Switch Mode

Chapter – 37

Chapter – 37

ထိုအချိန်တွင် ယဲ့ဖန်း၏ အဖွဲ့ထဲတွင် ဆယ့်လေးယောက်သာ ကျန်တော့သည်။ အားလုံးက သေကုန်ကျလေပြီ။ ယဲ့ဖန်းကဲ့သို့ ထိုသို့ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံရှိသည့် အခြားသောဆယ်နှစ်ယောက်ကို အညီအမျှ ခွဲဝေလိုက်ကြပြီး ကောင်းကင် ဂူ တစ်ခုစီက နှစ်ယောက်စီ ခေါ်သွားခဲ့ကြသည်။
ကျိုးရင်၊ လင်းကျားနှင့် အခြားသူများက မငြင်းဆန်ကျချေ။ သူတို့ကလည်း ထိုအကြီးအကဲများ၏ စကားအတိုင်း ဒါက သူတို့အတွက် အခွင့်အရေးဖြစ်ကြောင်း သိလိုက်ကြသည်။
နောက်ဆုံးတွင် ယဲ့ဖန်းကသာ ကို့ယို့ကားယား အနေအထားတွင် ရှိနေသည်။ အစပိုင်းတွင် သူကို မြင့်မားစွာ တွေးတောထားသော်လည်း ယခုမူ မည်သူကမှ သူ့ကို ဂရုမစိုက်ကြတော့ချေ။
” ယဲ့ဖန်းကို ခင်များတို့နဲ့အတူ မခေါ်သွားရင် ကျွန်တော်လည်း မလိုက်နိုင်ဘူး။”
ထိုအချိန်တွင် အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်ခန့်သာရှိသော ဖန်းပေါ်က ထိုသို့သော စကားလုံးများကို ထုတ်ပြောလာသည်။
“အဆိုးဆုံးမှ အဆိုးဆုံး ဖြစ်လာရင် ကျွန်တော် ယဲ့ဖန်းနဲ့ သေမျိုးလောကကိုပဲ သွားလိုက်မယ်။”
ဝိညာဉ်အပျက်အစီး ကောင်းကင်ဂူမှ အကြီးအကဲများ ထဲမှ တစ်ယောက်က ရှင်းပြသည်။
“ကောင်းကင်ဂူတွေမှာ သေမျိုးတွေ မရှိဘူး။ ဒီတော့ သေမျိုးတွေကို ပူးပေါင်းခိုင်းတာ မကောင်းလောက် ဘူး။”
ယဲ့ဖန်းကလည်း နားလည်သည်။ သူက ဂရုစိုက် တွေးတောကြည့်ပြီးနောက် အဖြစ်အပျက်များ အားလုံးကို တွေးတောလိုက်နိုင်သည်။ ကောင်းကင်ဂူမှာ ကျင့်ကြံသူများ ပြည့်နေလေရာ သူ့လို သေမျိုးတစ်ယောက်က သေခြင်းတရားကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူက ဖန်းပေါ်၏ အကူအညီ ရှိလျှင်ပင် ဒါက ရေရှည် ဖြေရှင်းချက် မဟုတ်သေးချေ။ အနာဂတ်မှ ပြဿနာများကိုလည်း ရှောင်ရှားနိုင်မည် မဟုတ်လောက်ချေ။
“ဖန်းပေါ် မင်း သူတို့နဲ့ လိုက်သွားလိုက်ပါ။ ငါကောင်းကင်ဂူတွေကို မဝင်တော့ဘူး။ ငါ ရိုးရိုးရှင်းရှင်းပဲ သာမန်သေမျိုးတစ်ယောက် လုပ်တာက ပိုကောင်းလောက်ပါတယ်။”
“မဟုတ်ဘူး။ ငါ မင်းကို ငါနဲ့ ရအောင်ခေါ်သွားရမယ်။”
ဖန်းပေါ်က ခိုင်မာစွာ ပြောသည်။
” ကောင်းပြီ။ ငါတို့ ယဲ့ဖန်းကို ခေါ်သွားပေးမယ်။”
ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ အကြီးအကဲများက ဖန်းပေါ်ကို ရန်ငြိုးမထားစေချင်သဖြင့် ယဲ့ဖန်းကိုသာ လိုက်ရန် ပြောလိုက်သည်။
“နေဦး။”
ယဲ့ဖန်းက ပျော်ရွှင်ဟန်မပြဘဲ တည်ငြိမ်စွာဖြင့်သာ ပြောသည်။
“ကျွန်တော်က ဘယ်ကောင်းကင်ဂူကိုမှ မဝင်ဘူးလို့ ပြောထားပြီးသား။ ဒီတော့ အခုလို ကြင်နားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
“ယဲ့ဖန်း ဒါက အခွင့်အရေးနော်။”
ဖန်းပေါ်က အလျင်စလိုဖြင့် ဖြောင်းဖြသည်။
ယဲ့ဖန်းက ခေါင်းခါပြီး ပြောသည်။
“မင်းငါ့ကို ဖြောင့်ဖြပေးဖို့ မလိုပါဘူး။”
သူက ယခုလေးတင် သေချာစဥ်းစားပြီးလေပြီ။ သူက ထိုကောင်းကင်ဂူထဲသို့ ဝင်လိုက်သည်နှင့် ပြဿနာပေါင်းများစွာကို ကြုံရနိုင်ကြောင်း သိထားသည်။ ပို၍ဆိုးသည်မှာ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ လူများကလည်း သဲလွန်စပြပြီး ဖြစ်သည်။
“မင်း မသွားရင် ငါလည်း မသွားတော့ဘူး။”
ဖန်းပေါ်က အလွန်သစ္စာရှိသည်။ မည်သို့ပင်ဆိုစေ ယဲ့ဖန်းကို တစ်ယောက်ထဲ မချန်ထားခဲ့နိုင်ချေ။
ယဲ့ဖန်းက ပြုံး၍ ပြောသည်။
“ငါ အခုထဲက မင်းကို စောင့်ကြည့်နေမယ်။ မင်းကောင်းကောင်း ကျင့်ကြံထား။ အနာဂတ်ကျရင် ငါမင်းကို မှီခိုပြီး အကူအညီတောင်းရတာမျိုးတွေတောင် ရှိနိုင်သေးတယ်။ ဥပမာ မင်းသမီးတွေ၊ နတ်မိမယ်တွေ၊ နတ်ဘုရားမတွေ၊ သူတော်စင်မတွေ အတွက်ပေါ့။ ဒီတိုင်း ငါ့ကို နည်းနည်းလောက်ပဲ ပေးလေ။ ငါက ချေးမများတက်ပါဘူး။”
ဖန်းပေါ်က မျက်လုံးလှန်သည်။ ကောင်းကင်ဂူမှ ကျင့်ကြံသူများက ထူးဆန်းသော အမူအရာ ဖြစ်သွားကြသည်။ အမျိုးသမီး ကျင့်ကြံသူ တစ်ချို့က သူ့ကို ဆိုးယုတ်စွာ စိုက်ကြသည့်သည်။
“ယဲ့ဖန်း မင်း ငါနဲ့ လိုက်ခဲ့သင့်တယ်။”
ဖန်းပေါ်က ဆက်လက်ပြီး အကြံပေးနေလေသည်။
“ငါ မင်းနဲ့ တကယ်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ငါကယာယီအားဖြင့် ဧည့်သည့်တစ်ယောက် အဖြစ်ပဲ နေချင်တယ်။ အဲ့ဒီနေရာကို မဝင်ချင်ဘူး။ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက လူတွေ ခွင့်ပြုပါ့မလားဆိုတာ မသေချာဘူးလေ။ ”
ယဲ့ဖန်းက ရုတ်တရက် ပြုံးလိုက်သည်။ သူက ထာဝရရှင်သန်သော လမ်းကြောင်းမှာ ပြတ်တောက်သွားလေသည်။ ဒီအခွင့်အရေးကို ယူပြီး ဝိညာဥ်အပျက်အစီးကောင်းကင်ဘုံသို့ ဝင်လိုသည်။ သို့သော် ထိုဂိုဏ်းနှင့် မချည်နှောင်လိုချေ။
“ကောင်းပြီလေ။ မင်း လိုက်ချင်ရင် ရတယ်။”
ဖန်းပေါ်က ချက်ချင်းလိုလို ပျော်သွားသည်။ ယဲ့ဖန်းက သွားရန်ဆန္ဒရှိသမျှ သူက သူ့ကို ထိုနေရာတွင် နေနိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ လူများကိုလည်း ကြည့်လိုက်သည်။
“ကောင်းပါပြီ။”
အကြီးအကဲများက ခေါင်းငြိမ့်ပေးကြသည်။
ယဲ့ဖန်းတို့က ထိုသို့ဖြင့် လမ်းခွဲလိုက်ကြသည်။ ရှေ့မှ လမ်းက မသေချာသေးချေ။ ထို့ကြောင့် လူတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။ တစ်ချိန်ထဲတွင်လည်း မျှော်လင့်ချက် ထားမိကြသည်။ သူတို့က နောက်ဆုံးအကြိမ်အဖြစ် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြပြီး နောက်နှစ်မှ ပြန်တွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် ယဲ့ဖန်က အနည်းငယ် ထူးထူးဆန်းဆန်း သံသယဝင်နေသေးသည်။ သူ၏အနာဂတ်က မျှော်လင့်ချက် မရှိသလို သူကလည်း လူတိုင်းနှင့် ခြားနားနေသေးသည်။ တစ်ယောက်ယောက်က နောက်နှစ်ပြန်တွေ့မည်ဟု လာပြောလိုက်သည့်တိုင်အောင် သူက လူတိုင်း၏ ရှေ့တွင်ပေါ်လာနိုင်မည့် ကိစ္စက မသေချာချေ။ ထို့ကြောင့် လူတိုင်းက သူကို ကြည့်သောအခါ ထူးဆန်းသောမျက်နှာထားများ ဖြစ်နေကြသည်။ အဆုံးတွင် သူတို့အားလုံးက တိတိကျကျ နောက်နှစ်တွေ့ဆုံရန်ပြောကာ နှုတ်ဆက်လိုက်ကြသည်။
“ယဲ့ဖန်း ဒါက နင့်အတွက်။”
ထိုအခါတွင် လျိုယီယီက သူမ၏လက်မှ ပုတီးကို ပေးလိုက်သည်။ ထို့နောက် သူက မငြင်းဆန်နိုင်ခင် ထွက်ခွာသွားခဲ့သည်။
“တကယ်တော့ သာမန်လူဖြစ်တာပဲ ကောင်းပါတယ်။ နင် တစ်ဘဝလုံး ပျော်ရွှင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးတယ်။”
လီရှောင်းမန်က ထိုသို့ပြောသည်။ ထိုသို့ပြောပြီးသည်နှင့် သူမက သူကို တစ်ချက် စူးစိုက်ကြည့်ပြီးသည်နှင့် နောက်သို့လှည့်ကာ ထွက်သွားသည်။
“ယဲ့ဖန်း အနာဂတ်မှာ နင် အတော်ဆုံး စွမ်းအားအကြီးဆုံး လူတစ်ယောက်ဖြစ်လာပါစေလို့ ငါ ဆုတောင်းပေးတယ်။ ငါ ယုံပါတယ်။ နင့်ရဲ့စွမ်းရည်နဲ့ဆိုရင် နင်က သေချာပေါက် သေမျိုးလောကမှာ ပျော်ရွှင်စရာကောင်းတဲ့ လောကတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် လင်းကျားက ထွက်သွားသည်။
သိပ်မကြာခင် ကျိုးရင်နှင့် ဝမ်ကျစ်ဝမ်တို့ကလည်း လာရောက် နှုတ်ဆက်ကြသည်။
“တကယ်တော့ သာမန်လူဖြစ်တာက ကံကောင်းမှု တစ်မျိုးပါပဲ။”
ကျိုးရင်က ဖျော့တော့စွာ ပြုံးပြီးနောက် ပုခုံးကို ခပ်သာသာပုတ်သည်။
“ဘာမှ စိတ်ဓာတ်ကျစရာ မရှိဘူး။”
ယဲ့ဖန်းကမူ မည်သို့မှ မခံစားရချေ။ သူက ဖျော့တော့စွာ ပြုံးလိုက်သည်။
“အနာဂတ်မှာ ဘယ်လိုဖြစ်မလဲ ဘယ်သူက သိမှာလဲ။”

တစ်ခဏခန့် ကြာပြီးနောက် သက်တန့်ရောင်စဥ် တိမ်စိုင် ဆယ်ခုကျော်က ကောင်းကင်သို့ ထိုးတက်သွားပြီး တစ်ခုပြီးတစ်ခု ​ပျံသန်းသွား၏။ အဝေးသို့ ရောက်ကာအမှုန်အဖြစ် ပြောင်းလဲပျောက်ကွယ် သွားသည်။ ထိုသို့ဖြင့် လူတိုင်းက နှုတ်ဆက်ပြီးသွားကြလေပြီ။
တစ်ခြားသော လူများအားလုံးက ထွက်ခွာသွားကြပြီးနောက် ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ အကြီးအကဲအချို့နှင့် ဖန်းပေါ်နှင့်ယဲ့ဖန့်ကသာ ကျန်ခဲ့သည်။
“ငါတို့ရဲ့ ကောင်းကင်ဂူတွေက တစ်ခုနဲ့တစ်ခု သိပ်မဝေးလို့ မင်းတို့ အချင်းချင်း တွေ့ချင်ရင် လွယ်ပါတယ်။”
ဝိညာဥ်အပျက်အစီးကောင်းကင်ဂူမှ လူများကလည်း နောက်တစ်ရက်တွင် ခရီးကို ဆက်ကြသည်။ သူတို့က နတ်သက်တန့်ရောင်စဥ်တိမ်စိုင်များကို စီးနင်းလျက် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းနှင့် ခရီးဆက်ကာ တောင်တန်းအမြင့်များကို ချန်ထားရစ်ခဲ့သည်။
အဆုံးတွင် သူတို့၏ အဖွဲ့က မြူဆိုင်းနေသော အမ္မတတောင်တန်းတစ်ခုတွင် ရပ်တန့်လိုက်ကြသည်။ တောင်က ငြိမ်းချမ်းတိတ်ဆိတ်နေပြီး ကျောင်းဆောင်များ၊ အဆောက်အဦးများ၊ စီးဆင်းနေသော ရေအိုင်ရေကန်ကြီးများ၊ ရေတံခွန်များ၊ သရဖူနီ ကြိုးကြာများနှင့် အလှဆင်ထားသည်။ ထို့ကြောင့် အလွန်အမင်း အသက်ဝင်နေသော သဘာဝမြင်ကွင်းတစ်ခုဖြစ်ကာ လှပလွန်းနေသည်။
“ဒါက ဝိညာဥ် အပျက်အစီး ကောင်းကင်ဘုံလား။”
ဖန်းပေါ်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။ ကောင်းကင်ဂူခြောက်ခု ရှိသော်လည်း တစ်နေရာချင်းစီကို နောက်မှ ကောင်းကင်ဘုံ တပ်ခေါ်သည်။ သို့ရာတွင် သူ၏နောက်ပိုင်းစကားများက အသံလေး အသံကြောင် နိုင်သည်။
“ဒီကြိုးကြာတွေက အတော်လေး ဝတာပဲ။ တစ်ကောင် နှစ်ကောင်လောက်ကို ဖမ်းပြီး ကင်လိုက်ရင်တော့ဖြင့်
…”
အနောက်က အဖိုးကြီးက သူ့ကို စူးစိုက်ကြည့်သည်။
“ဒီကြိုးကြာတွေက အသိဉာဏ်ရှိနေတယ်။ အခြားအတွေးတွေ မတွေးမိစေနဲ့။ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ကပ်နိုင်မှာ မဟုတ်ဘူး။”
ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံ၏ အပြင်သို့ပင် သူတို့က သေချာမရောက်သေးချေ။ ယခုက အဝင်ပေါက်သာလျှင် ရှိနေသေးသည်။ အတွင်းတွင် ဝေဝါးအုံ့ဆိုင်းနေသော ထာဝရ ရှင်သန်ခြင်း မြူထုများရှိပြီး ထူးဆန်းသောပန်းများ အပင်များကိုလည်း နေရာတိုင်းတွင် မြင်ရသည်။ သူတို့က တိမ်စိုင်များ၏ အတွင်းဘက်သို့ ရောက်သွားသောအခါ ရှေးဟောင်းစာသားများရေးကာ ထွင်းထုထားသည့် ကျောက်ပြားကြီးကို မြင်လိုက်ရသည်။ ထိုနေရာတွင် ဝိညာဥ် အပျက်အစီးကောင်းကင်ဘုံဟု ရေးသားထားသည်။
ဖန်းပေါ်က ထိုရှေးဟောင်းစကားလုံးများကို သဘာဝအလျှောက်ပင် မဖတ်တက်ချေ။ အဖိုးကြီးတစ်ယောက်ကသာ သူ့ကို နားလည်အောင် ရှင်းပြပေးခြင်း ဖြစ်သည်။
ပြောကြသည်မှာ ဒီနေရာက လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်အောင် ဒီအတိုင်း ရှိနေသည်ဟု ဆိုသည်။ အချို့သော ရှင်းလင်းရေးများ လုပ်ပြီးနောက် ကောင်းကင်ဘုံ တစ်ခုအဖြစ် ပြောင်းလဲလိုက်နိုင်သည်။ ​
ပြောကြသည်မှာ ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံက သက်တမ်းကြာရှည်ပြီး ရှေ့မူလခေတ်ထဲက ရှိခဲ့သည်ဟု ဆိုထားသည်။ ထို့အပြင် ရှေးဟောင်း မူလခေတ်ကို ခြေရာကောက်နိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။
သို့ရာတွင် နောက်ပိုင်းမျိုးဆက်များကမူ ဤနေရာကို အလုံးအရင်းဖြင့် ရှင်းလင်းရေးလုပ်ကြပြီး အပျက်အစီးများကြားမှ နတ်ပစ္စည်းများကို ရှာတွေ့နိုင်ရန် မျှော်လင့်ကြသည်။ သို့ရာတွင် လက်ဗလာအဖြစ်သာ အဆုံးသတ်ခဲ့ရသည်။
ဒီကောင်းကင်ဘုံတွင် ကျင့်ကြံသော ကျွမ်းကျင်ပညာရှင်များကလည်း ဒီနေရာက ထင်သလောက် မရိုးရှင်းကြောင်း ခံစားမိခဲ့ကြသော်လည်း ထူးခြားသော ရှာဖွေတွေ့ရှိမှုများ မတွေ့ရှိခဲ့ကြချေ။
ထိုကျောက်ပြားကြီးကို ကျော်ဖြတ်သွားပြီးနောက် ထာဝရ ရှင်သန်ခြင်းမြူထဲသို့ ရောက်လာကြသောအခါ မြူခိုးများက ပြောင်းလဲသွားပြန်သည်။ အလွန်အမင်းလှပသော မြင်ကွင်းတစ်ခုမှတစ်ဆင့် နောက်ထပ် အခြားသော လှပသည့် မြင်ကွင်းတစ်ခုသို့ ရောက်သွားပြီး လောကတစ်ခုသို့ ပြောင်းလဲလိုက်သလို ဖြစ်သွားသည်။
“ဒါက ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံလား။”
“ဒါက သူကိုယ်တိုင် လောကတစ်ခု ပြန်ဖြစ်နေသလိုပဲ။”
လူအိုကြီးများက ယဲ့ဖန်းနှင့် ဖန်းပေါ်တို့၏ တုန့်ပြန်မှုကို ကျေနပ်သွားကြသည်။
အပင်များကလည်း နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူကာ မျက်နှာသာ အပေးခံထားရသလို ထင်ရသည်။
ထိုအပင်များကပင် အလွန်အမင်း စိမ်းလန်းလွန်းနေပြီး ကျောက်စိမ်းဖြင့် ထွင်းထုထားသလို ထင်ရသည်။ ရှေးဟောင်းသစ်ပင်များကလည်း ကောင်းကင်သို့ မိုးထိုးတက်နေသည့်အပြင် လေထဲတွင်လည်း စိမ်းလဲ့သည့်ရနံ့များက ပြည့်နှက်နေ၏။
ဝိညာဥ်ငှက်များကလည်း လေထဲတွင် ကခုန်နေသလို ရှားပါးသောသားရဲများကလည်း ဟိန်းဟောက်ကာ နတ်စမ်းရေကန်များလည်း စီးဆင်းနေကြသည်။
ထိုအချိန်တွင် ယဲ့ဖန်းကမူ ကြောင်အသွားသည်။ ရုတ်တရက် သူ၏နှလုံးသားထဲတွင် ရှေးဟောင်းကျမ်းစာ၏ ရေရွတ်သံက တစ်ဖန် ထပ်ပေါ်လာပြန်ကာ နတ်ခေါင်းလောင်းက မြည်ဟီးလာပြန်သည်။
အပိုင်း (၃၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset