ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၇ – လမ်းလယ်၌ မက်မွန်သီးများ ခူးခြင်း
မြေပြင်အောက် မီတာပေါင်းများစွာအနက်၌ နွားနက်ကြီးသည် နာကျင်စွာ အံကြိတ်လိုက်ပြီး သူ့တင်ပါးမှ နောက်ထပ်သလင်းကျောက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူသည် ဒေါသထွက်လွန်းသောကြောင့် အော်ဆဲပစ်ချင်နေလေပြီ။
သူထုတ်လာသည့် ကျောက်များမှာ စုစုပေါင်း လေးခု ရှိနေပြီဖြစ်သည်။
“ချီးပဲ .. ဒေါသထွက်လိုက်တာ..” သူသည် နှာခေါင်းမှ အငွေ့များ ထွက်သည်အထိ တကယ် စိတ်တိုနေပြီဖြစ်သည်။ ငွေရောင်သစ်ကြားသီးများကြောင့် သူ သေမလိုဖြစ်ခဲ့ပြီး ယခုလည်း ဒဏ်ရာများနှင့် မြေအောက်၌ ပုန်းနေရသည်။
အနီရောင်သလင်းကျောက်များကို နွားဝါလေး လေ့လာနိုင်ရန် သူ့အား ပေးလိုက်သည်။ ကျောက်များမှာ အဆင့်အမြင့်ဆုံး စိန်ဖြတ်စများကဲ့သို့ တောက်ပနေသည်ပင်။
နွားနက်ကြီးပုံစံကို ကြည့်ပြီး ချူဖုန်း မနေနိုင်တော့ပဲ ရယ်လိုက်တော့သည်။
“ဒါက သန္ဓေပြောင်းမြေကြီးပဲ .. ဒါပေမဲ့ ကျွမ်းကျင်သူအများကြီးရဲ့ ဝိညာဉ်သွေးတွေကို စုတ်ယူပြီးထားတော့ သူ့မှာ အသက်စွမ်းအင်တွေ အများကြီး ရှိနေပြီ” နွားဝါလေး ရေရွတ်လိုက်သည်။
“ငါတို့ ဒီစွမ်းအင်တွေကို စုတ်ယူလို့ရလား..” ချူဖုန်း တီးတိုးမေးလိုက်သည်။
“မရဘူး..” နွားဝါလေး ခေါင်းခါလိုက်၏။
နွားနက်ကြီးမှာ ချက်ချင်းပင် စိတ်ပျက်သွားရသည်။
သို့သော်လည်း နွားဝါလေး၏မျက်လုံးများမှာ တောက်ပနေဆဲပင်။ “ဒီမြေအောက်မှာ သေချာပေါက် နတ်အမြစ်တစ်ခု ရှိလိမ့်မယ် .. ဒီကျောက်တွေက လူတွေ ထားထားတာ.. ငါတို့ ဒီကျောက်နောက်လိုက်ရင် အကျိုးကျေးဇူးရှိနိုင်တယ်”
ဤကျောက်များကို နတ်ရနံ့များရရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း သူ အခြားနှစ်ဦးကို ပြောပြလိုက်သည်။
သူတို့သုံးဦး နွားနက်ကြီး တင်ပါးနောက်မှ နေရာကို သတိကြီးကြီးဖြင့် တူးကြည့်လိုက်သည့်အချိန်တွင် လှပသည့် သလင်းကျောက်များကို ထပ်မံတွေ့ရှိလိုက်သည်။
ချူဖုန်း ကွယ်ဝှက်မနေတော့ပဲ ထိုကျောက်အားလုံးကို သိမ်းဆည်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤကျောက်များမှာ ကျောက်သေတ္တာထဲမှ မျိုးစေ့များအတွက် အသုံးဝင်လိမ့်မည်ဟု သူ ခံစားနေရသည်။
နတ်အမြစ်ကို ရှာရင်းဖြင့် သူတို့ တစ်ဖြည်းဖြည်းချင်း တူးသွားလိုက်ကြသည်။
“ငါတို့ ဦးတည်တဲ့နေရာ မှားနေပြီ .. မြေပြင်အနေအထားအရဆိုရင် ငါတို့ မြောက်ဘက်ကို တူးသွားသင့်တာ” တောက်ပနေသည့် အပင်ငယ်လေးကို ရုတ်တရက် သတိရသွားပြီး နွားဝါလေး တီးတိုး ပြောလာသည်။
…
အလေးအမြတ်ဆေးခင်းကြီးတွင် အပေါက်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် သားရဲဘုရင်များ၏ အကြွင်းအကျန်များ ရှိနေသည်။ ဤနေရာသို့ ဝင်လာခဲ့သည့် သားရဲဘုရင် ၈၀ ရာခိုင်နှုန်းမှာ အသတ်ခံလိုက်ရလေပြီ။
“ရက်စက်လိုက်တာ..” အသက်ရှင်နေသည့် သားရဲဘုရင်တစ်ဦး ရေရွတ်လိုက်သည်။ သူ၏ခြေလက်လေးဖက်လုံး ပျက်စီးသွားသောကြောင့် သူ မလှုပ်ရှားနိုင်တော့။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ မရှိသလောက်ပင် ဖြစ်နေသောကြောင့် သူ ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်တော့။
ဖူး..
ချီလင်းဘုရင် ရောက်လာကာ သူ၏တောက်ပနေသည့် ဓားရှည်ဖြင့် ထိုသားရဲဘုရင်၏ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
“ငါတို့အားလုံးက လူသားတွေပဲ .. ငါ့ကို ကယ်ပါ..” အဝေး၌ လဲနေသည့် လူသားဘုရင်ကျွမ်းကျင်သူတစ်ဦး ပြောလာသည်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေပြီး မြေပြင်ထက်၌ သွေးများ စိုရွှဲနေသည်။ သူသည် အက်ဗီဒူးကိုကြည့်ပြီး တောင်းဆိုလိုက်သည်။
အက်ဗီဒူးသည် တောက်ပသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားတစ်လက်ဆွဲကာ သူ့ထံသို့ လျှောက်လာသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောပဲ ထိုလူ၏ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။
“နတ်ဆိုးကောင်တွေ .. မင်းတို့ဘာလို့ ဒီလိုမျိုး လုပ်တာလဲ..” ဘုရင်အချို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့ တောင်းပန်သည်ဖြစ်စေ ကျိန်ဆဲသည်ဖြစ်စေ အားလုံးမှာ ရက်စက်စွာ အသတ်ခံလိုက်ရသည်။ အက်ဗီဒူးနှင့် ချီလင်းဘုရင်တို့သည် အေးစက်စွာဖြင့်ပင် သူတို့ဘာပြောပြော ဘာကိုမှ ဂရုမစိုက်ပဲ ရှင်ကျန်နေသည့်သူများကို ဆက်တိုက်ပင် သတ်ပစ်လိုက်သည်။
မြေပြင်ထက်၌ စီးဆင်းနေသည့် သွေးများသည် တောက်ပသည့်အလင်းများ ထုတ်လွှတ်ကာ နေရာတစ်ခုသို့ ဦးတည်စီးဆင်းသွားနေလေ၏။
ဆေးခင်းထဲ၌ ကမ္ဘာငယ်လေးတစ်ခု ပြန်ပေါ်လာပြီး ထိုထဲတွင် တောက်ပနေသည့် အပင်ငယ်လေး ရှိနေသည်။ သွေးအားလုံးမှာ ထိုအပင်၏အမြစ်ထံသို့ ဦးတည်စီးဆင်းသွားနေခြင်းပင်။
ထိုအချိန်တွင် ငှက်ဘုရင်တစ်ဦးသည် သူ့ဒဏ်ရာများမှ ပြန်သက်သာလာသောကြောင့် သူ့ရှေ့မှ သတ်ဖြတ်မှုများကို မြင်လိုက်ရသည်နှင့် ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။
ကံမကောင်းစွာဖြင့် သူသည် တုန်ယင်နေကာ အခြေမငြိမ်သေး။ သူသည် ချီလင်းဘုရင်ပစ်လွှတ်လိုက်သည့် လျှပ်စီးဓားသွား၏သားကောင်ဖြစ်သွားကာ မြေပြင်ထက်သို့ ပြုတ်ကျလာလေသည်။
ဆေးခင်းကြီးမှာ သွေးပင်လယ်ကြီး ဖြစ်နေလေပြီ။
နောက်ဆုံး ဤနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
“အဲဒီလူ ဘယ်မှာလဲ..” ချီလင်း ဘုရင်မေးလိုက်သည်။ သူ့ထံတွင် နီရဲတောက်လောင်နေသည့် ဆံပင်ရှည်များရှိပြီး အသားအရေလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။ သို့သော် သူ၏ချောမောလှပသည့်မျက်နှာနှင့် မလိုက်ဖက်စွာပင် သူ့အမူအရာမှာ အေးစက်လှသည်။ သူသည် အလောင်းပုံကြီးပေါ်၌ မတ်တပ်ရပ်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သူ ချူဖုန်းကို ရှာနေခြင်းပင်။ ငွေရောင်သစ်ကြားသီးကြောင့် တစ်စစီဖြစ်သွားသည်ဆိုလျှင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတော့ ကျန်ရဦးမည်။ သို့သော် သူ ထိုအစိတ်အပိုင်းများပင်မတွေ့။
“ငါးတစ်ချိုု့ပိုက်ကွန်ကနေ လွတ်သွားတယ်..”
အခြားအဖွဲ့အားလုံး မျက်မှောင်ကြုတ်သွားကာ စတင်လှုပ်ရှားလာကြသည်။ သူတို့သည် ဆေးခင်းအပြင်ဘက်သို့ ပြေးထွက်သွားပြီး နေရာတစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေလိုက်သည်။
“ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်..” သူတို့ထဲမှတစ်ဦး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးမှာပင် ကျွမ်းကျင်သူတစ်ဦးသည် ဆေးခင်းထဲမှ ထွက်လာပြီး မြို့ထဲ၌ ပုန်းနေနိုင်ခဲ့သည်။ သူ ထွက်ပြေးနိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူ့ကို ရှာတွေ့သွားလေပြီ။
“သတ်..”
အက်ဗီဒူးကိုယ်တိုင် ထိုလူကို လိုက်ဖမ်းလိုက်လေသည်။
တိုက်ခိုက်သည့်အသံများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်၌ ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
“ဒီမှာ နောက်တစ်ယောက် ရှိသေးတယ်..”
ထိုအသံကြားသည်နှင့် ချီလင်းဘုရင်ကိုယ်တိုင် ထိုနေရာသို့ သွားလိုက်သည်။
ဆေးခင်းတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်နေပြီး ကံကောင်းသည့်လူအချို့မှ လွဲလျှင် ၉၀ ရာခိုင်နှုန်း သေဆုံးသွားပြီဖြစ်သည်။
မြေအောက် မီတာပေါင်း ရာပေါင်းများစွာနက်သည့်နေရာ၌ ရှိနေသည့် ချူဖုန်းတို့သုံးဦးသည် ထိုသစ်ပင်လေးထံသို့ ဆက်လက်တူးသွားနေဆဲပင်။
“အမ် … ငါဆက်တူးလို့မရတော့ဘူး..”
သူတို့ရှေ့တွင် ထူးဆန်းကာ စွမ်းအားကြီးသည့် စွမ်းအင်အလွှာတစ်ခု ရှိနေပြီး သူတို့ကို ကာဆီးထားသည်။
“ဒီသောက်နေရာကတော့ .. မြေအောက်မှာတောင် အဆီးအတားတွေ ရှိနေသေးတယ် .. ငါတို့ ဆက်သွားလို့မရတော့ဘူး..” နွားနက်ကြီး ပြောလာသည်။
ယခုအချိန်တွင် သူတို့သည် အန္တရာယ်များသည့်နေရာ အလယ်သို့ ရောက်နေပြီဖြစ်သော်လည်း မည်သူမှ ပျာယာမခတ်။
“ငါ ဒီမှာ ပြဿနာတက်အောင် လုပ်ချင်တာ” နွားနက်ကြီး မကျေမနပ်ပြောလိုက်သည်။
“ဆက်တူးထား..”
သူတို့သည် အဆီးအတားကို ရှောင်ကွင်းကာ ဘေးဘက်ကို ဆက်တူးလိုက်သည်။ ထို့နောက်တွင်တော့ သူတို့ ကြီးမားလှသည့် အလင်းပြင်ကြီးကို တွေ့လိုက်ရသည်။ သူတို့သည် ထိုအလင်းပြင်အား သေချာလေ့လာပြီးနောက် သူတို့ ဖောက်ဝင်နိုင်မည့် အားနည်းသည့်နေရာကို ရှာဖွေလိုက်သည်။
ဒုန်း..
တူးနေရင်းဖြင့် ချူဖုန်း၏ဓားပျံသည် အလွန်မာကျောလှသည့် ပစ္စည်းတစ်ခုနှင့် ထိခတ်သွားသည်။
ဤသည်မှာ အဆီးအတားကို ထိုးဖောက်နေသည့် ပျက်စီးနေသောလှံတံပင်။ ဤနေရာ၌ မြှားအချို့လည်း ရှိနေသေးသည်။
ယခင်က ဤနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့်ပုံပင်။ ဤလက်နက်များမှာ ထိုကတည်းက ဤအဆီးအတား၌ ထိုးစိုက်နေခြင်းပင်။
“ဗာတီကန်က တကယ်ကို ထူးဆန်းတယ်..” ချူဖုန်း ရေရွတ်လိုက်သည်။
“အလေးအမြတ်ဆေးခင်းရဲ့ အဆီးအတားတစ်စိတ်တစ်ပိုင်းက ဒီသစ်ပင်ကို ကာကွယ်ထားတာ .. တကယ်တမ်းတော့ ဒီဆေးခင်းကြီး အပြည့်အဝ အသက်ဝင်လာရင် ဒီလိုဆေးပင်မျိုး တစ်ပင်မကရှိလောက်တယ်” နွားဝါလေး ပြောလာသည်။
“အမ် .. ငါတို့ ဝင်သွားလို့ရလောက်ပြီ..”
အဆီးအတားမှာ သိပ်မတည်ငြိမ်တော့သဖြင့် တစ်နေရာ၌ သူတို့ ထိုးဖောက်၍ ရသွားသည်။
ဝှစ်..
နောက်ဆုံးတွင်တော့ အဆီးအတားထဲမှ ကမ္ဘာငယ်လေးအတွင်းသို့ သူတို့ ဝင်နိုင်ခဲ့လေပြီ။
“သတိထား .. နေရာမှား ရောက်မသွားစေနဲ့ .. နတ်ဘုရားမအသီးတွေသီးနေတဲ့ သစ်ပင်တွေနဲ့ တွေ့သွားရင် ငါတို့ ဒုက္ခရောက်သွားလိမ့်မယ်..”
“ကြည့်လိုက် .. အမြစ်ခြောက်တစ်ခု..” နွားနက်ကြီး ပြောလာသည်။
ထိုနေရာ၌ ညှိုးခြောက်နေကာ အသက်ဓာတ်ရှိပုံပေါ်တော့သည့် ကြီးမားလှသည့်အမြစ်တစ်ခု ရှိနေသည်။ ထိုအမြစ် မြေအောက်မြှုပ်နေသည်မှာ နှစ်ပေါင်း မည်မျှ ရှိနေပြီမှန်းပင် မသိတော့။
“ဒါက အလေးအမြတ်သစ်ပင်ရဲ့ အမြစ်အစစ်ပဲ..” နွားဝါလေး၏ အမူအရာမှာ လေးနက်နေသည်။
သူတို့သုံးဦး အမြစ်တစ်ဝိုက်ကို စတင်တူးထုတ်လိုက်ကြ၏။ နောက်ဆုံးတွင်တော့ ထိုညှိုးခြောက်သည့်အမြစ်နှင့် ဆက်နေသည့် ဖြူဖွေးသည့်အမြစ်ကြီးတစ်ခုကို သူတို့တွေ့လိုက်ရသည်။ ထိုအမြစ်သည် မြေပြင်အပေါ်ပိုင်းသို့ ဆက်သွားနေသည်။
ဤအတောအတွင်း ချူဖုန်း အနီရောင်သလင်းကျောက် ရာချီ ရလိုက်သည်။ သူ့အိတ်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။
သူတို့အားလုံး ထိုအမြစ်ဖြူနောက်လိုက်သွားပြီး နောက်ဆုံး မြေပြင်အပေါ်သို့ ပြန်ရောက်သွားသည်။ ထိုအချိန်မှသာ သူတို့ လေကောင်းလေသန့်ကို ရှူရှိုက်ရတော့သည်။
“ဒါက တကယ်ကို အဲဒီအရောင်တောက်နေတဲ့ အပင်လေးပဲ..”
မြေပြင်ထက်၌ မျက်စိဖမ်းစားနေသည့် အပင်ငယ်လေးတစ်ပင် ရှိနေသည်။ ယခုအချိန်တွင် သစ်ကိုင်းများထက်၌ အဖူးများ ဖူးပွင့်နေသည်ကို မြင်နေရသည်။
“နှမြောစရာပဲ .. အဖူးတွေက အရမ်းသေးနေသေးတယ်” နွားနက်ကြီး တံတွေးမြိုချ၍ ပြောလိုက်သည်။
သစ်ပင်ထက်တွင် ပန်းပွင့်ငါးပွင့် ရှိနေပြီး တစ်ခုစီမှာ တောကြက်မောက်သီးအရွယ်အစားရှိသည်။ အပွင့်များ ဖူးပွင့်လာသည်မှာ သိပ်မကြာသေးပုံပင်။ ပန်းပွင့်များ ပွင့်လာရန်အတွက် အချိန်တစ်ခု လိုအပ်လိမ့်မည်။
“အမ် .. ပန်းပွင့်တွေက ကြီးလာနေတယ်..”
သူတို့သုံးဦး ထိတ်လန့်သွားရသည်။ ပန်းပွင့်များမှာ မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့်ပင် ဖူးပွင့်လာသည်။
“သွေးတွေ..”
မြေပြင်ထဲ သွေးများကို ဤအပင်လေးမှ စုတ်ယူလိုက်ကြောင်း သူတို့ ခံစားမိသည်။
တစ်ချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်ကိုလည်း သူတို့ သတိကြီးကြီး စောင့်ကြည့်လိုက်ကြသည်။ သူတို့ မြင်နေရသမျှအားလုံးမှာ အလောင်းများပင်။
အဲဒီသားရဲဘုရင်တွေအားလုံး သေသွားပြီလား..
ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။
“ဒီနေရာက အရမ်းအန္တရာယ်များတယ် .. ငါတို့ကို အချိန်မရွေး တွေ့သွားနိုင်တယ် .. ငါတို့ မြန်မြန် သွားရမယ်..” ချူဖုန်း သတိပေးလိုက်သည်။
“ဒါပေမဲ့ ပန်းပွင့်တွေက ကြီးနေတုန်းပဲ..” နွားနက်ကြီး၏မျက်လုံးများမှာ အစိမ်းရောင်ပင် ပြောင်းတော့မည်။
“ပန်းပွင့်အဖူးတွေလည်း အကျိုးရှိတယ် .. ဒါက သွေးတွေ စုတ်ယူထားတဲ့ နတ်သစ်ပင်ရဲ့ပစ္စည်းပဲ.. သူ့အကျိုးကျေးဇူးတွေက အရမ်းကို ကြောက်စရာကောင်းလောက်အောင်ပဲ” နွားဝါလေး ရှင်းပြလာသည်။
သူတို့ ဆက်စောင့်နေလျှင် အန္တရာယ်များလိမ့်မည်ဟု သူလည်း ခံစားနေရသည်။
နွားနက်ကြီးကတော့ မခူးချင်သေး။ သူသည် တံတွေးမြိုချလိုက်ကာ “ခဏ .. ငါတို့ ခဏပဲ စောင့်ရအောင်ပါ .. စက္ကန့်နဲ့အမျှ ပန်းပွင့်က ပိုကြီးလာနေတာ .. ငါတို့ အချုပ်အနှောင်တွေကို နှစ်ခုဆက်တိုက် ဖြတ်တောက်ပစ်နိုင်လောက်တယ်..”
သူတို့ ချက်ချင်း ထွက်သွားရမည်မှန်းသိသော်လည်း ချူဖုန်းနှင့် နွားဝါလေးတို့မှာ သူတို့ခြေထောက်များကို မရွေ့နိုင်သေး။ ဤပန်းပွင့်များ ဖူးပွင့်လာမည်ကို သူတို့လည်း ကြည့်ချင်နေသည်ပင်။
ဖြစ်နိုင်လျှင် ဤပန်းပွင့်များ ပွင့်လာသည်အထိစောင့်ပြီး ဝတ်မှုန်များ စုတ်ယူကာ အသီးများကို ခူးချင်ကြသည်ပင်။
ကံမကောင်းစွာဖြင့် သူတို့ ဤမျှမစောင့်နိုင်။
“ဒီနတ်သစ်ပင်က ငါတို့ မြေအောက်မှာတွေခဲ့တဲ့ အမြစ်ခြောက်ကနေ ပေါက်လာတာမလား..” ချူဖုန်း မေးလိုက်သည်။
“ဒါက နာမည်ကြီးတောင်တွေက ရှေးဟောင်းသစ်ပင်တွေအားလုံးနဲ့ အတူတူပဲ .. ဒီနတ်သစ်ပင်တွေအားလုံးက ပြန်ရှင်လာတဲ့အချိန်တုန်းက အညွှန့်လေးတွေပဲ .. သူ့ဆေးစွမ်းက အရွယ်ရောက်ပြီးသား သစ်ပင်တွေနဲ့ ယှဉ်လို့မရဘူး .. ဒါပေမဲ့ ဒီအပင်ပေါက်လေးက အဆင့်တက်ဖို့အတွက် လုံလောက်တယ်..” နွားဝါလေး ရှင်းပြလာသည်။
“အား…”
အဝေးမှ သနားစဖွယ်အသံတစ်သံ ပျံ့လွင့်လာသည်။
“မကောင်းတော့ဘူး .. ခူးရအောင် .. ဒီထက်နောက်ကျသွားရင် ငါတို့ ပြဿနာ တက်လိမ့်မယ်” ချူဖုန်းရေရွတ်လိုက်သည်။
ထိုလူများ မကြာခင် ပြန်လာတော့မည်။
ယခုအချိန်တွင် ပန်းပွင့်အဖူးများမှာ သစ်တော်သီးတစ်လုံး အရွယ်အစားရှိနေပြီဖြစ်သည်။ ပန်းပွင့်ထဲတွင်တော့ များပြားလှသည့် အသက်ဓာတ်များ ရှိနေသည်ပင်။
အပိုင်း ၁၆၇ ပြီး၏။