Switch Mode

Chapter – 160.1

အသိဉာဏ်အလင်းပွင့်ခြင်း

အပိုင်း ၁၆၀•၁

” အသိဉာဏ်အလင်းပွင့်ခြင်း ”
°°°
ဟို့ယွိဟောင်ရဲ့ ကျောင်းသားဆောင်မှာနေရတဲ့ အခြေအနေက အရမ်းကိုရိုးရှင်းပြီ ပြည့်၀ပါတယ်။ သူက လက်ရှိအချိန်ကာလတစ်လျှောက်လုံးမှာ တရားထိုင်တယ် တွေတောတယ် လေ့ကျင့်တယ် ပုံတူပုံကြမ်းတွေကိုချဆွဲပါတယ်။ ဒါ့အပြင် အစာစားဖို့အတွက် အချိန်အနည်းငယ်ယူပြီ အရာအားလုံးကို အခန်းထဲမှာပြီအောင်လုပ်ခဲ့တယ်။

ဟယ့်ချိုက်ထို့က သူ့ကိုညအချိန်မှသာ လာရှာပြီသူတို့ဒီရက်ပိုင်းအတွင်းဘာတွေရှာတွေ့ခဲ့လဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှသာ ကျင့်ကြံတာကိုသူရပ်ထားတာပါ။

” ဗမ်း ဗမ်း ဗမ်း ”

အခန်းတံခါးခေါက်သံကြီးက ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်လဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပါတယ်။ ဒီလောက်အချိန်နောက်ကျမှဘယ်သူရောက်လာတာလဲ။ ကောင်းကင်ကြီးက လုံး၀ကို မှောက်မိုက်ပြီဖြစ်နေသလို ကျောင်းသားဆောင်ရဲ့မီးအိမ်တွေတောင်မှ ထွန်းထားခဲ့ပါပြီ။

ဟို့ယွိဟောင် တံခါးဖွင့်လိုက်ချိန်မှာတော့ ရွှမ်ကျင့်၀မ်ကို သူမြင်လိုက်ရပါတယ်။ သူက သရဲတစ်ကောင်လိုဖြူဖျော့နေခဲ့ပြီ အခန်းတံခါးကိုမ၀င်ပဲ စင်္ကြန်ကနေသာပြောနေခဲ့တယ်။

” ယွိဟောင် ၀မ်ရှောင်ကျဲ့ရဲ့အခြေအနေက သိပ်ပြီမကောင်းဘူး သူလ၀က်အချိန်အတွင်းမှာ ပြန်ကောင်းလာပါ့မလား ”

နေလကျောင်းတော်ရဲ့ ကုသရေး၀ိညာဥ်လက်နက်တွေနဲ့ ကုသရေး၀ိညာဥ်ပညာရှင်တွေက ဘယ်လောက်ပဲတော်ပါစေ လူတစ်ယောက်ရဲ့စိတ်နဲ့ စိတ်၀ိညာဥ်ပင်လယ်ဆိုတာက ကန့်သတ်ထားတဲ့နယ်မြေတွေပါ။ ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက စိတ်၀ိညာဥ်ပင်လယ်တွေကို စူးစမ်းရှာဖွေတဲ့နေရာမှာ တိုးတက်မှုက အကန့်အသတ်ရှိနေပါသေးတယ်။ ဒါကိုထိုးဖောက်ပြီ လေ့လာဖို့အတွက်က အရမ်းကိုအန္တရာယ်များနေခဲ့သလို တစ်ခုခုအမှားအယွင်းဖြစ်သွားရင်လဲ တစ်သက်လုံးပြန်ပြင်ဆင်လို့ရမှာမဟုတ်ပါဘူး။

၀မ်ရှောင်ကျဲ့ရဲ့စိတ်ကို အားကောင်းတဲ့တိုက်ခိုက်မှုက မွှေနှောက်ခဲ့တာပါ။ သူက ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်ဖြစ်နေခဲ့ပေမဲ့ နေလနိုင်ငံတော်မှာရှိတဲ့ ကျောင်းသားတော်တော်များများက ငယ်ငယ်လေးကထဲကစလို့ ဆေး၀ါးတွေကိုအသုံးပြုပြီး ကျင့်ကြံဆင့်ကို မြင့်တင်လာခဲ့တာပါ။

အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက နေလကျောင်းတော်ကို ယှဥ်လို့မရသလိုပဲနေလကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကလဲ စစ်မှန်တဲ့၀ိညာဥ်ပညာရှင်တွေလို ကောင်းမွန်တဲ့ခုခံမှုကိုမပိုင်ဆိုင်နိုင်ပါဘူး။ ၀မ်ရှောင်ကျဲ့ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်က ဘယ်လောက်ပဲအားကောင်းပါစေ စစ်မှန်တဲ့၀ိညာဥ်ပညာရှင်တွေနဲ့ယှဥ်မယ်ဆိုရင် သူ့ရဲ့ခုခံမှုကအရမ်းကိုအားနည်းလွန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိညာဥ်အင်အားက မသန်မာခဲ့တဲ့အတွက် ဟို့ယွိဟောင်တိုက်ခိုက်ချိန်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ရတယ်။

နေလနိုင်ငံတော်ရဲ့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေကလဲ သူ့ခန္ဓာကိုယ်ထဲကို၀င်ရောက်ပြီ ကုသမရနိုင်ကြသလို ကုလဲမကုသ၀ံ့ကြပါဘူး။ ဒီအတိုင်း သူ့ဘာသာသူပြန်ကောင်းလာစေဖို့အတွက်သာ လွှတ်ထားလို့ရပါတယ်။ ဟို့ယွိဟောင် အကြုံပြုထားသလိုပဲ သူတို့တွေလုပ်ကြတာပါ။

ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” ကျွန်တော် အတော်လေးအားကိုထိန်းပြီသုံးထားခဲ့တာကြောင့် သူ့အသက်အန္တရာယ်ကိုမထိခိုက်စေပါဘူး…သူကနားဖို့အချိန်လိုယုံပါပဲ လူတစ်ယောက်ရဲ့စိတ်က အရမ်းကိုအထိတ်တလန့်ဖြစ်သွားခဲ့ပြီဆိုရင် သူ့ဘာသာသူပြန်ကောင်းဖို့အတွက် အချိန်ယူရပါတယ်…ဒါက အကောင်းဆုံကုသနည်းပါပဲ ပြင်ပအကူအညီတွေကို သုံးလိုက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တယ် ”

ရွှမ်ကျင့်၀မ်လဲ ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ဒါကတော့ ကောင်းပါတယ်…ဒါပေမယ့် ”

သူပြောရင်းနဲ့ အနည်းငယ်တွေဝေလို့သွားခဲ့တယ်။

” ဆရာရွှမ် ဒါပေမယ့် ဘာဖြစ်တာလဲ ”

” ၀မ်ရှောင်ကျဲ့က တော်၀င်မိသားစုရဲ့ နေရာမှာရပ်တည်ချက်တွေရှိနေတယ်လေ ဒီတော့တော်၀င်မိသားစုက သူဒဏ်ရာအကြောင်းကိုသိသွားပြီးပြီ သူတို့ကမင်းကို သူတို့လက်ထဲအပ်စေချင်နေတယ်…ငါဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ကြိုးစားနေပေမဲ့လဲ သူတို့တွေက မင်းကိုသူတို့လက်ထဲအပ်ဖို့အတွက် ဆက်တိုက်တောင်းဆိုနေသေးတယ်…ဒါကြောင့် မင်းအနေနဲ့ ရက်အနည်းငယ်လောက်ခံစားရမှာကို ငါစိုးရိမ်မိတယ် ”

” ဆရာရွှမ် ဘာများပြောချင်တာလဲ ”

ဟို့ယွိဟောင် မျက်မှောင်ကြုတ်ပြီမေးလာခဲ့ပါတယ်။

” ဒီလိုပဲပြောကြရအောင် သူတို့တွေက ငါတို့ရဲ့အသစ်ဖန်တီးလိုက်တဲ့ ၀ိညာဥ်လက်နက်ကို နောက်ဆုံးတစ်ဆင့်မှာသင့်တော်အောင် မစမ်းသပ်ရသေးဘူး မနက်ဖြန်မှာ မင်းရယ် ကျွီးကျင့်ရယ် ခက်ခက်ရယ်နဲ့သွားပြီ ၀ိညာဥ်လက်နက်အသစ်ကို စမ်းသပ်ပေးရမယ်…လ၀က်အတွင်းမှာတော့ ပြန်လာရမှာပါ အကယ်၍ ၀မ်ရှောင်ကျဲ့သာ မင်းပြောသလိုမျိုး အဲ့ဒီအချိန်အတွင်းမှာ နိုးလာခဲ့မယ်ဆိုရင် ပြဿနာကဖြေရှင်းပြီသားဖြစ်သွားလိမ့်မယ်…ဒီမှာရှိတဲ့ကိစ္စတွေကိုတော့ ငါလက်ထဲကိုအပ်လိုက်တော့ ”

ရွှမ်ကျင့်၀မ် သူ့ကိုကာကွယ်ပေးနေမှန်း ဟို့ယွိဟောင် သိပါတယ်။ သူ့ရဲ့စိတ်ထဲမှာ နွေးထွေးသွားခဲ့ပြီ ချင်ချင်းဆိုသလို ဆရာကိုဦးညွတ်လိုက်တော့တယ်။

” ကျေးဇူးတင်ပါတယ်ဆရာရွှမ် ”

” မင်းကငါတပည့်ပဲဒီတော့ တာ၀န်ယူပေးရမှာပေ့ါ အကယ်၍ မင်းတကယ်ပဲငါ့ကိုကျေးဇူးတင်ချင်တယ်ဆိုရင် ၀ိညာဥ်လက်နက်တွေကို သုတေသနပြုတဲ့နေရာမှာ ပိုပြီးကြိုးစားအားထုတ်ပေး မင်းငါ့ကိုပိုပြီးအံ့ဩအောင်လုပ်နိုင်မဲ့နေ့ကို ငါစောင့်မျှော်နေမယ်…အချိန်လဲမစောတော့ဘူးစောစောအိပ်လိုက်တော့ မနက်ဖြန်မနက်မှာ အဲ့ဒီကောင်မလေးနှစ်ယောက်ကို ကျောင်းတံခါး၀ကနေစောင့်နေလိုက် သူတို့တွေက မင်းကိုသင့်တော်တဲ့စမ်းသပ်ရေးနယ်မြေဆီ ခေါ်သွားလိမ့်မယ် ”

” ဟုတ်ကဲ့ပါဆရာ ”

ရွှမ်ကျင့်၀မ် ထွက်ခွာသွားပြီတဲ့နောက် ဟို့ယွိဟောင်လဲ အခန်းကိုပြန်လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကတော့ စိုးရိမ်နေခဲ့တယ်။

” ညီငယ်လေး ငါမင်းနဲ့အတူတူ မနက်ဖြန်လိုက်လာရမလား ဒါကသူတို့ရဲ့အကြံအစည်ဖြစ်နိုင်လား…အကယ်၍ အပြင်မှာမင်းတစ်ခုခုဖြစ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”

” ဒါကအကွက်ဆင်ခံရတာမဟုတ်ဘူး…ကျွန်တော်ဆရာရွှမ်ကိုယုံတယ်…ဒုတိယအစ်ကိုကြီး ကျွန်တော်ရဲ့အာရုံခံနိုင်စွမ်းကို အစ်ကိုကြီးသိတယ်မလား အကယ်၍ ဆရာရွှမ်သာ ကျွန်တော်နဲ့စကားပြောတဲ့အချိန်တုန်းက မူမမှန်တာရှိမယ်ဆိုရင် သေချာပေါက် ကျွန်တော်သတိထားမိမှာပဲ ဒါ့အပြင် ကျွန်တော်ရဲ့အကဲဖြတ်မှုကို ကျွန်တော်ယုံတယ် ”

” အကယ်၍ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ကျွန်တော်ကိုဖြေရှင်းချင်တယ်ဆိုရင်တောင် ဒီကျောင်းသားကူးပြောင်းမှုသင်ကြားရေးပြီတဲ့နောက်မှာ လုပ်ကြလိမ့်မယ်…နောက်ဆုံးတော့လဲ မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်နှစ်ယောက်စလုံးက အမျက်ဒေါသကျောင်းတော်မှာရှိနေသေးတယ်လေ အကယ်၍ ကျွန်တော်သာတစ်ခုခုဖြစ်သွားမယ်ဆိုရင် အမျက်ဒေါသကျောင်းတော်ကရော သူတို့ကိုအလွှတ်ပေးမှာလား ဆရာရွှမ်ရဲ့အစီအစဥ်အတိုင်း ကျွန်တော်လိုက်လုပ်လိုက်မယ်…ဒါ့အပြင် အခုအချိန် ကျောင်းတော်ကနေထွက်သွားတယ်ဆိုတာ ကျွန်တော်အတွက်ကောင်းတဲ့ကိစ္စပဲ အခုလက်ရှိကျွန်တော်ဆွဲထားတဲ့ ပုံကြမ်းတွေအားလုံးကို လက်လွှဲပေးလို့ရတယ်…တစ်ချိန်ထဲမှာပဲ သူတို့ရဲ့ ၀ိညာဥ်လက်နက်အသစ်ကိုလဲ ကြည့်လို့ရမှာပေါ့ ”

” ဒါပေမယ့် ညီလေးမင်းသတိထားဖို့တော့ လိုဦးမယ်..အကယ်၍ မင်းတိုက်ခိုက်ခံရမယ်ဆိုရင် ဘာမှမစဥ်းစားနဲ့လွှတ်အောင်သာပြေးအသက်အန္တရာယ်ဘေးကင်းဖို့ဆိုတာက မင်းအတွက်လုံး၀အရေးကြီးတဲ့ကိစ္စပဲ ”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ပါတယ်။ သူတို့ရောက်ချိန်ကထဲကစလို့ ဆက်တိုက်ဆိုသလို ရှာဖွေလေ့လာနေခဲ့တာပါ။ သင်ကြားရတဲ့အရာတွေများနေပေမဲ့ တကယ်အရင်းအမြစ်နေရာတွေကိုရောက်ဖို့ကတော့ အဝေးကြီးဝေးနေတုန်းပါပဲ။

” ဒုတိယအစ်ကိုကြီး ဆရာရွှမ်က ကျွန်တော်ကိုသင်ကြားနေတဲ့အချိန်မှာ အတော်လေးဖိအားများတာကို ခံစားမိတယ်…မဟုတ်ရင် သူကကျွန်တော်ကိုဒီအတိုင်းအတွေးအခေါ်ကြီးတွေ ရှင်းပြနေပြီ လက်တွေ့ကျကျသင်ကြားမှုတွေကို မလုပ်ခိုင်းပဲနေမှာမဟုတ်ဘူး…အစ်ကိုရောဘယ်လိုလဲ ”

” ငါတို့တော့ လက်တွေ့ကျတဲ့ကိစ္စတွေအကြောင်း ပြောကြတယ်…ဒါပေမယ့် အားလုံးကအဆင့်ရှစ်၀ိညာဥ်လက်နက်တွေပဲ ငါလဲနားမလည်နိုင်ဘူးလေ ငါမှာမင်းလိုမှတ်ဉာဏ်ကောင်းကောင်းမှမရှိပဲ ငါနည်းနည်းပါးပါးပဲ နားလည်နိုင်တယ်…ဒါကြောင့် ငါရဲ့ကုန်ကြမ်းတွေအားလုံးက မပြည့်မစုံပဲဖြစ်နေသေးတယ်…သူတို့တွေက တကယ်တော့ ငါ့ကို လာပြီလှည့်ကွက်တွေသုံးနေတာပဲ တခြားသူတွေလဲ ပုံစံတူဖြစ်မယ်ဆိုတာ ငါယုံကြည်တယ် ”

” ဘာပုံမှန်လဲ အကယ်၍ သူတို့ဒီလိုမလုပ်ဘူးဆိုရင်မှ တစ်ခုခုမှားနေတယ်လို့ ထင်မိမှာ အချိန်လဲမစောတော့ဘူး…ဒုတိယအစ်ကိုလဲ သွားသင့်ပြီ ကျွန်တော်မနက်ဖြန်ကနေစပြီ လ၀က်လောက်အပြင်ရောက်နေမှာ အဲ့တော့တစ်ခုခုကိုကောင်းကောင်းသင်ကြားနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

ဟယ့်ချိုက်ထို့က ထွက်ခွာသွားပေမဲ့ ဟို့ယွိဟောင်ကတော့ တရားမထိုင်ပါဘူး။ အဲ့ဒီအစား သူ့အိပ်ရာပေါ်မှာသာ ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ခံစားချက်တွေကတော့ ရှုပ်ထွေးနေဆဲပါ။

နေလနိုင်ငံတော်မှာသူရောက်နေတာ လေးရက်ရှိသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့လေးရက်ထဲက သူတော်တော်များများကို သင်ယူခဲ့ရပါတယ်။ အရေးကြီးတဲ့အရာဘယ်အရာကိုမှ မတွေ့ရပေမဲ့ သူစုဆောင်းရရှိထားတဲ့ အသိပညာတွေအားလုံးက နေလနိုင်ငံတော်ရဲ့ကျောင်းတော်သူ့ကိုမျှော်လင့်ထားတာထက်အများကြီးပိုပြီးတော့ကျော်လွန်နေမယ်ဆိုတာ သိသာနေခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာနေရတဲ့ခံစားချက်ကိုမကြိုက်ပါဘူး။ အမျက်ဒေါသကျောင်းတော်မှာ နေရတဲ့မိသားစုဆန်ဆန်နွေးထွေးမှုနဲ့ယှဥ်လိုက်မယ်ဆိုရင် ဒီမှာကအမြဲတမ်းလစ်ဟာနေသလို ခံစားနေခဲ့ရပါတယ်။ သူ့ဘေးမှာရှိသမျှလူတိုင်းကို သတိထားဖို့လိုသလို အချိန်မရွေးအကွက်ဆင်ဖို့အတွက်လဲ ပြင်ဆင်နေခဲ့ရတယ်။

အမျက်ဒေါသကျောင်းတော်မှာ နေထိုင်ရင်ကျင့်ကြံခဲ့တဲ့အချိန်တွေကို အတော်လေးလွမ်းဆွတ်မိပါတယ်။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဒီနှစ်နှစ်ခွဲအချိန်ကို မြန်မြန်ဆန်ဆန်သာကုန်ဆုံးသွားစေချင်ခဲ့တယ်။ ဒါမှသာ အမျက်ဒေါသကျောင်းတော်ကိုပြန်ပြီသူ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမှာပါ။

သူ့သူငယ်ချင်းတွေအကြောင်းကို တွေးမိတိုင်း၀မ်သုန့်ကို စိတ်မထိန်းနိုင်ပဲ လွမ်းလာမိပါတယ်။ ဒီလိုခွဲခွာလာကထဲနေ့ကစလို့ ၀မ်သုန့်ကိုနိုးဖို့လဲ မလိုတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီနေ့တုန်းက ၀မ်သုန့် ဘယ်လောက်အထိငိုနေခဲ့လဲဆိုတာ သူမှတ်မိနေဆဲပါ။ ဒါ့အပြင် အိပ်မက်ထဲမှာယောင်ယမ်းရင်းနဲ့တောင် သူ့နာမည်ကိုခေါ်နေခဲ့ပါသေးတယ်။ ထွက်မသွားဖို့ကိုလဲ တောင်းပန်နေခဲ့ပြီ သူ့ရဲ့အသံကတော်တော်လေးကို။

°°°°
ဒီအခြေအနေအထိ တွေးလိုက်မိချိန်မှာပဲ ဟို့ယွိဟောင်ရဲ့နှလုံးသားက ရှုပ်ထွေးလို့လာပါတော့တယ်။ ၀မ်သုန့်ရဲ့ရုပ်သွင်နဲ့ အလင်းတန်းပုံရိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ မိန်းမချောရဲ့ရုပ်သွင်နှစ်ခုက သူ့ရဲ့စိတ်ထဲမှာယှဥ်ပြီထွက်ပေါ်လာခဲ့တယ်။

ဒီရှုပ်ထွေးတဲ့အတွေးတွေက အမျက်ဒေါသကျောင်းတော်ကို သူ့ရဲ့လွမ်းဆွတ်မှုတွေကပိုပြီးတော့ တိုးလာစေပါတယ်။ အစ်ကိုကြီးရော အဆင်မှပြေရဲ့လား ဆရာရှောင်ယာ့ကို ရှာတွေ့ရဲ့လား။ တတိယအစ်ကိုကြီးနဲ့ စတုတ္ထအစ်မကြီးတို့ရော အခြေအနေဘယ်လိုလဲ ရှောင်းရှောင်းရော ဒုတိယအစ်ကိုကြီးနဲ့ ခွဲခွာပြီတဲ့နောက် ဘယ်လိုများအခြေအနေရှိပါသေးလဲ ၀မ်သုန့်ကတော့ သူပြန်ရောက်တဲ့အချိန်မှာ သေချာစောင့်ကြည့်ရဦးမယ်။

နောက်နေ့မနက်မှာတော့ အေးစက်ပြီသန့်စင်တဲ့လေထုက ဟို့ယွိဟောင်ရဲ့နှာခေါင်းထဲကို ၀င်ရောက်လာခဲ့ပါတယ်။ သူက ၀တ်စုံတစ်ခုကိုလဲလှယ်ပြီးပါပြီ။ လက်ရှိသူ့ရဲ့ပုံစံက သာမန်ကလေးတစ်ယောက်လိုဖြစ်သွားစေခဲ့တယ်။ အရှေ့အရပ်မှာ နေထွက်စပြုနေပြီဖြစ်သလို သူ့ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ကျင့်ကြံတာရပ်လိုက်ပါပြီ။ ခရမ်းရောင်နတ်ဆိုးမျက်လုံးက အားလုံးထဲမှာ တိုးတက်မှုအမြင့်ဆုံးပါပဲ။

ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ အဓိကအဆင့်က လေးဆင့်ရှိပါတယ်။ ကင်းထောက်မှု အပြည့်အ၀ပေါင်းစည်းမှု အစေ့ချမှုနဲ့ အဆုံးမဲ့မှုပါပဲ။

သူကတတိယအဆင့်ဖြစ်တဲ့ အစေ့ချမှုကိုရောက်ရှိနေပါပြီ။ ဒါကအာရုံစူးစိုက်မှုကို အဓိကထားရင်အောင်မြင်ခဲ့တဲ့ အဆင့်ပါ။ ဒါ့အပြင် ထန်မျိုးနွယ်ထဲမှာ ပထမဆုံးဒီအဆင့်ကိုရောက်တာလဲသူပါပဲ။

အမျက်ဒေါသကျောင်းတော်ရဲ့ အကြီးပိုင်းထိန်းချုပ်ရေးသမားတွေတောင် သူ့ရဲ့တကယ်အကြီးမားဆုံးတိုက်ခိုက်ရေးအင်အားက အဆုံးစွန်းရေခဲနဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေမှာရှိနေတာမသိကြပါဘူး။ တကယ်တော့ သူ့ရဲ့ကြီးမားများပြားလွန်လှတဲ့ စိတ်၀ိညာဥ်စွမ်းအားကသာ အကြီးဆုံးပျက်စီးမှုတွေကို ဖြစ်စေနိုင်တာပါ။ သူ့ထက်အဆင့်ကျော်လွန်တဲ့သူတွေကို တိုက်ခိုက်နိုင်နေတာကလဲ မခုခံနိုင်လောက်အောင်များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားကြောင့်ပါပဲ။

အဝေးမှာတော့ လှပတဲ့လူနှစ်ယောက်က ရပ်နေခဲ့ပါတယ်။ သူတို့တွေက အရမ်းကိုမြန်မြန်ဆန်ဆန်လျှောက်လာနေရင်း ဟို့ယွိဟောင်ဆီကို ရောက်လာခဲ့ကြတယ်။

ကျွီးကျင့်ကတော့ အဖြူရောင်၀တ်စုံကို ၀တ်ဆင်လို့ထားပါတယ်။ သူမရဲ့ပိုးသားလိုချောမွေ့နေတဲ့အသားအရေးက ပိုလို့တောင်တောက်ပနေခဲ့ပြီ လိုက်ဖက်ညီနေခဲ့တယ်။

ခက်ခက်ကတော့ အစိမ်းရောင်၀တ်စုံကိုသပ်သပ်ရပ်ရပ်၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူက ကျွီးကျင့်လောက် ကြည့်မကောင်းပေမဲ့လဲ အချိုးကျကျလှပနေဆဲပါပဲ။ ဒါ့အပြင် သူ့ရဲ့၀တ်ရုံက သူ့ကိုပိုပြီးတော်ပနေစေခဲ့တယ်။

သူတို့နှစ်ယောက်က ဟို့ယွိဟောင်ကိုမြင်ချိန်မှာ စပြီစကားပြောပါတော့တယ်။ အထူးသဖြင့် ခက်ခက်ကခါးထောက်ရင်းနဲ့ ပြောလာခဲ့တယ်။

” ငါတို့တွေ နောက်တစ်ခေါက်အပြင်ထွက်ရတာ နင်အပြစ်ကြောင့်ပဲ ဆရာရွှမ်ကပြောတယ်..အပြင်ထွက်တဲ့အချိန် ငါတို့နှစ်ယောက်ရဲ့စကားကိုနားထောင်ရမယ်…အကယ်၍ နင်တစ်ခုခုမဟုတ်တာလုပ်၀ံ့မယ်ဆိုရင် ကျောင်းတော်ကနင့်ကိုချက်ချင်းထုတ်ပယ်ပြီအမျက်ဒေါသကျောင်းတော်ကို ပြန်ပို့မှာပဲ ”

ဟို့ယွိဟောင်ကတော့ စိတ်ရှုပ်လာခဲ့ပါတယ်။ ဒါကြောင့် သူပုခုံးသာတွန့်ပြလိုက်တယ်။ လုပ်ချင်ရာလုပ်ဖို့သာ ပြောလိုက်တဲ့ပုံစံပါ။ ဒါပေမယ့် ပါးစပ်ကနေဘာမှထုတ်မပြောခဲ့ပါဘူး။

ကျွီးကျင့်ကတော့ အေးအေးဆေးဆေးသာပြောခဲ့ပါတယ်။

” သွားကြစို့ ငါတို့တွေကျန်းယန်တောင်ကြောကိုသွားရမှာ အဲ့ဒီနေရာမှာ ၀ိညာဥ်သားရဲကောင်တွေအများကြီးပဲ ကျောင်းတော်ထဲမှာရှိတဲ့ပြဿနာတွေအားလုံးကို မေ့ထားပြီ ဒီခရီးတစ်လျှောက်မှာအတူတူအလုပ်လုပ်ကြရမယ်…နင်ကအဖွဲ့ထဲမှာရှိတဲ့ တစ်ယောက်တည်သောယောင်္ကျားလေးပဲ ဒါကြောင့် ငါတို့ကိုကောင်းကောင်းကာကွယ်ပေး ”

ကျွီးကျင့်ကိုကြည့်ရင်း ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။ သူ့ရဲ့ပုံစံဒီလိုပြောင်းလဲသွားမယ်လို့ ဟို့ယွိဟောင်မထင်ထားခဲ့မိပါဘူး။ ဒါကြောင့် သူခေါင်းညိတ်ရင်းနဲ့သာ ပြောလာခဲ့တယ်။

” ကောင်းပြီလေ ”

ဟို့ယွိဟောင်ရဲ့ခပ်တိုတိုပြတ်ပြတ်ပြန်ဖြေသံကိုကြားချိန်မှာ ခက်ခက်ကတော့ မကျေမနပ်ဖြစ်သွားခဲ့ပါတယ်။

” အစ်မကြီးကျွီးကျင့်က နင်ကိုဒီလောက်ကောင်းနေတာ နင်ဒီလိုပုံစံမျိုးလုပ်နေသေးတယ်ပေါ့ ”

” ဒါဆိုရင်ငါက ကျေးဇူးတင်ရမှာလား မင်းတို့နှစ်ယောက်က မနေ့ကပဲငါ့ကိုအနိုင်ကျင့်ခဲ့တာလေ ”

ခက်ခက်က ပိုလို့တောင်ဒေါသထွက်လာခဲ့ပါပြီ။ မဖြစ်သင့်တဲ့အရာတစ်ခုကိုကြားရတဲ့အတိုင်း သူ့ရဲ့မျက်နှာထားက အတော်ကိုတင်းမာနေခဲ့တယ်။

” ငါတို့က နင်ကိုအနိုင်ကျင့်ခဲ့တာဟုတ်လား ၀မ်ရှောင်ကျဲ့က သတိလစ်နေတုန်းပဲ ကျင်မုကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်…ဘယ်သူက ဘယ်သူကိုအနိုင်ကျင့်တာလဲ ”

” ငါက ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရုံပဲလေ အကယ်၍ တစ်ယောက်ယောက်ကသာ မင်းကို ခွေးမသားလို့ခေါ်လာခဲ့မယ်ဆိုရင် မင်းလက်ခံနိုင်မှာလား ”

အပိုင်း ၁၆၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset