Switch Mode

Chapter – 166.2

သေစေနိုင်လောက်နိုင်တဲ့ ဒဏ်ရာ

အပိုင်း ၁၆၆•၂

” သေစေနိုင်လောက်တဲ့ ဒဏ်ရာ ”
°°°
ပေါက်ကွဲမှုက ရေခဲတွေကို ပြန့်ထွက်သွားစေခဲ့ပါတယ်။ အနည်းဆုံး ရွှေ၀ံပုလွေအကောင်နှစ်ဆယ်ကျော်က တစ်ကိုယ်လုံးများပြားတဲ့ ပေါက်ကွဲမှုတွေနဲ့ကြုံတွေ့နေရပါပြီ။ အနီးဆုံးအလယ်ဗဟိုမှာရှိနေခဲ့တဲ့ ရွှေ၀ံပုလွေခြောက်ကောင်ကတော့ လုံး၀ကိုပေါက်ထွက်လို့သွားပါတော့တယ်။

ဒီအခွင့်အရေးကိုအသုံးပြုရင်း တစ်စုံတစ်ယောက်ကတော့ ပြေး၀င်လို့လာခဲ့တယ်။ ဒီလူရဲ့ခန္ဓာကိုယ်က လျှပ်စီးလက်သလို​ပေါ်လာခဲ့ပြီ ရွှေ၀ံပုလွေတစ်ကောင်ရဲ့အနောက်ဘက်ကို ရောက်လာနေခဲ့ရင် သူ့ရဲ့အမှောင်ထုလက်သည်းတွေကို အသုံးပြုကာ ၀ံပုလွေရဲ့ လည်ပင်းကိုဖောက်ချလိုက်ပါတယ်။

ခြေထောက်အောက်ဖက်မှာတော့ အဖြူရောင်တစ်ကွင်း ခရမ်းရောင်တစ်ကွင်းနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းတို့က တောက်ပလာခဲ့ပါပြီ။ နောက်ဆုံးအနက်ရောင်၀ိညာဥ်စက်ကွင်းကတော့ ပိုပြီး ထူးထူးခြားခြားတောက်ပနေခဲ့ပါတယ်။ ဒါကတော့ အမြန်ဆုံးပြေးလာခဲ့တဲ့ဟို့ယွိဟောင်ပါပဲ။

သူ့ရဲ့မျက်လုံးတွေက ငွေရောင်တောက်ပလို့နေခဲ့ပြီစတုတ္ထမြောက်၀ိညာဥ်စက်ကွင်းနဲ့အတူ ခုနှစ်ရောင်ခြယ်ရေ၀ဲတစ်ခုက မျက်လုံးထဲပေါ်လာခဲ့ပါတယ်။ သူက ၀ံပုလွေသုံးကောင်ထဲက တစ်ကောင်ကိုစိုက်ကြည့်လိုက်တယ်။

သူကြည့်တာကို ခံလိုက်ရတဲ့၀ံပုလွေဘုရင်ကတော့ ခေါင်းကိုပြန်ငုံ့သွားခဲ့ပြီ ထူးခြားတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။

အဲ့ဒီနောက် ရွှေရောင်၀ံပုလွေရဲ့ခန္ဓာကိုယ်အနားမှာ တစ်ပေကျော်လောက်ရှိတဲ့ ခုနှစ်​ရောင်ခြယ်ရေ၀ဲတစ်ခုက ဖြစ်ပေါ်လို့လာခဲ့ရင်း စတင်ရစ်၀ဲပြီ သူ့ရဲ့ဦးခေါင်းခွံကိုဖောက်ထွက်ကာ လှည့်ပတ်ပါတော့တယ်။ ရွှေ၀ံပုလွေဘုရင်ရဲ့ခန္ဓာကိုယ်က တောင့်တင်းလို့သွားခဲ့ပြီ မလှုပ်နိုင်တော့ပါဘူး။ သူ့ရဲ့သွေးနီရောင်မျက်လုံးတွေက ဟို့ယွိဟောင်နဲ့ထပ်တူညီတဲ့မီးခိုရောင်ကို ပြောင်းသွားခဲ့ပါတော့တယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ခဏတာအတွင်းမှာ ပုံမှန်ပြန်ဖြစ်လို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကနေ သန်မာလွန်တဲ့ သတ်ဖြတ်လိုစိတ်တွေက ထွက်ပေါ်နေခဲ့ပါတယ်။ ရွှေ၀ံပုလွေအုပ်စုက သူတို့အသက်ကိုအစောပိုင်းမှာ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဒီသတ္တ၀ါတွေအပေါ်မှာ နက်ရှိုင်းတဲ့ရန်ငြိုးက ရှိနေပြီသားပါ။ အခုသူတို့က ခက်ခက်နဲ့ ကျွီးကျင့်တို့အသက်ကိုပါ ခြိမ်းခြောက်နေခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ ကံကြမ္မာမျက်လုံးက ပွင့်လာခဲ့ပြီ ခရမ်းရွှေရောင်အလင်းတန်းတွေက တစ်ချက်ပေါ်ရင်ပျောက်သွားပါတော့တယ်။ ရွှေ၀ံပုလွေဘုရင်ရဲ့ နောက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ကလဲ ချက်ချင်းတောင့်တင်းလို့သွားခဲ့ပါပြီ။ သူက ငွေလရောင်၀ံပုလွေဘုရင်လိုမျိုး စိတ်၀ိညာဥ်စွမ်းအားကို မပိုင်ဆိုင်ခဲ့ပါဘူး။ ဒါကြောင့် ကံကြမ္မာ၀ိညာဥ်အကြည့်နဲ့ ရင်ဆိုင်ရချိန်မှာ ချက်ချင်းဆိုသလို တောင့်တင်းလို့သွားခဲ့ရင် လွှင့်ထွက်လို့သွားပါတော့တယ်။ သူက နေရာမှာတင် ပေါက်ကွဲထွက်လို့သေသွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကြောက်စရာကောင်းလွန်လှတဲ့ အင်အားကိုပိုင်ဆိုင်လို့ထားပါတော့တယ်။ ၀ိညာဥ်စွမ်းရည်နဲ့ ထိန်းချုပ်ခံထားရတဲ့ ရွှေ၀ံပုလွေဘုရင်ကတစ်ကောင် ပေါက်ကွဲထွက်ပြီသေသွားတာက တစ်ကောင်ပြီရင်နောက်တစ်ကောင်သာကျန်ရစ်ပါတော့တယ်။ နောက်တစ်ကောင်ကလဲ အစောပိုင်းစွမ်းအားပေါက်ကွဲမှုတွေကြောင့် လွှင့်ထွက်လို့နီးပါးဖြစ်နေခဲ့ပါပြီ။

အဲ့ဒီနောက် လက်ထဲမှာ ၀ံပုလွေတစ်ကောင်ရဲ့အလောင်းကိုကိုင်ရင် ဟို့ယွိဟောင်က ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုကာဖောက်ခွဲပြစ်လိုက်ပါတော့တယ်။

အစောပိုင်းတုန်းက နှစ်တစ်ထောင်၀ံပုလွေရဲ့အလောင်းကို ဟို့ယွိဟောင်ထိန်းသိမ်းထားခဲ့တာပါ။ ၀ိညာဥ်သားရဲကောင်တစ်ကာင်ရဲ့ ၀ိညာဥ်စွမ်းအားသေပြီတဲ့နောက် တစ်နာရီအတွင်းပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါ့အပြင် ရေခဲပေါက်ကွဲမှုနည်းလမ်းနဲ့ ကောင်းကောင်းသုံးလို့ရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က အောက်လမ်းပညာကိုအသုံးပြုပြီး ၀ံပုလွေရဲ့အလောင်းကိုထိန်းချုပ်ထားခဲ့တဲ့အတွက် ၀ိညာဥ်စွမ်းအားက ကျန်နေပါသေးတယ်။ ဒါကြောင့် လက်ရှိအချိန်အတွက် အသုံး၀င်လာခဲ့တာပါ။

လက်ရှိအချိန်မှာ ၀ံပုလွေရဲ့အကောင်လေးဆယ်ကသာ တိုက်ခိုက်နိုင်စွမ်းရှိပါသေးတယ်။ နောက်ဆုံးကျန်ရစ်တဲ့၀ံပုလွေက မုန်းတီးလွန်လှတဲ့အကြည့်နဲ့ ဟို့ယွိဟောင်ကိုကြည့်နေရင် စတင်ခုန်အုပ်ပါတော့တယ်။ မမျှော်လင့်ထားအောင်လောက်ပဲ သူခုန်အုပ်ဖို့ပြင်နေချိန်မှာ ၀ံပုလွေလက်သည်းတစ်စုံက သူ့ခန္ဓာကိုယ်ကိုတိုက်ခိုက်ပါပြီ။ ဒီကြောက်စရာ၀ံပုလွေတွေရဲ့လက်သည်းတွေက သူ့ခန္ဓာကိုယ်ကိုနောက်ပြန်ဆွဲသွားခဲ့ပါတယ်။ အရှေ့မှာရှိနေခဲ့တဲ့ ၀ံပုလွေကလဲ ဆွဲဖြဲခံလိုက်ရပြီ သူ့ရဲ့အတွင်းကလီစာနဲ့ အသားတွေက နေရာအနံ့မှာပြန့်ကျဲကုန်ခဲ့တယ်။

ဟို့ယွိဟောင်ရဲ့စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ထိန်းချုပ်တာခံလိုက်ရတဲ့ ၀ံပုလွေဘုရင်က ဒီလိုတိုက်ခိုက်တာပါ။ သူက ရူးသွပ်သွားတဲ့ပုံစံပါပဲ။ ရွှေ၀ံပုလွေဘုရင်ကို သတ်ပြီတဲ့နောက် ကျန်ရစ်တဲ့၀ံပုလွေတွေကို ထပ်ပြီတိုက်ခိုက်ပါတော့တယ်။

ဒါက ငွေလရောင်၀ံပုလွေဘုရင်ဆီကနေ ဟို့ယွိဟောင်ရရှိထားတဲ့ ၀ိညာဥ်စွမ်းရည်ပါပဲ။ စိတ်၀ိညာဥ်စိတ်ရှုပ်ထွေးစေမှုလို့ ခေါ်ပါတယ်။ ဒါကိုငွေလရောင်၀ံပုလွေဘုရင်တောင် မပိုင်ဆိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစားပညာရှင်ဖြစ်သလို ငွေလရောင်၀ံပုလွေဘုရင်ကလဲ အတိအကျကြီးစိတ်၀ိညာဥ်အမျိုးအစားတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး တခြားအရာတွေကို ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့်သာ များပြားတဲ့ ဓာတ်သဘောသဘာ၀ကိုပိုင်ဆိုင်ထားခဲ့တာပါ။

ဒါကြောင့်လဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးတွေနဲ့ ပေါင်းစည်းလိုက်ချိန်မှာတော့ ဒီ၀ိညာဥ်စွမ်းရည်အဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။

ပစ်မှတ်တစ်ခုကိုတစ်ကြိမ်သာ အသုံးပြုနိုင်ပေမဲ့ ပစ်မှတ်ရဲ့စိတ်၀ိညာဥ်အင်အားကသာ အသုံးပြုသူရဲ့ သုံးပုံတစ်ပုံလောက်သာရှိမနေဘူးဆိုရင် သေချာပေါက် သိသာထင်ရှားတဲ့ စိတ်ရှုပ်ထွေးစေမှုကို ဖန်တီးစေနိုင်ပါတယ်။

ပေါင်းစည်းလိုက်ပြီချိန်မှာကတော့ သူက ရူးသွပ်သွားပြီ ပတ်ပတ်လည်မှာရှိသမျှအရာအားလုံးကို တိုက်ခိုက်မှာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားသုံးပုံတစ်ပုံထက် သူ့စိတ်၀ိညာဥ်စွမ်းအားက ပိုကြီးနေမယ်ဆိုရင်တော့ ပစ်မှတ်ကစိတ်ပိုင်ဆိုင်ရာတိုက်ခိုက်ခံရပါလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့အခြေအနေအပေါ်မူတည်ပြီသက်ရောက်မှုကလဲ ကွာခြားမှာပါ။ သေချာပေါက် စိတ်၀ိညာဥ်စွမ်းအားက သိသိသာသာကျဆင်းသွားမှာဖြစ်သလို တခဏတာလဲ ကြောင်အနေနိုင်ပါတယ်။

အကယ်၍ ဟို့ယွိဟောင်ရဲ့လူအများကြီးကို ထိခိုက်အောင်လုပ်နိုင်တဲ့ ချည့်နဲ့စေမှုက အုပ်စုလိုက်တိုက်ခိုက်မှုတွေမှာ အသုံး၀င်တယ်ဆိုရင် စိတ်၀ိညာဥ်ရှုပ်ထွေးစေမှုကတော့ တစ်ခုထဲရဲ့ပစ်မှတ်ကို ထိန်းချုပ်ပြီ တိုက်ခိုက်စေနိုင်မှာပါ။

ဒါကိုသူပထမဆုံးအသုံးပြုတာဖြစ်သလို အကျိုးသတ္တိကလဲ အတော်ကိုကောင်းမွန်လွန်လှပါတယ်။

နောက်ဆုံးကျစ်ရစ်တဲ့ ၀ံပုလွေဘုရင်က ရူးသွပ်လို့သွားပြီ သူ့ရဲ့ အမျိုးတူတွေကိုကိုက်သတ်နေခဲ့ပါပြီ။ ကြောက်စရာတိုက်ခိုက်လိုစိတ်က လက်ရှိအချိန်မှာ၀ံပုလွေအုပ်တွေကို ထိတ်လန့်စေခဲ့သလို သူတို့တွေလဲ ကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတော့တယ်။

ရူးသွပ်နေတဲ့၀ံပုလွေဘုရင်နဲ့ တိုက်ခိုက်ဖို့ဟို့ယွိဟောင်စိတ်မ၀င်စားတော့ပါဘူး။ သူချက်ချင်းဆိုသလို စက်ကိရိယာကြီးဆီကို ပြေးသွားခဲ့ပါပြီ။ ကျွီးကျင့်နဲ့ ခက်ခက်တို့ဘယ်လိုရှိနေလဲသူမသိတော့ပါဘူး။ ဒိီအချိန်မှာ အဲ့ဒီစက်ကိရိယာရဲ့တံခါးက ပွင့်လာခဲ့ပါတယ်။ အမျိုးသမီးတွေက ကြောက်လန့်တကြားပြေးထွက်လာပြီ လှမ်းအော်တော့တယ်။

” ယွိဟောင် ပြေးတော့ ခက်ခက်က ၀ိညာဥ်လက်နက်တွေအားလုံးကိုသုံးပြီကိုယ့်ကိုကိုယ် ဖျက်ဆီးနိုင်တဲ့ စက်ကိရိယာကို ဖန်တီးလိုက်ပြီးပြီ ”

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဒီမြင်ကွင်းကိုလှမ်းမြင်နေရပါတယ်။ အတွင်းပိုင်းကိုသိနေခဲ့သလို ကြောက်စရာပေါက်ကွဲမှုက ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာမှန်း သိနေခဲ့တယ်။

ပိုပြီးကြောက်စရာကောင်းတာကတော့ ဒီလက်ရှိအချိန်မှာသူ့ရဲ့ယောင်္ကျားပီသမှုကို ထုတ်ဖော်ပြသရတော့မှာပါ။ သူလှည့်ပြီထွက်မပြေးပဲကျွီးကျင့်နဲ့ခက်ခက်တို့ဆီကို ပြေး၀င်လာခဲ့ပါတယ်။ ဒီနှစ်ယောက်က လက်ရှိအချိန်မှာ ၀ိညာဥ်စွမ်းအားတွေအားလုံးကုန်ဆုံးသွားပြီဖြစ်တာကြောင့် ဖောက်ခွဲမှုကနေလွှတ်အောင်မပြေးနိုင်မှန်း သူသိနေခဲ့တယ်။

သူတို့တွေ အဲ့ဒီနေရာမှာ ရပ်နေမှာကိုသိတဲ့အတွက် ဟို့ယွိဟောင် ချက်ချင်းဆိုသလို ကယ်ထုတ်ဖို့လုပ်ပါတော့တယ်။ သူ့ကိုလက်မလျှော့ခဲ့တဲ့ ဒိီအမျိုးသမီးတွေကို ဘယ်လိုလုပ်အန္တရာယ်ကြားထဲပြစ်ထားရမှာလဲ။

ဘာကိုမှမပြင်ဆင်ထားပဲ သူချက်ချင်းဆိုသလို ပြေးသွားပြီတဲ့နောက် အမျိုးသမီးနှစ်ယောက်ကို လက်ထဲမှာချည်ထားရင် အဆင့်ငါးရှပ်ပြေးကို အသုံးပြုပြီး နေရာတစ်နေရာကို ရွေးချယ်ကာအဲ့ဒီနေရာဆီကို ဦးတည်ပြီပြေးပါတော့တယ်။

သူပြေးထွက်ပြီ နှစ်စက္ကန့်အတွင်းမှာပဲ စက်ကိရိယာကြီးက နီရဲလို့သွားကာကြီးမားပြင်းထန်တဲ့ပေါက်ကွဲသံကြီးလဲ ဖြစ်ပေါ်လာပါတော့တယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အကူအညီကို ရရှိထားဆဲပါပဲ။ ဒါကြောင့် ပေါက်ကွဲမှုအ​ချိန်အတိအကျကို သိနိုင်ပါတယ်။ လက်နှစ်ဖက်ကို အနေအထားပြောင်းလိုက်ပြီ ကျွီးကျင့်နဲ့ ခက်ခက်ကို ခန္ဓာကိုယ်အရှေ့ဆီတွန်းပို့လိုက်ရင်း သူတို့နှစ်ယောက်ကို သူ့ခန္ဓာကိုယ်နဲ့အုပ်မိုးလို့ထားလိုက်ပါတယ်။ ဟုန်ချန်ကောင်းချီးမင်္ဂလာကို အသက်သွင်းလိုက်ပြီ ရေခဲဧကရီရဲ့သံချပ်ကာကိုပါ ထုတ်လွှတ်ရင်း သူ့ရဲ့ခုခံနိုင်စွမ်းကို အဆုံးစွန်းအထိရောက်အောင် မြင့်တင်လိုက်တော့တယ်။

အနောက်ကနေရောက်လာတဲ့ အပူလှိုင်းကိုတစ်ချက်သာ ခံစားလိုက်ရပြီတဲ့နောက် အရာအားလုံးက ပြောင်းပြန်လှန်းသွာသလိုပါပဲ။ သူ့ရဲ့လည်ချောင်းထဲကို ညှီးနံ့နံနဲ့ချိုမြန်တဲ့အရာတွေက မြင့်တက်လာတာခံစားလိုက်ရပါတယ်။ ဒါ့အပြင် ဟုန်ချန်ကောင်းချီးမင်္ဂလာနဲ့ ရေခဲဧကရီသံချပ်ကာတို့ကလဲ ပျက်စီးလို့သွားခဲ့ပါပြီ။ သူ့ရှေ့မှာရှိသမျှအရာအားလုံးက အမှောင်အထိကြသွားသလိုမျိုးသူသတိလစ်သွားပါတော့တယ်။

ခက်ခက်ဖန်တီးထားတဲ့ ပေါက်ကွဲမှုက အရမ်းကိုကြောက်စရာကောင်းနေခဲ့တယ်။ သူဘ၀မှာလုပ်ဖူးသမျှဗျူဟာတွေအားလုံးကို အသုံးပြုပြီး သတ်ကွင်းကြီးတစ်ခုကိုသူမက ဖန်တီးခဲ့တာပါ။ ရွှေ၀ံပုလွေတွေအားလုံးနီးပါးကို တစ်ပါထဲအပါခေါ်သွားပြီ သတ်ဖြတ်ဖို့အတွက် သူမက စီစဥ်ခဲ့ပါတယ်။ အဖြေရဲ့အခြေအနေပြောင်းလဲသွားတာကို ရှာဖွေတွေ့ရှိသွားချိန်မှာတော့ အခြေအနေတွေက နောက်ကျလို့သွားနေခဲ့ပါပြီ။

အားလုံးက အသက်ရှင်ဖို့အတွက် အင်မတန်ကို လိုလားတောင့်တကြပါတယ်။ အပြင်ကအန္တရာယ်ပျောက်ကွယ်သွားတာကို သိသိချင်ချက်ချင်းဆိုသလို လွှတ်မြောက်ဖို့ကြိုးစားကြတော့တယ်။

ပေါက်ကွဲမှုအင်အားကြောင့် တိုက်ရိုက်မထိခိုက်ကြတာကြောင့် ဘာတွေဖြစ်သွားလဲဆိုတာကို မမြင်လိုက်ရပါဘူး။ ပတ်၀န်းကျင် အခြေအနေက ပေါ့ပါးသွားတာကို ခံစားလိုက်ရပြီတဲ့နောက် အင်အားတစ်ခုက သူတို့ဆီကို ပြန်ဖြတ်ထွက်လို့လာခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင် သူတို့ကိုကာကွယ်ပေးလိုက်တဲ့ လှိုင်းနဲ့တော့ဒါကယှဥ်လို့မရနိုင်ပါဘူး။

အစောပိုင်းတုန်းက စိတ်ရှုပ်ထွေးမှုအခြေအနေမှာရှိနေခဲ့တဲ့၀ံပုလွေကတော့ ပေါက်ကွဲမှုကြောင့် အလောင်းတောင်မကျန်ရစ်တော့ပဲ ပျောက်သွားခဲ့ရပါပြီ။

အဆင့်ငါး၀ိညာဥ်ရှပ်ပြေးက ဟို့ယွိဟောင်နဲ့ ကောင်မလေးတွေကို နှစ်စက္ကန့်အတွင်းမီတာတစ်ရာအထိ ရောက်လာစေခဲ့ပါတယ်။ ဒါကြောင့်သာ အင်အားလှိုင်းရဲ့ပေါက်ကွဲမှုကို ခံလိုက်ရတာပါပဲ။

ဟို့ယွိဟောင်က အမျိုးသမီးနှစ်ယောက်အပေါ်ကို သွေးတွေအန်ချလိုက်ပါပြီ။ အဲ့ဒီနောက် သူတို့သုံးယောက်က မြေပြင်ပေါ်ကို အတူတူလဲကျသွားခဲ့ပါပြီ။ ကျွီးကျင့်နဲ့ ခက်ခက်တို့လဲ သတိလစ်မတတ်ဖြစ်သွားခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်မထိခိုက်အောင်လို့ မျက်လုံးတွေကိုကျယ်အောင်ဖွင့်ထားခဲ့တယ်။

ကျွီးကျင့်ရဲ့စကားကိုသာနားထောင်ပြီ ဟို့ယွိဟောင် လွှတ်အောင်ပြေးခဲ့မယ်ဆိုရင် သူသေချာပေါက် ဒီလိုထိခိုက်မှာမဟုတ်မှန်း သူသိနေခဲ့တယ်။ လွှတ်အောင်လဲပြေးနိုင်မှာလဲသေချာနေခဲ့ပါတယ်။

ကျွီးကျင့်က စိတ်ပိုင်ဆိုင်ရာအရကောင်းနေဆဲပါပဲ။ ဟို့ယွိဟောင်ရဲ့ လုံခြုံစိတ်ချမှုအတွက် သူမကအတော်လေးကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ခက်ခက်ကတော့ နောင်တအရမ်းရနေခဲ့ပါပြီ။ အကယ်၍ သူသာ စိတ်လောလွန်ပြီ အပြင်အခြေအနေကို မစောင့်ကြည့်ပဲ ဒီလိုပေါက်ကွဲမှုကိုမဖန်တီးခဲ့ဘူးဆိုရင် ဒါတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ရွှေ၀ံပုလွေတွေက သူ့ကိုဘာမှမထိခိုက်စေခဲ့ပေမဲ့ သူမကတော့ ကိုယ်ရဲ့ဖန်တီးထားတဲ့ ဗုံးတွေကြောင့်သေလုနီးပါးဖြစ်သွားခဲ့ရတယ်။

ဒါကိုတွေးမိတဲ့နောက် ခက်ခက်ရဲ့နှလုံးသားက ဓားတွေနဲ့စိုက်ခံနေရသလို ခံစားရပါတယ်။ ဟို့ယွိဟောင်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကနေသွေးတွေဆက်တိုက်စီးကျလို့နေခဲ့ပြီ သူက အရမ်းကိုဖြူဖျော့လို့နေပါတော့တယ်။

ဟို့ယွိဟောင်ဖက်ထားတဲ့ လက်ထဲကနေ သူတို့နှစ်ယောက်ကုန်ရုန်းပြီ ထလာရင်းအဝေးနေရာကိုကြည့်ကာ မျက်လုံးပြူးနေခဲ့ပါတယ်။ စက်ကိရိယာက လုံး၀ကိုမရှိတော့ပါဘူး။ အဲဒီပေါက်ကွဲတဲ့နေရာပတ်ပတ်လည်မီတာငါးရာအတွင်းမှာ ဘာဆိုဘာမှမရှိတော့ပဲ မီးလောင်ပြင်ကြီးသာကျန်ရစ်ပါတော့တယ်။ ဒါ့အပြင် ဆယ့်ငါးမီတာပတ်လည်မှာကတော့ ချိုက်ကြီးတစ်ချိုက်ဖြစ်နေခဲ့ပါပြီ။ ရွှေ၀ံပုလွေတွေရဲ့အလောင်းတွေအားလုံးပါ အမှုန့်ဖြစ်သွားခဲ့ရပါတယ်။ သွေးညှီးနံ့တွေကတော့ ဆယ်မီတာအထိကို ပြန့်လွှင့်လို့နေခဲ့ပြီ ရှိရှိသမျှနေရာတွေအားလုံးက မီးလောင်ပြင်တွေနဲ့ သွေးတွေသာကျန်ရှိလို့နေပါတော့တယ်။

တခဏတာကြောင်အ​နေပြီတဲ့နောက် သတိလစ်နေတဲ့ ဟို့ယွိဟောင်ဆီကို သူတို့အကြည့်ရောက်သွားခဲ့ကြတယ်။

ဟို့ယွိဟောင်က တစ်ကိုယ်လုံးသွေးတွေရွှဲနစ်နေခဲ့ပါပြီ။ သူရဲ့နောက်ကျော ပေါင် ခြေသလုံးတွေအားလုံးက သွေးတွေဆက်တိုက်ထွက်နေခဲ့ပါတယ်။ ဒါ့အပြင် ကြွက်သားတွေအပေါ်မှာ စက်ကိရိယာရဲ့ အပိုင်းအစတွေက စိုက်လို့နေခဲ့ပါတယ်။

” မဖြစ်ဘူးဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ ဘာကြောင့် ဒီလိုအဆုံးသတ်သွားရတာလဲ ”

ခက်ခက်က စိတ်ကိုလုံး၀လွှတ်သွားခဲ့ပါတယ်။

” စိတ်အေးအေးထားပြီ ပါးစပ်ပိတ်ထားစမ်း ငါတို့စိတ်အေးအေးထားမှရမယ်”

ကျွီးကျင့်က ဒေါသတကြီးနဲ့အော်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်အနားကို ထိုင်ချလိုက်ရင်း အသက်ရှိသေးလား မရှိသေးလားဆိုတာ စစ်ဆေးလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့သွေးခုန်နှုန်းကို တိုင်လိုက်တယ်။ ဟို့ယွိဟောင်ရဲ့ သွေးခုန်နှုန်းကအားနည်းပေမဲ့ စည်းချက်ကျကျခုန်နေဆဲပါပဲ။ ကျွီးကျင့်မသက်ပြင်းပြင်းရှုရင် ဒီအချိန်မှာ ဟို့ယွိဟောင်ရဲ့ အသက်ကိုကယ်တင်ဖို့က ခေါင်းအေးအေးထားဖို့လိုမှန်းဆုံးဖြတ်လိုက်ပါတယ်။

” ခက်ခက် ငါတို့ကိုကာကွယ်ပေး ငါသူ့ကိုကယ်မယ် ”
သူပြောပြီတဲ့နောက် သိုလှောင်ရေး၀ိညာဥ်လက်နက်တစ်ခုကို ထုတ်လိုက်ပါတော့တယ်။ ဒါက လိမ္မော်နီရောင်တောက်နေတဲ့ လက်ပတ်တစ်ခုပါ။ အဲ့ဒီအထဲမှာတော့ များပြားတဲ့၀ိညာဥ်လက်နက်တွေအများကြီးပါပဲ။

” ကောင်းပြီ ”

ခက်ခက်လဲ အခုလက်ရှိအချိန်မှာ သူ့ကိုယ်သူစိတ်ငြိမ်အောင် ပြန်ထိန်းထားခဲ့ပါတယ်။ အဲ့ဒီနောက် နို့ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီ၀ိညာဥ်စွမ်းအားတွေကိုပြန်လည်ဖြည့်တင်းသလို ကျွီးကျင့်ရဲ့သိုလှောင်ရေးလက်နက်ထဲက ၀ိညာဥ်လက်နက်တွေကို ထုတ်ပြီတော့လဲ ခုခံမှုတစ်ခုကိုဖန်တီးလိုက်ပါတယ်။

ကျွီးကျင့်က လက်ရှိအချိန်ပတ်၀န်းကျင်နဲ့ ခက်ခက်ကို အာရုံစိုက်ဖို့အတွက် လုံး၀ကိုစွမ်းအားရှိမနေတော့ပါဘူး။ ဟို့ယွိဟောင် အသက်ရှင်နေပေမဲ့ သူ့ရဲ့အသက်စွမ်းအားက မြန်မြန်ဆန်ဆန်ပျောက်ကွယ်နေပါတယ်။ အခုလက်ရှိအချိန် စက္ကန့်ပိုင်းအတွင်း အသက်ပျောက်သွားနိုင်တာကြောင့် ဒါကိုအရင်ဖြေရှင်းရမှာပါ။ သူ့ခန္ဓာကိုယ်မှာရှိနေတဲ့ စက်ကိရိယာရဲ့အချွန်အတက်တွေကို ဂရုစိုက်မနေနိုင်ပါဘူး။ ဒါတွေကိုအခုဆွဲထုတ်လို့မရမှန်း သိနေခဲ့ပါတယ်။ သူပိုပြီးသွေးထွက်လွန်သွားရင် အသက်သေနိုင်လောက်မှန်း သူသိနေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ အခြေအနေကို အရင်ဆုံးတည်ငြိမ်အောင် လုပ်ရမှာပါ။

သူဒါကိုတွေးပြီတာနဲ့ အပ်တစ်ခုကိုထုတ်ပြီ ဟို့ယွိဟောင်ရဲ့အသက်ကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီအပ်တွေကိုစိုက်နေတဲ့အချိန် သူ့ရဲ့လက်တွေက တုန်ရီလို့နေခဲ့တယ်။ စိတ်အင်အားနဲ့၀ိညာဥ်စွမ်းအားတွေက အများကြီးကုန်ဆုံးလို့နေခဲ့သလို စိုးရိမ်ပူပန်းမှုကလဲ ငယ်ထိပ်ကိုစောင့်တက်နေခဲ့ပါပြီ။

ရုတ်တရက်ဆိုသလို ဘယ်ဘက်လက်ကို မြောက်လိုက်ပြီတဲ့နောက် သူ့ရဲ့လက်ကောက်၀တ်ကို ကိုက်ချလိိုက်ပါတော့တယ်။ နက်ရှိုင်းတဲ့ဒဏ်ရာနဲ့ ပြင်းထန်တဲ့နာကျင်မှုက သူ့ရဲ့စိတ်ကိုတခဏတာစုစည်းလို့သွားစေခဲ့တယ်။ အဲ့ဒီနောက်အပ်တွေကိုစိုက်နေတဲ့အချိန် လက်မတုန်နေပဲနဲ့ ပြန်ပြီးတည်ငြိမ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ဒဏ်ရာတွေကိုသူစပြီတော့ ချုပ်ပါတော့တယ်။

ပေါက်ပြဲသွားတဲ့ သွေးကြွေးတွေနဲ့ အရေပြားတွေကြွက်သားတွေအားလုံးကို သူမစပြီတော့ ထိန်းချုပ်နေတော့တယ်။ ဟို့ယွိဟောင်ရဲ့သွေးတွေဆုံးရှုံးမှုတွေကိုလျော့ကျစေပြီ သူ့ရဲ့ဒဏ်ရာတွေကို သူမရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ ဖိထားကာစတင်ပြီသွေးထွက်လွန်တာကို ထိန်းပါတော့တယ်။

သူမရဲ့အ၀တ်တွေအားလုံးကလဲ ဟို့ယွိဟောင်ရဲ့သွေးနဲ့ရွှဲစိုနေခဲ့ပါပြီ။ ဒဏ်ရာတွေကိုချုပ်တာက အတော်ကိုအာရုံစိုက်ဖို့လိုပါတယ်။ ကျွီးကျင့်လိုမျိုး အသေးစိတ်ကြတဲ့ဗျူဟာတွေကို ဖန်တီးနေကြသူအတွက်တော့ သိပ်ပြီမခက်ခဲပါဘူး။ ဟို့ယွိဟောင်ရဲ့ သွေးဆုံးရှုံးမှုက နောက်ဆုံးမှာရပ်သွားပါတော့တယ်။ သူကအရမ်းကို အားနည်းပြီဖြူဖျော့နေဆဲပါ။

ဟို့ယွိဟောင်ရဲ့သွေးတွေဆီကနေရလာတဲ့ ပူပြင်းကိုကျွီးကျင့်ခံစားလိုက်ရပါတယ်။ သူမရဲ့ခန္ဓာကိုယ်လဲ ချက်ချင်းဆိုသလိုပူနွေးလို့လာခဲ့ပြီ အရမ်းကိုသက်သောက်သက်သာဖြစ်တဲ့ခံစားချက်တစ်ကိုယ်လုံးကို စီးဆင်းလာတော့တယ်။ ဒါက သူမရဲ့အင်အားတွေကိုခပ်မြန်မြန်ပဲ ပြန်လည်ရရှိလာစေခဲ့ပါတယ်။

ကျွီးကျင့်လဲ ဒါကိုပြဿနာတစ်ခုအဖြစ် သတိထားမိလိုက်ပါပြီ။ ဒီလိုမျိုး သူမအတွက်နဲ့ ဒီသွေးရဲ့စွမ်းအားတွေကို အလဟာသဖြစ်စေမခံနိုင်ပါဘူး။ ဒီကလေးရဲ့စွမ်းအားသွေးတွေက ဘယ်လိုစွမ်းအားများရှိနေတာပါလဲ။

အပိုင်း ၁၆၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset