Switch Mode

Chapter – 42

Chapter – 42

အချိန်များက လျင်မြန်စွာဖြင့် ကုန်လွန်သွားခဲ့လေပြီ။ ထိုသို့ဖြင့် ယဲ့ဖန်းနှင့် ဖန်းပေါ်တို့ကမူ ထိုတောင်ထိပ်သို့ လာရောက်ကျင့်ကြံသည်မှာ လေးလခန့်ကြာသွားလေပြီ။ ထိုရက်တွင် သမာသမတ်ကျသော အကြီးအကဲက ဆေးရည် ထပ်ပေးပြန်သည်။
ထိုသလင်းသားလို ကြည်လင်သော ဆေးပုလင်းများက နှစ်လက်မထက် ပိုမမြင့်ဘဲ အဝိုင်းပမာဏက ဆိုလျှင် တစ်လက်မထက် ပိုမကြီးချေ။ ထို့ကြောင့် ဆေးရည်က အကန့်အသတ်ရှိနေသည်။
ဆေးရည်က အစိမ်းရင့်ရောင် အရောင်ရှိပြီး သင်းရနံ့များ မွှေးပျံ့နေသည်။ ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်ပေးနိုင်သော အထူးသက်ရောက်မှုရှိလေရာ ကျင့်ကြံသူအများစုကို အချိန်နှင့် စွမ်းရည် အကုန်သက်သာစေလိမ့်မည်။ ထိုဆေးရည်က ဆေးပင်ပေါင်း ရာပေါင်းများစွာ၏ အဆီအနှစ်မှ စစ်ထုတ်ထားခြင်းဖြစ်သည်။ ထို့​ကြောင့် လူတစ်ယောက်၏ အသက်ဘီး အဆီအနှစ်နှင့် တူညီလုနီးပါးဖြစ်လေရာ ဆေးပေါင်းတစ်ရာ ဆေးရည်ဟုခေါ်၍ရသည်။
ဆွှစ် …။
ထိုအကြီးအကဲက အလင်းတန်းများ ပြောင်းလဲလိုက်၏။ ကောင်းကင်သို့ ထိုးတက်သွားပြီး မျက်တောင်တစ်ခက် အချိန်အတွင်း သူက ကောင်းကင်ဂူ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ပုလင်းများကို သိမ်းပြီး ထွက်ခွာတော့မည့်အချိန်တွင် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်ရှိသော လူငယ်တစ်ယောက်က အနားသို့လျှောက်လာပြီးနောက် သူတို့၏ လမ်းကြောင်းကို ပိတ်လာသည်။ သူက ပြောသည်။
“ငါ့ကို မင်းတို့ရဲ့ ဆေးပေါင်းတစ်ရာ ဆေးရည်ပုလင်းလေး နှစ်ပုလင်း ချေးပါဦး။”
ထို့နောက် သူက လက်ဆန့်ကာ လှမ်းယူရန် ကြံစည်သည်။ သူက ငြင်းဆန်ခွင့်ပင် မပေးခဲ့ချေ။
“မင်းက ဘယ်သူလဲ။ ဘာလို့ ငါတို့က မင်းကိုပေးရမှာလဲ။”
ဖန်းပေါ်ကမူ ထိုလမ်းကို ပြန်တွန်းထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။
ယဲ့ဖန်းကလည်း ပတ်ဝန်းကျင်ရှိလူများက ကြောက်လန့်ဟန်ဖြင့် နောက်ဆုတ်ကြောင်း မြင်လိုက်ရသည်။ သူက ထိုလူငယ်၏ လက်ထဲတွင်လည်း ဆေးပုလင်း ငါးပုလင်း ခြောက်ပုလင်းခန့်ကို မြင်ရသည်။ သူက ချက်ချင်းလိုလို ဒါက လုယက်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်ခန့်ရှိသော လူငယ်က ဖန်းပေါ်က သူ့လက်ကို တွန်းထုတ်လိုက်တဲ့ ကိစ္စကြောင့် ပြတ်သွားသည်။ သူက ပြောသည်။
“မင်းက ငါ့ကို ပြန်စိုက်ကြည့်ရဲတယ် ဟုတ်လား။”
ဖန်းပေါ်နှင့် ယဲဖန်းတို့က ပြဿနာ မရှာချင်ကြချေ။ သို့သော် သူတို့အားလုံးက ကျင့်ကြံသူများ ဖြစ်နေကြလေသည့်အပြင် သူတို့ကလည်း ထိုတောင်ထိပ်သို့ ရောက်သည်မှာ သိပ်မကြာသေးခင်ကမှ ရောက်၍ အရှုပ်အထွေး မဖြစ်ချင်ကြချေ။ ထို့ကြောင့် ခြေနှစ်လှမ်းခန့်ဆုပ်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။
“မင်းတို့က တိတ်တဆိတ် ထွက်သွားချင်တယ်ဟုတ်လား။ ငါ သဘောတူလို့လား။”
ထိုလူငယ်က နှာခေါင်းရှုံ့ပြီးနောက် ဖန်းပေါ်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲပြီး အခြားလက်တစ်ဖက်ကမူ ဆေးပုလင်းကို လှမ်းယူသည်။
ဖန်းပေါ်၏ ခွန်အားက ယဲ့ဖန်းလောက် မကြီးချေ။ သို့သော်လည်း လျှို့ဝှက်ဆန်းကျယ်သော နတ်စွမ်းအင်များကို မကျင့်နိုင်သေးသည့် ထိုကျင့်ကြံသူများ နှင့်ယှဥ်သော် သူက နတ်ဘုရားတစ်ပါး ဖြစ်နေသေးသည်။ လက်ကိုတစ်ချက် ခါချလိုက်မှုနှင့်အတူ ထိုလူငယ်ကို လွင့်ထွက်သွားစေကာ မြေပြင်သို့ ရိုက်ချလုမတက် ဖြစ်သွားစေခဲ့သည်။
ဆယ့်ငါးနှစ်နှင့် ဆယ့်ခြောက်နှစ် အရွယ်ခန့်ရှိသော ကောင်လေးတစ်ယောက်က ချက်ချင်းအပြေးလာပြီး ကြောက်လန့်တကြီး အော်တော့သည်။
“မင်းတို့က ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ။ ငါ မင်းတို့ကို အိပ်ယာထဲက သုံးလလောက် မထနိုင်အောင် လုပ်ပြမယ်။”
ထိုအချိန်တွင် နောက်ထပ် ဆယ့်ငါးနှစ်ခန့် ဆယ့်ခြောက်နှစ်ခန့်ရှိသော လူငယ်အချို့က လူအုပ်ထဲမှ ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ လူများကလည်း ကြောက်လန့်သော မျက်နှာထားမျိုးနှင့် ခပ်မြန်မြန်နောက်ဆုတ်ကြသည်။ သူတို့က ထိုမြင်ကွင်းကို လာကြည့်သည့်အလား ထင်ရသည်။ တစ်ယောက်ချင်းစီတိုင်းက ဆေးရည်ခြောက်ပုလင်း ခုနှစ်ပုလင်းခန့်ကို ကိုင်ထားကြသည်။ သူတို့ကလည်း အခြားသူများထံမှ ခိုးထားသည်မှာ သေချာသည်။
ထိုလူများက ယဲ့ဖန်းနှင့် ဖန်းပေါ်တို့ကို ဝိုင်းလိုက်ကြသည်။ ယခုလေးတင် ဖန်းပေါ်၏ အတွန်းခံလိုက်ရသော လူက လှောင်ပြောင်ပြီး နောက်ပြောသည်။
“သူတို့ကို သင်ခန်းစာ ပေးလိုက်ကြစမ်း။ အိပ်ယာထဲက သုံးလလောက် မထနိုင်အောင် လုပ်လိုက်။”
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ လူတွေရှိသမျှ ရန်ငြိုးတွေကလည်း ရှိမှာပဲ။ ကျင့်ကြံသူတွေတောင်မှ ချို့ယွင်းချက် မရှိဘူး။”
ထိုသို့ပြောပြီးနောက် မည်သည့်စကားမျှမဆိုတော့ဘဲ ဖြတ်လျှောက်သွားသည်။ သူ၏ အရှေ့တွင် လူငယ်တစ်ယောက်က ခုန်ဝင်လာချိန်တွင် သူကချက်ချင်း ကန်ထုတ်လိုက်သည်။
ဖန်းပေါ်က နှာခေါင်းရှုံ့သည်။
“မင်းတို့က ဒီဂိုဏ်းထဲမှာတောင် လုယက်ချင်တယ် ဟုတ်လား။ မင်းတို့က ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ ငါ မင်းတို့ကို သင်ခန်းစာ မပေးရရင် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူကပြောနိုင်မလဲ။”
သူ၏ သိုင်းကွက်များက ပို၍ပင် ပြင်းထန်လာလေ သည်။ သူက ပတ်ဝနကျင်ရှိ လူတိုင်းကို ရိုက်လိုက်ချိန်တိုင်းတွင် ထိုသူများက လွှင့်ထွက်သွားလုနီးပါး ဖြစ်သွားကြသည်။ အားလုံးက မြေပြင်တွင် လိမ့်သွားကြသည်။
“မင်းက ငါ့ကို ရယ်ရဲတယ်။”
မျက်နှာရောင်ကိုင်းသွားသော လူငယ်တစ်ယောက်က အံ့ဩသွားပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ခက်ထန်စွာကြည့်လိုက်ကာ ချက်ချင်းထရပ်လာပြီးနောက် နောက်လှည့်သွားသည်။ ထို့နောက် သူက ထွက်ပြေးသွားလျက် ပြောသည်။
“မင်းတို့ စောင့်နေ … ။”
အသက်ဘီးထဲမှ နတ်စွမ်းအင်အရင်းအမြစ်နှင့် ဆက်သွယ်နိုင်စွမ်း မရှိသေးသည့် ကျင့်ကြံသူများက သာမန်သူများထက် သန်မာယုံသာ ရှိနေသေးသည်။ သို့ရာတွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ နှင့်ယှဥ်သော် သူတို့က သာမန်လူများ ဖြစ်သွားကြသည်။
ထိုအချိန်တွင် ထိုဆယ့်လေးနှစ်ခန့် ဆယ့်ငါးနှစ်ခန့်ရှိသော ကောင်လေးက အဝေးသို့ လျှောက်သွားပြီးနောက် အသက်နှစ်ဆယ် အရွယ်ခန့်ရှိမည့် လူငယ်လေးကို ပြောလိုက်သည်။
“မင်းရဲ့အကိုက တကယ်ကို အမှိုက်ပဲ။ သူ့ကို ပြန်တွေးခိုင်းကြည့်စမ်းပါ။ ဘယ်လောက်တောင် ရှက်စရာကောင်းလဲ။”
အသက်နှစ်ဆယ်ခန့် ရှိမည့် လူငယ်က အနည်းငယ်ရှက်သွားသည်။ သို့ရာတွင် သူကလည်း သူ့ထက်ငယ်သော ထိုလူများကို ကြောက်ရလေသည်။
ထို့ကြောင့် လေးစားသော မျက်နှာထားမျိုးနှင့်သာ မေးလိုက်သည်။
“ဒီနှစ်ယောက်က သာမန်နဲ့မတူဘူး။ သူတို့ကို ဒီလိုစမ်းလွှတ်တာက တန်လို့လား။”
“ငါ့ရဲ့ မဟာဦးလေးက သူတို့ကို စမ်းသပ်ခိုင်းစေချင်တာ။ သူတို့နှစ်ယောက်က နတ်ဆေးတွေ စားထားတယ်လို့ ငါကြားထားတယ်။”
ထိုလူငယ်က အထင်သေးဟန် ပြုံးလျက်ပြောသည်။
“မဟုတ်ရင် ငါက ဘာလို့ သူတို့ကိုသွားပြီး ဒုက္ခပေးနေရမှာလဲ။”
အသက်နှစ်ဆယ် အရွယ်ခန့်ရှိမည့် ထိုလူငယ်ကမူ ထိုစကားကို ကြားသောအခါ တုန်ရီသွားသည်။ သူက ထိုလူငယ်၏ မဟာဦးလေးကို အလွန်ကြောက်မိသည်။ သူက​ ပြောလာသည်။
“နတ်ဆေးစားထားတာ တကယ်ဆိုရင်တောင်မှ ဒီလူငယ်တွေက စားပြီးသွားပြီလေ။ မင်းရဲ့ဦးလေးက ဘာလုပ်ချင်တာလဲ။”
“ငါ့ရဲ့မဟာဦးလေးက သူတို့ရဲ့ ကိုယ်ထဲမှာ အရမ်းကိုပြင်းထန်တဲ့ ဆေးစွမ်းအားတွေ ကျန်ရစ်နေဦးမယ်လို့ ယူဆတယ်။ အံ့ဩစရာကောင်းတာက သူက ဒီနှစ်ယောက်ကို သိပ်မကြာခင်ကမှ ရှာတွေ့လို့ပဲ။ သူက စိတ်မကောင်းဖြစ်နေတာ။”
“ဒါက…”
အနားရှိ လူငယ်ကမူ ကျောချမ်းသွားသည်။ သူက တုန့်ဆိုင်းစွာပြောသည်။
“သူတို့ရဲ့ ကိုယ်ထဲမှာ ဆေးစွမ်းအား သက်ရောက်မှု ကျန်နေဦးမယ်ဆိုရင်တောင်မှ ဒါကိုဖယ်ရှားလို့ ရပါ့မလား။”
“ငါတို့ ဒါကို တိုက်ရိုက်ဖယ်ရှားလို့ မရရင် သူတို့ရဲ့သွေးကို ဖောက်ထုတ်လိုက်ယုံပေါ့။”
လူငယ်က အေးစက်စွာပြောသည်။ ထိုအပြုံးက သူ၏အသက်ရွယ်နှင့်ပင် မလိုက်ချေ။ သူကပြောသည်။
“အဆိုးဆုံးမှာ သူတို့ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်သန့်စင်လိုက်ယုံပေါ့။ ငါ့အထင်…။ ဒါက ငါ့ရဲ့ မဟာဦးလေးရဲ့ ဆန္ဒဖြစ်လောက်တယ်။”
အနားရှိ လူငယ်ကမူ ကျောချမ်းသွားသည်။ ထို အဂ္ဂရိတ်ပညာရှင်ကြီးက အလွန်အမင်း ရက်စက်ကာ ကြမ်းတမ်းလွန်းသည်။ သူက ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံမှ အကြီးအကဲတစ်ယောက် ဖြစ်သည့်အတွက် လူအများစုက သူ့ကိုရန်မရှာရဲကျချေ။ ထိုလူငယ်နှစ်ယောက်ကမူ သူ၏ဆေးပင်များအဖြစ် သတ်မှတ်ခံရလေရာ ရှင်သန်ရန်ခက်ခဲတော့မည်ဖြစ်သည်။
ထိုဆယ့်လေး ဆယ့်ငါးနှစ်ခန့်ရှိသော ကောင်လေးက လက်အောက်ငယ်သားများကို အမိန့်ပေးသလိုမျိုး ပြောလိုက်သည်။
“မင်းရဲ့အသုံးမကျတဲ့ ညီငယ်က အဲ့ဒီမှာရှိနေတယ်။ မင်း သူနဲ့အတူသွားပြီး အဲ့ဒီနှစ်ယောက်ကို ကိုင်တွယ်လိုက်။ သူ့တို့ရဲ့ ခန္ဓာကိုယ်က ဘယ်လိုဖြစ်မလဲ ဆိုတာကို ကြည့်။ ငါ့ရဲ့ဦးလေးက သန့်စင်ဖို့ တန် မတန် စောင့်ကြည့်ရမယ်။”
“ကောင်းပြီ ငါ အခုသွားလိုက်မယ်။”
ယဲ့ဖန်းနှင့် ဖန်းပေါ်က တိုးတိတ်စွာသာ နေသည်။ သို့သော် သူတို့က ပစ်မှတ်ထားခံရသေးသည်။ ဒီတိုင်း သူတို့က မသိယုံသာရှိသေးသည်။
ထိုနှစ်ယောက်က လူအုပ်ထဲမှ ထိုးထွက်ကာ ထွက်ခွာသွားတော့မည့်အချိန်တွင် နောက်ထပ်တစ်ဖန် လူတစ်ယောက်၏ အတားခံရပြန်သည်။
ထိုလူငယ်က အသက်နှစ်အရွက်ခန့်ရှိပြီး သူ၏ခန္ဓာကိုယ် အပေါ်ယံတွင် အလင်းမှုန်များက တောက်ပနေသည်။ သိသာစွာပင် သူကလည်း လျှို့ဝှက်ဆန်းကျယ်သောသိုင်းအချို့ကို လေ့ကျင့်ထားနိုင်ခဲ့ပြီး နတ်စွမ်းအင်အချို့ကို ထုတ်သုံးလာနိုင်လေသည်။
“အကို သူတို့ကို သင်ခန်းစာပေးရမယ်။”
ယခုလေးတင် ဒုက္ခရှာခဲ့ပြီး မြေပြင်တွင် လဲနေသော လူငယ်က ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ခပ်ကြမ်းကြမ်း စိုက်ကြည့်လျက်ပြောသည်။ အခြားသောလူငယ်များကလည်း သူတို့၏နောက်ခံက ရောက်လာပြီဖြစ်ကြောင်း မြင်သောအခါ ချက်ချင်းလိုလို အော်ကြသည်။
“သူတို့ရဲ့ ခြေလက်တွေကိုချိုးပြီး ကြာကန်ထဲကို လွင့်ပစ် .. ငါးစာကျွေးလိုက်။”
“သူတို့ကို ဒူးထောက်တောင်းပန်ခိုင်းပြီး အကြိမ်တစ်ထောင် ဦးခိုက်ခိုင်းရမယ်။”

ထိုလူငယ်များက အော်ဟစ်ကြသည်။ သူတို့၏ နောက်ခံကို မှီခိုပြီးနောက် သူတို့က ယဲ့ဖန်းနှင့် ဖန်းပေါ်ကို အရှက်ခွဲကာ ​ကျိန်ဆဲကြသည်။
ယဲ့ဖန်းက ချက်ချင်း မျက်မှောင် ကြုံ့လိုက်သည်။ သူ ထိုလူငယ်များကို သဘာဝအလျှောက်ပင် ဒေါသမထွက်ချေ။ ဒီအတွက် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားရခြင်းဖြစ်သည်။ အကြောင်းမူကား တစ်စုံတစ်ယောက်က သူတို့ကို ပစ်မှတ်ထားနေသည်။
“မင်းတို့နှစ်ယောက်က ဘာလို့ ငါ့ရဲ့ညီီကို ရိုက်တာလဲ။”
ထိုလူငယ်၏ မျက်နှာက မဲမှောင်သည်ထက် မဲမှောင်လာရင်း ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကို ကြည့်သည်။
“မင်းရဲ့ဘယ်မျက်လုံးက ငါတို့က သူ့ကို ရိုက်တာကို မြင်လိုက်လဲ။”
ဖန်းပေါ်က မျက်ခုံးပင့်လိုက်သည်။ ကိစ္စများက ဒီအခြေအနေထိ ကြီးလာပြီး ဆက်လက်သည်းခံရန် မလိုအပ်တော့ချေ။ သူတို့က ခေါင်းကို အသားကုန် ငုံ့ထားပြီး အရှုံးပေးနိုင်သည့်တိုင်အောင် တစ်ဖက်လူက ခပ်ကြမ်းကြမ်း ရိုက်နှက်လာနိုင်သေးသည်။ သူက သဘာဝအလျှောက်ပင် တစ်ဖက်လူကို အကြောင်းပြချက် ပေးမနေချင်တော့ချေ။
“မင်းက တကယ်ဘဲ ဘာလုပ်ချင်တာလဲ။”
ယဲ့ဖန်းက တိုက်ရိုက်သာ မေးလိုက်သည်။
“မင်းက ငါ့ညီကို ရိုက်တယ်။ ငါက သူ့အစား ကလဲ့စားချေပေးရမှာပေါ့။”
ထိုလူငယ်က အေးစက်စွာ အော်ရယ်ပြီး တစ်လှမ်းချင်းစီ ရှေ့တိုးလာသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာ ရောက်ရှိနေပြီ ဖြစ်သည်။ အားလုံးကလည်း အဝေးမှ လှမ်းကြည့်နေကြသည်။ မည်သူကမှ ရှေ့တက်ကာ မတားဝံ့ကြချေ။ တောင်ထိပ်အောက်ခြေတွင်ရှိသော တပည့်ဂိုဏ်းသားတိုင်းနီးပါးက ဂိုဏ်းသို့ဝင်လာခါစ ဖြစ်လေရာ ခန္ဓာကိုယ်မှ အလင်းထုတ်နိုင်သော ထိုလူငယ်ကို ကြောက်ကြသည်။
“သူတို့ရဲ့ ခြေထောက်တွေကို ချိုးပြီး ဒူးထောက်ခိုင်းလိုက်။”
“သူတို့ကို ကြာကန်ထဲကို ပစ်ထည့်ပြီး ငါးစာကျွေးလိုက်။”
လူငယ်များက ဆက်လက်ပြီး အော်ကြပြန်သည်။
ဆွစ် …။
အလင်းတန်း ဖျတ်ခနဲလက်ပြီးလျှင် ထိုလူငယ်က ပုရွတ်ဆိတ်တစ်ကောင်လို ရှေ့သို့ခုန်ဝင်လာသည်။ သူက အလွန်အမင်း မြန်ဆန်သည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများက ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။ သူက ယဲ့ဖန်း၏လည်ပင်းကို ဓားလို ဖြတ်ခုတ်လာသည်။
သူက အားအပြည့် မသုံးထားချေ။ သူ၏အမြင်တွင် ထိုလက်ဝါးဓားနှင့် ယဲ့ဖန်းကို ခုတ်ဖြတ်သွားနိုင်ပြီး မြေပြင်သို့ လဲကျသွားပေမည်။ သို့ရာတွင် သူက မျှော်လင့်ထားသည့်အတိုင်း ယဲ့ဖန်း၏ တုန့်ပြန်မှုက အလွန်အမင်း မြန်ဆန်နေသည်။ သူက ခြေနှစ်လှမ်းခန့်ဘေးသို့ ဆုတ်လိုက်ပြီးနောက် သဘာဝအလျှောက်ပင် တိုက်ကွက်ကို ရှောင်ရှားလိုက်နိုင်သည်။
ပို၍ဆိုးသည်မှာ သူက လက်ကိုပင် ဆန့်ထုတ်လိုက်သေးကာ ထိုလူငယ်၏လက်ဝါးကို ခပ်ကြမ်းကြမ်း ပြင်းပြင်း ရိုက်လိုက်သည်။
ဗမ်း …။
“လွှတ်စမ်း။”
ထိုလူငယ်က အနည်းငယ် အံ့ဩသွားသည်။ ယဲ့ဖန်းကသူ့ကို ခြိမ်းခြောက်နိုင်မည်ဟု မထင်ထားသေးချေ။ သူက ဒီတိုင်း ယဲ့ဖန်း၏ လက်ကို အားပြင်းပြင်းဖြင့် ခါထုတ်လိုက်ချင်သည်။
သို့ရာတွင် ကိစ္စများက သူ၏ မျှော်လင့်ထားခြင်းကို ကျော်လွန်သွားပြန်သည်။ သူ၏လက်များက ညှပ်တူတစ်ခုဖြင် အညှပ်ခံထားရသမျိုး အလွန်အမင်း နာကျင်လာပြီး လှုပ်ခါနိုင်စွမ်း မရှိခဲ့ချေ။
ဗမ်း …။
ထိုအချိန်တွင် ဘေးဘက်တွင် ရှိနေသော ဖန်းပေါ်က လှုပ်ရှားလိုက်သည်။ သူက လက်သီးကို ခပ်ကြမ်းကြမ်းရမ်းပြီးနောက် ထိုလူငယ်၏ ကျောကို ဆောင့်ထိုးလိုက်သည်။ ခွန်အားက အလွန်ပြင်းထန်လွန်းလေသည်။ ယင်းက လူအများကို ဆွံ့အသွားစေခဲ့သည်။
ထိုလူငယ်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးနောက် ပါးစပ်မှ သွေးများ စီးကျလာသည်။
ယဲ့ဖန်းက လက်ကို ဆုပ်ကိုင်ထားပြီးနောက် ထိုလူငယ်ကို စာခြောက်ရုပ်အား လွှဲရမ်းလိုက်သလိုမျိုး လွှဲရမ်းလိုက်ပြီးနောက် မြေပြင်ကို ခပ်ကြမ်းကြမ်း ရိုက်ထုတ်လိုက်သည်။
ဗမ်း …။
မီးခိုးနှင့်ဖုန်မှုန့်များက လေထဲသို့ မြှောက်တက်လာပြီး မြေကြီးကပင် တသိမ့်သိမ့် တုန်သွားသည်။ ထိုလူငယ်၏ခန္ဓာကိုယ်က မှိတ်တုတ်မှိတ်တုတ် လင်းနေသော အလင်းတန်းများအားလုံးက ချက်ချင်းလိုလိုပျောက်ကွယ်သွားသည်။ သူက တုန်လှုပ်ခြောက်ခြားဖွယ်ပြုပြီးနောက် သွေးအနည်းငယ် အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကပင် တွန့်လိမ်သွားသည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း ကြောင်တောင်တောင်ဖြစ်သွားကြသည်။ ယဲ့ဖန်းက ထိုလူငယ် ကန်ထုတ်သောသူ ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။ ပို၍ဆိုးသည်မှာ သူက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ အားမပါလွန်းလှသည်။
ထိုလူငယ်က အင်အားမရှိသောကြောင့် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူက လျှို့ဝှက်သိုင်းအချို့ကို သင်ကြားနိုင်နေပြီးသား လူဖြစ်သည်။
သို့သော် သူက ဒီအတိုင်း ထိုသိုင်းများကို ထုတ်သုံးရန် အခွင့်အရေးမရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် ယဲ့ဖန်းက ကျောက်တုံးကြီးတစ်တုံးကိုပင် အသာအယာ မနိုင်စွမ်းရှိပြီဖြစ်လေရာ သူ၏ အင်အားက နဂါးဆင်တစ်ကောင် နီးပါးဖြစ်နေလေပြီ။
ထို့ကြောင့် အလွန်အမင်း ခွန်အားကြီးမားသော အားမျိုးဖြင့် သာမန်သိုင်းမျိုးလောက်က သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
“မင်းတို့က ပြဿနာလာရှာပြီး ပြဿနာကို ဆက်မွှေနောက်ဖို့ ကြိုးစားချင်နေကြတာဘဲ။ ငါတို့က ဒီအတိုင်းကိုယ့်ကိုကို ခုခံရတာ။ အဆုံးမှာတော့ မင်းတို့ကသာ အရိုက် လာခံကြပဲ။ ကောင်းပြီ ငါတို့က ဒီတစ်ကြိမ် ငါတို့အကြောင်း မင်းတို့ကို သိအောင်လုပ်ပေးရမယ်။”
ဖန်းပေါ်က ဒေါသထွက်နေသဖြင့် ချက်ချင်းလိုလို ပြေးသွားလိုက်သည်။ ပတ်ဝန်းကျင်က လူငယ်အချို့ကလည်း ထွက်ပြေးချင်ကြသည့်တိုင်အောင် လူအုပ်၏ အတားခံလိုက်ရသည်။ ရိုးရှင်းစွာဖြင့်ပင် သူတို့က မလွတ်မြောက်နိုင်ကျတော့ချေ။
ဗမ်း ဗမ်း ဗမ်း ဗမ်း ဗမ်း ….။
ဖန်းပေါ်က ဆက်တိုက် လှုပ်ရှားလိုက်သည်။ ခြေကန်ချက် တစ်ချက်စီတိုင်းတွင် သူက လူအနည်းစီတိုင်းကို လွင့်ထုတ်သွားစေခဲ့သည်။ ထို့နောက် သူက ထိုလူများအားလုံးကို မြန်မြန်ပင် ပွဲသိမ်းလိုက်သည်။ သူက လက်ဝါးကြီးများဖြင့် အားလုံးကို တစ်ဖန် ချလိုက်ပြန်ကာ ရိုက်နှက်သံများကို ထုတ်ဖော်နေတော့သည်။
“မင်းတို့ အခု ဘာပြောလိုက်တာလဲ။ ငါတို့ရဲ့ ခြေလက်တွေကို ချိုးပြီး ကြာကန်ထဲကို ထည့်ပြီး ငါးစားကျွေးပစ်မယ် ဟုတ်လား။ ငါတို့ကိုတောင် ဒူးထောက်ပြီး ဦးခိုက်ခိုင်းစေချင်သေးတယ်ပေါ့။ မင်းတို့က အသက်ရှင်ရတာ ပင်ပန်းနေပြီလား။”
ဖန်းပေါ်က ရက်စက်စွာပင် ထိုလူငယ်များကို ရိုက်ချပြီးနောက် သူတို့၏မျက်နှာများက ဆက်တိုက် ရောင်ကိုင်းပြီး ဖူးယောင်လာသည်။ သူတို့က ဝက်သေကောင်များကဲ့သို့ အော်ဟစ် ငြီးငြူနေကြရသည်။
“မင်းတို့က ငှက်မွှေး လျှို့ဝှက်သိုင်းကိုတောင် မကျင့်ကြံရသေးဘဲ အခြားသူကို အနိုင်ကျင့်ချင်တယ်ဟုတ်လား။ မင်းတို့က ကောင်းကင်နဲ့မြေပြင်က အနှစ်သာရတွေကို ကောင်းကောင်းနားလည် ထားသေးလို့လား။ ငါကသာ ဒီနေ့ မင်းတို့ကို သင်ခန်းစာမပေးရင် မင်းတို့လို လူတွေက မင်းတို့ကို မင်းတို့ ထာဝရ ရှင်သန်သူတွေ့လို့ ထင်နေကြတော့မှလား။ စိုးရိမ်ရတယ်။”
ဖန်းပေါ်က မတ်တပ်ထရပ်ပြီးနောက် ခြေထောက်နှစ်ဖက်လုံးဖြင့် ခပ်ကြမ်းကြမ်း စောင့်နင်းကာ ကန်ကျောက်သည်။ မြေပြင်ရှိ လူအနည်းငယ်ကမူ ဆက်တိုက်ပင် နာကျင်မှုဖြင့် အော်ဟစ်နေသည်။ သို့သော် ဖန်းပေါ်ကမူ လန်းဆန်းသွားသည်။ သူက ရိုက်နှက်လေလေ ပို၍ သက်တောင့်သက်တာ ဖြစ်လာသည်။
“ပြောစမ်းပါ။ ဘာကြောင့် မင်းတို့က ငါတို့နှစ်ယောက်ကို ပစ်မှတ်ထားရတာလဲ။”
ဘေးဘက်တွင်ရှိသော ယဲ့ဖန်းက ဝင်မပါချေ။ သူက ခပ်ကြမ်းကြမ်းပင် ဝင်ကန်ပြီးနောက် လူငယ်တစ်ယောက်ကို အဝေးသို့ လွင့်သွားစေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အော်ဟစ်လိုက်ရသည်။ သွေးများကလည်း ပါးစပ်မှ စီးကျလာသည်။
“မင်း မပြောရင် ငါမင်းကို ရှေ့က ကန်ထဲကို ပစ်ချပြီး ဇောက်ထိုးဆွဲထားမယ်။”
ယဲ့ဖန်းကမူ ခပ်ကြမ်းကြမ်း ဆောင့်ကန်လိုက်သည်။ သူ၏ခွန်အားက အလွန်ပြင်းထန်လေရာ ထိုလူငယ်ကို ရှစ်မီတာ ကိုးမီတာခန့်အထိ လွင့်ထုတ်သွားစေသည်။
ထိုစကားကိုကြားသောအခါ ဖန်းပေါ်၏မျက်လုံးက တောက်ပသွားပြီးနောက် ​ပြောလိုက်သည်။
“အကြံကောင်းပဲ။”
ထို့နောက် သူက ဆောင့်ကြောင့် ထိုင်ပြီးနောက် သူ၏ပြင်းထန်သော အင်အားကို သုံးကာ လူငါးယောက် ခြောက်ယောက်ခန့်ကို တစ်ပြိုင်ထဲ မှောက်သိပ့်လိုက်သည်။ ထို့နောက် ကြာကန်ထံသို့ သွားသည်။
“မဟုတ်ဘူး။ မင်း ငါတို့ကို အောက်ကိုချပေးပါ။”
“မဟုတ်ဘူး။ ကယ်ကြပါဦး။ ငါ့ကို သတ်နေကြတယ်။”
“ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အောက်ချပေးပါ။”
ဖန်းပေါ်က သူ့ကို လစ်လျူရှုသွားသည်။ သူက တစ်ယောက်ပြီးတစ်ယောက်ကို မပြီး ကြာကန်ထဲသို့ ပစ်ချသည်။ ကြာကန်ထဲတွင် ရွှံ့များစွာရှိသည်။ ဖန်းပေါ်၏ ပြင်းထန်သော အင်အားကြောင့် အားလုံးက အောက်ဘက်သို့ ဇောက်ထိုးစိုက်သွားကြသည်။
“သူတို့ကို မသတ်နဲ့။”
ယဲ့ဖန်းက လှမ်း၍ သတိပေးသည်။
“အဆင်ပြေပါတယ်။ ဒီအမှိုက်တွေက ထာဝရ ရှင်သန်ခြင်း လမ်းကြောင်းပေါ်ရောက်နေပြီး သူတို့က လျှို့ဝှက်ဆန်းကျယ်တဲ့သိုင်းတွေကို မကျင့်ထားရင်တောင်မှ သူတို့ရဲ့ခန္ဓာကိုယ်က သာမန်လူတွေထက် အများကြီး အင်အားရှိပြီးနေပြီ။ ဒီတော့ အနည်းဆုံးတော့ သူတို့တစ်နာရီလောက် ရေထဲမှာ အသက်ရှင်နိုင်မှာပဲ။”
“မင်းတို့က ပြောမှာလား မပြောဘူးလား။ ဒါမှမဟုတ်ရင် ဒီတိုင်း ဇောက်ထိုး အဆွဲခံချင်နေတာလား။”
ယဲ့ဖန်းက မြေပြင်က လူငယ်ကို ဆက်ကန်ပြန်သည်။
ဖန်းပေါ်ကလည်း အနောက်သို့ လျှောက်လာပြီးနောက်ပြောသည်။
“ဒီတိုင်း ဇောက်ထိုးဘဲ ဆွဲထားလိုက်စမ်းပါ။ သူနဲ့ ပေါက်ကရတွေ ပြောမနေနဲ့။ အဆုံးမှာ ဘယ်သူက စကားပြောနိုင်မလဲ ကြည့်ရအောင်။”
တစ်ဖက်လူက စကားပြောချင်စိတ် မရှိသေးကြောင်း မြင်သောအခါ ယဲ့ဖန်းကလည်း ဆက်ပြောမနေတော့ချေ။ သူက ရုတ်တရက်ပင် ကောက်မလိုက်ပြီး ရေကန်ထဲသို့ ပစ်ချလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း ကြောင်တောင်တောင်ဖြစ်သွားကြသည်။
ဘယ်လောက်တောင် ပြင်းထန်တဲ့အင်အားလဲ။
သူက ကြာပန်းကန်နဲ့ မီတာ လေးဆယ်ငါးဆယ်ခန့် ဝေးကွာနေတာတောင်မှ လူတစ်ယောက်ကို လှံ ပစ်သလို ပစ်ချလိုက်နိုင်သည်။
“ဟူး”
ထိုလူငယ်က လှံတစ်ချောင်းလိုမျိုး ဖြစ်သွားသည်။ သူက တိုက်ရိုက်ပင် ရွှံံ့ထဲသို့ စိုက်သွားသည်။ သူ၏ခန္ဓာကိုယ် တစ်ဝက်ခန့်ကပင် ရွှံ့ထဲမြှုပ်သွားသည်။ အပြင်တွင် ခြေထောက်လေးသာ ကျန်ကာ ရုန်းကန်နေတော့သည်။
“ဘယ်လောက်တောင် အသုံးမကျတဲ့ကောင်လဲ။”
“ဒီမကောင်းဆိုးဝါးက ဘယ်ကလာတာလဲ။ သူကခန္ဓာကိုယ်က ပျော့တိပျော့ဖက်နဲ့ သေးသေးကွေးကွေးလေးပါ။ နောက်ပြီး ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်လောက်ဘဲ ရှိသေးတာ။ ဒါတောင်မှ သူက ဒီလောက်တောင် အင်အားကြီးနေပြီလား။”

ပတ်ဝန်းကျင်ရှိ လူများကလည်း ကြောင်တောင်တောင်ဖြစ်သွားကြသည်။ ထို့နောက် သူတို့က စတင်ပြီး အချင်းချင်း ဆွေးနွေးကြတော့သည်။
သို့ရာတွင် သူတို့၏ ဒေါသများက ပြေပျောက်သွားသည်ဟု ခံစားရသည်။ ထိုမောက်မာသောလူများက ဒီလို သင်ခန်းစာပေးခံရခြင်းနှင့် ထိုက်တန်လေသည်။
ရုတ်တရက် လူအုပ်က လူစိမ်းအချို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ဆယ့်လေးနှစ် ဆယ်ငါးနှစ်ခန့် အရွယ်ရှိမည့် လူငယ်တစ်ယောက်က တဖြည်းဖြည်းချင်း သုန်မှုန်သောမျက်နှာထားမျိုးနဲ့ လျှောက်လာသည်။ သူ၏ဘေးတွင်လည်း အသက်နှစ်ဆယ် အရွယ်ရှိမည့် လူငယ် အနည်းငယ်ပါလာသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်က တောက်ပနေကြသည်။
“ဒါက အကြီးအကဲ ဟန်ရဲ့ အငယ်ဆုံးမြေး။ သူ့ရဲ့နာမည်က ဟန်ဖေးယီတဲ့။”
“ငါ့ရဲ့မဟာဦးလေးက အကြီးအကဲလေ။ ငါ ကြားဖူးတာ သူက ဆေးသန့်စင်မှုမှာ အကြီးအကဲပညာရှင်ပဲ။”
“တိတ်တိတ်နေကြ။ သူ့အကြောင်းမပြောကြနဲ့။ စကားကိုလည်း သတိထားကြ။”

ဆယ့်လေးနှစ် ဆယ်ငါးနှစ် အရွယ်ရှိမည့် လူငယ်ဟန်ဖေးယီက ဖြည်းညင်းစွာပင် သုန်မှုန်သော မျက်နှာထားမျိုးနှင့် ချဥ်းကပ်လာသည်။ ထို့နောက် သူက ယဲ့ဖန်းနှင့်ဖန်းပေါ်ကိုပြောသည်။
“ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက ဘာလုပ်တယ်လို့ မင်းတို့က ထင်နေကြတာလဲ။ မင်းတို့က တရားစီရင်ရေး အကြီးအကဲကို ဘာလို့များ ထင်နေကြတာလဲ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က သူ့ကို လျစ်လျူရှုပြီးနောက် ကြာကန်ထံသို့ ကြည့်လိုက်သည်။ ဟန်ဖေးယီက ပို၍ပင် သုန်မှုန်သွားသည်။ သူက အနောက်မှ လူလေးယောက်ကိုပြောသည်။
“သူတို့ကို မျက်စိဆံပင်မွှေးဆူးအောင် ဆက်ပြီးမထားကြနဲ့။”
ယဲ့ဖန်းက နောက်လှည့်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းက စကားကြီးစကားကျယ်တွေ ပြောနေတာပဲ။ ကြည့်ရတာ မင်းမှာ နောက်ခံရှိတဲ့ပုံပဲ။ ဒါဆိုရင်တော့ ပြောစရာမရှိတော့ဘူး။ ငါ မင်းကို ဒီနေ့ ဒုက္ခခံရအောင်လုပ်ပေးမယ်။”
ဟန်ဖေးယီ၏ မျက်ဝန်းက တလက်လက် တောက်ပလာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကြည့်ရတာ ငါ မဟာဦးလေးဆီကို အလောင်းနှစ်လောင်းဘဲ ပို့ရတော့မယ်ထင်တယ်။”
အပိုင်း(၄၂)ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset