Switch Mode

Chapter – 183

ရူးလောက်စရာကောင်းသည့် အရသာ အဆင့် သတ်မှတ်ချက်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၃ – ရူးလောက်စရာကောင်းသည့် အရသာအဆင့်သတ်မှတ်ချက်

ခြင်္သေ့အကြီးအကဲ ထွက်ပေါ်လာကာ ဒီလူသည် လောကကြီးကို တမင်သက်သက်ရှုပ်ထွေးအောင် လုပ်နေခြင်းဖြစ်ပြီး ဤလူကို တွေ့သည်နှင့် သူ သေချာပေါက် သတ်ပစ်မည်ဖြစ်ကြောင်း ပြောလာသည်။

ထို့အပြင် ဤလူ့ထံ၌ မည်ကဲ့သို့သော နောက်ခံမျိုးရှိနေပါစေ သူ ဤလူကို ညှာတာမည်မဟုတ်ကြောင်း ပြောလာသည်။

ဤသည်မှာ သူ၏ပြတ်သားမှုကို ပြသလိုက်ခြင်းပင်။ ဤလူ ဂျေရုဆလင်မှ လာသည်ဆိုလျှင်ပင် သူ ဤလူကို သတ်ပစ်မည်။

လူဘယ်နှယောက်ကများ မြင့်မြတ်ကုန်းမြေကို ဤကဲ့သို့ မလေးမစား ဆက်ဆံရဲသနည်း.. ဤသည်မှာ ဘာသာတရားသုံးခု ထွန်းကားရာမြေပင်။ သို့သော် ခြင်္သေ့ဘုရင်အကြီးအကဲကတော့ ကြောက်ရွံ့ခြင်းမရှိပဲ ဤကဲ့သို့ ပြောလာသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်း နှစ်ခုလုံး တုန်လှုပ်သွားသည့်အပြင် တိတ်ဆိတ်နေခဲ့သည့် ဂျေရုဆလင်လည်း နောက်ဆုံးတော့ အသံထွက်လာသည်။

ခြင်္သေ့အကြီးအကဲ၏စကားလုံးများမှာ သူတို့ကို စော်ကားလွန်းသောကြောင့် ခြင်္သေ့ဘုရင် အချိန်မရွေး လာတိုက်နိုင်ကြောင်း ကြေငြာလိုက်လေ၏။

ဂျေရုဆလင်တောင် ပွဲထဲ ဝင်ပါလာပြီလား .. လူများအားလုံး အံ့အားသင့်သွားရသည်။

“မဖြစ်နိုင်တာ .. အဲဒီနတ်ဘုရားက တကယ်ပဲ ဂျေရုဆလင်ကလား..”

လူများမှာ ယခုတလော ဤကိစ္စကို သံသယဝင်နေခဲ့ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဂျေရုဆလင်နှင့် အနောက်တိုင်းတပ်တို့ကြားတွင် ရန်ငြိုးရန်စမရှိပေ။

သို့သော်လည်း ထိုကြမ်းတမ်းသည့်နတ်ဘုရားကတော့ အနောက်တိုင်းမှ ကျွမ်းကျင်သူများစွာကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး အစားအစာအဖြစ် စားသောက်ခဲ့သည်။

ထို့ကြောင့် အကြိမ်ပေါင်းများစွာ ငြင်းခုန်ကြပြီးနောက် ဤလူကြမ်းတွင် အခြားပုံစံတစ်မျိုးရှိလိမ့်ဦးမည်ဟု ထင်နေခဲ့ကြသည်ပင်။

အခြေအနေမှာ ပို၍ ရှုပ်ထွေးလာလေပြီ။ တစ်ချက်လေး သတိလက်လွတ်ပြုမူမိသည်နှင့် စစ်ပွဲကြီး ဖြစ်လာလိမ့်မည်။

ရှီလာ၊ နဂါးနက်နှင့် အာတိတ်ဘုရင်တို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ ဂျေရုဆလင်သာ ဝင်ပါလာလျှင် သူတို့ ဘယ်လိုလုပ် အနောက်ပေါက်ဟောင်းလောင်းနှင့် အရှေ့ဘက်ကို တိုက်နိုင်မည်နည်း…

