Switch Mode

Chapter – 36

Chapter – 36

လူဆယ်ယောက်ကျော်က ခန်းမထဲ ဝင်လာသည်။ သူတို့၏ သက်တန့်ရောင်တိမ်စိုင်များမှ အလင်းတန်းများကလည်း တဖြည်းဖြည်း နီးကပ်လာသည်။ ထိုလူများတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်သလို အားလုံးက အသက်လေးဆယ်ကျော်နှင့် အထက်များဖြစ်ကြသည်။
အချို့ကမူ သစ်ခွများကဲ့သို့ တိတ်ဆိတ်နေကြသည်။ အချို့ကမူ ဓားများကဲ့သို့ ထက်မြတ်သည်။ အချို့ကမူ ကျောက်တုံးကြီးများကဲ့သို့ ခိုင်မာပြန်သည်။ လူတိုင်းတွင်လည်း ကိုယ်ပိုင် ထူးခြားသော စိတ်နေစိတ်ထားများ ရှိနေကြသည်။
သက်တန့်စိုင် အမျိုးသားများထဲမှ တစ်ယောက်က တည်ကြည်သော အရှိန်အဝါကို လွှင့်ထုတ်နေသည်။ သူ၏အသံကလည်း အင်အားအပြည့်ပါသည်။ သူက ကျယ်လောင်စွာ အော်ပြီး ရုတ်တရက် ပြောလိုက်သည်။ ​
“ယန်နယ်မြေမှာ ကောင်းကင် ဂူ ခြောက်ဂူရှိနေပေမဲ့လည်း မင်းတို့ရဲ့ ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဂူက နာမည်မကျော်ကြားတော့တာ ဘယ်လောက်ကြာပြီလဲ။ ကောင်းချီးပေးခံရတဲ့ နယ်မြေလို့တောင် ခေါ်ဖို့ မထိုက်တန်တော့ဘူး။”
“လျှိုဝမ်သျှံ မင်းက ဘာကို ဆိုလိုတာလဲ။”
ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဂူမှ အကြီးအကဲများက မကျေမနပ်ဖြစ်သွားသည်။ သူတို့အားလုံးက ရှေ့တက်ကြကာ ကျိုးရင်၊ လင်းကျားနှင့် အခြားသူများက်ို နောက်သို့ပို့ပြီး ကာကွယ်ပေးထားသည်။ တစ်ချိန်ထဲတွင်ပင် သူတို့က ယဲ့ဖန်းနှင့် ဖန်းပေါ်ကို အဓိကထား ကာကွယ်ပေးထားကြလေသည်။
လျှိုဝမ်သျှံ ဟုခေါ်သောလူက သူ၏နာမည်အတိုင်း တောင်တန်းတစ်လုံးလို မရွေ့လျားပဲ ရပ်နေသည်။ သူက ခြိမ်းခြောက်နိုင်စွမ်းရှိသော အရှိန်အဝါမျိုးကို လွင့်ထုတ်နေသည်။ သူက စကားကို တိုက်ရိုက်သာပြောသည်။ ထို့နောက် အော်ရယ်ပြီးနောက် ပြောလိုက်သည်။
“မင်းတို့ဆီမှာ မျိုးစေ့ကောင်း ဆယ်ယောက်ကျော်ရှိနေမှတော့ သဘာဝအလျှောက် ငါတို့ဘာသာ နည်းနည်းတော့ ယူသွားရမှာပေါ့။ ဒီလိုမှ သူတိုကို ကျင့်ကြံခြင်းလမ်းစဥ်မှာ ဦးဆောင်ပေးနိုင်လိမ့်မယ်။”
သူ၏ဘေးမှ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက ဝင်ပြောသည်။
“ဟုတ်တယ်။ ကောင်းကင်ဂူ ခြောက်ဂူက စည်းလုံးညီညွတ်နေပြီးသား။ ငါတို့က ရုတ်တရက် ပါရမီရှင်တွေ ဒီလောက်အများကြီးကို ရှာတွေ့ပြီး ကတည်းက နည်းနည်းလောက်တော့ ခွဲဝေပေးသင့်တာပေါ့။”
ဝိညာဥ်ပျက်စီးခြင်းဂူမှ လူအိုကြီးက မျက်မှောင်ကြုံ့ကာပြောသည်။
“စီနီယာအမ လီရင် ဒီလိုပြောလို့မရဘူး။ လွန်ခဲ့တဲ့ သုံးနှစ်က မင်းတို့ရဲ့ ရွှေရောင်ဆည်းဆာချိန် ကောင်းကင်ဂူက ထူးခြားတဲ့ ပါရမီရှင် တပည့်ဂိုဏ်းသား အနည်းငယ်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ ငါတို့ကို တစ်ယောက်တောင် ပေးခဲ့လို့လား။”
“သူတို့က သာမန်စွမ်းရည်ရှိတဲ့ လူတွေပါပဲ။ ဒီလို အမတ မျိုးစေ့တွေ ဘယ်ဟုတ်ပါ့မလဲ။”
အဘွားကြီးက အပြုံးနှင့် ပြန်ပြောသည်။
ထိုအချိန်တွင် ဆံပင်ဖြူများက လေတွင် လွင့်နေသော အဖိုးကြီးတစ်ယောက်က ရှေ့တက်လာသည်။ သူက သူတော်စင်တစ်ပါးလို အရှိန်အဝါမျိုးကို လွင့်ထုတ်နေသည်။ သူက အလျင်မလိုဟန်နှင့် ပြောလိုက်သည်။
“သူတို့က အမတမျိုးစေ့တွေလို့ သတ်မှတ်လို့ ရတယ်လို့တော့ မထင်ဘူး။ ဒီလိုဆို ဘယ်လိုလဲ။ ငါတို့ရဲ့ ကောင်းကင်ဂူက နည်းနည်းလောက်ပဲ ခေါ်သွားမယ်။ မင်းတို့ရဲ့ ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဂူ ကတော့ များများ ပိုခေါ်ပေါ့။”
ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်က ယခင်ကကဲ့သို့ မထောက်လှမ်းနိုင်ကြ​တော့ချေ။ သူတို့က ထိုအကြီးအကဲကို အနည်းငယ် ကြားဟန်ရသည်။ တစ်ယောက်က ပြောသည်။
“စီနီယာအကို မာယွန်ကလည်း စီနီယာတို့ရဲ့ ကျောက်စိမ်းသုံးသွယ် ကောင်းကင် ဂူက အလာအလာကောင်းတဲ့ ပါရမီရှင်တွေ ပြတ်လပ်နေတာမှ မဟုတ်ဘဲ။ အဲ့ဒီမှာ အမတမျိုးစေ့ကောင်း နှစ်ယောက်တောင် ရှိနေတယ်လို့ ကြားထားပါတယ်။”
မာယွန်ဟု ခေါ်သောလူက မည်သည့်စကားမှ မဆိုချေ။ သူက ယဲ့ဖန်းနှင့် ဖန်းပေါ်ကိုသာ ကြည့်၍ အချိန်တိုင်းလိုလို ခေါင်းငြိမ့်နေသည်။ ဝိညာဥ်ပျက်စီးခြင်း ကောင်းကင် ဂူမှ အကြီးအကဲများက အနည်းငယ် စိုးရိမ်ကာ ရှေ့တက်လာသည်။ သူတို့က အခြားသူများကို ပေးနိုင်သော်လည်း ထိုနှစ်ယောက်ကိုမူ ထိန်းထားရန် လိုသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ။ ငါက ကျောက်စိမ်းသုံးသွယ်ကောင်းကင် ဂူကို ကိုယ်စားပြုပြီး တစ်ယောက်ပဲ ရွေးလိုက်မယ်။ ဆံပင်အဖြူနှင့် လူအိုကြီးမာယွန်က ယဲ့ဖန်းနှင့် ဖန်းပေါ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ငါက အများကြီး မတောင်းဆိုပါဘူး။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ပေး။”
“မဖြစ်နိုင်ဘူး။”
ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဂူမှ လူအိုကြီးများက ချက်ချင်းလိုလို ငြင်းဆန်သည်။
တစ်ချိန်ထဲတွင်ပင် အခြားသော ကောင်းကင်ဂူမှ လူများကလည်း အသီးသီးရွေးချယ်ကြသည်။ သူတို့က လူရွေးရင်း အချင်းချင်း ငြင်းခုံနေကြတော့သည်။
ယဲ့ဖန်းကမူ တက်တက်ကြွကြွသာ နားထောင်နေပြီး သတင်းအချက်အလက်များကို စုဆောင်းနေသည်။
ထိုကောင်းကင်ဂူများက ကျင့်ကြံရန်အတွက် ကောင်းချီးပေးခံရသော နယ်မြေများထက် ပိုများသည်။ ပို၍ဆိုးသည်မှာ ကောင်းကင်ဂူဆိုကတည်းက ထိုနေရာတွင် ကောင်းချီးပေးခံရသော နယ်မြေက ရှိနေပြီးသား ဖြစ်လောက်သည်။
ထိုအချိန်တွင် လူတိုင်းက ဝိညာဥ် ပျက်စီးခြင်း ဂူတွင် ဆက်နေ၍ မရတော့ချေ။ အခြားသော ကောင်းကင်ဂူ ငါးနေရာမှ လူများက ရောက်နေကြပြီ ဆိုကတည်းက သူတို့က တွန့်ဆုတ်စွာပင် အနည်းငယ် ခွဲဝေပေးရမည်။ သို့ရာတွင် ခွဲဝေရန် ကြိုးစားခြင်းဖြင့် ဒုက္ခများနေကြပြန်သည်။
နောက်ဆုံးတွင် လေထုအခြေနေက တင်းကြပ်လာသည်။ ကောင်းကင်ဂူ ခြောက်ဂူလုံးက လူတွေကလည်း လက်မလျော့ကျချေ။
လေးလံသော အရှိန်အဝါကို လွင့်ထုတ်နိုင်စွမ်း ရှိပြီး တောင်တန်းတစ်လုံးလို ခိုင်မာသော ကိုယ်ဟန်ကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်း လူ လျှိုဝမ်သျှံက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီးနောက် ပြောလိုက်သည်။
“ဒီလိုဆိုရင် ငါတို့တိုက်ခိုက်ယုံပဲ ရှိတော့တယ်။”
“အဲ့ဒီလိုပဲ ဖြစ်သင့်တယ်။”
ရွှေရောင်ဆည်းဆာချိန် ကောင်းကင်ဂူ မှ အဖွားကြီး လီရင်က ခေါင်းငြိမ့်ကာ သဘောတူသည်။
“ဒီအခြေအနေကို အထိအခိုက် ဖြစ်မှာဆိုးလို့ လိုအပ်တဲ့အချိန်ကျမှ ရပ်တန့်ကြတာပေါ့။”
ကျောက်စိမ်းသုံးသွယ် ​ကောင်းကင်ဂူမှ ဆံပင်ဖြူနဲ့ အဖိုးကြီး မာယွန်ကမူ သဘောတူကြောင်း ဝင်ပြောသည်။
ဝိညာဥ် အပျက်အစီး ကောင်းကင်ဂူမှ လူများကမူ မသက်မသာ ဖြစ်သွားကြသည်။
အကြောင်းမူက သူတို့ကသာ ယဲ့ဖန်းတို့ကို ရှာတွေ့သောသူ ဖြစ်သော်လည်း အဆုံးတွင် အခြားသော ဂူများနှင့် ယှဥ်ပြိုင်ရဦးပေမည်။ ထို့ပြင် မည်မျှကျန်ခဲ့မည်ဆိုသော ပြဿနာလည်း ရှိလာပြန်သည်။
ထိုသို့ဖြင့် ကောင်းကင်သို့ သက်တန့်ရောင်စဥ် တိမ်စင်များ ထိုးတက်သွားသည်။ အထူးသဖြင့် ညကောင်းကင်က တောက်ပသွားသည်။ ကောင်းကင် ဂူများကြားမှ တိုက်ပွဲက စတင်ဖြစ်ပွားလာသည်။
ယဲ့ဖန်းတို့အားလုံးက ခန်းမ အပြင်ဘက်သို့ ထွက်သွားပြီးနောက် ကောင်းကင်သို့ မော့ကြည့်ကြသည်။ ကံဆိုးစွာဖြင့် ထိုလူများအားလုံးက မြို့ပြင်သို့ ထွက်ပြီး ဝေးသည်ထက် ဝေးသွားကြလေရာ သူတို့က ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
အဝေးရှိ ကောင်းကင်တွင် အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်နေသည်။ နတ်သက်တန့်ရောင်စဥ် တိမ်စင်များက အချင်းချင်းယှက်တန်းနေသည်။
မကြာခဏဆိုသလို မိုးခြိမ်းသံများကလည်း ထွက်ပေါ်လာကာ ပြင်းထန်သော လေများက တိုက်ခပ်ပြီး သဲနှင့်ကျောက်တုံးများက အဝေးသို့ လွင့်ထွက်ကုန်သည်။
ကျိုးရင်၊ လင်းကျားနှင့် အခြားသောသူများက မူးဝေသွားကြသည်။ ယခုလေးတင် ထိုအကြီးအကဲများက ငြိမ်းငြိမ်းချမ်းချမ်း စကားပြောနေသည်။ သို့သော် ယခုလေးတင် လေပေါ် ပျံတက်သွားပြန်ကာ တိုက်ခိုက်နေကြပြန်သည်။ ပြင်းထန်သော တိုက်ပွဲကဖြစ်ပွားနေသည်မှာ သေချာသည်။
သိပ်မကြာခင် သတ်တန့်ရောင်စဥ် တိမ်စင်များက ပျောက်ကွယ်သွားသည်။ သူတို့ မည်သည့်နေရာသို့ သွားကာ တိုက်ခိုက်နေကြောင်း မသိနိုင်ချေ။
နာရီဝက်ခန့် ကြာပြီးမှ တိမ်စင်များက ပြန်ပေါ်လာသည်။ ထို့နောက် ကောင်းကင်တစ်ခုလုံးကို အနှံ့ဖြတ်သန်းသွားပြီးနောက် အနားသို့ ချက်ချင်းရောက်လာပြန်သည်။
ပထမဦးဆုံး ရောက်လာသောသူက သူတို့ကို စတွေ့ခဲ့သော မိန်းခလေးဖြစ်သည်။ ထိုမိန်းခလေးက ကျော့ရှင်းကြည့်ကောင်းပြီး အခြားလောကမှ နတ်မိမယ် တစ်ပါးလို့ ထင်ရသည်။ သူမ၏ အနက်ရောင်မျက်ခုံးက ကော့ညွတ်နေပြီး မျက်တောင်များကလည်း တဖျတ်ဖျတ်လက်နေသေးသည်။ သူမ၏ နှုတ်ခမ်းရဲရဲက အရေလဲ့နေကာ ပုလဲလုံးများကဲ့သို့ သွားများကလည်း ဖြူဖွေးနေသေးသည်။
ရေကြည်လရောင်အောက်တွင် သူမက ဝေဝါးကာ ကျော့ရှင်းကြည့်ကောင်းနေပြန်သည်။ သေမျိုးလောကသို့ ဆင်းသက်လာသော လနတ်မိမယ်အလား ထင်ရသည်။ သူမက အလွန်အမင်း လှပလွန်းသည်။
သူမ၏ အနောက်မှ ဝိညာဥ် အပျက်အစီး ကောင်းကင်ဂူမှ အကြီးအကဲများ ရောက်လာကြသည်။ သို့သော် သူတို့၏ အခြေအနေများက ပျက်ယွင်းနေပြီး သွေးများက စိုရွှဲနေပြန်သည်။
သို့ရာတွင် သူတို့အားလုံး၏ မျက်နှာတွင် အောင်မြင်လာသော အပြုံးမျိုးက ရှိနေသေးသည်။ အနောက်ကလူများကလည်း သူတို့၏ အမူအရာများက မကောင်းကြချေ။ အင်အားကြီးမားသော လျှိုဝမ်သျှံ၏ ပုခုံးကပင် သွေးများ စိုရွှဲနေသည်။ သူတော်စင် မာယွန်၏ မုတ်ဆိတ်မွှေး တစ်ဝက်ခန့်က ဖြတ်ခံထားရသည်။ မီးခိုးရောင်ဆံပင် အဖွားကြီး လီရင်၏ လမ်းလျှောက်တုတ်ကလည်း အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွားသည်။
“ဒီကောင်မလေးက ဒီအသက်အရွယ်နဲ့ ငါတို့ကိုတောင် ကျော်သွားမယ်လို့ မထင်ထားဘူး။ ဝိညာဉ် အပျက်စီး ကောင်းကင်ဂူက ပြိုင်ဘက်ကင်း ပါရမီရှင်ကို ပိုင်ဆိုင်ထားတာပဲ။”
မာယွန်က သက်ပြင်းချသည်။
ယဲ့ဖန်းတို့ကလည်း အံ့ဩသွားကြသည်။ ထိုမိန်းခလေးက ကျော့ရှင်းကြည့်ကောင်းကာ လှပလွန်းသည့်အပြင် သူမ၏ အသွင်အပြင်ကလည်း ​ညင်သာသိမ့်မွေ့သည်။ ထို့ပြင် သူမက အလွန်အမင်း အင်အားကြီးလွန်းနေသည်။ သူမက ထိုအကြီးအကဲများကိုပင် နိုင်သွားသည်။ အံ့ဩစရာပဲ။
“ငါတို့ ရှုံးပြီဆိုမှတော့ ဘာမှပြောစရာ မရှိတော့ဘူး။ မင်းတို့ရဲ့ဝိညာဥ် အပျက်အစီး ကောင်းကင် ဂူက နှစ်ယောက်ကို ရွေးလိုက်ပါ။”
လျှိုဝမ်သျှံ၏ မျက်နှာအမူအရာက မကောင်းချေ။ သူက လူငယ်မျိုးဆက်ထံတွင် ရှုံးသွား၍ အရင်ရွေး၍လည်း မရချေ။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ လူများက ယဲ့ဖန်းနှင့် ဖန်းပေါ်ကို တုန့်ဆိုင်းမနေဘဲ ရွေးလိုက်သည်။ သူတို့၏ မျက်နှာများတွင် အပြုံးများက ပြည့်နေသည်။ ထို့နောက် အကြီးအကဲ မာယွန်က လျှိုယီယီကို ရွေးချယ်သည်။
ထို့နောက် အကြီးအကဲ လီရင်က ကျန်းကျစ်လင်ကို ရွေးချယ်သည်။ သို့ရာတွင် ထိုအချိန်တွင် ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ လူများက ယဲ့ဖန်း၏ ခန္ဓာကိုယ်ကို အသေးစိတ် စစ်ဆေးပြီးနောက် အပြုံးများက ပျောက်ကွယ်သွားကြသည်။
” ဘယ်လိုဖြစ်နိုင်မှာလဲ။”
အခြားသူများကလည်း အခြေနေကို သတိထားမိသွားကြပြီး လှည့်ကြည့်လာကြသည်။ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ လူများက မပျော်မရွှင်ဖြစ်နေကြသည်ကို မြင်သောအခါ သူတို့က အခြေနေကို နားမလည်ကြတော့ချေ။
“ဘာဖြစ်လို့လဲ။ မင်းတို့ရဲ့ ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဂူက အရင်းဆုံး ရွေးတာတောင် ဒီလူကို မကျေနပ်ဘူးလား။”
“အဲ့ဒီလို မဟုတ်ဘူး။ လာကြည့်ဦး။”
အကြီးကဲများကလည်း ယဲ့ဖန်းကို နှမြောသလို ကြည့်ကြသည်။
အခြားသော သူများက ချက်ချင်းလိုလို ယဲ့ဖန်း၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ရာက မှားယွင်းနေကြောင်းကို သတိထားမိပြီး ဝိုင်းလာကြသည်။
ကျောက်စိမ်းသုံးသွယ် ကောင်းကင်ဂူမှ မာယွန်ကလည်း ဦးစွာရှေ့တက်လာပြီး ပြောသည်။
“သူကို ကြည့်ရုံနဲ့တင် ဒီကောင်လေးရဲ့ ချီနဲ့သွေးတွေက အထူးတလည်ကို ကြံ့ခိုင်နေတာကို မြင်နိုင်တယ်။ နောက်ပြီး သူက ရေဆင်နဲ့တောင် ယှဥ်နိုင်လောက်တယ်။ သူက ရှားပါးတဲ့ အမတမျိုးစေ့ကောင်းပဲ။ သူက ဘာဖြစ်နေလို့လဲ။”
ထိုအချိန်တွင် အခြားသူများက ရှေ့တက်လာပြီး ယဲ့ဖန်းကို စစ်ဆေးကြသည်။ ယဲ့ဖန်းကမူ အထိအကိုင် ခံနေရပြီး မသက်မသာ ဖြစ်လာသည်။ သို့သော် သူက ဒီလိုအခြေနေမျိုးတွင် တား၍လည်း မရချေ။
ရွှေရောင်တိမ်စင် ကောင်းကင်ဂူမှ လီရင်ကမူ အံ့ဩသွားပြီးနောက် ပြောလိုက်သည်။
“သူက ဘယ်လိုဖြစ်ပြီး ဒီလို ခုနှစ်ဂူကို ပိုင်ဆိုင်ထားရတာလဲ။”
အချိန်ကြာ စစ်ဆေးပြီးနောက် လျှိုဝမ်သျှံက မယုံကြည်နိုင်သလို ဖြစ်သွားကာ ပြောသည်။
“သူရဲ့ အသက်နတ်ဘီးက တိတ်ဆိတ်နေတာပဲ။ နောက်ပြီး ဒုက္ခဆင်းရဲပင်လယ်ကလည်း နတ်သံမဏိတုံးလို မာကျောပြီး ကျောက်သားလို ခိုင်မြဲနေသေးတယ်။ ချိုးဖျက်လို့တောင် မဖြစ်နိုင်လောက်ဘူး။ ဘာတွေ ဖြစ်နေတာလဲ။”
လူတိုင်းက စိတ်ရှုပ်သွားကြသည်။ သူ၏ ခန္ဓာကိုယ်က ထူးဆန်းလွန်းသည်။ ဒါက ပုံမှန် မဟုတ်တော့ချေ။ ထိုအခိုက် ကျောက်စိမ်း သုံးသွယ် ကောင်းကင်ဘုံမှ မာယွန်က တစ်စုံတစ်ရာကို ရိပ်မိသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
” ဖြစ်နိုင်တာက ဒဏ္ဍာရီလာ ခန္ဓာကိုယ် တည်ဆောက်ပုံလား။”
သူက ယဲ့ဖန်း၏ ခန္ဓာကိုယ်ကို တစ်ကြိမ်ပြန် စစ်ဆေးကြည့်ပြီးနောက် သူ၏လက်ချောင်းများက ကျောက်စိမ်းရောင် လင်းလက်တောက်ပလာကာ နတ်အလင်းတန်းမှုန်များ ထွက်လာပြီးနောက် အရှေ့သို့ ပြန့်ကျဲသွားသည်။
ထို့နောက် ဆက်လက်ပြီး သူ၏ခန္ဓာကိုယ်ကို ထိတွေ့ပြီး အလေးအနက် စဥ်းစားဆင်ခြင်ပြီး သူက အာရုံဖြင့် စူးစိုက်ကာ အရိုးများပို တိုင်းတာသည်။ ထို့နောက် စိတ်ဝိညာဥ်ကိုလည်း သန့်စင်သောနည်းလမ်းဖြင့် တိုင်းတာကြည့်သေးသည်။
အချိန်အတန်ကြာမှသာ မာယွန်က ရပ်တန့်လိုက်ကာ မှင်တက်စွာပင် ပြောသည်။
“ဒါက ဒီလောကမှာ တကယ်ကို တွေ့ရခဲတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံပဲ။”
“ဘယ်လို ခန္ဓာကိုယ်တည်ဆောက်ပုံလဲ။”
လူတိုင်းက ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြသည်။
“ပြိုင်ဘက်ကင်းပဲ။ ပြိုင်ဘက်ကင်း သူတော်စင် ခန္ဓာကိုယ် တည်ဆောက်ပုံပဲ။”
မာယွန်က ရေရွတ်လိုက်သည်။
“ဘာ”
အားလုံးက အံ့ဩသွားကြသည်။ သူတို့က ကိုယ့်နားကို မယုံကြည်နိုင်ကြတော့ချေ။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက လျင်မြန်စွာဖြင့် တုန့်ပြန်လိုက်သည်။ သူတို့က ယဲ့ဖန်းကို အနောက်သို့ တွန်းပို့လိုက်ပြီး ကာကွယ်ထားလိုက်ကြသည်။ သူတို့အားလုံးက တခြားသူများက လုယူကာ သတ်ဖြတ်သွားမည်ကို စိုးရိမ်ကြသည်။
လျှိုဝမ်သျှံ ကိုယ်တိုင်ကလည်း မယုံကြည်နိုင်ချေ။
“ဒီလို ယန်ပိုင်နက် နယ်မြေက မြောက်ပိုင်းကနေ တောင်ပိုင်းအထိ မိုင်နှစ်ထောင်ကျော် အရှေ့ပိုင်းကနေအနောက်ပိုင်းထိ မိုင်သုံးထောင်ကျော် ရှိတယ်။ ဒီပိုင်နက် နယ်မြေက အရှေ့ဘက် ကျယ်ပြောတဲ့ နယ်မြေနဲ့ ယှဥ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်ပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အတောအတွင်း ဒီလို ပြိုင်ဘက်ကင်း သူတော်စင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ လူမျိုးနဲ့ မတွေ့ဆုံခဲ့ဖူးသေးဘူး။ ရှေးခေတ်အချိန်ကတည်းက ဒီလိုလူမျိုးတွေက ဒီလောက်ကျယ်ပြောတဲ့ နယ်မြေမှာတောင် အများအပြား မရှိခဲ့ဘူး။
ရွှေရောင်ဆည်းဆာချိန် ကောင်းကင်ဂူက လီရင်က ခေါင်းကိုခါကာ ဝင်ပြောသည်။
“သိတာ မဟုတ်ဘူး။ ငါကြားတဲ့ အတိုင်းဆိုရင် အရှေ့ဘက် ကန္တာရနယ်မြေမှာ တစ်ယောက် ရှိတယ်။ နောက်ပြီး ကောလဟာလတွေအရ တစ်ယောက်ထက် ပိုနေနိုင်သေးတယ်။ ဒါပေမဲ့ သူတို့က ဆက်လက်ပြီး ကြီးထွားနေတုန်းပဲ။ နောက်ပြီး လူတွေရှေ့ကိုလည်း ပေါ်မလာသေးဘူး။ အချိန်မကျသေးတာလည်း ဖြစ်နိုင်တာ်။ ငါ့အထင် သူတို့က အထွတ်အမြတ်နယ်မြေ ဒါမှမဟုတ် ရှေးဟောင်းမိသားစုတွေမှာ ရှိနေပြီး ကြိုးစားနေတာ ဖြစ်လောက်တယ်။”
ထိုအချိန်တွင် အကြီးကဲများက ယဲ့ဖန်းကို မတူသော အကြည့်များဖြင့် ကြည့်ကြသည်။ ထိုအကြည့်များထဲတွင် စိတ်ဆန္ဒများက တောက်လောင်နေသည်။ သူတို့က သူကိုဖမ်းပြီး တပည့်အဖြစ် သတ်မှတ်လိုကြသည်။ ကျိုးရင်၊ လင်းကျားတို့ကပင် ယဲ့ဖန်းကို ထူးဆန်းသော မျက်ဝန်းများဖြင့် ကြည့်ကြသည်။ သို့ရာတွင် ထိုအချိန်တွင် ကျောက်စိမ်းသုံးသွယ် ကောင်းကင်ဂူမှ မာယွန်က ချောင်းဟန့်မိသွားသည်။
” ဒါ ငါ့အထင် မင်းတို့အားလုံး နားလည်မှု လွဲနေကြပြီ။ ငါ ရှင်းရှင်းလင်းလင်း မပြောမိတာလည်း ဖြစ်လောက်တယ်။”
“ဟမ် ..။ ”
“ဘာလဲ …။ ”
လူတိုင်းက သူ့ကို နားမလည်သလို အကြည့်ဖြင့် ကြည့်သည်။
“သူမှ တကယ်ပဲ ပြိုင်ဘက်ကင်း သူတော်စင် ခန္ဓာကိုယ် ရှိပါတယ်။ ဒါပေမဲ့ ဒါက အချိန်အကန့်အသတ်ရှိတယ်။ နောက်ပြီး အဲ့တာက ရှေးဦးမူလခေတ်ကပဲ။”
“ဘာကို ဆိုလိုတာလဲ။” မာယွန်က ရှင်းပြသည်။
“ရှေးခေတ် မူလခေတ်က ဒဏ္ဍာရီတစ်ခုကို လူတိုင်းကြားဖူးကြတယ် မဟုတ်လား။ အဲ့ဒီအချိန်က ဒီလိုပြိုင်ဘက်ကင်း ခန္ဓာကိုယ်တည်ဆောက်ပုံအရဆိုရင် မျိုးဆက်ကိုးဆက် ပိုင်ဆိုင်ခဲ့ကြပြီး မျိုးဆက်တစ်ခုချင်းစီရဲ့ တစ်ယောက်ချင်းစီတိုင်းကလည်း ကောင်းကင်နဲ့ မြေပြင်အကြား ပြိုင်ဘက်ကင်းတယ်။ ဒီလို ခန္ဓာကိုယ် ပိုင်ရှင်က ကျင့်ကြံခြင်း လမ်းစဥ်ကိုသာ လျှောက်လမ်းရင် အထွတ်အထိပ်ဆိုတာ အကန့်အသတ် မရှိလောက်အောင်ပဲ။ ဒါက ပထမတန်းစား သူတော်စင် ခန္ဓာကိုယ် တည်ဆောက်ပုံ လို့ ခေါ်ကြတယ်။”
“ဟုတ်တယ်လေ။ ငါတို့ကြားဖူးတယ်လေ။ အဲ့လောက်ထိ ရှင်းပြဖို့ မလိုပါဘူး။”
ထိုအချိန်တွင် လူတိုင်းက ယဲ့ဖန်းကို ပြန်ကြည့်ကြပြန်သည်။ သူတို့က ယခင်ကကဲ့သို့ အံ့အားသင့်မှု စိတ်အားထက်သန်မှုများ မရှိတော့ပဲ စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာကို မြင်နိုင်သည်။
“ငါ့အထင် မမှားရင် သူက ဒီလိုခန္ဓာကိုယ် တည်ဆောက်ပုံမျိုးကို ပိုင်ဆိုင်ထားတယ်။ ကံဆိုးစွာနဲ့ ရှေးဦးမူလခေတ် ကုန်သွားပြီးတဲ့နောက်မှာ ဒီလိုခန္ဓာကိုယ် ​တည်ဆောက်ပုံမျိုး ပေါ်ထွက်လာသေးပေမဲ့ အရင်ကလောက် အင်အားမရှိတော့ဘူး။ သူတို့က ယခင်ကလို ကောင်းကင်ကနေ ငုံ့ကြည့်နိုင်စွမ်းအား မရှိကြ​တော့ဘူး။
အမှန်တိုင်းဆိုရသော် အချို့သောအကြောင်းပြချက်များက ဒီလိုခန္ဓာကိုယ် တည်ဆောက်ပုံများက ယခင်ကလောက် ကျင့်ကြံခြင်းလမ်းစဥ်တွင် အဆင့်တစ်ခု မရနိုင်တော့ချေ။ ထို့အပြင် မည်သူကမှလည်း အဆင့်မြင့်မားအောင် အောင်မြင်စွာ မကျင့်ကြံနိုင်ကြချေ။
“အခု အမ္မတဂိုဏ်းပေါင်းများစွာက အရှေ့ဘက်နယ်မြေမှာ ပြိုင်ဘက်ကင်း သူတော်စင်ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အမ္မတမျိုးစေ့ ပေါ်လာတယ်လို့ ကောလဟာလတွေ ဖြန့်နေတယ်။ ငါတို့ရဲ့ ယန်ပိုင်နက် နယ်မြေမှာ မြေကမ္ဘာကို အက်ကွဲစေမဲ့ ပုံရိပ်တစ်ခု ပေါ်လာတော့မယ်လို့ ငါ ထင်တယ်။ မျှော်လင့်မထားဘဲ ဒီလိုဖြစ်နေတယ်။”
“ပြိုင်ဘက်ကင်း သူတော်စင် ခန္ဓာကိုယ်က ရှေးဦးခေတ်အချိန်က ပြိုင်ဘက်ကင်းခဲ့ပေမဲ့ အခုတော့ ပြိုင်ဘက်မကင်းနိုင်တော့ဘူး။”
ဝိညာဉ် အပျက်အစီး ကောင်းကင်ဂူမှ လူများက သက်ပြင်းချကြသည်။ သူတို့အားလုံးကလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ယဲ့ဖန်းကို အာရုံမစိုက်ကြတော့ချေ။
အခြားသော ကောင်းကင်ဂူမှ လူများကလည်း စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ကလည်း ပျော်သင့်လား စိတ်ပျက်သင့်လား မသေချာတော့ချေ။
ထိုအချိန်တွင် ဘယ်သူမှ ယဲ့ဖန်းကို မကြည့်ကြတော့ချေ။ ယခင်က စိတ်အားထက်သန်မှုများမှာ အားလုံးက ပြောင်းလဲသွားလေပြီ။
အပိုင်း (၃၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset