Switch Mode

Chapter – 167.2

ကိုက်ခဲခြင်း

အပိုင်း ၁၆၇•၂

” ကိုက်ခဲခြင်း ”
°°°
ဟို့ယွိဟောင်နိုးလာချိန်မှာတော့ မိုးလင်းနေခဲ့ပါပြီ။

” ငါအသက်ရှင်သေးတယ်လား ”

ဒါကသူ့ရဲ့ပထမဆုံးအတွေးပါပဲ။ မသိစိတ်ကနေ ၀ိညာဥ်စွမ်းအားကို ချက်ချင်းလှည့်ပတ်လိုက်မိပါတယ်။ ၀ိညာဥ်စွမ်းအားကလဲ ပြန်ပြည့်နေခဲ့ပါပြီ။ ဒါပေမယ့် စီးဆင်းမှုကမချောမွေ့ပါဘူး။ ခန္ဓာကိုယ်ရဲ့စွမ်းအင်စီးဆင်းနေတဲ့နောက်ကျောတွေက အတော်ကိုနာကျင်နေခဲ့ပါတယ်။

သူနာနာကျင်ကျင်အော်ဟစ်ပြီတဲ့နောက် မျက်လုံးတွေကိုဖွင့်လိုက်မိတယ်။ သူပထမဆုံးမြင်လိုက်ရတဲ့အရာကတော့ လှပတဲ့မျက်နှာပါချောမွေ့နေပြီ နူးညံ့တဲ့အသားအရေးက ဒီတဲကိုတောင်မှိန်ဖျော့ဖျော့လင်းနေခဲ့စေပါတယ်။ ဒီလိုလန်းဆန်းစေတဲ့အလှမျိုးကို သူမမြင်ဖူးပါဘူး။

သူမက မျက်လုံးတွေကိုပိတ်နေခဲ့ပြီ ဘေးမှာလှဲလျောင်နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ သူစောင်ကလွဲပြီဘာမှခြုံမထားတာကို ချက်ချင်းဆိုသလို သတိထားမိသွားခဲ့တယ်။

” ကျွီးကျင့် ”

ဟို့ယွိဟောင် ခပ်တိုးတိုးခေါ်လိုက်ချိန်မှာ ကျွီးကျင့်ကလန့်နိုးလာခဲ့ပါပြီ။ ခက်ခက်ကင်းစောင့်ဖို့အလှည့်ပြောင်းသွားမှသာ သူမက အိပ်မောကျသွားခဲ့တာပါ။ တောက်ပတဲ့မျက်၀န်းတွေက ပွင့်လာခဲ့ပြီ ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းနဲ့ ဟို့ယွိဟောင်ကို စိုက်ကြည့်နေခဲ့ပါတယ်။

” နိုးလာပြီလား ”

ကျွီးကျင့် တအံ့တဩနဲ့မေးလာတယ်။ ဟို့ယွိဟောင်လဲ သူထဖို့ကြိုးစားပေမဲ့ နောက်ကျောကအင်မတန်ကို နာကျင်နေပါတယ်။

” မလုပ်နဲ့နင်ဒဏ်ရာတွေက တအားဆိုးလွန်တယ် ”

” ကျွန်တော်ဘာဖြစ်သွားတာလဲ ”

ပေါက်ကွဲမှုပြီးတဲ့နောက် ဖြစ်လာတဲ့ကိစ္စတွေကို ကျွီးကျင့်က ရှင်းပြခဲ့ပါတယ်။ သူ့ကိုအ၀တ်မပါပဲ ဒီနေရာခေါ်ပြီ လှဲလျောင်စေခဲ့တာကလွယ်ပြီ ကျန်တာအကုန်ပြောခဲ့တာပါ။

“ပေါက်ကွဲမှုက အင်အားကြီးလွန်တယ်…ခက်ခက်ရဲ့၀ိညာဥ်လက်နက်တွေက တကယ်အတော်အားကောင်းတာပဲ ”

“ခက်ခက်လဲ ဒီတစ်ခေါက် အတော်လေးအဆုံးအရှုံးများသွားပြီ သူ့ရဲ့၀ိညာဥ်လက်နက်တွေက နှစ်နှစ်လောက်အချိန်ယူပြီ ပြင်ဆင်ထားရတာ ဗျူဟာတွေကလဲ အတူတူပေါင်းစည်းလိုက်မှတော့ အရမ်းလဲတန်ဖိုးရှိသလို ပေါက်ကွဲမှုကလဲအင်အားကြီးလွန်တယ်လေ ဒါကိုဘယ်သူမှတောင့်ခံနိုင်မှာမဟုတ်ဘူး..ဒါ့အပြင် သူဖြုန်းတီးလိုက်ရတဲ့အရင်းအမြစ်တွေ ပမာဏကလဲများလွန်တယ် ”

” အခုကျွန်တော်ရော ဘယ်လိုလဲ ကျွန်တော်ရဲ့နောက်ကျောမှာစိုက်နေတဲ့အချွန်ကို ချက်ချင်းဖယ်ဖို့လိုတယ် ”

” နင်သွေးထွက်လွန်သွားမှာစိုးလို့ ငါအလောတကြီးမလုပ်၀ံ့ဘူး…နင်အဆင်ပြေတယ်ထင်ရင် ငါအဲ့ဒါကိုဖယ်ပေးမယ်လေ ဒါပေမယ့် အစပိုင်းမှာဖြည်းဖြည်းလုပ်မှရမယ်…သွေးဆုံးရှုံးတာကို အနည်းဆုံးဖြစ်အောင်လုပ်ရမယ်…နောက်ဆုံးတော့လဲ နင်ဒဏ်ရာရထားတာအတော်ကြီးပြင်းထန်နေတာပဲလေ ”

” ကျွန်တော်အဆင်ပြေပါတယ် ”

ဟို့ယွိဟောင်သူ့ခန္ဓာကိုယ်အခြေအနေကို အသေအချာပြန်စဥ်းစားမိသားပါ။ စွမ်းအားဖြတ်သန်းတဲ့လမ်းတချို့ပိတ်နေတာကလွဲပြီ တခြားဘာပြဿနာမှသိပ်မတက်နိုင်ပါဘူး။

ကျွီးကျင့်ကတော့ သူ့ကိုလန့်စရာကောင်းတဲ့အတိုင်းကြည့်နေခဲ့ပါတယ်။

” ကောင်းပြီလေ ဒါဆိုရင်စတော့မယ်…နာတော့နာမှာ ဒါပေမယ့် နာကျင်မှုကိုခံရမယ်နော် ”

” လုပ်လိုက်ပါ ”

သူ့လောကမှာဘယ်လိုနာကျင်မှုကို ကြောက်ရမှာလဲ ရေခဲဧကရီအရိုးနဲ့ ပေါင်းစည်းချိန်မှာလဲ ဒီနာကျင်မှုက သေမတတ်ပြင်းထန်ခဲ့ပါတယ်။ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေနဲ့ ပေါင်းစည်းချိန်မှာလဲ ကြီးမားတဲ့နာကျင်မှုကိုခံစားခဲ့ရတယ်။

ကျွီးကျင့်ကအရမ်းကို ဂရုတစိုက်နဲ့လှုပ်ရှားနေခဲ့ပါတယ်။ ဒီအချွန်ကိုချက်ချင်းဆွဲမထုတ်ခဲ့ပါဘူး။ သူမရဲ့လိမ္မော်နီရောင်ထွင်းထုရေးဓားကိုအသုံးပြုပြီ ဒီဒဏ်ရာကိုဖြည်းဖြည်းချင်းဖွင့်ပါတယ်။ အဲ့ဒီနောက် အပိုင်းအစကလေးတွေကို စတင်ပြီနှုတ်ဖို့လုပ်တော့တယ်။ မကြာခင်မှာပဲ သူသတိထားမိသွားတဲ့အရာက ဟို့ယွိဟောင်နိုးနေတဲ့အချိန်မှာ ဒဏ်ရာတွေကိုကုသရတာပိုလွယ်တဲ့ကိစ္စပါ။ ဟို့ယွိဟောင်ကို ပထမဆုံးစိုက်နေတဲ့အချွန်အပိုင်းအစဆွဲထုတ်လို့ပေးပြီတဲ့နောက် သူကတော့ သူ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး အဲ့ဒီနေရာနဲ့ သွေးကြောတွေကို ပိတ်လိုက်ပါပြီ။ အဲ့ဒီနောက် သူမက ဒဏ်ရာတွေကိုချုပ်ပိတ်လိုက်ပါတယ်။ ဟို့ယွိဟောင်လဲ အဲ့ဒီနေရာကိုထိန်းချုပ်ပြိီသွေးထွက်တာကို ရပ်သွားစေခဲ့တယ်။

သူတို့နှစ်ယောက်အတူတူအလုပ်လုပ်ကြရင်း အချွန်တွေကို ခပ်မြန်မြန်ထုတ်ပယ်နိုင်ခဲ့ပါတယ်။

” ခဏနားပါဦးလား ”

သူ့ရဲ့သိုလှောင်ရေးပစ္စည်းထဲကနေ ပု၀ါတစ်ခုကိုထုတ်ယူလာပြီ ကျွီးကျင့်ဆီကမ်းပေးရင် ဟို့ယွိဟောင် ပြောလာခဲ့ပါတယ်။ ကျွီးကျင့်ရဲ့နဖူးက ချွေးတွေနဲ့စိုရွှဲနေခဲ့ပါပြီ။ သူမက မိန်းမငယ်လေးတစ်ယောက်ရဲ့ကိုယ်သင်းနံ့တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။

” နင်ရဲ့စိတ်၀ိညာဥ်စွမ်းရည်က ကြောက်စရာကောင်းတာပဲ အနာဂတ်မှာ နင်နဲ့ငါရန်သူဖြစ်လာရမှာကောင်းတဲ့ကိစ္စတော့ မဟုတ်နိုင်ဘူး .. နင်ကအဆင်ပြေပေမဲ့ ငါကအဆင်မပြေနိုင်တာသေချာတယ် ”

ဟို့ယွိဟောင်က ခန္ဓာကိုယ်ထဲမှာ စိုက်နေတဲ့အပိုင်းအစတွေကို ဓားနဲ့ခွဲပြီထုတ်ပေးနေတာတောင် နာကျင်မှုကိုကောင်းကောင်းခံနိုင်ရည်စွမ်းရှိတဲ့သူပါ။ သူ့ပုံစံက အေးအေးဆေးဆေးပါပဲ တစ်ချက်မှလဲမအော်ခဲ့ပါဘူး။ သူမခံစားရသလိုစိတ်ခံစားချက်တွေအများကြီးကိုတောင်မခံစားရတဲ့ပုံစံဖြစ်နေခဲ့တယ်။

” နင်ရဲ့စိတ်ကသန်မာပေမဲ့ ဒဏ်ရာတွေကတော့ ကုသဖို့အချိန်ယူရဦးမယ်…ခဏလောက်တော့ အိပ်လိုက်ဦး ငါလဲခဏနားရဦးမယ်…အင်အားပြန်ပြည့်လာရင်း ကျန်တဲ့အချွန်တွေဆက်ပြီဖယ်ကြတာပေါ့ ”

ပြောပြီတဲ့နောက် အကြီးမားဆုံးအချွန်ကြီးကို ဆွဲထုတ်ပါတယ်။ ဒါက သုံးထောင့်ပုံဖြစ်ပြီ ဟို့ယွိဟောင်ရဲ့နှလုံးနဲ့အနီးဆုံးပါပဲ။ ဘယ်ဘက်ပုခုံးအောက်မှာရှိနေခဲ့တာပါ။ ကြွက်သားတွေရဲ့အထဲအထိကိုလဲ စိုက်နေခဲ့ပါသေးတယ်။ ဒါကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမရှင်းလင်းသေးပါဘူး။ အနာကိုဖြဲပြီဆွဲထုတ်လို့လဲမရတာကြောင့် တိုက်ရိုက်တစ်ခါထဲဆွဲထုတ်ရပါလိမ့်မယ်။

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း မျက်လုံးပိတ်လိုက်ပါပြီ။ ထူးဆန်းကောင်းကင်နည်းလမ်းက စတင်လှည့်ပတ်ချိန်မှာ ကုသရေးအစွမ်းအစနဲ့အတူ သူ့ရဲ့ဒဏ်ရာတွေကလဲ ဖြည်းဖြည်းချင်း ကုသမှုစတင်ပါတော့တယ်။

စွမ်းအားလှည့်ပတ်မှုလမ်းကြောင်းတချို့ကို ပြန်လည်ဖွင့်လစ်လိုက်တဲ့အတွက် ခန္ဓာကိုယ်အခြေအနေကလဲ မြန်မြန်ဆန်ဆန်ကောင်းမွန်လာခဲ့ပါပြီ။ နှစ်နာရီကျော်ကြာတဲ့အထိ နားပြီတဲ့နောက် ကျီးကျင့်လဲ ကျန်တဲ့အပိုင်းတွေကို စဖယ်ပါတော့တယ်။ မကြာခင်မှာပဲ နောက်ဆုံးနဲ့အကြီးဆုံးတစ်ခုလွဲလို့ အကုန်ဖယ်ပြီသွားခဲ့ပါပြီ။

ကျွီးကျင်ကတော့ ဟို့ယွိဟောင်ကိုပိုပိုပြီးတော့ လေးစားလာခဲ့တယ်။ ဟို့ယွိဟောင်ရဲ့နဖူးတွေကလဲချွေးတွေစိုရွှဲနေပြီဖြစ်ပေမဲ့ သူကပြုံးနေဆဲပါပဲ။ ဒီလောက်အထိ စိတ်ဓာတ်ခိုင်မာတဲ့သူကို ကျွီးကျင့်မတွေ့ဖူးပါဘူး။

” နောက်ဆုံးတစ်ခုမဖယ်ခင် ခဏနားပါဦးလား ”
ကျွီးကျင့်က ပြောလိုက်ပါတယ်။

” နောက်ဆုံးတစ်ခုဆိုမှတော့ ထုတ်လိုက်ပါတော့ ကျွန်တော်လဲ အေးအေးဆေးဆေးနားချင်တယ် မဟုတ်ရင် ဒါကိုဆက်ပြီတွေးနေမိဦးမှာ မစိုးရိမ်နဲ့ ကျွန်တော်ခံနိုင်ရည်ရှိတယ်…အခုထက်ပိုပြီးဆိုးစရာတော့မရှိဘူးမလား ”

အဲ့ဒီအပိုင်းအစက သူ့စွမ်အားဖြတ်သန်းမှုလမ်းကြောင်းရဲ့ သုံးနေရာအထိကို ဖောက်ထွက်သွားခဲ့တာပါ။ အဓိကလမ်းကြောင်းတွေမဟုတ်ပေမဲ့ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့လှည့်ပတ်မှုကို သက်ရောက်စေပါတယ်။ ဒါ့အပြင် ဒီဒဏ်ရာတွေက သူနည်းနည်းလှုပ်ရင်းတောင် အများကြီးနာစေတာပါ။

ကျွီးကျင့်လဲ တွေဝေနေခဲ့ပြီတဲ့နောက် အံကြိတ်ရင်ခေါင်းညိတ်လိုက်ပါတယ်။

” ဒီတစ်ခုကအတော်နက်တယ်…နာလာပြီဆိုရင် ငါလက်ကိုသာ ကိုက်လိုက် ”

သူပြောပြီတဲ့နောက် သူ့ရဲ့ဘယ်ဘက်လက်က်ို ထိုးပေးလိုက်ပါတယ်။

ဟို့ယွိဟောင်ကတော့ သူမရဲ့လက်ကောင်၀တ်ကိုသာ ကိုင်ထားခဲ့ပြီ တွေဝေနေခဲ့တယ်။ သူမရဲ့လက်ကောက်၀တ်က အတော်ကိုနူးညံ့ပြီ ချောမွေ့နေပါတယ်။ ဟို့ယွိဟောင်မြင်ဖူးသမျှထဲမှာ အလှဆုံးကတော့ အလင်းတန်းမိုးတွေရဲ့ မိန်းမချောပါပဲ။ ဒါပေမယ့် ကျွီးကျင့်ကတော့ အသားအရေအကောင်းဆုံးသူဖြစ်နေခဲ့တယ်။ သူမက အရမ်းကြီးမလှပပေမဲ့ မာရှောင်ထောင့်နဲ့ တူညီတဲ့အလှတရားတစ်ပါးတော့ ဖြစ်နေဆဲပါပဲ။ ကျန်းနန်နန်နဲ့တော့ ယှဥ်လို့မရသေးတာအမှန်ပါ။ မာရှောင်ထောင့်က ခန္ဓာကိုယ်အရှိန်အ၀ါကောင်းမွန်သလို ကျွီးကျင့်ကတော့ အသားအရေအတော်လှပါတယ်။

သူမရဲ့လက်ကိုကိုင်လိုက်ချိန်မှာ အတော်လေးနူးညံ့နေတာကို ခံစားလိုက်ရတယ်။

” ငါစတော့မယ် ”

ဟို့ယွိဟောင်ရဲ့နှလုံးသားလှုပ်ရှားနေတာကို ကျွီးကျင့်က မသိခဲ့ပါဘူး။ သူမလက်ကိုချိန်ညှိလိုက်ရင်း အပိုင်းအစကိုကိုင်ကာစိတ်ရှုပ်ထွေးနေပုံပေါ်ပါတယ်။

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ရင်း သူ့ရဲ့နောက်ကျောကြွက်သားတွေကို ဖြေလျော့လိုက်တယ်။

ကျွီးကျင့်လဲ အသက်ပြင်းပြင်းရှုသွင်းရင် ဘယ်ဘက်လက်ကိုဟို့ယွိဟောင်ပါးစပ်ထဲထိုးထည့်လိုက်ပါတယ်။

” နင်ငါအသက်ကိုကယ်ခဲ့တယ် အဲ့ဒီတော့ ဒီနာကျင်မှုကိုအတူတူခံပါရစေလား ”

သူပြောနေတဲ့အချိန်မှာပဲ အဲ့ဒီအပိုင်းအစကို ဆတ်ကနဲဆွဲထုတ်လိုက်ပါတယ်။

သွေးတွေကချက်ချင်းပန်းထွက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်တစ်ကိုယ်လုံးလဲ တောင့်တင်းသွားပါတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုကြောင့် ကျွီးကျင့်ရဲ့လက်မောင်းကိုကိုက်လိုက်မိတယ်။

ပထမဆုံးအကြိမ်သူတို့တွေ့ဆုံချိန်တုန်းက ကျွီးကျင့်ရဲ့ချောမွေ့တဲ့အသားအရေကိုကိုက်ချင်ခဲ့တဲ့ဆန္ဒက အခုလိုအခြေအနေမျိုးမှာတော့ ပြည့်သွားခဲ့ပါပြီ။

ချွေးတွေဆက်တိုက်ထွက်နေရင်း ကျွီးကျင့်က ဟို့ယွိဟောင်ရဲ့ဒဏ်ရာကို အ၀တ်စနဲ့ပြန်ဖိပေးနေခဲ့တယ်။

သူ့နှလုံးသားထဲမှာခံစားနေရတဲ့ဒဏ်ရာနဲ့ ယှဥ်လိုက်မယ်ဆိုရင် လက်မှာခံစားနေရတဲ့နာကျင်မှုက ဘာမှမဟုတ်ပါဘူး။ ဟို့ယွိဟောင် သေသွားမှာကိုစိုးရိမ်နေရတဲ့နာကျင်မှုက ပိုပြီးဆိုးပါတယ်။

ဟို့ယွိဟောင်က သူမရဲ့လက်ကို ကိုက်ထားတာလွှတ်လိုက်ချိန်မှာတော့ အမှတ်အသားတစ်ခုက ကျန်ရစ်နေခဲ့ပါပြီ။ သူမရဲ့အရေပြားကလဲ နီရဲနေခဲ့သလို အသားကတော့ ပေါက်ထွက်မသွားခဲ့ပါဘူး။

” သွေးကြောတွေကို မြန်မြန်ချိတ်ပိတ်လိုက် အခုနေရတာဘယ်လိုလဲ စွမ်းအားဖြတ်သန်းမှုလမ်းကြောင်းတွေ ပျက်စီးသွားလား ”

” မစိုးရိမ်နဲ့ ကျွန်တော်အဆင်ပြေတယ်…၀ိညာဥ်စွမ်းအားကိုအသုံးပြုလို့ရနေပြီ ဒါပေမယ့် တချို့ပျက်စီးသွားတဲ့နေရာတွေက တော်တော်ဆိုးတယ်..ဒါကြောင့် အချိန်ယူပြီကုနေရဦးမှာ ”

” တော်ပါသေးတယ်..အနည်းဆုံးတော့ အရမ်းကြီးပြင်းထန်မနေဘူး…နင်တကယ်ပဲ သေရာကနေပြန်ရှင်လာတဲ့ကောင်လို့ပြောလို့ရတယ်..ဒီလိုသေစေနိုင်လောက်တဲ့ ဒဏ်ရာတွေကနေပြန်ကောင်းဖို့တစ်ညနဲ့တစ်ရက်ပဲ နင်ကြာလိုက်တယ်နော် ”

” ကျွန်တော်မခံမရပ်နိုင်အောင် နာနေတဲ့အချိန်အဲ့ဒိီလိုကြီးချီးမွမ်းမနေနဲ့လေ ”

” နာတယ်တဲ့လား နင်ရုပ်ကြည့်ရတာနာနေတဲ့ပုံလဲမပေါ်ပါဘူး ”

” ကျွန်တော်က အများကြီးခံနိုင်ရည်ရှိတယ်လေ တွေးကြည့်စမ်းပါ ကျွန်တော်ရဲ့ နောက်ကျောတစ်ခုလုံးအခုချုပ်ထားခံရပြီ စုတ်ပြတ်သတ်နေတယ်မလား ဘာဖြစ်လို့ကျွန်တော်မနာရမှာလဲ ”

ကျွီးကျင့်တစ်ချက်တုန်သွားခဲ့ပါတယ်။ အမှန်တကယ်ပါပဲ ဟို့ယွိဟောင်ရဲ့ နောက်ကျောဖက်တစ်ခုလုံး သူချုပ်ထားတဲ့ချုပ်ရာတွေနဲ့ ပြည့်နေခဲ့တာပါ။ နောက်ကျောဖက်မှာရာနဲ့ချီတဲ့ ဒဏ်ရာတွေက အပ်ရာတွေနဲ့ပြည့်နေခဲ့ပါပြီ။ ခြေထောက်မှာလဲအတူတူပါပဲ။ တကယ်တော့တစ်ကိုယ်လုံးများပြားတဲ့ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့သလို တချို့၀ိညာဥ်လက်နက်ကို မထိတွေ့ရတဲ့အပိုင်းတွေကသာ အနည်းငယ်ကောင်းကောင်းမွန်မွန်ကျန်နေခဲ့တာပါ။

” တကယ်တော့ ကျွန်တော်အဆင်ပြေပါတယ်…ဒီထက်နာတွေကိုတောင် ကျွန်တော်ကြုံဖူးတယ်…နည်းနည်းလောက်နားပြီရင် ဒီတောင်ကြောကနေ သွားကြတာပေါ့ နောက်ဆုံးတော့လဲ စက်ကိရိယာကြီးက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ကျွန်တော်တို့ရဲ့စမ်းသပ်မှုက အဆုံးသတ်ရတော့မှာမလား ဘယ်လိုလဲ ကျွန်တော်ကိုက်တာအစ်မရဲ့လက်နာသေးရဲ့လား ”

” ငါကနင်အတွက်အဲ့ဒီလောက် အားနည်းနေလို့လား ”

” ဟုတ်တယ် ကျွန်တော်ထိလိုက်မယ်ဆိုရင်တောင် အစ်မအသားကပြဲသွားတော့မလို ခံစားရတယ် ”

ကျွီးကျင့်ရဲ့မျက်နှာက နီရဲလို့သွားခဲ့ပြီ လိမ္မော်သီးတစ်လုံးကို ထုတ်လာရင်းသူ့ပါးစပ်ထဲကို ထိုးထည့်ပေးလိုက်ပါတယ်။

” ခဏနားလိုက်ဦး ငါနင့်ကိုအေးအေးဆေးဆေးနားခိုင်းလိုက်မယ်..ငါသွားတော့မယ် ”

သူပြောပြီတဲ့နောက် တဲထဲကနေထွက်ပြေးသွားပါတော့တယ်။ သူတို့နှစ်ယောက်ကြားထဲမှာရှိနေတဲ့ အသက်ကွာခြားကဒီကလေးရဲ့ရင့်ကျက်တဲ့ပုံစံနဲ့ ဆိုရင် မတည်ရှိတော့သလိုပါပဲ။

ဟို့ယွိဟောင်ရဲ့ နှာခေါင်းထဲမှာ မွှေးပျံ့တဲ့ရနံ့ကကျန်ရှိလို့နေခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူသတိပြန်၀င်လာခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားကို တစ်စုံတစ်ယောက်က အပိုင်ယူသွားခဲ့ပါပြီ။ ကျွီးကျင့်က တကယ်လှပပြီတကယ်ဆွဲဆောင်မှုရှိပေမဲ့ သူ့နှလုံးသားထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့တဲ့ အလင်းတန်းနတ်မိမယ်နဲ့တော့ ယှဥ်လို့မရနိုင်ပါဘူး။

နောက်ကျောဖက်မှာရှိတဲ့ဒဏ်ရာကို တခဏတာအနားယူပြီ ပြန်ကုသလိုက်မယ်ဆိုရင် သူလဲ ထထိုင်နိုင်တော့မှာပါ။

နောက်ကျောက လက်ရှိအချိန်မှာ နာနေရုံတင်မက အတော်ကိုထုံထိုင်လို့နေခဲ့ပါတယ်။ ကျောတစ်ခုလုံးရဲ့သွေးလည်ပတ်မှုကလဲ ချောမွေ့မှုမရှိတော့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ဒဏ်ရာတော်တော်များများက ကြွက်သားတွေမှာသာရောက်ရှိပြီ သွေးလည်ပတ်မှုကိုမထိခိုက်တာကြောင့် ကံကောင်းသွားပါသေးတယ်။

ဟို့ယွိဟောင်ရဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီ အစောပိုင်းတုန်းက ပြောခဲ့တာတော်တော်များများက လိမ်နေခဲ့တာပါ။ တကယ်တော့ သူအချိန်အတော်လေးကြောက်နေခဲ့မိပါတယ်။ ဟုန်ချန်ကောင်းချီးမင်္ဂလာကြောင့်သာ မဟုတ်ရင်ဖြစ်စေ အနည်းငယ်နှောင့်နှေးသွားခဲ့ရင်ဖြစ်စေ သူသေနေလောက်ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်ပင်လယ်ကလဲ အတော်ကို ပရမ်းပတာဖြစ်သွားခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်တို့က အင်အားကိုပေါင်းစည်းပြီ သူ့ရဲ့ ခေါင်းကိုကာကွယ်ထားခဲ့ကြတယ်။ ဒါကြောင့်သာ ကျောနဲ့ ခြေထောက်တွေအားလုံးက ဒဏ်ရာရပြီ ခေါင်းကဒဏ်ရာမရတာပါပဲ။

ခန္ဓာကိုယ်ရဲ့အပျက်အစီးကိုရွှေလိုအသက်နဲ့ ကောင်းကောင်းကုသနိုင်ပါတယ်။ ဒါ့အပြင် ရေခဲဧကရီရဲ့ အရိုးတွေကလဲ အတွင်းကလီစာတွေကို ကာကွယ်ပေးထားခဲ့တယ်။ ဒါပေမယ့် ခေါင်းကိုသာထိသွားမယ်ဆိုရင် သူသေနိုင်ပါတယ်။ ဟို့ယွိဟောင်လဲ ကံကောင်းပြီအသက်ရှင်လာတာမဟုတ်ပါဘူး။

ဒါကြောင့် ကြိုးစားပြီတင်ပလ္လင်ခွေချိတ်ထိုင်လိုက်ရင်း ပြင်းထန်တဲ့နာကျင်မှုကို ခုခံဖို့ပြင်ပါတော့တယ်။ ၀ိညာဥ်စွမ်းအားကို သူစတင်ပြီလှည့်ပတ်ပါပြီ။

အဆင့်လေးဆယ်ကိုကျော်ဖြတ်ပြီတဲ့နောက် ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကို သူကျင့်သားမရသေးပါဘူး။ အထူးသဖြင့်အဆင့်တက်လာတဲ့ ၀ိညာဥ်စွမ်းရည်တွေနဲ့ တိုးတက်လာတဲ့စိတ်၀ိညာဥ်စွမ်းအားကြောင့်ပါ။

ဒါတွေအားလုံးက ကျင့်ကြံဆင့်ကို ဘယ်လိုတိုးတက်စေနိုင်မလဲဆိုတာ သိဖို့လိုအပ်နေပါတယ်။ အခုအချိန်မျိုးမှာ သူ့ရဲ့၀ိညာဥ်စွမ်းအားက ၀ိညာဥ်စက်ကွင်းအသစ်​တိုးတက်မှုကြောင့် ရုတ်တရက်မြင့်တက်လာတာဖြစ်သလို လွန်ခဲ့တဲ့နှစ်နှစ်အတွင်းကျင့်ကြံလာခဲ့တဲ့အခြေခံခိုင်မာမှုကြောင့် ကျင့်ကြံမှုရဲအရှိန်နှုန်းကလဲ ၀ုန်းကနဲတက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကျင့်ကြံဆင့်က နှေးကွေးပြီတည်ငြိမ်တယ်လို့ပြောရမှာပါ။

ထူးဆန်းကောင်းကင်နည်းလမ်းက ဖြည်းဖြည်းချင်းဆိုသလို သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပါတော့တယ်။ ရွှေလိုအသက်ကလဲ ကောင်းကောင်းမွန်မွန်ကုသနေခဲ့ပြီ သွေးကြောအထုံတွေကို စတင်ပြန်လည်ကုသပါတယ်။ စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုရင် ဖျက်ဆိီးထားတာတွေကို ပြန်လည်ဖြေရှင်းကာချိတ်ဆက်ဖို့လုပ်ပါတော့တယ်။

ခပ်မြန်မြန်ပဲ သူ့ခန္ဓာကိုယ်အခြေအနေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်နေခဲ့ရပါပြီ။

သူတို့သုံးယောက်က အတော်ကံကောင်းပါတယ်။ ဒီနေရာမှာနှစ်ရက်နေတာတောင် အသန်မာဆုံးသားရဲကောင်ဆိုလို့ နှစ်တစ်ထောင်လောက်သာတွေ့ရပါတယ်။

ဟို့ယွိဟောင်ကလဲ ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ ပြန်လည်ကောင်းမွန်နေခဲ့တယ်။ တတိယမနက်မှာတော့ သူတဲထဲကနေ ထွက်လာနိုင်ခဲ့ပါပြီ။ အရှေ့အရပ်ကိုမျက်နှာမူရင် သူစတင်ပြီလေ့ကျင့်ပါတော့တယ်။

” ယွိဟောင် ငါတော့နင်ကို အနာဂတ်မှာမိစ္ဆာလို့ပဲခေါ်တော့မယ်…နင်က တကယ်၀ိညာဥ်သားရဲကောင်တွေထက်တောင် ပိုပြီး၀ိညာဥ်သားရဲကောင်ဆန်သေးတယ် ”

ခက်ခက်က သူ့ကိုသဘောကျတဲ့လေသံနဲ့ပြောနေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့တယ်။

” အဲ့ဒီလိုကြီးတော့ မခေါ်ပါနဲ့အစ်မရယ် ဒါကကျွန်တော်အမျက်ဒေါသကျောင်းတော်လာတယ်ဆိုတာ လူတိုင်းကိုလိုက်ကြော်ငြာသလိုဖြစ်နေဦးမယ်…နောက်ပြီရင် နေလကျောင်းတော်နဲ့ကျွန်တော်တို့က ပြိုင်ဘက်တွေဆိုတာကို အစ်မမေ့နေပြီထင်တယ်…အကယ်၍ အစ်မသာကျွန်တော်ကို အဲ့ဒီ၀ံပုလွေအုပ်ထဲ တွန်းထုတ်ခဲ့မယ်ဆိုရင် ကျွန်တော်သေမှာပဲ ”

ခက်ခက်က မျက်စောင်းထိုးရင်ပြောလာခဲ့ပါတယ်။

” မေ့လိုက်တော့ နင်ကအခု၀ိညာဥ်ဘိုးဘေးဖြစ်နေပြီပဲ ငါတို့လို၀ိညာဥ်ဘုရင်တွေကိုတောင် ကာကွယ်ပေးနိုင်ပြီဆိုမှတော့ ဘာများကြောက်နေရဦးမှာလဲ ”

” ကျွန်တော်ကအခု၀ိညာဥ်ဘိုးဘေးနော် ”

အပိုင်း ၁၆၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset