Switch Mode

Chapter – 167.1

ကိုက်ခဲခြင်း

အပိုင်း ၁၆၇•၁

” ကိုက်ခဲခြင်း ”
°°°
ကျွီးကျင့်က ဟို့ယွိဟောင်ရဲ့စုပ်ပြဲနေတဲ့အ၀တ်အစားတွေကို ဖယ်ရှားလိုက်ပါတယ်။ ခက်ခက်ကတော့ အဝေးကနေသာကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ကျွီးကျင့်က သူ့ကိုမလိုက်ပြီ ကြီးမားတဲ့သစ်ပင်ကြီးနားမှာကပ်လျက်ထိုင်စေလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့သွေးတွေကို ခန္ဓာကိုယ်ရဲ့ဒဏ်ရာပြင်းထန်တဲ့အစိတ်အပိုင်းတွေဆီ ပွတ်သပ်လို့ပေးနေတော့တယ်။

ကျွီးကျင့်ကိုယ်တိုင်လဲ လက်ရှိအချိန်မှာ သတိလစ်မသွားအောင် ကြိုးစားရင်းအသက်ကိုပြင်းပြင်းရှုသွင်းနေခဲ့ရပါတယ်။ သူမရဲ့စွမ်းအားကုန်ဆုံးမှုက သူမကို အင်မတန်မောပန်းနေစေခဲ့ပြီ အချိန်မရွေးသတိလစ်သွားနိုင်စေတဲ့အခြေအနေရောက်နေခဲ့တယ်။ ဒါပေမယ့် သူမက ဟို့ယွိဟောင်ရဲ့ နှလုံးသားခုန်သံကို အချိန်တိုင်းမှာ အနီးကပ်စောင့်ကြည့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့နှလုံးခုန်နှုန်းက အတော်ကိုနှေးကွေးခဲ့ပေမဲ့ ခုန်နေဆဲပါပဲ။ ဒါကသူမရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေတော့တယ်။

ဟို့ယွိဟောင်က ဒီဒဏ်ရာတွေကနေ သူ့ရဲ့သွေးတစ်၀က်နီးပါးကို ဆုံးရှုံးလိုက်ပြီလို့ အကဲဖြတ်မိပါတယ်။ ဒါက သာမန်လူတွေအတွက်တော့ သေစေနိုင်လောက်ပေမဲ့ ဟို့ယွိဟောင်ရဲ့အသက်စွမ်းအားက အရမ်းကိုသန်မာနေပါ။ ပြင်းထန်တဲ့ဒဏ်ရာကိုရရှိထားပေမဲ့ သူ့နှလုံးခုန်သံကတော့ ရပ်မသွားခဲ့ပါဘူး။

” သူ့အခြေအနေဘယ်လိုလဲ ”

ခက်ခက်က ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်း​ပေးပြီတဲ့နောက် မေးလာခဲ့ပါတယ်။ ကျွီးကျင့်ကိုလဲ နို့ပုလင်းကမ်းပေးလိုက်တယ်။

” ငါမသိဘူး ပုံမှန်လူတွေက ဒီဒဏ်ရာတွေလောက်နဲ့ဆိုရင် သေနေလောက်ပြီ ဒါပေမယ့် သူအသက်ရှင်နေတုန်းပဲ ငါသူ့ဒဏ်ရာတွေကိုချုပ်ပေးထားတယ်…ဒါပေမယ့် အချွန်တွေကိုဆွဲမထုတ်ရသေးဘူး…ဒီနေ့ကျော်ပြီ အသက်ရှင်နိုင်မလားကြည့်ကြသေးတာပေါ့ ငါသူ့အဖျား၀င်သွားမှာကို စိုးရိမ်မိတယ်..ဒိီအချွန်တွေကို ပုံစံကြည့်ရမယ်ဆိုရင် အတော်လေကို မသန့်မရှင်းဖြစ်နေတာပဲ ဒါပေမယ့် သူသွေးဆုံးရှုံးထားတာလဲ များနေသေးတော့ အခုအခြေအနေက သူအပေါ်ပဲ မူတည်တော့တယ် ”

ခက်ခက်က သူ့ရဲ့အပြင်၀တ်ရုံကိုချွတ်လိုက်ပြီ ဟို့ယွိဟောင်ရဲ့သွေးစွန်းနေတဲ့ခန္ဓာကိုယ်ကို ခြုံပေးလိုက်ပါတယ်။ အဲ့ဒီနောက် ကျွီးကျင့်ကိုကြည့်ရင်း ခါးသီးမှုအပြည့်နဲ့ ရယ်မောလိုက်တယ်။

” အစ်မကြီးကျွီးကျင့် ဒီအသက်သခင်ကျေးဇူးရှင်ကို ခန္ဓာကိုယ်နဲ့ပြန်ပြီပေးဆပ်ချင်လား ”

ကျွီးကျင့်ရဲ့မျက်နှာက နီရဲလို့သွားသလို ပါးပြင်တွေကလဲ ပန်းနုရောင်သန်းသွားခဲ့ပါပြီ။

” မဟုတ်တာတွေပြောမနေနဲ့ သူ့ရဲ့သွေးကလူရဲ့ခန္ဓာကိုယ်အတွက် အတော်ကိုအကျိုးရှိတဲ့ထူးခြားတဲ့အင်အားကို ပိုင်ဆိုင်ထားတယ်…သူ့ရဲ့သွေးတွေ ငါရဲ့ခန္ဓာကိုယ်ပေါ်မှာ စွန်းသွားတာက ငါခန္ဓာကိုယ်ကိုလဲ ပြန်ပြီအားပြည့်လာစေတယ်…ဒါကြောင့်ဒီသွေးတွေကိုအသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ထိခိုက်တာသက်သာအောင် ပြန်လုပ်ပေးနေတာ ”

ခက်ခက်က ထိုင်ချလိုက်ရင်း ဟို့ယွိဟောင်ကို ကြည့်လာခဲ့ပါတယ်။

” ငါတို့နှစ်ယောက်စလုံး သူ့ကိုအသက်ကြွေးတင်နေပြီ အထူးသဖြင့် ငါပေါ့ အကယ်၍ ငါသာ အရမ်းကြီးရူးသွပ်မသွားခဲ့ဘူးဆိုရင်လဲ သူလဲဒိီလိုအခြေအနေရောက်လာမှာမဟုတ်ဘူး ”

” နင့်ကိုဘယ်လိုအပြစ်တင်ရမှာလဲ ငါတို့တွေက အသက်အန္တရာယ်ကြုံနေရတာလေ သူရောက်လာတာငါတောင်မသိလိုက်ဘူး ဒါပေမယ့် နင်ပြောတာမှန်တယ်…ငါတို့တွေ သူ့ကိုအသက်ကြွေးတင်နေခဲ့ပြီ ”

ခက်ခက်က အာရုံစိုက်ရင်ထရပ်လိုက်ပါတယ်။

” အစ်မကြီးကျွီးကျင့် ခဏလောက်သွားနားလိုက် နှစ်ယောက်စလုံးကို ငါကာကွယ်ပေးထားမယ် ”

ကျွီးကျင့်လဲခေါင်းညိတ်ရင် ဟို့ယွိဟောင်အနားမှာထိုင်ချလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့နောက်ကျောက သွေးတွေရွှဲနစ်နေပေမဲ့ အရှေ့ပိုင်းကတော့ ဒဏ်ရာမရထားပါဘူး။ ဟို့ယွိဟောင်ရဲ့ ဖွံ့ဖြိုးတဲ့ခန္ဓာကိုယ်ပေါ်မှာ အဆီပိုတစ်ခုမှတောင်ရှိမနေပဲ လုံး၀ကို ကျစ်လစ်နေခဲ့ပါတယ်။ ဟုန်ချန်ကောင်းချီးမင်္ဂလာက လက်ရှိအချိန် သူ့ရဲ့ခန္ဓာကိုယ်ထဲပြန်၀င်သွားခဲ့ပါပြီ။ ဒီအဆင့်ကိုး၀ိညာဥ်လက်နက်နဲ့ မပျက်သုန်းအတားအဆီးကြောင့်သာ မဟုတ်ဘူးဆိုရင် သူတို့သုံးယောက်စလုံး အပိုင်းပိုင်းအစစပေါက်ကွဲထွက်သွားနိုင်ပါတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အေးနေဆဲပါပဲ။ ဒါကြောင့် ကျွီးကျင့်က သူမရဲ့ခန္ဓာကိုယ်အနွေးဓာတ်ကို အသုံပြုပြီး သူ့ကိုနွေးထွေးလာစေအောင် ကူညီပေးထားခဲ့တယ်။

သူမ မျက်လုံးတွေပိတ်လိုက်ချိန်မှာပဲ ချက်ချင်းဆိုသလို အိပ်ပျော်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် အကြည့်ကတော့ အေးချမ်းလို့နေခဲ့တယ်။

သူမ ဟိုငယ်ငယ်လေးကထဲက သူ့မရဲ့စိတ်ထဲမှာအမြဲတမ်းနေရာယူထားခဲ့တာ လူတစ်ယောက်သာရှိပါတယ်။ ဒါကတော့ သူ့အဖေပါပဲ သူ့အဖေက သူမရဲ့ကလေးဘ၀ကို အံ့ဩစရာကောင်းတဲ့မှတ်ဉာဏ်တွေနဲ့ ပြည့်နှက်စေခဲ့သလို အရသာရှိတဲ့အစားအသောက်တွေကိုလဲ အမြဲတမ်းချက်ပြုတ်ကျွေးမွေးတတ်သူပါ။ ဒါပေမယ့် စစ်ပွဲထဲမှာသေဆုံးသွားခဲ့ရတယ်။ အခုလက်ရှိအချိန်မှာကတော့ သူမရဲ့နှလုံးသားထဲကို ၀င်လာသူနောက်တစ်ယောက်ရှိနေပါပြီ။ သူဒဏ်ရာရထားပေမဲ့ သူ့ကိုဖက်ထားရတာက ကျွိီးကျင့်ကိုအများကြီးစိတ်လုံခြုံစေပါတယ်။ သူမအနေနဲ့ ဘ၀မှာကြုံတွေ့ရသမျှအခက်အခဲတွေအားလုံးကနေ ပုန်းအောင်နိုင်ဖို့အကာအကွယ်တစ်ခုရသွားသလိုပါပဲ။

သေခြင်းတရားရဲ့တိုက်စားမှုကနေ ကပ်သီးလေလွှတ်လာခဲ့တာကြောင့် ထူးဆန်းတဲ့စိတ်အခြေအနေမှာ ရှိနေတာလဲဖြစ်နိုင်ပါတယ်။ ဒီထူးဆန်းတဲ့စိတ်အခြေအနေက အတော်ကို ရိုက်ခတ်မှုပြင်းထန်နေခဲ့တယ်။

ကျွီးကျင့်ပြောတာမှန်ပါတယ်။အကယ်၍ ဟို့ယွိဟောင်ရဲ့ ဒဏ်ရာတွေသာတခြားသူတစ်ယောက်ယောက်မှာ ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီလူကသေနေလောက်ပါပြီ။ ဒီအချွန်တွေက လက်ရှိအချိန်မှာ ဆွဲထုတ်လို့မရသေးပေမဲ့ ဟို့ယွိဟောင်ရဲ့ အတွင်းကလီစာတွေအထိတော့ မထိခိုက်သွားခဲ့ပါဘူး။ တကယ်တမ်းမှာ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို ဒီလိုပြဲထွက်သွားစေတာက သူ့ကိုကာကွယ်ပေးထားတဲ့ ၀ိညာဥ်လက်နက်တွေရဲ့ ပေါက်ကွဲမှုကြောင့်ပါပဲ။ ခက်ခက်ဖန်တီးထားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မဟုတ်ခဲ့ပါဘူး။

ဟုန်ချန်ကောင်းချီးမင်္ဂလာရဲ့အကာအကွယ်ကြောင့်သာ သူ့ရဲ့အသက်က အခုအချိန်အထိ ရှိနေခဲ့တာပါ။ ရေခဲဧကရီရဲ့သံချပ်ကာကြောင့်လဲ ပါပါတယ်။ ကျွီးကျင့်လုပ်ခဲ့တာက တကယ်ကိုမှန်ကန်ခဲ့တယ်။ သူ့ရဲ့ သွေးဆုံးရှုံးမှုကိုတားဆီးလိုက်တာက အများကြိီးသက်သာသွားစေခဲ့ပါတယ်။ သူမမသိတာကတော့ အကယ်၍ သူမသာ သူ့ရဲ့ဒဏ်ရာတွေကိုတည်ငြိမ်အောင်လုပ်နိုင်ပြီဆိုတာနဲ့ ဟို့ယွိဟောင်က မသေနိုင်တော့ဘူးဆိုတာပါပဲ။

ဟို့ယွိဟောင်က အရမ်းကိုအားကောင်းလွန်လှတာကြောင့် ရွှေလိုအသက်နဲ့ပေါင်းစည်းထားခဲ့တာပါ။ သူ့လိုလူက ဘယ်လိုလုပ်လွယ်လွယ်ကူကူသေနိုင်မှာလဲ။ သူ့သွေးထဲမှာ စီးဆင်းနေတဲ့အင်အားက ရွှေလိုအသက်ကနေလာတာပါ။ ဒီကြီးမားပြင်းထန်တဲ့ အသက်စွမ်းအားက သွေးထဲတင်မကပဲ အရိုးနဲ့ကလီစာတွေထဲအထိပါ ရောက်ရှိလို့နေခဲ့ပါတယ်။

ဖြည်းဖြည်းချင်း သူ့ဘာသာသူပြန်လည်ကုသရင်းအသက်စွမ်းအားကလဲ စတင်လှည့်ပတ်လာခဲ့ပါပြီ။ ကြီးမားပြင်းထန်တဲ့ အသက်စွမ်းအားက ရိုးတွင်းခြင်ဆီထဲကနေတစ်ဆင့်စတင်လာခဲ့တာကြောင့် သွေးအသစ်တွေကိုထပ်မံဖန်တီးပေးရင်း မြန်မြန်ဆန်ဆန်လှည့်ပတ်ပါတော့တယ်။ အင်အားကလဲ ပြန်လည်ရရှိလာခဲ့သလို အတွင်းကလီစာတွေကလဲ ဒဏ်ရာတွေသက်သာလာစေခဲ့ပါပြီ။ ဒါကအတွင်းနဲ့အပြင်ကုသမှုပါပဲ။

°°°
ခက်ခက်က ထိုင်တောင်မထိုင်၀ံပါဘူး။ သူဘယ်လောက်ပဲမောပန်းနေပါစေ လုံခြုံစိတ်ချစေဖို့အတွက် ဆက်တိုက်ဆိုသလိုစောင့်ဆိုင်းနေခဲ့ပါတယ်။

ကောင်းကင်မှာနေမြင့်လာခဲ့ပြီဖြစ်သလို နွေးထွေးတဲ့နေရောင်က သူမကို မူးဝေလာစေခဲ့ပါတယ်။ အစားအသောက်ကိုအနည်းငယ်စားပြီတဲ့နောက် သူမအင်အားဖြည့်တင်းလာအောင် လုပ်နေခဲ့ရင်း အနီးအနားကိုကပ်လာတဲ့၀ိညာဥ်သားရဲကောင်တချို့ကို မောင်းထုတ်လို့နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ကျွီးကျင့်တို့ကို သူဆက်တိုက်ဆိုသလို စစ်ဆေးနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းပူနွေးလာတာကို သူမသတိထားမိတာကြောင့် သူဖျားနေပြီလို့တွေးလိုက်မိတယ်။ ဒါပေမယ့် ဒီအပူရှိန်က ဖြည်းဖြည်းချင်းပြန်လည်လျော့ကျသွားခဲ့သလို သူ့ရဲ့သွေးခုန်နှုန်းတွေကလဲ အရင်လိုအားမနည်းတော့ပါဘူး။

ကုသရေးပတ်သက်ပြီ ခက်ခက်က ဘာမှမသိခဲ့သလို ဒါကြောင့် စောင့်သာစောင့်နေခဲ့ရပါတယ်။

ကျွီးကျင့်နိုးလာတဲ့အချိန်မှာ ခက်ခက်ကတော့ သတိလစ်မတတ်ဖြစ်နေခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားတွေ ပြန်ကောင်းလာပြီဖြစ်ပေမဲ့ စိတ်အင်အားကအများကြီးကုန်ဆုံးသွားခဲ့သလို ပင်ပန်မှုဒဏ်ကလဲ ဖိစီးလို့နေပါတော့တယ်။

” ခက်ခက် ခဏနားငါဒီတစ်ခေါက် ကင်းပြန်စောင့်မယ် ”

ကျွီးကျင့်က ခက်ခက်ကို ပြောလိုက်ပါတယ်။ ခက်ခက်က အပြေးလာရင်နဲ့မေးတော့တယ်။

” သူ့အခြေအနေဘယ်လိုလဲ ”

ကျွီးကျင့်က မျက်မှောင်ကြုတ်ရင် စစ်ဆေးပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။

” သူ့ရဲ့သွေးခုန်နှုန်းက ပြန်ကောင်းနေပြီ အရင်လိုအားမနည်းတော့ဘူး..ခန္ဓာကိုယ်အပူရှိန်က သာမန်ထက်မြင့်နေပေမဲ့ အရမ်းကြီးလဲ မမြင့်ဘူး…အသက်ရှုနှုန်းကလဲ ငြိမ်သွားပြီ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ပုံနဲ့မတူတော့ဘူး ”

” ဒါဆိုအခြေအနေပိုကောင်းလာပြီလို့ ပြောချင်တာလား ”

ကျွီးကျင့်က ခေါင်းညိတ်လိုက်ပါတယ်။

” တကယ်ကိုမယုံနိုင်စရာပဲ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ သူ့ရဲ့သွေးကတစ်၀က်နီးပါးကုန်သွားတာလေ ဒါ့အပြင် သေနိုင်လောက်တဲ့ဒဏ်ရာတွေလဲ ရထားသေးတယ်..ခန္ဓာကိုယ်မှာစိုက်နေတဲ့ အချွန်တွေကလဲ အများကြီးပဲ ဒါပေမယ့် သွေးခုန်နှုန်းက သာမန်လူတွေအတိုင်းခုန်နေတယ်…ဒါကဆယ်နာရီကနေ ဆယ်နှစ်နာရီပဲရှိဦးမှာနော် ”

” သူ့နောက်ကျောကိုကြည့်လိုက်ပါဦးလား ”

ဟို့ယွိဟောင်ကို ဖြည်းဖြည်းချင်းဆိုသလို သယ်လာခဲ့ပြီတဲ့နောက် သန့်စင်တဲ့အ၀တ်အစားတွေကို အပေါ်ကနေလှဲပေးဖို့လုပ်ပါတော့တယ်။

အဲ့ဒီနောက် သွေးစိုနေတဲ့အ၀တ်အစားတွေကို ကျွီးကျင့်က လှဲလိုက်ပါတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲစိုက်နေတဲ့အချွန်အတက်တွေက အရမ်းကိုကြောက်စရာကောင်းနေခဲ့တယ်။ အကယ်၍ ဟို့ယွိဟောင်သာ နောက်ကျောဖက်မှာ ကျောရိုးမကြီးကိုထိသွားမယ်ဆိုရင် မတွေး၀ံ့စရာပါပဲ။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာဘယ်တစ်ခုကမှပိုးမ၀င်တဲ့အတွက် ပိုပြီးတော့ အံ့ဩနေခဲ့ရတယ်။ ကျွီးကျင့်က သူ့ခန္ဓာကိုယ်ကို ဆေး၀ါးတချို့နဲ့ကုသထားပေမဲ့ ဒါတွေကပုံမှန်ဒဏ်ရာကုပစ္စည်းတွေပါပဲ။

” သူလူမှဟုတ်သေးရဲ့လား ”
ခက်ခက်က မေးလာခဲ့ပါတယ်။

” ငါစကားတစ်ခွန်းကိုတွေးမိတယ်…အမျက်ဒေါသကျောင်းတော်က မိစ္ဆာတွေကိုပဲ လက်ခံတယ်…သာမန်လူတွေကိုလက်မခံဘူးတဲ့ ကြည့်ရတာသူကတကယ်မိစ္ဆာဖြစ်နေတဲ့ပုံပဲ ၀ိညာဥ်သားရဲကောင်တွေတောင်မှ သူ့ရဲ့ဒီလိုကိုယ်ပိုင်ကုသနိုင်စွမ်းကို ယှဥ်နိုင်မှာမဟုတ်ဘူး ”

” ဒါဆိုရင် ဒီအချွန်အတက်တွေကို ငါတို့ဆွဲထုတ်ရတော့မလား ”

” မဖြစ်ဘူး သူ့ရဲ့ဒဏ်ရာတွေကို ပိုပြီးတော့ပြန်လည်ကောင်းမွန်လာစေဦး သူ့ရဲ့လက်ရှိကုသနိုင်တဲ့စွမ်းရည်နဲ့ဆိုရင် မကြာခင်နိုးလာလိမ့်မယ်…အဲ့ဒါပြီတော့မှ ဒါတွေကိုဆွဲထုတ်ကြတာပေါ့ ”

သူတို့ပြောနေပြီတဲ့နောက် သက်ပြင်းချလိုက်မိပါတယ်။

” ကြည့်ရတာ ငါတို့ဒီမှာတစ်ညထပ်အိပ်ဖို့လိုလာတဲ့ပုံပဲ ခက်ခက် ခဏလောက်တောင့်ခံထားဦး ငါတို့ဒီနေရမှာ တဲထိုးရမယ်..ဒီတောင်ကညဘက်ဆိုရင် အေးလာတော့မှာ ငါတို့တွေညမှကင်းစောင့်ကြတာပေါ့ ”

” တဲကလူတစ်ယောက်အတွက်ပဲ ဆန့်တယ်..ဒီတော့ ငါကသူနဲ့တစ်တဲထဲမှာနေရမှာလား ”

” ငါသူ့ကိုအခုပဲ ကယ်ဖို့လုပ်ထားခဲ့ရတာလေ နင်ဘာကိုကြောက်နေရတာလဲ ဒါ့အပြင် သူ့ကိုငါတို့က အနီးကပ်စောင့်ကြည့်မှရမှာ မစိုးရိမ်နဲ့ ငါလဲဒါမျိုးကိစ္စကိုဘယ်သူမှထုတ်မပြောဘူး..နင်လဲ ငါလျှို့၀ှက်ချက်ကို ထိန်းထားပေးပေါ့ ”

” ကောင်းပြီလေ သူ့ကိုငါရဲ့မောင်ငယ်လေးအတိုင်းသေချာစောင့်ရှောက်ပါ့မယ် ”

” သူက အဲ့ဒီလောက်ကြီးလဲ မငယ်ပါဘူး ”

ကျွီးကျင့်က ရုတ်တရက်တစ်ခုခုကိုတွေးမိပြီပြောလာခဲ့ပါတယ်။

သူတို့နှစ်ယောက်ကအရွယ်ရောက်ပြီသားလူတွေဖြစ်နေခဲ့ပါပြီ။ ကျွီးကျင့်က လက်ရှိအချိန်မှာ ကောင်းကောင်းလေးနားထားရတဲ့အတွက် အင်အားကလဲ ပြည့်နေခဲ့ပါတယ်။ သူတို့တွေ တဲထိုးပြီတဲ့နောက် အထဲကို၀င်ရင်ဘေးမှာလှဲချပြီ မျက်လုံးတွေကို ပိတ်လိုက်ပါတော့တယ်။ အရမ်းကိုမောပန်းနေပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလို အိပ်ပျော်လို့သွားတော့တယ်။

ကျွီးကျင့်ကတော့ အခုလက်ရှိအချိန်မှာ စောင့်ကြပ်လို့နေပါတယ်။ သူမရဲ့စိတ်အခြေအနေကတော့အများကြီးပြန်လည်ကောင်းမွန်လာနေခဲ့ပါပြီ။ ၀ိညာဥ်လက်နက်တွေကို ပြန်လည်ထိန်းညှိလိုက်ပြီတဲ့နောက် ၀ိညာဥ်သားရဲကောင်တွေမလာနိုင်အောင် ခြောက်လန့်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို သူထုတ်ပြီပြင်ပါတော့တယ်။

ခန္ဓာကိုယ်လဲပိုမိုကောင်းမွန်လာတာကို သတိထားမိသလို အင်အားကလဲ အရင်ထက်ပိုသန်မာလာသလိုပါပဲ။ သူမရဲ့မောပန်းနွမ်းနယ်မှုတွေ ပျောက်ဆုံးသွားရရုံတင်မက စွမ်းအားအပြည့်နဲ့ပါတက်ကြွနေခဲ့တာပါ။ ၀ိညာဥ်စွမ်းအားတောင်မှ ပိုတိုးလာသလို ခံစားရပါတယ်။ ဒါကစိတ်ကောင်းထားမိတဲ့အတွက် ရလာတဲ့ရလဒ်လားလို့ သူတွေးနေခဲ့မိတယ်။ တကယ်တော့အဲ့ဒါအမှန်ပါပဲ ဟို့ယွိဟောင်ကိုအသက်စွမ်းအားက ကုသပေးနေခဲ့သလို ဒါကလဲကျွီးကျင့်ကို လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ကျွီးကျင့်ရဲ့သွေးထဲကို ဟို့ယွိဟောင်ရဲ့သွေးတွေက စီး၀င်သွားခဲ့လို့ပါ။ ဒါကြောင့်သာ သူမရဲ့ခန္ဓာကိုယ်က ပိုမိုလန်းဆန်းတက်ကြွနေခဲ့တာပါပဲ။ ခက်ခက်လဲ ဟို့ယွိဟောင်ဘေးနားမှာလှဲအိပ်နေခဲ့ရတဲ့အတွက် အခုလိုမျိုးအကျိုးရလဒ်ကိုရရှိမှာပါ။

ကောင်းကင်ကြီးကတော့ မှောင်မိုက်လာခဲ့ပါပြီ။ ကျွီးကျင့်လဲ တဲရှေ့မှာထိုင်နေရင်း ပတ်၀န်းကျင်ကိုစောင့်ကြည့်လို့နေခဲ့ပါတယ်။ ဒီနေရာမှာ စောင့်ကြပ်နေရင်း သူမရဲ့ခံစားချက်တွေက စတင်ပြီပြောင်းလဲလာခဲ့ပါပြီ။

” ဖေဖေ ပြန်လည်မွေးဖွားလာပြီ သမီးရဲ့နာကျင်မှုတွေကို လျော့နည်းစေဖို့ဒီကလေးကိိုပို့လိုက်များတာလား ”
ကျွီးကျင့်က သက်ပြင်းချနေခဲ့မိပါတယ်။ သူ့ရဲ့အတွင်းစိတ်တွေကို အမြဲတမ်းချစ်စရာကောင်းတဲ့ရုပ်သွင်နဲ့ ဖုံးကွယ်ထားခဲ့ပါ။ တကယ်တော့ သူ့ရဲ့နှလုံးသားက ရေခဲတွေထက်တောင် အေးစက်ပါသေးတယ်။

လက်စားချေဖို့ကိုပဲတွေးနေခဲ့ပြီ ဘယ်လိုပဲဟန်ဆောင်ရပါစေ အသင့်ဖြစ်နေခဲ့တယ်။ ဘယ်သူမှမစိုးရိမ်နိုင်တဲ့ မိန်းမငယ်လေးတစ်ယောက်အဖြစ် သူ့ကိုယ်သူပြောင်းလဲပြစ်ဖို့လဲ ၀န်မလေးခဲ့ပါဘူး။

ကျင်မုက သူ့ကိုသဘောကျနှစ်သက်နေတာလဲ နားလည်ပါတယ်။ ဒါပေမယ့် သူမရဲ့အစီအစဥ်ကြောင့် ဒီလိုချစ်မှုရေးရာကိစ္စတွေအတွက် အာရုံမစိုက်နိုင်တာကြောင့် အဖြဘယ်တော့မှမပေးခဲ့ပါဘူး။ သူ့မှာရည်မှန်းချက်တစ်ခုသာရှိပါတယ်။ အဲ့ဒါက လက်စားချေဖို့ပါပဲ။

လက်ရှိအချိန်မှာကတော့ ဟို့ယွိဟောင်ရဲ့ အစားအသောက်တွေကိုမြည်းစမ်းကြည့်ပြီတဲ့အချိန်ကစလို့ သူ့ရဲ့နှလုံးသားက စတင်ပြောင်းလဲနေခဲ့ပါပြီ။ ဒီလိုအပြောင်းအလဲကလဲ နှလုံးသားထဲကထိတ်လန့်မှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

သူ့အဖေရဲ့ ဟင်းချက်လက်ရာမျိုးအရသာရှိတာကို နောက်တစ်ကြိမ်စားသုံးရမယ်လို့ ဘ၀တစ်လျှောက်လုံးမှာမမျှော်လင့်ခဲ့မိတာအမှန်ပါ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ဒီအမှတ်တရတွေအားလုံးကို ပြန်တူးထုတ်နိုင်ခဲ့ပါတယ်။ သူမရဲ့အေးစက်နှလုံးသားကလဲ အဲ့ဒီအချိန်မှာ ပွင့်ထွက်လာတော့တယ်။

သူမက သူ့လိုမိဘမဲ့တစ်ယောက်ပါပဲ။ ဘ၀မှာဒီလိုရည်မှန်းချက် မျှော်လင့်ချက်နဲ့ တမ်းတတာတွေလဲမရှိခဲ့ပါဘူး။ ဒီလက်စားချေစိတ်ကသာ သူ့ကိုဆက်သွားနိုင်အောင် ကူညီပေးခဲ့တာပါ။

ဒါပေမယ့် သူ့ရဲ့ပေါ်ထွက်လာခဲ့မှုက သူမရဲ့နှလုံးသားကို လှုပ်ခတ်စေခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်တွေကမပြောင်းလဲပေမဲ့ တစ်စုံတစ်ယောက်ကတော့ နှလုံးသားထဲ၀င်လာနေခဲ့ပါပြီ။ ဒီလိုလူမျိုးရှိနေမယ်ဆိုရင် သူမရဲ့ အနာဂတ်ကိုဆက်ပြီဘာကိုမှဂရုမစိုက်ပဲ ရင်ဆိုင်နိုင်ဦးမှာလား ကျွီးကျင့်မသိတော့ပါဘူး။ ဒါတွေအားလုံးကိုမသိတော့ပါဘူး။

” ဟို့ယွိဟောင် နင်ဘယ်လိုများ ငါရဲ့ကမ္ဘာထဲကို ၀င်ရောက်လာတာလဲ ”
ကျွီးကျင့် သက်ပြင်းချရင်း တွေးမိလိုက်ပါတယ်။

အပိုင်း ၁၆၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset