Switch Mode

Chapter – 4

ကိုယ်ပိုင် နေရာလပ် လယ်မြေ

Chapter – 4 ကိုယ်ပိုင် နေရာလပ် လယ်မြေ

“ နေရာလပ်လယ်ကွက် ပရိုဂရမ်ကို အသက်သွင်းပြီးပါပြီ။ ကွန်ရက်နဲ့ ချိတ်ဆက်နေပါတယ်။ ကွန်ရက်နဲ့ချိတ်ဆက်လို့ အောင်မြင်စွာပြီးသွားပါပြီ။ အစီအစဉ်မှူးကို ရှာဖွေနေပါတယ်။ အစီအစဉ်မှူးရဲ့အခြေအနေကို စစ်ဆေးနေပါတယ်။ အစီအစဉ်မှူးရဲ့အခြေအနေက သာမန်အနေအထားမှာရှိပါတယ်။ အစီအစဉ်မှူးနဲ့ ချိတ်ဆက်နေပါတယ်။ မင်းရဲ့လက်ရှိအဆင့်က တစ်ပါ။ ဒီအစီအစဉ်က မင်းကို ရွှေပြားငါးရာကို ဆုအနေနဲ့ပေးလိုက်တယ်။ကောက်ရိုးစေ့ခြောက်အိတ်ကိုလည်း ပေးထားတယ်။ တစ်အိတ်ဆီက မြေတစ်ကွက်ဆီ စိုက်ဖို့လုံလောက်တယ်။ လောလောဆယ် မင်းအနေနဲ့ နယ်မြေရဲ့ အစိတ်အပိုင်းသေးသေးလေးလောက်ကိုပဲ ရှင်းလင်းနိုင်သေးတယ်။မြေဧကဆယ်ကွက် အဆင့်က သုည။ လိုအပ်တဲ့မျိုးစေ့တွေကို ဆိုင်မှာဝယ်လို့ရတယ်။ ရိတ်သိမ်းလိုရတဲ့ကောက်ပဲသီးနှံတွေနဲ့ ဆိုင်ထဲမှာ ရွှေတွေအဖြစ် လဲယူနိုင်တယ်။ ကွန်ရက်ပြတ်တောက်နေတာမို့လို့ မင်းအနေနဲ့ လယ်ထဲကို လွတ်လွတ်လပ်လပ်ဝင်နိုင်တယ်။ မင်းတစ်ခုထဲသောလုပ်ရမှာက ဆာဗာနဲ့ချိတ်ဆက်ထားဖို့ပဲ။ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းတွေကိုတော့ ခေါ်သွင်းလို့မရသေးဘူး။ ဒီလိုမျိုးပြဿနာတွေရှိတဲ့အတွက် ခွင့်လွှတ်ပေးစေချင်ပါတယ်”

ကျောက်ဟိုင် ပြတင်းပေါက်နားမှာပဲကြောင်တောင်တောင်အမူအယာနဲ့ ဆက်ရပ်နေမိ၏။ ဒီအသံက အပြင်မှာတကယ်မ၇ှိသလိုထင်ရပြီးတော့ မစစ်မှန်သလိုခံစားရ၏။

သို့သော် သူ့နားနဲ့သေချာကိုကြားလို်က်ရတာဖြစ်သည်။

ဒီအဖြစ်အပျက်သာ ကမ္ဘာမြေမှာဖြစ်ခဲ့ရင် ဟာသအနေနဲ့သဘောထားပြီး ကျောက်ဟိုင်ရယ်နေခဲ့မှာ။ သို့သော် အခုကတော့ ၀ိဥာဉ်ကူးပြောင်းတယ်ဆိုတာကိုတောင် သူလက်ခံထားခဲ့ပြီးပြီမို့ ဘာတွေကိုများ လက်မခံနိုင်ဖြစ်ရမည်လဲ။

ကျောက်ဟိုင် စိတ်ထဲတွင် စကားတစ်ခွန်းကိုဆိုလိုက်သည်။

‘ လယ်ထဲဝင်မယ်’

( “…” က စကားပြောတာဖြစ်ပြီး ‘..’ကတော့ စိတ်ထဲမှာပြောတဲ့အနေနဲ့ သုံးပါမယ်)

သူပြောလို့ပြီးသွားတာနဲ့ လျှပ်စီးတစ်ချက်လက်သွားလို့မျက်လုံးခဏမှိတ်လိုက်ရသည်။ပြန်ဖွင့်လိုက်ချိန်မှာတော့ သူက ရဲတိုက်လေးထဲမှာမဟုတ်တော့ပေ။ အဲ့ဒိအစားကျယ်ပြောလှတဲ့ နေရာလပ်ဒေသတစ်ခုကိုရောက်နေ၏။ ထိုနေရာလပ်ကား ကျယ်လွန်းရကား စတုရန်းမတာတစ်ထောင်ရဲ့ သုံးပုံနှစ်ပုံလောက်ပင်ရှိသည်။ မြေတွေက ရှင်းလင်းနေပြး အသစ်ချက်ချွတ်တူရွင်းတစ်ခုကို အစပ်နားရှိ မြေကြီးထဲ ထိုးစိုက်ထားတာကိုမြင်ရသည်။ အဲ့ဒိဘေးမှာတော့ စမ်းချောင်းလေးရှိပြီဲး့ရေပုံးလေးကိုလည်း မြင်ရသည်။ သက်ကယ်မိုးထားတဲ့ တဲအိမ်လေးလည်းရှိသည်။ နောက် သက်ကယ်မိုးထားတဲ့ ခွေးအိမ်လေးကိုလည်းမြင်ရသည်။ သက်ကယ်မိုးတဲအိမ်လေးရဲ့ ပြတင်းပေါက်အောက်တွင် ပုလင်းနှစ်လုံးကိုတွေ့ရသည်။ တစ်လုံးမှာ ပိုးသတ်ဆေးလို့ စာကပ်ထားပြီး နောက်တစ်လုံးတွင်တော့ ပေါင်းသတ်သေးလို့စာကပ်ထားသည်။ ထိုပုလင်းနှစ်လုံးဘေးတွင်တော့ ခြင်းတောင်းတစ်လုံးကိုတွေ့ရကာ စုဆောင်းရန်လို့ရေးထားလေသည်။

ထိုတဲအိမ်ရဲ့ညာဘက်တွင်တော့ ပိုမိုသေးငယ်တဲ့တဲအိမ်လေးကို တွေ့ရပြန်သည်။ ထိုတဲအိမ်ကိုတော့ စပါးကျီလို့ရေးထားလေသည်။

အဲ့ဒိတစ်ဖက်မှာတော့ မြူထူတွေကိုသာတွေ့ရကာ ဘာကိုမှဆက်မမြင်နိုင်တော့ ။ ကျောက်ဟိုင်မြင်ကွင်းထဲရှင်းနေတာကတော့ ဒီနေရာလပ်ဒေသနှင့် တဲအိမ်လေးတွေသာဖြစ်သည်။

ဒီမြင်ကွင်းက ကျောက်ဟိုင်ဆော့နေကျဖြစ်တဲ့ စိုက်ပျိုးရေးဂိမ်းတွေနှင့်တူလို့နေသည်။

သူကအခြား ကွန်ပျူတာရှေ့ကလွဲပြီးမထတဲ့ ကြောင်တောင်တောင်ဆယ်ကျော်သက်တွေလိုမဟုတ်ဘဲ စာဖတ်တာကိုလည်း ၀ါသနာပါသေးသည်။ သူက စာရေးတာလည်းဝါသနာပါပြီး ဂိမ်းဆော့ရတာကိုမကြိုက်ပေ။

သို့ပေမယ့် အသိတစ်ယောက်က သူ့ကိုစိုက်ပျိုးရေးဂိမ်းဆော့ဖို့ အကြံပေးလာသည်။ ဒီဂိမ်းက အချိန်အများကြီးပေးဖို့မလိုသလို လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးပဲဖြစ်လို့ ဆော့သင့်ကြောင်းပြောလာသည်မို့ သူကစားဖြစ်ခဲ့သည်။ သူ အဆင့်နှစ်ဆယ့်ခုနှစ်ကိုရောက်နေခဲ့ပြီဖြစ်ကာ သိပ်မြင့်တာတော့မဟုတ်။ သူ့မှာ ဆက်ပြီးရှင်းလင်းရမယ့်မြေကွက်တွေကျန်နေသေးသည်။

ထိုဂိမ်းတွင် အခု သူမြင်နေရတဲ့အတိုင်း စ၀င်ဝင်ခြင်းမှာတော့ ရှင်းလင်းပြီးသားမြေကွက်တွေပေးထားလိမ့်မည်။ နောက် တဲအိမ်လေးနဲ့စပါးကျီရောပေါ့။ တစ်ခုကွာခြားတာက အရင်က သူကွန်ပျူတာထဲမှာသာ မြင်ခဲ့ရတာဖြစ်ပြီး အခုကတော့ သူကိုယ်တိုင်ရောက်နေခြင်းပင်။

ကျောက်ဟိုင်မှာ ဘာတွေးလို့တွေးရမယ်ကိုမသိတော့ပေ။ သူစောင့်ကြောင့်ထိုင်ပြီး မြေဆီလွှာနည်းနည်းကို ဆုပ်ကိုင်လိုက်မိသည်။

ထိုသို့ဆုပ်ကိုင်လိုက်တာနဲ့ သူ့စိတ်ဝိဥာဉ်ထဲမှ စကားသံကိုကြားရပြန်သည်။

“ကွက်လပ်ဒေသမှမြေဆီလွှာ အဆင့်တစ်၊ ထယ်ထိုးပြီးသားမို့လို့ အဆင့်သင့်စိုက်ပျိုးနိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကို ရင့်မှည့်ဖို့ဆယ်ဆအကျိုးပြုပါတယ်။ နေရာလပ်ဒေသပြင်ပက မြေဆီလွှာတွေကိုလည်း တိုးတက်အောင် လုပ်ပေးနိုင်တယ်”

ကျောက်ဟိုင်တခဏတော့ ငိုင်နေသေးပြီး ခဏနေတော့ ပျော်ရွှင်လာသည်။ စမ်းချောင်းလေးကိုပြေးသွားပြီး လက်နှစ်လိုက်သည်။ စမ်းရေကိုထိုလိုက်တာနဲ့ ချက်ချင်းအသံထွက်လာပြန်သည်။

“ ကွက်လပ်ဒေသရှိ စမ်းရေ အဆင့်တစ်၊ သောက်သုံးနိုင်ပါတယ်။ လူသားတွေရဲ့ကိုယ်ခန္ဓာကို အဆင့်မြင့်တင် တိုးတက်စေနိုင်ပါတယ်။ဆည်မြောင်းဖောက်ပြီး လယ်သွင်းရင် ကောက်ပဲသီးနှံတွေကို ဆယ်ဆမြန်ဆန်တဲ့နှုန်းနဲ့ရင့်မှည့်လာစေနိုင်ပါတယ်။ နေရာလပ်ဒေသရဲ့ပြင်ပကို ယူဆောင်သွားနိုင်ပြီး မြေဆီလွှာတွေကို ဖြစ်ထွန်းအောင်မြင်စေနိုင်ပါတယ်။”

ကျော်ဟိုင် မတ်မတ်ပြန်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ရယ်လိုက်ဖြစ်သည်။

“ ဟားဟား ကောက်ကျစ်စဉ်းလဲတဲ့ကောင်းကင်ဘုံရေ မင်းဒီလောက်သဘောကောင်းမယ်မထင်ထားဘူးကွာ ဟားဟား အရမ်းကို ထူးကဲလွန်းပါတယ်”

သူ့အနေနဲ့ အေဒင့်နေရာကိုရောက်လာခဲ့ပေမယ့် တိုက်ပွဲဝင်ချီလည်းကျင့်လို့မရ မှော်ပညာလည်းသင်လို့မရလေတော့ အသုံးမကျတဲ့လူအတစ်ယောက်အဖြစ်သာ ဘ၀တစ်ခုလုံးရှင်သန်ရမလို ဖြစ်နေခဲ့သည်။ အခုတော့ ဒီစနစ်ရဲ့အကူအညီနဲ့ လက်စားမချေနိုင်သေးရင်တောင်မှ ဘူတကလန်ကို ကြီးပွားတိုးတက်အောင်လုပ်နိုင်ပေပြီ။

သူချက်ချင်း လယ်ဘေးစပ်မှာစိုက်ထားတဲ့ တူရွင်းကိုပြေးကိုင်လိုက်သည်။ ဒီတူရွင်းကရော ဘယ်လိုမှော်ဆန်တဲ့ပစ္စည်းဖြစ်နေမလဲ။

တူရွင်းကိုကိုင်လိုက်မိတာနဲ့ အလိုအလျောက်အသံတစ်ခုက ထွက်လာသည်။

“ တူရွင်း ကိရီယာတဆာပလာ အဆင့်တစ်။ မြေဆီလွှာတွေပေါ်တွင် အလိုအလျောအသုံးပြုနိုင်ပါတယ်။ တစ်နေ့ကို ယာဆယ်ကွက်အထိြ့ပီးနိုင်ပါတယ်။ နေရာလပ်ပြင်ပကိုယူသွားပြီးလည်း အသုံးပြုနိုင်ပါတယ်”

ကျောက်ဟိုင် အော်ရယ်လိုက်ပြန်ကာ ရေပုံးလေးဆီပြေးသွားပြီး ကိုင်လိုက်ပြန်သည်။

“ ရေပုံး ကိရိယာတဆာပလာ အဆင့်တစ်၊ အလိုအလျောက် ဆည်ဖောက်ပြီး ရေသွင်းနိုင်သည်။ လုပ်ဆောင်ရန်ကြာချန်ကတော့ တစ်ရက်ကို ယာဆယ်ကွက်ပါ။ နေရာလပ်ပြင်ပကိုယူဆောင်သွားပြီး အသုံးပြုနိုင်ပါတယ်”

“ ပိုးသတ်ဆေး စိုက်ပျိုးရေးသုံး ဓာတုဗေဒ ပစ္စည်း၊ အဆိပ်ပါ၊ သောက်သုံးရန်မသင့်ပါ။ အလိုအလျောက် ပိုးသတ်ပေးပါတယ်။ ပြင်ပသို့ တစ်ခါသုံးပမာဏ သို့မဟုတ်ပါက စိတ်ရှိသလောက် ယူဆောင်သွားနိုင်ပါတယ်”

“ ပေါင်းသတ်ဆေး စိုက်ပျိုးရေးသုံးဓာတုဗေဒပစ္စည်း ၊ အဆိပ်ပါ၊ အဆင့်တစ်။ ပေါင်းပင်တွေကို အလိုအလျောက်သတ်နိုင်ပါတယ်၊ သောက်သုံး၇န်မသင့်ပါ။ နေရာလပ်ပြင်ပသို့ တစ်ခါသုံးပမာဏ သို့မဟုတ်ပါက စိတ်ရှိသလောက် ယူဆောင်သွားနိုင်ပါတယ်”

“ ခြင်းတောင်း ကိရိယာတဆာပလာ အဆင့်တစ်၊ ကောက်ပဲသီးနှံတွေကို အလိုအလျောက်ရိတ်သိမ်းနိုင်ပါတယ်။ လုပ်ဆောင်နိုင်စွမ်းကတော့ တစ်ရက်ကိုယာဆယ်ကွက်ဖြစ်ပါတယ်။ နေရာလပ်ပြင်ပသို့ယူဆောင်သွားနိုင်ပါတယ်။ ရိတ်သိမ်းပြီးသမျှကောက်ပဲသီးနှံတွေက စပါးကျီထဲကို အလိုအလျောက်ရသွားပါလိမ့်မယ်”

တဲအိမ်ပြင်ပက ပစ္စည်းတွေအကုန် သူလေ့လာစူးစမ်းလို့ပြီးသွားပြီ။ ဂိမ်းထဲကပုံစံနဲ့သိပ်တော့ ကွာခြားမှုမ၇ှိချေ။ သက်ကယ်မိုးတဲအိမ်လေးထဲသို့ ကျောက်ဟိုင် စိတ်လှုပ်ရှားစွာဝင်လိုက်သည်။ တဲအိမ်ထဲတွင် ပရိဘောဂပစ္စည်းအစုံရှိလေသည်။

ကောက်ရိုးခင်းထားတဲ့ကုတင်တစ်လုံး၊ စားပွဲတစ်လုံးနဲ့ ထိုင်ခုံလေးလုံး၊ ကြောင်အိမ်တစ်လုံးနဲ့ မီးဖိုတစ်ခုအပြင် စားပွဲတင်ပစ္စည်းတွေ ဇွန်းယောက်ခွက်အစုံရှိလေသည်။ အရေးအကြီးဆုံးပစ္စည်းကတော့ ကုတင်ခေါင်းရင်းမှာရှိတဲ့ ကွန်ပျူတာလိုပစ္စည်းဖြစ်သည်။ သို့သော်ဖန်သားပြင်သက်သက်ကိုသာ တွေ့ရလေသည်။

ထိုဖန်သားပြင်နားကို အမြန်သွားလိုက်တော့ အတော်ပေါ့ပါးတဲ့ပုံစံကို တွေ့ရသည်။အထဲတွင် ပရိုဂရမ်နှစ်ခုကိုသာတွေ့ရ၏။ တစ်ခုရဲ့အပေါ်မှာတော့ ဆိုင်လို့ရေးထားပြီးနောက်တစ်ခုရဲ့အပေါ်တွင်တော့ ယာနှင့်ပက်သတ်သောအချက်အလက်များလို့ရေးထားလေသည်။

ကျောက်ဟိုင် ထိုယာနှင့်ပက်သတ်သောအချက်အလက်များ ထဲကိုဝင်လိုက်သည်။ ဒီလယ်ယာကွက်တွေနဲ့ပက်သတ်ပြီး သူဘာတွေလုပ်နိုင်မယ်၊ ဘယ်လိုရခဲ့တယ်ဆိုတာကို အမှန်တကယ်ကိုသိချင်နေ၏။

ထိုပရိုဂမ်ကို လက်နှင့်နှိပ်ကြည့်ပြီးတာနဲ့ သူ့ခေါင်းထဲကို အချက်အလက်များစွာဝင်လာပြီး ဖန်သားပြင်ကလည် အဖြူရောင်ပြောင်းသွားသည်။ အချက်အလက်တွေအကုန်စုပ်ယူပြီးသွားတော့မှ သူဒီအကြောင်းအရာတွေကိုသိလာရသည်။

သူ ၀ိဥာဉ်မကူးပြောင်းမီက ဒီစိုက်ပျိုးရေားဂိမ်းကိုကစားနေခဲ့တာဖြစ်သည်။ အကြောင်းအရာတချို့ကြောင့် ကစားတန်းလန်းရပ်လိုက်ခဲ့ပေမယ့် ဂိမ်းကတော့ ဆက်သွားနေခဲ့သည်။ ထို့ကြောင့် သူလည်း ၀ိဥာဉ်ကူးပြောင်းလာရော ဒီဂိမ်းလည်း အတူပါလာခဲ့တာဖြစ်သည်။ ကူးပြောင်းပြီးနောက်မှာတော့ ဂိမ်းကအရမ်းကိုအဆင့်မြင့်သွားခဲ့သည်။ အထူးသဖြင့် ဒီစနစ်က သူနဲ့လုံးဝဆင်နွယ်နေခဲ့ပြီ။

သူက စနစ်နဲ့ချိတ်ဆက်ခဲ့တာမျိုးမ၇ှိရင်တောင်မှ ဒီဆိုင်အပါအ၀င်အရာအားလုံးက သူ့ဆန္ဒအတိုင်းအသုံးပြုနိုင်မှာဖြစ်သည်။ ဆိုင်ကနေ ပစ္စည်းတွေကို ရွှေနဲ့ပေးပြီးဝယ်နိုင်သလို ရိတ်သိမ်းပြီးသမျှကိုလည်း ပြန်ရောင်းနိုင်သေးသည်။ ပြင်ပကိုလည်း ယူသွားနိုင်သလို ပြင်ပကပစ္စည်းတွေကိုလည်း သယ်လာနိုင်သေးသည်။ အရာအားလုံးက သူ့စိတ်အတိုင်းဖြစ်နေမှာပင်။

သူအဆင့်တက်အောင်လုပ်ပြီး နေရာချဲ့ထွင်နိုင်သေးသည်၊ ဒီနယ်မြေက ဘယ်ပမာဏအထိကျယ်ပြန့်မယ်ဆိုတာကိုပင် မသိနိုင်ချေ။

ကျောက်ဟိုင် ရယ်ပဲရယ်ချင်တော့သည်။ သူ အဆင့်တက်အောင်လုပ်နိုင်တယ်၊ မြေဆီလွှာတွေတိုးတက်အောင်လုပ်မယ်၊ ရေတွေကိုအဆင့်မြှင့်မယ် ပြီးရင် ပြင်ပကပစ္စည်းတွေကို ယူလာနိုင်သေးတယ်။ သူ အာ့ဆုကုန်းမြေမှာ ထုတ်ကုန်အသစ်တွေတောင်လုပ်နိုင်သေးတယ်။ အဆင့်တွေတက်လာတာနဲ့ သူလုပ်နိုင်စွမ်းတွေပိုများလာလိမ့်မယ်။ ကြွယ်ဝချမ်းသာတယ်ဆိုတာက သူ့အတွက် တွေးနေဖို့တောင်မလိုတော့ဘူး။ ဒီနည်းနဲ့ဘူတမိသားစုကို တိုးတက်လာစေလိမ့်မယ်။ လက်စားချေမယ့်ကိစ္စကလည်း သိပ်မဝေးတော့ဘူး။

သူ့မှာ ကောင်းကင်ကိုအံတုနိုင်တဲ့စွမ်းအားတွေ ရထားတယ်လို့တောင်ဆိုနိုင်သေးတယ်။

ကျောက်ဟိုင် အော်ဟစ်ရယ်မောနေလေသည်။

ကောင်းကင်ကိုအံတုနိုင်တဲ့စွမ်းအားနှင့် လက်စားချေမယ့်ကိစ္စတွေကိုတောင် ကျောက်ဟိုင်က အစီအစဉ်ဆွဲနေလေပြီ။

သူ့အနေနဲ့ နေရာလပ်ဒေသက မြေဆီလွှာနဲ့ရေကိုသုံးပြီး အနက်ရောင်လွင်တီးခေါင်မြေတွေကို ပြောင်းလဲနိုင်သည်။ သူ့ကိုယ်ပိုင်စိုက်ပျိုးမြေကြီးတစ်ခုလည်း ရနိုင်သေး၏။ လူဌားတွေထပ်လိုရာက တဖြေးဖြေးနဲ့သူက ဒီနေရာတစ်ဝိုက်ရဲ့ မြေရှင်ကြီးဖြစ်လာလိမ့်မည်။

ကျောက်ဟိုင်အတွေးလွန်နေရာက သူ့ကိုယ်သူရယ်ပြီး ခေါင်းခါလိုက်သည်။ လက်စားချေဖို့က ထားပါဦး လောလောဆယ် တစ်ခုတောင်မှ စမလုပ်ရသေးဘူးမဟုတ်လား။

သူခေါင်းခါရင်း ဆိုင်ဆိုတဲ့ပရိုဂရမ်ကို နှိပ်လိုက်သည်။

ထိုသို့နှိပ်ပြီးတာနဲ့ စကားသံထွက်လာ၏။

“ ကွက်လပ်ဆိုင်ကနေ ကြိုဆိုပါတယ်။ ဘာများ ၀ယ်ချင်ပါသလဲ”

ဆိုင်ထဲတွင်တော့ ကမ္ဘာမြေတွင်တွေနိုင်တဲ့မျိုးစေ့အစုံတွေရဲ့ပုံတွေကို မြင်ရသည်။ ဈေးနှုန်းတွေနှင့် အဆင့်တွေကိုလည်း ရေးပြထား၏။ အကုန်လုံးက ဂိမ်းထဲတွင်မြင်နေကျပုံစံမို့ ပြန်ပိတ်လိုက်ဖြစ်သည်။

သူ ကြောင်အိမ်သို့ သွားလိုက်ပြန်သည်။ ဒီကြောင်အိမ်ကလည်း စနစ်တစ်ခုရဲ့အစိတ်အပိုင်းဖြစ်ဖို့ ဆုတောင်ဖြစ်သည်။ သို့သော် ကြောင်အိမ်ကိုထိလိုက်တဲ့အခါ ဘာအသံမှထွက်မလာချေ။ ကြောင်အိမ်ထဲတွင် ပစ္စည်းသုံးခုသာရှိသည်။ တစ်ခုက အ၀တ်အိတ်ဖြစ်ပြီး မှော်ကြိမ်လုံးသဏ္ဍာန်နှစ်ခုဖြစ်သည်။ တစ်ခုက ထိပ်တွင် ကြမ်းပိုးပုံစံလေးထွင်းထားပြီး နောက်တစ်ခုကတော့ မြက်ပင်ပုံစံထွင်းထားသည်။ တစ်ချက်ကြည့်ရုံနဲ့ ကျောက်ဟိုင်သိလိုက်သည်။

ကျောက်ဟိုင်အရင်ဆုံး အ၀တ်အိတ်လေးကို ကိုင်လိုက်သည်။ အသံက ချက်ချင်းထွက်လာ၏။

“ ပိုက်ဆံအိတ်၊ ရွှေပြားတွေ အကန့်အသတ်မဲ့ထည့်နိုင်တယ်။ လောလောဆယ်တော့ ရွှေပြားငါးရာရှိပါတယ်။ မင်းရဲ့အဆင့်ကနိမ့်နေသေးလို့ ရွှေတွေကို ပြင်ပကိုယူသွားလို့မရသေးပါဘူး။”

ကျောက်ဟိုင် ဆွံ့အသွားရပြန်သည်။ အသံက တိုတောင်းပေမယ့် သူကတော့ အားလုံးနားလည်လိုက်သည်။ ဒီအိတ်က နေရာလပ်အိတ်နဲ့တူသည်။ ပိုက်ဆံတစ်မျိုးထဲထည့်နိုင်ပေမယ့် အကန့်အသတ်မဲ့ဖြစ်၏။ သူ စိတ်လှုပ်ရှားမိတာက အခုသူ့အဆင့်နိမ့်နေလို့ ပိုက်ဆံကိုအပြင် ယူထုတ်လို့မရတာပဲဖြစ်သည်။သူ့အဆင့်တွေသာမြင့်လာခဲ့ရင် ဒီနေရာလပ်ဒေသကပိုက်ဆံတွေကို ပြင်ပကိုထုတ်ပြီး ယူသုံးနိုင်ပေမည်။ ဒီလိုဆိုရင်တော့ သူ့အတွက် တော်တော်ကိုအဆင်ပြေသွားပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset