Switch Mode

Chapter – 38

Chapter – 38

ဝိညာဥ်အပျက်အစီး မှင်သက်အံ့ဩဖွယ် ကောင်းကင်ဂူမှ လှပသောနယ်မြေထဲသို့ ခြေလှမ်းတခါ ဝင်ရောက်ပြီးမှသာ ယဲ့ဖန်း၏ နှလုံးသားထဲမှ ​ကျမ်းစာပိုဒ်၏ ရေရွတ်သံက တိတ်ဆိတ်သွားတော့သည်။ ရှေးဟောင်းကျောက်တုံးလှေကားထစ်က ဆယ်ထစ်ကျော်သည်။ ထိုနေရာက အလွန်ထူးခြားသည်။ သို့သော် ယဲ့ဖန်းကမူ မရပ်တန့်ချေ။ မည်သူကမှလည်း သူ့ကို ခေါ်မတားချေ။
သူ၏အရှေ့တွင် ရန်လိုသော ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေပြီး လှပသော တောင်ထွတ်တစ်ခုရှိသည်။ အဝေးမှကြည့်လျှင် မီတာထောင်ကျော် မြင့်မားသောရေတံခွန်က မြင့်မားသော တောင်တန်းအောက်ခြေသို့ စီးဆင်းနေကြောင်း မြင်ရမည်ဖြစ်သည်။
ဖြူဖွေးနေသော ရေတံခွန်က စကြာဝဠာကြီးကို ပြောင်းပြန် ထောင်ထားသလို ထင်နေရပြီး မြင်းတစ်သောင်း ဒုန်းစိုင်းကာ ချီတက်လာသလို အသံမျိုးကိုလည်း ထုတ်လွင့်လာသည်။ ယင်းက အလွန်ခမ်းနားလွန်းသည်။
“ကောင်းကင်ဘုံလို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ဒီရှုခင်းတွေကတောင် အရမ်းကို ထူးခြားနေတာပဲ။ အပြင်လောကနဲ့ မယှဥ်နိုင်ပဲ သီးခြားသန့်စင်လွန်းတဲ့ နေရာတစ်ခုလိုပဲ။”
နေကာလမ်းကြောင်းကို လမ်းခင်းကျောက်တုံးများ အဖြစ် ခင်းကာ ရေတံခွန်ကို ကွေ့ပတ်လျက် တောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဦးတည်ထားခြင်းဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် ကောင်းကင်သို့ မိုးထိုးတက်နေသော ရှေးဟောင်းသစ်ပင်ကြီးများကိုလည်း မြင်နိုင်သည်။ သစ်ကိုင်းများက နဂါးများအလား သန်မာလွန်းလှသည်။ အချို့သော နေရာများဆိုလျှင် အပင်များကြားတွင် နန်းတော်ငယ်များကိုလည်း မြင်နိုင်သည်။ ထို့ကြောင့် ကြည့်ယုံဖြင့်ပင် သဘာဝဆန်ကာ လှပလွန်းနေသည်။
ရှေးဟောင်းလမ်း၏ တစ်ဖက်တစ်ချက်စီတွင် ကလေးတစ်ယောက်၏ လက်မောင်းလုံးမျှ တုတ်သော ဂျင်ဆင်းများစွာ ရှိသည့် စိုက်ခင်းမျိုးကိုလည်း မြင်ရသလိုသစ်ရွက်ကိုးရွက်ပါသော လင်ဇီးမှိုပင်များကိုလည်း မြင်နိုင်သည်။
ထို့အပြင် အမည်မသိရသော ဆေးပင်ပေါင်းများစွာကလည်း တလက်လက်တောက်ပကာ မျက်စိကျိန်းမတတ် ထင်ရှားနေသေးသည်။ ထိုဆေးပင်များ၏ မွှေးရနံ့က လေထုထဲတွင် ပြည့်နက်နေကာ စိတ်ကိုလန်းဆန်းစေသည်။
လမ်းတွင် တွေ့ရသော လူအများစုက ထိုအကြီးအကဲများကို ဂါရဝပြုသွားကြသည်။ သူတို့၏ ကောင်မလေးပေါ် အပြုအမူက အလွန်ရင်းနှီးကျွမ်းဝင်လွန်သည်။ ထိုသို့ဖြင့် ထိုကောင်မလေး၏ အဆင့်အတန်းကို သိနိုင်သည်။
ထိုကောင်မလေးကလည်း လူတိုင်းကို သေသေချာချာ နှုတ်ဆက်လိုက်သည်။ သူမက မမောက်မာချေ။ ဒီလိုငြိမ်းချမ်းသော ကောင်းကင်ဘုံတွင် သူမက ကျော့ရှင်းကြည့်ကောင်းကာ နတ်မိမယ်အလား ထင်ရနေသေးသည်။ အဆုံးတွင် သူမက ညင်သာသောလေပြည်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အနည်းငယ်တိုသော တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်ဆောင်သွားခံရသည်။ ထိုနေရာတွင် တဲအိမ်သုံးအိမ်မှ ငါးအိမ်အထိရှိပြီး ဝါးတောအုပ်က နှစ်ခုမှ သုံးခုအထိရှိသလို ဆေးစိုက်ခင်း တစ်ခုကလည်း အိမ်၏အရှေ့တွင် ရှိနေသေးသည်။ ထို့ပြင် သစ်ပင်အိုကြီးပေါင်းများစွာကလည်း အရှေ့နှင့် နီးကပ်စွာပင် ဆက်နွယ်နေသည်။
ထိုနေရာတွင် ကျောက်စိမ်းကျောင်းဆောင်များ နန်းတော်ကြီးများ မရှိသော်လည်း နေရာတိုင်းက သာမန်ဆန်ကာ ရိုးရှင်းနေသည့်တိုင်အောင် အလွန်အမင်း သဘာဝကျကာ ငြိမ်းအေးသော ခံစားချက်မျိုးကို ထုတ်ပေးနေသည်မှာ လောက၏ပူပန်မှုများ ကင်းလွတ်သော သန့်စင်နယ်မြေအလား ထင်ရသည်။ ထိုအခြေအနေက လူတစ်ယောက်၏ စိတ်ဝိညာဥ်ကို သန့်ရှင်းပေးနိုင်သလို စိုးရိမ်ပူပန်မှုများကိုလည်း ဖယ်ရှားပေးနိုင်သည်။
“မင်းတို့တွေ အခုစပြီး ဒီမှာ နေနိုင်တယ်။” ​
အကြီးအကဲက သတိပေးချက် အချို့ကိုပြောပြီးနောက် ထွက်ခွာသွားသည်။ အတူခေါ်လာသော ကျောင်းသားတစ်ယောက် ရှိသော်လည်း ထိုလူကမူ ယဲ့ဖန်းတို့နှင့် အတူမနေရချေ။ သူကမူ အခြားတစ်နေရာသို့ ခေါ်သွားခံရသည်။
နေ့လယ်ရောက်သောအခါ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် လူငယ်တစ်ယောက်က စားစရာများထည့်ထားသည့် ဝါးတောင်းလေးကို ယူလာပြီးနောက် သူတို့ကိုပေးသည်။ စားစရာက ရိုးရှင်းသည်။
ထို့အပြင် ပေါ့ပါးသည်။ စီးဝေါ၊ ဖော်ရီယာ (မှိုတစ်မျိုး)၊ ထျန်းမာနှင့် အခြားသော ဆေးပင်များဖြစ်သည်။
“ဒါက စားလို့ရရဲ့လား။ ဘာလို့ ကျိတ်ထားတဲ့ အစားအစာ မပါတာလဲ။ အရင်နှစ်ရက်လုံးလုံး ငါတို့ အသီးတွေပဲ စားပြီး စမ်းရေပဲ သောက်ထားရတာ။ အခု ဒါတွေကို ဆက်စားနေရဦးမယ်။ ငါတို့ရဲ့ ပါးစပ်ကတော့ ဒီတောင်ပေါ်က ကျဆင်းနေတဲ့ ရေတံခွန်လိုပဲ အရသာခံနိုင်စွမ်းအား မဲ့သွားတော့မယ်။”
စားစရာများတွင် ဆီနှင့်ရေများ မပါသော်လည်း ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ကုန်အောင် စားလိုက်ကြသည်။ သစ်ရွက်ပင် မချန်ထားခဲ့ကြချေ။
“မင်း ငါတို့ကို ကြက်လေးများ ကင်ပေးလို့ မရဘူးလား။ ကြက်ကင်လေးများ ပို့ပေးလို့ မရဘူးလား။”
သူတို့နှစ်ယောက်၏ ထိုသို့သော အနေအထားမျိုးကို မြင်ရသောအခါ အစားအစာ လာပို့သော ကောင်ကလေးက ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် ပြောသည်။
” မရ … မရဘူး။ ကောင်းကင်ဘုံမှာ ဒီလိုစားစရာမျိုးကို မချက်ပါဘူး။ မင်းတို့နှစ်ယောက် မဝသေးရင် ငါ ထပ်ပြီး ပို့ပေးနိုင်ပါတယ်။”
“ဘာလို့ဒီမှာ အသားတွေ မရှိရတာလဲ။ အဲ့ဒီ သရဖူနီနဲ့ ကြိုးကြာတွေနဲ့ သမင်ဖြူတွေ အများကြီး ရှိတယ်မဟုတ်လား။ နောက်ပြီး အမည်မသိရတဲ့ ရှားပါးတဲ့ငှက်တွေနဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ သားရဲတွေလည်း အများကြီးပဲ။ တစ်ကောင် နှစ်ကောင်ကို ကင်တာက မလောက်ဘူးလား။ ငါ့အထင် သရဖူအနီနဲ့ ကြိုးကြာတွေက အတော်လေးဝနေတာပါ။”
စားစရာ လာပို့သော လူငယ်ကမူ ကြောက်လွန်းသဖြင့် မြွေကို မြင်ရသလို အသားကုန် ထွက်ပြေးသွားသည်။ သူက ဒီနှစ်ယောက်ကို မရှောင်နိုင်မည်ကို စိုးရိမ်ရသည်။
“ကြည့်ရသာ ဒီလို အမ္မတဂိုဏ်းတွေကို ဝင်မိတာမှာ ပျော်စရာမကောင်းဘူးပဲ။ နေ့ရက်တွေက အတော်ခက်ခဲတော့မှာပဲ။ ငါတို့ အသားတောင် မစားရဘူး။ အနာဂတ်မှာ ဘယ်လိုများ ရှင်သန်ရမှာလဲ။”
ဖန်းပေါ်က အထွတ်တက်သည်။
ယဲ့ဖန်းကလည်း အလွန်ဆာနေသည်။ ထိုအချိန်တွင် သူက ကြက်ကင်ကို စားချင်နေသည်။ ထို့အပြင် သူကပုခုံးသားကိုလည်း စုတ်ဖြဲကာ စားချင်နေသလို ဝိုင် တစ်ဗူးကိုပင် သောက်ချင်နေသေးသည်။
နောက်ဆယ်ရက်ကျော်အထိ လူအိုကြီးများက ပေါ်မလာချေ။ ထို့အစား အစားအစာလာပို့သော ကောင်ကလေးနှင့်သာ တဖြည်းဖြည်း ရင်းနှီးလာသည်။ သူတို့က စကားပြောနေရင်းမှ ယဲ့ဖန်းနှင့် ဖန်းပေါ်ကလည်း ရှေးခေတ်တရုတ်ဘာသာစကားကို တဖြည်းဖြည်း ကျင့်သားရလာသည်။
ထိုကောင်ကလေးက သူတို့ကို အလွန်မနာလို ဖြစ်နေသည်။ ဂိုဏ်ထဲသို့ဝင်လာသော အခြားသော တပည့်ဂိုဏ်သားများက ဝင်ရောက်ခါစဆိုလျှင် ကိုယ်ပိုင် သီးသန့်နေထိုင်စရာ မရှိကြောင်း ဆိုသည်။ သူတို့အနေဖြင့် ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်က တိကျ သေချာသော အဆင့်တစ်ခု ရောက်မှသာ ကိုယ်ပိုင် ဂူ တူးကာ နေရသည်။
“ဒီနေရာမှာ တဲအိမ်သုံးခုကနေ ငါးခုအထိ ရှိနေတာဆိုတော့ ဂူဆိုတာကလည်း ကိုယ်ပိုင်နေရာတစ်ခုလို့ သတ်မှတ်နိုင်တာပေါ့။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့ကလည်း ထိုလူငယ် ယူလာပေးသော ဝတ်စုံများကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။ သူတို့၏ ဆံပင်က တိုနေခြင်းမှ လွဲပြီး မည်သည့်အခြေအနေမှ ခြားနားနေခြင်း မရှိချေ။
“မင်း အဲ့လိုပြောလို့မရဘူး။ ဒီတောင်တန်းဝန်းကျင်က အရာတွေအားလုံးက မင်းတို့နှစ်ယောက် အပိုင်ပဲလေ။ မင်းတို့မှာသာ စွမ်းရည်ရှိရင် ကြိုက်တဲ့နေရာမှာ ဂူ တူးလို့ရတာပဲလေ။”
“ဒီတောင်တန်းတစ်ခုလုံးက ငါတို့အပိုင်ဆိုကတည်းက ငါတို့က သမင်နဲ့ ကြိုးကြာနှစ်ကောင်လောက် ကင်လိုက်ရင် ဘယ်သူမှ မပြောနိုင်တော့ဘူးပေါ့ ဟုတ်လား။”
လူငယ်လေးကမူ သူတို့၏စကားကို ပြန်မဖြေရဲချေ။ ထိုနှစ်ယောက်က ခေါင်းမာလွန်းသည်ဟု ခံစားရသည်။ သူတို့၏ အတွေးများက သာမန်လူများ၏ အတွေးများနှင့် ကွာခြားနေသည်။
“မကြောက်ပါနဲ့။ ငါတို့က အလျင်စလို မလုပ်ပါဘူး။ အခု ငါ့ကို ပြောပါဦး။ ကျင့်ကြံတယ်ဆိုတာက ဘာလဲ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ထိုအချက်ကို အလွန်စိုးရိမ်နေ၏။ သူတို့ကလည်း ထိုအခြေအနေကို နားမလည်ထားသေးချေ။ ဒုက္ခဆင်းရဲပင်လယ် နတ်တံတားနှင့် ပါရမီရှင် နယ်မြေများအကြောင်း မကြာခဏ ကြားနေရသော်လည်း ထိုအရာများက မည်သည့်အရာများဖြစ်ကြောင်း မသိကြ​သေးချေ။။
လူငယ်က ခေါင်းကိုခါပြီးနောက် မည်သည့်စကားမှ မပြောတော့ချေ။ သူက သိပ်မကြာခင်ကမှ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူသို့ ဝင်လာသောသူဖြစ်လေရာ များများစားစားလည်း မသိထားသေးချေ။
“ကြည့်ရတာ မင်းတို့တွေ စိတ်မရှည်ကြတော့ဘူးပဲ။”
ထိုအချိန်တွင် ဆံပင်ဖြူနှင့် သာမန်ဖျင်ထည်ကိုသာ ဝတ်ဆင်ထားသော လူအိုကြီး တစ်ယောက်က ပေါ်လာသည်။ သူက သူ၏အင်္ကျီထည်က လေတွင်ခါယမ်းနေပြီး ခြေထောက်က မြေပြင်ကိုပင် မထိချေ။ သူက တဲအိမ်ရှေ့သို့ လေကို စီးနှင်းလာကာ ချက်ချင်းလိုလို ရောက်လာသည်။ သူက သူ့ကို ဂါရဝပြုသော လူငယ်ကို ခေါင်းငြိမ့်ပြလိုက်သည်။
“မင်း သွားလို့ရပြီ။”
“ခင်များက…”
ဖန်းပေါ်နှင့် ယဲ့ဖန်က ထိုလူကို မမှတ်မိချေ။ ထိုလူက အမ္မတတစ်ယောက်နှင့်တူသည်။
“ငါက ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက အကြီးအကဲပဲ။ ငါ့ရဲ့နာမည်က ဝူချင်ဖုန်းပဲ။ ငါ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး တပည့်ဂိုဏ်းသားတွေကို သင်ကြားပေးခဲ့တာ။”
“တွေ့ရတာ ဝမ်းသာပါတယ် အဖိုးကြီး။”
“ယဥ်ကျေးနေဖို့ မလိုပါဘူး။”
“အဖိုးကြီး ခများကျွန်တော်​တို့ရဲ့ အစားအသောက်တွေကို မြှင့်ပေးလို့ရမလား။ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့က မကျင့်ကြံခင် အမ္မတတွေဖြစ်သွားလောက်တယ်။ ဒီစားစရာတွေက ဘာအရသာမှ မရှိဘူး။ နောက်ပြီး ဒီလိုအရွက်တွေပဲ စားတာက ကျွန်တော်တို့ကို ဒုက္ခများစေတယ်။ နှံကောင်တွေကိုမြင်တာတောင် ကျွန်တော်တို့ကို သရေကျနေစေပြီ။”
ဖန်းပေါ်က တစ်ကြိမ်ပြီး တစ်ကြိမ် အထွတ်တက်သည်။
ဝူချင်ဖုန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေသေးသည်။ သူက ပြောသည်။
“လောကမှာ လောဘတွေက အများကြီးပဲ။ ပထမဦးဆုံး ဒီလိုကောင်းချီးပေးခံရတဲ့ ကောင်းကင်ဘုံတစ်ခုကို ဝင်ရောက်လာရတဲ့ အချိန်မှာ အရင်ဦးဆုံး စိတ်ကိုရှင်းလင်းပြီး အခြားစိတ်တွေ အားလုံးကို ဖြတ်တောက်ဖို့ လိုအပ်တယ်။ ကိုယ်က အာသီသကိုတောင် မရှင်းထုတ်နိုင်ရင် ကျင့်ကြံခြင်းလမ်းကြောင်းက အမျိုးမျိုးသော စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်။”
ဖန်းပေါ်ကမူ ဘာပြောရမှန်း မသိတော့ချေ။ ယဲ့ဖန်းအတွက်ကမူ အစောပိုင်းကတည်းက ကောင်းကင်ဂူများသို့ မဝင်ရန် ဆုံးဖြတ်ထားလေရာ ကိစ္စမရှိချေ။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့တွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။ သို့သော် ယဲ့ဖန်းကမူ မေးရန် မသင့်တော်ချေ။ ဖန်းပေါ်ကမူ ဒီနေရာ၏ တပည့်ဂိုဏ်းသား အစစ်ဖြစ်သောကြောင့် မေးရန် ပို၍ သင့်တော်သည်။ လူအိုကြီး ဝူချင်ဖုန်းက သူတို့ကိုလည်း ဝင်ထိုင်ခိုင်းသည်။ ထို့နောက် သူက တဲအိမ်လေးအရှေ့တွင် သစ်သားခုံကို ယူကာ ဝင်ထိုင်လိုက်ပြီးနောက် မေးခွန်းအမျိုးမျိုးကို စမေးတော့သည်။ သူတို့ကလည်း ကျင့်ကြံခြင်းအ​ကြောင်း ဘာမှမသိထားမှန်း သူက သိသည်။
“ကောင်းကင်က ကြည်လင်တယ်လို့ ထင်လား။’
ယဲ့ဖန်းကလည်း လူအိုကြီးက မည်သည့်အတွက်ကြောင့် ထို့သို့မေးကြောင်း မသိချေ။ သို့သော် လူအိုကြီးက သူကို ကြည့်​နေကြောင်း မြင်သဖြင့် ဖြေလိုက်ရသည်။
“ကောင်းကင်မှာ ဘာတိမ်မှ မရှိဘူး။ ဒီတော့ အပြာရောင်ကောင်းကင်ကြီးက ကြည်လင်နေတာပေါ့။”
” မှားတယ်။ အဲ့ဒီမှာ အဆုံးအစမဲ့တဲ့ ဖုန်တွေကြည့်ပဲ။”
ဝူချင်ဖုန်းက လက်ဝါးဖြန့်ပြသည်။
“ငါ့ရဲ့ လက်နဲ့လက်ချောင်းတွေရဲ့ နေရာလွတ်ထဲမှာတောင် အဆုံးအစမဲ့တဲ့ ဖုန်မှုန့်တွေ ရှိနေတယ်။”
“ဘာ ဘာကို ဆိုလိုတာလဲ။”
ဖုန်းပေါ်က စိတ်ရှုပ်ထွေးသွားသည်။
ဝူချင်ဖုန်းက အမ္မတအိုကြီး တစ်ပါးလို တည်ငြိမ်နေသည်။ သူက ဆက်မေးသည်။
“ဒီအဆုံးအစမဲ့တဲ့ ဖုန်တွေက ဘာတွေလို့ထင်လဲ။”
“ဘာဖြစ်ရမှာလဲ။ ဖုန်ပေါ့။”
“ဟုတ်တယ် ဖုန်ပဲ။ ဒါပေမဲ့ ဖုန်လည်း မဟုတ်ဘူး။”
လူအိုကြီးက တည်ငြိမ်စွာပြောသည်။
” ဖုန် ဆိုတာတော့ နားလည်ပါတယ်။ ဖုန် မဟုတ်ဘူးဆိုတာကိုတော့ နားမလည်ဘူး။”
ဖန်းပေါ်က ပြန်မေးသည်။
“လောကပါပဲ။ ကျယ်ပြောတဲ့ လောကကြီးပေါ့။”
အကြီးကဲ ဝူချင်ဖုန်းက သဘာဝအလျှောက်ပင် အလွန်တည်ငြိမ်နေသော လေသံမျိုးဖြင့် ရှိနေသည်။
“ကျယ်​ပြောတဲ့လောက ဟုတ်လား။ ခင်ဗျား နောက်နေတာလား။”
ဖန်းပေါ်က ကြောင်တောင်တောင် ဖြစ်သွားပြန်သည်။
“အနာဂတ်မှာ ဒီဖုန်ဆိုတာကလည်း လောက။ မြက်ဓားတစ်လက်ကလည်း လောက။ သစ်ပင်တွေကလည်း လောကဆိုတာကို နားလည်လာပါလိမ့်မယ်။”
“ခင်ဗျား တည့်တိုး ပြောလို့ ရမလား။ ကျွန်တော် ကောင်းကင်ဘုံ ကျမ်းစာတစ်ခုကို ဖတ်နေရသလိုပဲ။ စကားလုံးတွေက အဆင့်မြင့်လွန်းတော့ နားမလည်နိုင်တော့ဘူ၏။”
ဝူချင်ဖုန်းက ထိုင်လျက် ပြုံးသည်။
“ဒီနေ့ ဒီအကြောင်းအရာကို ပြောကြစို့။ အရင်ဆုံး ငါမင်းတို့ကို ဒီနေရာလောကက အဆုံးစမဲ့တဲ့ ဖုန်မှုန့်တွေအကြောင်းကို ပြောပြချင်လို့ပဲ။ ဒီ ဖုန်မှုန့် တစ်ခုချင်းစီတိုင်းက လောကတစ်ခုစီဖြစ်တယ်။ လောကတစ်ခုစီအဖြစ် တည်ရှိနေတယ်။ ရိုးရှင်းစွာဖြင့် ငါတို့ရဲ့ ခန္ဓာကိုယ်ကလည်း ဒီလိုပဲ။ ငါတို့ ဘာကိုမှ မမြင်နိုင်ဘူး။ ဒါပေမဲ့ အဆုံးအစမဲ့တဲ့ တံခါးပေါက်တွေရှိနေတယ်။ ဒါပေမဲ့ ဒါက ဖုန်မှုန့်တွေလိုပဲ။ မရေမတွက်နိုင်အောင် များပြားတဲ့ တံခါးပေါက်တွေက သေးငယ်တဲ့ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေပြီး ဒီတံခါးပေါက်တွေကို ဆက်တိုက်ဖွင့်နိုင်သမျှ အဆင့် ကျင့်ကြံခြင်းလမ်းစဥ်ဆိုတာကို ရှာတွေ့နိုင်လိမ့်မယ်။”
ဝူချန်ဖုန်းက ရှေးဟောင်း ရေတွင်းကြီးလို အလွန်တည်ငြိမ်နေသည်။ သူက သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ အံ့အားသင့်မှုများကို မြင်ရသောအခါ ဆက်မေးသည်။
“အခု ကျင့်ကြံခြင်းဆိုတာ ဘာလဲဆိုတာ နားလည်ပြီလား။”
“ကျွန်တော့် အထင် နည်းနည်း နားလည်သွားပြီ။”
“ကောင်းပြီ။ အနာဂတ်မှာ တဖြည်းဖြည်းချင်း နားလည်လာပါလိမ့်မယ်။ အခု ငါ မင်းတို့ကို ဒုက္ခဆင်းရဲပင်လယ် အကြောင်းကို ပြောပြမယ်။ လောကမှာ မရေမတွက်နိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ ဒါပေမဲ့ အားလုံးရဲ့ ဦးတည်ထားတဲ့ လမ်းကြောင်းက ထာဝရ ရှင်သန်မှုပဲ။”
“အကြီးအကဲ အကြီးအကဲ ဒီတစ်ကြိမ်အနေနဲ့ အသေးစိတ်ပေးလို့ ရမလား။”
ကျင့်ကြံခြင်း လမ်းစဥ်သို့ သူတို့က အစစ်အမှန် လျှောက်လမ်းနေသောသူများ မဟုတ်သေးသော်လည်း ယဲ့ဖန်းနှင့် ဖန်းပေါ်တို့ကလည်း အချိတ်အဆက်က အရေးကြီးဆုံးဖြစ်ကြောင်း နားလည်နေကြသည်။
“ဒီလောကက အရာအားလုံးက သက်တမ်းကြီးရင့် ရတယ်။ တစ်ချို့သူတွေက ဒီလောကမှာ ထာဝရ ရှင်သန်နိုင်ကြတယ်။ အချို့ကတော့ မနက်ခင်းမှာတင် သေသွားကြတယ်။ မျက်စိတစ်ခပ် အချိန်အတွင်း မည်သူမဆို သေနိုင်တယ်။”
“အကြီးအကဲ အကြီးအကဲရဲ့ စကားတွေက ဘာလို့ ဒီလောက်တောင် အဆင့်မြင့်နေတာလဲ။ တကယ်ပဲ ဘာကို ပြောချင်နေတာလဲ။”
လူအိုကြီးကလည်း သူ၏စကားကို ဖြတ်ပြောသည့်အတွက် အပြစ်မတင်ဘဲ သိပ်မဝေးသော နေရာမှ သစ်ပင်အိုကြီး တစ်ပင်ကို လက်ညှိုးထိုးကာ ပြောသည်။
“သူက သက်တမ်း ဘယ်လောက်ရှိပြီလဲ သိလား။”
“ဒါပေါ့ သူ သက်တမ်း ဘယ်လောက် ရှိရှိ အခုချက်ချင်း ခုတ်လှဲလိုက်လို့ရတယ်။”
“အဲ့ဒီလိုပဲ။ အချိန်က ရက်စက််တယ်။ သူက ဘာမဆို သဲလွန်စ မကျန်အောင် လုပ်နိုင်သလို သဲလွန်စတွေကိုလည်း ချန်ထားပေးခဲ့နိုင်တယ်။ သစ်ပင်တွေက ဒီလောက်ကြာရှည်အောင် ရှင်သန်နိုင်ရင် ငါတို့ရဲ့ ခန္ဓာကိုယ်တွေမှာလည်း ကြာရှည်စွာ ရှင်သန်နိုင်တယ် ..။ သစ်ပင်တွေမှာ အသက်စက်ကွင်းရှိရင် ငါတို့ရဲ့ခန္ဓာကိုယ်တွေမှာလည်း အသက်စက်ကွင်းရှိတယ်။
အပိုင်း (၃၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset