Switch Mode

Chapter – 166.1

သေစေနိုင်လောက်တဲ့ ဒဏ်ရာ

အပိုင်း ၁၆၆•၁

” သေစေနိုင်လောက်တဲ့ ဒဏ်ရာ ”
°°°
” လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူတို့တွေကဟို့ယွိဟောင်ကိုရှာဖွေဖို့အတွက်ကြိုးစားနေခဲ့ကြပါတယ်။ လမ်းတစ်လျှောက်လုံးမှာများပြားတဲ့၀ိညာဥ်သားရဲကောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမယ့် အဆင့်ငါး၀ိညာဥ်ပညာရှင်တွေဖြစ်တာကြောင့် အသက်အန္တာရာယ်တော့ မကြုံတွေ့ခဲ့ရပါဘူး။ ဒါ့အပြင် စက်ကိရိယာကြီးကလဲ သူတို့ကိုကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့် တောင်ထိပ်ကိုရောက်ရှိချိန်မှာကတော့ တိုက်ပွဲရဲ့ခြေရာလက်ရာတွေကိုပဲ ရှာတွေ့ခဲ့ပြီ ဟို့ယွိဟောင်ကိုမတွေ့ရပါဘူး။ အနီးအနားတောင်တွေမှာ ရှာဖွေခဲ့ပြီ ဟို့ယွိဟောင်သေပြီဆိုတာကို မယုံနိုင်ပဲဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လုံး၀ ဘာကိုကိုမတွေ့ခဲ့ရပါဘူး။

နောက်ဆုံးသူတို့တွေ ထွက်ခွာဖို့ပြင်ပြီ အရင်တုန်းက တဲစခန်းချဖူးတဲ့နေရာကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်တွေ တိုက်ခိုက်တာကိုခံလိုက်ရတော့တယ်။

ရန်သူတွေက တစ်ယောက်ရဲ့လမ်းကိုတစ်ယောက်ဖြတ်မိတတ်ကြပါတယ်။ ဟို့ယွိဟောင် အရှေ့ရက်တုန်းကတိုက်ခိုက်ခဲ့တဲ့ ရွှေရောင်၀ံပုလွေအုပ်နဲ့ သူတို့တွေ့မိသွားတာပါ။

ငွေလရောင်၀ံပုလွေဘုရင်ရဲ့သေဆုံးမှုက ရွှေ၀ံပုလွေသုံးကောင်အတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။ ငွေလရောင်၀ံပုလွေဘုရင်က သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်ရဲ့ကျင့်ကြံမှုအတွက် အသင့်တော်ဆုံးသတ္ထုရိုင်းတွေကို အင်မတန်နားလည်တတ်တဲ့သူပါ။ သူ့ရဲ့လမ်ညွှန်မှုတွေ ဦးဆောင်မှုတွေအောက်မှာ ၀ံပုလွေအုပ်စုတစ်ခုလုံးရဲ့အစွမ်းအစက နှစ်ဆယ်ရာခိုင်နှုန်းအထိကိုတိုးမြင့်လာခဲ့ပါတော့တယ်။ သူက လုံး၀ကိုလေးစားစရာကောင်းတဲ့သူပါပဲ။ ရွှေရောင်၀ံပုလွေတစ်ကောင်အနေနဲ့ နှစ်တစ်ရာကျင့်ကြံဆင့်ကိုပဲ ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် သူက နှစ်တစ်ရာနဲ့နှစ်ဆယ်ကျင့်ကြံဆင့်ပိုင်ဆိုင်ထားသူတွေနီးပါးအစွမ်းအစထက်နေခဲ့မှာပါ။

ဒါပေမယ့် ငွေလရောင်၀ံပုလွေဘုရင်က ဟို့ယွိဟောင်ရဲ့ လက်ထဲမှာဒီအတိုင်းသေသွားခဲ့ရပါတယ်။ ဒါပေမယ့် တကယ်ကြီးသေဆုံးသွားခဲ့ပြီဆိုတာကို သူတို့လဲ သေချာမသိနိုင်ပါဘူး။ ဒါကြောင့်သာ လွန်ခဲ့တဲ့နှစ်ရက်လုံးလုံးရူးရူးသွပ်သွပ်ပုံစံနဲ့ ၀ံပုလွေအုပ်စုကို ဦးဆောင်ပြီငွေလရောင်၀ံပုလွေဘုရင်ကို သူတို့ရှာဖွေခဲ့ကြတယ်။ တခြား၀ိညာဥ်သားရဲကောင်တွေနဲ့ ရှာဖွေတွေ့ရှိချိန်မှာလဲ အားလုံးကိုသတ်ပြစ်ခဲ့ပါတယ်။ အဓိကတောင်ကြောကြီးရဲ့တစ်လျှောက်မှာတော့ ဒီ၀ံပုလွေအုပ်ကို ယှဥ်ပြိုင်နိုင်တဲ့ တခြားဘယ်သားရဲကောင်မှ မရှိပါဘူး။

အသိပညာမြင့်မားလာတဲ့ ရွှေရောင်၀ံပုလွေသုံးကောင်က ပျက်စီးနေတဲ့ သတ္ထုဘောလုံးကြီးကို တွေ့ချိန်မှာတွေဝေမနေတော့ပဲ သူတို့ရဲ့၀ံပုလွေအုပ်စုကိုဦးဆောင်ပြီ တိုက်ခိုက်ခဲ့ပါတယ်။ ကျွီးကျင့်နဲ့ ခက်ခက်တို့ကလဲ ကြမ်းတမ်းတဲ့တိုက်ပွဲကို ရင်ဆိုင်နေခဲ့ပါပြီ။

သူတို့တွေက အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဖြစ်တဲ့အတွက် ၀ိညာဥ်လက်နက်တွေအများကြီးရှိသလို အဆင့်နှိမ့်တဲ့ရွှေ၀ံပုလွေတွေအများကြီးကိုလဲ သတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ၀ိညာဥ်စွမ်းအားက အကန့်အသတ်ရှိနေခဲ့တယ်။ ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို ပေါ်ပေါ်တင်တင်ကြီး မသုံး၀ံ့သေးပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင် ပိုင်ဆိုင်ထားသလို ပုံစံတူတုပမှုကိုလဲ မပိုင်ဆိုင်တဲ့အတွက် လေထဲကိုသာရောက်သွားခဲ့မယ်ဆိုရင် ၀ိညာဥ်သားရဲကောင်တွေရဲ့ အဖက်ဖက်ကနေတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် ရွှေ၀ံပုလွေသုံးကောင်ကလဲ ဆယ်မီတာကျော်အထိ ခုန်နိုင်ပါတယ်။ သူတို့ကိုလွှတ်မြောက်ဖို့အခွင့်အရေးပေးမှာမဟုတ်ပါဘူး။

ခက်ခက်ရဲ့လက်ထဲမှာ ရှိနေခဲ့တဲ့ ကြီးမားတဲ့အမြောက်ကြီးက ရွှေ၀ံပုလွေဘုရင်တစ်ကောင်ဆီကို ပြစ်လွှတ်လိုက်ပါတယ်။ ရွှေ၀ံပုလွေဘုရင်ရဲ့ ခန္ဓာကိုယ်မှာမီးပွားတွေထွက်သွားခဲ့ပြီတဲ့နောက် သူလဲ ဆယ်မီတာကျော်အထိကို လွှင့်ထွက်လို့သွားခဲ့ပါပြီ။

ဒါကတော့ ခက်ခက်ရဲ့ လေလျှပ်စီးအမြောက်ပါပဲ။ လေရဲ့အရှိန်နှုန်းကိုပိုင်ဆိုင်ထားခဲ့ပြီ မိုးကြိုးရဲ့အင်အားကိုတုပနိုင်ပါတယ်။ အရမ်းကိုအားကောင်းတဲ့အပြင် သတ္ထုအမျိုးအစားသားရဲကောင်တွေကို ရင်ဆိုင်ဖို့အဓိကထုတ်ထားတာပါ။

ခက်ခက်ရဲ့၀ိညာဥ်စွမ်းအားကိုလဲ အများကြီးကုန်ဆုံးစေတဲ့ ၀ိညာဥ်လက်နက်ဆိုရင်လဲ မမှားပါဘူး။ သူရွှေ၀ံပုလွေတွေရဲ့ ခုခံနိုင်စွမ်းက အရမ်းကိုကြောက်စရာကောင်းလွန်နေခဲ့တယ်။ သာမန်၀ံပုလွေတောင် ဒီတိုက်ခိုက်မှုကို ခံစားရချိန်မှာ သေစေနိုင်လောက်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ထိခိုက်ရုံလောက်ပဲရှိခဲ့တယ်။

လက်ရှိအချိန်မှာ ရွှေရောင်၀ံပုလွေဘုရင်တွေက ယာယီထုံထိုင်သွားရုံကလွဲပြီ သိပ်မဖြစ်ခဲ့ပါဘူး။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးက သူတို့ရဲ့၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်ပြီ အဓိကအထူးပြုတဲ့အရာတွေ မတူညီကြပါဘူး။ ခက်ခက်က ကြီးမားလေးလံတဲ့၀ိညာဥ်လက်နက်တွေကို ရွေးချယ်ထားသလို ကျွီးကျင့်ကတော့ လိမ္မော်သီးတွေကို ရွေးချယ်ထားပါတယ်။ သူတို့က မတူညီတဲ့၀ိညာဥ်လက်နက်တွေကို အသုံးပြုနေခဲ့တာပါ။

ကျွီးကျင့်က မရေမတွက်နိုင်တဲ့လိမ္မော်သီးတွေကို ၀ံပုလွေအုပ်စုဆီ ပြစ်ပေါက်လို့နေခဲ့တယ်။ ပြင်းထန်တဲ့အလင်းတန်းတွေက အော်သံတွေနဲ့အတူ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းတွေက ရွှေရောင်၀ံပုလွေတွေရဲ့ ခန္ဓာကိုယ်ထိတွေ့ချိန်တိုင်း ကြောက်စရာပေါက်ကွဲမှုတွေက ဖြစ်ပေါ်လာပါတော့တယ်။

အဆင့်ငါး၀ိညာဥ်လက်နက်တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွီးကျင့်ရဲ့ပြဿနာကတော့ ခန္ဓာကိုယ်ပါ။ သူ့ရဲ့ခန္ဓာကိုယ်က ဟို့ယွိဟောင်လောက်မသန်မာပါဘူး။ ခက်ခက်က ဟို့ယွိဟောင်ကို မမီပေမဲ့လဲ သူ့ရဲ့ခန္ဓာကိုယ်ကအရမ်းကြီးကို ကြံ့ခိုင်လွန်ပါတယ်။ ဒါပေမယ့် ကျွီးကျင့်ကတော့ အတော်လေးကို အားနည်းတဲ့သူပါ။

သူတိုနှစ်ယောက်က ပူးပေါင်းပြီတိုက်ခိုက်နေခဲ့ရပါတယ်။ တစ်ယောက်တော့ ၀ံပုလွေအုပ်ကို ခုခံတဲ့နေရာကိုတာ၀န်ယူထားရပြီ နောက်တစ်ယောက်ကတော့ သူတို့ကို တိုက်ခိုက်ရပါတယ်။ အဓိကအားဖြင့် ၀ံပုလွေအုပ်ကြီးကို ထိန်းထားနိုင်ဖို့ကအရေးကြီးပါတယ်။ လက်ရှိအချိန်မှာ မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။

၀ံပုလွေအုပ်က အရမ်းကိုသန်မာလွန်ပါတယ်။ ငွေလရောင်၀ံပုလွေဘုရင်မရှိပဲနဲ့တောင် သူတို့က အရမ်းကိုအားကောင်းနေတာပါ။ ဟို့ယွိဟောင်က သူတို့ကိုဘယ်လိုများတားဆီးနိုင်ခဲ့တာလဲ အရေးကြီးဆုံးကတော့ အခုသူတို့ဘယ်လိုလွှတ်အောင်ပြေးရမလဲဆိုတာပါပဲ။

” ခက်ခက် ငါတို့တွေဒီအတိုင်းအချိန်အကြာကြီးဆက်သွားလို့မရဘူး…ငါတို့ရဲ့၀ိညာဥ်စွမ်းအားကကြာရှည်ခံမှာမဟုတ်ဘူး ”

ကျွီးကျင့်က ၀ံပုလွေအုပ်ကို ခုခံနေရင်း အော်လိုက်ပါတယ်။ သူမရဲ့ မျက်လုံးက စိတ်ဆုံးဖြတ်ချက်ခိုင်မာတဲ့ပုံစံကို စတင်ထုတ်ဖော်ပြနေပါပြီ။

” ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ ”

” ဒီထောင်ချောက်ထဲကနေ ထိုးဖောက်ပြီထွက်ရမယ်…ပြီရင်း၀ိညာဥ်လက်နက်ထဲကို၀င်မယ်…ငါတို့အတွက် ၀ိညာဥ်လက်နက်တွေက လမ်းတွေဖောက်ပြီတော့ ငါကအဲ့ဒီယာဥ်ကိုမောင်းမယ် ”

” ၀ံပုလွေအုပ်ထက် ငါတို့ကမြန်မြန်ပြေးနိုင်မှာလား ”

” နောက်ဆုံးတစ်ခေါက် ငါတို့ဘယ်လိုပြေးခဲ့လဲဆိုတာ မေ့သွားပြီလား အကယ်၍ ငါတို့အရှေ့မှာရှိနေတဲ့ တောင်ထိပ်အထိတက်သွားမယ်ဆိုရင် တူညီတဲ့၀ှက်ဖဲကိုသုံးနိုင်လိမ့်မယ် ”

” ကောင်းပြီ ငါတို့သွားကြမယ် ”

အဲ့ဒီနောက် သူတို့၀ံပုလွေအုပ်နဲ့အတူ နောက်ကိုဆုတ်ဖို့လုပ်ပါတော့တယ်။ နှစ်ယောက်စလုံးက အတော်လေးကို စုတ်ပြတ်နေခဲ့ပါပြီ။ ကျွီးကျင့်ရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပါတော့တယ်။ ခရမ်းရောင်အခွံနဲ့ လိမ္မော်သီးနှစ်လုံးက ပေါ်ထွက်လာခဲ့ပါပြီ။ တစ်ခုကိုခက်ခက်ဆီပြစ်လွှတ်ကာ နောက်တစ်ခုကိုတော့ သူ့ပါးစပ်ထဲထိုးထည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူတို့တွေ လိမ္မော်သီးတွေကို အရည်တွေထွက်တဲ့အထိ ကိုက်ရင်းစက်ကိရိယာဆီကို ပြေးသွားခဲ့ပါပြီ။

ကျွီးကျင့်က လမ်းတစ်လျှောက်လုံးမှာ လိမ္မော်သီးဗုံးတွေအများကြီး ဖြန့်ကျဲထားခဲ့ပါတယ်။ ရွှေရောင်၀ံပုလွေတွေကို နောက်ကနေလိုက်မလာနိုင်အောင်လို့ သူတားထားခဲ့တယ်။

ကျွီးကျင့်ကတော့ လက်ရှိအချိန်မှာ စက်ကိရိယာကြီးဆီကို အမြန်ဆုံးနှုန်းပြေးနေခဲ့ပါတယ်။ စက်ကိရိယာရဲ့ခြေထောက်ခြောက်ချောင်းက သတ္ထုဘောလုံးကြီးကို အဓိကထောက်ခံပေးထားခဲ့တယ်။သူ့ရဲ့ခြေလှမ်းကျယ်ကြီးတွေကို အသုံးပြုရင်း အနီးဆုံးတောင်ကြောတွေဆီကို ပြေးတက်သွားခဲ့ပါပြီ။

ခက်ခက်ရဲ့ အမြောက်တွေကတော့ အရှေ့ပြတင်းပေါက်တွေဆီမှာ တင်ထားခဲ့ပါတယ်။ လက်ရှိအချိန် ၀ိညာဥ်စွမ်းအားထိန်းသိမ်းမှုကို အာရုံမစိုက်နိုင်ပါဘူး။ ကျွီးကျင့်ပေးတဲ့ လိမ္မော်သီးက အရမ်းချဥ်ပေမဲ့ သူမရဲ့ စိတ်၀ိညာဥ်စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းအထိ ပြန်လည်တိုးမြင့်စေနိုင်ပါတယ်။ သူမက ကျွီးကျင့်ရဲ့ အစာအမျိုးအစား၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ အသန်မာဆုံး၀ိညာဥ်စွမ်းအားပါပဲ။

၀ံပုလွေတွေဆီကို သူသုံးကြိမ်တိတိလေလျှပ်စီးအမြောက်နဲ့ ပြစ်လွှတ်လိုက်ပါတယ်။ ကျွီးကျင့်လဲ ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး လက်နက်ထဲကို စွမ်းအားဖြည့်ရင်း အရှေ့တောင်ပေါ်ဆီကို ပြေးတက်တော့တယ်။

ကျွီးကျင့်ရဲ့ရွေးချယ်မှုက မှန်ကန်ပါတယ်။ ရုတ်တရက်အပြောင်းအလဲက ၀ံပုလွေအုပ်စုကို ခဏတာရပ်တန့်လို့သွားစေခဲ့တယ်။ ၀ံပုလွေနှစ်ကောင်က မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီ ဒီအတိုင်းသာကြည့်နေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံး၀ံပုလွေကတော့ အရှ့ကိုပြေး၀င်လာခဲ့တယ်။ သူက အမွေးတွေထောင်နေခဲ့ပြီ ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေရင် မိုးကောင်းကင်ပေါ်ကိုမော့ကာ ဟိန်းဟောက်လိုက်ပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးက ဖောင်းကြွလာခဲ့သလို ကြွက်သားတွေကလဲ ချက်ချင်းဆိုသလို ကြီးမားလာခဲ့ပါပြီ။ စက်ကိရိယာဆီကိုလဲ လျှပ်စီးလက်သလိုအရှိန်နှုန်းနဲ့ သူပြေးလိုက်ပါတော့တယ်။

စက်ကိရိယာက သူ့ရဲ့အမြန်ဆုံးနှုန်းနဲ့ ပြေးနေခဲ့ပေမဲ့ အရှိန်မြင့်ဖို့တော့ အချိန်လိုနေဆဲပါ။

ရွှေ၀ံပုလွေက အဝေးပြစ်တိုက်ခိုက်မှုမှာ အတော်ကို အားကောင်းသလို သူတို့ရဲ့ အင်အားအရှိန်နှုန်းနဲ့ ခုခံမှုတွေအားလုံးကလဲ ကြောက်စရာကောင်းလှပါတယ်။

ရွှေ၀ံပုလွေဘုရင်က သူ့ရဲ့ခေါင်းကိုအသုံးပြုပြီး ၀ိညာဥ်လက်နက်ကို ခေါင်းနဲ့တိုက်ချလိုက်ပါတယ်။

အကယ်၍ ဟို့ယွိဟောင်သာ ရှိနေခဲ့မယ်ဆိုရင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုပြီး ပတ်၀န်းကျင်အပြောင်းအလဲကို အာရုံစိုက်ရင်းချက်ချင်းတုန့်ပြန်နိုင်မှာပါ။ ဒါပေမယ့် ကျွီးကျင့်နဲ့ ခက်ခက်တို့က ဟို့ယွိဟောင်နဲ့မတူပါဘူး။ သူတို့တွေ အင်မတန်ကိုမောပန်းနေတဲ့အပြင် စွမ်းအားတွေကလဲ ကုန်လုနီးပါးဖြစ်နေခဲ့ပါပြီ။ အဓိကတော့ လွှတ်မြောက်ဖို့လမ်းကိုရှာဖွေနေတာပါ။ ကျွီးကျင့်က ခုခံမှုကို အသက်သွင်းလိုက်ပေမဲ့ ရွှေ၀ံပုလွေဘုရင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲပါပဲ။

စက်ကိရိယာကြီးက အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို ခုခံနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အဆင့်ငါးခုခံမှုသာ ရှိနေခဲ့သလို အသုံးပြုသူရဲ့ ကျင့်ကြံဆင့်အပေါ် မူတည်ပြီတော့လဲ ခုခံမှုက ပြောင်းနိုင်ပါတယ်။

ရွှေ၀ံပုလွေဘုရင်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုက အဆင့်ငါးအတားအဆီးကို ချက်ချင်းဆိုသလို ဖောက်ထွက်လာနိုင်ခဲ့ပြီ သတ္ထုဘောလုံးကြီးကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်ပါတော့တယ်။ သူ့ရဲ့ ခေါင်းကတော့ အဲ့ဒီစက်ကိရိယာကြီးထဲမှာ ညှပ်နေခဲ့ပါပြီ။

ဒီစက်ကိရိယာက အင်မတန်ကိုခံနိုင်ရည်စွမ်းအားကောင်းပါတယ်။ ဟန်ချက်ပျက်သွားပြီ ၀ံပုလွေရဲ့တိုက်ခိုက်မှုကြောင့် ချိုက်သွားပေမဲ့ အပေါက်တစ်ပေါက်မှဖြစ်မသွားခဲ့ပါဘူး။ ဒါပေမယ့် ကျွီးကျင့်နဲ့ ခက်ခက်တို့အတွက်တော့ သေစေနိုင်လောက်တဲ့အန္တရာယ်ဖြစ်လာခဲ့တယ်။

ဟန်ချက်မညီတော့တဲ့ စက်ကိရိယာက အရှိန်မြင့်နေတာ ရုတ်တရက်ရပ်သွားခဲ့ပါတယ်။ ကျွီးကျင့်တည်ငြိမ်အောင် လုပ်လိုက်ချိန်မှာတော့ ၀ံပုလွေအုပ်က သူတို့ကိုလိုက်မီလာနေခဲ့ပါပြီ။ သူတို့ရဲ့ တိုက်ခိုက်တဲ့နည်းလမ်းက အရမ်းကို ရိုးရှင်းပါတယ်။ ၀ံပုလွေအတိုင်း၀ိညာလက်နက်ကို ခေါင်းနဲ့၀င်တိုက်ကြတော့တယ်။ ဒါပေမယ့် သူတို့ဦးတည်ရာကတော့ ခြေထောက်ခြောက်ချောင်းပါ။

၀ိညာဥ်လက်နက်ရဲ့ခြေထောက်တွေက ထူးခြားတဲ့ပစ္စည်းတွေကို အသုံးပြုပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက် ခံနိုင်ရည်ကောင်းပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်တွေမှာ ပျက်စီးမှုအနည်းငယ်ကို ကြုံတွေ့ခဲ့ရသလို တောင်ကနေလိမ့်ဆင်းလာတာကြောင့်လဲ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ သူတို့တွေချက်ချင်းကျိုးမသွားပေမဲ့ တည်ငြိမ်အောင်တော့ ထိန်းမထားနိုင်တော့ပါဘူး။

၀ိညာဥ်လက်နက်က စတင်ပြီ နောက်ပြန်လှိမ့်ပါတော့တယ်။ ခက်ခက်နဲ့ ကျွီးကျင့်တို့က ထိန်းချုပ်ဖို့အတွက် အင်မတန်ကိုခက်နေခဲ့ပါပြီ။

ရွှေ၀ံပုလွေအုပ်စုက ဒီ၀ိညာဥ်လက်နက်ကြီးကို လက်သည်းတွေနဲ့ ကုတ်ဖဲ့ကြပါတော့တယ်။ သူတို့ခန္ဓာကိုယ်တွေက ၀ိညာဥ်လက်နက်ပေါ်မှာကပ်တွယ်နေခဲ့ပြီ သွားတွေလက်သည်းတွေကို အသုံးပြုရင်း တကျွီကျွိီမြည်အောင်ကုတ်ခြစ်နေခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ချိုက်ရာတွေအက်ရာတွေက ၀ိညာဥ်လက်နက်ရဲ့မျက်နှာပြင်မှာဖြစ်ပေါ်လာခဲ့ပါပြီ။

ရွှေ၀ံပုလွေတွေက ဒီကြောက်စရာကောင်းလွန်လှတဲ့ ခုခံနိုင်စွမ်းကြောင့် ယာယီနှောင့်နှေးနေခဲ့ပေမဲ့ ကျွီးကျင့်နဲ့ ခက်ခက်တို့ရဲ့ စက်ကိရိယာကတော့ နောက်ထပ် မရပ်တည်နိုင်တော့ပါဘူး။

ကြီးမားတဲ့လက်သည်းရာကြီးက အထဲကနေ မြင်သာလောက်တဲ့အခြေအနေအထိကို ပေါ်လာပါတော့တယ်။ ကြောက်စရာကောင်းတဲ့ စွမ်းအားရဲ့အနောက်ဖက်မှာရှိတဲ့သူကတော့ ရွှေ၀ံပုလွေဘုရင်ပါပဲ။ ကိစ္စကိုပိုဆိုးစေတာကတော့ နောက်ထပ်ရွှေ၀ံပုလွေတစ်ကောင်ပြေး၀င်လာခဲ့တာပါ။ ဒီလက်နက်ကိရိယာကြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားဖို့အချိန်သာလိုပါလိမ့်မယ်။

ကျွီးကျင့်နဲ့ ခက်ခက်တို့လဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြတယ်။ ဘယ်လောက်တောင်စိတ်ပျော့အားလျော့နေလဲဆိုတာ မျက်လုံးထဲမှာ အထင်သားပေါ်နေခဲ့ပါပြီ။ သူတို့မှာအခွင့်အရေးမရှိတော့ပါဘူး။ လက်ရှိအချိန်မှာ ပြတင်းပေါက်တွေကိုတောင် မဖွင့်ရဲတော့သလို ၀ံပုလွေတွေက ဒီအခွင့်အရေးကိုအသုံးပြုပြီး အထဲကိုထိုးဖောက်၀င်လာနိုင်မယ်မှန်း နားလည်နေခဲ့တယ်။

ဒီလိုသာဆိုရင် သေခြင်းတရားက ချက်ချင်းရောက်ရှိလာမှာပါ။ သူတို့လဲ ကြောက်တောင်မကြောက်လိုက်ရပဲ သေသွားနိုင်ပါတယ်။ ဒီအခြေအနေကိုကြည့်ရတာ သိပ်ပြီကြောက်စရာမကောင်းပါဘူး။ တကယ်ကြောက်စရာကောင်းတဲ့အရာကတော့ သေခြင်းတရားက သူတို့ရဲ့ပြတင်းပေါက်တံခါးနားရောက်နေတာကို ထိုင်ကြည့်နေရတာပါပဲ။ တကျွီကျွီမြည်သံတွေက ကျွီးကျင့်နဲ့ ခက်ခက်တို့ကို ကြောက်လို့တုန်လာစေခဲ့ပါတယ်။

” ငါတို့တွေ ဒီနေရာမှာသေရမယ်လို့ တကယ်မထင်ထားခဲ့မိဘူး ”
ကျွီးကျင့်က သက်ပြင်းချလိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေက အကြောက်တရားမဟုတ်ပဲ မကျေနပ်ချက်တွေနဲ့ ပြည့်နေခဲ့တယ်။

” ဖေဖေရေ ဖေဖေရဲ့ကျွီးကျင့်လေးကတော့ လက်စားမချေပေးနိုင်တော့ဘူး…အစီအစဥ်တွေဆိုတာက တကယ်မပြီးမြောက်နိုင်ဘူးပဲ ကိုယ်ရဲ့အသိပညာကို အမြဲတမ်းဂုဏ်ယူခဲ့ပေမဲ့ နောက်ဆုံးတော့လဲ ဒီလိုအကြပ်အတည်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်..ဖေဖေရေ တခြားကမ္ဘာကိုရောက်တဲ့အချိန်မှာရော ဖေဖေရဲ့ဟင်းချက်လက်ရာကောင်းကောင်းတွေကို အမြည်းစမ်းဖို့ အခွင့်အရေးရဦးမှာလား..ဖေဖေနဲ့ မေမေကို အရမ်းလွမ်းလိုက်တာ သမီးလိုက်လာခဲ့တော့မယ် ”

ပြောပြီတဲ့နောက် ကျွီးကျင့်က မျက်လုံးတွေကိုပိတ်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်နှာတစ်လျှောက်မှာ မျက်ရည်တွေက အပြည့်စီးဆင်းနေခဲ့ပါပြီ။

သူက ခက်ခက်နဲ့လုံး၀ကို ကွာခြားနေခဲ့ပါတယ်။ ခက်ခက်ကတော့ စိတ်မပျက်ပဲ သူ့ရဲ့ကြောက်စရာအသွင်ကို ထုတ်ပြလာခဲ့တယ်။ ခန္ဓာကိုယ်ရဲ့ပတ်လည်မှာများပြားတဲ့ ၀ိညာဥ်စက်ကွင်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ တိုက်ခိုက်ရေးဗျူဟာကိုလဲ ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ပြီ အားလုံးကိုလဲ ချိတ်ဆက်လိုက်ပါတော့တယ်။

” ခွေးမသားတွေလာခဲ့ကြစမ်း ငါ့ဆီမှာရှိသမျှအရာအားလုံးကိုသုံးပြီ နင်တို့ကိုတိုက်ခိုက်ပြစ်မယ်..အကယ်၍ နင်တို့သာငါအသားကိုစားချင်တယ်ဆိုရင် ငါနင်တို့အကုန်လုံးကို ပေါက်ကွဲထွက်အောင်လို့ ပြစ်ထုတ်ပြစ်မယ် ”

ဗျူဟာကိုချိတ်ဆက်လိုက်ပြီတဲ့နောက် အဓိကဗဟိုအချက်မှာ စွမ်းအားကိုစတင်စုစည်းပါတော့တယ်။ အဲ့ဒီနောက် ထူးခြားတဲ့တည်ဆောက်ပုံကို စတင်ပြီဖန်တီးနေပါပြီ။ မြင်ရတာရှုပ်ထွေးနေပေမဲ့ အတော်ကို ကြောက်စရာကောင်းနေခဲ့တယ်။

ခက်ခက်ရဲ့စကားတွေကိုကြားချိန်မှာ ကျွီးကျင့်လဲ သူမဘာလုပ်နေမှန်း သိပါတယ်။ ဒါပေမယ့် မတားဆီးခဲ့ပါဘူး။ သေတော့မဲ့အချိန်မှာ ဒီအကောင်တွေအားလုံးကိုအပါခေါ်သွားရမှာက ဆိုး၀ါးတဲ့ကိစ္စမဟုတ်ဘူးလို့ တွေးမိလိုက်ပါတယ်။

ဒါပေမယ့် အပြင်ဘက်မှာအခြေအနေကတော့ ရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ။ ၀ိညာဥ်လက်နက်ကြီးဆီကို ခုန်အုပ်နေတဲ့ရွှေ၀ံပုလွေတစ်ကောင်ရဲ့ မျက်လုံးကဗလာဟင်းလင်းဖြစ်သွားခဲ့ပြီ ခန္ဓာကိုယ်ကတောင့်တင်းလို့သွားပါတယ်။ ဒါပေမယ့် ဘယ်၀ံပုလွေတွေမှ သူ့ဒီလိုပြောင်းသွားတာကို သတိမထားမိပါဘူး။ သူတို့က ရူးရူးသွပ်သွပ်တိုက်ခိုက်နေတာကြောင့်ပါ။

တောင့်တင်းနေတဲ့အဲ့ဒီ၀ံပုလွေက နောက်၀ံပုလွေတစ်ကောင်ကို ၀င်တိုက်ပါတော့တယ်။ ၀ံပုလွေအော်သံတွေကို ကြားလိုက်ရပြီတဲ့နောက် ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုတစ်ခုက စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

အပိုင်း ၁၆၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset