Switch Mode

Chapter – 164.2

ငွေလမင်းဝံပုလွေဘုရင်

အပိုင်း ၁၆၄•၂

” ငွေလမင်း၀ံပုလွေဘုရင် ”
°°°
ဟို့ယွိဟောင် မျက်လုံးတွေကိုပိတ်ရင်း တင်ပလ္လင်ခွေချိတ်ထိုင်ကာ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အပြင်ဘက်ဖြာထွက်ထားခဲ့ပါတယ်။ သူတရားထိုင်နေရင်းနဲ့၀ိညာဥ်စွမ်းအားကိုလဲ ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကို ကောင်းကောင်းအသုံးပြုနိုင်တဲ့ အဓိကအားသာချက်တွေရှိပါတယ်။ သူက အသိစိတ်ကိုနှစ်ခုခွဲထားခဲ့ပြီ အပြင်ဘက်မှာ လေ့လာရှာဖွေရင် တစ်ပြိုင်နက်ထဲ တရားထိုင်ပြီတော့လဲ လေ့ကျင့်နိုင်ပါတယ်။

ဒါက မျက်လုံးတစ်ဖက်ကိုဖွင့်ပြီ အိပ်နေတာနဲ့အတူတူပဲ အကယ်၍ သူတစ်ခုခုမှုမမှန်တာသာတွေ့လာခဲ့မယ်ဆိုရင် သူ့ရဲ့စိတ်က ခပ်မြန်မြန်ပဲ တုန့်ပြန်လာမှာပါ။ ဒါကြောင့် သူ့ကိုစိတ်မချစရာဘာအကြောင်းမှရှိမနေခဲ့ပါဘူး။

ကောင်းကင်ကြီးက ပိုမိုမှောင်မိုက်လာခဲ့လာသလိုကြယ်အလင်းတွေကလဲ မှိန်ဖျော့လာခဲ့ပါပြီ။ ထူးထပ်တဲ့မြူခိုတွေက ဖြတ်သန်းတိုက်ခိုက်ရင်း ဖြည်းဖြည်းချင်းဆိုသလို ပတ်၀န်းကျင်ကိုမြင်ရတာကလဲ ဝေ၀ါးလို့လာပါတော့တယ်။

အအေးဓာတ်က ဟို့ယွိဟောင်ကိုဘယ်လိုပဲဖြစ်ဖြစ် သက်ရောက်မှုမရှိစေခဲ့ပါဘူး။ ​သူ့ခန္ဓာကိုယ်အပူရှိန်က အပြင်ဘက်အပူရှိန်ထက် အမြဲတမ်းနှိမ့်နေခဲ့တာပါ။ အဆုံးစွန်းရေခဲက သူ့ကိုခရုတစ်ကောင်လိုနှေးကွေးတဲ့ ကျင့်ကြံဆင့်နှုန်းဖြစ်အောင် လုပ်ထားခဲ့ပေမဲ့ အခြေခံကတော့ အတော်ကိုခိုင်မာလှပါတယ်။ အဆင့်တူဘယ်၀ိညာဥ်ပညာရှင်ဒီအချက်ကမှ သူ့ကိုဘယ်သူမှယှဥ်လို့ရမှာမဟုတ်ပါဘူး။

ရေဆိုတာက ရေခဲရဲ့အခြေခံပါ။ လေထဲမှာရှိနေခဲ့တဲ့ ရေဓာတ်သဘောသဘာ၀က ဟို့ယွိဟောင်ရဲ့ကျင့်ကြံမှုအတွက် အတော်ကိုအကျိုးရှိစေပါတယ်။ ဒါ့အပြင် ကောင်းကင်နဲ့မြေကမ္ဘာရဲ့ သဘာ၀ချီစွမ်းအားတွေက အပြင်ဘက်လောကရဲ့တောင်ကြောတွေကိုပါ ဆက်တိုက်ဆိုသလို အာဟာရဖြည့်ပေးနေခဲ့တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်ကလဲ ဖြည်းဖြည်းချင်းဆိုသလို အရှိန်မြင့်လာခဲ့ပါပြီ။

နက်ရှိုင်းတဲ့တောင်တန်းထဲမှာ လေ့ကျင့်ရတာက တကယ်ကိုကောင်းမွန်လှတဲ့ခံစားချက်ပါပဲ။ ဟို့ယွိဟောင်အနေနဲ့ ပတ်ပတ်လည်မီတာငါးရာအတွင်းမှာရှိနေတဲ့ အပြောင်းအလဲမှန်သမျှကို ကောင်းကောင်းခံစားရပါပြီ။ သူ့ဘာသာသူသာ သက်ပြင်းချနေခဲ့မိပါတယ်။ သားရဲကောင်တွေတော်တော်များများက တောတောင်တွေရွံ့နွံတွေ သစ်တောတွေထဲမှာပဲ နေချင်ကြတာအံ့ဩစရာမရှိပါဘူး။ ဒီနေရာမှာ စိတ်၀ိညာဥ်စွမ်းအားက အရမ်းကိုအားကောင်းလွန်တာပါပဲ။

ဟို့ယွိဟောင် ရုတ်တရက်တုန်ရီလို့သွားပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုတွေအစွန်းမှာ တစ်စုံတစ်ရာကို ရှာဖွေမတွေ့ရှိရပေမဲ့ ဆံပင်တွေကတော့ ချက်ချင်းထောင်သွားခဲ့ရတယ်။ ဘာတွေဖြစ်နေတာလဲ ဟို့ယွိဟောင်တစ်ယောက်ထဲတရားထိုင်တာရပ်လိုက်ပြီ မျက်လုံးဖွင့်လိုက်ပါပြီ။ သူ့ရဲ့ကိုယ်ပိုင်အသိစိတ်ကိုယုံကြည်ပါတယ်။ ဒီလိုရုတ်တရက်ပြင်းထန်လွန်လှတဲ့ သတိပေးချက်တွေက အန္တရာယ်ကိုဖော်ပြနေတာပါ။

သူတံခါးကိုနှစ်ခေါက်တိတိ ခေါက်လိုက်ပါတယ်။ မကျယ်လောင်ပေမဲ့ အမျိုးသမီးတွေကတော့ ချက်ချင်းနိုးလာခဲ့ပါပြီ။

” ကျွန်တော်တို့တွေ ပြဿနာကြုံရတော့မယ်…အပြင်ကိုထွက်မလာနဲ့ ဒါပေမယ့် တိုက်ခိုက်ဖို့ပြင်ဆင်ထား ကျွီးကျင့် အဓိကထိန်းချုပ်တဲ့နေရာမှာနေ အကယ်၍ ဒီကိစ္စတွေသာ ထိန်းချုပ်မှုလွှတ်သွားပြီဆိုရင် ကျွန်တော်ကိုဂရုမစိုက်နဲ့ တောင်အောက်ကိုသာ လိမ့်ချသွားလိုက်တော့ ကျွန်တော်ထွက်ပြေးဖို့အတွက် လမ်းရအောင်ရှာလာခဲ့မယ် ”

ဟို့ယွိဟောင် ခပ်တိုးတိုးပြောလိုက်ပါတယ်။ သူ့ရဲ့တင်းမာနေတဲ့အသံက ကျွီးကျင့်နဲ့ ခက်ခက်နှစ်ယောက်စလုံးကို လုံး၀နိုးသွားစေခဲ့တယ်။

” နင်ဘာကိုတွေ့လို့လဲ ”

ကျွီးကျင့်က ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်ရင်း ခပ်တိုးတိုး​မေးလာခဲ့တယ်။ သူပြောချိန်မှာပဲ ကျွီးကျင့်နဲ့ခက်ခက်ရဲ့ခန္ဓာကိုယ်ဆီကနေ သတ္ထုသံတွေက ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီ သူတို့တွေက တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေကို ချက်ချင်းပြင်ဆင်လိုက်ပုံပါပဲ။ ဟို့ယွိဟောင် ခေါင်းခါလိုက်ပါတယ်။

” ကျွန်တော်သေချာမသိသေးဘူး…ဒါပေမယ့် ကျွန်တော်ရဲ့ အာရုံခံနိုင်စွမ်းက လူအများစုထက်အအများကြီးမြင့်မားတယ်…ဒါကြောင့် ပြဿနာကြီးတက်တော့မှာကို ကျွန်တော်ကြိုပြီ အာရုံခံမိတယ် ”
ဟို့ယွိဟောင် အသက်ပြင်းပြင်းရှုသွင်းရင်း သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းဖို့အတွက် လုပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်မှာ သိသာတဲ့တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့ အဆင့်လေးဆယ်မှာတန့်နေတုန်းပါပဲ။ တကယ်အင်အားကြီးတဲ့ သူတွေနဲ့တော့ သူမယှဥ်နိုင်သေးပါဘူး။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ နေရာပေါင်းစုံဖြန့်ကျက်ထားရာကနေ တစ်နေထဲကို ဦးတည်လို့သွားပါတယ်။ သူပတ်၀န်းကျင်ကိုစတင်ပြီ ရှာဖွေပါပြီီ။

ဒီလိုတစ်နေရာထဲဦးတည်ပြီရှာဖွေမှုက ကံကြမ္မာမျက်လုံးကို အသုံးမပြုဘူးဆိုရင်တောင် တစ်ကီလိမီတာအထိ ဆန့်ထွက်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ၀ိညာဥ်စွမ်းအားကို ထိန်းသိမ်းထားနိုင်အချိန်ကောင်းမဟုတ်ပါဘူး။ ဒါကြောင့် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အပြည့်အ၀ဆုံးအထိ စတင်ပြီ အသုံးပြုရင်း တောင်ကြောတစ်လျှောက်ကို ရှာဖွေပါတော့တယ်။

စက်ကိရိယာရဲ့ ပြတင်းပေါက်နှစ်ခုကလဲ ပွင့်လာခဲ့ပါပြီ။ အပြင်ဘက်မှာတော့ အနက်ရောင်အမြောက်နှစ်ခုက ထွက်ပေါ်နေခဲ့ပါတယ်။ အမြောက်တွေရဲ့ အ၀တစ်ခုချင်းဆီတိုင်းက တစ်ရာမီလီမီတာထက်ကို ပိုကြီးမားနေခဲ့ပြီ နှစ်ခုစလုံးကိုခက်ခက်က ပုခုံးပေါ်မှာတင်ထားခဲ့တာပါ။ ကျွီးကျင့်ကတော့ အဓိကထိန်းချုပ်ရေးခုံပေါ်မှာ ထိုင်နေခဲ့ပြီ အချိန်မရွေးလှုပ်ရှားဖို့အတွက် အသင့်ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်က ဘယ်၀ိညာဥ်လက်နက်ကိုမှ ထုတ်မသုံးထားပါဘူး။ ဒါပေမယ့် သူ့ရဲ့ပတ်၀န်းကျင်ကို အရမ်းကိုစူးစူးရှရှပုံစံနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကတော့ တိုက်ခိုက်ဖို့အဆင်သင့်အနေအထားမှာ ဖြစ်နေခဲ့ပါပြီ။ အဲ့ဒီနောက် အမူအရာကချက်ချင်းပြောင်းသွားပါတော့တယ်။

တိတ်ဆိတ်တဲ့သူတွေက တောင်ထိပ်ပေါ်မှာ ဘက်ပေါင်းစုံကနေ စုစည်းလို့နေပါတော့တယ်။ သူတို့တွေက ဘာအသံမှထွက်မကျပေမဲ့ အဲ့ဒီလိုရှိနေတာကတင် ဟို့ယွိဟောင်ရဲ့နှလုံးသားကို မမြင်ရတဲ့ခြိမ်းခြောက်မှုတွေနဲ့ ခြိမ်းခြောက်နေသလိုပါပဲ။

” ၀ံပုလွေတစ်အုပ်ပဲ ၀ံပုလွေတစ်အုပ်ပဲ ကျွန်တော်တို့တွေ အ၀ိုင်းခံလိုက်ရပြီ ဦးဆောင်နေတဲ့သူတွေက နှစ်တစ်သောင်းရွှေရောင်၀ံပုလွေသုံးကောင်ပဲ ဒါ့အပြင် အုပ်စုထဲမှာနှစ်တစ်ရာကနေ နှစ်တစ်ထောင်အထိ ၀ံပုလွေတွေပါနေသေးတယ်..သူတို့တွေ ဒီနေရာကို သုံးမိနစ်အတွင်းရောက်လာလိမ့်မယ်…ထွက်ပြေးဖို့အတွက်ပြင်လိုက် အကယ်၍ ဒီစက်ကိရိယာကိုလိမ့်ထွက်သွားမယ်ဆိုရင် သူတို့တွေ ခုခံနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ် ”

ကျွီးကျင့်နဲ့ ခက်ခက်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒီရွှေ၀ံပုလွေတွေကသတ္ထုအမျိုးအစား၀ံပုလွေတွေပါ။ သူတို့တွေက သတ္ထုသဘောသဘာ၀ကို အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်သားရဲကောင်တွေထဲက တစ်ခုပါပဲ။ ရွှေကျား ရွှေခြင်္သေ့ ကျားသစ်နဲ့ ၀က်၀ံတွေလောက် မသန်မာပေမဲ့ အများကြီးပြီမြန်ဆန်တဲ့အပြင် အုပ်စုလိုက်လှုပ်ရှားတဲ့သူတွေပါ။

ကျန်းယန်တောင်ကြောမှာ သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်တွေအားလုံးက တိုက်ခိုက်နိုင်စွမ်းအနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းလောက်အထိ ပိုမိုမြင့်မားလေ့ရှိပါတယ်။

ဒါ့အပြင် နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်သုံးကောင်တောင်သူတို့ကို ဦးဆောင်လာနေတယ်ဆိုရင် သေချာပေါက် ကြောက်စရာပါပဲ။ သူတို့တွေကတော့ ပြဿနာကြားထဲ ညှပ်နေပါပြီ။ ဟို့ယွိဟောင်နဲ့ မိန်းကလေးတွေက အလွယ်လေးအသတ်မခံရရင် သေချာပေါက် စွမ်းအားတွေကတော်တော်လေး ကုန်ဆုံးမှာပါ။

” ဟွိဟောင် အထဲကို၀င်လိုက် ”

” ငါတို့တွေအတူတူလှိမ့်သွားကြမယ် ”
ကျွီးကျင့်က ပြောလိုက်ပါတယ်။

” ကျွန်တော်သွားလို့မရဘူး…ဒီရွှေ၀ံပုလွေတွေကို ငွေ၀ံပုလွေတစ်ကောင်က ပို့လွှတ်လိုက်တာ ကျွန်တော် ငွေ၀ံပုလွေရဲ့အငွေ့အသက်ကို ခံစားမိတယ်…အကယ်၍ ကျွန်တော်သာ မမှားဘူးဆိုရင် အဲ့ဒီငွေ၀ံပုလွေရဲ့ ၀ိညာဥ်စက်ကွင်းကကျွန်တော်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းဖြစ်ဖို့ သင့်တော်လိမ့်မယ်…အစ်မတို့အရင်သွားကြ ကျွန်တော်ကိုမစိုးရိမ်နဲ့ ကျွန်တော်နည်းလမ်းရှာပြီ ရအောင်ထွက်လာမယ် ”

” မဖြစ်ဘူး အန္တရာယ်များလွန်တယ်…အဲ့ဒီနေရာမှာ ရာနဲ့ချီတဲ့ရွှေ၀ံပုလွေရှိနေတာနော် ”

ကျွီးကျင့်က ပြောရင်းနဲ့အပြင်ကို ထွက်လာချင်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ တံခါးကိုဖိထားခဲ့တယ်။

” ဘယ်လိုထွက်လာရမလဲဆိုတာကို ကျွန်တော်သိတယ်…ဒါပေမယ့် အကယ်၍ ကျွန်တော်တကယ်ပဲပိတ်မိသွားပြီဆိုရင် ပျံသန်းရေး၀ိညာဥ်လက်နက်ကို အသုံးပြုပြီးထွက်ပြေးလို့ရတာပဲ အခုကနေစပြီ ဂရုစိုက်တော့ ကျွန်တော် နှစ်ယောက်စလုံးကို နှုတ်ဆက်လိုက်ပါတယ် ”

သူပြောပြီတဲ့နောက် သူ့ရဲ့လက်နှစ်ဖက်စလုံးက စိန်ပွင့်လိုရေခဲနဲ့ ပြည့်နှက်လို့သွားပါတော့တယ်။

လက်နှစ်ဖက်ကနေ ကြီးမားပြင်းထန်တဲ့ အင်အားကိုအသုံးပြုပြီး ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးကိုပါ ဆက်တိုက်အသုံးပြုပြီး သူ့ခန္ဓာကိုယ်အင်အားနဲ့အတူ သတ္ထုဘောလုံးကြီးရဲ့ ခြေထောက်နှစ်ဖက်ကိုမပြီတွန်းလွှတ်လိုက်ပါတော့တယ်။

ချက်ချင်းဆိုသလို စက်ကိရိယာကြီးက နောက်ကိုချက်ချင်းလှိမ့်သွားခဲ့ပြီ ကျွီးကျင့်နဲ့ ခက်ခက်တို့က အထိတ်တလန့်နဲ့ အော်ဟစ်လိုက်ကြတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အသံကတော့ သူတို့နားထဲမှာ ၀င်လာခဲ့ပါတယ်။

” ကျွန်တော်ကိုစိုးရိမ်မနေနဲ့ ကိစ္စတွေပြီးသွားရင် ကျွန်တော်တို့ဆုံနေကြ တောင်အပြင်ဘက်မှာပဲ ဆုံကြမယ်..လုံး၀ဒီနေရာကို ပြန်မလာခဲ့နဲ့ ဆက်ပြီတော့လှိမ့်နေလိုက် ”

ဒီတောင်ထိပ်က သိပ်ပြီမကျယ်ခဲ့ပါဘူး။ ဒါကြောင့် စက်ကိရိယာကချက်ချင်းဆိုသလို ဟန်ချက်ပျက်သွားခဲ့ပြီ လှိမ့်ထွက်မတတ်ဖြစ်သွားခဲ့ပါတယ်။

ကျွီးကျင့်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုက ဒီနေရာမှာအသုံး၀င်လာခဲ့ပါပြီ။ ခက်ခက်က ဟို့ယွိဟောင်ရဲ့ပတ်သက်ပြီအတော်ကို မကျေမနပ်ဖြစ်နေသလို သူ့ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ချင်ပေမဲ့ ကျွီးကျင့်ကတော့ ပြတင်းပေါက်နှစ်ခုစလုံးကို ပိတ်ချလိုက်ပါတော့တယ်။ ခြေထောက်ခြောက်​ချောင်းကလဲ ချက်ချင်းဆိုသလို အထဲကို၀င်သွားခဲ့ပြီ ကြီးမားတဲ့ရော်ဘာတုံးကြီးတစ်တုံးကဖြစ်ပေါ်လာကာ ချက်ချင်းဆိုသလို လှိမ့်ဖို့ပြင်ပါတော့တယ်။

ဒီရော်ဘာတွေကြောင့် စက်ကိရိယာရဲ့ မျက်နှာပြင်တစ်ခုလုံးက အတော်ကိုမြန်မြန်ဆန်ဆန်လှုပ်ရှားလာပြီ သူ့ရဲ့ အငွေ့နဲ့ အနံ့အသက်တွေအားလုံးကိုလဲ ရော်ဘာတုံးက ဖုံးလွှမ်းလိုက်ပါတယ်။

စက်ကိရိယာကြီးက တောင်တစ်လျှောက်ကိုလှိမ့်ဆင်းလာခဲ့သလို အမျိုးသမီးနှစ်ယောက်ကလဲ ဒီယာဥ်ထဲမှာပဲ အပေါ်ရောက်လိုက် အောက်ရောက်လိုက်ဖြစ်နေခဲ့ပါတယ်။ အကာအကွယ်စက်ကိရိယာတွေအားလုံးက ချက်ချင်းဆိုသလို အသက်၀င်လာခဲ့ပါပြီ။ အတွင်းနယ်မြေနဲ့ အပြင်လွှာကို လုံး၀ခွဲထုတ်ထားလိုက်ပြီ အလယ်ဗဟိုကို အရမ်းမခုန်အောင်လို့ တားဆီးလိုက်ပါတယ်။

ဟို့ယွိဟောင်လဲ သတ္ထုဘောလုံးကြီးလှိမ့်ချသွားတာကိုကြည့်ရင်းနဲ့ အနည်းငယ်စိတ်အေးသွားခဲ့ရတယ်။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့အစွမ်းအစတွေကို ဒီအမျိုးသမီးတွေဆီမှာ အမြင်မခံနိုင်ပါဘူး။ အကယ်၍ သူတို့တွေ အနားမှာရှိနေတယ်ဆိုရင် သူတို့အနေနဲ့ အစွမ်းအစကိုအပြည့်ထုတ်မသုံးနိုင်ပဲ ဖြစ်ပါလိမ့်မယ်။

နှစ်တစ်သောင်းငွေ၀ံပုလွေရဲ့ ဖြစ်တည်မှုကိုခံစားရတယ်ဆိုတာကတော့ လိမ်​ပြောတာမဟုတ်ခဲ့တာအမှန်ပါ။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်အပြင်အနေနဲ့ သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကိုရဖို့ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ ဒီအခွင့်အရေးကောင်းကို လုံး၀လက်လွှတ်ခံနိုင်မှာမဟုတ်ပါဘူး။ မဟုတ်ရင် ဒီလိုမျိုးနှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကိုရှာဖို့အတွက် အတော်ကိုခက်ခဲသွားပါလိမ့်မယ်။

ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို စတင်လေ့ကျင့်ချိန်ကထဲကစလို့ သူ့ရဲ့စွမ်းအားအဆုံးစွန်းအထိ တစ်ခါမှထုတ်မသုံးဖူးသေးပါဘူး။ သူကိုယ်တိုင်လဲ လက်ရှိကျင့်ကြံဆင့်ကနေ ဘယ်လောက်အထိ အစွမ်းထုတ်နေလဲဆိုတာကို မသိပဲရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ စမ်းသပ်ကြည့်ဖို့အချိန်ကောင်းပါပဲ။ တကယ်စစ်မှန်တဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရမှသာ သူ့ရဲ့အစွမ်းအစတွေက အပြည့်အ၀ထွက်ပေါ်လာမှာပါ။

နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်​ကိုလဲ သူမကြောက်ပါဘူး။ သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်ဖြစ်နေမယ်ဆိုရင် သူက ရန်သူတွေအများကြီးကို တိုက်ခိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားတဲ့သူပါ ဒါ့အပြင် အင်အားအရည်အချင်းမမျှတတဲ့အခြေအနေကို သူအတော်လေးလိုလားပါတယ်။ မဟုတ်ရင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ဖွဲ့စည်းထားတာက ဘာများအကျိုးရှိမှာလဲ။

လက်နှစ်ဖက်ကိုအေးအေးဆေးဆေးခန္ဓာကိုယ်ဘေးမှာချထားခဲ့ရင်း ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ရွှေရောင်ဖျော့ဖျော့တောက်ပလာခဲ့ပါတယ်။

” လာကြစမ်းပါ ”

ဟို့ယွိဟောင်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်အစွမ်းတွေအားလုံးက ထိပ်ဆုံးအထိကို ရောက်သွားခဲ့ပါပြီ။

စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် သတ္ထုစက်ကိရိယာကြီးက လှိမ့်ချသွားချိန်မှာ ရွှေ၀ံပုလွေတချို့ကို ဆွဲဆောင်လိုက်မှန်းသူသတိထားမိပါတယ်။ ဒါကြောင့် ၀ံပုလွေတွေကလဲ အနောက်ကနေလိုက်ဖမ်းနေကြပါပြီ။ ဒါကလဲ သူ့အစီအစဥ်ရဲ့ အစိတ်အပိုင်းတချို့ပါပဲ။

လက်ရှိအချိန်မှာ သူ့ရဲ့အစီအစဥ်က ၀ံပုလွေတွေကို အာရုံလွဲအောင် လုပ်ဖို့ပါ။ ၀ံပုလွေတွေ သူတို့ရဲ့ဗျူဟာနဲ့အုပ်စုကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့အတွက် သူကစီစဥ်ထားခဲ့ပါတယ်။

လေထဲကိုငွေရောင်သတ္တ၀ါတစ်ကောင် ဟို့ယွိဟောင်ပြစ်လိုက်ပါတယ်။ အဲ့ဒီနောက် ၀ုန်းကနဲမြည်သံကြီးက ထွက်ပေါ်လာတော့တယ်။ မိုးပြာရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်မှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါက ရေခဲပေါက်ကွဲမှုနည်းလမ်းပါပဲ။

ငွေ၀ံပုလွေက လေထဲမှာအမှုန့်ဖြစ်သွားရင်းနဲ့ သွေးနံ့ကချက်ချင်းဆိုသလို အပြင်ဘက်ကိုပြန့်ထွက်လာခဲ့ပါတယ်။

အကယ်၍ ၀ိညာဥ်သားရဲကောင်တွေရဲ့ လောကမှာ အညှာအတာသာမကင်းမဲ့ဘူးဆိုရင် ရှင်သန်နေထိုင်ဖို့အတွက်ဆိုလိုတာကလဲ ရှိလာတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ရှင်သန်ဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်။

ဒီအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ နှလုံးသားထဲမှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ စာနာစိတ်တချို့ကိုလုံး၀ဆွဲထုတ်နိုင်လိုက်ပြီဖြစ်တဲ့အတွက် သူကပိုပြီး သွေးအေးလို့လာပါတယ်။

ကြောက်စရာကောင်းတဲ့၀ံပုလွေအော်သံတွေက လမ်းမှာဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင် သူတို့ကိုရှာဖွေတွေ့ရှိသွားမှာ ၀ံပုလွေအုပ်စုလဲ နားလည်သွားခဲ့ပါတယ်။ စက်ကိရိယာအပြင်ကို လှိမ့်ထွက်သွားပြီတဲ့နောက် ငွေ၀ံပုလွေအနံ့ကလဲ ပျောက်ကွယ်သွားတဲ့အတွက် သူတို့ရဲ့အာရုံကို ဘယ်အရာကမှ မဖမ်းစားနိုင်တော့ပါဘူး။

၀ံပုလွေအုပ်စုကလဲ သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့အာရုံစိုက်မနေကြတော့ပဲ အမြန်ဆုံးနှုန်းနဲ့ ဟို့ယွိဟောင်ရှိရာတောင်ထိပ်ဆီကို ပြေး၀င်လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တချွင်ချွင်မြည်သံတွေက ထွက်ပေါ်လာပြီတဲ့နောက် သတ္ထုကိရိယာတွေက စတင်ပေါ်ထွက်လာပါတော့တယ်။ ဒီသတ္ထုကိရိယာတွေက ရွှေအိုရောင်တောက်ပပြီ ကြောက်စရာကောင်းနေခဲ့တယ်။

အပိုင်း ၁၆၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset