အပိုင်း ၁၆၅•၃
” လေးခုမြောက်၀ိညာဥ်စက်ကွင်း ”
°°°
သူ့ရဲ့ညင်သာတဲ့၀ိညာဥ်စွမ်းအားတွေက ဖြည်းဖြည်းချင်း ထွက်ပေါ်လာပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းက ပုံမှန်အတိုင်းလှည့်ပတ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက အနက်ရောင်၀ိညာဥ်စက်ကွင်းကို ဖြည်းဖြည်းချင်းလမ်းညွှန်လိုက်ရင်း သူ့ဆီကိုရောက်ရှိလာစေပါတယ်။
ဒါက နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းပါ။ ဒါပေမယ့် သာမန်အနက်ရောင်မျိုးဟုတ်မနေခဲ့ပါဘူး။ ခုနှစ်ရောင်ခြယ်ရောင်စဥ်တန်းတွေက ၀ိုးတ၀ါးအပေါ်မှာ ဖြတ်ပြေးနေခဲ့ပါတယ်။ ဒါ့အပြင် ဒီဓာတ်သဘောသဘာ၀ခုနှစ်ခုရဲ့ ပေါင်းစည်းမှုကို ဟို့ယွိဟောင်လဲ အာရုံခံနိုင်နေခဲ့တယ်။
တတိယ၀ိညာဥ်စက်ကွင်းကို ခရမ်းရောင်စိတ်၀ိညာဥ်၀ံပုလွေတွေဆီကနေ သူစုပ်ယူချိန်တုန်းက အနည်းငယ်ရှက်ရွံ့ခဲ့ပေမဲ့ မကြောက်လန့်ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြီးအကဲမုက သူ့ကိုပင်လယ်နတ်ဘုရားခန်းမဆောင်ရှေ့မှာ ကာကွယ်ပြီ ကူညီပေးနေခဲ့လို့ပါပဲ။
အခုအချိန်မှာတော့ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းကို သူစုပ်ယူရတော့မှာပါ။ ကျန်ယန်တောင်ကြောမှာ လုပ်ရမှာဖြစ်သလို အနက်ရောင်စက်ကွင်းက ခန္ဓာကိုယ်ထဲ၀င်ရောက်လာတာနဲ့အမျှ ဟို့ယွိဟောင်ရဲ့ခံစားချက်က တစ်ခုသာရှိပါတော့တယ်။ အဲ့ဒါကတော့ လွှင့်ထွက်သွားသလိုခံစားရတာပါ။ ၀ိညာဥ်စက်ကွင်းခန္ဓာကိုယ်နဲ့ ပေါင်းစည်းချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ထွက်သွားသလို ခံစားနေခဲ့ရပါတယ်။
တစ်ကိုယ်လုံးကလဲ ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပြီ ခုနှစ်ရောင်ခြယ်အလင်းတန်းတွေက ပတ်ပတ်လည်သုံးမီတာအထိ ပြန့်ကျဲသွားသလို ဟို့ယွိဟောင်ရဲ့ မျက်နှာကလဲ ဖြူဖျော့လာပါတော့တယ်။
ငွေလရောင်၀ံပုလွေဘုရင်ရဲ့အရှိန်အ၀ါက အရမ်းကိုကြောက်စရာကောင်းမှန်း သူတွေးတောင်မတွေးခဲ့ပါဘူး။ စိတ်၀ိညာဥ်စက်ကွင်းရဲ့ ဗဟိုချက်ကနေ လာတဲ့ပြင်းထန်တဲ့စိတ်၀ိညာဥ်စွမ်းအားကြောင့် မဟုတ်ပဲ သူ့ရဲ့ပေါင်းစည်းထားတဲ့ ဓာတ်သဘောသဘာ၀တွေရဲ့အင်အားကြောင့် ဖြစ်နေတာပါ။ ရေ မီး လေ မြေ အမှောင် အလင်း မိုးကြိုးတွေက နှစ်တစ်သောင်းကျင့်ကြံဆင့်နဲ့သာ သူအောင်မြင်ပါလိမ့်မယ်။ ဒါ့အပြင် သူတို့ကကိုယ်ပိုင်အစွမ်းအစတွေပါ၀င်နေခဲ့သလို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံဆင့်က ချက်ချင်းဆိုသလို ပေါက်ထွက်မလိုပြေးလွှားနေခဲ့ကြပါတယ်။
ဟို့ဟွိဟောင်ရဲ့ စိတ်ဓာတ်ကအရမ်းကိုခိုင်မာနေခဲ့ပေမဲ့ သူ့တစ်ကိုယ်လုံးကြောက်စရာကောင်းလောက်အောင် ပေါက်ကွဲထွက်တော့မလို ခံစားနေရတဲ့အချိန်မှာတော့ သက်သောက်သက်သာမရှိတာ အမှန်ပါပဲ။ ဒါပေမယ့် သူတောင့်ခံနေခဲ့ပါတယ်။
ဒီတောင်ခံမှုက ဟို့ယွိဟောင်အတွက်တော့ သန့်စင်တဲ့ နှိပ့်စက်မှုတစ်ခုလိုပါပဲ။ အကယ်၍ သူသာဒီစမ်းသပ်ချက်ကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့အကျိုးအမြတ်ကိုရရှိမှာပါ။ ၀ိညာဥ်စွမ်းအားကိုအပြည့်အ၀လှည့်ပတ်နေရင်း ၀ိညာဥ်စက်ကွင်းကိုလက်ခံဖို့စတင်ပြီ လုပ်ပါတော့တယ်။
တစ်ချိန်ထဲမှာပဲ အင်အားလှိုင်းနှစ်ခုက ဟို့ယွိဟောင်ရဲ့ အတွင်းထဲကနေ အပြင်ကိုထုတ်လွှတ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ရေခဲဧကရီနယ်မြေထဲကို ငွေလရောင်၀ံပုလွေဘုရင်က ၀င်ရာက်လာခဲ့တာပါ။ ရေခဲဧကရီက တန်ပြန်တိုက်ခိုက်နိုင်ပါလိမ့်မယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို စိမ်းပြာရောင်ပြောင်းသွားခဲ့ပြီ သူ့ရဲ့အရိုးတွေထဲကနေ အလင်းတန်းတွေထွက်ပေါ်လာပါတော့တယ်။ ဒီအလင်းတန်းက ခန္ဓာကိုယ်ရဲ့တစ်ထောင့်မကျန်အထိ ဖုံးလွှမ်းလို့သွားခဲ့ပြီ အေးစက်လွန်လှတဲ့ အငွေ့အသက်က ရူးသွပ်တဲ့ပေါက်ကွဲမှုတစ်ခုလိုမျိုး ဖြစ်ပေါ်လာပါတော့တယ်။
ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ အရှိန်အ၀ါထွက်ပေါ်လာချိန်မှာတော့ ငွေလရောင်၀ံပုလွေဘုရင်ရဲ့ ၀ိညာဥ်စက်ကွင်းကို စတင်ပြီ ဖိနှိပ့်နိုင်လာပါပြီ။
ငွေလရောင်၀ံပုလွေဘုရင် ဘယ်လောက်ပဲအင်အားကြီးပါစေ နှစ်လေးသောင်း၀ိညာဥ်သားရဲကောင်ဖြစ်တဲ့ မဟာရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲက ရေခဲဧကရီကို ဘယ်လိုလုပ်ယှဥ်လို့ရမှာလဲ။
ကြောက်စရာကောင်းလွန်လှတဲ့ တိုက်ခိုက်လိုစိတ်နဲ့အတူ ရေခဲဧကရီရဲ့ သီးခြားဆန်တဲ့အငွေ့အသက်က ရူးသွပ်တဲ့ရုန်းကန်မှုကို ဖိနှိမ့်လိုက်ပါတော့တယ်။
ဒါပေမယ့် ငွေလရာင်၀ံပုလွေဘုရင်က တကယ်ကိုမာနကြီးတဲ့သတ္တ၀ါပါ။ ဒီလိုအခြေအနေမျိုးမှာတော့ အလွယ်တကူအညံ့မခံပါဘူး။ ၀ိညာဥ်စွမ်းအားကိုမယှဥ်နိုင်တဲ့အတွက် သူ့ရဲ့ကြောက်စရာကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားကို စတင်အသုံးပြုဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီလို သူလုပ်လာချိန်မှာပဲ စိတ်၀ိညာဥ်အတားအဆီးတစ်ခုနဲ့ စတင်တိုက်မိပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ရေခဲဧကရီလိုမျိုး ဒေါသကြီးတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ငွေလရောင်၀ံပုလွေဘုရင်က သူ့ရဲ့သည်းခံနိုင်စွမ်းကို ကုန်ဆုံးအောင် လုပ်လို့သွားခဲ့ပါတယ်။
ဟို့ယွိဟောင်က ဒီ၀ိညာဥ်သားရဲကောင်ကို သတ်ဖို့အတွက် အများကြီးကြိုးစားအားထုတ်ခဲ့တာပါ။ လက်ရှိအချိန်မှာ အတော်လေးမောပန်းနေပြီဖြစ်တာကြောင့် ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့အတွက်ကလွဲပြီ ကျန်တာမလုပ်နိုင်တော့ပါဘူး။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်သာ ငွေလရောင်၀ံပုလွေဘုရင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက အလုပ်မဖြစ်တော့တာပါပဲ။
အမျိုးအစားကိုကြည့်မယ်ဆိုရင် ရေခဲပိုးကောင်တွေက ငွေ၀ံပုလွေတွေကို ယှဥ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေကလုံး၀ကို အဆင့်မတူပဲဖြစ်နေခဲ့ပါတယ်။ ငွေလရောင်၀ံပုလွေဘုရင်က သေချာပေါက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသက်ရှင်ချိန်မြူမှုန်တစ်ပြားစာတောင်ရှိမနေခဲ့ပါဘူး။
မဟာကြယ်တာရာသစ်တောထဲမှာတောင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို တခြားနှစ်တစ်သိန်းသားရဲကောင်တွေက ရတနာအပြည့်သတ်မှတ်ခဲ့ပါတယ်။ ဘယ်၀ိညာဥ်သားရဲကောင်ကမှ သူ့ကိုစိတ်၀ိညာဥ်စွမ်းအားနဲ့ ပတ်သက်ပြီရင် ယှဥ်လို့မရနိုင်ခဲ့ပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့တစ်ခုတည်သောအားနည်းချက်ကတော့ တိုက်ခိုက်နိုင်စွမ်းမရှိတာပါပဲ။ ဒါပေမယ့် ခုခံမှုကတော့ အင်မတန်ကိုသန်မာပါတယ်။
ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ရဲ့ အကူအညီကြောင့် ပေါင်းစည်းမှုက အများကြီးလွယ်ကူခဲ့ပါတယ်။ အနက်ရောင်၀ိညာဥ်စက်ကွင်းက ဟို့ယွိဟောင်ရဲ့၀ိညာဥ်ထဲမှာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လို့လာခဲ့ပြီတဲ့နောက် သူ့ရဲ့ခန္ဓာကိုယ်နဲ့ ခဏတာကြာပြီချိန်မှာ ပေါင်းစည်းလို့သွားပါတော့တယ်။
ဒါတင်မကသေးပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့က ဒီအခွင့်အရေးကိုအသုံးပြုပြီး ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ သူတို့ရဲ့စွမ်းအားတွေကို ပိုမိုပေါင်းစည်းစေနိုင်ဖို့အတွက် ကူညီပေးခဲ့ကြတယ်။
အရိုးထဲကနေထွက်ပေါ်လာတဲ့ မူလစွမ်းအားအရင်းအမြစ်တွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်နဲ့ ဖြည်းဖြည်းချင်းစတင် ပေါင်းစည်းလာပါပြီ။ သူ့၀ိညာဥ်စွမ်းအားတိုးတက်လာရုံတင်မက ခန္ဓာကိုယ်ကိုပါ ပိုပြီး မာကျောလာစေခဲ့ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားတွေကို အသုံးပြုပြီး ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်နဲ့ ဒုတိယစိတ်၀ိညာဥ်ပင်လယ်တို့ကို ပြန်လည်ကောင်းမွန်အောင် ကုသပေးနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင် စိတ်၀ိညာဥ်ပင်လယ်ရဲ့နယ်မြေဧရိယာကိုလဲ ကျယ်ပြန့်လာစေခဲ့ပါပြီ။
၀ိညာဥ်အကြီးအကဲကနေ ၀ိညာဥ်ဘိုးဘေးအဖြစ်ကိုတက်တဲ့ အခိုက်အတန့်က ၀ိညာဥ်ပညာရှင်တိုင်းတွေအတွက် အရေးကြီးပါတယ်။ သူတို့အနေနဲ့ ကနဦးအဆင့်ကနေ အလယ်ပိုင်းအဆင့်အထိကို ခုန်ပျံတိုးတက်မှုပါပဲ။ ဒီလိုမျိုးတိုးတက်မှုက ဟို့ယွိဟောင်လိုပါရမီရှိတဲ့ သူမျိုးအတွက် နောက်ထပ်အဆင့်တစ်ခုကို ခုန်ပျံတက်သွားတာနဲ့ အတူတူပဲဖြစ်နေခဲ့တယ်။ ငွေလရောင်၀ံပုလွေဘုရင်ရဲ့ ၀ိညာဥ်စက်ကွင်းက အတော်ကိုသန်မာသလို ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်တို့ရဲ့ စွမ်းအားတွေကလဲ ကြီးမားလွန်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက လေးဆယ်တစ်ကိုကျော်ပြီ လေးဆယ်နှစ်ကိုရောက်ရှိလို့သွားပါတော့တယ်။ ဒါကဟို့ယွိဟောင်အတွက်တော့ အတော်ကိုပျော်စရာကောင်းတဲ့ ကိစ္စပါ။ သူ့ရဲ့ကျင့်ကြံဆင့်က အမြဲတမ်းနှေးကွေးနေခဲ့တဲ့အတွက် ဒီလိိုတိုးတက်မှုက ထူးထူးခြားခြားကို စိတ်ကျေနပ်စရာကောင်းနေခဲ့တယ်။
မျက်လုံးဖွင့်လိုက်ချိန်မှာတော့ နောက်တစ်ရက်ရဲ့ညနေစောင်းကို ရောက်နေခဲ့ပါပြီ။
တောင်ကြောတစ်လျှောက်လုံးက မြူခိုတွေပြည့်နေပြီဖြစ်သလို သူအနေနဲ့လဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုလဲ ဒီနေ့လေ့ကျင့်လို့မရတော့ပါဘူး။
ဒါကြောင့် ဟို့ယွိဟောင်ခုန်ထရင်းနဲ့ အကြောတွေကိုဆန့်လိုက်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေ ကြီးမားတဲ့အင်အားက ထွက်ပေါ်နေတဲ့အတွက် အရမ်းကို သက်သောက်သက်သာရှိပြီ လန်းဆန်းလို့နေခဲ့တယ်။ ခန္ဓာကိုယ်ကလဲ အရင်ကထက်ပိုပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းကောင်းလာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားရဲ့တိုးတက်လာမှုနဲ့အတူ စုစုပေါင်းစွမ်းအားတွေအားလုံးရဲ့ တိုးတက်မှုက နှစ်ဆယ်ရာခိုင်နှုန်းအထက်ကို ကျော်လွန်လို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူအစွမ်းအစနဲ့ ရေခဲဧကရီရဲ့အမျက်ဒေါသကို နှစ်ကြိမ်တော့သုံးလို့မရသေးပေမဲ့ ရေခဲရုပ်ထုနယ်မြေကိုတော့ အချိန်မရွေးသုံးနိုင်နေပါပြီ။
” အချိန်ဘယ်လောက်ကုန်သွားပြီလဲဆိုတာ သိချင်လိုက်တာ ”
၀ိညာဥ်စက်ကွင်းတွေကို စုပ်ယူဖို့အတွက် သူ့ရဲ့ကြာချိန်က များလေ့ရှိတာကို သူသတိထားမိပါတယ်။ ဒါကြောင့် ဒုတိယလား တတိယလား စတုတ္ထရက်ရောက်နေပြီလားဆိုတာ မသိနိုင်ခဲ့ပါဘူး။ သူ့ရဲ့စိတ်လှုပ်ရှားမှုနဲ့အတူ ရွှေရောင်အလင်းတန်းတွေက မျက်လုံးထဲကနေ ထွက်ပေါ်လာတော့တယ်။ အဖြူရောင်တစ်ကွင်း ခရမ်းရောင်တစ်ကွင်းနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက ခြေထောက်အောက်မှာ တောက်ပလာခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုထွက်ပေါ်လာချိန်မှာတော့ သူပိုပြီးပျော်ရွှင်သွားရပါတော့တယ်။ လက်ရှိအချိန်မှာ ပတ်ပတ်လည်အာရုံခံနိုင်စွမ်းက မီတာခြောက်ရာအခြင်၀က်အထိကို ရောက်ရှိခဲ့ပါပြီ။ အကယ်၍ သူသာတစ်နေရာထဲကို အားစိုက်ထုတ်လိုက်မယ်ဆိုရင် သေချာပေါက် နှစ်ဆအထိကိုကြည့်နိုင်မှာပါပဲ။ ငွေလရောင်၀ံပုလွေဘုရင်ရဲ့အလောင်းက အရင်လိုပဲ မာကျောလို့နေခဲ့တယ်။ သူ့အပေါ်မှာခဲထားတဲ့ရေခဲတွေကလဲ လွယ်လွယ်နဲ့အရည်မပျော်နိုင်ပါဘူး။
ဟို့ယွိဟောင်လဲ အလောင်းကိုသိုလှောင်ရေး၀ိညာဥ်လက်နက်ထဲထည့်လိုက်ပါတယ်။ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကလဲ အလောင်းပေါ်မှာပျောက်ကွယ်သွားခဲ့ပါပြီ။ ကျန်ယန်တောင်ကြောကိုလာရတဲ့ဒီခရီးစဥ်က နောက်ဆုံးတော့လဲ အလဟာသမဖြစ်ခဲ့ပါဘူး။ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းရဲ့စွမ်းအားတွေကို သူသိချင်နေပါတော့တယ်။
ဒါကိုတွေးမိပြီတဲ့နောက် အစောပိုင်းတုန်းက ပျောက်ကွယ်သွားခဲ့တဲ့ ၀ိညာဥ်စက်ကွင်းတွေက နောက်တစ်ကြိမ်ပေါ်လာခဲ့ပါပြီ။ လေးခုမြောက်အနက်ရောင်၀ိညာဥ်စက်ကွင်းက ချက်ချင်းဆိုသလို တောက်ပလာပါတော့တယ်။
ဒီ၀ိညာဥ်စက်ကွင်းရဲ့ အစွမ်းထွက်ပေါ်လာချိန်မှာ ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့တယ်။ ပျော်ရမလား စိုးရိမ်ရမလားဆိုတာကို သူမသေချာတော့ပါဘူး။ ခုနှစ်ရောင်ခြယ်အလင်းတန်းနဲ့ ခုခံမှုကို သူမျှော်လင့်ထားခဲ့တာပါ။ ဒါကအရမ်းကို အထင်ကြီးစရာကောင်းတဲ့ ခုခံနိုင်စွမ်းဖြစ်တာကြောင့် သူတကယ်ကိုလိုချင်နေခဲ့တယ်။ ဒါပေမယ့် သူရလိုက်တာက အဲ့ဒါမဟုတ်ပါဘူး။ လုံး၀ကိုခုခံမှု၀ိညာဥ်စွမ်းရည်တစ်ခုမဟုတ်ခဲ့ပဲနဲ့ ကြောက်စရာကောင်းတဲ့တခြားအရာဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ အဲ့ဒီနေရာမှာ မတ်တပ်ကြီးရပ်ပြီ လုံး၀ကိုကြောင်အလို့နေခဲ့ပါတယ်။ သူခေါင်းကိုခါရင်းနဲ့ မထိန်းချုပ်နိုင်လောက်တဲ့အထိကို ရယ်မောနေပါတော့တယ်။ ထားလိုက်ပါတော့ ဒီကိစ္စက ဆိုးတဲ့အရာလဲမဟုတ်ဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ကိုတော့ ဆက်ပြီလေ့ကျင့်ရမှာပဲ။
ဟို့ယွိဟောင်ရဲ့အခြေအနေက လက်ရှိအချိန်မှာ တော်တော်များများအင်အားပြန်ပြည့်လာခဲ့ပါပြီ။ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကလဲ အရမ်းကိုအားကောင်းနေပြီဖြစ်တာကြောင့် ကံကြမ္မာ၀ိညာဥ်အကြည့်ကိုထပ်ပြီသုံးနိုင်ပါလိမ့်မယ်။
ကျီးကျင့်နဲ့ ခက်ခက်တို့အခြေအနေဘယ်လိုရှိလဲဆိုတာ သူသိချင်နေခဲ့တယ်။ ဒါကြောင့် သူတို့ကိုသွားရှာဖို့ပြင်လိုက်ပါတယ်။
ကောင်းကင်ကြီးကိုကြည့်ရင်း သူတစ်ချက်တွေးလိုက်မိတယ်။ တောင်ကြောတွေရဲ့အစွန်းအဖျားအပြင်ဖက်ဆီကို သူသွားဖို့အတွက် ခြေလှမ်းပြင်လိုက်ပါတယ်။ ဒီတောင်ကြောက သူတို့အစောပိုင်းတုန်းက ဖြတ်လာခဲ့တဲ့နေရာမဟုတ်မှန်းတော့ သိနေခဲ့တယ်။ ဒါဆိုရင် အနီးအနားက တောင်ကြောကိုသူသွားရမှာပါ။
ဟို့ယွိဟောင် ဒီလိုသွားဖို့ပြင်နေချိန်မှာပဲ ၀ုန်းကနဲအသံကြီးကို ရုတ်ရက်ကြားလိုက်ရတဲ့အတွက် သူရပ်တန့်သွားပါတော့တယ်။
အဲ့ဒီအသံထွက်လာတဲ့နေရာကို ပဟေဠိဖြစ်နေတဲ့အမူအရာနဲ့ လှမ်းကြည့်လိုက်မိတယ်။ အဲ့ဒါက မူလသူလာခဲ့တဲ့ တောင်ကြောကြီးကဖြစ်တဲ့ပုံပါပဲ။ ဒါပေမယ့် အဲ့ဒီကျယ်လောင်တဲ့ပေါက်ကွဲသံက ၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ ၀ိညာဥ်စွမ်းရည်နဲ့မတူပါဘူး။ ပေါက်ကွဲမှုအားပြင်းတဲ့ လက်နက်တစ်ခုရဲ့အသံဖြစ်သလို ယမ်းနံ့တွေကလဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ရှေးပြေးနမိတ်တွေဖြစ်နေခဲ့တယ်။
သူတို့တွေအဲ့မှာရှိနေကြတာလား ဟို့ယွိဟောင် ချက်ချင်းဆိုသလို အဲ့ဒီဖက်ကိုမစဥ်းစားတော့ပဲ ပြေးလာခဲ့ပါပြီ။ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ကိုမသုံးပဲနဲ့ ဒီအတိုင်းခြေထောက်နဲ့သာ ပြေးနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ လက်ညိုးတစ်ဖက်ကို ရှေ့ညွှန်ကြားထားခဲ့ပြီ ရွှေရောင်သတ္တ၀ါတစ်ကောင်ကလဲ သူ့နောက်ကိုအမီလိုက်လာခဲ့တယ်။ ဟို့ယွိဟောင်လက်ကိုမြောက်ရင်းနဲ့ သူအောက်လမ်းပညာနဲ့ အသက်သွင်ထားတဲ့ ရွှေရောင်၀ံပုလွေကို ပုတ်လိုက်ပါတယ်။ သူ့ရဲ့ကျန်ရှိနေတဲ့ ၀ိညာဥ်ကိုတခဏတာငြိမ်းသတ်လိုက်ပြီတဲ့နောက် အဲ့ဒီအလောင်းကို သိုလှောင်ရေး၀ိညာဥ်လက်နက်ထဲ ထည့်လိုက်တယ်။
ကျွီးကျင့်နဲ့ ခက်ခက်တို့က လက်ရှိအချိန်အတော်ကို အခက်တွေ့နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ အဆက်အသွယ်ပြတ်သွားပြီတဲ့နောက် သူတို့လဲအခြေအနေမကောင်းပါဘူး။
ဟို့ယွိဟောင်က သူတို့ရဲ့စက်ကိရိယာကြီးကို အောက်ဖက်ပြစ်လွှတ်လိုက်ပြီတဲ့နောက် သူတို့တွေလဲ ရွေးချယ်စရာမရှိပဲ လှိမ့်ချလာခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့လဲဒီစက်ကိရိယာကြီးကို ထိန်းချုပ်ရင်းလုံခြုံဖို့အတွက်ကြိုးစားနေခဲ့ရတာပါ။
သူတို့ကိုလိုက်ဖမ်းတဲ့ ရွှေရောင်၀ံပုလွေတွေက ဒီစက်ကိရိယာရဲ့လှိမ့်တဲ့နှုန်းလောက် မမြန်တဲ့အတွက် သူတို့ကိုအမီလိုက်မလာနိုင်ခဲ့ပါဘူး။
ကျွီးကျင့်နဲ့ ခက်ခက်တို့က အဲ့ဒီစက်ကိရိယာကြီးကို ထိန်းချုပ်ပြီအပြင်ကိုထွက်ထွက်ချင်အချိန်မှာပဲ အန်ကြပါတော့တယ်။ ငါးမိနစ်အတွင်းတစ်ကီလိုမီတာနီးပါးလှိမ့်လာရတဲ့သူတို့က ဘယ်လိုလုပ်ခေါင်းမမူးပဲနေမှာလဲ။
သူတို့တွေအဲ့ဒီနောက်မှာတောင် သတိလစ်မတတ်ဖြစ်သွားခဲ့သလို ဒီလိုစက်ကိရိယာပေါ်ကိုတောင် ပြန်မတက်နိုင်ပဲဖြစ်လာခဲ့ပါတယ်။
သူတို့တွေကံကောင်းတယ်လို့ပြောရမယ်။ သူတို့သတိလစ်နေတဲ့အချိန်နဲ့ သတိလစ်မတတ်ဖြစ်နေတဲ့အချိန်တစ်လျှောက်မှာ ဘယ်၀ိညာဥ်သားရဲကောင်ကမှ သူတို့ကို မတိုက်ခိုက်ခဲ့ပါဘူး။
ဒုတိယနေ့မနက်မှာသာ သတိပြန်ရလာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို ပြန်လာဖို့အတွက် သူတို့ဆုံးဖြတ်လိုက်ကြတယ်။
သူတို့နှစ်ယောက်က စိတ်အခြေအနေက မတူညီကြပါဘူး။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် စကားမပြောကြပဲနဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကိုသာ အာရုံစိုက်ကြပါတယ်။ အထူးသဖြင့်များပြားတဲ့စိတ်ခံစားချက်တွေကို ခံစားနေရတဲ့ ကျွီးကျင့်ပါ။ သူမက အမြဲတမ်းစိုးရိမ်ပြီ ထိတ်လန့်နေခဲ့ရပါတယ်။ ပုံမှန်အချိန်မှာပြသလေ့မရှိတဲ့ ၀မ်းနည်းမှုနဲ့ စိုးရိမ်ပူပန်းမှုတွေကိုပါ ထုတ်ပြလို့နေခဲ့တယ်။ ခက်ခက်အနေနဲ့ သူမအခုလိုစိတ်မငြိမ်မသက်ဖြစ်နေတာကို ပထမဆုံးမြင်ဖူးတာပါပဲ။
ခက်ခက်က ကျွီးကျင့်နဲ့ ယှဥ်မယ်ဆိုရင် အများကြီးပိုပြီးတော့ တဲ့တိုးဆန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုနဲ့ ယုံကြည်ချက်တွေကိုသာ သူကပြန်တွေးနေခဲ့မိတယ်။ ဒါ့အပြင် တောင်ပေါ်ကနေလှိမ့်ချလာတဲ့အချိန်မှာ အဲ့ဒီရွှေရောင်၀ံပုလွေအုပ်စုနဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်သံတွေကိုလဲ သူကြားလိုက်ရပါသေးတယ်။ ဟို့ယွိဟောင်ကို တစ်သက်လုံးမမေ့နိုင်တော့မှာမဟုတ်မှန်း သူအသေအချာကြီးသိနေခဲ့တယ်။ သူတို့တွေက သူငယ်ချင်း မိတ်ဆွေဖြစ်တာအချိန်ခဏတသာကြာပေမဲ့ နက်ရှိုင်းတဲ့ခံစားချက်က ပေါ်ပေါက်လာနေခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့လုပ်ဆောင်ချက်တွေကလဲ သူ့ရဲ့စိတ်ထဲမှာအရမ်းကိုထင်ထင်ရှားရှားကျန်ရှိနေပါတော့တယ်။
ဒါကြောင့် ဟို့ယွိဟောင်ကိုကယ်တင်ဖို့အတွက် သူတို့ဘာစကားမှမပြောနိုင်ကြတော့ပဲ တိတ်တဆိတ်အသိအမှတ်ပြုကြရင်းနဲ့သာ ကြိုးစားအားထုတ်နေကြတော့တယ်။
အပိုင်း ၁၆၅•၃ ပြီး၏။