အပိုင်း ၁၆၅•၁
” စတုတ္ထမြောက်၀ိညာဥ်စက်ကွင်း ”
°°°
အခုအချိန်မှာတော့ ဟို့ယွိဟောင်ကသူ့ရဲ့ပေါက်ကွဲတဲ့စွမ်းအားကို မှီခိုနေရပါတယ်။ ရွှေရောင်၀ံပုလွေသုံးကောင်ကသူ့ကိုစတင်တိုက်ခိုက်တာနဲ့တစ်ပြိုင်နက်ထဲလွှတ်မြောက်ဖို့အတွက် ခက်ခဲသွားမှာပါ။ အသန်မာဆုံးတိုက်ခိုက်မှုကို စတင်အသုံးပြုလိုက်ချိန်မှာတော့ သူ့ရဲ့ ပုံစံတူတုပမှုက စတင်ပြီအစွမ်းပြလာပါတော့တယ်။ ကြောက်စရာကောင်းလွန်လှတဲ့ ရေခဲဧကရီရဲ့ အရှိန်အ၀ါထွက်ပေါ်လာပြီတဲ့နောက် သွေးနီရောင်၀ိညာဥ်စက်ကွင်းက အရမ်းကိုတောက်တောက်ပပနဲ့ ဖြစ်ပါလာခဲ့ပါပြီ။ ရွှေ၀ံပုလွေသုံးကောင်က တိုက်ခိုက်ဖို့ပြင်နေတာ ရပ်သွားခဲ့ပါတော့တယ်။ ပတ်၀န်းကျင်မှာရှိတဲ့ ၀ံပုလွေထဲမှာ နှစ်တစ်ထောင်မပြည့်သေးတဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက မြေပြင်ပေါ်မှာလဲကျကုန်ကြပါပြီ။
ဟို့ယွိဟောင်လဲ ဒီအခွင့်အရေးကို အမိအရအသုံးချလိုက်ပြီ တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ချည့်နဲ့မှုကို စတင်အသုံးပြုပါတော့တယ်။ ဒီအလင်းတန်းကြီးက ရှိရှိသမျှလူတွေအားလုံးကို အားအင်ယုတ်လျော့သွားစေခဲ့တယ်။
ငွေလရောင်၀ံပုလွေဘုရင်နဲ့ ရှိသမျှ၀ံပုလွအားလုံးက အဖြူရောင်အလင်းတန်းကြီးနဲ့ တိုက်ခိုက်ခံလိုက်ရပါပြီ။
ကျူးကော်နတ်လေမြားကိုလဲ လက်ရှိအချိန်မှာပြစ်လွှတ်နေခဲ့သလို ဟို့ယွိဟောင်ရဲ့ကျောမှာတပ်ဆင်ထားတဲ့ အဆင့်ငါး၀ိညာဥ်ရှပ်ပြေးက အင်အားအပြည့်နဲ့စတင်ပြီအသက်၀င်လာပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ဥက္ကာပျံတစ်ခုလိုမျိုး လှုပ်ရှားနေခဲ့ပါပြီ။
သူ့ရဲ့အစီအစဥ်က အပြောင်းအလဲတွေဖြစ်သွားပေမဲ့ နောက်မဆုတ်ခဲ့ပါဘူး။ ဒါကို ပြီဆုံးအောင်လုပ်ရပါလိမ့်မယ်။ အကယ်၍ သူသာငွေလရောင်၀ံပုလွေကို သတ်နိုင်ဖို့ဆိုရင် သူ့မှာအခွင့်အရေးတစ်ခုမှတောင်ကျန်တော့မှာမဟုတ်ပါဘူး။
စိတ်၀ိညာဥ်ထိခိုက်စေမှုက လက်ရှိအချိန်မှာ ချည့်နဲ့စေမှုနဲ့အတူ ဆက်တိုက်ဆိုသလို ရောက်ရှိလို့လာပါတယ်။ ရွှေ၀ံပုလွေသုံးကောင်က သိပ်ပြီတော့ အများကြီးမထိခိုက်ခဲ့ပေမဲ့ ကျန်ရစ်တဲ့၀ံပုလွေအုပ်စုကတော့ သိပ်ပြီကံမကောင်းလှပါဘူး။ ဒါက သူထွက်ပြေးလွှတ်မြောက်စေဖို့အတွက် အဓိကသော့ချက်ဖြစ်လာခဲ့တယ်။
ငွေလရောင်၀ံပုလွေဘုရင်က ကြောက်စရာကောင်းတဲ့အသံနဲ့ အော်ဟစ်ဟိန်းဟောက်နေခဲ့ပါတယ်။ သူက မျက်လုံးနှစ်ခုစလုံးကို ဆုံးရှုံးသွားပြီဖြစ်တာကြောင့် များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုရင်း ဟို့ယွိဟောင်ရဲ့ နောက်ထပ်လုပ်မဲ့လုပ်ရပ်တွေကို ခန့်မှန်းဖို့ပြင်နေခဲ့ပါတယ်။ သူ့ရဲ့ဒီလိုအော်ဟစ်သံက ၀ံပုလွေသုံးကောင်စလုံးကို ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်ကုန်စေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ပုံစံတူတုပမှုကြောင့် ထိတ်လန့်နေဆဲဖြစ်တဲ့ ၀ံပုလွေတွေက ဟို့ယွိဟောင်ရှေ့ဆက်မတိုးနိုင်အောင် ကာကွယ်လိုက်ပါတော့တယ်။
ကျူးကော်နတ်လေမြားက နှစ်တစ်ထောင်၀ံပုလွေတွေရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်နိုင်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်၀ံပုလွေကြီးသုံးကောင်နဲ့ထိမိချိန်မှာတေ့ မီးပွားတွေသာဖြစ်ပေါ်လာခဲ့ပါတယ်။
ရွှေ၀ံပုလွေသုံးကောင်က မျက်လုံးတွေကို ပိတ်ထားရင်းနဲ့ သူတို့ရဲ့လက်သည်းတွေကို မြောက်လိုက်ပါပြီ ဒီမြားတွေကို သူတို့အင်အားအပြည့်နဲ့ ခုခံနေခဲ့ပါတယ်။ ဘယ်လိုပဲနာကျင်ပေမဲ့ တကယ်တမ်းကြီးမားတဲ့ထိခိုက်စေမှုတော့ မခံစားရပါဘူး။
ဟို့ယွိဟောင်လဲ ရွှေ၀ံပုလွေသုံးကောင်နဲ့ အရှေ့ဆုံးမှာတိုက်ခိုက်နေခဲ့ရသလို အရှိန်မြင့်ထားတဲ့ ၀ိညာဥ်ရှပ်ပြေးရဲ့ အစွမ်းကြောင့် သူ့ရဲ့ခန္ဓာကိုယ်လဲ ထိခိုက်မှုအတော်ကိုခံစားနေခဲ့ရတယ်။ လက်ရှိအချိန်မှာ ဒူးခေါင်းကိုရင်ဘတ်နားအထိ ရောက်အောင်ကပ်ထားခဲ့ပြီတဲ့နောက် လက်နှစ်ဖက်ကိုအသုံးပြုရင်း ခြေထောက်တွေကိုဖက်ကာ ခေါင်းကိုငုံ့လိုက်ပါတယ်။ ဒါက ပွတ်တိုက်မှုဧရိယာကို လျှော့ချစေဖို့ပါပဲ။
တစ်ကိုယ်လုံးမှာရေခဲဧကရီရဲ့ သံချပ်ကာက ဖြစ်ပေါ်လာခဲ့ပြီတဲ့နောက် လက်ရှိအချိန် သူကကြီးမားတဲ့ရေခဲလုံးကြီးလိုအသွင်နဲ့ ပြောင်းသွားပါတော့တယ်။
၀ံပုလွေကလဲ ခပ်မြန်မြန်ပဲ ပြန်လည်တုန့်ပြန်ကြပါတယ်။ အကြီးမားဆုံး ရွှေ၀ံပုလွေကြီးက အဲ့ဒီနေရာမှာ မားမားမတ်မတ်ရပ်နေခဲ့ရင်း ဟို့ယွိဟောင်ကို လက်သည်းနှစ်ခုနဲ့အတူ ပုတ်ထုတ်ဖို့လုပ်တော့တယ်။ ရေခဲနဲ့ လက်သည်းထိတွေ့မိချိန်မှာ နားစည်ကွဲအက်မတတ်စူးရှတဲ့အသံကြီးက ထွက်ပေါ်လာခဲ့ပြီ ရွှေ၀ံပုလွေက ဘယ်ဘက်ကိုနောက်ဆုတ်လို့သွားကာ ငွေလရောင်၀ံပုလွေဘုရင်ကို ချက်ချင်းကာကွယ်လိုက်ပါတယ်။ ညာဘက်မှာရှိနေတဲ့ ၀ံပုလွေကတော့ အလယ်၀ံပုလွေနဲ့အတူ ပူးပေါင်းရင်းနဲ့ ဟို့ယွိဟောင်ကို တိုက်ခိုက်ဖို့လုပ်တယ်။
၀ိညာဥ်သားရဲကောင်တွေရဲ့ ကျင့်ကြံဆင့်က ပိုမြင့်လာလေလေသူတို့ရဲ့အသိပညာက မြင့်မားလာလေပါပဲ။ ရွှေ၀ံပုလွေသုံးကောင်က တစ်ဖက်နဲ့တစ်ဖက် အတော်ကို လိုက်လျောညီထွေဖြစ်အောင် တိုက်ခိုက်နိုင်ကြပြီ သူတို့ရဲ့တိိုက်ခိုက်မှုတွေကလဲ အကျိုးရှိနေခဲ့တယ်။
အစုလိုက်အပြုံလိုက် ချည့်နဲ့စေမှုက အခုလက်ရှိအချိန်မှာ ရလဒ်ပြနေပြီဖြစ်ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအားက အများကြီးမလျာ့သွားခဲ့ပါဘူး။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်အနေနဲ့ သူတို့ရဲ့အစွမ်းအစကို ရင်ဆိုင်ဖို့နည်းလမ်းတစ်ချို့လိုအပ်နေဆဲပါ။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းရည်သူတို့အပေါ်မှာသိပ်ပြီ မသက်ရောက်တာကလဲ သူတို့ရဲ့မြင့်မားတဲ့ကျင့်ကြံဆင့်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်။
ပုံမှန်အခြေအနေမျိုးမှာ ဟို့ယွိဟောင်ရဲ့အကောင်းဆုံးရွေးချယ်မှုကတော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း ၀ံပုလွေတွေရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်ရတာပါပဲ။ ဒါပေမယ့် သူတို့ကိုထိုးဖောက်ပြီ အကဲဖြတ်ဖို့အတွက်ခက်ခဲသွားပါလိမ့်မယ်။
ဟို့ယွိဟောင်က အခုအချိန်မှာ အရမ်းကိုတည်ငြိမ်နေခဲ့ပါပြီ။ အတိုက်အခိုက်ခံနေရတာ သူ့ခန္ဓာကိုယ်မဟုတ်တဲ့အတိုင်းပါပဲ။ တားဆီးမှုတွေမရှိသလို တိုက်ခိုက်မှုလဲမရှိပဲ ၀ံပုလွေနှစ်ကောင်ကို ပြင်းပြင်းထန်ထန် ၀င်တိုက်ဖို့ပြင်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်ကနေ ကြက်သွေးနီရောင်နဲ့ ရွှေရောင်တောက်နေတဲ့အလင်းတန်းက ထွက်ပေါ်လာခဲ့ပါပြီ။ အမှောင်ထုရဲ့ညလိုမှောင်မိုက်နေတဲ့ နေမင်းတစ်စင်းက တောင်ထိပ်ပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်။ ၀ံပုလွေနှစ်ကောင်ရဲ့ တိုက်ခိုက်မှုက အဲ့ဒီကြက်သွေးရောင်နဲ့ ရွှေရောင်တောက်ပနေတဲ့ အလင်းအတန်းအကာအကွယ်ဆီကို ကျရောက်လာချိန်မှာတော့ အံ့ဩစရာကောင်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာပါတော့တယ်။ အကာအကွယ်ရဲ့ အပေါ်ယံမျက်နှာပြင်ကလှိုင်းတွေထသွားခဲ့ပေမဲ့ ၀ံပုလွေက ဒါကိုမထိုးဖောက်နိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ အဆင့်ငါး၀ိညာဥ်ရှပ်ပြေးရဲ့အရှိန်နှုန်းကို အမြင့်ဆုံးဖြစ်အောင်ဆက်ထိန်းထားရင်း ငြီးငြူးလိုက်မိပါတယ်။ ၀ံပုလွေတွေကိုသူထိပ်တိုက်တွေ့ပြီတဲ့နောက် သူတို့ကိုဘေးလွှင့်ထွက်သွားအောင် တွန်းထုတ်ပြစ်နိုင်လိိုက်ပါတယ်။
ရေခဲဧကရီရဲ့ ဆူးချွန်တွေက ၀ံပုလွေရဲ့လက်သည်းတွေကို တားဆီးပြီအရှေ့မှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ကျောဖက်နဲ့ ဘယ်ဘယ်ကတော့ တိုက်ခိုက်ခံလိုက်ရပါပြီ။
အတားအဆီးကအနည်းငယ်အားနည်းသွားပေမဲ့ ဟို့ယွိဟောင်ရဲ့ခြေထောက်တွေကို မြောက်လိုက်နိုင်သလို သူရဲ့ခြေထောက်အောက်ကနေ နောက်ထပ်အလင်းလုံးနှစ်လုံးက ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ သူက နောက်ထပ်အရှိန်မြင့်တဲ့ ၀ိညာဥ်ရှပ်ပြေးတွေပါပဲ။ အဆင့်သုံးတွေသာဖြစ်ပေမဲ့ သူ့ကိုအရှိန်မြန်မြန်တက်နိုင်စေဖို့အတွက် သင့်တော်သလောက်ကူညီနိုင်ပါတယ်။ ၀ံပုလွေနှစ်ကောင်ကို ခပ်မြန်မြန်ပဲ ကျော်ဖြတ်သွားခဲ့ပါပြီ။
သိပ့်သည်းတဲ့အပြာရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတောက်ပလာခဲ့ပါတယ်။ ထူးဆန်းတဲ့ရွှေရောင်အလင်းတန်းက တောင်ထိပ်တစ်ခုလုံးမှာ စူးစူးရှရှတောက်ပနေခဲ့ရင်း ပတ်ပတ်လည်ဆယ်မီတာကို ဒီအပြာရောင်အလင်းတန်းက ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။ ဒါကတော့ ရေခဲရုပ်ထုနယ်မြေပါ။
ငွေလရောင်၀ံပုလွေဘုရင်ရဲ့ ပြန်ပါးစပ်ထဲကနေ ပြစ်လွှတ်လိုက်တဲ့ အလင်းလုံးကတော့ မီးလုံးကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ဒါပေမယ့် ရေခဲရုပ်ထုနယ်မြေရဲ့အောက်မှာ ချက်ချင်းဆိုသလို အေးခဲခံလိုက်ရပါတယ်။ မီးပွားလေးတစ်ခုတောင် မကျန်ရှိတော့ပါဘူး။
ဟို့ယွိဟောင်က အခုအချိန်မှာ အထိမခံတဲ့အခြေအနေ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ အနောက်ဖက်မှာရွှေ၀ံပုလွေနှစ်ကောင်က ရောက်နေခဲ့ကြပြီ သူကိုတားဆီးဖို့ပြင်နေခဲ့ကြပါတယ်။ သူ့ရဲ့အရှေ့ဘယ်ဘက်မှာကတော့ ငွေလရောင်၀ံပုလွေဘုရင်ကို ကာကွယ်ပေးနေတဲ့ ရွှေ၀ံပုလွေရှိနေပြီ ငွေလရောင်၀ံပုလွေကတော့ သူနဲ့ငါးမီတာသာကွာဝေးတော့တာပါ။
ရေခဲရုပ်ထုနယ်မြေက တကယ်ကိုအင်အားကြီးပါတယ်။ ၀ံပုလွေလေးကောင်စလုံးက ချက်ချင်းဆိုသလို အရှိန်လျော့သွားခဲ့ပြီ သူတို့ရဲ့ခန္ဓာကိုယ်တွေက မြူးခိုတွေနဲ့ ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ဒါပေမယ့် အားလုံးကို ဟို့ယွိဟောင်ရင်ဆိုင်ဖို့အတွက် ခက်ခဲပါတယ်။ သူ့ရဲ့လက်ရှိကျင့်ကြံဆင့်က သူတို့ကို အပြည့်အ၀အေးခဲစေနိုင်ဖို့ မလုံလောက်ပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင်အနေနဲ့ အရှိန်လျော့စေနိုင်တဲ့ အခွင့်အရေးကြီးကိုတော့ ရရှိလိုက်ပါပြီ။
ငွေလရောင်၀ံပုလွေဘုရင်ကို ကာကွယ်နေတဲ့ ရွှေရောင်၀ံပုလွေက အများကြီးပိုနှေးသွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က လေထဲမှာတစ်ပတ်လည်ထွက်သွားခဲ့ပြီ သူရဲ့လက်သည်းတွေကို ရှောင်ရှားလိုက်တယ်။ အဲ့ဒီနောက် ငွေလရောင်၀ံပုလွေဘုရင်ရဲ့ အရှေ့ကိုရောက်လာခဲ့ပါပြီ။
ဒီအချိန်မှာ ၀ံပုလွေသုံးကောင်စလုံးက သူ့နောက်မှာရောက်နေခဲ့ပြီဖြစ်သလို ငွေလရောင်၀ံပုလွေဘုရင်ကတော့ အရှေ့တည့်တည့်မှာပါ။ သူ့ကို ၀ံပုလွေလေးကောင်က ၀န်းရံပြီသားဖြစ်နေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတစ်ခုက ထွက်ပေါ်လာပါတော့တယ်။ သူ့ရဲ့အနောက်ဖက်မှာရှိတဲ့ ၀ံပုလွေသုံးကောင်ကို တစ်ချက်လေးတောင် အာရုံမစိုက်ခဲ့ပါဘူး။ ရေခဲရုပ်ထုနယ်မြေက သူတို့ရဲ့ နောက်သုံးစက္ကန့်အတွင်းမှာ မတိုက်ခိုက်နိုင်အောင်လို့ ကာကွယ်ပေးထားမှာပါ။ အခုအချိန်သူလုပ်ဖို့လိုတာကတော့ ငွေလရောင်၀ံပုလွေဘုရင်ကိုရအောင် တိုက်ခိုက်ဖို့ပါပဲ။
အစောပိုင်းတုန်းက သူအစွမ်းကုန်မတိုက်ခိုက်ခဲ့သမျှအရာအားလုံးက်ို စတင်အသုံးပြုပါတော့တယ်။
ငွေလရောင်၀ံပုလွေဘုရင်က ရေခဲရုပ်ထုနယ်မြေအောက်မှာရောက်နေခဲ့တဲ့အတွက် သူ့ရဲ့လှုပ်ရှားမှုတွေက နှေးကွေးနေခဲ့ပါတယ်။ ဒါပေမယ့် ခုခံနိုင်စွမ်းကတော့ ၀ံပုလွေသုံးကောင်ထက် ပိုအားကောင်းပါတယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာနေခဲ့တယ်။ ဟို့ယွိဟောင်က သူ့ကိုအပြည့်အ၀ ပြန်လည်ကောင်းမွန်ဖို့အချိန်မပေးပါဘူး။
သူ့ရဲ့ဘယ်ဘက်လက်မှာရှိနေတဲ့ အပြာရောင်အလင်းတန်းကတစ်ချက်ထွက်ပေါ်လာပါတော့တယ်။ ဖိနှိမ့်ထားခဲ့တဲ့ ၀ုန်းကနဲပေါက်ကွဲသံကြီးက ငွေလရောင်၀ံပုလွေဘုရင်ရဲ့ အရှေ့တည့်တည့်မှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့အမွေးတစ်ခုလုံးသွေးတွေရွှဲနစ်လို့သွားခဲ့ပြိီ ရေခဲရုပ်ထုနယ်မြေရဲ့ပေါက်ကွဲမှုကို ခံစားရပါတော့တယ်။
ကံကြမ္မာ၀ိညာဥ်အကြည့်နဲ့ တိုက်ခိုက်ခံပြီတဲ့နောက် ငွေလရောင်၀ံပုလွေဘုရင်ရဲ့မျက်လုံးတွေက လုံး၀ပေါက်ထွက်သွားပြီဖြစ်သလို စိတ်၀ိညာဥ်ထိတ်လန့်မှုနဲ့ ရင်ဆိုင်ထားရတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်က တုန်ရီနေခဲ့ပြီ မျက်လုံးကနေလဲ သွေးတွေဆက်တိုက်စီးကျနေခဲ့ပါသေးတယ်။
ရေခဲရုပ်ထုနယ်မြေရဲ့ အပြည့်အ၀အေးခဲမှုကို မခံစားရပေမဲ့ ဒီလိုမျိုးအရည်တွေစီးကျနေတာကိုတော့ တားဆီးနိုင်ချေမရှိပါဘူး။ လက်ရှိအချိန်မှာ အဲ့ဒီအရည်တွေကို အေးခဲစေရင်း ဟို့ယွိဟောင်က ဖောက်ခွဲမှုနည်းလမ်းကို အသုံးပြုလိုက်ပါတော့တယ်။
ဖောက်ခွဲမှုအားက အလောင်းတွေကို အသုံးပြုတဲ့ ဖောက်ခွဲမှုနည်းလမ်းနဲ့ ယှဥ်လို့မရပေမဲ့ အဓိကပေါက်ကွဲမှုက ငွေလရောင်၀ံပုလွေဘုရင်ရဲ့ မျက်လုံးထဲမှာ ဖြစ်ပေါ်လို့သွားခဲ့တယ်။ ဒါ့အပြင် အတော်ကို ရုတ်တရက်ဖြစ်သွားခဲ့တာပါ။
ငွေလရောင်၀ံပုလွေဘုရင်က ရုတ်တရက်လေထဲကို မြောက်တက်လို့သွားခဲ့ပြီ နာကျင်မှုကြောင့် အော်ဟစ်ပါတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုက သူရဲ့ခေါင်းအေးအေးထားနိုင်မှုနဲ့ အကဲဖြတ်နိုင်စွမ်းတွေအားလုံးကို ဆုံးရှုံးသွားစေခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ငွေလရောင်၀ံပုလွေဘုရင်ရဲ့ခန္ဓာကိုယ်ထဲကို ဖောက်ထွက်လို့သွားခဲ့ပါပြီ။
နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်က အရမ်းကိုအင်အားကြီးပါတယ်။ သူက အလိုအလောက်ခုခံနိုင်တဲ့ ၀ိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသလိုပါပဲ။ ခုနှစ်ရောင်ခြယ်အလင်းတန်းက နောက်တစ်ကြိမ် သူ့ခန္ဓာကိုယ်ပေါ်မှာ ထပ်မံထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာကတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားကို ခုခံဖို့ကြိုးစားခဲ့တာနဲ့ မတူညီပါဘူး။ သူ့ရဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ပုံမှန်အရှိန်နှုန်းထက် ခုနှစ်ဆမက နှေးကွေးသွားတာကို ဟို့ယွိဟောင် ခံစားမိပါတယ်။ ခုနှစ်ကြိမ်တိတိ အော်ဟစ်သံတွေကို ကြားရပြီတဲ့နောက် သူလဲ ငွေလရောင်၀ံပုလွေဘုရင်ကို ထိအောင်တိုက်ခိုက်နိုင်ခဲ့ပါပြီ။
အရောင်ခုနှစ်ရောင်နဲ့အတူ အော်သံခုနှစ်သံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒါ့အပြင် မတူညီတဲ့အင်အားခုနှစ်မျိုးကလဲ အပြင်ကိုလွှင့်စင်ထွက်လာခဲ့တယ်။ အဲ့ဒါတွေကတော ရေ၀ဲဂယက်တွေ မီးလျှံတွေ မြန်ဆန်လွန်လှတဲ့ လေ၀ဲကြီးကြောက်စရာကောင်းတဲ့ မာကျောကျောက်စောင်တွေနဲ့အလင်းတန်းဒိုင်းကာအပြင် အမှောင်ထုအတားအဆီးနဲ့ လျှပ်စီးကွန်ယက်တွေပါ ဖြစ်ပေါ်လာခဲ့တာပါ။ အသွင်သဏ္ဍာန်ခုနှစ်ခုက ရွှေအိုရောင်အကြောက်တရားလက်သည်းတွေရဲ့ အစွမ်းအစကိုအများကြီး လျော့ကျလို့သွားစေခဲ့တယ်။
ဟို့ယွိဟောင်က ငွေလရောင်၀ံပုလွေဘုရင်ကို မသတ်နိုင်ခဲ့ပေမဲ့ သူရဲ့ ရင်ဘတ်နဲ့ ၀မ်းဗိုက်ကြားမှာရှိတဲ့ သေကွင်းသေကွက်နေရာကို ထိုးစိုက်နိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာရှိနေတဲ့ ၀ံပုလွေသုံးကောင်ကလဲ အခုအချိန်မှာ လှုပ်ရှားလာနိုင်ခဲ့ပါပြီ။ သူ့ဆီကို ချက်ချင်းပြေး၀င်လာပါတော့တယ်။
ဟို့ယွိဟောင် အသက်ပြင်းပြင်းရှုသွင်းလိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဖောင်းကြွလာပါတော့တယ်။ ဒါကိုခန့်မှန်းထားပြီသားဖြစ်တဲ့ ဒီအတိုင်းအေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် မျက်စိကျိန်မတတ်တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ပေါ်မှာစတင်တောက်ပလာပါတော့တယ်။ နှစ်မီတာကျော်အထိ အခြင်ရှိတဲ့ရွှေရောင်အတားအဆီးကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ ၀ံပုလွေသုံးကောင် ဘယ်လိုပဲတိုက်ခိုက်ပါစေ သူ့ရဲ့ ဒီအကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်ရဲ့ ကျောရိုးတစ်ခုလုံးကလဲ ကျောက်စိမ်းပြာရောင်တောက်ပလို့လာခဲ့ပါတယ်။ ဒါကရေခဲဧကရီရဲ့ အရိုးထဲကနေလာတဲ့ အင်အားအကြီးဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ရေခဲဧကရီရဲ့ အမျက်ဒေါသပါပဲ။
အဆင့်သုံးဆယ်ကနေ လေးဆယ်အထိ အကြီးမားဆုံးအပြောင်းအလဲကတော့ ဟောင်သုန့်စွမ်အားကိုအသုံးချဖို့မလိုပဲနဲ့ သူဒါကိုအသုံးပြုနိုင်နေတာပါ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားအကုန်လုံးနီးပါးက ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် ရေခဲဧကရီရဲ့အမျက်ဒေါသကို သူအခုအချိန်မှာ ထုတ်သုံးနေခဲ့ပါတယ်။ နှစ်ပေါင်းလေးသိန်း၀ိညာဥ်စက်ကွင်းရဲ့ အစွမ်းအစက ဟို့ယွိဟောင်ရဲ့အသန်မာဆုံးတိုက်ခိုက်မှုကို ပိုပြီးအားဖြည့်ပေးလိုက်ပါတယ်။ အခုလက်ရှိအချိန်မှာကတော့ ငွေလရောင်၀ံပုလွေဘုရင်ကို သူအပြီးအပြတ်သုတ်သင်နိုင်ပါပြီ။
ငွေလရောင်၀ံပုလွေဘုရင်ရဲ့ မျက်လုံးကိုအရင်ဆုံးကံကြမ္မာ၀ိညာဥ်အကြည့်နဲ့ ဖျက်ဆီးခဲ့ပြီတဲ့နောက် အကြောက်တရားလက်သည်းတွေက ဓာတ်သဘောသဘာ၀ပါတဲ့ခုနှစ်ကို ပျက်စီးစေခဲ့တယ်။ လက်ရှိအချိန်မှာ ရေခဲဧကရီရဲ့ အမျက်ဒေါသက သေစေနိုင်လောက်နိုင်လောက်တဲ့တိုက်ခိုက်မှုဖြစ်သွားစေခဲ့ပါပြီ။ ဒါက ဟို့ယွိဟောင်ရဲ့စွမ်းအားဖြစ်သလို အသူရာမျက်လုံးရဲ့စွမ်းအားပါပဲ။
ဟို့ယွိဟောင်အရှေ့ကိုခုန်ဆင်းလာခဲ့ရင်း ညာဘက်ကလက်သည်းတွေနဲ့ အေးခဲနေတဲ့ ငွေလရောင်၀ံပုလွေဘုရင်ရဲ့လည်ပင်းကို ထိုးချလိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀ံပုလွေဘုရင်ကို လေထဲမှာခါထုတ်လိုက်ပြီ အဆင့်ငါး၀ိညာဥ်ရှပ်ပြေးကို အသုံးပြုရင်း သူ့ရဲ့အရှိန်နှုန်းကို ထပ်မံမြင့်တင်လိုက်တယ်။ အဲ့ဒီနောက် ၀ံပုလွေဘုရင်ကို လက်ထဲမှာပြစ်ချလိုက်ပြီ တောင်စောင်ရဲ့အောက်ဖက်ချောက်နက်ကြီးထဲကို သူထိုးဆင်းသွားပါတော့တယ်။
ရွှေ၀ံပုလွေတွေက တောင်စောင်ရဲ့တစ်ဖက်ဘေးမှာ ကင်းပုန်းချနေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့ အစုလိုက်အပြုံလိုက် ချည့်နဲ့စေမှုကြောင့် သူတို့တွေက အားနည်းနေခဲ့ကြတယ်။ ဒါကြောင့် ရွှေရောင်အလင်းလုံးကြီးပျောက်ကွယ်သွားတာကို ဒီအတိုင်းကြီးကြည့်နေတာကလွဲပြီ မတတ်နိုင်ခဲ့ကြပါဘူး။
ဒီအချိန်မှာပြီတဲ့အထိတောင် ရွှေ၀ံပုလွေသုံးကောင်က အတားအဆီးကိုမဖောက်ထွက်နိုင်ပဲ ရှိနေခဲ့ပါတယ်။
ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုက ဟို့ယွိဟောင်ရဲ့ကျောဖက်မှာ ပေါ်ထွက်လို့လာခဲ့ပြီ အောက်ဖက်ကို ပြုတ်မကျအောင် တားဆီးလိုက်ပါတယ်။ သူလဲခပ်မြန်မြန်ပဲ အဝေးကိုပျံသန်းလို့သွားခဲ့ပါပြီ။
ကျန်ယန်တောင်မှာသတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်တွေက ဘယ်လောက်ပဲ သန်မာပါစေသူတို့က မပျံသန်းနိုင်ကြပါဘူး။ ဒါကြောင့် ဟို့ယွိဟောင် ရွှေရောင်အလင်းလုံးကြီးအဖြစ်ပြောင်းလဲပျံသန်းသွားရင် ပျောက်ကွယ်သွားတာကိုသာ ဒီအတိုင်းကြည့်နေခဲ့ရပါတော့တယ်။
ရွှေရောင်အလင်းတန်းတွေက ဟ်ို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဘေးမှာလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးပေါ်မှာ ရေငွေ့အလွှာတွေက ဖုံးလွှမ်းလို့နေခဲ့ပြီ ခန္ဓာကိုယ်ရဲ့အငွေ့အသက်ကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။
အပိုင်း ၁၆၅•၁ ပြီး၏။