Switch Mode

Chapter – 160.2

အသိဉာဏ်အလင်းပွင့်ခြင်း

အပိုင်း ၁၆၀•၂

” အသိဉာဏ်အလင်းပွင့်ခြင်း ”
°°°
ခက်ခက်ကပိုပြီးပြောချင်နေပေမဲ့ ကျွီးကျင့်က သူ့ကိုတားလိုက်ပါတယ်။

” ကောင်းပြီသွားကြစို့ ဟို့ယွိဟောင် ဆရာရွှမ်က တကယ်ပဲပြောလိုက်တယ်…ငါက ဒီခရီးစဥ်အတွက်ခေါင်းဆောင်ပဲ မစိုးရိမ်နဲ့ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ငါနင့်ကိုလက်စားမချေဘူး….ကျောင်းတော်ထဲမှာ ပဋိပက္ခတွေရှိတာက ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ အခုအချိန်မှာ နင်က ကျောင်းပြောင်းကျောင်းသားဖြစ်နေခဲ့ပေမဲ့ နေလကျောင်းတော်ရဲ့တစ်စ်ိတ်တစ်ပိုင်းဖြစ်နေသေးတယ်ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို စမ်းသပ်ဖို့အတွက် ကျောင်းတော်ကနေ ထွက်ခွာလာတာ သွားကြစို့ ”

သူပြောပြီတာနဲ့ ခက်ခက်ကိုအရှေ့ကနေ အတင်းလျှောက်ခဲ့ပါတော့တယ်။ ခက်ခက်ကတော့ ဟို့ယွိဟောင်ဖက်ကို စောင်းပြီတော့လှည့်ကြည့်နေခဲ့တယ်။

” နင်ရဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းနဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကို သုံးနိုင်လား ”

သူ့ရဲ့နောက်ကျောဖက်မှာ အတောက်ပံတစ်စုံပေါ်လာရင်း ပြောလာခဲ့ပါတယ်။ သူမရဲ့ခြေထောက်တွေက လက်ရှိအချိန်မှာ အပေါ်ကိုဖြည်းဖြည်းချင်းမြောက်တက်လို့သွားခဲ့ပါပြီ။ အတောင်ပံတွေရဲ့အောက်ကနေလဲ အပြာရောင်မီးလျှံနှစ်ခုကထွက်ပေါ်လာပါသေးတယ်။ ဒါက လေရဲ့အဟုန်ကိုပိုပြီးတိုးလာစေတယ်။

ကျွီးကျင့်က ဟို့ယွိဟောင်ကို ပြန်ပြီလှည့်ကြည့်နေသလို သူမရဲ့မျက်လုံးတွေလဲ တူညီတဲ့မေးခွန်းကိုမေးနေခဲ့ပါတယ်။

ဟို့ယွိဟောင်က မပြောတော့ပဲနဲ့ ရိုးရှင်းတဲ့မီးခိုရောင်အတောင်ပံကို ထုတ်ကာအတောင်ပံကိုခတ်လိုက်ပါတော့တယ်။ ဖြူဖျော့တဲ့အဖြူရောင်အလင်းတန်းက သူ့ကိုကောင်းကင်ပေါ်ထိုးတက်သွားစေခဲ့ပါပြီ။ နေလနိုင်ငံတော်မှာသူကအဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်မဟုတ်သေးပေမဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကတော့ ရှိနေခဲ့တယ်။

ကျွီးကျင့်ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်က လိမ္မော်နီရောင်တောက်ပနေခဲ့ပါတယ်။ သူက ဒီအရောင်ကိုအတော်ကြိုက်ပုံပါပဲ။ လေထဲမှာအတောင်ပံသုံးစုံက ပေါ်လာခဲ့ပြီ တောင်ဖက်ဆီကိုဦးတည်ပျံသန်းခဲ့ပါပြီ။

ဒီအချိန်မှာတော့ သူတို့၀ိညာဥ်လက်နက်တွေရဲ့ကွာခြားချက်က ပေါ်ထွက်လာပါတော့တယ်။ ကျွီးကျင့်နဲ့ ခက်ခက်တို့က အရှေ့မှာပျံသန်းနေရင်း အတော်ကိုသက်သောက်သက်သာရှိနေပုံပါပဲ။ အရှိန်နှုန်းကလဲ အတော်ကိုမြန်ပါတယ်။ သူတို့ရဲ့အတောင်ပံတွေကနေ ခပ်ဖျော့ဖျော့ထွက်ပေါ်နေခဲ့တဲ့ အလင်းအလွှာက ခန္ဓာကိုယ်တစ်ခုလုံးပါ ကာကွယ်ပေးထားခဲ့တယ်။ သူတို့ရဲ့ဆံပင်တွေတောင် လေထဲမှာပျံသန်းရင်းနဲ့ ၀ဲနေခဲ့ပါသေးတယ်။

တခြားတစ်ဖက်မှာရှိတဲ့ ဟို့ယွိဟောင်ကတော့ အနောက်မှပြတ်ကျန်နေခဲ့ပါပြီ။ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ အဆင့်ငါးပျံသန်းရေး၀ိညာဥ်လက်နက်နဲ့ အမီလိုက်နေပေမဲ့ အခုအချိန်ထိ မမီနိုင်သေးပါဘူး။ ဒါ့အပြင် တခြားနှစ်ယောက်ထက်လဲ ၀ိညာဥ်စွမ်းအားကပိုပြီးကုန်နေပါသေးတယ်။ အုပ်စုကနေ ကွဲမထွက်သွားအောင်ကြိုးစားနေရတဲ့အတွက် အရှေ့နှစ်ယောက်က အရှိန်လျှော့ပြီ သူ့ကိုစောင့်ပေးနေခဲ့ရတယ်။

ခက်ခက်ကတော့ ပျော်နေခဲ့ပါပြီ ဟို့ယွိဟောင်ကို တစ်ခေါက်စောင့်ရတဲ့အချိန်တိုင်း သူမရဲ့အကြည့်က လှောင်ရယ်လိုစိတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ဒါကိုပြန်ပြီမတုန့်ပြန်ခဲ့ပါဘူး။ ၀ိညာဥ်လက်နက်ချင်ယှဥ်လိုက်မယ်ဆိုရင် သူရဲ့၀ိညာဥ်လက်နက်က ဘယ်လောက်အထိနောက်ကျနေလဲဆိုတာကို သူသိ​နေခဲ့တယ်။ ဒါကအချိန်တိုအတွင်းအမီလိုက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ပျံသန်းနေတဲ့အချိန်တစ်လျှောက်မှာ သူတို့ရဲ၀ိညာဥ်လက်နက်တည်ဆေက်ပုံတွေအားလုံးကို မှတ်သားနေခဲ့ပါသေးတယ်။

ရွှမ်ကျင့်၀မ်က သူ့အတွက်လက်တွေ့ကျကျအသုံးပြုပုံကို မထုတ်လုပ်သေးပါဘူး။ ဒါကြောင့် သူအနေနဲ့ဒီအတွေးအခေါ်တွေအားလုံးကို စမ်းသပ်ဖို့အတွက်လက်တွေ့ဘ၀ပစ္စည်းနဲ့ ဥပမာတွေကိုအသုံးပြုဖို့လိုပါတယ်။

အခုအချိန်မှာတော့ ဟို့ယွိဟောင်က ကျန်းယန်တောင်ကြောဘယ်နေရာမှာရှိနေလဲမသိသေးပါဘူး။ ဒါကြောင့်သာ သူတို့နှစ်ယောက်နောက်ကိုလိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွီးကျင့်ရဲ့စကားတွေကြောင့် အနည်းငယ်တော့ခန့်မှန်းမိပြီသားပါ။ ကျန်းယန်တောင်က ၀ိညာဥ်သားရဲကောင်တွေအများကြီးရှိတယ်။ ဆရာရွှမ်က သူ့ကိုစတုတ္ထမြောက်၀ိညာဥ်စက်ကွင်းရစေဖို့အတွက် အစီအစဥ်လုပ်ပေးထားတာလား ဒါအတော်လေးဖြစ်နိုင်ပါတယ်။

နှစ်နာရီကျော်အောင် ပျံသန်းလာပြီတဲ့နောက် သူအနားယူဖို့လိုလာပြီလို့ ဟို့ယွိဟောင်ခံစားမိတဲ့အတွက် အမူအရာပြလိုက်ပါတယ်။ အဲ့ဒီနောက် သူအောက်ကိုထိုးချလာခဲ့ပါပြီ တခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ပါဘူး။ ၀ိညာဥ်စွမ်းအားတချို့လဲကျန်နေသေးတဲ့အတွက် အကုန်လုံးတော့မကုန်သေးပဲ တရားပြန်ထိုင်လို့ရနေခဲ့ပါသေးတယ်။

ဆင်းသက်လာရင်းနဲ့ သင့်တော်တဲ့နေရာတစ်ခုကို ရှာရင်းသူအနားယူပါပြီ။ မြေပြင်ပေါ်ကိုကျလာပြီတာနဲ့ ချက်ချင်းဆိုသလို တင်ပလ္လင်ခွေချိတ်ထိုင်ရင်း တရားထိုင်ကာ ကုန်ဆုံးသွားတဲ့၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပါတော့တယ်။ ကျွီးကျင့်နဲ့ ခက်ခက်တို့ကလဲ သူ့အနားကိုတစ်ယောက်ပြီတစ်ယောက် ရောက်လာခဲ့ပါပြီ။ ခက်ခက်ကတော့ လျှာထုတ်ပြရင်းနဲ့ ပြောလာခဲ့တယ်။

” သူခုနကပဲ မောက်မာနေတာမဟုတ်ဘူးလား သူ့ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆင့်အတန်းက သာမန်ပဲ နောက်ထပ်မမောက်မာနိုင်တော့ဘူး..ဟုတ်တယ်ဟုတ် အစ်မကြီးကျွီးကျင့် ”

” နင်ပြောတာမှန်တယ်…ငါတို့သာကောင်းကောင်းအကွာအဝေးတစ်ခုရှိမယ်ဆိုရင် ဒီကောင်ကငါတို့ရဲ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး ”

ကျွီးကျင့်ကတော့ ဘာမှမပြောပဲ ဟို့ယွိဟောင်ကိုသာ ကြည့်နေခဲ့ပါတယ်။ သူတစ်ခုခုကိုတွေးနေပုံပါပဲ ပြိုင်ပွဲတစ်ခုလုံးလား အလွှတ်ပေးခံရတဲ့သူက သူတစ်ယောက်ပဲရှိတာပါ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်ပုံတွေက စိတ်ထဲမှာအရမ်းကိုမှတ်မှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ ဒါကဟို့ယွိဟောင်ရဲ့ အကြောက်တရားလက်သည်းတွေကြောင့်မဟုတ်ပဲ ကျင်မုရဲ့၀ိညာဥ်ဒိုင်းကာကို ထိုးချလိုက်တဲ့လက်သီးချက်ကြောင့် ဒီလောက်အထိ ကြီးမားတဲ့စိတ်ဒဏ်ရာကို​ဖြစ်စေမှန်းသိနေခဲ့တယ်။

အကယ်၍ အဲ့ဒီအချိန်မှာသာ ဖြစ်ခဲ့တဲ့ကိစ္စကိုပြန်ပြောရမယ်ဆိုရင် ဟို့ယွိဟောင်က လောကတစ်ခုလုံးကိုထိန်းချုပ်အုပ်စိုးနိုင်တဲ့ဘုရင်တစ်ပါးဖြစ်သွားသလိုမျိုး ပုံစံထပ်တူကျနေခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အရမ်းကိုထက်မြက်ပြီ အားကောင်းတဲ့ကျင်မုကိုယ်တိုင်တောင် ဒီတိုက်ခိုက်မှုကို မခုခံနိုင်ပဲ လက်သီးတစ်ချက်ထိုးခံရပြီတာနဲ့ လဲကျသွားတာကို မြင်တွေ့ခဲ့ရတယ်။

ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲက ရွှေရောင်အလင်းတန်းကိုလဲမမေ့နိုင်သလို သူ့ရဲ့ခြိမ်းခြောက်မှုအားကောင်းတဲ့ အစွမ်းအစကိုလဲ သူမ မေ့ဖျောက်လို့မရပါဘူး။

ရေခဲရုပ်ထုနယ်မြေကြောင့် အေးခဲခံလိုက်ရတဲ့အတွက် ထိတ်လန့်နေရတဲ့ခံစားချက်ကနေ သိလိုစိတ်တွေအပြည့်ကိုပြောင်းလဲသွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ကနေ လာတဲ့ဒီလူငယ်လေးက ဘယ်လောက်ထူးဆန်းအံ့ဩလိုက်ပါသလဲ။

သူမက ကျောင်းသားတစ်ယောက်အဖြစ်သာရှိပါသေးတယ်။ ဒါကြောင့် ရွှမ်ကျင့်၀မ်လိုမျိုး ဟို့ယွိဟောင်ရဲ့နောက်ခံအင်အားကို စူးစမ်းဖို့အတွက် ဩဇာအာဏာမရှိသေးပါဘူး။ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်မဟုတ်တာတော့ သေသေချာချာ သိနေခဲ့တယ်။ လျှို့၀ှက်ချက်တချို့ကတော့ ရှိနေမှာပါ။ ဒါ့အပြင် အမျက်ဒေါသကြောင့် တကယ်ကိုထူးဆန်းပါတယ်။

” ကောင်းပြီ ခက်ခက် ငါတို့တွေခရီးအတူတူထွက်လာကြတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်လူမကွဲအောင် နေကြရမယ်…ပြဿနာတွေဆိုတာကတော့ အမြဲတမ်းရှိနေမှာပဲ အကယ်၍ ငါတို့အန္တရာယ်တွေ့ပြီဆိုရင် အတူတူအလုပ်မလုပ်လို့မဖြစ်ဘူး…မဟုတ်ရင် ငါတို့တွေထဲက တစ်ယောက်ယောက်ထိခိုက်နိုင်ကြတယ်မလား ငါတို့ခဏနားကြမယ် ”

ကျွီးကျင့်က ခက်ခက်ကိုဆွဲရင် ထိုင်ချလိုက်ပါပြီ။ သူတွေက ဟို့ယွိဟောင်ထက် ၀ိညာဥ်စွမ်းအားအများကြီး ပိုကျန်ပါသေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားပြန်ပြည့်မှုနှုန်းကတော့ သူတို့နှစ်ယောက်စလုံးကို တကယ်ထိတ်လန့်သွားစေခဲ့တယ်။ ဟို့ယွိဟောင်က ဆယ်ငါးမိနစ်ကြာပြီတဲ့နောက် လန်းလန်းဆန်ဆန်မျက်လုံးပြန်ပွင့်လာခဲ့ပါပြီ။

” နင်ရဲ့ ၀ိညာဥ်စွမ်းအားက ပြန်ပြည့်သွားပြီလား ”

ခက်ခက်က မေးလာခဲ့ပါတယ်။ ဟို့ယွိဟောင် ဘယ်လိုအထောက်အကူပြုတဲ့ပစ္စည်းကိုသုံးတာလဲမတွေ့ရပါဘူး။ ဟို့ယွိဟောင်ကခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” ငါတို့သွားလို့ရပြီ ”

အမျက်ဒေါသကျောင်းတော်က သူ့ကိုအများကြီးအထောက်အပံ့ပေးထားခဲ့ပေမဲ့ ၀ိညာဥ်စွမ်းအားတိုးတက်မှုကအရမ်းကို နှေးကွေးပါတယ်။ အကြီးအကဲမု မဆုံးပါးခင်ပေးခဲ့တဲ့အကူအညီကြောင့်သာ အဆင့်လေးဆယ်ကိုရောက်လာနိုင်ခဲ့တာပါ။ ဟောင်သုန့်စွမ်းအားရဲ့ အကူအညီရှိနေတာတောင် တိုးတက်မှုကနှေးကွေးပါသေးတယ်။ ဒါ့အပြင် သူလေ့ကျင့်ဖို့အတွက် အရမ်းကိုကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီလိုကြိုးစားအားထုတ်မှုက ထင်သလောက်မရိုးရှင်းပါဘူး။

သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက အရမ်းကိုသိပ့်သည်းလွန်တဲ့အပြင် သာမန်ဘယ်၀ိညာဥ်ပညာရှင်ထက်မဆို ပိုအားကောင်းပါတယ်။ အရေးကြီးဆုံးကတော့ တိုက်ပွဲထဲမှာ ခံနိုင်ရည်စွမ်းအားရှိတာနဲ့ ပြန်လည်ကုသနိုင်စွမ်းအားလုံးက အဆင့်တူ၀ိညာဥ်လက်နက်ပညာရှင်တွေထက် အဆပေါင်းများစွာသာလွန်နေတာပါပဲ။

သူ့ရဲ့ကျင့်ကြံမှုနှုန်းသာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် အဆင့်ငါးဆယ်ကိုရောက်ဖို့အတွက် နောက်ထပ်ငါးနှစ်လောက်လိုမယ်လို့အကြမ်းဖျင်းတွက်ချက်မိတယ်။ အရာအားလုံးချောချောမွေ့မွေ့ ဖြစ်နေမှာပါ ဒါ့အပြင် အဆင့်ခြောက်ဆယ်ရောက်ဖို့ဆယ်နှစ်လောက်လိုမှာပါ အဆင့်ခုနှစ်ဆယ်၀ိညာဥ်သူတော်စင်ဖြစ်လာဖို့အတွက် နှစ်နှစ်ဆယ်လောက်လိုပါလိမ့်မယ်။ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိတဲ့လူတစ်ယောက်အတွက် ဘ၀ဆိုတာကအခက်အခဲတွေအပြည့်ပါပဲ။

ဒါပေမယ့် သူ့ရဲ့ကျင့်ကြံဆင့်က သာမန်လူတွေနဲ့တူနိုင်မလား အကြီးအကဲမုက သူ့ကိုအသင့်တော်ဆုံးလမ်းရှာတွေ့ဖို့အတွက် ကူညီပေးခဲ့ပြီးပါပြီ။ သူ့ရဲ့လမ်းကဖောက်ထွက်ဖို့ခက်ပေမဲ့ ဖြတ်လမ်းနည်းတစ်ခုလို့လဲ ပြောလို့ရနိုင်ခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်အတွက်လဲ ဖြတ်လမ်းနည်းတစ်ခုကိုတွေ့ပါပြီ။ အခုလက်ရှိအချိန်မှာ ဒါကိုအပြည့်အ၀အသုံးချဖို့အချိန်မရောက်သေးတာကြောင့် တစ်ခုပါပဲ။

ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့တကယ်လုပ်ငန်းစဥ်ကို ဒီနေလနိုင်ငံတော်ရဲ့ ကျောင်းတော်မှာ ရှာဖွေတွေ့ရှိနိုင်မလားလို့ သိချင်နေခဲ့တယ်။ ဒီအကြောင်းကို တွေးလိုက်မိချိန်မှာပဲ စူးရှတောက်ပလွန်တဲ့အလင်းတန်းက မျက်လုံးထဲမှာဖြတ်ပြေးလို့သွားခဲ့ပါပြီ။

ကျွီးကျင့်ကတော့ ဒီအလင်းတန်းဖြတ်ပြေးသွားတဲ့ပုံကို ချက်ချင်းဆိုသလို သတိထားမိလိုက်ပါတယ်။ ဒါကိုမြင်ချိန်မှာ သူမရဲ့နှလုံးသားထဲကတောင် ထိတ်လန့်လို့သွားခဲ့ရတယ်။ ဒီလောက်ငယ်ရွယ်တဲ့သူက ဘယ်လိုလုပ်ဒီလိုအကြည့်မျိုးကို ပိုင်ဆိုင်နိုင်ရတာလဲ။ ကြီးမားလွန်လှတဲ့ ၀ိညာဥ်သားရဲကောင်ကြီးတစ်ကောင်ရဲ့ မျက်လုံးကိုမြင်နေရတဲ့အတိုင်း ကြောက်စရာကောင်းလှချေလား။

သူတို့တွေနောက်တစ်ကြိမ် ပျံသန်းလာခဲ့သလို ကျွီးကျင့်က ခက်ခက်နဲ့အတူ အရှေ့မှာရှိမနေတော့ပါဘူး။ အဲ့ဒီအစား ဟို့ယွိဟောင်နဲ့အတူတူ ပျံသန်းဖို့အတွက်ရွေးချယ်လိုက်ပါတယ်။

” ဟို့ယွိဟောင် ကျန်းယန်တောင်က နေလနိုင်ငံတော်ရဲ့ တောင်ဖက်အရပ်မှာတည်ရှိတာ ဒါ့အပြင် မိုင်တစ်ထောင်ဝေးတယ်…ငါတို့တွေနောက်ထပ် ခြောက်နာရီတိတိ ပျံသန်းရဦးမယ်….ကျန်းယန်တောင်ကြောက အတော်ကိုကျယ်ပြန့်တဲ့အပြင် သစ်ပင်ပန်းပင်တွေကလဲ အများကြီးပဲ တန်ဖိုးကြီးတဲ့ရတနာတွေလဲ အဲ့ဒီမှာတော်တော်များရှိတယ်….သတ္ထုအမျိုးအစား ၀ိညာဥ်သားရဲကောင်တွေအဓိကပေါတဲ့အပြင် စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်သားရဲကောင်တွေကလဲ တစ်ခါတစ်လေမှာ ပေါ်လာတတ်တယ်…ဆရာရွှမ်က ငါ့ကိုဒီအကြောင်းပြောခိုင်းထားတာ နင်ဘာသာနင်လိုအပ်တဲ့အကဲဖြတ်မှုတွေကို လုပ်ပါစေလို့ ပြောထားသေးတယ်…အကယ်၍ သင့်တော်တဲ့အတိုင်းသားရဲကောင်ပေါ်လာပြီဆိုရင် အခွင့်အရေးကို အလွှတ်မခံနဲ့ ခက်ခက်နဲ့ငါလဲ ကူညီပေးမယ် ”

” ကျေးဇူးတင်ပါတယ် အစ်မကြီး ”

ကျွီးကျင့်ရဲ့ ဒီလိုကြင်နာတတ်တဲ့ပုံစံက အရင်တုန်းက သူ့ကိုထားရှိတဲ့စိတ်ပျက်မှုတွေကို ပြန်လည်​ဖယ်ရှားပေးလိုက်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့လေသံကလဲ အနည်းငယ်ပျော့ပြောင်းလို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူကတော့တိတ်တိတ်ဆိတ်ဆိတ်နေဆဲပါပဲ။ သူတို့ကိုသတိကြီးကြီးထားပြီ ဆက်ဆံရမယ်ဆိုတာကတော့ အဓိအ​ရေးကြီးတဲ့အချက်မှန်း နားလည်နေခဲ့တယ်။

ခက်ခက်ကတော့ ကျွီးကျင့်ရဲ့ဘေးမှာရောက်လာရင်းနဲ့ နှုတ်ခမ်းတွေတွန့်နေခဲ့ပါတယ်။ သူ့စကားတစ်ခွန်းမှမပြောခဲ့ပါဘူး။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကို လုံး၀မကျေနပ်သေးတဲ့ပုံပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင် သူနဲ့ ဘယ်လိုပြဿနာတက်ခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်။

ကိစ္စတွေဖြစ်သွားတဲ့အချိန်တုန်းက သူသေတော့မယ်လို့တောင် ခံစားလိုက်ရတာပါ။ ခန္ဓာကိုယ်တစ်ခုလုံးက ထုံထိုင်လွန်ပြီ လုံး၀မရုန်းကန်နိုင်တော့တဲ့အခြေအနေဖြစ်သွားခဲ့သလို ဘယ်တော့မှနိုးထမလာတော့မဲ့ ခံစားချက်ကြီးကို ခံစားခဲ့ရတယ်။ သူတို့တွေနောက်ထပ် နှစ်နာရီကြာအောင်ပျံသန်းပြီတဲ့နောက် နားလိုက်ကြပါပြီ။

” ငါတို့ဆက်ပြီမသွားခင် တစ်ခုခုစားကြရအောင် လက်ရှိအရှိန်နှုန်းနဲ့ဆိုရင် ညနေမစောင်းခင် ကျန်းယန်တောင်ကြောကို ရောက်လိမ့်မယ် ”
ကျွီးကျင့်က ပြောလာခဲ့ပါတယ်။

သူကဒီခရီးစဥ်အတွက် အပြည့်အ၀ပြင်ဆင်ပြီးသားပါ။ များပြားတဲ့အစားအသောက်တွေကို သိုလှောင်ရေးထဲကနေပစ္စည်းတွေကိုထုတ်ယူလာပါတော့တယ်။ ဒါ့အပြင် သူကအမြဲတမ်းစားနေရတာကို ကြိုက်တဲ့သူဖြစ်တာကြောင့် ဒီလောက်အများကြီးရှိနေတာမဆန်းပါဘူး။ အသီးအရွက် အေးခဲနေတဲ့အသားတွေနဲ့ များပြားတဲ့အချိုမုန့်တွေပါရှိနေခဲ့ပါသေးတယ်။ သူကောင်းကောင်းပြင်ဆင်လာရုံမကပဲ ကိုယ်ပိုင်ချက်ပြုတ်ရေးပစ္စည်းတွေကိုပါ ထည့်လာခဲ့တာပါ။

ဟို့ယွိဟောင် သူ့ကိုကြည့်နေတဲ့အကြည့်ကိုမြင်ချိန်မှာ ကျွီးကျင့်က ပျော်သွားခဲ့တယ်။

” ငါအခု ငါရဲ့အပြင်ဖက်မှာ အသားကင်တာဘယ်လောက်ကောင်းလဲဆိုတဲ့ ဥစ္စာ နင်တို့နှစ်ယောက်စလုံးကို မြည်းခိုင်းရမယ်…သေချာပေါက် အရသာအရမ်းရှိမှာပဲ ကိုယ့်လျှာကိုယ်မကိုက်မိအောင် သတိထားစားကြနော် ”

သူပြောပြီတာနဲ့ စတင်မီးမွှေးပြီကင်ပါတော့တယ်။ ဟို့ယွိဟောင်လဲ ကြည့်နေရင်းနဲ့ အံ့အားသင့်နေခဲ့ပါပြီ။ သူ့ရဲ့နှလုံးသားထဲမှာ ထူးခြားတဲ့ခံစားချက်တစ်ချို့ကို ခံစားနေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကသာအမြဲတမ်းတခြားသူတွေကို အသားကင်ပေးခဲ့တဲ့သူဖြစ်တာကြောင့်ပါပဲ။ အခုတော့ပြောင်းပြန်ဖြစ်နေခဲ့ပါပြီ။ ဒါက သူ့အတွက်လုံး၀ကို အတွေ့အကြုံသစ်ပါ။ သူဘာမှမပြောပဲ ဒီအတိုင်းသာကြည့်နေခဲ့ပါတယ်။

” နင်ကတော့ ကံကောင်းတာပဲ အစ်မကြီးကျွီးကျင့်ရဲ့ ဟင်းချက်တာ အရသာအကောင်းဆုံးပဲ ကျင်မုနဲ့ ၀မ်ရှောင်ကျဲ့တို့တောင် စားရခဲတယ် ”

လေးနာရီကြာအောင် ဖြတ်သန်းခဲ့ပြီတဲ့နောက် ခက်ခက်က သူနဲ့ဟို့ယွိဟောင်ကြားမှာရှိနေတဲ့ ပဋိပက္ခတွေကို မေ့သွားပုံပါပဲ။ သူကအရင်လိုကပ်စီးနည်းဖြစ်ပေမဲ့ မကျေနပ်မှုတွေကတော့ ဖြည်းဖြည်းချင်လျော့ပါးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ဒီကိစ္စကနည်းနည်းလေ တုံးအရာရောက်နေတာကို သတိထားမိလိုက်တဲ့အတွက် ရယ်လိုက်ပါတော့တယ်။ ခက်ခက်ကတော့ သူ့ကိုဖြတ်ကနဲလာရိုက်တယ်။

” နင်ဘာတွေရယ်နေတာလဲ ဟုတ်သား နင်ကဘယ်လိုအမျိုးအစား၀ိညာဥ်ပညာရှင်လဲ ”

ဟို့ယွိဟောင်လဲ သူမကိုကြည့်ရင်းပဟေဠိဖြစ်နေခဲ့ပါတယ်။

” အဲ့ဒီလိုတော့မဟုတ်ဘူးမလား အမျက်ဒေါသကျောင်းတော်က အရမ်းကို ခေတ်နောက်ပြန်ဆွဲလွန်ပြီ ၀ိညာဥ်ပညာရှင်တွေကိုတောင် အမျိုးအစားမခွဲထားဘူးလား ၀ိညာဥ်ပညာရှင်တွေက ထူးချွန်တာတစ်ခုခုရှိရမယ်လေ ၀ိညာဥ်ပညာရှင်တွေက အဖက်ဖက်မှာတော်နေကြတာဘယ်ရှိနိုင်မလဲ နင်က ဆရာရွှမ်လိုမျိုး သုတေသနပြုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ကွဲသွားလိမ့်မယ်…သူက ရှိရှိသမျှ အာရုံစူးစိုက်မှုတွေအားလုံးကိုသုတေသနပြုမှုကြီး အာရုံစိုက်ထားတာ ဒါကြောင့် ဘယ်အချက်ကိုမှ လက်မလွှတ်စေရဘူး…နင်ကအနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဟုတ်တယ်မလား နင်ရဲ့အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်တွေက ဒီလောက်အားကောင်းနေမှတော့ သေချာပေါက် အဲ့ဒါပဲဖြစ်ရမယ်….ဒါပေမယ့် တစ်ခါမှလဲအနီးကပ်တိုက်ခိုက်ရေးလက်နက်ကိုသုံးနေတာ မတွေ့ဖူးဘူး ”

ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ခေါင်းထဲမှာအချိန်အကြာကြီးရှုပ်ထွေးနေခဲ့ရတဲ့ပုံရိပ်ယောင်တစ်စုံတစ်ရာက ဖောင်းကနဲထွက်သွားသလို ခံစားလိုက်ရတယ်။ ခေါင်းထဲမှာအလင်းတန်းတစ်ခုက ပေါ်လာခဲ့ပါပြီ။

ဒီအချိန်တစ်လျှောက်လုံးမှာ သူ့နဲ့ ဟယ့်ချိုက်ထို့တို့နှစ်ယောက်က ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကြောင့် မနားမနေလေ့ကျင့်ခဲ့ရပါတယ်။ ဒါကြောင့် သူ့ကိုယ်သူတို့ နေ့စဥ်နေ့တိုင်းနှိပ့်စက်နေတာနဲ့ အတူတူပါပဲ။ ဟို့ယွိဟောင်အနေနဲ့ ဘယ်လိုလုပ်မပင်ပန်းပဲနေမှာလဲ။ သူလဲလူသားတစ်ယောက်မဟုတ်ပါပဲလား သူ့ရဲ့မှတ်ဉာဏ်တွေက အရမ်းကိုကောင်းသလို စိတ်၀ိညာဥ်စွမ်းအားကလဲ အတော်ကိုကောင်းမွန်ပေမဲ့ ညဘက်တရားထိုင်ဖို့ ကြိုးစားချိန်မှာ ပင်ပန်းနေခဲ့ရတာ ဒါကြောင့်သာ အကြီးအကဲမုဆုံးပါးသွားပြီတဲ့နောက် သူ့စိတ်က မတည်မငြိမ်ဖြစ်လာခဲ့တာပါ။

အပိုင်း ၁၆၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset