Switch Mode

Chapter – 164.1

ငွေလမင်းဝံပုလွေဘုရင်

အပိုင်း ၁၆၄•၁

” ငွေလမင်း၀ံပုလွေဘုရင် ”
°°°
နေ့လည်စာစားပြီတဲ့နောက် သူတို့သုံးယောက် တခဏတာနားလိုက်ကြပါတယ်။ ၀ိညာဥ်စွမ်းအားတွေ အပြည့်အ၀ပြန်လည်ရရှိပြီချိန်မှသာ စတင်ပြီ ခရီးဆက်တော့တယ်။ ဟို့ယွိဟောင်ကတော့ အဓိကထိန်းချုပ်ရေးနေရာဆီမှာထိုင်နေတုန်းပါပဲ။ သူမထွက်ခွာခင်အချိန်မှာ အမျိုးသမီးနှစ်ယောက်ကိုလှည့်ပြီ ပြောလာခဲ့တယ်။

” ငွေ၀ံပုလွေရဲ့သွေးကို ယာဥ်ပတ်လည်မှာအပြည့်အ၀ဖြန့်ထားခဲ့ပြီးပြီ..နောင်တရဖို့နောက်ကျတော့မယ်နော် ”

” ပေါက်ကရတွေပြောမနေနဲ့ သွားကြမယ် ”
ခက်ခက်ကပြန်အော်လာခဲ့တယ်။

ဟို့ယွိဟောင်လဲ ပြောရင်းနဲ့စိတ်မရှည်တော့ပါဘူး။

” အကယ်၍ အစ်မတို့နှစ်ယောက်သာ ကျွန်တော်နောက်ကိုဆက်ပြီလိုက်ဖို့ ခေါင်းမာနေဦးမယ်ဆိုရင် ကျွန်တော်လဲအခုအချိန်ကစလို့ အဖွဲ့ခေါင်းဆောင်အဖြစ် တာ၀န်ယူဖို့ပြန်ပြီ ပြောရလိမ့်မယ်…ကျွန်တော်ကအစ်မတို့စွမ်းရည်အပြည့်အ၀ကို မသိသေးပေမဲ့ ကျွန်တော်ရဲ့ညွန်ကြားချက်တွေကို နားထောင်ရမယ်…သေချာပေါက် ၀ိညာဥ်သားရဲကောင်တွေကို ရင်ဆိုင်ကိုင်တွယ်တဲ့နေရာမှာ အစ်မတို့နှစ်ယောက်ထက်ကို ကျွန်တော်ကပိုပြီးတော့ အတွေ့အကြုံများတယ်…အကယ်၍ ကျွန်တော်တို့ကိုသာ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင် သို့မဟုတ်ရင် များပြားတဲ့နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေကို မတွေ့သရွေ့ လုံခြုံစိတ်ချရစေမယ်လို့ အာမခံနိုင်တယ် ”

ကျွီးကျင့်က ဒီခေါင်းဆောင်ရာထူးကို အလွယ်လေးပဲ လက်ခံလိုက်ပါတယ်။

” ကောင်းပြီ အဖွဲ့ခေါင်းဆောင်လုပ်လိုက် ”

” ဒါဆိုသွားကြမယ်…အစ်မကြီးတို့ မှတ်ထားကြဘယ်လိုအကြောင်းပဲ ကြုံတွေ့ရပါစေ ဒီယာဥ်ကနေအလွယ်လေးမထွက်ခွာကြနဲ့ ၀ိညာဥ်လက်နက်က အစောပိုင်းတုန်းက ပြောထားတာထက်ကို ပျက်စီးမှုတွေအမျာကြီးခံနိုင်ရည်ရှိတယ်…ဒါ့အပြင် ပြတင်းပေါက်တွေကတစ်ဆင့် ၀ိညာဥ်လက်နက်တွေကိုလဲ ထုတ်သုံးလို့ရတယ်…အကယ်၍ တိုက်ခိုက်မှုတစ်ခုခုရှိလာမယ်ဆိုရင် ကျွန်တော်လက်ထဲကိုသာ အပ်ထားလိုက်အစ်မကြီးတို့နှစ်ယောက်က ကျွန်တော်ကို ပစ်ခတ်ပြီတော့ အကူအညီပေး ”

” နင့်စကားတွေကို နားထောင်နားထောင်ရင်းကနေ အဓိပ္ပါယ်မရှိဖြစ်လာတယ်လို့ ငါဘာလို့ခံစားနေရတာလဲ အများကြီးပြောမနေနဲ့ သွားကြမယ် ”
ခက်ခက်က နောက်ထပ်တစ်ကြိမ် ထပ်ပြီပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ထည့်သွင်းရင်း လှုပ်ရှားပါတော့တယ်။ တောင်ကြောလမ်းတစ်လျှောက်ကို တက်သွားခဲ့ပြီ ကျဥ်း​မြောင်းတဲ့တောင်ကြောလမ်းကတစ်ဆင့် အထဲကိုဖြည်းဖြည်းချင်း ၀င်ရောက်လာခဲ့ပါပြီ။

အစောပိုင်းတုန်းက ကျန်းယန်တောင်ကြောရဲ့ ပထ၀ီမြေမျက်နှာအနေအထားကို ဟို့ယွိဟောင်အသေအချာလေ့လာနေခဲ့ရပါတယ်။ ဒီတောင်ကြောက ဘဲဥပုံသဏ္ဍာန်ရှိနေခဲ့ပြီ မြေမျက်နှာအသွင်အပြင်ကလဲ ပြောင်းလဲလို့နေခဲ့တယ်။ သူဒီနေရာကိုရောက်တာပထမဆုံးအကြိမ်ပဲ ၀ိညာဥ်သားရဲကောင်တွေရဲ့ အုပ်စုတွေကိုသူလက်ရှိအချိန်မှာ အကြမ်းဖျင်းသိနေခဲ့ပါပြီ။ ဒါက မဟာကြယ်တာရာသစ်တောမှာ ရှိနေခဲ့အတွေ့အကြုံတွေကြောင့် ဒီလိုနားလည်လာခဲ့တာပါ။

အားနည်းပြီ အကောင်ငယ်တဲ့ ၀ိညာဥ်သားရဲကောင်တွေက ကျန်းယန်တောင်ကြောရဲ့အပြင်ဘက်အကျဆုံးကနေ နေထိုင်ကြပါတယ်။ အသန်မာဆုံးသတ္တ၀ါတွေကတော့ အနက်ရှိုင်းနေရာမှာ နေထိုင်ကြရမှာပါ။ သူတို့တွေအဲ့ဒီလောက် နက်နက်ရှိုင်းရှိုင်းအထိ တွန်းမသွားခဲ့ဘူးဆိုရင် ပြဿနာတက်မှာမဟုတ်ပါဘူး။ နောက်ဆုံးတော့လဲ ငွေ၀ံပုလွေရဲ့အနံ့က နေရာတော်တော်များများအထိကို ပြန့်နှံ့သွားမှာဖြစ်တာကြောင့် သူတို့တွေအနေနဲ့တောင်ကြောရဲ့အလယ်ဗဟိုလောက်အထိကိုလဲ ရောက်နိုင်မှာမဟုတ်ပါဘူး။

ငွေ၀ံပုလွေရဲ့ သွေးနံ့ကလက်ရှိအချိန်အထိ သူတို့တွေအတွက် ဘာပြဿနာမှမဖြစ်စေချင်ခဲ့ပါဘူး။ ငွေ၀ံပုလွေသွေးနံ့ကို ရတာနဲ့ သားရဲကောင်တော်တော်များများက ထွက်ပြေးကုန်ကြပါပြီ။

ဟို့ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ကောင်းကောင်းအသုံးပြုရင်း ဒါတွေကိုရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။ တစ်ချို့နှစ်တစ်ထောင်သားရဲကောင်တွေတောင်မှ ငွေ၀ံပုလွေသွေးနံ့ကိုရတာနဲ့ ထွက်ပြေးကုန်ကြတာပါ။ ဒါကြောင့် သူတို့လဲပိုပြီးမြန်မြန်ဆန်ဆန်လျှောက်လာနိုင်ခဲ့တာပါ။

စက်ကိရိယာကို သေချာထိန်းချုပ်နေရင်းနဲ့ တောင်ပေါ်ကိုသူတို့တက်လာခဲ့ပြန်ပါပြီ။

သားရဲကောင်တွေရဲ့ နယ်မြေထဲကို၀င်လာတာကြောင့် ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အများကြီးမသုံး၀ံ့သေးပါဘူး။ တောင်ထိပ်ကိုရောက်ချိန်မှာတော့ နောက်တစ်ကြိမ် ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းနေရင်း အဝေးကိုကြည့်နေခဲ့ပါတယ်။

တောင်ကြောအများစုလိုပဲ ကျန်းယန်တောင်ကြောရဲ့ထိပ်တွေက အလယ်ဗဟိုအနားကိုရောက်လာလေလေ ပိုမြင့်လာလေပါပဲ။ ဒါပေမယ့် အားလုံးကမတ်စောက်နေတာမဟုတ်ပဲ ခပ်ပြေပြေလေး မတ်စောက်နေတဲ့တောင်တွေ ရှိနေခဲ့တယ်။

အနီးအနားမှာရှိနေတဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ အရေအတွက်က ပိုပြီးတော့ များလာခဲ့ပါပြီ။ သူတို့တွေက မဟာကြယ်တာရာသစ်တောရဲ့အစွန်းအဖျားမှာနေထိုင်တဲ့ ၀ိညာဥ်သားရဲကောင်တွေနဲ့ ယှဥ်လို့ရနိုင်တဲ့အခြေအနေအထိကို ရောက်လာခဲ့တယ်။ ဒါပေမယ့် ငွေ၀ံပုလွေရဲ့ သွေးကြောင့်သူတို့ကို သူတို့ပုန်းအောင်ပြီ လုံး၀ခြေရာလက်ရာထွက်မပြကြပါဘူး။

ဟို့ယွိဟောင်က မြေပြင်ပေါ်မှာတင်ပလ္လင်ခွေချိတ်ထိုင်ရင်းနဲ့ လေပြေလေညင်းတွေကြားမှာ တရားထိုင်နေခဲ့ပါတယ်။ သူက အရမ်းကြီးစွန့်စားနေလွန်တာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ စက်ကိရိယာကို မေ့ထားခဲ့တာကြောင့် အမျိုးသမီးနှစ်ယောက်က သူ့မျက်နှာကိုမမြင်ရပဲရှိနေခဲ့ပါတယ်။ တကယ်တော့ သူနဖူးကနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လို့နေရင်းတတိယမျက်လုံးကတိတ်တဆိတ်ပွင့်နေခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်လောကကြီးက ကံကြမ္မာမျက်လုံးကို ရရှိချိန်ကစလို့ကြောက်စရာကောင်းတဲ့ပြောင်းလဲမှုကို ကြုံတွေ့ရပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော ရေခဲဧကရီရော အကြီးအကဲလျှပ်စီးဧကရာဇ်တို့ပါ သူ့ခန္ဓာကိုယ်ကိုနောက်ထပ် မထိန်းချုပ်နိုင်တော့ပါဘူး။ သူခွင့်မပြုသရွေ့ ကံကြမ္မာမျက်လုံးက တားဆီးပေးမှာပါ။ အကယ်၍ သူတို့ကို ဒီလိုထိန်းချုပ်ဖို့အတွက် ဖိတ်ခေါ်မိပြန်ရင်လဲ သူအလိုရှိတာနဲ့ချက်ချင်းဆိုသလို ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်စွမ်းရရှိနိုင်ပါတယ်။

လက်ရှိအချိန်မှာကံကြမ္မာမျက်လုံးကိုသူအသုံးပြုနေတာက စိတ်၀ိညာဥ်မျက်လုံးကို ပိုပြီးအားကောင်းလုပ်ဖို့မဟုတ်ပါဘူး။ ကံကြမ္မာမျက်လုံးကို ဖွင့်လိုက်ချိန်မှာ ကံကြမ္မာအငွေ့အသက်က ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာပေါ်လာပါတော့တယ်။ သူ့ရဲ့အာရုံခံနိုင်စွမ်းကလဲ ကြောက်စရာကောင်းလောက်အောင်ကို တိုးတက်လာပြီ အနာဂတ်ကိုအတိုင်းအတာတစ်ခုအထိ မခန့်မှန်းနိုင်အောင်လို့ ကူညီပေးနိုင်တဲ့အပြင် ကောင်းမွန်တဲ့အရာဖြစ်လာမှာရော ပြဿနာတက်မှာကိုပါ ဆက်တိုက်ဆိုသလို သတိပေးနိုင်ပါတယ်။

ကံကြမ္မာမျက်လုံးက ပိတ်သွားခဲ့ပါပြီ ဟို့ယွိဟောင်ကတော့ ပုံမှန်မျက်လုံးတွေကိုဖွင့်ရင်းထိတ်လန့်နေခဲ့ပါတယ်။ ကံကြမ္မာမျက်လုံးကို အသုံးပြုပြီး ကံကြမ္မာလမ်းစဥ်ကို ရှာဖွေနေရင်းဒါမျိုးကို တွေ့လာရမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

အန္တရာယ်နဲ့အတူ အခွင့်အရေးရှိနေတယ်။ သိပ်ပြီတော့ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အန္တရာယ်နဲ့အခွင့်အရေးကို ခံစားမိတာအမှန်ပါ။ ဒါကသူ့အတွက်တော့ အံ့ဩစရာပါပဲ ဘာတွေဖြစ်နေတာလဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်တွေက တောင့်တင်းသွားခဲ့ပါပြီ။ ကံကြမ္မာမျက်လုံးက မရှင်းလင်းတဲ့အဖြေကိုသာပေးပေမဲ့ အခွင့်အရေးမလာခင်မှာဒီအန္တရာယ်တွေကြုံရမှာသိနေခဲ့တယ်။ ကြည့်ရတာ တောင်တွေထဲမှာမရေမတွက်နိုင်တဲ့ အန္တရာယ်တွေက သူ့ကိုစောင့်ကြိုနေပုံပါပဲ။ ဒါကအတော်ကို နမိတ်မကောင်းပါဘူး။

ဒါပေမယ့် ဒီနေရာအထိတောင် ရောက်လာနေပြီဖြစ်တာကြောင့် နောက်ပြန်မဆုတ်ဖို့တွေးထားခဲ့တယ်။ ဒါ့အပြင် ကံကြမ္မာမျက်လုံးကလဲ သူ့ကိုသေစေနိုင်လောက်တဲ့ အန္တရာယ်လို့မပြောထားခဲ့ပါဘူး။

သတိကြီးကြီးထားရင်း ဟို့ယွိဟောင်ကိုယ်တိုင်လဲ ဗျူဟာချနေခဲ့ရပါတယ်။ သူတို့တွေအရှေ့ကိုဆက်သွားနေရင်း ဟို့ယွိဟောင်အချိန်ကို ဖြည်းဖြည်းချင်းလက်လျှော့လိုက်ပြန်ပါပြီ။ ဆယ့်ငါးမိနစ်တခါအပြောင်းအလဲတွေကိုလုပ်ဖို့အတွက် သူရပ်တန့်နေခဲ့ရတယ်။ အမျိုးသမီးနှစ်ယောက်က အဲ့ဒီအချိန်မှာ ဒီစက်ကိရိယာကြီးကို ထိန်းချုပ်ဖို့အတွက် ငြင်းပယ်ထားကြပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ ဒီအမျိုးသမီးနှစ်ယောက်ရဲ့ အကောင်းဆုံးတိုက်ရေးခိုက်ရေးကို အချိန်မရွေးလိုအပ်လာနိုင်မှာပါ။

ဟို့ယွိဟောင် အရမ်းသတိကြီးကြီးထားနေတာကို မြင်ရချိန်မှာ သူတို့လဲဘာမှမပြောကြတော့ပါဘူး။ သတိကြီးကြီးထားတာက အမြဲတမ်းကောင်းတဲ့အရာပါပဲ။ ခက်ခက်တောင်မှ မျက်လုံးပြူးပြီ ပြဿနာမရှာတော့တဲ့အထိ အခြေအနေဖြစ်လာခဲ့ပါတယ်။

နှစ်နာရီကြာပြီတဲ့နောက် သူတို့လဲတတိယတောင်ထိပ်ဆီရောက်လာခဲ့ပါပြီ။ ဒါကဒီနေ့ ဟို့ယွိဟောင် နောက်ဆုံးသတ်မှတ်ထားတဲ့ ဦးတည်ချက်နေရာပါပဲ။ သူတို့လဲ ဒီညဒီမှာအိပ်မှာပါ။

ဒီအချိန်မှာပဲ ပြဿနာတချို့ကိုစတွေ့ရပါပြီ။ နှစ်သုံးထောင်သက်တမ်းရှိတဲ့ ရွှေရောင်ကျားနှစ်ကောင်က သူတို့ကိုရှေ့ဆက်မတိုးနိုင်အောင် တားနေခဲ့ပါတယ်။

ဒီကျားတွေက အတော်ကိုသန်မာလွန်တဲ့အပြင် သူတို့ရဲ့ဦးခေါင်းခွံကို အကြောက်တရားလက်သည်းသုံးပြီတော့သာ ဖောက်ထွက်နိုင်ခဲ့တယ်။ ဒါ့အပြင် တစ်လက်မလောက်သာထိုးဖောက်နိုင်ခဲ့တာပါ။ သူတို့တွေက သေသွားခဲ့ပေမဲ့ ဒီလိုသတ်ဖြတ်နေရတဲ့အတွက် အချိန်ကအတော်ကိုကုန်သွားခဲ့ပါပြီ။ ဒါ့အပြင် သူတို့ရဲ့ခန္ဓာကိုယ်တွေကို သိမ်းဖို့ဆိုတာက သိပ်ပြီးမရိုးရှင်းနိုင်ပါဘူး။

ဒီနေ့တစ်နေ့တာကတော့ သေချာလေ့လာရင်း တန်ဖိုးရှိတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ကျန်းယန်တောင်ကြောမှာရှိတဲ့ သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်တွေက တခြား၀ိညာဥ်သားရဲကောင်တွေထက်ပိုပြီးသန်မာမှန်းရှာဖွေတွေ့ရှိခဲ့ရတယ်။

တခြားအမျိုးအစားသားရဲကောင်တွေကလဲ တအားကြီးတော့အားမနည်းလှပါဘူး။ လေအမျိုးအစားလင်းယုန်တစ်ကောင်နဲ့တောင် သူတို့ကြုံတွေ့ခဲ့ရပါသေးတယ်။ သူတို့က နှစ်တစ်သောင်းကျင့်ကြံဆင့်ရှိပြီ သူတို့မြင်ဖူးသမျှထဲမှာ အသန်မာဆုံးပါပဲ။ ဒါပေမယ့် ရွှေကျားနှစ်ကောင်ကြောင့် လန့်ပြီတော့ထွက်ပြေးသွားခဲ့တယ်။ ဒီနေရာမှာ သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်တွေက ဘယ်လောက်အထိ လွှမ်းမိုးမှုကြီးမားနေလဲဆိုတာ ဒီအချက်ကိုကြည့်ရုံနဲ့တင်သိနိုင်နေပါပြီ။

ဟို့ယွိဟောင်လဲ အခုလက်ရှိအချိန်မှာ သူတွေ့ဆုံချင်တဲ့ ၀ိညာဥ်သားရဲကောင်ကို အမြီးလေးတောင်မမြင်ရသေးပါဘူး။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်က တစ်ကောင်မှပေါ်မလာတော့သလို ဒီနေရာမှာရှိရှိသမျှသားရဲကောင်တွေအားလုံးက သတ္ထုအမျိုးအစားကြီးတွေပဲဖြစ်နေခဲ့ကြတယ်။

စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်သားရဲကောင်က တကယ်ကိုရှားပါးပါတယ်။ တိုက်ကြီးရဲ့ဘယ်နေရာကိုပဲကြည့်ပါစေ တွေ့ရဖို့မလွယ်ပါဘူး။ ကံကောင်းစွာနဲ့ပဲ ဒါက သူတို့ရဲ့ပထမဆုံးနေ့သာဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်လဲ စိတ်ရှည်ရှည်ထားဖို့အတွက် ရည်ရွယ်ထားပါတယ်။

ငါးခုမြောက်တောင်ကြောကို ရောက်ချိန်မှာတော့ သူ့ကံကြမ္မာမျက်လုံးရဲ့ အကဲဖြတ်မှုက သတိပေးလာတာကြောင့် ဆက်မသွားတော့ပါဘူး။ ဒါကိုဖြတ်ကျော်ဖို့အတွက်ဆိုရင် သေချာပေါက်သင့်တော်တဲ့ ပြင်ဆင်မှုကိုလုပ်ရမှာပါ။ ဒါ့အပြင် ကန့်လန့်ဖြတ်လဲ ဖြတ်ရပါဦးမယ်။ အကယ်၍ နောက်ငါးရက်အတွင်းမှာသာသူအကျိုးရှိအောင် တိုးတက်မှုမတွေ့ရဘူးဆိုရင်တော့ ပြန်လာဖို့ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးတော့လဲ လုံခြုံစိတ်ချမှုကသာ အရေးကြီးဆုံးဆိုတာ နားလည်ရမှာပါ။

အဲ့ဒီနောက် တောင်ထိပ်ပေါ်ကိုရောက်လာခဲ့ကြပါပြီ။ သူတို့တွေအနေနဲ့ တောင်ထိပ်ပေါ်ကိုရွေးပြီ အိပ်စက်ဖို့လုပ်ရတာက ဒီစက်ကိရိယာကို မြေပြင်အမြင့်မှာထားလေလေ ပိုပြီးလုံခြုံလေဖြစ်လို့ပါပဲ။ ဒီဘောလုံးသဏ္ဍာန်စက်ကိရိယာက ဘယ်လိုတောင်စောင်းမျိုးကိုမှမဆို လိမ့်ချနိုင်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ သူတို့ကိုလိုက်ဖမ်းဖို့လဲ မလွယ်ကူပါဘူး။ အထဲမှာရှိတဲ့ ၀ိညာဥ်ပညာရှင်ကတော့ သေချာပေါက် သက်သောက်သက်သာမရှိမှာအမှန်ပါပဲ။

ဟို့ယွိဟောင်က လက်ရှိအချိန်မှာ မီးမမွှေးပေမဲ့ အမျိုးသမီးနှစ်ယောက်အတွက် အရသာရှိတဲ့အစားအသောက်တွေကို ချက်ပြုတ်ပေးခဲ့ပါသေးတယ်။ အစောပိုင်းတုန်းက ရွှေကျားတွေဆီကနေ အရသာအရှိဆုံးပေါင်သားနဲ့ မိုးခိုသားတွေကို ဖြတ်ယူလာခဲ့တယ်။ ဒါကိုကျားဖြူဓားအသုံးပြုပြီး လှီးဖြတ်ခဲ့တာပါ။ အသားတွေကို အမြောင်းလေးတွေပါးပါးလေးဖြစ်တဲ့အထိ သူလှီးထားခဲ့ပါတယ်။

ကျားအသားက ပုံမှန်သဘာ၀အတိုင်းဆိုရင် ချဥ်တဲ့အရသာပိုင်ဆိုင်ပေမဲ့ သင့်တော်တဲ့ချက်ပြုတ်ရေးနည်းလမ်းကိုမသုံးဘူးဆိုရင် သေချာပေါက်အရသာကောင်းကောင်းမထွက်နိုင်ပါဘူး။ လတ်ဆတ်တဲ့ကျားအသားကတော့ သာမန်အသားတွေထက်ပိုပြီးအရသာကောင်းပါတယ်။ ဒါပေမယ့် လူတော်တော်များများကစားဖို့အတွက် အခွင့်အရေးမရှိနိုင်ကြပါဘူး။

ဟို့ယွိဟောင်က ကျားရဲ့အသားတွေကို အပိုင်းပိုင်းလေးဖြတ်ထားရင်း အရသာသွင်းဖို့အတွက် ပြင်ဆင်နေခဲ့တယ်။ တော်တော်ကိုစပ်လွန်လှတဲ့ အ​ချဥ်ရည်ကိုလဲ သူကအသုံးပြုထားပါသေးတယ်။ ဒါကစားလိုက်မယ်ဆိုရင် လန်းဆန်းသွားစေမှာပါ။ ကျားရဲ့အသားကို အရသာသွင်းပြီတဲ့နောက် အတော်ကိုနူးညံ့သွားပါလိမ့်မယ်။ ညှီးတာတွေချဥ်တာတွေမရှိတော့ပဲ သူ့ရဲ့အရသာကဖြည်းဖြည်းချင်းပြောင်းလဲလာမှာပါ။

ဟို့ယွိဟောင်က အမျိုးသမီးနှစ်ယောက်ကိုတော့ အများကြီးမစားခိုင်းပါဘူး။ ကျားအသားအစိမ်းကို အစာချေဖို့မလွယ်ကူမှန်း သူကောင်းကောင်းနားလည်နေခဲ့တယ်။ ဘယ်လောက်ပဲ အာဟာရရှိပါစေ အစာမကြေရင်နေလို့ကောင်းကြမှာမဟုတ်ပါဘူး။ အဲ့ဒီနောက် အသုပ်သုပ်ဖို့အတွက် နောက်ထပ်အချဥ်ရည်တစ်မျိုးကို သူထုတ်ယူလာခဲ့ပါတယ်။ အစာခြောက်တချို့ကိုလဲ ဒီအသုပ်ထဲထည့်လိုက်ပြီတဲ့နောက် အရသာရှိအောင်လို့ သူအမျိုးမျိုးပြင်ဆင်နေတော့တယ်။

ခက်ခက်နဲ့ ကျွီးကျင့်တို့ကတော့ ဟို့ယွိဟောင် ချက်ပြုတ်တာကိုကြည့်ရတဲ့အချိန်တိုင်း မောင်နှမတော်ချင်စိတ်က ထိန်းမနိုင်သိမ်းမနိုင်အမြဲတမ်းပေါ်လာနေတာပါ။

” ညဘက်မှာငါတို့ဘာလုပ်ကြမလဲ ”

ညစာစားပြီတဲ့နောက် သူတို့သုံးယောက်က စက်၀ိုင်းပုံသဏ္ဍာန်၀ိုင်းပတ်ရင်းနဲ့ ထိုင်နေခဲ့ပါတယ်။ တောင်လေညင်းက သူတို့ကိုဖြတ်သန်းတိုက်ခိုက်နေရင်း သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတောင် အေးစက်စိုစွတ်လာစေခဲ့တယ်။

ဒီနေရာမှာ တဲထိုးတာကကောင်းတဲ့အကြံဉာဏ်တော့မဟုတ်ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေကို အချိန်မရွေးကြုံတွေ့နိုင်လို့ပါပဲ။

ဟို့ယွိဟောင်က သတ္ထုဘောလုံးကြီးကို လက်ညိုးထိုးပြရင်း ပြောလာခဲ့ပါတယ်။

” ကျွန်တော်တို့ဒီအထဲမှာ အိပ်လို့ရတယ်…အစ်မတို့နှစ်ယောက်နားလေ ကျွန်တော်အပြင်မှာ ကင်းစောင့်ပေးမယ်…အကယ်၍ လှုပ်ရှားမှုတစ်ခုခုရှိလာပြီဆိုရင် သေချာပေါက် သုံးယောက်စလုံး တိုက်ခိုက်ကြရတာပေါ့ ”

” ကောင်းပြီလေ သန်းခေါင်ကြလို့ရှိရင် ပြန်ပြီလူလဲမယ် ”
ကျွီးကျင့်က ပြောလာခဲ့ပါတယ်။

” ဒါဆိုရင် လေးနာရီကြားတစ်ခါ လူလဲကြတာပေါ့ ဘယ်လိုလဲ ”
ခက်ခက်က ၀င်ပြီအကြုံပြုပါတယ်။

” ကောင်းပြီ စိတ်မပူနဲ့သွားပြီအိပ်ကြတော့ အချိန်ကြရင်း လာနိုးလိုက်မယ် ”

အမျိုးသမီးနှစ်ယောက်လဲ ယာဥ်ထဲကို၀င်ပြီ တံခါးတွေကိုပိတ်လိုက်ပါပြီ။ အပြင်ဘက်လေထုအေးအေးကိုမခံရအောင်လို့ သူ့ကိုယ်သူတို့ နွေးထွေးအောင်လုပ်လိုက်ကြပါတယ်။

ဟို့ယွိဟောင်ကတော့ သတ္ထုဘောလုံးကြီးကိုမီရင်းထိုင်ချလိုက်ပါတယ်။ ဒီတောင်လေကအရမ်းကိုအေးစက်ပေမဲ့ သူ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ သူက အဆုံးစွန်းရေခဲဓာတ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဒီနေရာကသူ့အတွက် လေ့ကျင့်ဖို့တောင်ကောင်းတဲ့နေရာဖြစ်နေခဲ့ပါတယ်။ ထိခိုက်ဖို့ဆိုတာ ဝေးလာဝေးပါ။

အပိုင်း ၁၆၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset