Switch Mode

Chapter – 161.3

ထူးဆန်းတဲ့ ကျွီးကျင့်

အပိုင်း ၁၆၁•၃

” ထူးဆန်းတဲ့ကျွီးကျင့် ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အပြည့်အ၀အသက်သွင်းလိုက်ပါပြီ။ လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်းနားလည်ခံစားနေခဲ့ရပါတယ်။ ဒီ၀ိညာဥ်လက်နက်ရဲ့ ဗျူဟာသုံးဆယ်ရာခိုင်နှုန်းလောက်က စတင်ပြီကောင်းကောင်းအလုပ်လုပ်နေပြီဖြစ်နေသလို ကျွီးကျင့်ရဲ့၀ိညာဥ်စွမ်းအားကလဲ သင့်တော်မျှတအောင်ထောက်ပံ့ပေးနေခဲ့တယ်။ ဒါ့အပြင် သူမရဲ့၀ိညာဥ်စွမ်းအားက ပထမဆုံးစတင်လှုပ်ရှားတာနဲ့ လုံး၀ကို စုဝေးခံနေရပုံပါပဲ။ ဒီလိုဖြစ်လာချိန်မှာတော့ ကျွီးကျင့်ရဲ့မျက်နှာက ဖြည်းဖြည်းချင်းဆိုသလို ဖြူဖျော့လာပါတော့တယ်။

အရှိန်မြင့်လာတာနဲ့အမျှ ဒီ၀ိညာဥ်လက်နက်ရဲ့အတွင်းပိုင်း တည်ဆောက်ပုံတွေကို ဟို့ယွိဟောင်အချိန်ယူပြီ ဖြည်းဖြည်းချင်း မှတ်တမ်းတင်နေခဲ့ပါတယ်။ ဒီလက်နက်က ဗျူဟာတွေအများကြီးပါ၀င်နေတာကြောင့် လက်ရှိအချိန်မှာအားလုံးကိုတော့ သူမမှတ်မိနိုင်သေးပါဘူး။ ဒါပေမယ့် ဒီတည်ဆောက်ပုံကို မှတ်မိဖို့အရေးကြီးတာထက်ပိုတဲ့အရာရှိနေခဲ့ပါသေးတယ်။ နေလနိုင်ငံတော်က ဒီပစ္စည်းကိုအချိန်ပေါင်းထောင်ချီမက ဆင်းသက်ပြီတော့ ကြိုးစားလုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် အလွယ်တကူလက်လွှတ်ဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်။

အချိန်တိုအတွင်းမှာ ယွိဟောင်လဲ ၀ိညာဥ်လက်နက်တွေရဲ့အစွမ်းအစကိုပိုပြီးတော့ အံ့အားသင့်လာခဲ့ရပါတယ်။ ဒါပေမယ့် ရှု့ထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင် ဒီ၀ိညာဥ်လက်နက်က သိပ်ပြီအသုံး၀င်တဲ့ပုံမပေါ်ပါဘူး။ ခုခံမှုအင်အားကလဲ အသင့်အတင့်သာဖြစ်သလို အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တောင်မှ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကို ထုတ်သုံးရပါတယ်။ တစ်ခေါက်တိုက်ခိုက်ရမယ်ဆိုရင် သူ့ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် ပစ်မှတ်လဲဖြစ်နေခဲ့မှာပါ။ ပိုပြီးမြန်မြန်ဆန်ဆန်သတိထားနေပေမဲ့လဲ ပျံသန်းရေး၀ိညာဥ်လက်နက်ကိုမခန့်မှန်းန်ိုင်ခဲ့ပါဘူး။ သူ့ရဲ့ခြေထောက်ခြောက်ဖက်က ဒီထက်ပိုပြီးမြန်လို့မရတဲ့အခြေအနေမှာရှိနေခဲ့တယ်။

ဒီ၀ိညာဥ်လက်နက်မှာ ပြစ်ချက်တွေအများကြီးရှိနေတာကို လုံး၀သေချာစဥ်းစားကြည့်ရင် မြင်ရမှာပါ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ အခုလို၀ိညာဥ်လက်နက်မျိုးကို လုပ်နိုင်မှာမဟုတ်မှန်းလဲ ဟို့ယွိဟောင် သေချာသိနေခဲ့ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် ကြယ်တာရာလော့နိုင်ငံတော် ထျန်းဟွမ်နိုင်ငံတော်နဲ့ သုန့်လင်းနိုင်ငံတော်တို့တောင် ဒီလိုအစွမ်းအစမျိုးနဲ့ ၀ိညာဥ်လက်နက်ကို လုပ်နိုင်ဖို့မလွယ်ပါဘူး။ နည်းပညာတွေက အရမ်းကိုခေတ်ရှေးပြေးနေခဲ့တယ်။ ဒါ့အပြင် အတွင်းပိုင်းချိတ်ဆက်မှုဗျူဟာတွေနဲ့ ဖုံးကွယ်တဲ့ပုံစံတွေအပြင် သူ့ရဲ့များပြားလွန်လှတဲ့ ပေါင်းစပ်မှုတွေက ဟို့ယွိဟောင်ကို အပြည့်အ၀နားမလည်နိုင်အောင် အတားအဆီးတွေ ဖြစ်နေခဲ့ပါတယ်။

အခုအချိန်မှာဆိုရင် ဒီ၀ိညာဥ်လက်နက်က အသုံးမ၀င်သေးတဲ့ပုံဖြစ်နေခဲ့ပေမဲ့ သူကိုယ်တိုင်လဲ ဒီလက်နက်ကို ဆန္ဒရှိမယ်ဆိုရင် အလွယ်တကူဖျက်ဆီးလို့ရပါတယ်။ ဒါပေမယ့် အကယ်၍ နေလနိုင်ငံတော်ကသာ ၀ိညာဥ်စွမ်းအားနေရာမှာ တခြားအရာကိုအစားထိုးပြီ အသုံးပြုဖို့ရှာတွေ့သွားခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဒီအရင်းအမြစ်အသစ်တွေက ၀ိညာဥ်လက်နက်တစ်ခုကိုပါ စက်ကိရိယာထဲထည့်သွင်းပေးနိုင်မယ်ဆိုရင်ကော ဘယ်လိုဖြစ်သွားမလဲ အဲ့ဒီလိုအခြေအနေတွေက တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမယ့် သေချာပေါက် စစ်ပွဲတွေအားလုံးရဲ့အဓိကလက်နက်ဖြစ်လာတော့မှာပါ။ သာမန်စစ်သားတွေအားလုံးအသုံးပြုနိုင်တဲ့လက်နက်က ဘယ်လိုလုပ်အသုံးမ၀င်လက်နက်ဖြစ်တော့မှာလဲ။

ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ အခုအခိုက်အတန့်လေးအတွင်းများပြားလွန်လှတဲ့အတွေးတွေနဲ့ ဖြစ်နိုင်ချေတွေက ဆက်တိုက်ဆိုသလို ပေါ်လာပါတော့တယ်။ ဒီ၀ိညာဥ်လက်နက်ရဲ့သူ့အပေါ်တိုက်ရိုက်သက်ရောက်မှုက ထူးခြားလို့နေတယ်။

ရွှမ်ကျင့်၀မ်အနေနဲ့ ကောင်းမွန်တဲ့သင်ကြားမှုအပြည့်အ၀မပေးနိုင်တာကို ဟို့ယွိဟောင်နားလည်ပါတယ်။ ဒါပေမယ့် သူက ဟို့ယွိဟောင်ကို တအားကြီးသတိကြီးကြီးလဲမထားပါဘူး။ ကျွီးကျင့်နဲ့ ခက်ခက်တို့ကိုပါခေါ်ပြီ စမ်းသပ်ချက်လုပ်ဖို့တောင် စေလွှတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရွှမ်ကျင့်၀မ်ရဲ့ စိတ်အကြံအစည်ကိုလဲ သူနားလည်နေခဲ့တယ်။ အကယ်၍ ဒီ၀ိညာဥ်လက်နက်ကို သူ့ရဲ့အစောပိုင်းဖန်တီးခဲ့ဖူးတဲ့ သရုပ်ပြ၀ိညာဥ်လက်နက်နဲ့ ပေါင်းစည်းနိုင်လိုက်မယ်ဆိုရင် သေချာပေါက် တိုက်ခိုက်နိုင်စွမ်းအပြည့်နဲ့ အလားအလာကို ပိုင်ဆိုင်မှာပါ။ ရှုပ်ထွေးမှုက ဘယ်လောက်ပဲများပြားပါစေ အနည်းဆုံးတော့ တိုက်ခိုက်နိုင်စွမ်းထည့်သွင်းလိုက်မယ်ဆိုရင် ဒီ၀ိညာဥ်လက်နက်ရဲ့တန်ဖိုးကအများကြီးတက်သွားပါလိမ့်မယ်။ ဒါ့အပြင် ဒီတစ်ခေါက် စူးစမ်းလေ့လာမှုနဲ့ သုတေသနတွေအားလုံးကလဲ ၀ိညာဥ်လက်နက်ကို တိုးတက်စေဖို့ပါပဲ။

ရွေ့လျားမှု၀ိညာဥ်လက်နက်တွေကိုက အစားထိုးလို့ရနိုင်ပါတယ်။ ဟို့ယွိဟောင်နားလည်သလောက်အရဆိုရင် ရွေ့လျား၀ိညာဥ်လက်နက်တွေအားလုံးက သင့်တော်တဲ့ဗျူဟာကိုအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တဲ့အချိန်အခိုက်အတန့်ကိုဖန်တီးတာပါ။ ၀ိညာဥ်စွမ်းအားကို စုစည်းတဲ့ဗျူဟာတွေကလဲ သင့်တော်တဲ့စွမ်းအားတွေကို သေချာစုစည်းနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီစုစည်းထားသမျှအရာအားလုံးကို ပြန်လည်အသက်သွင်းဖို့အတွက် လုံလောက်တဲ့၀ိညာဥ်စွမ်းအားလိုစမြဲပါပဲ။

သူအရင်တစ်ခေါက်က ဖန်တီးဖူးတဲ့ ကျူးကော်နတ်လေးမြားနဲ့ယှဥ်လိုက်မယ်ဆိုရင် ၀ိညာဥ်စွမ်းအားလက်နက်တစ်ခုကို ဖန်တီးတာက အများကြီးကျယ်ပြန့်လွန်နေခဲ့တယ်။

ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ကျူးကော်နတ်လေးမြားရဲ့အတွင်းပိုင်းအလုပ်လုပ်ပုံကိုသာ ဒီရှာဖွေရေး၀ိညာဥ်လက်နက်ထဲ ထည့်သွင်းလိုက်နိုင်မယ်ဆိုရင် စွမ်းအားသုံးစွဲမှုကိုလဲ လျော့ကျစေနိုင်မှာပါ။ ဒါက ရွှမ်ကျင့်၀မ် အလိုချင်ဆုံးအရာပါပဲ။

ဟို့ယွိဟောင်ကတော့ သူ့ကိုဒီလိုလျှို့၀ှက်ချက်မျိုးလုံး၀ပေးသိမှာမဟုတ်ပါဘူး။ လက်ရှိနည်းပညာအဆင့်နဲ့ဆိုရင် နေလနိုင်ငံတော်ရဲ့ သုတေသနတွေအားလုံးက အရမ်းကိုခေတ်ရှေးပြေးလွန်နေပါပြီ။ အကယ်၍ သူသာ သူတို့ကို၀ိညာဥ်စွမ်းအားသုံးစရာမလိုပဲ တိုက်ခိုက်နိုင်တဲ့နည်းလမ်းကိုသာ ပေးလိုက်မယ်ဆိုရင် ျသချညပေါက်တခြားနိုင်ငံသုံးခုကပြဿနာအကြီးအကျယ်တက်နိုင်မှာပါ။

ဟို့ယွိဟောင် ဘာတွေတွေးနေလဲဆိုတာကို ကျွီးကျင့်ကတော့ မသိပါဘူး။ သူမက လက်ရှိအချိန်အပြည့်အ၀အာရုံစိုက်ထားရင်း ၀ိညာဥ်လက်နက်ကို ထိန်းချုပ်ဖို့သာလုပ်နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုများလွန်တာကြောင့် နယ်မြေတွေကိုထိန်းချုပ်တဲ့နေရာမှာလဲ သတိထားနေခဲ့ရတယ်။

ဒီချိတ်ပိတ်ထားတဲ့ ဘောလုံးကြီးထဲမှာ နေရတာတကယ်ကိုသက်သောက်သက်သာမရှိလှပါဘူး။ အဓိကတော့ ဆက်တိုက်ဆိုသလို တုန်ခါနေတာပါပဲ။ ဒါ့အပြင် လမ်းကလဲမချောမွေ့တဲ့အတွက် မာကျောတဲ့ထိုင်ခုံပေါ်မှာထိုင်နေရတာက တရားထိုင်ရတာခက်လွန်ပါတယ်။ ဆယ်ငါးမိနစ်ကြာပြီတဲ့နောက် ကျွီးကျင့်လဲ ရပ်တန့်ပြီအနားယူရပါပြီ အနည်းဆုံးတော့ သူတို့တွေကျန်းယန်တောင်ကြောရဲ့ အပြင်ဖက်နယ်မြေတွေကို ရောက်လာခဲ့ပါပြီ။ အရှေ့ကိုဆက်သွားမယ်ဆိုရင် တောင်ကိုတက်သွားမှာပါ။ ဟို့ယွိဟောင်ကတော့ မြန်မြန်ဆန်ဆန်တွက်ချက်နေခဲ့ပါတယ်။ ဒီ၀ိညာဥ်လက်နက်စတင်ပြီ လှည့်ပတ်ချိန်ကစလို့ သူ့ရဲ့အရှိန်နှုန်းက ဟို့ယွိဟောင် အမြန်ဆုံးပြေးတဲ့အရှိန်နှုန်းနဲ့ တူညီလို့နီးပါးရှိနေခဲ့တယ်။

” ယွိဟောင် ဘယ်လိုခံစားရလဲ ပြောပြပါဦး ”

ကျွီးကျင့်ကတော့ အတော်လေးကို ဖြူဖျော့နေခဲ့ပါတယ်။ သူကလက်ရှိအချိန် ခက်ခက်နဲ့ နေရာပြောင်းလိုက်ပါပြီ။ ဟို့ယွိဟောင်လဲ တွေးတောရင်းပြောလာခဲ့ပါတယ်။

” သက်သောက်သက်သာမရှိဘူး အမြန်နှုန်းကနှေးတယ်…ကျွန်တော်တို့တွေ အခုလက်ရှိအချိန်မှာ သူ့ရဲ့ကုန်ကြမ်းပစ္စည်းတွေကနေ ဘယ်လိုရလဒ်တွေရလာမယ်ဆိုတာကို သေချာလေးအာရုံစိုက်သင့်ပြီ ဒါ့အပြင် ဒီလိုကြီးမားတဲ့ပစ္စည်းကြီးတစ်ခုကို အရှိန်မြန်မြန်နဲ့ သွားနိုင်အောင်လို့ အစ်မကြီးရဲ့၀ိညာဥ်စွမ်းအားနဲ့တင် လုပ်နိုင်တာကအတော်လေးအံ့ဩစရာကောင်းတယ်…သာမန်၀ိညာဥ်လက်နက်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူကအရမ်းကိုရှုပ်ထွေးတဲ့အချိန်မှာ အဝေးရောက်နေပြီးပြီ သူ့ရဲ့ရှုပ်ထွေးမှုက အဆင့်ရှစ်၀ိညာဥ်လက်နက်တွေနဲ့ ယှဥ်လို့ရတယ်…ဒါပေမယ့် အသုံး၀င်တဲ့အခြေအနေမှာတောာ့ ပုံမှန်ပါပဲ ”

” ဟုတ်တယ် ပြဿနာတွေကတော့အပြည့်ရှိနေတုန်းပဲ ငါတို့ကဆက်တိုက်တိုးတက်အောင်လုပ်ဖို့ ကြိုးစားနေရတာ လက်ရှိအရှိန်နှုန်းနဲ့ဆိုရင် သူ့ကိုထပ်ပြီအဆင့်မြင့်ဖို့အတွက်တော့ ခက်ဦးမယ်…အခုလက်ရှိအချိန်မှာ နိုင်ငံတော်ထဲမှာရှိတဲ့လူတွေက ငါတို့ဒီပစ္စည်းပေါ်မှာ အချိန်မဖြုန်းပဲနဲ့ ရွေ့လျား၀ိညာဥ်လက်နက်တွေကိုပဲ အဓိကသုံးသင့်တယ်လို့ ထင်နေကြတယ်…နောက်ဆုံးတော့လဲ အဆင့်နှိမ့်တဲ့၀ိညာဥ်ပညာရှင်တွေအားလုံးက ရွေ့လျား၀ိညာဥ်လက်နက်တွေကို သုံးနိုင်ကြတယ်လေ တိုက်ခိုက်နိုင်စွမ်းကလဲ အတော်ကိုကောင်းမွန်တယ်…ဒါ့အပြင် ကုန်ကြစရိတ်ကလဲ တော်တော်ကြီးကိုကွာခြားလွန်တယ်..ဒီလို၀ိညာဥ်လက်နက်မျိုးကိုဖန်တီးတာက အကုန်အကြတအားကြီးများလွန်တယ် ”

” နင်တော့သိမှာမဟုတ်ဘူး…ဒီစက်ကိရိယာကြီးက မြင်ရတာမကောင်းပေမဲ့ သူ့ရဲ့အဆင့်တစ်ခုချင်းဆီတိုင်းက မတူညီတဲ့ဗျူဟာတွေကို ထည့်သွင်းထားတယ်…ဒါ့အပြင် များပြားတဲ့သုတေသနပညာရှင်တွေအားလုံးက သူ့ကိုတီထွင်းမှုအပြည့်နဲ့ တိုးတက်အောင်လုပ်ထားတာ မတူညီတဲ့ပစ္စည်းတွေကိုလဲ ကြိုးစားကြည့်ပြီးပြီ သူတို့ရဲ့လုပ်ဆောင်ခဲ့တဲ့ အလုပ်ဖိအားတွေက အရမ်းကိုကြီးမားလွန်တယ်လေ နောင်နှစ်တစ်ထောင် နှစ်ထောင်လောက်မှာပဲ သူ့ကိုလက်နက်အဖြစ်သုံးနိုင်မယ်လို့ ငါထင်တာပဲ ”

ဟို့ယွိဟောင်ကတော့ ပုံမှန်အတိုင်းမေးလိုက်ပါတယ်။

” အစ်မကြီးကျွီးကျင့် ဒါတွေကဒီလိုသုတေသနလုပ်နေတာ ရည်ရွယ်ချက်ရှိတယ်များထင်လား ”

ကျွီးကျင့်ကတော့ တစ်ချက်လေးတောင် မတွေဝေပဲဖြေလိုက်ပါတယ်။

” ဒါပေါ့ သူ့ဟာနဲ့သူအရေးပါတာပဲလေ သုတေသနတွေဆိုတာက ငါတို့နေထိုင်တဲ့နှစ်ကာလနဲ့ ငါတို့ပတ်၀န်းကျင်တွေအားလုံးကို သက်ရောက်စေတဲ့ဥစ္စာတွေပဲ ”

” ဒီပစ္စည်းကိုကြည့်လိုက်ပါဦး ၀ိညာဥ်စက်ပစ္စည်းတွေအားလုံးက ခေတ်ရှေးပြေးနေရတယ်ထင်ရပေမဲ့ သူတို့တွေကိုဆက်ပြီ တိုးတက်အောင်လုပ်ဖို့အတွက် သုတေသနပြုတာက ခက်ခဲလာတယ်…အကယ်၍ ငါတို့သာ အခြေခံသုတေသနတွေအပေါ်မှာသာ ပိုပြီးအာရုံစိုက်မယ်ဆိုရင် သေချာပေါက် ၀ိညာဥ်စက်ပစ္စည်းတွေအားလုံးက အနာဂတ်မှာလူတိုင်းသုံးနိုင်တဲ့ပစ္စည်းဖြစ်လာရမယ်…ငါအမြင်အရ ၀ိညာဥ်စွမ်းအားကို အစားထိုးဖို့အတွက် သုတေသနကိုသေချာအာရုံစိုက်ဖို့လိုတယ်…အကယ်၍ ဒီလိုသာအာရုံမစိုက်ဘူးဆိုရင် ၀ိညာဥ်ပညာရှင်တွေသာ ဒီပစ္စည်းတွေကိုသုံးနိုင်လိမ့်မယ်…ဒီလိုမျိုးကန့်သတ်ချက်ရှိနေတာက ၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်မှုကိုသေချာပေါက် ထိခိုက်စေမှာပဲ ”

ကျွီးကျင့်က ဒီလောက်အထိပွင့်ပွင့်လင်းလင်းပြောလာမယ်လို့ ဟို့ယွိဟောင် မထင်ထားခဲ့မိပါဘူး။ သူ့စိတ်ထဲမှာ လေးစားစိတ်မှုအပြည့်နဲ့ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်အမြင်အရကိုလဲ မပြောဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။

” ဘာဖြစ်လို့ နင်ဘာမှမပြောတော့တာလဲ နင်ရဲ့နိုင်ငံကိုဒီပစ္စည်းတွေသုံးပြုပြီး တိုက်ခိုက်မှာစိုးလို့လား ”

ဟို့ယွိဟောင် တွေးနေတာကို ကျွီးကျင့်ကနားလည်သွားပုံပါပဲ။ ဒါကြောင့် သူခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” နည်းပညာဆိုင်ရာတိုးတက်မှုတွေအားလုံးက စစ်ပွဲအတွက် လောင်စာတွေဖြစ်လာစေတယ်…စစ်ကြီးသာစဖြစ်ပြီဆိုရင် ပြည်သူတွေက အဓိကထိခိုက်ကြရမဲ့သူတွေပဲ ”

ကျွီးကျင့်က သူ့ရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ရင်း ပြောလာခဲ့ပါတယ်။

” ဒီကိစ္စကိုငါလုံး၀နားလည်တယ်…ဒါကြောင့် မြန်ဆန်တဲ့နည်းပညာတိုးတက်မှုတွေက ကောင်းတဲ့ကိစ္စမဟုတ်နိုင်ဘူး…ငါရောဆရာရွှမ်ရောဒီအတွေးကို အတူတူပဲတွေးမိကြတယ်…နင်တော့သိနိုင်မှာမဟုတ်ဘူး…ဒါပေမယ့် ဆရာရွှမ်က လက်ရှိငါတို့မျိုးဆက်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲက အတော်ဆုံးသုတေသနပြုသူလို့ သတ်မှတ်ခံထားရတယ်….သူကနေလနိုင်ငံတော်တစ်ခုလုံးမှာတောင် ထိပ်တန်းတွေထဲက တစ်ယောက်ပဲလေ ဒါပေမယ့် သူ့ရဲ့တကယ်စွမ်းရည်အစစ်အမှန်ကို ဘယ်တုန်းကမှမထုတ်ဖော်ဖူးဘူး..သူ့ရဲ့သုတေသနတွေကို စစ်ပွဲအတွက် မသုံးစေချင်လို့ပဲ ဒါကြောင့် အားလုံးကလေးစားကြရတာ ”

” ဒါဆိုရင် ဆရာရွှမ်က သူ့ရဲ့သုတေသနတွေကို စစ်ပွဲအတွက်မပေးဘူးလို့ ပြောချင်တာလား ”

ဟို့ယွိဟောင် နောက်တစ်ကြိမ်လန့်သွားခဲ့ပါတယ်။

” အမှန်ပဲ နင်နေလနိုင်ငံတော်ကိုလာတဲ့အချိန်မှာ ငါတို့၀ိညာဥ်လက်နက်တွေရဲ့ သုတေသနတွေက တခြားနိုင်ငံသုံးနိုင်ငံထက် အများထက်ခေတ်ရှေးပြေးနေတာကို ခံစားမိနေတယ်မလား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

” အမှန်တကယ်တော့ ငါတို့ရဲ့ သုတေသနတွေက အဖက်ဖက်မှာရပ်တန့်နေတာကြာပြီ ငါတို့တွေ လွန်ခဲ့တဲ့ဆယ်စုနှစ်လုံးလုံးဘာမှမတိုးတက်နိုင်ခဲ့ဘူး…ဒါကြောင့်သာ လွန်ခဲ့တဲ့နှစ်တွေမှာ အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို ပေါ်လာတာမမြင်ရသေးတာပဲ တော်၀င်မိသားစုထဲမှာလဲ ဆက်တိုက်ပဋိပက္ခတွေက ဖြစ်နေတယ်…ဒါကြောင့်သာ အုပ်ချုပ်ရေးလူတန်းစားတွေက သင့်တော်မျှတအောင် မအုပ်ချုပ်နိုင်ကြဘူး…ငါတို့တွေပညာတွေကလဲသေချာပေါက် ရပ်တန့်နေတာပေါ့ ”

” လွန်ခဲ့တဲ့နှစ်တော်တော်ကြာတုန်းက နေလနိုင်ငံတော်ကြီးသုံးခုကနေ အနိုင်ယူခဲ့တယ်လေ ဒါကြောင့် ငါနေလနိုင်ငံတော်က နေလတိုက်ဆိုတဲ့ဂုဏ်ထူးကို ဖယ်ရှားခံလိုက်ရတာပဲ ”

သူ့ရဲ့အင်အားတွေအားလုံးကို ရင်းနှီးမြုပ်နှံပြီ ငါတို့ကိုတိုးတက်အောင်လုပ်ဖို့အတွက် ဆက်တိုက်ကြိုးစားနေတယ်..ငါတို့ရဲ့ တိုးတက်မှုက တခြားနိုင်ငံတွေထက် သာလွန်ကောင်းသာလွန်ပေမဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ တည်ရှိမှုက ငါတို့ကိုသတိလက်လွှတ်မပြုမိအောင် အမြဲထိန်းနေတဲ့ကိစ္စပဲ ”

” ဒါပေမယ့် ၀ိညာဥ်လက်နက်တွေသာ ဒီလိုဆက်ပြီတိုးတက်နေမယ်ဆိုရင် နိုင်ငံကနေကောင်းကောင်းအလုပ်လုပ်နေလိမ့်မယ်..ဒါကြောင့် တော်၀င်မိသားစုက ငါတို့ရဲ့ခုခံမှုကိုအရေးတကြီးလိုအပ်နေတာပဲဒါတွေကြောင့်သာ ငါတို့တွေက တိုက်ကြီးမှာ အတော်လေးအင်အားရှိနေရတာ လက်ရှိနိုင်ငံတော်ရဲ့ စည်းမျဥ်းတွေအရဆိုရင် တော်၀င်မိသားစုရဲ့အခြေအနေကစပြီပြောင်းလဲလာတယ်…နိုင်ငံတော်တစ်ခုလုံးမှာ ပျော်ရွှင်ရမဲ့နေ့ရက်တွေဆိုတာက ရှားပါးသွားပြီ ၀င်ငွေမညီမျှမှုကလဲ အတော်လေးကိုကြီးမားပါတယ်..ဒါ့အပြင် ပဋိပက္ခတွေဆိုတာက ချမ်းသာတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေကြားမှာ ဆက်တိုက်ဖြစ်နေသေးတယ်…အထူးသဖြင့် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ သာမန်လူတွေက ပညာသင်ချိန်ဆန္ဒပြပြီ ရုန်းရင်းဆန်ခတ်အထိအရုန်းတွေကလဲ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်…အခုအချိန် အုပ်ချုပ်ရေးလူတန်းစားတွေက ဘယ်လိုမျိုးလုပ်သင့်လဲဆိုတာကို နင်သိလား ”

ကျွီးကျင့်က ဟို့ယွိဟောင်ကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းကသာ ဒီမေးခွန်းကိုမေးလိုက်မယ်ဆိုရင်တော့ ဟို့ယွိဟောင်အနေနဲ့ ဘာမှပြန်ဖြေနိုင်မှာမဟုတ်ပါဘူး…ဒါပေမယ့် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကြောင့် သူလဲ အသိပညာတက်လာခဲ့တဲ့အတွက် ဒီတိုက်ကြီးရဲ့ နိုင်ငံရေးရဲ့သမိုင်းတွေကို သူနားလည်လာခဲ့ပါတယ်။

” စစ်ပွဲတစ်ခုက ငါတို့နိုင်ငံရဲ့ ပဋိပက္ခတွေအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်…ကျူးကျော်မှုတစ်ခုစပြီဆိုရင် နိုင်ငံတော်က ပဋိပက္ခတွေအားလုံးကို ဖြေရှင်းဖို့အတွက် အကြောင်းပြချက်ရသွားပြီလေ ဒါ့အပြင် နိုင်ငံကပိုပြီးတော့ နယ်ချဲ့နိုင်ဖို့အတွက်လူတွေကိုပိုပြီးကြွယ်၀တိုးတက်စေဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်ပေးလိမ့်မယ်…အောက်ခြေလူတန်းစားတွေကတော့ ဒီစစ်ပွဲတစ်လျှောက်မှာ အိမ်ခြေရာမဲ့တွေဖြစ်လာနိုင်သလို ချမ်းလဲချမ်းသာလာနိုင်ကြတယ်..ဒါ့အပြင် လူတွေကြားမှာရှိတဲ့ ပဋိပက္ခတွေကလဲ ယာယီဖြေရှင်းပြီသားဖြစ်သွားမှာပေါ့ အနည်းဆုံးတော့ ကြီးမားဆူပူအုံကြွမှုတွေ ဖြစ်လာမှာမဟုတ်တော့ဘူး ”

အပိုင်း ၁၆၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset