အပိုင်း ၁၆၁•၁
” အသားကင်ချိန်ရောက်ရှိပြီ ”
°°°
ဟို့ယွိဟောင်ရဲ့နှလုံးသားက တခဏတာအခုန်မြန်သွားခဲ့ပါတယ်။ ဒီကောင်မလေးနှစ်ယောက်နဲ့အတူတူ အပြင်ထွက်လာတာက မှန်ကန်သွားပြီမှန်း သူနားလည်သွားခဲ့ပါပြီ။ ဆရာရွှမ်က ဒီကျောင်းတော်ရဲ့ အလုပ်လုပ်ပုံနဲ့ အတွင်းသတင်းအချက်အလက်တွေကို အတော်သတိထားပြီ ကာကွယ်ပေးနေပေမဲ့ ကျွီးကျင့်နဲ့ ခက်ခက်ကတော့ သူ့ကို အဲ့ဒီလောက်ကြီးသတိထားပြီမပြောကြပါဘူး။ တွေတွေတောတောပြောကြပေမဲ့ သတင်းအချက်အလက်တွေတော့ တော်တော်များများကို ရလိုက်ပါတယ်။
” ဒီတော့ နင်ရဲ့၀ိညာဥ်စွမ်းရည်တွေက ဘာလဲ ပတ်၀န်းကျင်အလင်းတန်းတွေကို ပြောင်းလဲပြီငါ့ကို သတိလစ်သွားအောင်လုပ်တာအဲ့တာဘာကြီးလဲ ”
ခက်ခက်က မေးလာခဲ့ပါတယ်။
” ခက်ခက် ”
ကျွီးကျင့်က မျက်မှောင်ကြုတ်ရင်းနဲ့ သူမကိုဟန့်တားလိုက်တယ်။ ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ ၀ိညာဥ်စွမ်းရည်တွေဆိုတာက သူ့အတွက်တော့ လျှို့၀ှက်ချက်ပါပဲ။ ဟို့ယွိဟောင်ကတော့ ဒီအတိုင်းသာပြန်ဖြေခဲ့တယ်။
” ဒါကကျွန်တော်ရဲ့အထောက်အကူပြု ၀ိညာဥ်စွမ်းရည်လေ စိတ်၀ိညာဥ်နှောင့်ယှက်မှုလို့ခေါ်တယ်…ကျွန်တော်ရဲ့ စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီးအားလုံးကို ထိခိုက်အောင်လုပ်နိုင်တယ်…ဒီပတ်ပတ်လည်အတွင်းမှာရှိနေသမျှ ဘယ်သူမဆို စိတ်ရှုပ်ထွေးသွားပြီ သူတို့ရဲ့ပစ်မှတ်တွေကိုလဲ လွဲချော်သွားလိမ့်မယ်…ကျွန်တော်ထက်ပိုပြီးတော့ အားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားရှိနေမှာသာ ဒီတိုက်ခိုက်မှုကိုခံနိုင်မှာ ”
” ဒါဆိုနင်စိတ်၀ိညာဥ်နှောင့်ယှက်မှုရဲ့ ရောက်နိုင်တဲ့အကန့်အသတ်ကဘယ်လိုလဲ ”
ဟို့ယွိဟောင်က ပြုံးပြရင်းပြန်မဖြေတော့ပါဘူး။ ဒါမှသာ သူ့ရဲ့လျှို့၀ှက်ချက်ကို ကျွီးကျင့်က ခက်ခက်ကိုမျက်စောင်းထိုးနေခဲ့ပါတယ်။ အခုမှလဲ ခက်ခက်ကမေးတာရပ်လိုက်ပါပြီ။ သူလွန်သွားမှန်း နားလည်သွားခဲ့တယ်။
အနောက်ဖက်ကောင်းကင်မှာ လှပတဲ့အမှုန်အ၀ါးလေးတွေ ပေါ်လာချိန်မှာတော့ သူတို့လဲ ဦးတည်ရာနေရာကိုရောက်လာခဲ့ပါပြီ အဝေးကကောင်းကင်နေကြည့်မယ်ဆိုရင် ကျန်းယန်တောင်က ကြီးမားတဲ့ပင့်ကူကြီးတစ်ကောင်နဲ့တူသလို ရေဘ၀ဲကြီးတစ်ကောင်နဲ့လဲ တူနေခဲ့တယ်။
သူတို့တွေက ၀ိညာဥ်သားရဲကောင်တွေရှိမဲ့နေရာမှာစုစည်းလိုက်ကြပါတယ်။ ဒီနေရာက မဟာကြယ်တာရာသစ်တောနဲ့ ကွာခြားနေတာကို ဟို့ယွိဟောင်ခံစားမိခဲ့တယ်။
မဟာကြယ်တာရာသစ်တောက အဆုံးမဲ့တဲ့ပုံထင်ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာကတော့ အရမ်းကိုအရိုင်းဆန်းလွန်တဲ့ ကြောက်စရာအငွေ့အသက်တွေ ရနေခဲ့တယ်။ သူ့ရဲ့ဧရိယာကတော့ မဟာကြယ်တာရာသစ်တောနဲ့ ယှဥ်လို့မရပါဘူး။ ဒါပေမယ့် ပိုကြမ်းတမ်းနေတာကတော့ အမှန်ပါ။
” ငါတို့ဒီနားမှာ တစ်ညအိပ်မယ်…မနက်ဖြန်ကနေစပြီ ၀ိညာဥ်လက်နက်တွေကိုစမ်းသပ်မယ်..တစ်ချိန်ထဲမှာပဲ ကံစမ်းကြတာပေါ့ နင်အတွက် သင့်တော်တဲ့၀ိညာဥ်သားရဲကောင်ရှာတွေ့မတွေ့ စမ်းကြမယ်လေ ”
ကျွီးကျင့်က ပြောလာခဲ့ပါတယ်။
သူတို့သုံးယောက်က တောင်ခြေနဲ့ကီလိုမီတာရာချီအကွာမှာ စမ်းသပ်ပြီတဲ့နောက် သူတို့ရဲ့တဲတွေကိုထုတ်လိုက်ကြပါပြီ။ သိုလှောင်ရေး၀ိညာဥ်လက်နက်တွေနဲ့ဆိုရင် ရှိသမျှပစ္စည်းတွေအားလုံးကို ထည့်ပြီယူလာနိုင်မှာအမှန်ပါ။ လူသုံးယောက် တဲသုံးလုံးရှိနေခဲ့ပြီ ဟို့ယွိဟောင်ရဲ့အကူအညီနဲ့အတူ မြန်မြန်ဆန်ဆန်တဲတွေကို ဆောက်လို့ပြီသွားပါတယ်။ ခက်ခက်ကတော့ ဟို့ယွိဟောင်ကိုလှမ်းပြီကြည့်ရင်း ပြုံးပြနေခဲ့တယ်။
” ညမှာအစွမ်းပြမယ်လို့ ပြောထားတဲ့ တစ်ယောက်ယောက်ရဲ့စကားကိုငါမှတ်မိတယ်နော် ငါတို့ကိုစိတ်ပျက်အောင်မလုပ်နဲ့ ”
ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
” ဒါပေါ့ ပြင်ဆင်ပါရစေဦး ဒီအနီးအနားမှာသင့်တော်တဲ့ ပါ၀င်ပစ္စည်းလေးများရှိမလားဆိုတာ သွားရှာလိုက်ဦးမယ်..ခဏစောင့်နော် ပိုပြီးလတ်ဆတ်လေပိုကောင်းလေပဲ ”
သူပြောပြီတဲ့နောက် ကျွီးကျင့်နဲ့ ခက်ခက်တို့လဲ သူ့ရဲ့မျက်လုံးထဲကနေရွှေရောင်အလင်းတန်းတွေ ထွက်လာတာကိုမြင်လိုက်ရပါတော့တယ်။ ဒီရွှေရောင်အလင်းတန်းကိုမြင်ချိန်မှာ သူတို့တွေပြန်လန့်သွားခဲ့ကြပါတယ်။ အရင်တုန်းက ဒီအစွမ်းအစနဲ့ဘာလုပ်ခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။
ဟို့ယွိဟောင်ကတော့ အဝေးနေရာကိုကြည့်ရင်း ပြန်လှည့်လာခဲ့ပါတယ်။ သူ့ရဲ့မြင်ကွင်းကိုချဲ့လိုက်ပါပြီ ခက်ခက်က ကျွီးကျင့်ကို ခပ်တိုးတိုးနဲ့မေးလာခဲ့တယ်။
” မိုးတောင်တော်တော်ချုပ်နေပြီ သူက သူမျက်လုံးကိုဒီအတိုင်းသုံးပြီ အစာလိုက်ရှာနေတာလား ”
ကျွီးကျင့်ပြန်ဖြေတာကိုတောင်မစောင့်ပဲ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။
” သူက တကယ်တော်တော်လေးအစွမ်းထက်တယ်…အစောတုန်းက အဆင့်တူတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ၀ိညာဥ်ပညာရှင်တွေကို မယှဥ်နိုင်ဘူးလို့ထင်ခဲ့တာ ဒါပေမယ့် အခုကြည့်လိုက်ပါဦး ဒီပုံစံကြည့်ရတာအတော်ကိုကြောက်စရာကောင်းလိုက်တာ အခုအချိန်မှာ သူဘယ်အင်အားကြီးတဲ့ ၀ိညာဥ်စွမ်းရည်ကိုအသုံးပြုနေလဲဆိုတာ ငါတို့မသိရသေးဘူး…သူ့ရဲ့ကိုယ်ပိုင်သိုင်းပညာ၀ိညာဥ်စွမ်းအားနဲ့ဆိုရင် ငါတို့ လုံး၀မခုခံနိုင်တော့တဲ့အထိ တိုက်ခိုက်နိုင်တယ်…အခုငါပြော၀ံ့တာတစ်ခုရှိတယ်…သင့်တော်လုံလောက်တဲ့ အကွာအဝေးရှိရင်တောင် ငါတို့လေးယောက်က သူရဲ့ပြိုင်ဘက်လုံး၀မဟုတ်နိုင်ဘူး ”
ကျွီးကျင့်က ပြောလာခဲ့ပါတယ်။
ခက်ခက်လဲခေါင်းညိတ်ရင်း ထောက်ခံနေခဲ့တယ်။
” သူသုံးလိုက်တဲ့ စိတ်၀ိညာဥ်နှောင့်ယှက်မှုက ငါတို့လို၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အဓိကတိုက်ခိုက်နိုင်တယ်။ သက်ရောက်တဲ့အကျယ်အ၀န်းတအားမကြီးပါစေလို့ မျှော်လင့်ရတာပေါ့ ”
” သူက ငါတို့ရဲ့တကယ်ရန်သူကြီးအစစ်တော့မဟုတ်ဘူးလေ နောက်ဆုံးတော့လဲ အမျက်ဒေါသကျောင်းတော်ကနေလာတဲ့ ကျောင်းပြောင်းကျောင်းသားတစ်ယောက်ပဲ ဘယ်သူသိနိုင်မှာလဲ သူ့ဆီကနေ တစ်ခုခုသင်လို့ရတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တကယ်သူကျွေးတဲ့အစားအသောက်တွေကို စားကြမှာလား ”
ကျွီးကျင့်က ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။
” ဒီကောင်က နေ့လည်တုန်းက နင်ချက်တာစားပြီးတာတောင် ငါတို့အတွက် သူချက်ပေးမယ်လို့ ပြောနေတယ်…ဒီတော့ သူလဲအစွမ်းအစရှိလို့ပဲ ဖြစ်ရမယ်..ဟုတ်တယ်ဟုတ် အကယ်၍ ငါတို့သေချာမစားကြည့်ဘူးဆိုရင် ဘယ်လိုလုပ်သိမှာလဲ ဒါပေမယ့် နင်လဲ ကံကောင်းတယ်ဆိုရင် ကောင်းကောင်းချက်ပြုတ်တာတော်တဲ့ ချစ်သူတစ်ယောက်ကိုရှာတွေ့သွားန်ိုင်တယ်လေ ”
ကျွီးကျင့်က ချောင်းဟန့်ရင်းနဲ့ မျက်နှာတစ်ခုလုံးနီရဲနေခဲ့ပါပြီ။
” မဟုတ်တာတွေမပြောနဲ့ သူအသက်အရွယ်က အဲ့လောက်မကြီးသေးဘူး…သူ့ရဲ့မျက်နှာအသားအရေးကို ကြည့်ပါလား အရွယ်အစားကအတော်ကြီးပေမဲ့ မျက်နှာကတော့ ငယ်ငယ်ရွယ်ရွယ်လေးရှိနေတုန်းပဲ ဒါ့အပြင် နှုတ်ခမ်းမွှေးတောင်အခုမှစထွက်ခါစပဲရှိသေးတယ်…သေချာပေါက် ဆယ်ငါးဆယ်ခြောက်လောက်ပဲ ရှိဦးမယ်..ငါတို့ထက်အများကြီးငယ်မှာ ”
” အစ်မကြီးကျွီးကျင့်က သေချာကိုလေ့လာထားတာပါပဲလား ”
ခက်ခက်က အထူးအဆန်းပုံစံနဲ့ကြည့်လိုက်ရင်း ပြောပါတော့တယ်။
” နင်ခေါင်းမှာဘာတွေတွေးနေတာလဲ ကိုယ့်ကိုယ်တိုင်ကိုသေချာသိတာနဲ့ ကိုယ်ရန်သူကိုသေချာသိမှသာ အနိုင်ယူနိုင်လိမ့်မယ်..ဒီစကားကိုမကြားဖူးဘူးလား ”
သူတို့စကားပြောနေကြချိန်မှာ ဟို့ယွိဟောင်က ပြန်လာခဲ့ပါပြီ။ သူ့ရဲ့ ညာဘက်လက်ထဲမှာတော့ တစ်စုံတစ်ရာကိုကိုင်လာခဲ့ပါတယ်။ မှောင်နေပြီအတွက်ကြောင့်မလို့ ကောင်မလေးတွေကတော့ ဘာမှန်းမမြင်ရပါဘူး။ ဟို့ယွိဟောင်ကတော့ သူ့ဘာသာသူစပြီ အလုပ်ရှုပ်ပါတော့တယ်။
ဟို့ယွိဟောင် ဖမ်းလာတာဘာကောင်မှန်းမသိပေမဲ့ မကြာခင်မှာပဲ အသားမြောင်းတွေဖြစ်သွားကို မြင်လိုက်ရပါတယ်။ အသားမြောင်းတစ်ခုချင်းဆီတိုင်းကလဲ သေသေချာချာညီညီညာညာလှီးထားခံတာပါ လက်တစ်၀ါးအရွယ်လောက်ရှိနေခဲ့ပြီ နှစ်လက်မလောက်တးထူပါတယ်။ တအားလဲမကြီးသလို တအားလဲမသေးပါဘူး။ အခုကတော့ မီးမွှေးဖို့အချိန်တန်ပါပြီ။ မီးချောင်းတွေထည့်လိုက်ပြီဆိုတာနဲ့ ဟို့ယွိဟောင်နှလုံးသားထဲမှာ တစ်ချက်တုန်ရီသွားပါတော့တယ်။ အဝေးကိုသူလှမ်းမျှော်ကြည့်ရင်း သူ့စိတ်ထဲမှာတွေးနေခဲ့မိတယ်။
” အစ်မကြီးဘယ်ရောက်နေတာလဲ မာရှောင်ထောင့်ကို သတိရပြီတွေးတောမိချိန်မှာတော့ သူ့ရဲ့စိတ်ခံစားချက်တွေက အတော်လေးနာကျင်လို့သွားပါတော့တယ်။
ဒါပေမယ့် သူလုပ်နေတာကို မရပ်တန့်ခဲ့ပါဘူး။ တခဏတာကြာပြီတဲ့နောက် မီးကိုစတင်ပြီ အကောင်အထည်ပေါ်လာခဲ့ပါပြီ။ သူ့ကိုစောင့်ကြည့်နေတဲ့ကောင်မလေးနှစ်ယောက်ဖက်ကိုလှည့်ပြီ ပြောလာခဲ့ပါတယ်။
” အစ်မကြီးတို့လာကြ စားလို့ရတော့မယ်…ကျွန်တော်ရဲ့အသားကင်က ချက်ချင်းပူပူနွေးနွေးလေးစားမှကောင်းတာ ”
သူပြောပြီတာနဲ့ ပန်ကန်လုံးသုံးလုံးကို ထုတ်လာခဲ့ပါတယ်။ ပန်ကန်လုံးတွေထဲကို အညိုရောင်ကြည်လင်တောက်ပနေတဲ့ အချဥ်ရည်လိုပုံစံအရာတွေ ထည့်လိုက်တယ်။ အဲ့ဒီနောက် ခရင်းတွေကိုနှစ်ယောက်စလုံးဆီကို ကမ်းပေးလိုက်ပါပြီ။
” အသားကိုကင်ပြီတဲ့နောက် အချဥ်ရည်လေးနဲ့စားမှကောင်းတာ စားကြမယ်လေ ”
သူပြောပြီတဲ့နောက် သူ့ရဲ့ခရင်းသုံးရင်း အသားတချို့ကို ယူလိုက်ပါတော့တယ်။ သူ့ရဲ့လက်ကောက်၀တ်ကိုလှည့်လိုက်ချိန်မှာတော့ အသားကမီးအပူရှိန်နဲ့ စတင်ပြီတော့ ကျက်စပြုလာခဲ့ပါပြီ။ နောက်တစ်ကြိမ် လက်ကိုလှည့်လိုက်ပြီအသားကိုကျွီးကျင့်ရဲ့ ပန်ကန်ထဲကမ်းပေးလိုက်ပါတယ်။
မီးလင်းရောင်အောက်မှာ ကျွီးကျင့်နဲ့ ခက်ခက်တို့ရဲ့ မျက်နှာတွေက နီရဲနေခဲ့ကြပြီ အတော်လေးကိုဆွဲဆောင်မှုရှိနေခဲ့တယ်။
ကျွီးကျင့်ကတော့ ဟို့ယွိဟောင်ရဲ့အပြုအမူတွေကို သေချာလေးအာရုံစိုက်ကြည့်နေပါတယ်။ သူ့ရဲ့ကျွမ်းကျင်တဲ့ပုံစံကြောင့် ပထမဆုံးအကြိမ်အသားကင်တာမဟုတ်မှန်း သိသာနေခဲ့တယ်။ သူမ ငုံ့ကြည့်လိုက်ချိန်မှာပဲ မီးရောင်အောက်မှာတစ်ဆစ်ဆစ်မြည်နေတဲ့အသားတွေက ပန်းရောင်သန်းနေတာကို မြင်လိုက်ရပါတယ်။ အခုအချိန်အထိ အပြည့်အ၀မကျက်သေးပါဘူး။
” ပူပူနွေးနွေးစားတာက အကောင်းဆုံးပဲ ”
ဟို့ယွိဟောင်က ပြောပြီတဲ့နောက် ဒုတိယအသားအဆင်သင့်ဖြစ်ချိန်မှာ ခက်ခက်ရဲ့ပန်ကန်ထဲကို ထည့်ပေးလိုက်ပါတယ်။
ကျွီးကျင့်က အတော်လေးကိုအစားအသောက်ကြိုက်ပါတယ်။ ဒါကိုသူကြားပြီတဲ့နောက် နောက်ထပ် ဆက်ပြီမစဥ်းစားတော့ပဲနဲ့ ခရင်းကိုကောက်ကိုင်ပြီ အသားကိုအချဥ်ရည်ထဲနစ်ရင်း တစ်ခါထဲစားလိုက်ပါတော့တယ်။
အချဥ်ရည်ရဲ့အရသာက မပျင်းပါဘူး။ ဒါပေမယ့် အရမ်းကိုကောင်းနေပါတယ်။ အသားက အချဥ်ရည်နဲ့ပေါင်းစည်းလိုက်ချိန်မှာ အရမ်းကိုနူးညံ့လို့သွားပြီ သူမ ၀ါးလိုက်ပြီးပြီချင်မှာပဲ ချက်ချင်းအရည်ပျော်ကာ လည်ချောင်းထဲကို စီးဆင်းလို့သွားပါတော့တယ်။ ဒါ့အပြင် မွှေးပျံ့တဲ့အနံ့နဲ့ ချောမွေ့နေတဲ့ပုံစံက ကျွီးကျင့်ကိုလျှာတောင်ပြန်ပြီ ကိုက်မိသွားစေခဲ့တယ်။
” အရသာရှိလှချေလား ”
ကျွီးကျင့်လို တအံ့တဩစားနေပုံနဲ့မတူပဲ ခက်ခက်ကတော့ အရမ်းကိုပျော်ပျော်ကြီးစားနေခဲ့ပါတော့တယ်။
ဒီအရသာကိုကြည့်မယ်ဆိုရင် ကျွီးကျင့်ကတော့ ရှုံးသွားခဲ့ပါပြီ။ ဒါပေမယ့် စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်ကို ခံစားနေရပါတယ်။ သူမရဲ့ မျက်နှာပေါ်မှာမျက်ရည်တွေက ဆက်တိုက်စီးကျလာပြီ ဟို့ယွိဟောင်ကိုလုံး၀မတူညီတဲ့ပုံစံနဲ့ အကြည့်မျိုးနဲ့ကြည့်လာခဲ့တယ်။
ဟို့ယွိဟောင်ကတော့ အခုလက်ရှိအချိန်မှာ အသားကိုသာအာရုံစိုက်နေခဲ့ပါတယ်။ မီးကိုအပြည့်အ၀ထိန်းချုပ်လို့ထားခဲ့ပြီ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့တောင်အသုံးပြုနေရင်း အသားကိုကင်နေခဲ့တာပါ။
အသားကင်တစ်ဖက်ချင်းဆီတိုင်းကို ပြီးပြည့်စုံတဲ့အခြေအနေထိရောက်အောင် ကင်ပြီတဲ့နောက် ကောင်မလေးနှစ်ယောက်ဆီကို တစ်ခုပြီတစ်ခု ကမ်းပေးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူကိုယ်တိုင်လဲ စတင်ပြီ စားသောက်တော့တယ်။ အရသာကအတော်ကိုကောင်းပါတယ်။ သူကိုယ်တိုင်လဲ အတော်လေးကို သဘောကျနှစ်သက်ပြီ သက်ပြင်းချနေခဲ့မိပါပြီ။ အရေးကြီးဆုံးကတော့ သူဒီနေ့ကံကောင်းတာပါပဲ။ ဒီနေ့ဖမ်းမိလာခဲ့တဲ့သမင်က ကင်လို့ကောင်းလောက်တဲ့အထိ ဆူဆူဖြိုးဖြိုးနဲ့ အရသာရှိနေခဲ့တာကြောင့်သာ မဟုတ်ရင် သူဘယ်လောက်ပဲ အရည်အချင်းရှိပါစေ အရသာရှိတဲ့ညစာဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီငါးကီလိုလောက်ရှိတဲ့သမင်က အတော်များတဲ့အသားတွေကို ထုတ်ပေးပါတယ်။ တစ်နာရီအတွင်းမှာပဲ ဒီအသားတွေအားလုံးက သူတို့ရဲ့ဗိုက်ထဲကို ရောက်သွားခဲ့ပါပြီ။ ဒါ့အပြင် အသားကနေထွက်နေတဲ့ အရသာရှိလွန်လှတဲ့အဆီအနှစ်တွေက စကားနဲ့မပြောပြနိုင်လောက်အောင်အထိ သူတို့တွေကို စည်းစိမ်းယစ်လာစေခဲ့တယ်။
” စားချင်တာနောက်ထပ်ရှိသေးလား ”
ဟို့ယွိဟောင်က နောက်ဆုံးအသားအပိုင်းကို စားရင်းမေးလာခဲ့ပါတယ်။ ခက်ခက်ကတော့သူအတော်လေပူလာတဲ့ သူ့ဗိုက်ကို ပုတ်ရင်ပြောလာခဲ့တယ်။
” အရမ်းရှိတယ် တကယ် တကယ်ကိုအရမ်းအရသာရှိတယ်..စားလို့ကောင်းလိုက်တာ ဒါပေမယ့် ငါထပ်မစားနိုင်တော့ဘူး အစ်မကြီးကျွီးကျင့် ဘာလို့ငိုနေတာလဲ ဘာလို့အဲ့လောက်မျက်လုံးတွေ နီနေရတာလဲ ”
လုံး၀ချက်ပြုတ်နေတာကိုပဲ အာရုံစိုက်နေတဲ့ ဟို့ယွိဟောင်လဲ အခုလက်ရှိအချိန်မှာတော့ ကျွီးကျင့်ပုံစံမရှိနေမှန်းသတိထားမိသွားပါတယ်။ ဒါပေမယ့် မျက်လုံးတွေက ဖောင်ပြီလို့နီရဲနေခဲ့ပါပြီ။ သူမက ဟို့ယွိဟောင်ပေးတဲ့ နောက်ဆုံးအသားကို ပါးစပ်ထဲထည့်ရင်း ဖြည်းဖြည်းချင်း၀ါးနေခဲ့ပါတယ်။ သူက ခက်ခက်ကိုပြန်မဖြေနိုင်ပဲ ဗလုံးဗထွေးနဲ့ ပြောနေခဲ့တယ်။
” ဒီအရသာပဲ တကယ်ဒီအရသာပဲ တစ်သက်လုံးဒီအရသာကို မစားနိုင်တာ့ဘူးလို့ ထင်နေခဲ့တာ ”
ခက်ခက်ကတော့ သူမရဲ့စိတ်မတည်ငြိမ်တာကိုမြင်တဲ့အတွက် ချက်ချင်းဆိုသလို ဘေးကိုပြေးသွားပြီ စိုးရိမ်တကြီးနဲ့မေးပါတော့တယ်။
” အစ်မကြီးကျွီးကျင့် အဆင်ပြေရဲ့လား ”
ကျွီးကျင့်ကတော့ သူ့ရဲ့လက်ထဲမှာရှိတဲ့ ပန်ကန်လုံးကိုပြန်ချရင်း ခေါင်းညိတ်လိုက်ပါတယ်။ ဟို့ယွိဟောင်ကိုကြည့်ရင်း အက်ကွဲကြမ်းရှတဲ့အသံနဲ့ ဖြည်းဖြည်းချင်းပြောလာခဲ့တယ်။
” ကျေးဇူးတင်ပါတယ်..ယွိဟောင် ငါအဖေရဲ့လက်ရာကိုနောက်တစ်ကြိမ် ပြန်ပြီစားခွင့်ပြုတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ် ”
ကျွီးကျင့်ဆီကနေ ဒီလိုစကားမျိုးဟို့ယွိဟောင် မမျှော်လင့်ထားခဲ့မိပါဘူး။
” အမ်း အဖေလား ”
ကျွီးကျင့်က ခေါင်းညိတ်နေခဲ့ပါတယ်။ သူမက သူရဲ့ကိုယ်ပိုင်လောကမှာနစ်မြောနေသလိုပါပဲ။
” အဖေက တစ်လောကမှာအကောင်းဆုံးစားဖိုးမှုူးပဲလေ သူက နိုင်ငံရဲ့နယ်စွန်းနယ်ဖျားမြို့လေးမှာမွေးလာတဲ့သူ အမေကတော့ တစ်မြို့လုံးမှာအလှဆုံးအမျိုးသမီးပေါ့ အဖေက စားသောက်ဆိုင်အသေးလေးဖွင့်ထားပြီတော့ စီးပွားရေးလဲအတော်လေးကောင်းခဲ့တယ်လေ သူ့ရဲ့ဘ၀မှာအကောင်းဆုံးပျော်ရွှင်မှုက အမေ့အတွက် အစားအသောက်ချက်ပြုတ်ပေးရတာပဲလို့ ပြောခဲ့တယ်…နင်ရဲ့အစားအသောက်တွေက တကယ်ငါ့အဖေချက်ထားတဲ့လက်ရာတွေနဲ့ တစ်ထပ်ထဲပဲ ငါဒါကိုမစားရတာ ဆယ်စုနှစ်ကျော်ရှိနေပြီ ဒါကိုလုံး၀မေ့နိုင်မှာမဟုတ်ဘူး ”
” ဆယ်စုနှစ်တစ်ခုတဲ့လား ”
ကျွီးကျင့်ကို ဟို့ယွိဟောင် ကြည့်နေခဲ့မိပါတယ်။ သူမရဲ့မျက်လုံးတွေက အရမ်းကိုနွေးထွေးပြီ ချိုမြိန်နေခဲ့သလို တမ်းတလွမ်းဆွတ်မှုတွေကလဲအပြည့်ပါပဲ။ ဒီအကြည့်က ဟို့ယွိဟောင်ကို အတော်လေးထိတ်လန့်သွားစေခဲ့တယ်။ သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ အဖေဆိုတာလုံး၀မရှိခဲ့ဖူးပါဘူး။
ကျွီးကျင့်ရဲ့မျက်လုံးထဲမှာတော့ နောင်တအရိပ်အငွေ့တွေက ဖြတ်သန်းလာခဲ့ပါပြီ။ သူမ စတင်ငိုကြွေးရင်းနဲ့ ပြောလာခဲ့ပါတယ်။
” စစ်ပွဲကငါတို့မိသားစုကို ဖျက်ဆီးပြစ်လိုက်တယ်…ငါအဖေလဲ အတင်းအကျပ်စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရပြီ ကြယ်တာရာလော့နိုင်ငံတော်နဲ့ တိုက်ခိုက်တဲ့တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်လေ ငါအမေက ၀မ်းနည်းပူးဆွေးလွန်လို့ သေလုမတတ်ဖျားနာခဲ့တယ်လေ…သုံးနှစ်ကြာပြီတဲ့နောက် သူလဲဆုံးပါးသွားတော့တာပဲ ဒီတော့ နင်လိုမျိုးပဲ ငါကလဲ မိဘမဲ့ပဲလေ ”
ဟို့ယွိဟောင်ရဲ့စိတ်ထဲကို မဖော်ပြနိုင်တဲ့ခံစားချက်က ၀င်ရောက်လို့လာပါတော့တယ်။ သူနဲ့ကံကြမ္မာတူညီတဲ့ ဒီမိန်းကလေးနဲ့ ကြုံတွေလိုက်ရချိန်မှာတော့ ချက်ချင်းဆိုသလို သူမကို ပွေ့ဖက်ချင်စိတ်က ပေါ်ထွက်လာပါပြီ။ သူမက သူ့အဖေနဲ့ သူ့အမေနှစ်ယောက်စလုံးကို ဆုံးရှုံးသွားခဲ့ရတဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် မိဘမဲ့ဆိုတာသိသိချင်ဆက်ဆံပုံတွေ ပြောင်းလဲသွားတယ်ဆိုတာ အံ့ဩစရာမရှိပဲ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ကျွီးကျင့်ကို ဘယ်လိုများနှစ်သိမ့်ရမှာလဲ သူ့နှလုံးသားက ပြင်းထန်တဲ့၀မ်းနည်းမှုတွေပြည့်နေတဲ့သူပါ။ သူ့အမေအကြောင်းကို သူတွေးမိလိုက်ချိန်တိုင်း ခက်ခက်ခဲခဲပြုစုပျိုးထောင်ခဲ့ရတဲ့ပုံစံနဲ့ သူမုန်းတီးရတဲ့အဖေအကြောင်းကို တွေးမိလိုက်တိုင်း သူလဲစိတ်ခံစားချက်တွေရဲ့ရိုက်ခတ်မှုကို အပြင်းအထန်ခံစားလေ့ရှိတယ်။
အပိုင်း ၁၆၁•၁ ပြီး၏။