ ”
ရွှိီမော့ချန်က ရယ်မောနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ပြုံးနေရင်းနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။
” ၀မ်ရှောင်ကျဲ့နဲ့ တအားကြီးမရင်းနှီးဘူးဆိုတာ ကြည့်ရုံနဲ့တင်သိနေတယ်…ကြည့်ရတာ သူက တော်၀င်မိသားစုအတွက် အဲ့ဒီလောက်အရေးကြီးတဲ့ပုံလဲမပေါ်ပါဘူး..ဘာကြောင့်ကိုယ်ဘာသာကိုယ်ပြဿနာတက်မဲ့ကိစ္စတွေလုပ်နေတာလဲ ကျွန်တော်ကနေလနိုင်ငံတော်က မဟုတ်ပေမဲ့ အတော်က်ုပြဿနာများတဲ့သူတဲ့နော် အခုဒီပြဿနာကောင်ကို လက်လွှတ်လိုက်ဖို့ဆိုတာနောက်မကျသေးဘူးနော် ”
ရွှီမော့ချန်ရဲ့ မျက်နှာကမှောင်မိုက်လို့သွားခဲ့ပါတော့တယ်။ ကြောက်စရာအကြည့်က သူ့မျက်လုံးထဲမှာပေါ်လာခဲ့ပါပြီ။
” ငါဘာလုပ်ရမလဲဆိုတာ မင်းငါကိုလာပြောဖို့မလွယ်ဘူး..ငါဘယ်လိုပြဿနာတက်မလဲဆိုတာ ကိုယ်ဘာသာကိုယ်သိချင်တယ် ”
ဟို့ယွိဟောင်လဲ နောက်ထပ်မပြောတော့ပါဘူး။ ရွှီမော့ချန်ရဲ့စကားကိုသာ နားထောင်လိုက်ပါတယ်။ သူနေလနိုင်ငံတော်ရဲ့ တော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကနေ ထွက်သွားပြီတဲ့နောက် သူ့ကခမ်းနားတဲ့မြင်းလှည်ကြီးထဲကို ရောက်သွားပါတော့တယ်။ သူတို့တွေက မြို့ရဲ့အလယ်ဗဟိုကို အပြေးနင်းနေခဲ့တာပါ။
” ဘာဖြစ်တယ် ဟို့ယွိဟောင်ကို တော်၀င်သက်တော်စောင့်တွေက ခေါ်သွားတယ် ”
လင်းကျားယွီက ဒီသတင်းကိုကြားချိန်မှာ အရမ်းကိုစိုးရိမ်တကြီးဖြစ်လာပါတော့တယ်။
သူ့ရဲ့စားပွဲခုံကိုဒေါသတကြီးနဲ့သူရိုက်ချလိုက်တယ်။
” အဓိပ္ပာယ်မရှိလိုက်တာ တော်၀င်သက်တော်စောင့်တွေက ကျောင်းတော်ထဲမှာငါတို့ကို သတင်းမပေးပဲနဲ့ ဒီလိုဖမ်းဆီး၀ံ့တယ်လား ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေလဲ ”
တော်၀င်သက်တော်စောင့်ရဲ့အဖွဲ့၀င်ကတော့ လင်းကျားယွီရဲ့ဒေါသကြောင့် တစ်ချက်လေးတောင်မတုန်လှုပ်ခဲ့ပါဘူး။ သူကရွှိီမော့ချန်နဲ့ ၀မ်ရှောင်ကျဲ့လို့ပဲ တော်၀င်မိသားစုကနေတိုက်ရိုက် ဆင်းသက်လာတဲ့သူဖြစ်နေခဲ့တယ်။ ဒါကြောင့် သူနှာခေါင်းရှုံ့လိုက်ပါတယ်။
” အကယ်၍ မင်းလုပ်၀ံ့တယ်ဆိုရင် ငါတို့ရဲ့ခေါင်းဆောင်ကိုသွားပြောလိုက်လေ ဘာပဲဖြစ်ဖြစ် မင်းကိုငါတို့အကြောင်းကြားပြီးပြီ အမိန့်အတိုင်းလုပ်ပေးပြီးပြီ ”
သူပြောပြီတဲ့နောက် ထွက်ခွာသွားပါတော့တယ်။ လင်းကျားယွီကလဲ သူ့ကိုမတားခဲ့ပါဘူး။ ဟို့ယွိဟောင် ဖမ်းဆီးခံလိုက်ရပြီဖြစ်တဲ့အတွက် သတင်းလာပို့တဲ့သူကို ပြဿနာရှာနေလို့ဘာအကြောင်းမှမရှိနိုင်ပဲ သူသိနေခဲ့တယ်။ ဒါကြောင့် သူစားပွဲနောက်မှာ ကျန်ရင်ခဏစဥ်းစားပြီတဲ့နောက် အပြင်ကိုပြေးထွက်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင် ဘယ်လောက်အထိအရေးကြီးမှန်း ကျန်ဟုန်ချန်က သူ့ကိုပြောခဲ့ဖူးပါတယ်။ ဟို့ယွိဟောင် ဘယ်လိုမကျေနပ်ချက်မျိုးနဲ့ ထိခိုက်နာကျင်မှုမျိုးကိုမှ မဖြစ်စေဖို့အတွက် မှာကြားထားခဲ့ပါတယ်။ သူ့ကိုကျောင်းတော်ကအရေးကြီးတဲ့ ကိစ္စတွေကမသင်ယူဖို့ကလွဲပြီ ကျန်တဲ့ကိစ္စတွေတားမြစ်ချက်လဲ မရှိပါဘူး။ ဒါက မလွယ်ကူတဲ့ကိစ္စဖြစ်နေခဲ့တယ်။
ရွှမ်၀မ်ကျင့်က ရွှီမော့ချန်ကို အပြင်လွှတ်လိုက်တာသူသိသိချင်မှာ သူဒေါသထွက်ခဲ့ပါသေးတယ်။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်က မထိခိုက်ပဲပြန်လာခဲ့ရတယ်။
ဒါပေမယ့် ပြန်လာပြီနောက်ရက်မှာတင် အဖမ်းခံလိုက်ရမယ်လို့ ဘယ်သူကတွေးမိမှာလဲ ၀မ်ရှောင်ကျဲ့ကတော့ ပြဿနာလာရှာနေပါပြီ။
လင်းကျားယွီက အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ပေမဲ့ တော်၀င်သက်တော်စောင့်တွေကို ရန်ပြုလို့မရပါဘူး။ နောက်ဆုံးတော့လဲ တော်၀င်သက်တော်စောင့်တွေအားလုံးမှာ ရှုပ်ထွေးတဲ့နောက်ခံအင်အားတွေရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆီကို သူအပြေးသွားပြီ ကျန်ဟုန်ချန်ကို သတင်းပို့ပါတော့တယ်။ ကျန်ဟုန်ချန်ရဲ့အဖိုးတန်မြေးလေးတွေက ဒီကျောင်းသားအကူအပြောင်းမှုမှာ ပါ၀င်နေမှန်သူကောင်းကောင်းနားလည်ထားခဲ့တယ်။
” ဘာဖြစ်တယ် ဟို့ယွိဟောင်ကို တော်၀င်သက်တော်စောင့်တွေဖမ်းသွားတယ်လား ”
ကျွီးကျင့်က အထိတ်တလန့်နဲ့ပြောနေခဲ့ပါတယ်။ ခက်ခက်ကလဲ ခေါင်းညိတ်နေရင်းကြောက်လန့်တဲ့ပုံစံပြောနေခဲ့တယ်။
” ၀မ်ရှောင်ကျဲ့ပဲဖြစ်ရမယ်…သူက အနှိမ့်ပိုင်းတော်၀င်မိသားစုရဲ့လူတစ်ယောက်လို့ငါကြားဖူးတယ်…အဲ့ဒါအမှန်ပဲ ကျွီးကျင့် ငါတို့ဘာလုပ်ကြမလဲ ”
ကျွီးကျင့်ရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို အေးစက်လို့သွားပါတော့တယ်။
” တော်၀င်သက်တော်စောင့်တွေတဲ့လား ရွှီမော့ချန်ပဲဖြစ်ရမှာပေါ့ ဟမ့် ရွှီမော့ချန်တစ်ယောက်ထဲများဘာများလုပ်နိုင်မှာလဲ ငါအပြင်သွားလိုက်ဦးမယ် ”
သူပြောပြီတာနဲ့ လေပွေတစ်ခုတိုက်သလိုမျိုး ပြေးထွက်သွားခဲ့ပါပြီ။ သူပျံသန်းရေး၀ိညာဥ်လက်နက်က်ို အသုံးပြုရင်း ချက်ချင်းဆိုသလို အပြင်ဖက်ဆီကိုပျံထွက်လို့သွားပါတော့တယ်။
အပိုင်း ၁၆၉•၁ ပြီး၏။