ချူဖုန်းလည်း အံ့အားသင့်သွားရသည်။ သူ ခြင်္သေ့ဘုရင်ကြီးကို ဒေါသထွက်အောင် လုပ်ချင်ခဲ့ခြင်းဖြစ်သော်လည်း ဂျေရုဆလင်မှလူများ သူ့ကို သည်းမခံနိုင်တော့ဘူးထင်သည်။

ထို့ကြောင့် သူ ဘေးထွက်ရပ်လိုက်ပြီး ပွဲကို ဆက်ကြည့်နေလိုက်တော့သည်။

ထိုနေ့တွင် ရှီလာ ဂျေရုဆလင်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်နှင့် ဆက်သွယ်နိုင်ခဲ့သည်။ တကယ်တမ်းတော့ သူ ဆက်သွယ်ရန်ကြိုးစားနေသည်မှာ ရက်ပေါင်းများစွာ ကြာလှပြီဖြစ်ပြီး ယနေ့မှ အောင်မြင်သွားခြင်းပင်။

“ဒီလူကြမ်းလို့ခေါ်တဲ့သူက ခင်ဗျားတို့ ကျွမ်းကျင်သူလား..”

သူတို့ သက်ဆိုင်မှုမရှိကြောင်း ဂျေရုဆလင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ပြန်လည်ဖြေကြားလာသည်။

ဤသတင်းထွက်ပေါ်လာသည့်အချိန်တွင်တော့ အရှေ့နှင့် အနောက်တိုင်းအားလုံး ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွားသည်။ အင်အားကြီးအဖွဲ့အစည်းများမှာ ငြိမ်ငြိမ်မနေနိုင်တော့။

ဤသည်မှာ ချူဖုန်းကို အနည်းငယ်တော့ စိတ်ပျက်သွားစေသည်ပင်။ ဂျေရုဆလင်သည် လတ်တလောဖြစ်ပျက်နေသည့် အဖြစ်အပျက်အားလုံးကို လျစ်လျူရှုကာ ရှင်းပြခြင်းပင် မလုပ်ခဲ့။ သို့သော် ယနေ့တော့ သူတို့ အမှန်တရားကို ကြေငြာလိုက်လေပြီ။

“အမှန်တရားကို စုံစမ်းရမယ်..”

နဂါးနက်မှာ အလွန်ဒေါသထွက်နေသော်လည်း တစ်ချိန်တည်းမှာပင် စိတ်သက်သာရာလည်း ရသွားမိသည်။ မြင့်မြတ်မြေသာ ဝင်မပါလျှင် အားလုံးကို သူ ထိန်းချုပ်နိုင်သည်။

အရှေ့တိုင်းကျူးကျော်တပ်များမှာ ဒေါသထွက်နေကြသည်။ ဤလူကြမ်းဆိုသည်မှာ သူတို့နောက်တန်းကို ဒုက္ခပေးနေသည့် အရှေ့တိုင်းသားတစ်ဦးဖြစ်ကြောင်း သေချာသွားလေပြီ။

ထို့အပြင် ဤကဲ့သို့သတ်ဖြတ်နေသည့်သူမှာ ဗာတီကန်မြို့ကို ဖျက်ဆီးခဲ့သည့်သူနှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု ယုံကြည်လိုက်ကြသည်။ ထိုသို့တွေးလိုက်မိသည်နှင့် အားလုံး ကျောချမ်းသွားရသည်။

အရှေ့တိုင်းကျူးကျော်တပ်၏နောက်တွင် အခါအခွင့်သင့်သည်နှင့် ခုန်အုပ်မည့် ကျားကြီးတစ်ကောင် ရှိနေသည်။

အရှေ့တိုင်းသားများအတွက်တော့ ဘာမှရှင်းပြနေစရာမလို။ ယခုတော့ သူတို့ကို အမှောင်ထဲမှ ကူညီပေးနေသည့် ကျွမ်းကျင်သူတစ်ဦးရှိကြောင်း သူတို့ယုံကြည်သွားကြလေပြီ။

“မိုက်လိုက်တာ .. ငါတို့ဘက်က ဒီလူကြမ်းကြီးက ဥရောပကို တစ်ယောက်တည်း သွားတိုက်ရဲတာလား..”

“သူက ဘယ်ကနေလာတာလဲ .. လူတစ်ယောက်တည်းနဲ့ ဒီလောက်ရှုပ်ထွေးအောင် လုပ်နိုင်တယ် .. သူက ဒေါင်းဘုရင်နဲ့ ဝူတန်းသခင်တို့လိုလူမျိုးတော့ မဟုတ်လောက်ဘူးမလား..”

အရှေ့တိုင်းမှ လူများမှာ ခန့်မှန်းသည့်ဂိမ်းကို ကစားနေကြလေသည်။

“အမှောင်ထဲမှာပဲ လှုပ်ရှားရဲနေတဲ့သူက ဘာအရာဝင်မှာလဲ..” ရှီလာသည် တည်ငြိမ်ကာ အကြံကြီးသည့်သူဖြစ်သော်လည်း ယခုတော့ သူ့ဒေါသကို ထုတ်ဖော်ပြလာလေ၏။ ယခုတလောတွင် ကိစ္စများမှာ သူဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာခဲ့။

“ဟက် .. ကိုယ့်ကိုယ်ကျိုးအတွက် ဘုရင်အဆင့်ကျွမ်းကျင်သူတွေကို ဖြားယောင်းပြီးတော့ သတ်ပစ်လိုက်တဲ့ ဗာတီကန်က နောက်ဆုံး မြင့်မြတ်စစ်သူရဲလို့ ကိုယ့်ကိုကိုယ်ကြွေးကြော်နေတဲ့လူက ကျုပ်နဲ့ ‘အလင်း’ အကြောင်း လာဆွေးနွေးနေတာလား..” ချူဖုန်း လှောင်ပြောင်လိုက်သည်။

အခြေအနေများမှာ ဤကဲ့သို့ပင် ဖြစ်နေပြီဖြစ်သောကြောင့် ဗာတီကန်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လူအားလုံး အနည်းနှင့်အများတော့ ခန့်မှန်းမိသည်ပင်။

သို့သော်လည်း ‘အနိုင်ရတဲ့သူက သရဖူဆောင်းရပြီး ရှုံးတဲ့သူကတော့ ပျက်စီးသွားမှာပဲ’ ဆိုသည့်စကားအတိုင်း ရှီလာနှင့် နဂါးနက်တို့သည် ယောဂဂုရုဖန့်လင်၊ ခြင်္သေ့အကြီးအကဲ၊ ဗန်ပိုင်းယားဘုရင်တို့နှင့် ပူးပေါင်းထားသောကြောင့် ဤကဲ့သို့ အင်အားကြီးမားလှသည့် အဖွဲ့ကြီးကို မည်သူက တိုက်ခိုက်ရဲမည်နည်း..

ထို့ကြောင့် ကျွမ်းကျင်သူများသည် တိုက်ပွဲများ ခွန်းလွန်တောင်၌ ရပ်တန့်သွားရန် မျှော်လင့်နေကြသည်။

မဟုတ်လျှင် ခွန်းလွန်တောင်ကို သိမ်းပြီးသည်နှင့် သူတို့ တစ်လောကလုံးကို လွှမ်းမိုးသွားလိမ့်မည်။ သူတို့ ဤနေရာ၌ ရပ်တန့်နေလိမ့်မည်မဟုတ်။

ချူဖုန်း၏ စကားများမှာ အနောက်တိုင်းကို လှုပ်ခတ်သွားစေခဲ့သည်။

ယခင်က လူများ ရှီလာကို ယုံကြည်ခဲ့ကြသော်လည်း နဂါးနက်ကို မုန်းတီးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာအား သတ်ဖြတ်ခဲ့သည်ပင်။

ခြင်္သေ့ဘုရင်လည်း ထိုနေ့တွင်ပင် ရောက်လာသောကြောင့် အနောက်တိုင်းလောကကြီး ထပ်မံလှုပ်ခတ်သွားပြန်သည်။

လူများသည် သူတို့ကို ဒုံးကျည်ဖြင့် ပစ်သတ်ရန် စဉ်းစားသေးသော်လည်း သူတို့၏ ထက်မြက်လှသည့် အသိစိတ်ဖြင့် ဒုံးကျည်များအား ရှောင်နိုင်သွားမည်ကို စိုးရိမ်နေကြသည်။ သူတို့ ချက်ချင်း မသေသွားလျှင် သတ်ဖြတ်မှုကြီး ဖြစ်ပေါ်လာလိမ့်မည်ပင်။

နိုင်ငံအများစုမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများအား မဆန့်ကျင်နိုင်ကြ။

“ငါတို့ ခွန်းလွန်တောင်မှာ တွေ့ကြမယ်..” ခြင်္သေ့ဘုရင်အကြီးအကဲသည် ခရီးသွားနေစဉ်တွင် စကားသိပ်မပြောသော်လည်း သူနှင့်အတူ ကြောက်စရာကောင်းလှသည့် အဖျက်စွမ်းအားကြီးပါလာသည်ပင်။

“ဒီလိုမျိုး လူအိုကြီးက သူ့ကိုယ်သူ မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား .. ဒါပေမဲ့ ခြင်္သေ့အသားက တော်တော်လေး အရသာရှိတယ် .. ကျုပ်ရဲ့ အရသာအဆင့်သတ်မှတ်ချက်မှာ နေရာမြင့်မြင့်လေး ပေးရမယ်” ချူဖုန်း ခြင်္သေ့ဘုရင်ကို စိန်ခေါ်လာသည်။

ဒါက ဘာကိုဆိုလိုတာလဲ.. လူအချို့ ရှုပ်ထွေးသွားကြသည်။ သူ ခြင်္သေ့သား စားပြီးသွားပြီလား ..

သို့သော် ခြင်္သေ့ဘုရင်အကြီးအကဲ အသက်ရှင်နေဆဲဖြစ်ကြောင်း လူများစွာ မြင်နေရသည်။ ရွှေရောင်ခြင်္သေ့ဘုရင် ကံဆိုးသွားတာများလား..

သို့သော် ရွှေရောင်ခြင်္သေ့ဘုရင်သည် အလွန်စွမ်းအားကြီးကာ သူ့အဆင့်တွင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးပင်။

တကယ်တမ်းတွင် သေသွားသည့် ဘုရင်အဆင့်ကျွမ်းကျင်သူအားလုံး ပေါင်းလိုက်လျှင်ပင် ရွှေရောင်ခြင်္သေ့ဘုရင်ကို မမှီ။

“မင်း ဒါ ဘာသဘောလဲ..” ရွှေရောင်ခြင်္သေ့အကြီးအကဲ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ဤရက်များတွင် သူ ရွှေရောင်ခြင်္သေ့ဘုရင်ကို ဆက်သွယ်သော်လည်း ဆက်သွယ်မရဖြစ်နေသောကြောင့် သူ စိတ်မအေးနိုင်တော့။

ချူဖုန်း ခြင်္သေ့အသား ချက်စားသည့်ပုံအားတင်လိုက်သည့်နေ့တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် နျူးကလီးယားကြီး ပေါက်ကွဲသွားခဲ့သည်။

ထို့နောက် ခြင်္သေ့သားကင်ဓာတ်ပုံလည်း ထွက်ပေါ်လာသည်။

“ဘုရားရေ .. ဒီ ‘ပြိုင်ဘက်ကင်း’ ဆိုတဲ့ ဂျီးနီးယပ်စ်က ဒီလူကြမ်းရဲ့ အစားအစာြဖစ်သွားပြီ .. ဒါက ရူးလောက်စရာပဲ..”

အချို့လူများမှာ သူတို့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

ထို့နောက် ခွေးနီဘုရင်၊ လင်းတဘုရင်တို့၏ အဆုံးသတ်များလည်း ထွက်ပေါ်လာသည်။ တစ်ယောက်မှာ အကင်ခံလိုက်ရပြီး အခြားတစ်ယောက်ကတော့ လွှတ်ပစ်ခံလိုက်ရသည်။ ဤဓာတ်ပုံများကို တွေ့ပြီးသည်နှင့် အားလုံး ဆွံ့အသွားရသည်။

ဒီလူကြမ်းကြီး သတ်လိုက်တဲ့ ဘုရင်အဆင့်ကျွမ်းကျင်သူတွေက ဘယ်လောက်တောင် ရှိနေပြီလဲ..

အက်ဗီဒူး၊ ဝက်ဝံဖြူ .. ရွှေရောင်ခြင်္သေ့ဘုရင်၊ ခွေးနီဘုရင်၊ လင်းတဘုရင်။

သေဆုံးသွားသည့် ဘုရင်များကို စာရင်းပြုစုပြီးသည်နှင့် အားလုံး ကျောချမ်းသွားရသည်။

“အား..”

ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးလိုက်သည့်အသံမှာ ဥရောပတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်အထိပင်။ သူ ရူးတော့မည်..

ခြင်္သေ့၏ အော်သံအောက်တွင် ရှေးဟောင်းသစ်ပင်များ ပေါက်ကွဲထွက်လာပြီး ကီလိုဂရမ်ပေါင်း ရာချီလေးသည့် ကျောက်တုံးများ ကြေမွသွားကာ နေရာအနှံ့ လွင့်စင်သွားသည်။ တောအုပ်တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားလေ၏။

ဤသည်မှာ ကြောက်စရာကောင်းသည့် မြင်ကွင်းပင်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးသာ မြို့တစ်မြို့အတွင်း၌ ဖြစ်ပျက်ခဲ့ပါက ရလဒ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လာလိမ့်မည်။ သေဆုံးမှုနှုန်းလည်း မရေမတွက်နိုင်လောက်အောင် မြင့်တက်လာလိမ့်မည်ပင်။

ရွှေရောင်ခြင်္သေ့အကြီးအကဲနှင့် ဗန်ပိုင်းယားဘုရင်တို့သည် ငှက်တစ်ကောင်ပေါ်၌ စီးနင်းကာ နေ့ညမနား ခရီးနှင်ခဲ့ကြသည်။ သူတို့ ဂရိမှ ထူးဆန်းသည့်လျှိုမြောင်သို့ မြန်မြန်ရောက်ချင်နေကြလေပြီ။

အနောက်နိုင်ငံများမှ ‘နတ်ဆိုး’ ဟု သတ်မှတ်ထားသည့်ချူဖုန်းသည် အလိုရှိသည့်စာရင်း၏ ပထမဆုံးနေရာသို့ ရောက်ရှိလာသည်။

လူများစွာ သူ့ကို ‘နတ်ဘုရား’ ဟု ခေါ်နေကြသော်လည်း ရွှေရောင်ခြင်္သေ့အကြီးအကဲနှင့် နဂါးနက်တို့အတွက်တော့ သူသည် နတ်ဆိုးတစ်ကောင်ပင်။ အလိုရှိသည့်စာရင်းမှာ ရှီလာ လတ်တလောလုပ်လိုက်သည့် စာရင်းပင်။

သူတို့ ရည်ရွယ်ချက်မှာ ရှင်းသည်။ ချူဖုန်း သေဆုံးကြောင်း လုံလောက်သည့် သက်သေပြုနိုင်သည့်မည်သူမဆို သူတို့နှင့်အတူ အနန္တနတ်ဘုရားနယ်မြေထဲသို့ ဝင်ခွင့်ရပြီး အကျိုးအမြတ်များ ရရှိလိမ့်မည်ပင်။

“တစ်ခြားသူတွေရဲ့ အကျိုးအမြတ်ကို ဆုလာဘ်လိုမျိုး ယူနေတယ် .. ခင်ဗျားတို့က ဓားပြနဲ့ဘာမှမကွာဘူး” ချူဖုန်း စက်ဆုပ်ရွံရှာစွာ ပြောလိုက်သည်။

တစ်နေ့တည်းမှာပင် သူလည်း ‘အရသာအဆင့်သတ်မှတ်ချက်’ စာရင်းကို ထုတ်ပြန်လိုက်လေ၏။ ဤအဆင့်သတ်မှတ်ချက်သည် အရှေ့တိုင်းကျူးကျော်တပ် အဆင့်သတ်မှတ်ချက်အား ကျော်သွားရုံသာမက သူတို့ကို အရှက်ပါ ရစေခဲ့သည်။

ဤအဆင့်သတ်မှတ်ချက်မှာ ရူးချင်စရာ ကောင်းလှသည်။ ဤထဲတွင် သူ စားဖူးသည့် ဘုရင်အဆင့်သက်ရှိအားလုံး ပါဝင်သည်။

ပထမနေရာ၌ ရှိနေသည်မှာ ရွှေရောင်ခြင်္သေ့ဘုရင်ပင်။ ထို့နောက် ချူဖုန်း အရသာကို အသေးစိတ်ပင် ရေးထားလေသည်။ ခြင်္သေ့သားသည် လတ်ဆတ်ကာ အရသာလည်း ထူးခြားကြောင်း ရေးထားလေ၏။

“ငါ နဂါးနက်တို့ အာတိတ်ဘုရင်တို့လိုမျိုး ဟင်းတွေကို စားဖို့ စောင့်မျှော်နေပြီ .. သူတို့တွေက ငါ့စာရင်းထဲက နံပါတ်တစ်နေရာမှာရှိနေတဲ့ ရွှေရောင်ခြင်္သေ့ဘုရင်ကို အစားထိုးသွားနိုင်လောက်တယ်”

ဤကဲ့သို့သော မှတ်ချက်မျိုးမှာ ဤလူများအား စိန်ခေါ်လိုက်ခြင်းပင်။

ဤပို့စ်မှာ အခြားပို့စ်များနှင့် အနည်းငယ် ကွဲပြားနေကြောင်း အံ့အားသင့်နေရင်းဖြင့်ပင် လူအချို့ သတိပြုမိသွားသည်။ ဤပို့စ်တွင် အရှေ့တိုင်းစာလုံးများ ပါဝင်နေသည်။

ဤသည်မှာ ဤလူသည် အရှေ့တိုင်းသားဖြစ်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းပင်။

ဤအရသာအဆင့်သတ်မှတ်ချက်မှာ နိုင်ငံများစွာ၏ ခေါင်းစီးသတင်းတစ်ခု ဖြစ်လာသည်။ လူတစ်ယောက်တည်းက ဘုရင်အဆင့်သက်ရှိ ဒီလောက်အများကြီးကို စားခဲ့တာ .. ဤကဲ့သို့ တွေးမိရုံဖြင့် လူများ ဆွံ့အသွားရသည်။

“နတ်ဘုရားကြီးရေ .. ခင်ဗျား မစားရဲတာ ရှိသေးလား..”

“အရမ်းကို ကြမ်းတာပဲ..”

“လူကြမ်းကြီး .. ခင်ဗျား ဘယ်သူလဲဆိုတာ ပြပေးပါ .. ခင်ဗျားက ဘယ်ကောင်းကင်ဘုံများကလဲ..”

ချူဖုန်း အချိန်တွက်ချက်ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ရွှေရောင်ခြင်္သေ့အကြီးအကဲအုပ်စုတို့ အရှေ့တိုင်းသို့ ရောက်မည့်အချိန်ပင်။ ခွန်းလွန်တောင်မှ တိုက်ပွဲကြီး စတင်တော့မည်။ ယခု သူ ရွေးချယ်မှု လုပ်ရမည့်အချိန်ပင်။

သူ အနောက်ဘက်မှနေပြီးတော့ပဲ ပြဿနာရှာရမလား .. ဒါမှမဟုတ် အရှေ့တိုင်းကိုသွားပြီးတော့ ခုခံတဲ့နေရာမှာ ကူပေးရမလား..

သူ နွားဝါလေးနှင့် နွားနက်ကြီးတို့အား ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ခွန်းလွန်တောင်တွင် နွားဝါလေးနှင့် နွားနက်ကြီးတို့မှာ ယခုရက်ပိုင်းတွင် စိတ်ဓာတ်ကျနေကြသည်။ ချူဖုန်း သေဆုံးမှုမှာ သူတို့အတွက် ရိုက်ခတ်မှုကြီး ဖြစ်ခဲ့သည်ပင်။ သူတို့ အသက်ရှင်နိုင်ခဲ့ခြင်းမှာ ချူဖုန်း ရန်သူများကို မျှားခေါ်သွားခဲ့သောကြောင့်ပင်။

ထိုအချိန်တွင် နွားဝါလေး ဖုန်းမြည်လာသောကြောင့် သူ အသက်မပါစွာ ကောက်ကိုင်လိုက်သည်။ “ဘယ်သူလဲ..”

အပိုင်း ၁၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset