Chapter – 2 ကံဆိုးသော အခြေအနေ
ထိုအချိန်မှာ ကျောက်ဟိုင်ခေါင်းထဲကို မှတ်ဥာဏ်အများအပြား ၀င်ရောက်လာခဲ့သည်။ ဒါက ဘာနဲ့တူသလဲဆိုရင် ကွန်ပျူတာထဲမှာမ၇ှိတဲ့ပရိုဂရမ်တစ်ခုက ရုတ်တရက်ကြီး သွင်းပြီးသားဖြစ်သွားသလိုပင်။ ဒီလိုရုတ်တရက်ဖြစ်မှုက ကျောက်ဟိုင်ခေါင်းကို အက်ကွဲတော့မတတ် ကိုက်ခဲစေသည်။ ကျောက်ဟိုင်ရဲ့ဦးနှောက်က ကွဲကြေမသွားတာတောင်မှ အေးခဲသွားလေတော့သည်။ ဒီရုတ်တရက်ဝင်ရောက်လာတဲ့အချက်အလက်တွေကြားမှာ သူနစ်မြုပ်သွားတော့သည်။
အချိန်ဘယ်လောက်ကြာသွားသလဲတော့သူမသိ၊ သူမသတိရလာချိန်မှာတော့ သူ့မှတ်ဥာဏ်ထဲမှာ သူနဲ့မရင်းနှီးတဲ့ အကြောင်းအရာတွေ ပြည့်လာလေသည်။
သူက လက်၇ှိမှာ အေဒင်ဘူတဆိုတဲ့လူငယ်တစ်ယောက်ရဲ့ကိုယ်ထဲ ရောက်နေခဲ့တာဖြစ်သည်။ သူက အာ့ဂ်ကုန်းမြေကြီးမှာရှိတဲ့ အာ့ဆုအင်ပါယာက မျိုးနွယ်ကြီးတစ်ခုလည်းဖြစ်တဲ့ ဘူတကလန်ရဲ့ သခင်လေးတစ်ယောက်ဖြစ်သည်။ ဘူတကလန်ခေါင်းဆောင်တွေက မျိုးဆက်သုံးဆက်တိုင်အောင် မားကွစ်အဆင့်ရှိတဲ့မှူးမတ်တွေဖြစ်ခဲ့ကြလေသည်။ အေဒင်ဘူတက အပျော်အပါးမက်တဲ့ သခင်လေးတစ်ယောက်ဖြစ်သည်။ အမေကငယ်ငယ်နဲ့ဆုံးပါးသွားခဲ့ပြီး အဖေကလည်း စစ်တပ်ထဲကဖြစ်တာမို့ အထိန်းအကွပ်မဲ့လေသည်။ သူက မကောင်းမှုတွေကျူးလွန်ကာ အာဏာသုံးပြီး လူတွေကိုဖိအားပေးလေ့ရှိသည်။ သူလုပ်သမျှ မကောင်းမှုတိုင်းကို ဖခင်ဖြစ်သူက စစ်တပ်အာဏာသုံးပြီး ကာကွယ်ခဲ့လေသည်။
သို့သော် တစ်ရက်တော့ သူ့အဖေက ကလန်ရဲ့တိုးပွားရေးအတွက်ရုန်းကန်ကြိုးစားရင်း လမ်းမှာလိုက်မိသွားလေသည်။
အာ့ဆုအင်ပါယာဘုရင်အိုကြီးဟာ လေးဆယ့်ခုနှစ်ယောက်မြောက် သက်ဦးဆံပိုင်ဘုရင်မင်းမြတ်ဖြစ်သည်။ သူ့မှာ တော်ဝင်သားတော်တစ်ဆယ့်ငါးပါးရှိသည်။ ငါးပါးကား ဘုရင်ဖြစ်ဖို့အလားအလာများလေ၏။ ထိုသူတို့က တော်ဝင်မင်းသား၊ မင်းသားသုံး၊ မင်းသားလေး၊ မင်းသားခုနှစ်နှင့် မင်းသားတစ်ဆယ့်သုံးတို့ဖြစ်ကြသည်။
ဘုရင်ဖြစ်ဖို့ ယှဉ်ပြိုင်နိုင်သူတွေက မိဖုရားခေါင်ကြီးနှင့် ကိုယ်လုပ်တော်တို့က မွေးဖွားလာတဲ့ သားတွေမှသာ ဖြစ်နိင်ပေသည်။ သို့သော် မိဖုရားခေါင်နှင်ကိုယ်လုပ်တော်တွေက မွေးလာတိုင်းဖြစ်နိုင်တာတော့မဟုတ်ပေ။ မိဖုရားခေါင်နှင့်ကိုယ်လုပ်တော်တို့က မွေးဖွားလာတာနှင့် သူတို့ကို မှူးမတ်ဘွဲ့ပေးအပ်သည်။ သူတို့ဘ၀တစ်လျှောက်လုံးမှာ ဘာစွမ်းဆောင်နိုင်မှုမှမရှိရင်တောင်မှ ဘ၀တစ်သက်လုံး မှူးမတ်အဆင့်အတန်းနှင့် ရပ်တည်နိုင်မှာဖြစ်သည်။
အောင်မြင်မှုတွေ၊ စွမ်းဆောင်နိုင်မှုတွေလုပ်နိုင်တဲ့မင်းသားတွေက တော်ဝင်သားတော်အဖြစ်၊ သူကောင်းဘွဲ့ကိုချီးမြင့်ခံရလိမ့်မည်။ ထိုမှတဆင့် စွမ်းဆောင်မှုကိုကြည့်ပြီး ဆက်ခံသူဘွဲ့ကို ရယူနိုင်ပါလိမ့်မည်။ ဆက်ခံသူတွေကသာ ဘုရင်ဖြစ်ဖို့အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။
ထိုဆက်ခံသူမင်းသားငါးပါးထဲတွင် တော်ဝင်မင်းသားနှင့်မင်းသားလေးက မိဖုရားခေါင်ကြိးမှမွေးဖွားသည်။ မင်းသားသုံးနှင့်မင်းသားခုနှစ်ကိုတော့ တော်ဝင်ကိုယ်လုပ်တော် ခယ်ရင်းကမွေးဖွားပြီး မင်းသား၁၃ကိုတော့ တော်ဝင်ကိုယ်လုပ်တော် အေဗရယ်က မွေးဖွားသည်။ တော်ဝင်မင်းသားဘက်တွင် မင်းသားသုံးရှိသည်။ မင်းသားလေးကတော့ မင်းသားခုနှစ်နှင့်တစ်ဖက်ထဲမို့ မင်းသားခုနှစ်ရဲ့မိသားစုဘက်က ထောက်ပံ့မှုရတယ်လို့ပြောနိုင်၏။ မင်းသား၁၃ကတော့ အားအနည်းဆုံးပင်။ လူအများစုက တော်ဝင်မင်းသားဘက်တွင်ရပ်တည်ကြပြီး ထောက်ပံ့ကြသည်။ ထို့ကြောင့် မှူးမတ်တွေကြားတွင်တော်ဝင်မင်းသားက နားတွေအများဆုံးပင်ဖြစ်သည်။ မင်းသားလေးဘက်တွင်ရပ်တည်ကြသူတွေလည်းရှိ၏။ မင်းသား၁၃ကတော့ အငယ်ဆုံးလည်းဖြစ်သလို အားအနည်းဆုံးလည်းဖြစ်လို့ သူက ကျော်ကြားမှုသိပ်မရှိပေ။ သူ့ကိုအကောင်းမြင်တဲ့လူတွေ နည်းတယ်လို့ပင်ဆိုနိုင်သည်။
အေဒင်ရဲ့မိသားစုဖြစ်တဲ့ဘူတကလန်က တော်ဝင်မင်းသားဘက်ကဖြစ်သည်။ ဘူတကလန်အနေနဲ့ အရင်လိုကြီးကျယ်မြင့်မြတ်မှုတွေမကျန်တော့တာမို့ ဘုရင်ဖြစ်ဖို့အလားအလာအများဆုံးသူဖြစ်တဲ့ တော်ဝင်မင်းသားဘက်က ရပ်တည်ခြင်းဖြစ်သည်။ တော်ဝင်မင်းသားသာဘုရင်ဖြစ်သွားရင် သူတို့ဘူတကလန်လို အရင်လိုရွှေရောင်တောက်ခဲ့တဲ့အခြေအနေကိုပြန်ရောက်မယ်လို့ ယုံကြည်ကြသည်။ အရင်လို လူတွေရဲ့ လေးစားခြင်းခံရပြီး မြင့်မြတ်တဲ့အထက်တန်းလွှာဆိုတဲ့အဆင့်ကို ပြန်ရလိမ့်မည်။
အာ့ဆုအင်ပါယာတွင် မြင့်မြတ်တဲ့အထက်တန်းလွှာ သူကောင်းမျိုးနွယ်တွေက နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးက လူအိုကြီးတွေဖြစ်ပြီး နောက်တစ်မျိုးကတော့ မျိုးဆက်သစ်လူငယ်တွေဖြစ်သည်။ လူငယ်တွေအနေနဲ့ လူအိုတွေရဲ့ အာရုံစိုက်ခံရဖို့က ခဲယဉ်းသည်။ အင်ပါယာရဲ့ လုပ်နိုင်စွမ်း အချုပ်အခြာကို ကိုင်ဆောင်နိုင်ဖို့လည်းခက်ပေသည်။ ကျောင်းတော်က အထက်တန်းလွှာမှူးမတ်တွေက အင်အားကြီးမားကာ အင်ပါယာတစ်ခုလုံးတွင် လုပ်နိုင်စွမ်းအများဆုံးရှိသူများဖြစ်ကြသည်( တော်ဝင်မျိုးနွယ်ကိုဖယ်ထားခြင်း)။ သူတို့တွေကို အခြားသူကောင်းဘွဲ့ရသူတွေပင် တလေးတစားဆက်ဆံဖို့လိုကြသည်။ သေချာတာကတော့ ဘယ်မျိုးဆက်သစ်ကမှ သူတို့ဆီက ဂရုပြုခံရဖို့မလွယ်ကူပေ။
ထိုသို့သော် ဆွေကြီးမျိုးကြီးတွေရဲ့ အသိအမှတ်ပြုမှုလိုချင်ရင် အလွန်သန်မာတဲ့အင်အားနဲ့ အရမ်းကိုတော်လွန်းနေမှဖြစ်နိုင်သည်။သိသိသာသာပါပဲ ဘူတကလန်ကလည်း ထိုသူတွေရဲ့အသိအမှတ်ပြုမှုရရှိသလို ဘုရင်တွေကိုထောက်ခံခဲ့ပြီး အင်အားကြီးမားလာခဲ့သည်။ ထိုအခြေအနေက ဆယ့်ခြောက်ယောက်မြောက်ဘုရင်သေဆုံးချိန်မှာ အဆုံးသတ်ခဲ့သည်။ ဘုရင်သစ်က ဘူတကလန်ကိုပိုပြီး မြှောက်စားဖို့ကြိုးစားခဲ့ပေမယ့် ဆွေကြီးမျိုးကြိးအသိုင်းအ၀ိုင်းက အထက်တန်းလွှာတွေက သဘောမတူခဲ့ဘဲ ဖိနှိပ်လိုခဲ့ကြသည်။ ထို့ကြောင့် ဘူတကလန်အနေနဲ့ ရပ်တည်ချက်တစ်ခုရွေးချယ်ရတော့သည်။
သို့သော် အေဒင့်အဖေက ဘက်မှားရွေးချယ်ခဲ့မိလေသည်။ နာမည်ကြိးပြီး ကျော်ကြားတဲ့တော်ဝင်မင်းသားအစား အားအနည်းဆုံးလို့ထင်ရတဲ့မင်းသားဆယ့်သုံးက ဘုရင်ဖြစ်လာခဲ့သည်။ တော်ဝင်မင်းသားကို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ဖိအားပေးခံခဲ့ရပြီး သူ့နောက်လိုက်တွေကိုလည်း ဒဏ်ခတ်ခံခဲ့ရသည်။ အေဒင့်အဖေကလည်း ထောင်ထဲမှာပဲ သေသွားခဲ့သည်။ အေဒင်ကိုတော့ မိသားစုတွင်းရှိ အဆင့်ရှစ်စစ်သာနဲ့မှော်ပညာသည်တို့ကိုကြောက်ပြီး အာဏာလုယုလာမှာကို စိုး၇ိမ်လာလေသည်။ ထို့ကြောင့် မြို့စားကြီးအဖြစ် ရာထူးလျှော့လိုက်ပြီး ယခင်က မြေသြဇာကောင်းပြီး ကြွယ်ဝတဲ့မြေတွေအစား အနက်ရောင်လွင်တီးခေါင်ဒေသကိုပေးအပ်လိုက်သည်။ ဆေးရည်လည်းသောက်သုံးစေကာ အသုံးမကျတဲ့သာမန်လူတစ်ယောက်ဖြစ်စေခဲ့သည်။
သာမန်အထက်တန်းလွှာတွေအတွက် အိမ်တော်ထိန်းကိုခိုင်းစေကာ မြေယာတွေကိုစီမံဖို့ညွှတ်ကြားထားနိုင်သေးသည်။ သို့သော် အေဒင်ကိုတော့ မြို့တော်ကနေ သုံးရက်အတွင်းထွက်သွားဖို့အမိန့်ပေးခဲ့လေသည်။ ဒါ့အပြင် သုံးနှစ်အတွင်း မြို့တော်ထဲကို ၀င်ခွင့်မရလို့လည်း အမိန့်ထုတ်ခဲ့သေးသည်။
လက်ရှိဘုရင်အေဘိုလိုအာ့ဆုဟာ ဒီလိုအပြစ်ပေးတာက ဘူတမိသားစုက တော်ဝင်မင်းသားနောက်လိုက်ဖြစ်ခဲ့လို့ဖြစ်သည်။ သို့သော် သူကောင်းဘွဲ့လူအိုကြိးတွေကတော့ဘူတမိသားစုကို မျက်စိဆံပင်မွှေးစူးနေတာမို့ သူလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ရခြင်းပင်။
အေဒင့်ကို အခုလို သာမန်လူဖြစ်စေတဲ့အကြောင်းတစ်ခုကတော့ ဘူတမိသားစုရဲ့ မျိုးရိုးစဉ်ဆက်ကျင့်ကြံလာခဲ့ကြတဲ့ နဂါးရိုင်းတိုက်ပွဲဝင်ချီ ကျင့်ကြံရေးနည်းလမ်းကြောင့်ဖြစ်သည်။ ဒီကျမ်းကို အေဒင့်အဘိုးကရရှိခဲ့ပြီး သာမန်ကျင့်ကြံရေးကျမ်းတွေထက်သုံးဆမြန်ဆန်ကာ စွမ်းအားကြီးလွန်းတာမို့ အခြားသောအထက်တန်းလွှာက အဘိုးအိုတွေ သားရည်ကျခဲ့ကြရသည်။ ဒါကြောင့်ပါပဲ အေဒင်သာ တတ်မြောက်သွားခဲ့ရင် သူတို့ကိုလက်စားချေလာနိုင်ပြီး ထီးနန်းအတွက်လည်း အန္တရာယ်များတာမို့အခုလိုဆုံးဖြတ်ခဲ့ခြင်းပင်။
အေဒင့်ကိုမသတ်ခဲ့တာကလည်း ဂရင်းက တော်ဝင်နန်းတော်ထဲခိုးဝင်ပြီး နဂါးရိုင်းကျမ်းနဲ့ အေဒင့်အသက်ကို အလဲအလှယ်လုပ်ခဲ့လို့ဖြစ်သည်။ ဂရင်းက သူ့စွမ်းရည်ကိုထုတ်ပြခဲ့လို့ အေဘိုယိုအနေနဲ့ ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကြောက်ရွံ့သွားခဲ့တာဖြစ်သည်။ ထို့ကြောင့် ကျန်သောအရာတွေကိုပြုလုပ်ခဲ့ပြီး အသက်တော့ချန်ထားပေးခဲ့သည်။
ဂရင်းအနေနဲ့လည်း ဒီအခြေအနေကို နားလည်လေသည်။ သူက အားမနည်းပေမယ့် ဘုရင်က နန်းတက်စဖို့ အားနည်းနေကာ ကြောက်လန့်နေစပင်ရှိသေးသည်။ ထို့ကြောင့် သူ့အတွက် ဘေးဖြစ်နိုင်တာတွေကို ရှင်းထုတ်နေခဲ့ခြင်းပင်။ ဒါကြောင့် သူ့အနေနဲ့ လက်ခံပေးခဲ့တာဖြစ်သည်။
ဂရင်းအနေနဲ့ အေဒင့်အဖေကိုမကယ်ခဲ့တာက ဘုရင်အေပိုယိုအနေနဲ့ မသတ်လောက်ဘူးထင်ခဲ့လို့ဖြစ်သည်။ အေဒင့်အဖေကိုသတ်ခဲ့ရင် အခြားသော အထက်တန်းလွှာအဘိုးအိုကြီးတွေက ကန့်ကွက်မယ်ထင်ခဲ့လို့ပင်။ သို့သော်သူမထင်ထားတာက အေပိုယိုက နန်းတက်တက်ခြင်းမှာတင် ထိုအဘိုးအိုတွေရဲ့ နောက်ခံနဲ့ အေဒင့်အဖေကိုသတ်ခဲ့လေသည်။
သူသိတဲ့အချိန်မှာ အေဒင့်အဖေက သေဆုံးခဲ့ပြ။ ဒါကြောင့် နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ အေဒင့်ကိုပဲ စောင့်ရှောက်ဖို့ ပုံအပ်ထားတော့သည်။
ဒါကြောင့်ပါပဲ သူ့အသက်ကိုကယ်ဖို့အတွက် နဂါးရိုင်းကျမ်းကို ပေးအပ်ခဲ့ခြင်းပင်။ အေဒင်က ဆေးရည်သောက်ထားတာမို့ သူတင်မဟုတ်ဘဲနောက်မျိုးဆက်ဆယ်ဆက်အထိ တိုက်ပွဲဝင်ချီနဲ့ မှော်ပညာကို လေ့ကျင့်သင်ကြားနိုင်ခြင်းမ၇ှိတော့ချေ။ ထိုသို့မသင်ကြားနိုင်မယ့်အတူတူ နဂါးရိုင်းကျမ်းကို ပေးအပ်ပြီး အေဒင့်အသက်ကယ်လိုက်တာက ပိုကောင်းသေးသည်ပေ။ သူ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်ပေ၊ အေဒင်အသက်ရှင်ခဲ့သည်။ သို့သော်လည်း မျိုးဆက်ဆယ်ဆက်အထိ တိုက်ပွဲဝင်ချီနဲ့ မှော်ပညာကိုသင်ကြားခွင့်မရှိပါက ထိုအချိန်ရောက်ရင် ဘူတမျိုးနွယ်က အောက်ဆုံးကိုပင် ရောက်နေလောက်ပေပြီ။
သူတို့မမှန်းထားတဲ့ကိစ္စတစ်ရပ်ကတော့ ဆေးရည်ကိုအေဒင်သောက်ပြီးတာနဲ့ အနက်ရောင်လွင်တီးခေါင်မြေကိုရောက်တဲ့အထိ အေးဒင်က သတိမရဘဲ မေ့မြောနေခြင်းပင်။ တစ်ယောက်ယောက်က ရည်ရွယ်ချက်၇ှိရှိနဲ့ တစ်ခုခုလုပ်ခဲ့သည်လို့ သူတို့ထင်နေကြသည်။ သို့သော် သတိရပြီးနောက်မှာ အပျော်အပါးလိုက်စားတဲ့အေဒင်အစား လောကကြီးနဲ့အဆက်အသွယ်ပြတ်ပြီး စိတ်ဝင်စားတဲ့အရာတစ်ခုကလွဲရင် ကျန်တာဘာမှမသိတဲ့ ကျောက်ဟိုင်အဖြစ် ၀ိဥာဉ်ကူးပြောင်းသွားခြင်းကိုတော့ မျှော်လင့်ထားကြမည်မဟုတ်။
***