Switch Mode

Chapter – 31

Chapter – 31

သိပ်မဝေးသောနေရာတွင် ထိုင်နေသော ဝမ်ကျစ်ဝမ်ကလည်း စကား အနည်းငယ်ကိုသာ ဝေဝေဝါးဝါးကြားလိုက်ရသည်။ ထို့ကြောင့် မနေနိုင်ဘဲ ယဲ့ဖန်းကို လှမ်းမေးလိုက်သည်။
“ဘာ​ဖြစ်တာလဲ။”
ယဲ့ဖန်းက ဖန်းပေါ်ကို တစ်ချက်ကြည့်ပြီးမှသာ ပြောလိုက်သည်။
” မင်း ဖုန်းနဲ့ မှတ်တမ်းတင်ထားတယ် မဟုတ်လား။ လူတိုင်းကြားရအောင် ဖွင့်ပြလိုက်ပါ။ ”
ထိုအချိန်တွင်မှသာ တစ်ခြားလူများကလည်း ဒီနေရာမှ အ​ခြေအနေကို သတိထားမိပြီး ယဲ့ဖန်းကို ကြည့်လာကြသည်။
ဖန်းပေါ်ကလည်း သူက လှုပ်ရှားချင်နေကြောင်း နားလည်သည့်အတွက် သူ ရထားသော သက်သေက အကျိုးအကြောင်း သင့်လျော်နေလေသည်။ ထို့ကြောင့် လူတိုင်း၏ ရှေ့တွင်ဖွင့်ပြလိုက်မှသာ အကောင်းဆုံးဖြစ်ကြောင်း နားလည်သည့်အတွက် အလွန်ပျက်ယွင်းသော မျက်နှာထားမျိုးနှင့် ပြောလိုက်သည်။
“လျှိုယွမ်ကျစ်၊ လီကျန်းချင်နှင့် ဝမ်ယမ်တို့က ငါနဲ့ ယဲ့ဖန်းကို သတ်ပစ်ချင်နေတယ်။”
ထိုနေရာထိ ပြောပြီးမှ သူက ပို၍ ဒေါသထွက်လာသည်။
“ဒီကျေးဇူးကန်းတဲ့ အကောင်တွေက ငါတို့က သူတို့ကို တစ်ချိန်ပြီး တစ်ချိန် လွှတ်ပေးနေခဲ့လို့ ရောင့်တက်လာကြတာဘဲ။ သူတို့အတွက် ဘာက ကောင်းတယ်ဆိုတာကို နားမလည်ဘဲနဲ့ ငါတို့ကိုများ သတ်ချင်နေကြသေးတယ်။”
ထိုစကားများကို ပြောလိုက်သည်နှင့် လူတိုင်းက အံ့ဩသွားကြသည်။ လူတိုင်း၏ အကြည့်က သူ့ထံရောက်လာသည်။ ထိုနောက် အချို့က စိတ်ရှုပ်ထွေးစွာ မေးလာကြသည်။
“ဘာဖြစ်လို့လဲ။ ဘာတွေဖြစ်သွားလို့လဲ။”
ဖန်းပေါ်က သူ၏ဖုန်းမှ ခလုတ်အချို့ကို နှိပ်လိုက်ပြီးနောက် ရုတ်တရက် အသံတစ်သံက ထွက်လာသည်။
” သေစမ်း။ ငါ ဒီဒေါသကို ဆက်ပြီး မမျိုသိပ်နိုင်တော့ဘူး။ ငါတို့ ဒီအတိုင်း လွတ်ပေးဖို့ မဖြစ်နိုင်ဘူး။”
ထိုအသံက လီကျန်းချင်၏ အသံဖြစ်သည်။
ထို့နောက် လျှိုယွမ်ကျစ်၏ သုန်မှုန်နေသော အသံက ထွက်လာသည်။
” သူ့ကို နှစ်ရက်လောက်ပဲ ဆက်လွှတ်ထားပေးလိုက်ပါ။ ငါ သေချာပေါက် သူ့ကို သတ်ပေးမယ်။”
“ဘာ မင်း… မင်း သူတို့ နှစ်ယောက်လုံးကို သတ်ချင်နေတာလား။”
လီကျန်းချင်နဲ့ ဝမ်ယမ်တို့က အလွန်ပင် အံ့ဩသွားဟန်ရသည်။
” ဟုတ်တယ်။ သူတို့ ရှိရင် ငါ ရှိလို့ မရသလို ငါ ရှိရင်လည်း သူတို့ ရှိလို့ မရဘူး။”
အသံဖမ်းထားသည် ဖြစ်သည့်တိုင်အောင် လျှိုယွမ်ကျစ်က အန်ကျိတ်ကာ ပြောနေကြောင်း လူတိုင်းက နားလည်နိုင်သည်။
“ဒါပေမဲ့ အဲ့ဒီ ညင်သာသိမ်မွေ့ပုံရပေမဲ့ ခွန်အားကြီးလွန်းတဲ့ အဲ့ဒီလူထွားကို ငါတို့ မနိုင်ဘူးလေ။ နောက်ပြီး အဲ့ဒီဆံပင်မွှေးဆူးစရာ ဖန်းပေါ်ကလည်း ရှိနေသေးတယ်။ ဒီတော့ ဘယ်လိုနည်းနဲ့မှ ငါတို့ သုံးယောက်က သူတို့နှစ်ယောက်ကို မနိုင်ဘူး။”
လီကျန်းချင်၏ အသံထဲတွင် မုန်းတီးမှုများ၊ ကူကယ်ရာမဲ့မှုများ ပါသည်။
လျှိုယွမ်ကျစ်က နှာခေါင်းရှုံ့လိုက်သည်။
“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ ဒီငရုတ်ကျည်ပွေ့ရတနာက နတ်စွမ်းအင် ကျန်ရစ်နေတုန်းဘဲ။ တစ်ညထက် ပိုလာရင် ပိုပြီး စွမ်းအားများလာမယ်လို့ ငါ ယုံတယ်။ အဲ့ဒီအချိန်ကျရင် အနည်းဆုံး သူတို့ မမျှော်လင့်ထားခင် သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း သတ်လိုက်လို့ ရတယ်။”
ဖုန်းထဲမှ လီကျန်းချင်၏ ကြောက်မက်ဖွယ် အသံက ထပ်ထွက်လာသည်။
“ကောင်းလိုက်တာ။ ဒီလိုဆိုမှတော့ ငါတို့ ဘာကြောက်စရာ ရှိတော့လို့လဲ။ သူတို့ကို သတ်ကိုသတ်ရမယ်။”
“ဝမ်ယမ် အချိန်ရလာတဲ့အခါ လျိုယီယီကို တောင်းပန်ပြီး သူမကို ဘေးဘက်ကို ဦးဆောင်ခေါ်သွားလိုက်။ လျိုယီယီရဲ့ လက်ထဲက အဲ့ဒီပုတီးက မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။ နတ်စွမ်းအင်တွေ အများကြီးကျန်ရစ်နေလောက်သေးတယ်။ ကံဆိုးစွာနဲ့ မင်းက သူနဲ့ မလဲနိုင်ခဲ့ဘူး။ အခြေနေက ဒီလိုတွေဖြစ်လာရတယ်။ ”
လျှိုယွမ်ကျစ်၏ အသံက မကျေမနပ်ဖြစ်နေသည်။
“ကောင်းပြီ။”
နောက်ဆုံးတွင် ဝမ်ယမ်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။ သူမက လျှိုယွမ်ကျစ်၏ တောင်းဆိုမှုကို သဘောတူသည်။ လျှိုယွမ်ကျစ်က တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်ပြီးနောက် ဩရှသော အသံဖြင့်ပြောသည်။
” ငါ ဒါကို တခြားသူတွေ ရှေ့မှာ လုပ်လို့မရဘူး။ ဒီလိုဆိုရင် ဒုက္ခများသွားလိမ့်မယ်။ ငါ အကြံအစည် ချဖို့ လိုအပ်တယ်။”
ထို့နောက် ဖန်းပေါ်က ဖုန်းကို ပိတ်လိုက်ပြီးနောက် ပြောသည်။
“အားလုံးဘဲ ကြားကြတယ် မဟုတ်လား။ ဒီကျေးဇူးကန်းတဲ့ သုံးကောင်က ငါနဲ့ ယဲ့ဖန်းကို သတ်ချင်နေတာ။ ဒီတော့ ငါတို့ရဲ့ ရင်းနှီးမှုကို လျစ်လျူရှုတဲ့အတွက် မင်းတို့ ငါတို့ကို လာပြီး အပြစ်တင်လို့မရတော့ဘူး။”
ထိုအချိန်တွင် ယဲ့ဖန်းက စကားတစ်ခွန်းမဆိုဘဲ ရှေ့သို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ ဖန်းပေါ်က အနောက်မှ အနီးကပ်လိုက်သည်။ ကျန်းကျစ်လင်ကလည်း ခပ်မြန်မြန် အမှီ လိုက်သည်။ အခြားသူများကလည်း မတ်တပ်ထရပ်ကြပြီး တောထဲသို့ ဝင်လိုက်သွားကြသည်။
” ငါ မင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် လွတ်ပေးခဲ့တယ်။ မင်းက ငါတို့နှစ်ယောက်ကို သတ်ချင်မှတော့ ဒီတစ်ကြိမ် ငါကသာ မင်းတို့ကို ထပ်ပြီးလွတ်ပေးလိုက်ရင် ငါဖန်းပေါ်က နာမည်ကို နောက်ပြန်ပြေးရတော့မယ်။”
” မင်း မင်း ပေါက်ကရတွေ မပြောနဲ့။”
လီကျန်းချင်က တုန်ရီသော လေသံဖြင့်ပြောသည်။ သူက ချွေးစေးများ ပြန်သွားသည်။
ဝမ်ယမ်၏ အသံကလည်း အလွန်ဖျော့တော့နေသည်။ သူမက အထိတ်တလန့် ရှင်းပြသည်။
“ဘာ .. နင် ဘာတွေလာပြောနေတာလဲ။ ငါ နားမလည်ဘူး။”
ဖန်းပေါ်က မည်သည့်စကားမှ ဆက်မပြောတော့ချေ။ အသံသွင်းထားသော ဖိုင်ကိုတာ ထပ်ဖွင့်ပြလိုက်သည်။
ထိုအချိန်တွင် ဝမ်ယမ်နှင့် လီကျန်းချင်တို့က ရုတ်တရက် ထိတ်လန့်သွားကြသည်။ လျှိုယွမ်ကျစ်၏ မျက်နှာကပင် ဖြူဖျော့သွားသည်။ သံမဏိကဲ့သို့ ခိုင်မာသောအမှန်တရား၏ အရှေ့တွင် သူတို့က သူတို့ကို ငြင်းဆန်ရန် နည်းလမ်းမရှိတော့ချေ။
“ငါတို့က ဒေါသထွက်လို့ ပြောလိုက်တာပါ။ မင်းက ဒါကို အတည်ယူရတာလဲ။”
လီကျန်းချင်က အော်သည်။ သူ၏ မျက်နှာထားက ကြောက်စရာကောင်းနေသည်။
” ဒေါသထွက်လို့ ပြောလိုက်တာ ဟုတ်လား။ ဒီလူတွေ အားလုံးကို သုံးနှစ်ကလေးများ မှတ်နေလား။ လူတိုင်းက ဘာတွေဖြစ်လာမယ်ဆိုတာကို နားလည်​ကြတယ်။”
ထိုစကားကို ပြောလိုက်သောသူက ကျန်းကျစ်လင်ဖြစ်သည်။
” လျှိုယွမ်ကျစ် မင်းမှာ ဒီလိုအတွေးတွေ မရှိသင့်ဘူး။ မင်း ဘယ်လိုများ ဒီလိုတွေးရတာလဲ။ မင်း ဘယ်လောက်တောင် ရူးလိုက်သလဲ။”
ဝမ်ကျစ်ဝမ်၏ အမူအရာကပင် လေးနက်လွန်းနေသည်။
လင်းကျားက ခေါင်းကို ခါပြီး သက်ပြင်းချသည်။
” ငါတို့အားလုံးက အတန်းဖော်တွေဘဲ။ နင် ဘယ်လိုများ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ။”
” ဒါတော့ လွန်လွန်းအားကြီးသွားပြီ။ မင်းက ဒီလိုထူးဆန်းတဲ့ လောကကြီးကို အတူရောက်လာတဲ့ အတန်းဖော်ကိုတောင် ပြန်သတ်ချင်နေတယ်။ မင်းမှာ လူသားဆန်မှုရော ရှိသေးရဲ့လား။”
အခြားသူများကလည်း ဝင်ပြောကြသည်။ သူတို့အားလုံးက ထိုသုံးယောက်ကို အပြစ်တင်ကြသည်။ ဝိုင်း အကဲဖြတ်ကြသည်။
နောက်ဆုံးတွင် ကျိုးရင်ကပင် မျက်မှောင်ကြုံ့လျက် ဝင်ပြောသည်။
“အတန်း​ဖော်တွေက အချင်းချင်း ဘယ်လိုတောင် သတ်ချင်ကြမှာလဲ။ မြန်မြန် ယဲ့ဖန်းနဲ့ ဖန်းပေါ်ကို တောင်းပန်လိုက်။”
လျှိုယွမ်ကျစ်နှင့် အခြားနှစ်ယောက်ရဲ့ မျက်နှာများက တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့က တွင်းတစ်တွင်းသာ ရှာကာ ပုန်းနေချင်ကြသည်။
“တောင်းပန်ဖို့ မလိုဘူး။ မင်းတို့က တောင်းပန်တယ်ဆိုတဲ့ ကိစ္စတစ်ခု ပြောနေရင်တောင် စိတ်ထဲက တစ်ခြားကြံစည်နေလောက်တယ်။ ဒါပြင် အဲ့ဒီစကားလုံးတွေမှာ ရိုးသားမှုလည်း မရှိလောက်သလို သက်ရောက်မှုလည်း မရှိနိုင်ဘူး။”
ယဲ့ဖန်းက ကျိုးရင်ကို ကြည့်လိုက်ပြီးနောက် လူအုပ်ကို ပြန်ကြည့်ကာ ပြောသည်။
“သူတို့က ဒီလိုအတွေးထိ တွေးပြီးပြီဆိုမှတော့ ငါကလည်း ဒီနေ့ ငြိမ်ငြိမ် ရင်ဆိုင်နိုင်မယ်ဆိုရင် ငါကိုယ့်ကိုလှည့်စားနေတာ ဖြစ်သွားပြီ။ ငါတို့ကို သတ်ဖို့ ကြံစည်နေတဲ့သူတွေ ဒီလောက်များနေတာ ငါက အမြဲ သတိအပြည့်နဲ့ မနေနိုင်ဘူးလေ။ မဟုတ်ဘူးလား။”
ထိုအချိန်တွင် ယဲ့ဖန်းက ခြေလှမ်းအကျဲကြီးများဖြင့် ရှေ့သို့လျှေက်သွားသည်။
လျှိုယွမ်ကျစ်၏ မျက်နှာက သွေးမရှိတော့သလို ဖြူစုပ်သွားသည်။ သူက လက်ထဲတွင် ငရုတ်ကျည်ပွေ့ကို ခပ်တင်းတင်းကိုင်ထားလိုက်သည်။ သူ၏ မျက်လုံးထဲတွင် အထိတ်တလန့် ဖြစ်မှုကို မြင်နိုင်သည်။
ဝမ်ယမ်ကလည်း အထိတ်တလန့် အော်သည်။
“နင် နင် ဘာလုပ်မလို့လဲ။”
လီကျန်းချင်ကမူ ကြောက်ရွံကာ ထိတ်လန့်မှုပေါင်းစုံနေသော မျက်နှာထားမျိုးဖြင့် လျှိုယွမ်ကျစ်ကို လှမ်းတိုင်သည်။
” မြန်မြန် ..။ ဗာဂျာရာ ငရုတ်ကျည်ပွေ့ကို ထုတ်သုံးလိုက်။”
သူတို့ သုံးယောက်လုံးကလည်း ဒီအချိန်တွင် ယဲ့ဖန်းက သူတို့၏ တည်ရှိမှုကို လျစ်လျူရှုတော့မည် မဟုတ်ကြောင်း သိလိုက်​ကြသည်။ ထို့ကြောင့် သူက လှုပ်ရှားလိုက်သည်နှင့် ညာတာပေးမည်လည်း မဟုတ်တော့ချေ။
ဖန်းပေါ်က လိုက်လာသည်။ သို့သော် ယဲ့ဖန်းက သူ့ကိုတားပြီး ပြောသည်။
“ဒီအချိန်မှာ ငါကဘဲ လူဆိုး လုပ်လိုက်မယ်။ အဆုံးထိ ငါ လုပ်မယ်။”
ထိုသို့ပြောပြီးနောက် သူက မိုးသောက်မုန်တိုင်းဂူဘုရား၏ ကြေးနီရောင်ကျောက်ပြားကို ဖန်းပေါ်လက်ထဲမှ လွှဲယူသည်။ ယဲ့ဖန်းက ထိုအရာကို လက်တစ်ဖက်ထဲဖြင့် ကိုင်လျက် ရှေ့သို့တက်သွားသည်။
” နင် နင် ရှေ့တိုးမလာနဲ့နော် .. ။”
ဝမ်ယမ်က အသားကုန် ကုန်းအာ်သည်။ ယဲ့ဖန်းက သူမကို ကြည့်ပင်မကြည့်ချေ။ သူက ပထမဦးဆုံး လျှိုယွမ်ကျစ်နှင့် လီကျန်းချင်ထံ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် လျှိုယွမ်ကျစ်က ရုတ်တရက် လီကျန်းချင်ကို ယဲ့ဖန်း၏ အရှေ့သို့ တွန်းပို့လိုက်ပြီး ဒိုင်းအဖြစ် အသုံးပြုလိုက်သည်။ ထို့နောက် လက်ထဲတွင် ဗာဂျာရာ ငရုတ်ကျည်ပွေ့ကို ကိုင်လျက် ပြင်းထန်သည့်အားဖြင့် ယမ်းကာ အော်သည်။
” ငရဲကို သွားစမ်း။”
ဗမ်း …။
ယဲ့ဖန်းက လက်တစ်ဖက်ထဲနှင့် ကျောက်ပြားကြီးကို ကိုင်လိုက်ကာ လီကျန်းချင်ကို ရိုက်ချလိုက်သည်။ ထိုအခိုက် လီကျန်းချင်က လေးမီတာ ငါးမီတာခန့်အထိ လွင့်ထွက်သွားသည်။ ကြည့်ရုံဖြင့်ပင် အားက မည်မျှပြင်းကြောင်း သိနိုင်သည်။
အနောက်မှ လူများက အံ့ဩသွားကြသည်။ ယဲ့ဖန်းက လူထွားဆိုသော နာမည်ပြောင်ဖြင့် အလွန်လိုက်ဖက်ကြောင်း နားလည်လိုက်ကြသည်။ သူ၏ အင်အားက အလွန်များပြား ပြင်းထန်လွန်းနေသည်။
ဖန်းပေါ်က လွင့်ထွက်သွားသော လီကျန်းချင်ကို လှမ်းကြည့်ပြီး လှောင်သည်။
“ဒီဖြောင့်မတ်မှန်ကန်ပါတယ်ဆိုတဲ့ လျှိုယွမ်ကျစ် ဆိုတာ မင်းပြောတဲ့ကောင်လား။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ မင်းကို ရှေ့ထုတ်ပြီး ဒိုင်းလို ကာသေးတယ်။ ဘယ်လောက်တောင် ဖြောင့်မတ်လိုက်သလဲ။”
လီကျန်းချင်၏ ခန္ဓာကိုယ်တစ်ဝက်းလုံးက ပြင်းထန်သည့်ဒဏ်ကို ခံစားနေရသည်။ သူ၏ကိုယ်မှ အရိုးပေါင်းများစွာ ကျိုးသွားပြီ ထင်သည်။ သူက မတ်တပ်ရပ်ရန် မနည်းရုန်းကန်ရသော်လည်း ဖန်းပေါ်ကမူ ခြေလှမ်းကျဲကြီးများဖြင့် အနားသို့ရောက်လာကာ သူ့ကို တက်နင်းသည်။ ထို့နောက် သူက မလှုပ်နိုင်တော့ချေ။
ရှိန်း …။
ထိုအချိန်တွင် ယဲ့ဖန်းက ကျောက်ပြားကြီးကို ယမ်းချလိုက်ကာ ငရုတ်ကျည်ပွေ့ကို ခပ်ပြင်းပြင်း ရိုက်ချသည်။ လျှိုယွမ်ကျစ်၏ လက်မှ ​ဖျော့တော့သော နတ်အလင်းကို လွင့်ထုတ်လာသော်လည်း ကြီးမားပြင်းထန်သည့် ခွန်အားကို မတားနိုင်ခဲ့ချေ။
မိုးသောက်မုန်တိုင်း ဂူဘုရားကျောင်း၏ ကြေးနီရောင်ကျောက်ပြားကြီးက ယဲ့ဖန်း၏ လက်ထဲသို့ ရောက်သွားသည့်အချိန်တွင် မည်သည့်အလင်းမှ လွင့်ထုတ်မလာခဲ့သော်လည်း သူတွင် အလွန်ပြင်းထန်သည့်ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူက ယမ်းကာ ရိုက်ချလိုက်သောအခါ တောင်တစ်လုံးကို အောက်သို့ အသားကုန် ဖိချလိုက်သလို ထင်ရပြီး သူတို့၏ ရပ်နေသော တောင်ကပင် လှုပ်ခါသွားသည်။
အုန်း …။
ထိုသို့ ရိုက်နှက်ခံရသံ သုံးသံနှင့်အတူ သတ္ထုချင်း ထိခပ်သံများ ထွက်ပေါ်လာပြီးနောက် လျှိုယွမ်ကျစ်က ယဲ့ဖန်းကြောင့် မြေထဲသို့ ကျွံဝင်သည့်အထိ ရိုက်နှက်ခံလိုက်သည်။ လျှိုယွမ်ကျစ်က ဒူးထောက်လျက် အနေအထားမျိုးဖြင့် ရှိနေပြီး သူ၏လက်မောင်းများက ကျိုးသွားပြီ ထင်သည်။
ဗာဂျာရာ ရတနာငရုတ်ကျည်ပွေ့ကလည်း ဘေးဘက်သို့ လှိမ့်ထွက်သွားသည်။ ယဲ့ဖန်းက ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကျန်းကျစ်လင်က အနားသို့ လျှောက်လာပြီးနောက် ဝမ်ယမ်ကို ခေါ်လာပေးသည်။
” နင် …။ နင် ဘာလုပ်မလို့လဲ။”
“မင်း ဘာလုပ်ချင်တာလဲ။”
လျှိုယွမ်ကျစ်၏ မျက်နှာက ဖြူဖျော့နေပြီ ဖြစ်သည်။ လေးလန်လွန်းသော ကြေးနီရောင်ကျောက်ပြားကြီးက သူ၏ကိုယ်ပေါ် ဖိထားသေးသည်။ ထိုအနေအထားအတိုင်း သူက ယဲ့ဖန်း၏ ရှေ့တွင် ဒူးထောက်ထားရသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖန်းက တည်ငြိမ်စွာပြုံးကာ ပြောသည်။
” ငါ ဘာလုပ်ချင်လဲ ဟုတ်လား။ ငါက အနာဂတ်မှာ အေးအေးသာသာ နေချင်တယ်။ ပူပန်တာတွေ မလုပ်ချင်ဘူး။ အခြားသူတွေက အငြိုးအတေးထားတာကိုလည်း မလိုချင်ဘူး။”
” မင်း ဘာလိုချင်လဲ။ ”
လျှိုယွမ်ကျစ်က အလွန်ထိတ်လန့်နေပြီးဖြစ်သည်။ သူက အလွန်ထိတ်လန့်နေပြီ ဖြစ်သည်။ သူက သိပ်မဝေးသောနေရာမှ လူအုပ်ကို လှမ်းအော်သည်။
“ငါတို့ အားလုံးက အတန်းဖော်တွေဘဲ။ သူ့ကို မင်းတို့ မထိန်းကြတော့ဘူးလား။”
“ရှေးခေတ်က အပြစ်ပေးတဲ့ နည်းလမ်းတစ်မျိုးကို ကြားဖူးလား။ ဆိုးယုတ်လွန်းတဲ့ အပြစ်သားတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတာလေ။ အဲ့ဒီလူတွေကို ကိုင်တွယ်ဖို့ အထူးတလည် နည်းလမ်းတစ်ခု ဖန်းတီးထားတယ်။ အဲ့တာက ချောက်ထဲကို ပစ်ချတာမျိုး ဒါမှမဟုတ် ကျောက်တုံးနဲ့ သေတဲ့အထိ ရိုက်သတ်တာမျိုးဘဲ။”
” မင်း …။ မင်း မလုပ်ပါနဲ့။ မင်း မလုပ်ပါဘူး။ ”
လျှိုယွမ်ကျစ်က အလွန်ထိတ်လန့်ကြား အော်လိုက်သော်လည်း ခုခံနိုင်စွမ်းအား လျော့နည်းနေပြီဖြစ်သည်။ သူ့ကို ယဲ့ဖန်းက မြှောက်ကိုင်ပြီးနောက် ကြက်ပေါက်တစ်ကောင်ကို ဆွဲကိုင်ထားသလို ဒရွတ်တိုက်ဆွဲလျက် တောအုပ်ထဲမှ ထွက်သည်။ သူက တားမြစ်ရှေးဟောင်းနယ်မြေ ဆိုသောစကားလုံးများ ရေးသားထားရာ ချောက်တစ်ခုရှိရာသို့ ခေါ်လာသည်။
ဖန်းပေါ်နှင့် ကျန်းကျစ်လင်ကလည်း လီကျန်းချင်နှင့် ဝမ်ယမ်ကို အသီးသီး ဆွဲခေါ်လာပေးသည်။
“မဟုတ်ဘူး။ ကယ်ကြပါ။”
သုံးယောက်လုံးက အသားကုန်အော်သည်။
“ယဲ့ဖန်း ဒီလိုလုပ်တာတော့ မကောင်းဘူး။ သူတို့က ဘယ်လောက်ပဲ မှားမှား အတန်းဖော်တွေဘဲလေ။ နင် သူတို့ကို ဒီလိုအလွယ်တကူတော့ အသတ်သင့်ပါဘူး။”
ကျိုးရင်ကလည်း မပျော်မရွှင် ဝင်ပြောသည်။
“ဟုတ်တယ်။ ဒီလိုတော့ မလုပ်သင့်ပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒါက အသက်သုံးသက်ဘဲလေ။ သူတို့က ဘယ်လောက်ဘဲ မှားမှား သူတို့ အသက်ခံရဖို့တော့ မထိုက်တန်ဘူး။ သူတို့ကို နောက်ထပ်အခွင့်ရေးတစ်ခုတော့ ပြောင်းလဲခွင့်ပေးလိုက်ပါ။”
လူသုံးယောက် လေးယောက်ခန့်က ဝင်ပြောသည်။ ယဲ့ဖန်းက လူအုပ်ကို လှည့်ကြည့်ပြီးနောက် ပြောသည်။.
“တကယ်တော့ ငါလည်း ဒီလို မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ကို အခွင့်အရေး ထပ်ပေးတာက ငါ့ရဲ့သေလမ်းဖွင့်ပေးလိုက်သလိုဖြစ်နေလိမ့်မယ်။”
ရုတ်တရက် ယဲ့ဖန်၏ မျက်နှာက အေးခဲသွားသည်။ အ​ကြောင်းမူကာ ကျောက်တုံးနံရံ၏ တစ်ဖက်ခြမ်းတွင် ဂူတစ်ဂူရှိနေကြောင်း မြင်လိုက်ခြင်းကြောင့်ဖြစ်သည်။ တစ်ချိန်ထဲတွင် ခန္ဓာကိုယ်တွင် အမွေးများ ကျို့တို့ကျဲတဲရှိနေသော ကျားပေါက်လေးနှစ်ကောင် ရှိနေသည်။ ထိုနှစ်ကောင်က သူ့ကို သွားလေးဖြဲပြနေသည်။ အကောင်လေးများက သူ့ခြေထောက်လောက်ပင် မမြင့်သေးသော်လည်း ကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
” ဆေဘာ လွှသွားကျားတွေပဲ”
ယဲ့ဖန်းက အလွန်အံ့ဩသွားသည်။ ထိုမျိုးစိတ်က မြေကမ္ဘာခေတ်တွင် မတည်ရှိတော့ချေ။ ဒီနေ့မြင်ရမည်ဟုပင် မထင်ထားချေ။ သူတို့က အလွန်ငယ်ရွယ်သေးသော်လည်း သူတို့၏ ရှည်လျားသော ထက်ရှသည့်သွားများက အေးစိမ့်သောအလင်းရောင် လက်နေကြောင်း ထင်ထင်ရှားရှားမြင်နိုင်သည်။ ဒါက ထို ဆေဘာ လွှသွားကျားများ၏ အသိုက်ဖြစ်သည်။ အရွယ်ရောက်ကျားများက အမဲလိုက်နေခြင်း ဖြစ်လောက်သည်။ သို့မဟုတ်လျှင် သူတို့အတွက် ဒုက္ခရောက်ပေလိမ့်မည်။
ထိုအချိန်တွင် ကျိုးရင်တို့အားလုံးက ဝင်ပြောလာသည်။
“ယဲ့ဖန်း အလောတကြီး မလုပ်ပါနဲ့။ သူတို့ကို နောက်ထပ်အခွင့်ရေး ပေးလိုက်ပါ။ အတန်းဖော်တွေကို သတ်တာကတော့ မကောင်းပါဘူး။”
ဂူထဲမှ အရာအားလုံးကို မြင်ပြီးနောက် လူအုပ်ကို လှည့်ကြည့်ကာ ပြောလာသည်။
“ငါ သူတို့ကိုလည်း ဘာမှမလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေ​တော့ သူတို့က ငါ့ကို သတ်ချင်နေမှာ သေချာတယ်။ ဒီတော့ ငါကိုယ့်ကိုကို ကာကွယ်သင့်တယ်။ ဒါပေမဲ့ လူတိုင်းက အတန်းဖော် အချင်းချင်း ဒုက္ခမပေးသင့်ဘူးလို့ ​ပြောနေမှတော့ ငါလူတိုင်းရဲ့ စကားကိုနားထောင်ပြီး သူတို့ကို နောက်ထပ်အခွင့်ရေးတစ်ခု ပေးလိုက်မယ်။”
ဖန်းပေါ်က ထိုစကားကိုကြားသောအခါ မပျော်မရွှင်ဖြစ်သွားပြီး အော်သည်။
” သူတို့ကို နောက်ထပ်အခွင့်ရေး ပေးမယ်ဟုတ်လား။ ငါတို့ ကိုယ့်ကိုကို သတ်သလို ဖြစ်မနေဘူးလား။”
ယဲ့ဖန်းက ခေါင်းကိုခါပြီးနောက် ဖန်းပေါ်ကို အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်ကာပြောသည်။
“သူတို့သုံးယောက်ကို ကြိုးချည်ပြီး ခဏလောက် ဒီနေရာမှာ ထားခဲ့ရအောင်။ ဒီလိုအန္တရာယ်များတဲ့သူတွေကို ငါတို့နဲ့ ခရီးတူတူ သွားခွင့်တော့ မပြုနိုင်ဘူး။”
ဖန်းပေါ်က လက်မခံလိုသေးချေ။ သို့သော် သူက ယဲ့ဖန်းကို ကောင်းကောင်းနားလည်သည်။ သူ၏ မျက်ဝန်းထဲမှ အဓိပ္ပါယ်အပြည့်ပါသော အကြည့်ကို မြင်ပြီးနောက် ယဲ့ဖန်းတွင် အစီအစဥ်ရှိကြောင်း သိလိုက်လေရာ အပိုစကားမပြောတော့ချေ။
ယဲ့ဖန်းက သူ၏လက်ထဲက လျှိုယွမ်ကျစ်ကို ဆွဲခေါ်လာပြီးဖြစ်သည်။ သူက နောက်ခိုင်းနေသောဂူမှ ​ကျားနှစ်ကောင်ကို မြင်သည်။ သဘာဝအလျှောက်ပင် ယဲ့ဖန်က မည်သည့်အတွက်ကြောင့် စိတ်ပြောင်းသွားကြောင်းလည်း မသိချေ။ သူက ရှင်သန်နိုင်သည့်အတွက် ဝမ်းသာသွားသည်။
သိပ်မကြာခင်တွင် လျှိုယွမ်ကျစ်၊ လီကျန်းချင်နှင့် ဝမ်ယမ်တို့ကို ကြိုးနှင့် ခပ်တင်းတင်း ချည်လိုက်ကြသည်။ ထိုကြိုးများက သူတို့၏ကိုယ်မှ ခါးပတ်များဖြစ်ပြီး အဝတ်အထည်များကလည်း စုပ်ဖြဲခံထားရပြီးဖြစ်သည်။ နောက်ဆုံးတွင် ယဲ့ဖန်း၏ တောင်းဆိုမှုအောက်တွင် သူတို့၏ ပါးစပ်ကိုပင် အဝတ်များဖြင့် ပိတ်လိုက်ကြသည်။
ယဲ့ဖန်းက လျှိုယွမ်ကျစ်ကို ထိုဂူရှေ့သို့ ခေါ်သွားပြီးနောက် အထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။ ဖန်းပေါ်နှင့် ကျစ်လင်တို့က နီးကပ်လာသောအခါ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
အကြောင်းမူကာ အထဲမှ ကျားပေါက်လေးနှစ်ကောင်က သူတို့ကို သွားဖြဲပြလေသောကြောင့် ဖြစ်သည်။ ထိုနေရာက ကျားအသိုက်ဖြစ်လေသည်။
ဖန်းပေါ်၏ မျက်နှာပေါ်ရှိ တွန့်ဆုတ်မှုက ချက်ချင်းပျောက်သွားပြီး ကျယ်လောင်စွာပင် အော်လုနီးပါး ဖြစ်သွားသည်။ ယဲ့ဖန်က မည်သည့်အတွက်ကြောင့်စိတ်ပြောင်းသွားကြောင်း သူက နားလည်လိုက်သည်။
ထိုထက် ပို၍ ပြင်းထန်သည့် အပြစ်ပေးခြင်းမရှိနိုင်တော့ချေ။ အရွယ်ရောက်ကျားများက အနီးအနားတွင် သေချာပေါက် ရှိနေနိုင်သည်။ သိပ်မကြာခင် ပြန်လာပေလိမ့်မည်။
“ဝူး ဝူး …။ ”
လျှိုယွမ်ကျစ်၏ မျက်နှာပလည်း အစိမ်းရောင်ပြောင်းလဲသွားပြီး အသားကုန်အော်သည်။ သို့ရာတွင် သူတို့၏ ပါးစပ်ကို ပိတ်ထားလေရာ တဝူးဝူးအသံသာ ထွက်လာသည်။
ဖန်းပေါ်နှင့် ကျန်းကျစ်လင်တို့ကလည်း ယဲ့ဖန်ကို အတုခိုးပြီး ချက်ချင်းလိုလို လီကျန်းချင်နှင့် ဝမ်ယမ်တို့ကို အထဲသို့ ပစ်ထည့်လိုက်သည်။
ယဲ့ဖန်း၊ ဖန်းပေါ်နှင့် ကျစ်လင်တို့၏ အကြံပြုမှုအောက်တွင် လူတိုင်းကလည်း တောင်ပေါ်မှ အလိုစလို ဆင်းသွားကြသည်။ မည်သို့ပင်ဆိုစေ ထိုနေရာက ကြာကြာနေရန် မသင့်တော်ချေ။ သူတို့က နှစ်မိုင် သုံးမိုင်ခန့် သွားရောက်ပြီးနောက် မြေကမ္ဘာတုန်ဟီးဖွယ် ပြင်းထန်သော ​ကျားဟိန်းသံကြီးကို ကြားလိုက်ရသည်။
အပိုင်း (၃၁) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset