အပိုင်း ၁၆၄• ၃
” ငွေလရောင်၀ံပုလွေဘုရင် ”
•••
ပထမဆုံးရွှေ၀ံပုလွေက ဟို့ယွိဟောင်ရဲ့ မြင်ကွင်းထဲကိုရောက်ရှိလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ပုခုံးရင်ဘတ်နောက်ကျောနဲ့ ခြေထောက်အပြင် ခါးတစ်လျှောက်လုံးမှာ သတ္ထုအကာအကွယ်တွေကို တပ်ဆင်ပြီသားဖြစ်နေခဲ့ပါပြီ။ ဒါတွေစုစုပေါင်းဆယ်ရှစ်ခုတိတိရှိပါတယ်။ ဒါတွေအားလုံးကအတော်ကိုလေးလံတဲ့အပြင် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကိုလဲ မျှော်စင်ကြီးတစ်ခုလိုမြင့်မားသွားစေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့မြင်ကွင်းရှေ့မှာပေါ်လာခဲ့တဲ့ ဒီ၀ံပုလွေက တခြားနေရာမှာရှိတဲ့၀ံပုလွေထက် အတော်ကိုမတူညီပါဘူး။ ကြွက်သားတွေက ဖုထစ်နေခဲ့ပြီ အတော်ကိုကြီးမားတုတ်ခိုင်လို့နေခဲ့ပါတယ်။ သွေးဆာနေတဲ့ အငွေ့အသက်က ဟို့ယွိဟောင်ရဲ့ကိုယ်ပေါ်ကိုကြည့်ရင်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တယ်။
သူကဒေါသတကြီးဟိန်းဟောက်ရင်း ဟို့ယွိဟောင်ကို ခုန်အုပ်လိုက်ပါပြီ။ လက်သည်းတွေကြားမှာလဲ ဓားသွားတွေက ထွက်ပေါ်လာခဲ့ပါတယ်။
ဒီရွှေ၀ံပုလွေက ကျင့်ကြံဆင့်ထဲမှာ အသန်မာဆုံးဖြစ်မယ်လို့ ဟို့ယွိဟောင်ခန့်မှန်းမိပါတယ်။
သူကိုယ်တိုင်ကတော့ နောက်ကိုခြေလှမ်းတစ်၀က်ဆုတ်လိုက်ပြီ တချွင်ချွင်မြည်သံတွေကို ထွက်ပေါ်လာစေခဲ့တယ်။ သတ္ထုတွေထဲကနေ အဖြူရောင်အငွေ့တွေက ဖြစ်ပေါ်လာပြီတဲ့နောက် ဘယ်ဘက်လက်ကောက်၀တ်က လည်ထွက်လို့သွားခဲ့ပါတယ်။ ၀ံပုလွကတော့ လေထဲမှာအေးခဲလို့သွားခဲ့ပါပြီ။ ခုန်လွှားနေတဲ့ပုံစံသာရှိခဲ့ပေမဲ့ ကြောက်စရာကောင်းလောက်အောင် နာနာကျင်ကျင်နဲ့ အော်ဟစ်လို့နေခဲ့ပါတယ်။
သူရဲ့အမွေးတွေပေါ်မှာမြင်သာတဲ့ အပေါက်ဆယ့်ခြောက်ခုတိတိရှိနေခဲ့တယ်။
ဒါကကျူးကော်နတ်လေမြားရဲ့ ကြောက်စရာကောင်းတဲ့ ထိုးဖောက်နိုင်စွမ်းပါပဲ။ ရွှေ၀ံပုလွေရဲ့ခန္ဓာကိုယ်ကို ဆက်တိုက်ဖောက်ထွက်လို့သွားခဲ့တာပါ။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ လေမြားတွေက အစောပိုင်းကထဲက ဆက်တိုက်အားသွင်းထားခဲ့တာပါ။ သူတို့ကိုသုံးရင် တစ်ခါအားသွင်းဖို့လိုပါတယ်။ ဟို့ယွိဟောင် ကျန်ယန်တောင်ကြောထဲကို မ၀င်ခင်ကထဲက ပြင်ဆင်ထားခဲ့တာကြာပါပြီ။ ဒီရွှေ၀ံပုလွေက ကျူးကော်နတ်လေမြားရဲ့အောက်မှာ ပထမဆုံးထိခိုက်သူပါပဲ။
ဟို့ယွိဟောင် သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်ရင်းနဲ့ ၀ံပုလွေအလောင်းကိုဆွဲယူလိုက်ပါတော့တယ်။ ဒဏ်ရာတွေကို ရေခဲနဲ့ချိတ်ပိတ်လိုက်ပြီတဲ့နောက်အလောင်းကိုတစ်ဖက်ပြစ်လွှတ်လိုက်ရင်း ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုဖို့အတွက် ခဏတာချန်ထားခဲ့တယ်။
ကျူးကော်နတ်လေမြားက ရွှမ်ကျင့်၀မ်အရှေ့မှာ ဖန်တီးထားခဲ့တာနဲ့ သိပ်ပြီမတူပါဘူး။ ပိုကောင်းတဲ့ပစ္စည်းနဲ့ပြုလုပ်ထားပြီ ပိုကောင်းပြီတော့လဲ လက်ရာမြောက်ပါတယ်။ သုံးကြိမ်တိတိပြစ်လွှတ်နိုင်သလို အဆင့်ငါးထိပ်တန်းကြီးတွေပါပဲ။
ကျူးကော်နတ်လေမြားဆယ်ရှစ်ခုနဲ့ဆိုရင် ငါးဆယ်လေးကြိမ်တိတိ ပြစ်လွှတ်နိုင်မှာပါ။ ဒါကြောင့် ဟို့ယွိဟောင် အတော်လေးကို ယုံကြည်ချက်ရှိနေခဲ့တယ်။ ကျူးကော်နတ်လေမြားရဲ့ပြစ်ချက်က အတော်ကိုကြောက်စရာကောင်းတဲ့အပြင် အရမ်းကိုလွယ်လွယ်ကူကူနဲ့လဲအသုံးချနိုင်ပါတယ်။ ၀ိညာဥ်စွမ်းအားကိုထိန်းပြီ ပြစ်ချလိုက်ရုံပါပဲ။
သူတို့ရဲ့ဖျက်ဆီးနိုင်စွမ်းက အတော်ကိုကောင်းမွန်လွန်တဲ့အတွက် ဘယ်အချိန်မဆိုသုံးဖို့အဆင်ပြေနေခဲ့တယ်။ နောက်ထပ် ရွှေ၀ံပုလွေခုနှစ်ကောင်က ဒီအချိန်မှာ ရောက်ရှိလို့လာခဲ့ပါပြီ။
အားလုံးက ဟို့ယွိဟောင်ဆီိကို တစ်ပြိုင်နက်ထဲ ပြေးလာနေခဲ့ကြတယ်။ သူတို့ရဲ့ကျင့်ကြံဆင့်က နှစ်သုံးရာကနေ နှစ်တစ်ထောင်အထိကွာခြားပါတယ်။ အရွယ်အစားနဲ့ ကြွက်သားပုံစံကိုကြည့်ရုံနဲ့တင် သိသာနေတဲ့ကိစ္စပါပဲ။
ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို စတင်အသုံးပြုရင်း အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ လှုပ်ရှားနေခဲ့တယ်။ သရဲအရိပ်ခြေရာကိုအသုံးပြုပြီး အငယ်ဆုံးရွှေ၀ံပုလွေဆီကို ပြေးလာခဲ့ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကိုမြောက်လိုက်ပြီ တချွင်ချွင်မြည်သံတွေကို ထွက်ပေါ်လာစေခဲ့တယ်။ ကျူးကော်နတ်လေမြားကိုသူပြစ်လွှတ်လိုက်ချိန်မှာတော့ ရွှေ၀ံပုလွေရဲ့အသားကို ဖောက်ထွက်လို့သွားပြီ နာနာကျင်ကျင်အော်ဟစ်စေခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုတောင် အသုံးပြုစရာမလိုပဲနဲ့ ၀ံပုလွေနှစ်ကောင်တိတိကိုလဲကျအောင်လုပ်နိုင်ခဲ့တယ်။
ဟို့ယွိဟောင် အသေးဆုံး၀ိညာဥ်အနားကိုရောက်ရှိချိန်မှာ တိုက်ခိုက်မှုကို ခုန်ရှောင်ရင်နဲ့ ခန္ဓာကိုယ်ကလျှပ်စီးလက်သလိုမျိုး ဖြတ်ပြေးလို့သွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အကြောက်တရားလက်သည်းတွေကို အသုံးပြုရင်း ၀ံပုလွေရဲ့ခါးကြောရိုးတစ်လျှောက်ကနေတစ်ဆင့် လည်ပင်းအထိဆွဲဖြဲရင် ချက်ချင်းဆိုသလို သတ်ပြစ်လိုက်တော့တယ်။
မြေပြင်ကိုခြေဖျားထောက်ရင် နောက်ထပ်တစ်ကြိမ်ခုန်လိုက်ပြီတဲ့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲမှာလည်ထွက်လို့သွားပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ရွှေ၀ံပုလွေရဲ့အလောင်းကို ဘယ်ဘက်လက်ထဲပြောင်းလိုက်ပြီတဲ့နောက် သူ့ရဲ့အပေါ်ခန္ဓာကိုယ်ကို ရေခဲဖြစ်အောင်လုပ်ရင်း အစောပိုင်းတုန်းက ရွှေ၀ံပုလွေအလောင်းသုံးခုဆီကို ပြစ်လွှတ်လိုက်ပါတယ်။
ကျူးကော်နတ်လေမြားက သူ့နောက်တစ်ကြိမ် လည်ထွက်လိုက်ချိန်မှာထပ်မံပြီ အစွမ်းပြလာခဲ့ပါပြီ။ သူ့ကိုနောက်ကနေတိုက်ခိုက်ဖို့ ကြံနေတဲ့၀ံပုလွေတွေဆီကို မြားတွေကပြေး၀င်သွားပါတော့တယ်။
ရေခဲပေါက်ကွဲမှုနည်းလမ်းကတော့ အစပြုခဲ့ပါပြီ။ နှစ်သုံးရာ၀ံပုလွေအလောင်းက အတော်ကိုအသုံး၀င်တဲ့ဗုံးတစ်လုံးအဖြစ်နဲ့ သူ့ဆီပြေး၀င်လာနေတဲ့ ၀ံပုလွေသုံးကောင်ကို ဖောက်ခွဲပြစ်လိုက်ပါတယ်။
ဟို့ယွိဟောင်လဲ နောက်ထပ်ရွှေ၀ံပုလွေတစ်ကောင်ရဲ့အလောင်းကို ဘယ်ဘက်လက်ကနေဆွဲယူပြီ ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုကာညာဘက်ခြေထောက်နဲ့ ကန်လွှတ်လိုက်ပါတယ်။
စိတ်၀ိညာဥ်ထော်လှမ်းမျှဝေမှုကြောင့် လက်ရှိအချိန်မှာ တောင်စောင်ရဲ့ဘယ်နေရာကိုမဆို သူအလောင်းတွေပြစ်တိုင်း များပြားတဲ့ရွှေ၀ံပုလွေက ပေါက်ကွဲမှုကိုကြုံတွေ့နေခဲ့ရတယ်။
သွေးတွေနဲ့အသားတွေက ပေါက်ကွဲမှုကြားထဲမှာ ဆက်တိုက်ဆိုသလို ပြန့်ကျဲထွက်နေခဲ့ပြီ ရွှေ၀ံပုလွေတော်တော်များများက အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ကြပါပြီ။
ဘယ်ဘက်လက်မှာတော့ ၀ံပုလွေအလောင်းတွေကိုဆက်တိုက်ကိုင်ထားရင်းနဲ့ သူ့ရဲ့နတ်လေမြားအောက်မှာလဲ ၀ံပုလွေကိုဆက်တိုက်သတ်ဖြတ်နေပါသေးတယ်။ နတ်လေမြားကိုအသုံးပြုလိုက် ရေခဲပေါက်ကွဲမှုကိုအသုံးပြုလိုက်နဲ့ ကျန်ယန်တောင်ကြောတစ်လျှောက်ကတော့ တုတ်ခါလို့နေခဲ့ပါပြီ ဒီလိုတုန်ခါသံတွေကို တောင်တွေရဲ့အပြင်ဘက်ဆီကနေတောင် ကြားနေခဲ့ရပါတယ်။
၀ံပုလွေအကောင်သုံးဆယ်ကျော်က ဒီအတိုင်းပဲ အသတ်ခံလိုက်ရပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့နတ်လေမြားတစ်၀က်ကိုသာ အသုံးပြုရသေးသလို ရေခဲပေါက်ကွဲမှုနည်းလမ်းကြောင့်သာ အများစုကသေဆုံးကုန်ကြတာပါ။
ဟို့ယွိဟောင်ရဲ့ ရေခဲပေါက်ကွဲမှုနည်းလမ်းက သေခြင်းတရားတမန်တော်ရဲ့အလောင်းဖောက်ခွဲမှုနည်းလမ်းနဲ့ အတော်ကိုတူညီပါတယ်။ ကွာခြားချက်တော့ တစ်ဖက်လူကအဆိပ်ကိုသုံးတာဖြစ်ပြီ အလောင်းတွေကို ပုံပြောင်းဖို့အတွက် အချိန်ယူရပါတယ်။ ဟို့ယွိဟောင်ကတော့ များပြားတဲ့အလောင်းအုပ်စုတွေကို တစ်ပြိုင်နက်ထဲဒါမျိုးလုပ်လို့မရပါဘူး။ ဒါပေမယ့် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ တစ်ကောင်ချင်ဖောက်ခွဲပြစ်လို့ရပါတယ်။
တစ်ခုတည်သောပြဿနာကတော့ သူ့ကိုယ်တိုင်ရေခဲဖောက်ခွဲနိုင်စွမ်းကို အလောင်းကိုထည့်သွင်းဖို့ လိုအပ်တာပါပဲ။ ဒါက ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားသိပ့်သည်းမှုကြောင့် သိပ်ပြီပြဿနာမရှိနိုင်ပါဘူး။
ဟို့ယွိဟောင်ရဲ့လက်ထဲမှာ အဆင့်ခြောက်နို့ပုလင်းက ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့ ကုန်ဆုံးသွားတဲ့၀ိညာဥ်စွမ်းအားတွေကို ခပ်မြန်မြန်ပဲ ပြန်လည်ဖြည့်တင်းလိုက်ပါတော့တယ်။
ဒီအချိန်မှာပဲ ရွှေရောင်၀ံပုလွေအုပ်စုက တောင်ပါ်ကိုပြေးလာနေတာ ရပ်လိုက်ကြတယ်။ ဒီလိုများပြားတဲ့သေဆုံးမှုက သူတို့ကိုထိတ်လန့်သွားစေခဲ့တာအမှန်ပါ။ အားလုံးကသူတို့ရဲ့ခေါင်းဆောင်ပေါ်လာမှာကိုစောင့်ဆိုင်းနေခဲ့ကြပါတယ်။
ဟို့ယွိဟောင်လဲ စောင့်ဆိုင်းလို့နေခဲ့တယ်။ အခုအချိန် သူထွက်ပြေးတာက ပိုကောင်းတဲ့အကြံအညံမှန်း သိပါတယ်။ ဒီရွှေ၀ံပုလွေက သူ့ကိုတားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ပစ်မှတ်က အဲ့ဒီရွှေ၀ံပုလွေတစ်အုပ်မဟုတ်တာကြောင့် အဓိကရည်ရွယ်ချက် ပေါ်လာမှာကို စောင့်ဆိုင်းလို့နေခဲ့တော့တယ်။
ကျူးကော်နတ်လေမြားကိုလက်မောင်းတွေပေါ်မှာ ထားထားခဲ့ရင်း အပြည့်အ၀ဆန့်ထုတ်လို့ထားပါတယ်။ သူ့ရဲ့လက်ပေါ်မှာ ချက်ချင်းဆိုသလို ကျူးကော်နတ်လေမြားက အသွင်ပြောင်းလို့သွားခဲ့ပြီ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ပေါ်လာခဲ့တော့တယ်။ ဒီလက်သည်းတွေက အခုအချိန်အထိ သွေးမစွန်းရသေးပါဘူး။ ရွှေ၀ံပုလွေတစ်ကောင်ကိုမှ မသတ်ရသေးတဲ့အတွက် သန့်သန့်ရှင်းရှင်းရှိနေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲက အတော်ကိုတောက်ပလာခဲ့ပြီ နေရာတစ်ခုဆီကို လှမ်းကြည့်လိုက်ပါတယ်။ အကောင်သုံးကောင်က တောင်ပေါ်ကနေခုန်ချလာခဲ့ပြီ ညီညီညာညာရပ်နေကြရင်းသူ့ရှေ့ကို ရောက်လာခဲ့ကြတယ်။
ဒါကအကြီးဆုံးရွှေ၀ံပုလွေပါပဲ။ တစ်ကောင်ချင်းဆီတိုင်းကလဲ လေးမီတာကျော်ရှည်လျားပြီ သူတို့ရဲ့ကြီးမားတုတ်ခိုင်တဲ့ခန္ဓာကိုယ်ကြီးတွေက ၀က်၀ံတွေနဲ့တောင်တူညီလို့နေခဲ့တယ်။ သူတို့တွေက အတော်ကိုအားကောင်းတဲ့ခြေတွေလက်တွေကိုလဲပိုင်ဆိုင်လို့ထားခဲ့ကြပါတယ်။ ခြေသည်းလက်သည်းလေးခုက ဟို့ယွိဟောင်ရဲ့ အကြောက်တရားလက်သည်းတွေလိုမျိုး ချွန်ထက်ပြီ ကြောက်စရာကောင်းနေခဲ့တယ်။
မျက်လုံးတွေကလဲ သာမန်အညိုရောင်ဟုတ်မနေပဲ သွေးနီရောင်တောက်ပလို့နေခဲ့ပါတယ်။ ဒိီလိုသွေးဆာနေတဲ့အငွေ့အသက်က ခန္ဓာကိုယ်အပြင်ဘက်ဆီကို ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တာပါ။
သူတို့တွေကတော့ အုပ်စုကိုဦးဆောင်တဲ့ရွှေ၀ံပုလွေသုံးကောင်ပါပဲ။ သူတို့ရဲ့အငွေ့အသက်နဲ့ ၀ိညာဥ်စွမ်းအားကိုကြည့်ရမယ်ဆိုရင် ကျင့်ကြံဆင့်က နှစ်တစ်သောင်း နှစ်နှစ်သောင်းကြားမှာ ရှိနေမှာပါ။ ဒါပေမယ့် တိုက်ခိုက်နိုင်စွမ်းကတော့ နှစ်နှစ်သောင်းထက်ကျော်လွန်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ဒီလိုသန်မာတဲ့ ၀ိညာဥ်သားရဲကောင်တွေကို ဟို့ယွိဟောင်တွေ့ဆုံရတာပါပဲ။ သူ့ကိုယ်သူယုံကြည်ချက်အပြည့် ရှိပေမဲ့ ဒီရွှေ၀ံပုလွေတွေနဲ့ အပြည့်အ၀ရင်ဆိုင်နိုင်ပါ့မလားဆိုတာကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိပဲ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့မှာရွေးချယ်စရာလဲ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ၀ံပုလွေတွေရဲ့ အနောက်ဖက်မှာပိန်ပါးသေးသွယ်တဲ့နောက်ထပ်သတ္တ၀ါတစ်ကောင်က ပေါ်လာခဲ့လို့ပါ။
ဒီ၀ံပုလွေက သုံးမီတာကျော်ရှည်လျားပါတယ်။ ရွှေ၀ံပုလွေတွေလိုလဲကြီးမားတဲ့ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားပါဘူး။ ပိန်ပိန်ပါးပါးကျစ်ကျစ်လစ်လစ်နဲ့ရယ်နေပြီ သူ့နဖူးပေါ်မှာ ငွေရောင်လခြမ်းကွေးသဏ္ဍာန်အမွေးစုလေးရှိနေခဲ့ပါတယ်။ ငွေရောင်တောက်နေတဲ့ မျက်၀န်းတွေကဟို့ယွိဟောင်ကို မီးနဲ့မြိုက်ပြစ်ချင်နေသလိုမျိုး ကြည့်နေခဲ့တယ်။ ဒါက အမုန်းတရားတွေ မကျေနပ်ချက်တွေအပြည့်နဲ့ မျက်လုံးတွေပါ။
နှစ်ဖက်စလုံးက လက်ရှိအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အတော်ကိုထိန်းချုပ်ထားပြီ တိတ်ဆိတ်လို့နေခဲ့တယ်။ သာမန်နည်းဗျူဟာတွေက သိပ်ပြီအသုံးမ၀င်နိုင်ပါဘူး။ ဟို့ယွိဟောင်ကို လက်ရှိအချိန်မှာ ၀ံပုလွေသုံးကောင်က တြိဂံပုံသဏ္ဍာန်နဲ့ ၀န်းရံထားခဲ့တာပါ။ ဒါပေမယ့် သူတို့တွေကအဲ့ဒီဗျူဟာကို အသုံးမပြုပဲ မျက်နှာချင်ဆိုင်ဖို့သာဆုံးဖြတ်လိုက်ကြတယ်။ ငွေ၀ံပုလွေရဲ့လုံခြုံစိတ်ချမှုက သူတို့အတွက်အတော်ကို အရေးကြီးပုံပါပဲ။
အဲ့ဒီငွေ၀ံပုလွေက ငွေလရောင်၀ံပုလွေဘုရင်ပါ။ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ဖြစ်သလို ဟို့ယွိဟောင်ရှာနေတဲ့ ၀ိညာဥ်သားရဲကောင်ပါပဲ။ ဟို့ယွိဟောင်အနေနဲ့ အခုအချိန်မှာလုံး၀မကြောက်တော့ပါဘူး။ အဲ့ဒီအစားစိတ်တောင်လှုပ်ရှားနေပါသေးတယ်။ စိတ်နဲ့ခေါင်းထဲမှာရှိနေခဲ့ဖူးတဲ့ အကြောက်တရားဆိုတာကလက်ရှိအချိန်မှာ တည်ငြိမ်အေးဆေးမှုနဲ့သာအစားထိုးလို့သွားခဲ့တယ်။
ရွှေ၀ံပုလွေတွေနဲ့ သူတိုက်ခိုက်ဖို့မလိုပါဘူး။ သူရည်ရွယ်ချက်ကတော့ ငွေလရောင်၀ံပုလွေဘုရင်ကို သတ်ပြီ၀ိညာဥ်စက်ကွင်းကိုအောင်အောင်မြင်မြင် ရယူဖို့ပါပဲ။ ဒါပေမယ့် ခက်တော့ခက်ပါလိမ့်မယ်။
ရွှေ၀ံပုလွေတွေက တောင်ပေါ်ကိုပြေးတက်လာဖို့အတွက် မဆုံးဖြတ်ခဲ့တာအမှန်ပါ။ ဒီတောင်ထိပ်က သိပ်ပြီမကြီးမားတဲ့အတွက်အကယ်၍ သူတို့တွေအများကြီးသာ စုစည်းလိုက်မယ်ဆိုရင် သူတို့ခေါင်းဆောင်အတွက် အခွင့်မသာဖြစ်သွားနိုင်ပါတယ်။
ဟို့ယွိဟောင်က ၀ံပုလွေရဲ့အလောင်းကိုအသုံးပြုရင်း ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုနေတာကြောင့် သူတို့တွေတောင်ပေါ်ကိုတက်ရမှာကြောက်နေခဲ့တာလဲ ပါပါတယ်။
ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို စတင်လှုပ်ရှားလိိုက်ပါပြီ။ သူကမြားတစ်စင်းလိုမျိုး ခုန်၀င်လာခဲ့ရင်း စတင်တိုက်ခိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားတာနဲ့ နဖူးပေါ်မှာရွှေရောင်မျက်လုံးတစ်လုံးက ဒေါင်လိုက်ပေါ်လာခဲ့ပြီ ကြောက်စရာအရှိန်အ၀ါနဲ့အတူ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းက ချက်ချင်းထွက်ပေါ်လာပါတော့တယ်။
ရွှေ၀ံပုလွေသုံးကောင်နဲ့ ငွေလရောင်၀ံပုလွေဘုရင်တို့က သူတို့ရဲ့ဗျူဟာကို ပြင်ဆင်ထားပြီသားဖြစ်ပေမဲ့ မျက်လုံးပြူးသွားခဲ့ပါတယ်။ နှလုံးသားထဲမှာ ဖြစ်ပေါ်လာတဲ့အကြောက်တရားက မဖော်ပြနိုင်လောက်အောင် ဆိုးရွားလို့နေခဲ့တယ်။
အဲ့ဒီအချိန်မှာ ကံကြမ္မာမျက်လုံးဆီကနေ ခရမ်းရောင်အလင်းတန်းက ထွက်ပေါ်လာခဲ့ပြီ ငွေလရောင်၀ံပုလွေဘုရင်ကို ပစ်မှတ်ထားလိုက်ပါပြီ။
ဒါကလက်ရှိအချိန်မှာ ဟ်ို့ယွိဟောင် လုပ်နိုင်တဲ့အသန်မာဆုံးတိုက်ခိုက်မှုပါပဲ။ ကံကြမ္မာမျက်လုံးနဲ့ ၀ိညာဥ်ကို စိုက်ကြည့်တာပါ။
ငွေလရောင်၀ံပုလွေဘုရင်က စိတ်၀ိညာဥ်စွမ်းအားအတော်ကို ကောင်းမွန်တဲ့၀ိညာဥ်သားရဲကောင်ဖြစ်ပေမဲ့ သူ့ခန္ဓာကိုယ်ကတုန်ရီလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ကံကြမ္မာမျက်လုံးနဲ့ အကြည့်ချင်ဆုံချိန်မှာတော့ ကြောက်စရာကောင်းလောက်အောင် သူအော်ဟစ်နေခဲ့တယ်။
သူခေါင်းကလဲ အလင်းတန်းတစ်ခုထွက်ပေါ်လို့လာခဲ့ပြီ ကံကြမ္မာကိုခုခံဖို့ကြိုးစားကြည့်ပါတယ်။
ဒီအလင်းတန်းက အပြာရောင် အ၀ါရောင် အနီရောင် အစိမ်းရောင် အနက်ရောင် ရွှေရောင်နဲ့ ခရမ်းရောင်တွေတောက်ပနေခဲ့တာပါ။ ဒီအလင်းတန်း ထွက်ပေါ်လာချိန်မှာတော့ ၀ံပုလွေရဲ့ပတ်လည်မှာရှိနေခဲ့တဲ့ လေထုကစတင်ပြီတော့ လှုပ်ခတ်လာခဲ့ပါတယ်။ ဒီလှုပ်ခတ်မှုက ကြီးမားလွန်တာကြောင့် သူ့ခန္ဓာကိုယ်ကိုတောင် ရှင်းရှင်းလင်းလင်းမမြင်ရတော့ပါဘူး။
ခရမ်းရွှေရောင်အလင်းတန်းက ကံကြမ္မာရဲ့စွမ်းအားအပြည့်နဲ့ ခုနှစ်ရောင်ခြယ်အလင်းတန်းကို ၀င်တိုက်ပါတော့တယ်။ ပြင်းပြင်းထန်ထန် တိုက်စားလို့နေခဲ့ပြီတဲ့နောက် ကြီးမားတဲ့ရေ၀ဲကြီးတစ်ခုအသွင်ကို ပြောင်းလဲရင်း ဟို့ယွိဟောင်ရဲ့ကံကြမ္မာစွမ်းအားကို သူကချိုးဖြတ်ချင်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ကြီးမားတဲ့အဖြူရင့်ရောင်ကြီးက ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီပုံရိပ်ယောင်က အရမ်းကို၀ဖိုက်ပြီလုံး၀ိုင်းနေပေမဲ့ ခန္ဓာကိုယ်ပေါ်မှာရွှေရောင်အသွင်သဏ္ဍာန်ဆယ်ခုပါတဲ့ပိုကောင်းကြီးပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်က တခဏတာသာထွက်ပေါ်လာခဲ့ပြီတဲ့နောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာမျက်လုံးရဲ့ ၀ိညာဥ်ကိုစိုက်ကြည့်တဲ့အလင်းတန်းကတော့ ပိုပြီးတောက်ပလို့လာခဲ့တယ်။
ခုနှစ်ရောင်ခြယ်ရေဘ၀ဲက ချေဖျက်ခံလိုက်ရပါပြီ။ ငွေလရောင်၀ံပုလွေဘုရင်ကတော့ သနားစရာကောင်းလောက်အောင် အော်ဟစ်လို့နေပါတော့တယ်။ သူ့ရဲ့ငွေရောင်မျက်လုံးတွေကလဲ သွေးတွေစီးကျလို့လာခဲ့ပြီ ခန္ဓာကိုယ်ကမြေပြင်မှာ လိမ့်နေရင်း ပြန်ထနိုင်ဖို့အတွက်တောင် ခက်ခက်ခဲခဲကြိုးစားနေခဲ့ရတယ်။
အရမ်းကိုအင်အားကြီးတာပဲ ဟို့ယွိဟောင်အတော်လေး စိတ်လှုပ်ရှားနေခဲ့သလို သူတို့တွေလဲ ထိတ်လန့်နေခဲ့ပါတယ်။ ကံကြမ္မာမျက်လုံးရဲ့၀ိညာဥ်ကို စိုက်ကြည့်တဲ့အကြည့်က အသန်မာဆုံးစိတ်၀ိညာဥ်တိုက်ခိုက်မှုဖြစ်သလို ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်း ၀ိညာဥ်သူတော်စင်ကိုတော်ခြိမ်းခြောက်နိုင်ပါတယ်။ ဒီတိုက်ခိုက်မှုကိုအသုံးပြုချိန်မှာ ကံကြမ္မာမျက်လုံးက သူ့ရဲ့တိုက်ခိုက်မှုကို အဆုံးစွန်းအထိ မြင့်မားအောင်ကူညီပေးနိုင်တဲ့အပြင် ဒုတိယစိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိတဲ့စွမ်းအားတွေအားလုံးကို ကုန်ဆုံးလုနီးပါးဖြစ်အောင် စုပ်ယူခံရမှာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားကိုတောင် သူငှားပြီသုံးရပါသေးတယ်။ ဒါကိုသူကိုယ်တိုင်အပြည့်အ၀သုံးနိုင်ဖို့အတွက်ဆိုရင် အချိန်တော့ယူရဦးမှာပါ။
ဟို့ယွိဟောင်တစ်ခေါက်တုန်းက သူ့ရဲ့ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် နှစ်နှစ်ထောင်သားရဲကောင်ကို ဒီတိုက်ခိုက်မှုနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ၀ိညာဥ်သားရဲကောင်ကတော့ ခေါင်းတစ်ခုလုံးပေါက်ကွဲပြီ သေဆုံးလို့သွားခဲ့ရတယ်။
ငွေလရောင်၀ံပုလွေဘုရင်က နှစ်တစ်သောင်းကိုသာ ရောက်ရှိနေသေးပေမဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေပါပြီ။ ဒါတောင်ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အင်အားကို သူငှားရမ်းထားခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကိုလဲ တိုးမြင့်စေအောင် ပြုလုပ်ထားပါသေးတယ်။ ဒါကြောင့် ငွေလရောင်၀ံပုလွေဘုရင်က မခုခံနိုင်ခဲ့တာပါ။ ၀ံပုလွေဘုရင် မသေပေမဲ့ သူ့ရဲ့မျက်လုံးတွေက ပေါက်ထွက်လို့သွားခဲ့ပါပြီ။ ဒါက ဟို့ယွိဟောင်ရဲ့အစီအစဥ်ကို အနည်းငယ်လွဲချော်သွားစေခဲ့ပါတယ်။ ကြည့်ရတာအရာအားလုံးက ဖြည်းဖြည်းချင်းဖြစ်နေပုံပါပဲ။ ဒါပေမယ့် တကယ်တမ်းဖြစ်သွားပုံကတော့ မြန်ဆန်လွန်နေခဲ့တယ်။
အပိုင်း ၁၆၄ • ၃ ပြီး၏။