အပိုင်း ၁၆၈•၁
” ပြန်လာပြီတဲ့နောက် အဖမ်းခံရခြင်း ”
°°°
ကျွီးကျင့်က သူမရဲ့ သိုလှောင်ရေး၀ိညာဥ်လက်နက်ထဲကို တဲတစ်ခုလုံးခေါက်သိမ်းထည့်ပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” ကောင်းပြီ ငါတို့တွေစကားမများပဲ မြန်မြန်လေးသွားကြရအောင် ဒီကောင်စုတ်လေ ငါတို့အတွက် ဘယ်အချိန်မှပြန်ပြီတော့ အစားအသောက်ချက်ပေးနိုင်မလဲဆိုတာကိုပဲ ငါပိုပြီးတော့ စိတ်၀င်စားတယ် ”
ဟို့ယွိဟောင်က အပြည့်အ၀ပြန်မကောင်းသေးပါဘူး။ ဒါပေမယ့် သူလွှတ်လွှတ်လပ်လပ်လှုပ်ရှားနိုင်နေပြီဖြစ်တာကြောင့် ကျန်ယန်တောင်ကြောကနေ မြန်နိုင်သလောက်မြန်အောင်ထွက်သွားတာက အကောင်းဆုံးပါပဲ။ အကယ်၍ သူတို့သာ အားကောင်းတဲ့၀ိညာဥ်သားရဲကောင်နဲ့ ထပ်ပြီတွေ့ရမယ်ဆိုရင် သေချာပေါက်အန္တရာယ်များမှာပါ။
” ကျွန်တော်အချိန်မရွေးချက်ပေးနိုင်ပါတယ်..သွားကြမယ်လေ ”
ဟို့ယွိဟောင်ကရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
သူတို့တွေက လက်ရှိအချိန်မှာစက်ကိရိယာကြီးဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးပြီတော့ပဲ ထွက်ခွာရမှာပါ။ ကျွီးကျင့်နဲ့ ခက်ခက်တို့က ဟို့ယွိဟောင်ရဲ့ ဘေးတစ်ဖက်ချင်းဆီကနေ တွဲလာရင်တောင်အောက်ကိုဆင်းလာပါတော့တယ်။
လမ်းလျှောက်လာတဲ့တစ်လျှောက်မှာ ခက်ခက်ကတော့ မျက်နှာမသာမယာဖြစ်နေခဲ့ပါတယ်။
” ကျွီးကျင့်ရေ ငါကကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတဲ့အမှုနဲ့ စွဲချက်တင်ခံရတော့မှာလားမသိဘူးနော် ကျောင်းတော်ကနေ ၀ိညာဥ်လက်နက်တွေ တန်ကြေးတွေကိုလျော်ပေးမယ်ဆိုရင် ငါကိုအလွှတ်ပေးလိုက်မယ်မဟုတ်လား ရှိသမျှပိုက်ဆံတွေအားလုံးကတော့ အငွေ့ပျံကုန်တော့မှာပဲငါရဲ့ထောက်ပံ့ကြေးရတဲ့ပိုက်ဆံတွေကလဲ တန်ဖိုးကြီးသတ္ထုတွေမှာ သုံးလိုက်ပြီးပြီ အခုတော့ငါတကယ်မွဲပြာကြနေပြီပဲလေ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မှာ ၀ိညာဥ်လက်နက်တစ်ခုမှမရှိတော့တာက ရင်နာစရာကောင်းတယ်မဟုတ်လား ”
” နင်ဒါကိုပြောဖို့အခုမှအတွေးရတယ်ပေါ့ မွဲသွားတာပဲလေ အနည်းဆုံးဒီဗုံးတွေထဲကနေ အသက်ရှင်လာနိုင်တာက ကံကောင်းနေပြီ ဘာလဲနင်က သေတာထက် မွဲပြာကြမှာတာကို ပိုကြောက်တာလား ”
” အစ်မကြီးကျွီးကျင့် ငါ့ကိုပိုက်ဆံနည်းနည်းလောက် ချေပါဦးအစ်မကြီး ”
ခက်ခက်က စိတ်ပျက်လက်ပျက်ပုံစံနဲ့ ပြောပါတော့တယ်။
အဲ့ဒီနောက် သူပြောရင်းနဲ့ ဟို့ယွိဟောင်ဖက်ကိုလှည့်သွားတော့တယ်။ ဟို့ယွိဟောင်ကလဲ အခုလက်ရှိအချိန်မှာ ချွေးတွေထွက်နေခဲ့ပါပြီ။ ခက်ခက်ရဲ့ညင်သာတဲ့အကြည့်ကိုမြင်ချိန်မှာ သူချက်ချင်းပြောပါတော့တယ်။
” ကျွန်တော်ကိုမကြည့်နဲ့ ကျွန်တော်လဲ ပိုက်ဆံမရှိဘူး..ကျွန်တော်အမျက်ဒေါသကျောင်းတော်မှာသင်ကြားနေတဲ့အချိန်တစ်လျှောက်လုံး ကျွန်တော်လဲအလုပ်လုပ်နေရတာ ကျွန်တော်ရဲ့၀ိညာဥ်လက်နက်တွေအားလုံးက ကျောင်းတော်ကပိုင်တာတွေကြီးပဲ ကျွန်တော်အခုအချိန်မှာ ကျောင်းတော်ကိုတော်တော်ကြီးအကြွေးတင်နေပြီးပြီ ”
ကျွီးကျင့်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” အမျက်ဒေါသကျောင်းတော်က အရမ်းကောက်ကျစ်တာပဲ သူတို့တွေက နင်သူတို့ကိုအကြွေးဆပ်စေချင်တဲ့စိတ်မျိုးမရှိဘူး..တတ်နိုင်သလောက်နင်ကိုချည်နှောင်ဖို့ကြိုးစားနေတာပဲဟုတ်တယ်ဟုတ် ”
ဟို့ယွိဟောင်လဲ ပြုံးပြရင်နဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။
” ကျွန်တော်ကိုက လိုလိုလားလားဒီလိုမျိုး အချည်နှောင်ခံတာပါ ကျွန်တော်မိဘမရှိတဲ့အကြောင်း အစ်မကြီးတို့သိကြတာပဲလေ ကျွန်တော်ရဲ့အခက်အခဲဆုံးကာလတွေမှာ ဆရာတူအစ်ကိုကြီးနဲ့ ဆရာရှောင်ယာ့တို့က ကျွန်တော်ကိုအမျက်ဒေါသကျောင်းတော်ဆီ ခေါ်လာခဲ့တယ်.. အခုလက်ရှိအချိန် ကျွန်တော်ပိုင်သမျှအရာအားလုံးက ကျောင်းတော်နဲ့ ထန်မျိုးနွယ်ကြောင့် ရလာတာကြီးတွေပဲ ဒါကြောင့် ကျွန်တော်ရဲ့အသက်ကလဲ သူတို့အပိုင်ပဲလေ ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး ”
ကျွီးကျင့်က ဟို့ယွိဟောင်ကို အလေးအနက်ကြည့်ရင်းပြောလာခဲ့ပါတယ်။
” အကယ်၍ ဒါတွေကပြောင်းလဲသွားခဲ့ရင်ရော ငါနင်ကိုပြောပြမယ်…နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က နင်ကို အမျက်ဒေါသကျောင်းတော်ပေးခဲ့သမျှအရာတွေအားလုံးထက် ပိုပြီးတော့ပေးအောင်ငါလုပ်လို့ရတယ်…ဒါဆိုရင် နင်နေလနိုင်ငံတော်မှာနေမှာလားနင်လိုချင်တဲ့အရာအားလုံးကို တောင်းဆိုလို့ရတယ် ”
ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပေမဲ့ သူလဲ အလေးအနက်ပြန်ဖြေခဲ့ပါတယ်။
” အစ်မကြီးကျွီးကျင့် ဒီလိုကိစ္စမျိုးတွေကို နောက်ထပ်မပြောပါနဲ့တော့ ကျွန်တော်အစ်မကြီးလိုမိတ်ဆွေမျိုးကို မဆုံးရှုံးချင်ဘူး ”
” ငါဒါတွေးထားပြီသားပါ ဒါပေမယ့် ကြိုးစားကြည့်ရတာ တန်ပါသေးတယ်…နင်ပြောတာလဲ မှန်တယ်လေ နင်က အမျက်ဒေါသကျောင်းတော်ကလူ ဒါကြောင့် နေလကျောင်းတော်မှာနေမယ်ဆိုရင် သိုသိုသိပ်သိပ်နေသင့်တယ်မဟုတ်လား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။ အစောပိုင်းတုန်းက ကျွီးကျင့်ဆီကနေ အန္တရာယ်အငွေ့အသက်တွေအများကြီးကို ခံစားခဲ့ရပေမဲ့ အခုလက်ရှိအချိန်မှာဒါတွေက ပျောက်ကွယ်သွားတာကိုပါနားလည်လာခဲ့ပါတယ်။ ကျွီးကျင့်ရဲ့ စိတ်အခြေအနေပြောင်းလဲသွားတာကို သူခံစားနေခဲ့မိတယ်။
ကျန်ယန်တောင်ကြောကနေ နောက်ဆုံးတော့အောင်အောင်မြင်မြင်ထွက်လာနိိုင်ခဲ့ပါပြီ။ ဒီတောင်ကြောက မဟာကြယ်တာရာသစ်တောလောက် မကျယ်၀န်းပါဘူး။ သူတို့တွေမကြာခင်မှာပဲ တောင်ကြောငယ်တွေဆီကို ပြန်ရောက်ရှိလာပါတော့တယ်။ အဲ့ဒီနေရာမှာ၀ိညာဥ်သားရဲကောင်တွေကလဲ အတော်ကိုနည်းပါးလို့သွားခဲ့ပါပြီ။ ကျွီးကျင့်က ၀ိညာဥ်လက်နက်တချို့ကို အသုံးပြုရင်း သူတို့အနားကပ်လာတဲ့ သားရဲကောင်တော်တော်များများကိုလဲ မောင်းထုတ်ပြစ်လိုက်ရပါတယ်။ ဒါကြောင့်သာ တောင်အောက်ကိုလုံလုံခြုံခြုံလွယ်လွယ်ကူကူနဲ့ ပြန်ဆင်းလာနိုင်ခဲ့တယ်။
၀ိညာဥ်သားရဲကောင်တွေရဲ့ အန္တရာယ်မရှိတော့တဲ့နေရာကို ရောက်မှသာ နေရာတွေရှာပြီတော့မှနားရပါတော့တယ်။
ဟို့ယွိဟောင်ကတော့ သူတို့ရဲ့စားဖိုးမှုူးအဖြစ် တာ၀န်ကိုထမ်းဆောင်နေခဲ့ပါတယ်။ ခက်ခက်က အမဲလိုက်ရတယ်။ ကျွီးကျင့်ကတော့ သူတို့နှစ်ယောက်စလုံးကို အန္တရာယ်ကင်းအောင်စောင့်ရှောက်ရပါတယ်။
ချက်ပြုတ်တာပြီသွားတဲ့နောက် ဟို့ယွိဟောင်အချိန်ယူပြီကျင့်ကြံရေးနဲ့ ကောင်းမွန်လာအောင် ကြိုးစားရပါတော့တယ်။
သုံးရက်တာကာလက တခဏတာအတွင်းကုန်ဆုံးလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေက ခြောက်ရက်အတွင်းမှာ အပြည့်အ၀ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံမှုတောင်မှ အနည်းငယ်မြင့်မားလို့လာခဲ့တယ်။ စိတ်၀ိညာဥ်စွမ်းအားတိုးတက်မှုက ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမယ့် ရှိသမျှစွမ်းရည်တွေအားလုံးနဲ့ ၀ိညာဥ်စွမ်းရည်တွေရဲ့တိုးတက်လာမှုကတော့ အတော်ကိုသိသာနေခဲ့တယ်။ စိတ်၀ိညာဥ်စွမ်းအားရဲ့မြင့်မားပုံကလဲ အသိအသာကြီးပါပဲ။
စိုစွတ်တဲ့မနက်ခင်းမြူနှင်းတွေက အသက်ရှုသွင်းရှုထုတ်လိုက်ချိန်မှာ လူကိုလန်းဆန်းပြီအေးမြစေပါတယ်။ ဟို့ယွိဟောင်လဲ အသက်ရှုထုတ်လိုက်ချိန်မှာအဖြူရောင်အငွေ့တွေကို ခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်စေရင်း သူ့တစ်ကိုယ်လုံးက လန်းဆန်းအေးမြလို့လာတော့တယ်။
လက်ရှိအချိန်မှာနောက်ကျောရဲ့ဒဏ်ရာတွေက အပြည့်အ၀ပြန်ကောင်းမွန်လာခဲ့ပါပြီ။ ပိုထိတ်လန့်စရာကောင်းတာကတော့ အနောက်မှာရှိနေတဲ့အမာရွတ်တွေကစပြီပျောက်ကွယ်လာတာပါပဲ။ သူရဲ့အသားအရေက တစ်နေ့ထက်တစ်နေ့ ပိုမိုချောမွေ့လို့လာပါတော့တယ်။ အချိန်တချို့ကြာပြီချင် ဒီအမာရွတ်တွေအားလုံးလဲ လုံး၀ကိုပျောက်ကွယ်သွားမှာပါ။ ဒါကကျွီးကျင့်နဲ့ ခက်ခက်နှစ်ယောက်စလုံးကို အတော်ကြီးပါးစပ်အဟောင်သားဖြစ်စေခဲ့ပါတယ်။ အရင်တုန်းက ရွှေလိုအသက်ကိုစုပ်ယူဖူးတာလဲဆိုတာ ဟို့ယွိဟောင်က သူတို့ကိုပြောပြလို့မရပါဘူး။ ဒါကြောင့်သာ ဘယ်လိုပဲသံသယ၀င်ခံရပါစေ မသိနားမလည်တဲ့အတိုင်းရူးချင်ယောင်သာဆောင်နေခဲ့ပါတယ်။
ဟို့ယွိဟောင် ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာတော့ အလင်းတန်းတစ်ခုက မျက်လုံးထဲမှာဖြတ်ပြေးလို့သွားခဲ့ပါပြီ။ လေထဲကတစ်စုံတစ်ရာကို သူဆွဲယူလိုက်ချိန်မှာ အေးစက်တဲ့အလင်းတန်းတွေကအပြင်ကိုဆန့်ထွက်လာခဲ့ပါတယ်။ ကြီးမားတဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ထွက်ပေါ်လာခဲ့ပြီ ခြောက်မီတာကျော်ရှည်လျားတဲ့ လက်သည်းပုံရိပ်ယောင်ကြီးက လေထဲမှာ၀ှီးကနဲပြန်ထွက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် လေထဲမှာတောင်အနက်ရောင်အက်ကွဲကြောင်းတွေက ပေါ်လာခဲ့ပါပြီ။
တခဏတာကြာပြီတဲ့နောက် ရွှေအိုရောင်အလင်းတန်းတွေက ပျောက်ကွယ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်လဲ ညာဘက်လက်ကိုကြည့်ရင်း အတော်ကိုကျေနပ်နေခဲ့တယ်။ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာပြီတဲ့နောက်မှာ သူ့ရဲ့လက်သည်းတွေက ပိုပြီးအစွမ်းထက်လာခဲ့ပါပြီ။ ကြီးလာရုံတင်မကပဲ ပိုပြီးတော့လဲ အကြမ်းခံလာနိုင်ပါတယ်။ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေကို သူစုပ်ယူချိန်တုန်းက ခံစားခဲ့ရတဲ့နာကျင်မှုဆိုတာ အခုလိုအကျိုးရလဒ်နဲ့ယှဥ်မယ်ဆိုရင် ဘာမှမဟုတ်တော့ပါဘူး။ ဒီလက်သည်းတွေက ဟို့ယွိဟောင်ရဲ့ သဘောအကျဆုံးစွမ်းရည်တစ်ခုဖြစ်လာခဲ့ပါတယ်။ ရေခဲဧကရီရဲ့ဆူးချွန်နဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေ ပေါင်းစည်းလိုက်ချိန်မှာတော့ သူက အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကိုအမြင့်ဆုံးထုတ်ပြနိုင်ပါတော့တယ်။
ကံကြမ္မာမျက်လုံးကလဲ တိုးတက်လို့လာခဲ့ပါပြီ။ ဘယ်လောက်အထိတိုးတက်လာလဲဆိုတာ သူမသိခဲ့ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့စွမ်းအားတချို့ကိုဖြည်ပေးလိုက်တာကြောင့် ဒါကိုသူ့ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ စိတ်၀ိညာဥ်ပင်လယ်နဲ့ ဒုတိယစိတ်၀ိညာဥ်ပင်လယ်နှစ်ခုစလုံးက လက်ရှိအချိန်မှာ ကျယ်ပြန့်လို့လာခဲ့ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ အချင်၀က်မီတာခုနှစ်ရာအထိကို ကျယ်ပြန့်လို့သွားပါတော့တယ်။ တစ်နေရာထဲကိုအာရုံစိုက်လိုက်မယ်ဆိုရင်တော့ တစ်ထောင့်နဲ့နေရာမီတာအထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။
သူကျင့်ကြံဆင့်က ပိုတက်လာလေလေ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းကပေးတဲ့စွမ်းရည်တွေကို ပိုသုံးလာနေနိုင်ပါတယ်။ စုစုပေါင်း၀ိညာဥ်စွမ်းရည်လေးခုရှိတဲ့ ဒီအစွမ်းအစတွေက အကောင်းတကာအကောင်းဆုံးတွေဖြစ်နေခဲ့တယ်။ ဒါ့အပြင် စိတ်၀ိညာဥ်မျက်လုံးအတွက်လဲ ကြီးမားတဲ့အခြေခံဖြစ်လာမှာပါ။ ၀ိညာဥ်စက်ကွင်းတွေက သူ့ကိုများပြားတဲ့စွမ်းအားတွေပေးစွမ်းနိုင်ပါတယ်။ ဒီထဲမှာ ပုံစံတူတုပမှု ချည့်နဲ့စေမှုနဲ့ စိတ်၀ိညာဥ်ရှုပ်ထွေးစေမှုအားလုံးက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းတောင် မပိုင်ဆိုင်နိုင်တဲ့အရာတွေပါပဲ။
ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားတွေက အရေအသွေးပြောင်းလဲမှုကို အဆင့်လေးဆယ်ရောက်ရှိပြီချိန်မှာ ကြုံတွေ့ရပါတော့တယ်။ အခုလက်ရှိအချိန်မှာ အရမ်းကိုအားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်တွေအများကြီးကို သူပိုင်ဆိုင်နေရတာပါ။ တချို့၀ိညာဥ်စွမ်းရည်တွေက စိတ်၀ိညာဥ်စွမ်းအားတွေအများကြီးကို အသုံးပြုရပါတယ်။ ဒါကြောင့် စွမ်းအားအပြည့်အ၀မရှိသေးသရွေ့ သို့မဟုတ်ရင် တစ်၀က်အပြည့်လောက်မရှိသရွေ့ ဒါတွေကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့၀ိညာဥ်စွမ်းအားက တိုးတက်လာတာကြောင့် အရင်တုန်းက တားမြစ်ချက်တွေကို အနည်းငယ်ဖောက်လာနိုင်ခဲ့ပါတယ်။
ဒီနေရာမှာ ၀မ်သုန့်ရှိနေမယ်ဆိုရင် ပိုကောင်းမယ်လို့ ဟို့ယွိဟောင်မျှော်လင့်နေခဲ့မိပါတယ်။ အမျက်ဒေါသကျောင်းတော်ကနေ သူထွက်လာပြီချိန်မှာ ၀မ်သုန့်ဘယ်လောက်အထိ သူ့အတွက်အရေးပါနေလဲဆိုတာကို သူနားလည်လို့လာခဲ့ရပါပြီ။ ၀မ်သုန့်က အဆင့်ငါးဆယ်ကိုကျော်ဖြတ်ပြီသားသူဖြစ်သလို၀ိညာဥ်ဘုရင်တစ်ယောက်လဲ ဖြစ်လာပါတယ်။ သူ့ရဲ့ အမြွှာသိုင်းပညာ၀ိညာဥ်က ၀ိညာဥ်စွမ်းအားကို ပိုပြီးအရှိန်ပြင်းပြင်းနဲ့ အားကောင်းနေစေခဲ့တယ်။ အကယ်၍ သူတို့နှစ်ယောက်သာဟောင်သုန့်စွမ်းအားကို သေချာသုံးမယ်ဆိုရင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လေးခုနဲ့ တွဲလို့ကတော့ အရမ်းကိုအစွမ်းထက်မှာပါ။
၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ကိုတောင် တိုက်ခိုက်နိုင်မယ်လို့ယုံကြည်ချက်ရှိနေပါတယ်။
ဒီအကြောင်းကိုတွေးရင်းနဲ့ ဟို့ယွိဟောင်လဲ ၀မ်သုန့်ကိုစပြီလွမ်းဆွတ်လာပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရှိမဲ့အရပ်မျက်နှာဖက်ကို လှည့်ရင်းသက်ပြင်းချလိုက်မိတယ်။
” ဘာဖြစ်လို့လဲ ကျောင်းတော်ကိုလွမ်းလို့လား ” ကျွီးကျင့်ရဲ့အသံက နားထဲမှာထွက်ပေါ်လာခဲ့ပါတယ်။
” နည်းနည်းပေါ့ ကျွန်တော်ရဲ့အဖော်ကို လွမ်းနေတာ ”
ဟို့ယွိဟောင် လှည့်ကြည့်ပြီပြုံးပြရင်း ပြန်ဖြေလာခဲ့တယ်။
” ကောင်မလေးလား ”
ကျွီးကျင့်က သူ့အတွက်ခံရခက်စေမဲ့မေးခွန်းတစ်ခုကိုမေးလိုလိုက်ပါတယ်။ ဟို့ယွိဟောင်က ခေါင်းခါပြလိုက်တယ်။ ကျွီးကျင့်လဲ သူ့ဘေးနားကိုလျှောက်လာခဲ့ပြီ အမျက်ဒေါသကျောင်းတော်ရှိတဲ့ အရပ်ကိုလှမ်းကြည့်နေခဲ့ပါတယ်။
” ယွိဟောင် ငါတကယ်ပဲအနာဂတ်စစ်ပွဲမှာ နင်နဲ့မတွေ့ချင်ဘူး ”
” အစ်မကြီးက အမျိုးသမီးတစ်ယောက်လေ အဲ့ဒါကိုစစ်ပွဲထဲတကယ်သွားမှရမှာလား ”
ဟို့ယွိဟောင်က နားမလည်တဲ့လေသံနဲ့ မေးလာခဲ့တယ်။
” ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စစ်ပွဲဆိုတာက ခွဲခြားမှုမရှိဘူးလေ ငါကအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ ရန်သူက ငါအသက်ကိုချမ်းသာပေးမယ်လို့ မပြောလိုက်လေနဲ့ ငါရဲ့မိဘတွေအတွက် လက်စားချေပေးမယ်ဆိုတဲ့အတွေးတွေက တစ်ခုတည်သောရှေ့ဆက်စေတဲ့အရာပဲ ”
” ဒါဆိုရင် အစ်မကြီးဘ၀မှာအမုန်းတရားပဲရှိတာပေါ့ ”
ကျီးကျင့် တခဏတာတွေဝေနေပြီတဲ့နောက် သက်ပြင်းချလိုက်ပါတယ်။ ဒါပေမယ့် သူယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလာခဲ့တယ်။
” ဟုတ်တယ် အမှန်ပဲ ”
ဟို့ယွိဟောင်လဲ တိတ်ဆိတ်လ်ို့သွားပါတယ်။ သူ့မျက်နှာကတော့ နောင်တအပြည့်ပါ။
” အစ်မကြီးရဲ့စိတ်ကိုကျွန်တော်ပြောင်းလဲနိုင်မှာမဟုတ်ဘူး…အဲ့ဒီလိုလုပ်ဖို့ကလဲ အရည်အချင်းမပြည့်မီသေးပါဘူး…ကျွန်တော်ရဲ့နှလုံးသားမှာလဲ တူညီတဲ့အမုန်းတရားရှိနေတယ် ”
” ဒါဆိုစစ်ပွဲထဲမှာ ငါတို့တွေ့ဆုံခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ ”
ကျွီးကျင့်ရဲ့အသံက အနည်းငယ်ထူးဆန်းလို့ လာခဲ့ပါတယ်။
အပိုင်း ၁၆၈•၁ ပြီး၏။