အပိုင်း ၁၆၀•၃
” အသိဉာဏ်အလင်းပွင့်ခြင်း ”
°°°
အမျက်ဒေါသကျောင်းတော်မှာ ၀ိညာဥ်လက်နက်ကျောင်းတော်က မြန်ဆန်းတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြုံတွေ့နေရပါတယ်။ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဘယ်သူမှမဖျက်ဆီးနိုင်လောက်အောင် အင်အားကြီးမားတဲ့ ၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင် ပူးတွဲဖြစ်တည်မှုကိုဖန်တီးဖို့ပါပဲ။ ဒါက ဟို့ယွိဟောင်အတွက် လုံး၀ကိုဦးတည်ထားတဲ့အစီအစဥ်ပါ။ ဒါ့အပြင် စိတ်ဖိအားကိုအများကြီးဖြစ်စေတဲ့ အရင်းအမြစ်လဲဖြစ်နေခဲ့သေးတယ်။
ခက်ခက်ရဲ့ စကားတွေက သူ့ကိုရုတ်တရက်သတိ၀င်လာစေခဲ့ပါတယ်။ အထူးသဖြင့် ဘယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကမှ နေရာပေါင်းစုံမှာ မထူးချွန်နိုင်ဘူးဆိုတာပါပဲ။
ဟုတ်ပါတယ် သူ့အနေနဲ့ သူ့ရဲ့တိုးတက်မှုတွေက ဟယ့်ချိုက်ထို့ရဲ့တိုးတက်မှုတွေကို မယှဥ်နိုင်ဘူးလို့ ခံစားနေခဲ့ရတာ အံ့ဩစရာမရှိပါဘူး။ ဒါက ပြဿနာပါပဲ။
ဟယ့်ချိုက်ထို့က သူ့လမ်းကိုသူရှာတွေ့သွားပါပြီ။ ရွေ့လျား၀ိညာဥ်လက်နက်တွေရဲ့တီထွင်းဖန်တီးမှုက ဟယ့်ချိုက်ထို့ရဲ့လမ်းပါ သူကတောဘယ်လိုလဲ ရွေ့လျား၀ိညာဥ်လက်နက်တွေကလွဲပြီ ကျန်တာအားလုံးကို သင်ယူခဲ့ပါတယ်။ များပြားလွန်လှတဲ့ အသိပညာက သူ့ကိုမောပန်းပြီ ညင်းပန်းနှိပ့်စက်မှုတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
ခက်ခက်ပြောတာ အမှန်ပါပဲ သူဆုံးဖြတ်ချက်ချဖို့လိုပါပြီ သူ့အတွက်သင့်တော်တဲ့ လမ်းတစ်ခုကိုရွေးချယ်ဖို့ဆုံးဖြတ်ရပါလိမ့်မယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် သူကပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ တစ်ခုခုမှားယွင်းသွားမယ်ဆိုရင် သူကရှုပ်ထွေးလွန်လှတဲ့ အသိပညာတွေကြားမှာ နစ်မွန်းပြီပျောက်ကွယ်သွားနိုင်ပါတယ်။
ဟို့ယွိဟောင်အနေနဲ့ ဒါတွေအားလုံးကို တွေးထုတ်ပြီချိန်မှာ လွတ်လပ်ပေါ့ပါးသွားသလိုခံစားမိလိုက်တယ်။ ဒါကြောင့် ချက်ချင်းဆိုသလို မတ်တပ်ထရပ်ပြီ ခက်ခက်ကို အရိုအသေပြုလိုက်ပါပြီ။
” ကျေးဇူတင်ပါတယ် ”
ခက်ခက်ကတော့ အလန့်တကြားနဲ ထခုန်နေခဲ့တယ်။
” ဟဲ့ နက်အဆင်ပြေရဲ့လားခေါင်းမှာတစ်ခုခုလွှတ်သွားတာလား ငါဒီလိုမျိုးရူးနေတဲ့သူမျိုးနဲ့တော့ တောထဲမသွားချင်ဘူးနော် ”
ဟို့ယွိဟောင်က အခုစိတ်အခြေအနေကောင်းနေခဲ့ပါတယ်။ အစောပိုင်းတုန်းက သူမကျေမနပ်ဖြစ်နေခဲ့တာတွေလဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
” ငါအဆင်ပြေတယ်…ငါ့ကိုစိတ်ချမ်းသာစေတဲ့အတွက် တစ်ခုခုတွေးလိုက်မိရုံသက်သက်ပဲ မင်းပြောတာမှန်တယ်..ဒါပေမယ့် ငါက အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်မဟုတ်ဘူး…ငါက စစ်ပွဲအမျိုးအစား၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ ပြောရမယ်ဆိုရင်ပေါ့ ”
” စစ်ပွဲအမျိုးအစား၀ိညာဥ်လက်နက်အတတ်ပညာရှင်တဲ့လား ပထမဆုံးကြားဖူးတာပဲ အဲ့ဒါဘာကြီးလဲ ”
” စစ်ပွဲ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက စစ်တပ်အတွက် အဓိကရည်ရွယ်ထားတဲ့ ၀ိညာဥ်လက်နက်တွေပဲ သုတေသနလုပ်တယ်…အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်ကိုရော အဝေးပြစ်၀ိညာဥ်လက်နက်ကိုရော အဓိကအားလုံးကို ဖန်တီးပေမဲ့ အနီးကပ်တိုက်ခိုက်မှုကို ပိုပြီးတော့အားပြုထားတယ် ”
သူကသူ့ရဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို အပြည့်အ၀ပြောပြဖို့လောက်အထိတော့ မတုံးအသေးပါဘူး။ အရေးကြီးတဲ့မေးခွန်းကို သူတွေးထုတ်ပြီတဲ့နောက် ချက်ချင်းဆိုသလို ဦးတည်ရာနေရာကိုရှာတွေ့သွားပါပြီ။
ခက်ခက်ကို အားလုံးပြောပြလို့မရတဲ့အတွက် အနီးကပ်တိုက်ခိုက်ရေးအဖြစ်ကို ရွေးချယ်လိုက်ပါတယ်။ အဝေးပြစ်တိုက်ခိုက်မှုဖန်တီးဖို့အတွက်ကိုတော့ ဟယ့်ချိုက်ထို့ကိုလိုအပ်နေဆဲပါ။ သူတို့နှစ်ယောက်သာပေါင်းစည်းလိုက်မယ်ဆိုရင် စစ်ပွဲအမျ်ိုးအစား၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတာက သင့်တော်ပါလိမ့်မယ်။
” အလွန်အကျွံအလုပ်လုပ်တဲ့ဥစ္စာတွေကို နင်ရှောင်မှရတော့မယ် ”
” အစ်မကြီးရော ဘယ်လမ်းစဥ်ကိုရွေးချယ်ထားတာပါလိမ့် ”
ဟို့ယွိဟောင်က ခက်ခက်ကိုမေးလာခဲ့တယ်။ သူမကိုအစ်မကြီးလို့ခေါ်လိုက်ပြီတဲ့နောက် ခက်ခက်က စိတ်အခြေအနေကောင်းသွားပုံပါပဲ။ သူမ ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောလာခဲ့တယ်။
” ငါက အကွာအဝေးအလယ်အလတ် ပေါက်ကွဲမှုပြင်းထန်တဲ့ တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ အဲ့ဒီနေ့တုန်းက စမ်းသပ်ခန်းပျက်စီးသွားမှာကို စိုးရိမ်နေရတာကြောင့်သာ မဟုတ်ဘူးဆိုရင် နင်နိုင်မယ်များထင်နေလား ငါရဲ့အမြောက်ကိုသာ ပြစ်လွှတ်လိုက်မယ်ဆိုရင် နင်ကျန်တဲ့ဘ၀တစ်လျှောက်လုံး ဒုက္ခတိဖြစ်သွားလိမ့်မယ် ”
သူမရဲ့စကားတွေကို သေချာနားထောင်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူမသယ်လာခဲ့တဲ့ ကြီးမားတဲ့အမြောက်ကြီးအကြောင်းကို ပြန်တွေးမိလိုက်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူမရဲ့ ဦးတည်ရာနေရာကိုလဲ နားလည်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ သက်ပြင်းချနေခဲ့မိတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်ဌာနက ဒီလိုမျိုးရှင်းလင်းတဲ့ဦးတည်ချက်ကို မပြုလုပ်ပေးန်ိုင်ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကို ၀ိညာဥ်ပညာရှင်တွေလိုပဲ သေချာခွဲခြားပေးဖို့လိုပါတယ်။ ဒီသတင်းကို သူခပ်မြန်မြန်ပြန်ပို့ဖို့ လိုလိမ့်မယ်။ ဒါ့အပြင် ဒီလိုထွက်လာရတဲ့ခရီးက အခုရှာဖွေတွေ့ရှိမှုနဲ့တင် အတော်လေးတန်ကြေးရှိနေပါပြီ။ သူတွေးမိပြီချိန်မှာပဲ မွှေးပျံ့တဲ့အနံ့က ထွက်ပေါ်လာပါတော့တယ်။ ခက်ခက်ရော သူရောနှစ်ယောက်စလုံးဇက်တွေက အဲ့ဒီဖက်ကိုလှည့်သွားကြပါပြီ။
” မွှေးလှချေလား ”
ခက်ခက်က ကျွီးကျင့်ဆိီကိုတောက်ပတဲ့မျက်လုံးတွေနဲ့ ချဥ်းကပ်လို့သွားခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူမရဲ့သရေတမြန်မြန်ကျနေတဲ့မျက်နှာက အတော်ကိုချစ်စရာကောင်းနေခဲ့တယ်။
ကျွီးကျင့်ရဲ့အသားကင်တဲ့နည်းလမ်းက အံ့ဩစရာပါပဲ။ သူမကင်လိုက်တဲ့အသားတွေအားလုံးက အပြင်ဖက်မှာရွှေအိုရောင်တောက်ပနေခဲ့ပါပြီ။
ကျွီးကျင့်က များပြားတဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို ဆယ်ခုထက်မနည်းသုံးထားမှန်း ဟို့ယွိဟောင် နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်းနဲ့ သိလာခဲ့ရတယ်။ ဒါ့အပြင် သူမရဲ့အသားကင်တဲ့နည်းလမ်းကသူနဲ့သိပ်မတူပါဘူး။ ဒါပေမယ့် သေချာပေါက် အနံ့ရှုကြည့်ရုံနဲ့တင် အတော်ကောင်းမယ်မှန်း သိနေခဲ့ပါပြီ။
” သူတို့က ငါအမြဲအစားပုတ်တဲ့အတွက် ငါ့ကိုရယ်နေကြတယ်…ဒါပေမယ့် နင်လဲ ငါနဲ့ဘာမှသိပ်မကွာပဲကို နင်ကကောင်းကောင်းဖုံးထားနိုင်ရုံသက်သက်ပဲ ”
ကျွီးကျင့်က ခက်ခက်ကိုကြည့်ရင်း ရယ်နေခဲ့ပါတယ်။
” နင်ပြောသမျှအခုအားလုံးငါလက်ခံတယ်…မြန်မြန်လုပ် ငါဆာလွန်လို့သေတော့မယ်…ငါ့ကိုအခုချက်ချင်းကျွေး ဒါဆိုရင်နင်ဘာပြောပြောငါဘာမှပြန်မပြောဘူး ”
ကျွီးကျင့်က ဟို့ယွိဟောင်ဖက်ကို လှည့်ကြည့်လာခဲ့တယ်။ သူမကတော့ ဒီအချိန်မှာ စားပြီစနှောက်ပါတော့တယ်။
” နင်ဒီလိုပေါက်ကရတွေပြောနေတာ ဒီကောင်နင့်ကိုအထင်မလွဲသွားဘူးဆိုတာ သေချာရဲ့လား ”
အသားကင် ပေါက်စီနဲ့ ဟင်းသီးဟင်းရွက်ကြော်အပြင် နောက်ထပ် များပြားတဲ့အချိုတည်စရာတွေ အမဲသားစတူးတွေအားလုံးက ဟို့ယွိဟောင်နဲ့ သူ့မိတ်ဆွေတွေအတွက် အာဟာရရှိတဲ့အစားအသောက်တွေကြီးပါပဲ။
အမျက်ဒေါသကျောင်းတော်မှာ ဟို့ယွိဟောင်က စားသောက်ရတဲ့အစားအသောက်တွေကို တော်တော်လေးစီစစ်ပြီရွေးချယ်စားသောက်ခဲ့ရပါတယ်။ သူက ဂျီးများတဲ့သူမဟုတ်ပေမဲ့ ကျွီးကျင့်ရဲ့ချက်ပြုတ်နိုင်စွမ်းက အတော်ကိုကောင်းမွန်တာလက်ခံရမှာပါ။ ဒါ့အပြင် ဒီစားသောက်မှုက သူတို့သုံးယောက်ကို အတော်လေးအချိတ်အဆက်မိသွားစေခဲ့ပါတယ်။
” ဟုတ်တယ်ဟုတ် ငါပြောတာမှန်တယ်မလား အစ်မကြီးကျွီးကျင့်ရဲ့အစားအသောက်တွေအားလုံးက အရမ်းအရသာရှိတယ်…အနာဂတ်မှာ နင်ငါတို့ကို ပြဿနာရှာဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့ အစ်မကြီးကျွီးကျင့် ကြင်နာတတ်သာကြောင့်သာ မဟုတ်ရင် ငါနင်ကိုဒါမကျွေးဘူး ”
ခက်ခက်က ပြောလာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ပြောလာခဲ့တယ်။
” အစ်မကြီးခက်ခက် အဲ့ဒီကိစ္စတွေဖြစ်လာမဲ့ရက်ကို တွေးတောင်မတွေးနဲ့ အစ်မကြီးနဲ့ အစ်မကြီးကျွီးကျင့်နှစ်ယောက်ကို တောင်းပန်တဲ့အနေနဲ့ ကျွန်တော်ညစာချက်ပေးမယ်လေ ဒါဆိုအဆင်ပြေသွားမလား ”
” နင်လဲ ချက်တတ်တယ်လား ”
ကျွီးကျင့်နဲ့ ခက်ခက်တို့က တစ်ပြိုင်နက်ထဲမေးလိုက်ပါတယ်။ ကျွီးကျင့်ကတော့ တအားကိုတောက်ပတဲ့မျက်လုံးတွေနဲ့ စူးစမ်းနေသလို ခက်ခက်တောင်မယုံနိုင်သေးပါဘူး။
” စမ်းကြည့်ပြီမှသိမှာပေါ့ အမျက်ဒေါသကျောင်းတော်ကို ကျွန်တော်ပထမဆုံးစ၀င်တဲ့အချိန် ငါးကင်ရောင်းရင်နဲ့ ငွေရှာခဲ့တာလေ ဒီလိုမျိုးသာမလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်လိုမျိုးမိဘမဲ့တစ်ယောက်က ကျောင်းလခတွေကို ဘယ်လိုလုပ်တတ်နိုင်မှာလဲ ”
မိဘမဲ့ဆိုတဲ့စကားကိုကြားချိန်မှာတော့ ကောင်မလေးနှစ်ယောက်စလုံးရဲ့အကြည့်တွေက နူးညံ့လို့သွားပါတော့တယ်။ ကျွီးကျင့်ရဲ့အမူအရာပြောင်းလဲမှုကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ခက်ခက်ကတော့ ပိုပြီးဖုံးကွယ်တာတော်တဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့အပြောင်းအလဲတွေက ဟို့ယွိဟောင်ရဲ့ လေ့လာမှုကနေမလွှတ်မြောက်နိုင်ပါဘူး။ သူတို့နှစ်ယောက်စလုံးက တကယ်ကြင်နာတတ်တဲ့ အစ်မကြီးတွေပါပဲ။
” ကောင်းပြီလေ ညစာကိုနင်ချက်လိုက်တော့ ဒါပေမယ့် လတ်လတ်ဆတ်ဆတ်ချက်နော် ငါအများကြီးမယူလာဘူး…ကျန်းယန်တောင်ကို ရောက်တဲ့အချိန်ငါတို့တွေအဲ့မှာရှာတွေ့တဲ့ဥစ္စာကနေ ချက်ရမှာ ”
သူတို့သုံးယောက် ခရီးဆက်ထွက်လာခဲ့ပါတယ်။ ကျီးကျင့်နဲ့ ခက်ခက်တို့အနေနဲ့ ကျန်းယန်တောင်ကို ရောက်လာတာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာလုပ်ရမဲ့ အရာတွေနဲ့မလုပ်ရမဲ့အရာတွေတော်တော်များများကို ကျွီးကျင့်က ပြောပြခဲ့ပါတယ်။
” ကျန်းယန်တောင်က ကြီးမားတဲ့ပင့်ကူကြီးတစ်ကောင်နဲ့တူတယ်…အလယ်နယ်မြေက အတော်ကိုကျယ်ပြန့်တယ်…ဒါ့အပြင် အပြင်ဖက်ကို နယ်မြေရှစ်ခုခွဲထွက်ထားတယ်…ဒါက ပင့်ကူရဲ့ခြေထောက်တွေလိုပဲလေ ဒီအကိုင်းအခက်တွေက ပတ်၀န်းကျင်တောင်တွေဆီကို ဖြန့်ကျက်လာတယ်…ဒါ့အပြင် ဒီအလယ်တောင်ကြောကိုလဲ သူတို့ကကာကွယ်ထားသေးတယ်…တောင်ခွဲတွေမှာ ၀ိညာဥ်သားရဲကောင်တွေက အများကြီးရှိမနေဘူး…ဒါပေမယ့် သတ္ထုအရင်းအမြစ်တွေက အတော်ကို ကြွယ်၀တယ်…အလယ်ပိုင်းတောင်ကြောမှာတော့ ၀ိညာဥ်သားရဲကောင်တွေက အများကြီးပဲ တော်တော်များများကလဲ အတော်စွမ်းအားကြီးကြတယ်…အထူးသဖြင့် တောင်ထိပ်ပတ်လည်မှာရှိတဲ့အကောင်တွေကပေါ့ ”
” နေလနိုင်ငံတော်ရဲ့ အင်အားနဲ့ ၀ိညာဥ်လက်နက်နည်းပညာတွေကို ဆက်တိုက်တိုးတက်အောင် လုပ်နေတာကြောင့် ကျန်းယန်တောင်ရဲ့အရင်းအမြစ်တွေကို သွားပြီရယူဖို့က အဲ့ဒီလောက်မခက်ခဲနိုင်ဘူးမလား ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” ကျန်းယန်တောင်ထိပ်ကို အထင်မသေးလိုက်နဲ့ ဒီတိုက်ကြီးထဲမှာအမျက်ဒေါသကျောင်းတော်ရဲ့ မဟာကြယ်တာရာသစ်တောက တကယ်ကိုသားရဲကောင်တွေစုဝေးတဲ့ထိပ်တန်းနယ်မြေပဲ ဒါပေမယ့် ကျန်းယန်တောင်ထိပ်ကလဲ တစ်ကမ္ဘာလုံးမှာထိပ်တန်းတစ်ခုပါနေတယ်…အဲ့ဒီနေရာမှာရှိတဲ့ အရင်အမြစ်တွေကိုယူပြီဆိုရင် အဝေးပြစ်၀ိညာဥ်လက်နက်တွေကို အသုံးပြုပြိီး အဲ့ဒီနေရာကိုအရင်ဆုံးတိုက်ခိုက်ဖို့လိုတယ်…၀ိညာဥ်သားရဲကောင်တွေက ဒေါသတကြီးနဲ့ ပြန်လည်တိုက်ခိုက်လာမယ်ဆိုရင်တော့ ပျက်စီးမှုကအရမ်းကိုများမှာ ”
” သတ္ထုအရင်းအမြစ်တွေ အများကြီးရှိပေမဲ့ နေလနိုင်ငံတော်ရဲ့ အရင်းအမြစ်အရ အဲ့ဒီ၀ိညာဥ်သားရဲကောင်တွေအားလုံးကလဲ တန်ဖိုးကြီးတဲ့အရင်းအမြစ်တွေပဲ သူတို့တွေက တန်ဖိုးကြီးတဲ့အရာဖြစ်နေပြီဆိုမှတော့ ငါတို့ကငါးဖမ်းဖို့အတွက်နဲ့ ရေကန်တစ်ကန်လုံးကို ခမ်းခြောက်သွားအောင်လုပ်လို့မဖြစ်ဘူးလေ နောက်ဆုံးတော့လဲ နေလနိုင်ငံတော်မှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေက သော့်လော့တိုက်ရဲ့တခြားနေရာသုံးခုကို ယှဥ်လို့မရနိုင်ဘူးမလား ကျန်းယန်တောင်ကြောက ငါတို့နိုင်ငံရဲ့၀ိညာဥ်သားရဲကောင်အများဆုံးနေရာပဲ ဒါကြောင့် သေချာလေး ထိန်းသိမ်းထားရတယ် ”
” တန်ဖိုးကြီးတဲ့ သတ္ထုတွေအဲ့ဒီနေရာမှာ အများကြီးရှိနေရင်တောင် ငါတို့ကတော့ တောင်အခွဲတွေကိုပဲ အဓိကရှာဖွေတယ်…ဒါပေမယ့် ကျန်းယန်တောင်ကြောအနားမှာတော့ စစ်တပ်အကြီးကြီးကိုငါတို့ချထားသေးတယ် ”
ကျွီးကျင့်က ရုတ်တရက်ရပ်တန့်သွားပါတယ်။
” ငါဒါတွေကိုဆက်ပြောလို့မဖြစ်တော့ဘူး…ဒါက စစ်တပ်ရဲ့လျှို့၀ှက်ချက်တွေပဲ ”
” စစ်တပ်အကြောင်းကို ကျွန်တော်မသိချင်ဘူး…ဒါကကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလေ ”
” ငါတို့ပြောတာ တော်တော်များနေပြီ နင်ရောနင်အကြောင်းလဲပြောသင့်တယ်မဟုတ်ဘူးလား နင်မှာ၀ိညာဥ်စက်ကွင်းကသုံးကွင်းပဲရှိတယ်..ဒါပေမယ့် ဘာလို့အဲ့ဒီလောက် အင်အားကြီးနေရတာလဲ နင်အဲ့နေ့ကသုံးတာ ဘယ်လိုအစွမ်းအစလဲ ”
ခက်ခက်က ပြောလာခဲ့တယ်။
သူတို့နှစ်ယောက်ရဲ့ အံ့အားသင့်တဲ့အကြည့်ကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်က ပြုံးပြရင်းပြန်ဖြေလာခဲ့ပါတယ်။
” ကျွန်တော်က အမြွှာ၀ိညာဥ်ပညာရှင်လေ ”
ဒါကိုကြားချိန်မှာတော့ ကောင်မလေးနှစ်ယောက်စလုံးမျက်လုံးအပြူးသားဖြစ်သွားပါတော့တယ်။
” အမြွှာသိုင်းပညာ၀ိညာဥ်ရှိတာက ဒဏ္ဍာရီမဟုတ်ဘူးပေါ့ နင်ဒီလောက်အင်အားကြီးနေတာ ဘယ်အံ့ဩစရာရှိမလဲ ”
ဟို့ယွိဟောင် ထင်ထားတာထက်ကို ကောင်မလေးနှစ်ယောက်က ပိုအံ့ဩနေခဲ့ပါသေးတယ်။ ဒါကြောင့် သူလဲထူးဆန်းလာခဲ့မိတယ်။
” အမြွှာ၀ိညာဥ်ရှိတဲ့ သိုင်းပညာရှင်တွေက နေလနိုင်ငံတော်မှာမရှိဘူးလား ”
” လုံး၀ လုံး၀မရှိဘူး ငါသေချာပြောနိုင်တယ်…နေလနိုင်ငံတော်ရဲ့သမိုင်းတစ်လျှောက်လုံးမှာ အမြွှာသိုင်းပညာ၀ိညာဥ်ပညာရှင်ဆိုတာ တစ်ခါမှမထွက်ပေါ်ဖူးဘူး…သော့်လော့တိုက်ကြီးတစ်ခုလုံးမှာကြည့်မယ်ဆိုရင်တောင် အရမ်းရှားပါးတယ် ”
ကျွီးကျင့်က ဆက်တိုက်ဆိုသလိုခေါင်းခါရင်းပြောနေခဲ့ပါတယ်။ ခက်ခက်ကတော့ ပိုပြီးစိတ်၀င်စားနေခဲ့ပါပြီ။
” နင်ရဲ့၀ိညာဥ်နှစ်ခုကဘာကွာခြားလဲ သိုင်းပညာ၀ိညာဥ်က ဘာတွေလဲ ”
ဟို့ယွိဟောင်က တိတ်ဆိတ်နေခဲ့ပါတယ်။ သူ ၀မ်သုန့်နဲ့ ရှောင်းရှောင်းသုံးယောက်စလုံးက သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့အတွက် ဒီအဆင့်အတန်းကို သူသိပ်မတွေးမိပါဘူး။
ဒါ့အပြင် သူကဒုတိယ၀ိညာဥ်မွေးဖွားလာတဲ့သူမဟုတ်တာလဲ အသေအချာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုပေးခဲ့တာဖြစ်နေတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့နှစ်တွေမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ လျှပ်စီးဧကရာဇ်တို့က အရမ်းကိုတိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပါတယ်။ သူတို့တွေက သူနဲ့သင့်တော်တဲ့ကျင့်ကြံဆင့်ကို ရောက်ရှိမှသာ ချိတ်ပိတ်စည်းတွေကို ဖွင့်ပေးမှာပါ။
ဒါပေမယ့် သူ့ကိုကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေတာကိုလဲ လုပ်မထားပါဘူး။ အဲ့ဒီအစား ကိုယ့်ဘာသာကိုယ်တိုးတက်အောင် လုပ်စေချင်ခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ သူတို့သုံးယောက်စလုံးက သူ့ကိုအဓိကအားပေးထောက်ပံ့နေတဲ့ သူတွေဖြစ်မှန်းသိတဲ့အပြင် တကယ်ဒိုင်းကာကြီးတွေအဖြစ်လဲ ရှိနေသေးတာနားလည်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က သူတို့ကိုအလွန်အမင်မှီခိုအားကိုးမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ထွက်ပေါ်လာတာအတော်ကိုရှားပါးပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်မှာတောင် သူတိုးတက်လာတဲ့အတွက်သာ သူတို့ကပျော်ရွှင်နေခဲ့တာပါ။
” ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်အမျိုးအစားအထောက်အကူပြု၀ိညာဥ်ကတော့ ရေခဲအမျိုးအစား အဆင့်လေးဆယ်၀ိညာဥ်စွမ်းအားတော့ရှိတယ်…ဒါပေမယ့် သင့်တော်တဲ့စိတ်၀ိညာဥ်သားရဲကောင်ကို ရှာမတွေ့သေးတဲ့အတွက် ၀ိညာဥ်စက်ကွင်းထပ်မထည့်ရသေးဘူး ”
” ၀ိညာဥ်စက်ကွင်းသုံးကွင်းက ဒီလောက်အင်အားကြီးနေတာ ဒီလိုတွေကြောင့်ကို ”
ကျွီးကျင့်ကပြောလာခဲ့ပါတယ်။
” အမြွှာသိုင်းပညာ၀ိညာဥ်ရှိရုံဆိုပေမဲ့ ၀ိညာဥ်စွမ်းအားကအဆင့်လေးဆယ်ရောက်နေပြီ စိတ်၀ိညာဥ်အမျိုးအစားဆိုတာက အတော်ရှားတာပဲ ကျောင်းကသေချာပေါက် စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တွေကို အရမ်းရှာနေတယ် ဒါပေမယ့် ဘာတွေ့လဲဆိုတာကိုတော့ ငါမသိဘူး ”
အပိုင်း ၁၆၀•၃ ပြီး၏။