အပိုင်း ၁၆၁•၂
” ထူးဆန်းတဲ့ ကျွီးကျင့် ”
°°°
ခက်ခက်က မတ်တပ်ရပ်ရင်းနဲ့ စပြီပြောပါတော့တယ်။ သူက အခုလက်ရှိအချိန်မှာ ခါးထောက်ရင်း ခေါင်းမော့ ရင်ကော့ရင်းနဲ့ ရပ်နေခဲ့တာပါ။
” နင်တို့တွေဘာလုပ်နေကြတာလဲ ၀မ်းမနည်းကြနဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးက အတိတ်ကကိစ္စတွေပဲ နင်တို့ပိုပြီးတွေးလေလေပိုပြီး၀မ်းနည်းလာတာပဲရှိမှာ အရှေ့ကိုပဲ သေချာကြည့်ကြ ၀မ်းနည်းပူဆွေးမှုတွေထဲမှာ ပိတ်မိမနေနဲ့ အနာဂတ်မှာငါတို့ကို စောင့်ဆိုင်းနေမဲ့ ပိုကောင်းမဲ့အရာတွေက အများကြီးရှိသေးတယ်လေ ဟုတ်တယ်ဟုတ် “:
သူမကိုကြည့်ရင်းနဲ့ လေးလံထိုင်မှိုင်နေတဲ့ ပတ်၀န်းကျင်အခြေအနေက ရုတ်တရက်ပြန်လည်ပြောင်းလဲသွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ကျွီးကျင့်နှစ်ယောက်စလုံးကလဲ ဖြည်းဖြည်းချင်းဆိုသလို ခေါင်းမော့လာကြပါပြီ။ အဲ့ဒီနောက် သူတို့တွေ စတင်ပြီ ရယ်မောကြပါတော့တယ်။
ခက်ခက်က စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ မေးလာခဲ့တယ်။
” ငါအဲ့ဒီလောက် ရယ်စရာကောင်းလို့လား အစ်မကြီးကျွီးကျင့် တစ်ချိန်ထဲမှာပဲ တစ်ငိုငိုတစ်ရယ်ရယ်လုပ်နေတာ ရှက်စရာကောင်းတယ်လို့မထင်ဘူးလား ”
ကျွီးကျင့်က မတ်တပ်ထရပ်ရင်းနဲ့ သူမကို တံထောင်နဲ့တွတ်လိုက်ပါတယ်။
” မစောတော့ဘူး နားကြမယ်…ငါတို့တွေမနက်ဖြန် တောင်ထဲကို၀င်နိုင်ဖို့အတွက် ကောင်းကောင်းနားမှရမယ် ”
သူပြောပြီတဲ့နောက် ခက်ခက်ကို သူ့ရဲ့တဲထဲခေါ်သွားပါတော့တယ်။ ခြေလမ်းအနည်းငယ်လျှောက်ပြီတဲ့နောက် လှည့်ပြီဟို့ယွိဟောင်ဆီကို ရုတ်တရက်ပြောလာခဲ့တယ်။
” အနာဂတ်မှာ နင်ငါတို့ရဲ့အစားအသောက်တွေကို ချက်ပေးဖို့တာ၀န်ရှိသွားပြီ ”
သူပြောပြီတဲ့နောက် လှလှပပကြီးကိုပြုံးပြလိုက်ပါတော့တယ်။ ဒီအပြုံးကိုမြင်ချိန်မှာ သူတို့နှစ်ယောက်ကြားမှာရှိနေခဲ့ဖူးတဲ့ အငြိုးအတေးတွေက အတော်လျော့ပါးသွားမှန်း ဟို့ယွိဟောင်ခံစားခဲ့လိုက်ရတယ်။ ဒါ့အပြင် ကျောင်းတော်မှာတုန်းက ရှိခဲ့ဖူးတဲ့ကွာခြားချက်တွေကလဲ အခုအချိန်မှာ အတော်လေးကိုပျောက်ဆုံးသွားခဲ့ပါပြီ။
ဒီကောင်မလေးရဲ့အပြုံးက အမှန်တကယ်ကိုလှပတာပါပဲ။ ဟို့ယွိဟောင်တွေးနေခဲ့မိတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ နောက်လူတစ်ယောက်ကတော့အပြည့်နေရာယူထားပြီသားပါ။ ဒါကြောင့် ရုတ်တရက်ဆိုသလို အဲ့ဒီနာမည်ကို ရေရွတ်မိလိုက်ပါတယ်။ အလင်းတန်းမိုးတွေ အလင်းတန်းမိုးတွေ ၀မ်သုန့်တကယ်ကိုပဲ တူညီလှပါလား။
ညအချိန်က အရမ်းကိုတိတ်ဆိတ်ခဲ့ပါတယ်။ မနက်ခင်းမှာတော့ ကျွီးကျင့်နဲ့ ခက်ခက်နိုးလာချိန်မှာ ဟို့ယွိဟောင်ကတော့ မနက်စာပြင်ပြီးခဲ့ပါပြီ။ သူ့ရဲ့မနက်စောစောလေ့ကျင့်ခန်းတွေရှိတာတွေကြောင့် အားလုံးထက် ပိုပြီးစောစောနိုးပါတယ်။ ဒီနေရာမှာရှိနေသူတိုင်းက ၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ ဒါကြောင့် တစ်ညတာကောင်းကောင်း အနားယူပြီချိန်မှာ အားပြန်ပြည့်လာခဲ့ပါပြီ။
ကျွီးကျင့်ကတော့ ပိုပြီးလန်းဆန်းတက်ကြွလို့နေခဲ့ပါတယ်။ သူမရဲ့ ချောမွေ့တောက်ပတဲ့အသားအရေးပေါ်မှာ ပန်းရောင်ဖျော့ဖျော့လေးသန်းနေခဲ့တာက သူ့ကိုသွားပြီပွတ်သပ်ချော့မြူးချင်စိတ်ကို တားဆီးမရအောင်ဖြစ်ပေါ်လာစေနိုင်တယ်။ ဒါ့အပြင် တကယ်ကိုချိုမြိန်ပြီ အရည်ရွှမ်းနေတဲ့ မက်မွန်းသီးတစ်ပွင့်လိုမျိုး သူကတောက်ပနေခဲ့တာပါ။
ဟို့ယွိဟောင်ကတော့ ရိုးရှင်းတဲ့မနက်စာကိုပြင်ဆင်ထားခဲ့ပါတယ်။ ဟင်းရည် အသားပေါက်စီးနဲ့ ရိုးရှင်းတဲ့အသားတချို့ပါပဲ။ ဒါတွေအားလုံးကို သူပြင်ဆင်လာတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ထားတာပါ။ ဘယ်လောက်ပဲ ရိုးရှင်းပါစေ ကျွီးကျင့်ကတော့ တစ်လုပ်ချင်းဆီစားလိုက်ပြီတိုင်းမှာ အတော်လေးကို စိတ်ရောကိုယ်ပါ လှုပ်ရှားနေခဲ့ရပါတယ်။ သူလက်ရှိအချိန်မှာ ထုတ်မပြောပေမဲ့ မနေ့ညတုန်းက သူ့အဖေအကြောင်းကို အိပ်မက်မက်ခဲ့တယ်။ သူ့အဖေက သူ့ကိုချော့မြူးရင်း အိပ်စက်ဖို့အတွက် ကူညီပေးနေသလိုပါပဲ။ ဒါ့အပြင် အဲ့ဒီတစ်ရက်တာမှာ သူတို့တွေ ပင်ပန်းတဲ့လေ့ကျင့်မှုကို မလုပ်ခဲ့ရပေမဲ့ သူမအိပ်စက်ဖူးသမျှအကောင်းဆုံးညချမ်းတွေထဲက တစ်ခုဖြစ်နေခဲ့တယ်။
ကျွီးကျင့်လဲတစ်ခုခုလွဲနေတာကို ခက်ခက်လဲခံစားမိပါတယ်။ မနက်စာစားပြီတဲ့နောက် သူမက ဟို့ယွိဟောင်ကို ရှစ်ကြိမ်တိတိခိုးကြည့်ခဲ့တယ်။ တစ်ခေါက်ကြည့်လိုက်ချိန်မှာ အကြည့်ကပိုပြီးနွေးထွေးလာခဲ့သလို သူ့ရဲ့စိတ်တူကိုယ်တူ၀ိညာဥ်ဖက်ကို ရှာတွေ့သွားတဲ့အတိုင်း ခံစားနေရပုံပါပဲ။
ဟို့ယွိဟောင်လဲ ဒါကိုသတိပြုမိပါတယ်။ ခက်ခက်နဲ့မတူတာကတော့ သူ့အမြင်အရ ကျွီးကျင့်က သူ့ကိုသူ့အဖေလိုမျိုး ရှု့မြင်နေတယ်လို့ ထင်သွားတာပါ။ သူကတော့ လက်ရှိအချိန်သံတွေအပြည့်နဲ့အိပ်ရာပေါ်မှာအိပ်နေရသလိုခံစားနေခဲ့ရပါတယ်။ ကျွီးကျင့်ဆိုတာက သူ့ထက်အသက်အနည်းဆုံးလေးနှစ်ငါးနှစ်လောက် ပိုကြီးတဲ့အစ်မကြီးဖြစ်နေခဲ့ပြီ သူ့ကိုအဖေတစ်ယောက်လိုမျိုး လာလာကြည့်နေတာပါ။
မနက်စာစားပြီတဲ့နောက် သူတို့တွေခရီးထွက်ကြပါတယ်။ ဒီအချိန်မှာတော့ ပျံသန်းရေး၀ိညာဥ်လက်နက်ကို မသုံးကြရတော့ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေရှိတဲ့ အထက်ကောင်းကင်မှာ ပျံသန်းလို့မရနိုင်တာကို အားလုံးသိနေကြပါတယ်။ သေချင်နေတဲ့သူကလွဲပြီ ဘယ်သူကမှအဲ့ဒီအပေါ်မှာ ပျံသန်းကြမှာမဟုတ်ပါဘူး။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ သူတို့စမ်းသပ်ဖို့ပြင်ဆင်ထားတဲ့ ၀ိညာဥ်လက်နက်ကို မြင်လိုက်ရပါပြီ။
တကယ်ကိုကြည့်ရတာ ထူးဆန်းလွန်တဲ့ ပစ္စည်းတစ်ခုပါပဲ။ နှစ်မီတာအချင်ရှိတဲ့ဘောလုံးနဲ့ တူညီနေခဲ့ပြီ အရှေ့နဲ့အနောက်မှာ ထောက်တိုင်သုံးခုရှိပါတယ်။ ဒီအလုံးက လုံး၀ကိုချိတ်ပိတ်ခံထားရပြီ သူ့ရဲ့ပတ်ပတ်လည်မှာ ကြည်လင်တောက်ပတဲ့ ပြတင်းပေါက်လိုမျိုး အစိုင်အခဲနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကရှိနေခဲ့တယ်။
ဒီဘောလုံးရဲ့အောက်ခြေမှာကတော့ ခြေထောက်ခြောက်ချောင်းထပ်ရှိပါသေးတယ်။ ဒီခြေထောက်ကိုအဆစ်သုံးဆစ်ဆီခွဲထားပြီ နောက်ဆုံးအဆစ်တွေက အရမ်းကိုချွန်ထက်လွန်နေခဲ့တဲ့အတွက် မြေပြင်ထဲကို စိုက်ချထားဖို့အတွက် သင့်တော်နေတယ်။ ဒုတိယအဆစ်ကတော့ အပေါ်ကိုမြင့်တင်ဖို့ဖြစ်ပြီ ပထမအဆစ်ကတော့ ဘောလုံးရဲ့ခြေထောက်တွေကို ချိတ်ဆက်ပေးထားတာပါပဲ။ မြင်ရတာကိုက အတော်ကိုထူးဆန်းနေခဲ့ပါတယ်။
” အဲ့ဒါဘာကြီးလဲ ”
ဟို့ယွိဟောင် တအံ့တဩမေးလာခဲ့ပါတယ်။ ဒါမျိုးမြင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်ပါ။
ကျွီးကျင့်က ပြန်ဖြေလာခဲ့ပါတယ်။
” ဆရာရွှမ်ကတော့ ဒါကိုဒီလိုနာမည်ပေးထားတယ်…နယ်မြေအားလုံးရှာဖွေရေး၀ိညာဥ်လက်နက်တဲ့ သူ့ရဲ့ခြေထောက်ခြောက်ချောင်းကို မြင်တယ်မလား နင်အဲ့ဒီအလုံးထဲမှာ သွားပြီထိုင်လို့ရတယ်…ဒီဗျူဟာအခင်းအကျင်းထဲကနေ ငါတို့တွေ ထိန်းချုပ်နိုင်တယ်…ဒါ့အပြင် အဲ့ဒီဘောလုံးက အရမ်းကိုသိပ့်သည်းစမြင့်တဲ့သတ္ထုတွေနဲ့ ပြုလုပ်ထားတာကြောင့် အဆင့်ခြောက်ဘယ်တိုက်ခိုက်မှုကိုမဆို လုံး၀ခုခံနိုင်လိမ့်မယ်…တစ်ချိန်ထဲမှာပဲ ဒီဘောလုံးကနေ ငါတို့ကိုအကာအကွယ်၀ိညာဥ်လက်နက်တွေ ထုတ်ပေးနိုင်သေးတယ်…အခုလက်ရှိအချိန်မှာ အကာအကွယ်က အဆင့်ငါး၀န်းကျင်မှာရှိတယ်…ငါတို့နှစ်ယောက်စလုံး ထိန်းချုပ်နိုင်တဲ့အခြေအနေပဲ ”
” ဒါ့အပြင် ငါတို့ရဲ့အသက်စွမ်းအားကိုလဲ ချိတ်ပိတ်ပေးထားနိုင်တယ်..ငါတို့အထဲမှာနေနေသရွေ့ဘယ်၀ိညာဥ်သားရဲကောင်ကမှ ငါတို့ကို ရှာတွေ့သွားမှာစိတ်ပူစရာမလိုဘူး…ဒါ့အပြင် မတူညီတဲ့ရှုခင်းအမျိုးမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင်လဲ နေနိုင်သေးတယ်…ဥပမာအားဖြင့် ငါတို့တွေတောင်ပေါ်မှာ အန္တရာယ်တစ်ခုခုတွေ့လာပြီပဲထားပါတော့ သူ့ရဲ့ခြေထောက်တွေကို ပြန်သိမ်းပြီ ရော်ဘာအလွှာကိုထုတ်ရင်း လိမ့်ချပြီတော့ ငါတို့ကိုကာကွယ်လိမ့်မယ်…ဒီဘောလုံးကချိတ်ပိတ်ထားပေမဲ့ လိုအပ်လာမယ်ဆိုရင် ရေခဲထဲကိုပြုတ်ကျရင်းတောင် ဘာပြဿနာမှဖြစ်လာမှာမဟုတ်ဘူး…နယ်မြေအားလုံးရှာဖွေ၀ိညာဥ်လက်နက်က အဓိအားဖြင့် အသက်စွမ်းအားကို အားပြုပေးထားတယ်…ဒါကြောင့် သူ့ရဲ့အကာအကွယ်က အတော်ကြီးကို ထူးထပ်လွန်တယ်…၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ အတော်ကိုမြန်ဆန်တာပဲ ငါရဲ့ကျင့်ကြံမှုနဲ့ဆိုရင် ဒါကိုတစ်နာရီပဲထိန်းချုပ်နိုင်မှာ အဲ့ဒီလိုထိန်းချုပ်ပြီရင်း ၀ိညာဥ်စွမ်းအားပြန်ရဖို့အတွက် တရားပြန်ထိုင်ရလိမ့်မယ်…ငါတို့သုံးယောက်သာ တစ်လှည့်ဆီထိန်းချုပ်မယ်ဆိုရင်တော့ အချိန်အများကြီးပိုကြာနိုင်မှာပေါ့ ”
ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတော့တယ်။ ဒီလိုမျိုးလူတစ်ယောက်၀င်ဆန့်နိုင်တဲ့ ၀ိညာဥ်လက်နက်ကို သူမြင်ဖူးတာပထမဆုံးအကြိမ်ပါ။ ဒါက ရှာဖွေရေး၀ိညာဥ်လက်နက်ပဲရှိပါသေးတယ်။ အကယ်၍ ၀ိညာဥ်အမြောက်တွေကိုပါ ထပ်ထည့်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ အဲ့လောက်ကြီးလဲ ခက်ခဲမှာမဟုတ်ပါဘူး။ ကျွီးကျင့်ရဲ့ရှင်းလင်းချက်တွေက အတော်ကိုအသေးစိတ်ကြခဲ့ပါတယ်။
” ယွိဟောင် ဒီ၀ိညာဥ်လက်နက်ကိုအထင်မသေးနဲ့ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ဒါက၀ိညာဥ်လက်နက်တွေအများကြီးထက် ခေတ်ရှေးပြေးလွန်နေတယ်…ဒါကိုသုတေသနပြုဖို့အတွက် နေလနိုင်ငံတော်က နှစ်သုံးဆယ်တိတိ အချိန်ယူခဲ့ရတယ်…ငါတို့တွေမတူညီတဲ့ဗျူဟာအမျိုးမျိုးနဲ့ ပေါင်းစပ်ကြည့်ပြီးပြီ ဒါ့အပြင် ပိုပြီးတော့လဲ အဆင့်မြင့်အောင် ပြုပြင်ပေးထားသေးတယ်…လွန်ခဲ့တဲ့နှစ်နှစ်ကနေစလို့ ငါတို့တွေသိသိသာသာတိုးတက်လာတာပဲ သုတေသနရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာဆိုရင် လက်နက်အဖြစ်အသုံးပြုဖို့ ရှာဖွေတဲ့အဆင့်ကိုရောက်တော့မှာ ”
” လက်ရှိအချိန်မှာ ဒီနည်းပညာကိုအပြည့်အ၀မရှာဖွေရသေးဘူး…သုတေသနပြုပြီတော့ ဒီ၀ိညာဥ်လက်နက်ကို တိုက်ခိုက်ရေးလက်နက်အဖြစ် ပြောင်းလဲတာကပိုပြီးတော့ ရှုပ်ထွေးနိုင်တယ်…ဒါ့အပြင် ၀ိညာဥ်စွမ်းအားကလဲ အများကြီးကုန်ဆုံးလိမ့်မယ်…သော့်လော့တစ်ယောက်တောင်မှ အချိန်အကြာကြီးနဲ့ ထိန်းချုပ်နိုင်ဖို့မလွယ်ဘူး…ဒါ့အပြင် ဒီလက်နက်ရဲ့၀ိညာဥ်စွမ်းအားကို သော့်လော့တွေတောင်မှ မယှဥ်နိုင်ဘူးလေ ဒါကငါတို့လိုချင်တဲ့ အဖြေမဖြစ်နိုင်ဘူး…ငါတို့တွေက ဒီသုတေသနကို အဓိကကြိုးစားအားထုတ်နေတာ သာမန်လူတွေထိန်းချုပ်နိုင်လောက်တဲ့ ၀ိညာဥ်လက်နက်ကို ဖန်တီးဖို့ပဲ ပြည်သူတိုင်းပြည်သူတိုင်း ၀ိညာဥ်လက်နက်တွေကို အသုံးပြုနိုင်စေဖို့အတွက် ငါတို့တွေရည်ရွယ်ထားတယ်…ဒါကြောင့်လဲ ဆရာရွှမ်က အဲ့ဒီလို၀ိညာဥ်လက်နက်နည်းပညာကို အဓိကသုတေသနပြုပြီး ရှာဖွေနေတာ ”
ဟို့ယွိဟောင် သက်ပြင်းရှည်ကြီးချလိုက်ပါတယ်။ ကျွီးကျင့်ရဲ့ ပြောပြမှုတွေက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ သုတေသနအပေါ်မှာ ဟို့ယွိဟောင်ထားရှိတဲ့အမြင်ကို ပြောင်းလဲသွားစေခဲ့တယ်။ သူတို့တွေက ပြည်သူပြည်သားတွေအားလုံးကို သူတို့ရဲ့ ၀ိညာဥ်လက်နက်တွေ တပ်ဆင်ပေးချင်တာလား။ ဒါမှမဟုတ် သာမန်စစ်သည်တွေကသာ ဒီလက်နက်ကိရိယာတွေကို အသုံးပြုနိုင်မှာလား အကယ်၍ အဲ့ဒီလိုမျိုး လူတိုင်လက်နက်သုံးနိုင်သွားပြီဆိုရင် နေလနိုင်ငံတော်ရဲ့ ကျူးကျော်မှုကို ဘယ်သူကမှ ခုခံနိုင်တော့မှာမဟုတ်ပါဘူး။
သူဒီ၀ိညာဥ်လက်နက်ကို အခုအချိန်အထိ ကိုယ်တိုင်မစမ်းသပ်ကြည့်ရသေးပေမဲ့ သေချာပေါက် ဒီပစ္စည်းရဲ့အောင်မြင်မှုက သော့်လော့တိုက်တစ်ခုလုံးကို အများကြီးအနာဂတ်မှာသက်ရောက်စေနိုင်မယ်မှန်း သိနေခဲ့ပါပြီ။
” လာလေ စမ်းကြည့်ရအောင် ”
ပြောပြီတဲ့နောက် ကျွီးကျင့်က ၀ိညာဥ်လက်နက်အပေါ်ကိုပေးကာ လက်ကိုင်အကူအညီတွေနဲ့ တက်သွားပါတော့တယ်။
ခက်ခက်ကတော့ ကျွီးကျင့်ကိုကြည့်ရင်းနဲ့ နောက်ထပ်ဘာမှမပြောနိုင်အောင် ဖြစ်နေခဲ့တယ်။ သူ့ဘာသာသူတော့ တွေးနေခဲ့ပါတယ်။
” ဒါကငါတို့ကျောင်းတော်ရဲ့ ထိပ်တန်းလျှို့၀ှက်သတင်းတွေပဲမလား သူ့ဘာသာသူကြိုးစားပြီ တွေ့အောင်ရှာရင်ရှာနိုင်ပေမဲ့ အစ်မကြီးကျွီးကျင့်က ဘာဖြစ်လို့ရှိရှိသမျှအရင်းအမြစ်တွေနဲ့ ကျောင်းကပါသုတေသနပြုနိုင်တယ်ဆိုတာပါ ပြောပြနေရတာလဲ ဒီကောင်ချက်ကျွေးလိုက်ရတဲ့အစားအသောက်တွေကြောင့် ဦးနှောက်များပျက်သွားတာလား ”
ဟို့ယွိဟောင်ကတော့ များများစားစားတော့မပြောတော့ပါဘူး။ ချက်ချင်းစက်ထဲကို၀င်လိုက်ပါတော့တယ်။ ဒီ၀ိညာဥ်လက်နက်ရဲ့ အထဲပိုင်းက အတော်ကိုရိုးရှင်းပြီအကြမ်းထည်ဆန်ပါတယ်။ ဒါကြောင့် ထိုင်ခုံသုံးလုံးက သတ္ထုထိုင်ခုံတွေဖြစ်ပြီ အထဲမှာသေချာမထိခိုက်အောင်လို့ ကူညီပေးထားတာပါ။ ဒါ့အပြင် ထိုင်ခုံတွေမှာခါးပတ်တွေလဲ ပါနေခဲ့ပါသေးတယ်။ ပထမဆုံးထိုင်ခုံရဲ့အရှေ့မှာတော့ သတ္ထုအချောင်းကြီးရှိနေခဲ့ပေမဲ့ ဒါကဘာကိုလုပ်ဖို့သုံးမှန်းဟို့ယွိဟောင် မသိပါဘူး။ သူတို့တွေ၀င်ပြီချိန်မှာပဲ ပြတင်းပေါက်တွေကို စတင်ပြီသတိပြုမိပါတော့တယ်။ အဓိကပြတင်းပေါက်ကြီးလေးခုအပြင် ထိုင်ခုံတွေရဲ့အပေါ်ဖက်ဆီမှာလဲ နောက်ထပ်ပြတင်းပေါက်တွေ ထပ်ရှိနေပါသေးတယ်။ အလယ်ဆုံးကို၀င်တဲ့သူကတော့ ဘောလုံးရဲ့တစ်ဖက်တစ်ခြမ်းဆီကို သေချာကောင်းကောင်းမြင်ရမှာပါ။
ခက်ခက်ဘောလုံးထဲမ၀င်ခင်မှာ ကျွီးကျင့်က ရှင်းပြပါတယ်။
” ငါတို့ဒီ၀ိညာဥ်လက်နက်ရဲ့မူလအဓိကရည်ရွယ်ချက်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ကာကွယ်ပြီသယ်ယူပို့ဆောင်ပေးဖို့ပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတိုက်ခိုက်ဖို့လိုလာတဲ့အချိန်မှာ ထိုင်ခုံတွေကနေပြီ တိုက်ရိုက်အပြင်ကိုထွက်သွားလို့ရအောင်စီစဥ်ပေးထားတယ်…အပေါ်ဖက်မှာရှိတဲ့ ဖန်သားပြင်က နှစ်ခြမ်းကွဲသွားပြီတော့ လူကိုအပြင်ဖက်တွန်းထုတ်ပေးလိမ့်မယ်…ထိုင်ခုံတစ်ခုချင်းဆီတိုင်းမှာ ဒီလိုတွန်းထုတ်ပေးနိုင်တဲ့ လုပ်ငန်းစဥ်ပါတယ်လေ နင်ရဲ့ညာဘက်မှာအနီရောင်ခလုတ်လေးကိုတွေ့တယ်မလား ဒါကိုနှိမ့်လိုက်ပြီဆိုရင် အပြင်ကို ပြန်ထွက်သွားလိမ့်မယ် ”
” တကယ်ကိုကောင်းလိုက်တဲ့ တည်ဆောက်ပုံပဲ “:
ဟို့ယွိဟောင် လေးစားမှုအပြည့်နဲ့ပြောလာခဲ့ပါတယ်။
ခက်ခက်ကလဲ အပေါ်ကိုတက်လာခဲ့ပါပြီ။ သူကဟို့ယွိဟောင်ရဲ့ဘေးမှာထိုင်လိုက်ပါတယ်။ ကျွီးကျင့်ကတော့ အဓိကထိန်းချုပ်သူနေရာဖြစ်တဲ့ အလယ်မှာထိုင်နေခဲ့တယ်။ ထိန်းချုပ်ရေးတုတ်ချောင်းကို သူမထိပြီလိုက်ချိန်မှာတော့ ပြတင်းပေါက်တွေက ပိတ်သွားခဲ့ပါပြီ။ သူတို့သုံးယောက်လဲ အထဲမှာချိတ်ပိတ်ခံပြီသားဖြစ်သွားပါတော့တယ်။
” အားလုံးဂရုစိုက်ကြ ငါစတော့မယ် ”
သူပြောပြီတဲ့နောက် ကျွီးကျင့်ရဲ့ခန္ဓာကိုယ်ကနေ လိမ္မော်နီရောင်အလွှာက ထွက်ပေါ်လာပါတော့တယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းက ပေါ်ထွက်လာခဲ့ပြီ။ ဘယ်ဘက်လက်ကတော့ အကြီးဆုံးသတ္ထုတိုင်ကိုကိုင်နေရင်း သူမရဲ့ ၀ိညာဥ်တွေကိုထည့်သွင်းပေးနေခဲ့တယ်။
ချက်ချင်းဆိုသလို ၀ိညာဥ်လက်နက်ကစပြီ ရွေ့လျားလာခဲ့ပါပြီ။ အင်ဂျင်တွေကအသက်၀င်လာတဲ့အတိုင်း ခပ်တိုးတိုးအသံနဲ့ အော်ဟစ်ရင်းဘောလုံးကြီးက အပေါ်ပိုမြင့်တက်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို စတင်အသုံးပြုလိုက်ပါပြီ။ ဒီခြေထောက်ခြောက်ချောင်းက ဖြည်းဖြည်းချင်းအပေါ်ကို မြင့်တက်လာတာ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ပြတင်းပေါက်တွေကနေ ဖြတ်ပြီတော့လဲအပြင်ကိုရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။
” ခက်ခက်၀ိညာဥ်အကာအကွယ်အတားအဆီးကို အားဖြည့်ဖို့အတွက် ပြင်ဆင်ထားလိုက် ”
သူပြောပြီတဲ့နောက် သူမရဲ့ဘယ်ဘက်မှာရှိနေတဲ့ခလုတ်ကို ဖိချလိုက်ပါတယ်။ အဲ့ဒီနောက် သတ္ထုတိုင်ကြီးက ခက်ခက်ရဲ့အရှေ့မှာလဲ ပေါ်ထွက်လာခဲ့ပါပြီ။ ခက်ခက်ကတော့ အဲ့ဒါကိုတင်းတင်းကျပ်ကျပ်ကိုင်ထားရင်းနဲ့ ၀ိညာဥ်စွမ်းအားတွေကို ထည့်သွင်းဖို့အတွက် အဆင်သင့်ပြင်ဆင်လိုက်ပါတော့တယ်။
” သွားကြမယ် ”
ကျွီးကျင့်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ အော်လိုက်ပါတယ်။ အဲ့ဒီနောက် သတ္ထုတိုင်ကိုဘယ်ဘက်လက်နဲ့အရှေ့ကိုတွန်းလိုက်ရင်း နည်းနည်းလှည့်လိုက်ချိန်မှာကတော့ ခြေထောက်ခြောက်ချောင်းက ဖြည်းဖြည်းချင်းစတင်ရွေ့လျားပါပြီ။ သူတို့ရဲ့ ၀ိညာဥ်လက်နက်ကြီးကလဲတုန်ခါလို့နေခဲ့ပါတယ်။
အပိုင်း ၁၆၁•၂ ပြီး၏။