Switch Mode

Chapter – 163

အင်အားကောင်းလွန်းသူ

အပိုင်း ၁၆၃

” အင်အားကောင်းလွန်သူ ”
°°°
ခက်ခက်က မပြောနိုင်တော့ပါဘူး။ သူ့အနေနဲ့ ဒါတွေကဘယ်လိုဖြစ်လာမလဲဆိုတာကို သိနေခဲ့တယ်။ ဟို့ယွိဟောင်က သူတို့တွေးထားတာတွေအားလုံးထက်ကို ပိုပြီးသန်မာပါတယ်။ ဘယ်လောက်အထိ သန်မာနိုင်မလဲဆိုရင် ဒီလောက်အားကောင်းတဲ့ အရှိန်မြင့်နိုင်စွမ်းကိုတောင် ကောင်းကောင်းခံနိုင်ရည်ရှိတဲ့အထိပါပဲ။

သူတို့ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် မီတာငါးဆယ်ကနေ မီတာနှစ်ရာအထိသာ အရှိန်မြင့်ဖို့အတွက် လက်ခံနိုင်ပါတယ်။ ဒီအကွာအဝေးကိုကျော်လွန်သွားမယ်ဆိုရင် သူတို့က တိုက်ခိုက်နိုင်စွမ်းကို ရရှိဖို့အတွက် ရွေ့လျား၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုရမှာပါ။

ဟို့ယွိဟောင် အရှိန်မြင့်ဖို့အသုံးပြုလိုက်တဲ့ အဆင့်ငါး၀ိညာဥ်လက်နက်က မီတာတစ်ရာကိုတစ်စက္ကန့်အတွင်းမှာ ဖြတ်ပြေးနိုင်ပါတယ်။ မီတာနှစ်ရာဆိုရင် နှစ်စက္ကန့်အတွင်းဖြတ်ပြေးနိုင်မှာပါ။ ဒီလောက်အားကောင်းလွန်တဲ့ခန္ဓာကိုယ်စွမ်းအားပိုင်ဆိုင်ထားသူကို အနီးကပ်တိုက်ပွဲမှာ သူတို့က ဘယ်လိုလုပ်နိုင်နိုင်မှာလဲ။

” အမျက်ဒေါသကျောင်းတော်ထဲမှာလဲ သူကအတော်လေးပါရမီပါတဲ့သူဖြစ်ပါလိမ့်မယ် ”
ခက်ခက်က ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” ဖြစ်နိုင်ပါတယ်….ဒီကျောင်းပြောင်းကျောင်းသားတွေထဲမှာ အားအနည်းဆုံးလို့ထင်ရတဲ့သူက တကယ်တော့ လူတွေအားလုံးရဲ့ အလယ်ဗဟိုချက်ဖြစ်နေနိုင်တယ်…ကောင်းပြီ ဒီကိစ္စကငါတို့နဲ့ သိပ်ပြီမဆိုင်ဘူး…ပြန်သွားပြီတဲ့နောက်မှာလဲ ဒီကိစ္စကိုမပြောကြရအောင် နောက်ဆုံးတော့လဲ ငါတို့သူချက်ပေးတဲ့ စားကောင်းသောက်ကောင်းတွေကို စားထားကြတယ်မဟုတ်လား ”

သူတို့ပြောနေကြချိန်မှာပဲ ဟို့ဟွိဟောင်က ၀ံပုလွေနဲ့အတူ ပြန်လာခဲ့ပါပြီ။ ၀ံပုလွေရဲ့အပေါ်မှာ ခရမ်းရောင်၀ိညာဥ်စက်ကွင်းက ထွက်ပေါ်နေခဲ့ပါတယ်။

” အစ်က်ိုကြီးကောင်းကင်အိပ်မက် ထပါဦး ”

ဟို့ယွိဟောင်က တမင်တကာအရှိန်လျှော့ပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို ခေါ်လိုက်ပါတယ်။ သူအဖြေတွေကို ဖြေဖို့အတွက် လိုအပ်နေလို့ပါ။ ဒီ၀ံပုလွေရဲ့ ၀ိညာဥ်စက်ကွင်းကြောင့် တကယ်ပဲ ဆွဲဆောင်ခံလိုက်ရပါပြီ။ ၀ိညာဥ်ပညာရှင်တွေအများစုအတွက်တော့ သူတို့ရဲ့လေးခုမြောက်၀ိညာဥ်စက်ကွင်းက နှစ်တစ်ထောင်၀ိညာဥ်သားရဲတွေဆီကနေ လာကြတာပါ။ အကယ်၍ သူ့မှာရွေးချယ်စရာမရှိဘူးဆိုရင် ဒီနှစ်သုံးထောင်သားရဲကောင်ကို ရွေးချယ်ရပါလိမ့်မယ်။

” ယွိဟောင်ရေ မင်းငါ့ကိုမနှောင့်ယှက်တာ အချိန်အတော်လေးကြာပြီ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပျင်းပျင်းရိရိနဲ့ ဖြေလာခဲ့ပါတယ်။ သူ့အပြည့်အ၀နိုးသေးပုံမပေါ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင် သူ့ကိုနိုးလိုက်တဲ့အတွက် သူပျော်နေပုံပါပဲ။

” အစ်ကိုကြီး ကျွန်တော်နေလနိုင်ငံတော်မှာ ထူးခြားတဲ့၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့ တွေ့ခဲ့တယ်..ဒါကစိတ်၀ိညာဥ်အမျိုးအစား ဟုတ်မဟုတ် ကျွန်တော်ကိုကူကြည့်ပေးပါဦး ကျွန်တော်မသေချာလို့ပါ ”

သူခပ်မြန်မြန်ပဲ ၀ံပုလွေရဲ့အစွမ်းအစတွေကို ပြောပြပါတော့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဟို့ယွိဟောင်ပြောပြတဲ့ဥစ္စာကို သူ့ဘာသာသူအဖြေပြန်ရှာနေခဲ့တယ်။ ဟို့ယွိဟောင်က စက်ကိရိယာကြီးအနားကို ရောက်ရှိချိန်မှာ သူက သေချာတဲ့အဖြေတစ်ခုကိုပေးနိုင်တော့မှာပါ။

” ဒီသားရဲကောင်က ဓာတ်သဘောသဘာ၀အားလုံးနီးပါးကို ပိုင်ဆိုင်တဲ့သွေးနှောလို့ပြောရမှာမလား ဒါက ၀ိညာဥ်သားရဲကောင်လို့ခေါ်လို့မရဘူး…သူ့ရဲ့များပြားတဲ့ စိတ်၀ိညာဥ်စွမ်းအားပါ ဓာတ်သဘောသဘာ၀တွေ အများကြီးထိန်းချုပ်ပေးတယ်…အဲ့ဒီတော့ သူ့အနေနဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်ဖို့အတွက် လိုအပ်နေမှာပဲ ဒါ့အပြင် စားသုံးတဲ့သတ္ထုကြောင့်လဲ အဲ့လိုအပြောင်းအလဲတွေဖြစ်နေတာ ဖြစ်နိုင်တယ်…မဟုတ်ရင် ဒီထက်ပိုပြီးတော့ကို စွမ်းအားကောင်းနေဦးမှာ ဒီကောင်ကိုမင်းရဲ့စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းလုပ်လို့ရတယ်…ဒါပေမယ့် ဒီကောင်ကအားနည်းလွန်တယ်…မင်းနဲ့သိပ်ပြီမသင့်တော်ဘူး ဒီလောက်စိတ်၀င်စားစရာကောင်းတဲ့ သားရဲကောင်ကို ငါတွေ့ဖို့အတွက် စိတ်တောင်မကူးမိဘူးပဲ အကယ်၍ ဒီလိုသတ္တ၀ါမျိုးကျင့်ကြံဆင့်အနည်းဆုံးနှစ်တစ်သောင်းကျော်တဲ့ အကောင်ကိုတွေ့မယ်ဆိုရင်တော့ သေချာပေါက်အလွှတ်မပေးနဲ့ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေက အတော်လေးကောင်းမယ်လို့ ငါခံစားမိတယ်…တိုက်ခိုက်ရေးအမျိုးအစားမဟုတ်ပေမဲ့ မင်းရဲ့စွမ်းအားအကုန်လုံးနီးပါးတော့ သန့်စင်ပေးလိမ့်မယ်…အစုလိုက်အပြုံလိုက် တိုက်ခိုက်တာလဲပါတာပေါ့ ”

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျေးဇူးပဲ ”

ဟို့ယွိဟောင်လဲ ၀ံပုလွေအလောင်းကို သူ့ရဲ့သိုလှောင်ရေးပစ္စည်းထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီနောက် စက်ကိရိယာထဲကို ပြန်၀င်လာခဲ့ပါပြီ။

ကျွီးကျင့်ကတော့ သူ့ကိုလက်မထောင်ပြရင်း ချီးမွမ်းနေခဲ့တယ်။

” ဒီ၀ံပုလွေကို ဘယ်လိုလုပ်ဖို့တွေးထားလဲ ”

ဟို့ယွိဟောင်က ပြန်မေးလာခဲ့တယ်။

” အကယ်၍ နင်ရောင်းချင်တယ်ဆိုရင် ငါကူညီပေးလို့ရတယ်…ဒီကောင်ကအတော်လေး စျေးကောင်းတယ်လေ အခုတော့သိမ်းထားလိုက်ဦး သူ့ရဲ့ အမွေးတွေက အလောင်းကိုမပုပ်သွားအောင် ထိန်းထားပေးနိုင်တယ်…ငါတို့ကျောင်းပြန်ရောက်မှ ဒီကိစ္စနဲ့ပတ်သက်ပြီ ရှင်းကြတာပေါ့ ၀ံပုလွေက စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်တော့မဟုတ်လောက်ဘူး..ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက အတော်လေးသန်မာတယ်…မဟုတ်ရင် ဓာတ်သဘောတွေကို ထိန်းချုပ်ပြီတိုက်ခိုက်နိုင်ဖို့ မလွယ်ဘူးလေ နင်မကြိုးစားကြည့်ဘူးလား ဒါနဲ့ဘာဖြစ်လို့ နင်ရဲ့၀ိညာဥ်စက်ကွင်းတွေက အဖြူရောင်ပြန်ပြောင်းသွားတာလဲ ”

ဟို့ယွိဟောင်က ခေါင်းခါရင်းပြောလာခဲ့ပါတယ်။

” ဒါက ကျွန်တော်လိုချင်တဲ့၀ိညာဥ်သားရဲကောင် မဟုတ်ဘူး ကျွန်တော်ရဲ့ ၀ိညာဥ်စက်ကွင်းတွေက ဆယ်နှစ်၀ိညာဥ်စက်ကွင်းသုံးကွင်းဖြစ်လို့မရဘူးလား ”

သူပြောပြီတဲ့နောက် ရယ်နေခဲ့ပါတယ်။ ဒါက ဘယ်သူမှမယုံကြည်နိုင်တဲ့ အဖြေပါ။ ကျွီးကျင့်ကတော့ နှုတ်ခမ်းတင်းတင်းစေ့ထားခဲ့ပါတယ်။ သူက မူလနူးညံ့တည်ငြိမ်တဲ့ပုံစံကို ပြန်ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့အတွေးကိုလဲ ဖုံးကွယ်နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်က စဥ်းစားနေပြီတဲ့နောက် ပြောလာခဲ့တယ်။

” ငွေ၀ံပုလွေက ပုံမှန်အချိန်တွေမှာအနံ့ကိုကောင်းကောင်းခံနိုင်ပြီ အာရုံခံနိုင်စွမ်းမြင့်တယ်…ဒီငွေ၀ံပုလွေမှာရော အဲ့ဒီလို ၀ိသေသနလက္ခဏာရှိလား ”

” ရှိမှာပေါ့ သူလဲ၀ံပုလွေပဲကို ”

” အစ်မကြီးတို့ ဒါဆိုရင် အစ်မကြီးတို့နဲ့ခဏလောက် ကျွန်တော်ခွဲပါရစေ ”

” နင်ဘယ်သွားမလို့လဲ ”

” ကျွန်တော်သင့်တော်တဲ့ ၀ိညာဥ်သားရဲကောင်ကို သွားရှာလိုက်ဦးမယ်…ဒီငွေ၀ံပုလွေက ကျွန်တော်အတွက် တကယ်သင့်တော်တယ်…ဒါပေမယ့် ကျင့်ကြံဆင့်က နှိမ့်လွန်နေတယ်…သူ့ရဲ့ပေါင်းစည်းဖို့အတွက် တအားကိုလွယ်လွန်နေတယ်…ဒါကြောင့် ပိုပြီးသန်မာတဲ့ ၀ံပုလွေကို ရှာဖို့လိုတယ်…မဟုတ်ရင်လဲ တခြားအားကောင်းတဲ့ စိတ်၀ိညာဥ်သားရဲကောင်မျိုးပဲပေါ့ ခရီးစဥ်ကတော့ အန္တရာယ်များမှာပဲ ဒါကြောင့် ကျွန်တော်တစ်ယောက်ထဲ သွားတာကပိုကောင်းလိမ့်မယ်..ကိုယ်ဘာသာကိုယ်ဆက်ပြီ စမ်းသပ်ကြပါ မနေ့ညတုန်းက စခန်းချထားတဲ့နေရာမှာပဲ ကျွန်တော်တို့ပြန်လာတွေ့ပါ့မယ်…အကယ်၍ ကျွန်တော်လ၀က်အချိန်အတွင်း ပြန်မရောက်လားဘူးဆိုရင်တော့ အစ်မကြီးတို့နှစ်ယောက် အရင်ပြန်လိုက်ကြပါ ”

” မဖြစ်ဘူး ဘယ်လိုလုပ်နင်ကိုတစ်ယောက်ထဲကို လွှတ်ရမှာလဲ ”
ခက်ခက်က ချက်ချင်းဆိုသလို တားပါတော့တယ်။

” ငါတို့အတူတူသွားရမယ်…ငါတို့လဲ ၀ိညာဥ်ဘုရင်တွေဆိုတာနင်မမေ့လိုက်နဲ့ တစ်ယောက်ထဲရှိတာထက်တော့ ပိုပြီးလုံခြုံတာပေါ့ နင်ရဲ့အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်က အားကောင်းပေမဲ့ ငါတို့ရဲ့၀ိညာဥ်လက်နက်တွေကလဲ အတော်လေးအင်အားကြီးတယ်..ဒါ့အပြင် ငါတို့ရဲ့ အသက်ရှင်နိုင်စွမ်းကလဲ နင်နဲ့ထပ်တူကောင်းတယ်ဆိုတာ မမေ့လိုက်နဲ့နော် ”

ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။ သူနဲ့အမြဲတမ်းရန်ဖြစ်နေပြီ စကားကြမ်းကြမ်းတွေပြောနေတတ်တဲ့ ဒီကောင်မလေးက အရေးကြီးတဲ့အချိန်မှာ ကူညီလာခဲ့မယ်လို့ မထင်ထားခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့စိတ်ရင်းမှန်ကန်မှုကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ ကျွီးကျင့်ကလဲ ခေါင်းညိတ်လာခဲ့တယ်။

” ခက်ခက်ပြောတာမှန်တယ်…နင်တစ်ယောက်ထဲစွန့်စားခွင့်မပေးနိိုင်ဘူး…သုံးယောက်ဆိုတာ တစ်ယောက်ထက်အမြဲတမ်းကိုကောင်းတယ်…ဒါ့အပြင် ငါတို့ကကျန်းယန်တောင်ကြောနဲ့ အကျွမ်း၀င်နေတဲ့သူတွေ အတူတူသွားကြမယ်…ငါတို့က နင်ကိုနှောင့်နှေးအောင် လုပ်မှာစိုးရိမ်လ်ို့လား နင်ဘာလုပ်သွားမလဲဆိုတာကို သိပြီနေပြီပဲ ၀ံပုလွေရဲ့သွေးကို နေရာအနံ့ဖြန့်ထားပြီ အဆင့်နှိမ့်တဲ့သားရဲကောင်တွေ အနားမကပ်လာနိုင်အောင် အရင်ဆုံးသတိပေးမယ်မလား ဒါ့အပြင် ဒီလက်နက်ရဲ့ အစွမ်းအစကိုလဲစမ်းသပ်ဖို့နည်းလမ်းကောင်းတစ်ခုပဲ ”

ယွိဟောင်က ခက်ခက်ကိုကြည့်ပြီတဲ့နောက် ကျွီးကျင့်ဖက်ကိုလှည့်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူအလေးအနက်ပြောလာတော့တယ်။

” ဒါပေမယ့် အခြေအနေက အန္တရာယ်များလွန်တယ်…ငွေ၀ံပုလွေရဲ့သွေးက တခြားသားရဲကောင်တွေကို မျှားခေါ်သလိုဖြစ်လိမ့်မယ်…အဲ့ဒီသားရဲကောင်တွေက အတော်လေးလဲ အင်အားကြီးနိုင်တယ်…သေချာလေးတွေးပါ ဒီစက်ကိရိယာက ကျွန်တော်တို့အားလုံးကို လုံခြုံစိတ်ချစေဖို့အတွက် အာမခံပေးနိုင်မှာမဟုတ်ဘူး ”

ခက်ခက်ကတော့ စိတ်မရှည်တဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။

” နင်ကမိန်းမကြီးလား အမေကြီးလား ဘာဖြစ်လို့ဒီလောက်တောင်စိုးရိမ်နေရတာလဲ သွားကြမယ်…အကယ်၍ နင်ရဲ့၀ိညာဥ်စွမ်းအားတွေ ကုန်ပြီဆိုရင် ငါဒီစက်ကိရိယာကိုမောင်းဖို့ လုပ်တော့မယ်. ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ကျွီးကျင့်က သူ့ရဲ့အတွင်းစိတ်တွေကို ဖော်ပြခဲ့ပေမဲ့ ဒီလိုလုပ်ခဲ့တယ်ဆိုတာ သူမက သူကိုအဖေတစ်ယောက်လိုခံစားနေရတာကြောင့် ဖြစ်တယ်လို့တွေးနေခဲ့တယ်။ ဒါဆိုရင် ဘာကြောင့်များ သူမကသူ့ကိုထိခိုက်အောင်လုပ်မှာလဲ။

” ကောင်းပြီလေ ကျွန်တော်အသက်ရှင်နေသရွေ့ အစ်မကြီးတို့နှစ်ယောက်ကို ကာကွယ်ပါ့မယ် ”

ကျွီးကျင့်ကတော့ သူ့ထိုင်ခုံပေါ်မှာ ပျင်းပျင်းရိရိနဲ့ ထိုင်နေရင်းပြန်ဖြေလာခဲ့တယ်။

” ဘယ်သူကဘယ်သူကိုကာကွယ်ရမလဲဆိုတာ ပြောဖို့ကစောလွန်ပါသေးတယ်…ငါတို့ကိုကောင်းကောင်းမွန်မွန်ချက်ပြုတ်ကျွေးမွေးဖို့သာလိုတယ် ”

ဟို့ယွိဟောင်ရဲ့ မျက်နှာကြောတွေတင်းသွားခဲ့ပါတယ်။ သူကခေါင်းသာခါနေခဲ့မိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ တွေးနေခဲ့မိပါတယ်။

” မင်းတို့တွေ ငါနောက်ကိုလိုက်လာတယ်ဆိုတာ ငါချက်ပေးတဲ့အစားအသောက်တွေကို ကောင်းကောင်းစားချင်လို့ပဲလား ”

ဟို့ယွိဟောင် ချက်ချင်းမထွက်ခွာခဲ့ပါဘူး။ သူ့အနေနဲ့ ပြင်ဆင်စရာတွေပြင်ဆင်ဖို့လိုပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားတွေကို တစ်၀က်နီးပါးအထိ ပြန်လည်စုဆောင်းပြီမှသာ သွားဖို့အတွက်ဆုံးဖြတ်ခဲ့တယ်။

သူက ဒီစက်ကိရိယာကို အလွယ်လေးထိန်းချုပ်နိုင်နေပါပြီ သူ့ရဲ့အတွေ့အကြုံတွေအရ အကယ်၍ သူတို့ဒီသစ်တောထဲဖြတ်သွားမယ်ဆိုရင်တောင် အရှိန်နှေးမှာမဟုတ်ပါဘူး။ တောင်တစ်တောင်ပြီတစ်တောင် ဖြတ်သန်းပြီတဲ့နောက်မှာတောင် ငွေ၀ံပုလွေရဲ့သွေးတွေကို အလွယ်လေးမဖြန့်ဖို့အတွက် သူဆုံးဖြတ်ခဲ့ပါတယ်။

လမ်းတစ်လျှောက်မှာသားရဲကောင်အနည်းငယ်ကိုတွေ့ခဲ့ပေမဲ့ အားလုံးက နှစ်တစ်ထောင်ကျင့်ကြံဆင့်မရှိသေးပါဘူး။ ဟို့ယွိဟောင်က အရှင်းဆုံးနည်းလမ်းကိုသာအသုံးပြုလိုက်ပါတယ်။ ဒါကတော့ သူတို့ကိုဖြတ်ပြီပြေးလာခဲ့တာပါ။ ဒီစက်ကိရိယာကြီးက နေလနိုင်ငံတော်ရဲ့အရင်းအမြစ်တွေအများကြီးကိုအသုံးပြုထားတာကြောင့် တည်ဆောက်ဖို့သုံးထားတဲ့ ပစ္စည်းတွေကအတော်ကိုမာကျောပါတယ်။ နှစ်တစ်ထောင်အောက်မှာရှိတဲ့သားရဲကောင်တွေက သူ့ကိုလုံး၀မပျက်စီးနိုင်စေပါဘူး။

ကျန်းယန်တောင်ကြောမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ အရည်အသွေးတွေက မဟာကြယ်တာရာသစ်တောထက် သိသိသာသာကို လျော့ကျပါတယ်။ သူတို့တွေဒီတောင်ကြောတွေအတိုင်းတက်လာရင်း အဓိသစ်တောကြီးနဲ့တောင် နီးကပ်လို့လာခဲ့ပါပြီ။ အခုအချိန်အထိ လမ်းတစ်လျှောက်မှာ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်နဲ့ မတွေ့ရသေးပါဘူး။ ငွေ၀ံပုလွေအပါအ၀င် နောက်ထပ်၀ိညာဥ်သားရဲကောင်သုံးကောင်ကသာ သူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ တခြားနှစ်ကောင်ကတော့ ဟို့ယွိဟောင်ရဲ့လက်ထဲမှာ အသက်ပျောက်သွားပြီ သူတို့အတွက် အစားအသောက်တွေဖြစ်သွားခဲ့ပါပြီ။

ကျန်းယန်တောင်ကြောမှာမီးမွှေးဖို့အတွက် ဟို့ယွိဟောင် မတွေးထားခဲ့ပါဘူး။ နေ့လည်စာကတော့ နောက်ထပ်အစားအသောက်တွေဖြစ်နေခဲ့တယ်။ ဒါပေမယ့် ညဘက်မှာမီးမွှေးတာကတော့ အနည်းငယ်ကွာခြားပါတယ်။ အခုညမှာကတော့ ငွေ၀ံပုလွေအသားကို သူစွတ်ပြုတ်လုပ်ပြီတော့ အမျိုးသမီးနှစ်ယောက်ကို ကျွေးမွေးခဲ့တယ်။

ငွေ၀ံပုလွေအရိုးနဲ့ အမွေးတွေက ကောင်းကောင်းထိန်းသိမ်းထားဆဲပါပဲ။ သူ့ရဲ့သွေးကလဲ ဒီယာဥ်ကြီးရဲ့ဘေးပတ်လည်မှာ ဆက်တိုက်ဆိုသလို ဖြန်းခံလိုက်ရပါပြီ။ ဒါ့အပြင် အသားကလဲအတော်ကိုအရသာရှိနေခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ ၀ံပုလွေရဲ့အသားအရေးတွေကို စမ်းသပ်ကြည့်ပြီတဲ့နောက် သူ့ရဲ့ချက်ပြုတ်မှုပုံစံကို ဖြည်းဖြည်းချင်းပြောင်းလဲပါတယ်။ ၀ံပုလွေအသားက အတော်ကိုမာလွန်သလို ကင်ဖို့အတွက်လဲ မကောင်းပါဘူး။ အကယ်၍ ကင်လိုက်မယ်ဆိုရင် ၀ါးဖို့ခက်မှာပါ။ အချိန်အတော်ကြာအောင် ချက်ပြုတ်ပြီမှသာ နူးနူးညံ့ညံ့နဲ့စားနိုင်ပါလိမ့်မယ်။

သူကတကယ်ကိုအဖေတစ်ယောက်လိုပါပဲ။ ကျွီးကျင့်ပြောခဲ့တဲ့အတိုင်း ဖြစ်နေခဲ့တယ်။ သူ့ရဲ့အရသာရှိတဲ့အသားစွတ်ပြုတ်က ကျွီးကျင့်နဲ့ ခက်ခက်နှစ်ယောက်စလုံးကို စိတ်ကျေနပ်သွားစေခဲ့ပါတယ်။ သူတို့ကတော့ ဟို့ယွိဟောင်ကို အင်မတန်ယုံကြည်မှုတွေ အားကိုးမှုတွေအပြည့်ရှိနေခဲ့ပြီ တစ်ဖိတ်ဖိတ်တောက်နေတဲ့မျက်၀န်းတွေနဲ့ စိုက်ကြည့်နေခဲ့ပြန်ပါတယ်။

” ဟို့ယွိဟောင် အခုကနေစပြီ ငါနင့်အနားမှာပဲ ကပ်နေတော့မယ်…နင်နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာရှိနေသရွေ့ ငါတို့ကောင်းကောင်းချက်ပြုတ်ပေးရမယ် ”
ခက်ခက်ကပြောလာခဲ့ပါတယ်။

” သူ့က နင့်ကိုသူ့ရဲ့စားဖိုးမှုူးဖြစ်စေချင်နေတယ်ပေါ့ ဒါဆိုရင် သူ့ကိုဘာပေးမှာလဲ နင်ခန္ဓာကိုယ်လား ”

ခက်ခက်ရဲ့မျက်နှာတစ်ခုလုံးနီရဲလို့သွားပါတော့တယ်။ ဒါပေမယ့် သူကဟို့ယွိဟောင်ကို ခြိမ်းခြောက်တဲ့အကြည့်နဲ့ ပြောလာခဲ့တယ်။

” ငါဆီကနေ နင် တစ်ခုခုတောင်း၀ံ့လား ”

” မလုပ်ရပါဘူး မလုပ်၀ံ့ပါဘူး ”

ခက်ခက်က သူ့ကိုခြောက်ချင်ပေမဲ့ ဒီလိုမျိုးမြန်မြန်ဆန်ဆန်ပြန်ဖြေလာမှာကို မထင်ထားခဲ့မိတာအမှန်ပါ။

” ငါကထူးချွန်တယ်…ပြီးလို့ရှိရင် ဉာဏ်ကောင်းပြီတော့ ချစ်စရာကောင်းသေးတယ်..ဒါဘယ်လိုမျက်နှာကြီးနဲ့ ပြန်ဖြေနေတာလဲ ဘာဖြစ်လို့ငါ့ကိုဘာမှမတောင်းချင်ရတာလဲ ”

” ကျွန်တော်တစ်ခုခုလိုချင်ရင်တောင် သေချာပေါက် မတန်တဆကြီးမတောင်းပါဘူး..ဒါကြောင့် ကြားချင်တဲ့စကားကိုပဲ ရွေးပြောတာလေ ကျွန်တော်ကိုယ်တိုင်ကလဲ ဉာဏ်ကောင်းတဲ့သူပဲမဟုတ်လား ဘာလဲကျွန်တော်ရဲ့ ကောင်မလေးဖြစ်လာရအောင် တောင်းပန်ရတဲ့အထိလုပ်ပြီတော့မှ ဘေးနားမှာချောင်ထိုးခဲ့မလို့လား ”

ခက်ခက်က အားတင်းပြီခေါင်းညိတ်ရင် ပြောလာခဲ့ပါတယ်။

” ဒီလိုပဲဖြစ်သင့်တာပေါ့ ဒါပေမယ့် အကယ်၍ နင် ငါကိုကောင်းကောင်းချက်ပြုတ်ပေးနေမယ်ဆိုရင် အခွင့်အရေးတစ်ခုပေးလိုက်မယ်လေ ဒါပေမယ့် နင်ရဲ့အသက်အရွယ်ကငယ်လွန်နေတာ နှမြောစရာပဲ နေစမ်းပါဦး အသက်ဘယ်လောက်ရှိပြီလဲ ”

” ဆယ့်လေးနှစ်ရှိပြီ မကြာခင်မှာ ဆယ်ငါးနှစ်ပြည့်တော့မှာ ”

” ဟာ ”

ခက်ခက်ရော ကျွီးကျင့်ရော တစ်ပြိုင်နက်ထဲထအော်လိုက်ကြပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်လဲ လန့်သွားခဲ့ရတယ်။ သူတို့ကို အဝေးကစောင့်ကြည့်နေတဲ့ ၀ိညာဥ်သားရဲကောင်တွေတောင် ထိတ်လန့်တကြားထွက်ပြေးကုန်ပါပြီ။

” နင်က ဆယ်လေးနှစ်ပဲရှိသေးတယ်…ဘယ်လိုလုပ်ဆယ့်လေးနှစ်ပဲရှိသေးတာလဲ နင်ရုပ်ကြည့်ရတာ ဆယ်ရှစ်နှစ်လောက်ရှိနေပြီ ဒါ့အပြင် အသက်ဆယ်လေးနှစ်နဲ့ အဆင့်လေးဆယ်ဟုတ်လား ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်လဲပိုင်ဆိုင်ထားသေးတယ်…နင်လူကိုမဟုတ်ဘူး ”

ခက်ခက်က မယုံကြည်နိုင်မှုအပြည့်နဲ့ စကား​တွေကို ဒလယ်စပြောပါတော့တယ်။

ဟို့ယွိဟောင်ကတော့ သူ့နှာခေါင်းသူပွတ်နေရင်း ပြန်ဖြေလာခဲ့တယ်။

” ကျွန်တော်အရွယ်ရောက်တာက နည်းနည်းမြန်တယ်လေ အရမ်းကြီးလဲ ချီးမွမ်းစရာမလ်ိုပါဘူး…ကျင့်ကြံဆင့်ကတော့ ဒီအတိုင်းမြန်နေတာပဲ အစ်မကြီးတို့နှစ်ယောက်ဆိုရင် ကျွန်တော်ထက်သုံးနှစ်လေးနှစ်လောက်ပဲကြီးမှာကို ၀ိညာဥ်ဘုရင်တွေဖြစ်နေကြပြီမဟုတ်လား ကျွန်တော်က အစ်မကြီးတို့ရဲ့အရွယ်မှာ ၀ိညာဥ်ဘုရင်တောင်ဖြစ်မှာမဟုတ်သေးဘူး ”
ခက်ခက်ကတော့ ခေါင်းခါရင်း ပြန်ဖြေလာခဲ့ပါတယ်။

” ငါရုပ်ကငယ်နေပေမဲ့ ငါကအသက်ဆယ်ကိုးနှစ်ပြည့်ပြီနေပြီ အစ်မကြီးကျွီးကျင့်က အသက်နှစ်ဆယ်ပြည့်တော့မယ်…ငါတို့က နင်ထက်ငါးနှစ်တောင်ကြီးတယ်..ငယ်ရွယ်တဲ့သူတွေနဲ့ အသက်ကွာခြားချက်က ကြီးမားလိုက်တာ တကယ်ကိုမျိုးဆက်ကွာခြားချက်ကြီးဖြစ်နေတာပဲ ”
ကျွီးကျင့်က ရယ်မောရင်းပြောလာခဲ့တယ်။

” အဆင်ပြေပါတယ်…အသက်ကြီးတဲ့ဇနီးဆိုတာက မိခင်တစ်ယောက်လိုပြုစုနိုင်တယ်မဟုတ်လား နင်မှာအခွင့်အရေးရှိပါသေးတယ် ”

” နင်တို့တစ်မျိုးလုံးတစ်ဆွေလုံးကမှ နှမြောစရာကောင်းလိုက်တာ ငါမှာညီမလေးမရှိတာ အတော်ဆိုးတာပဲ မဟုတ်ရင် သူ့ကိုငါညီမနဲ့ တစ်ခါထဲပေးစားလိုက်တယ် ”

ဒီလိုမျိုးအလုပ်အတူတူတွဲလုပ်ပြီတဲ့နောက် သူတို့သုံးယောက်က အတော်လေးရင်းနှီးလာခဲ့ပါပြီ။ ဒါ့အပြင် အရင်ထက်ပိုပြီးတော့လဲ နီးကပ်လာခဲ့ပါတယ်။

ကျွီးကျင့်နဲ့ ခက်ခက်တို့က ၀မ်ရှောင်ကျဲ့နဲ့ ကျင်မုတို့ကို အတိတ်အချိန်မှာ အတူတူလေ့ကျင့်ခဲ့ပေမဲ့ ဟို့ယွိဟောင်နဲ့ဆိုရင် ပိုပြီးတော့စိတ်လုံခြုံမှုရှိသလို ခံစားရပါတယ်။

အပိုင်း ၁၆၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset