Switch Mode

Chapter – 159.3

နိုင်ငံခြားသားကို မုန်းတီးအနိုင်ကျင့်ခြင်းနှင့် မြင့်မြတ်သူမျိုးဆက်များ

အပိုင်း ၁၅၉•၃

” နိုင်ငံခြားသားကို မုန်းတီးအနိုင်ကျင့်ခြင်းနှင့် မြင့်မြတ်သူမျိုးဆက်များ ”
°°°
ဟို့ယွိဟောင် အဲ့ဒီနောက်ချက်ချင်းဆိုသလို မြေပြင်မှာဒူးထောက်ချလိုက်ပါတယ်။ ကောင်မလေးသေးသေးရဲ့လည်ပင်းပေါ်မှာ သူ့လက်ကိုဖိချလိုက်ပြီတဲ့နောက် ရေခဲစွမ်းအားတွေကို ပြန်ပြီးရုတ်သိမ်းတော့တယ်။ အဲ့ဒီနောက် ခန့်ညားတဲ့လူငယ်ဖက်ကို လျှောက်လာခဲ့ပြီ သူ့ခန္ဓာကိုယ်ကို အကြိမ်ကြိမ်ရိုက်ပုတ်ရင်း စိတ်၀ိညာဥ်စွမ်းအားတွေကို ပြန်ပြီဖြေရှင်းပေးလိုက်ပါတယ်။

အဲ့ဒီနောက် သူတို့က တစ်ယောက်ပြီတစ်ယောက်နိုးလာခဲ့ပါပြီ။ ကောင်မလေးကတော့ အရမ်းကိုခိုက်ခိုက်တုန်တဲ့အထိ ချမ်းအေးလို့နေခဲ့တယ်။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလို မျက်လုံးဖွင့်လိုက်ချိန်မှာ ဟို့ယွိဟောင်ကို မြင်လိုက်ရတဲ့အတွက် ချက်ချင်းခုန်ထပြီ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ရွှမ်ကျင့်၀မ်က သူ့ကို လှမ်းပြီးတော့အော်ဆူလိုက်ရတယ်။

” တော်လောက်ပြီ ခက်ခက် မင်းနောက်ထပ်ပြဿနာရှာချင်နေသေးတယ်ဆိုရင် ငါရှေ့ကထွက်သွားလိုက်တော့ ”

အဲ့ဒီအချိန်မှသာ ခက်ခက်လို့ခေါ်တဲ့ကောင်မလေးလဲ ရွှမ်ကျင့်၀မ်ရှိနေတာကိုသတိထားမိသွားပါတယ်။ သူမမကျေနပ်သေးတဲ့ပုံစံနဲ့ ပြောလာခဲ့တယ်။

” သူက အရမ်းအနိုင်ကျင့်တယ်ဆရာ သူသမီးကိုရိုက်သေးတယ်…သမီးအတွက် တရားမျှတအောင်လုပ်ပေး ”

သူက ကျွီးကျင့်ထက်ဆာရင် ပြဿနာရှာရတာပိုပြီးတော်တဲ့သူဆိုတာသိသာနေခဲ့ပါတယ်။

” ဘယ်သူကအနိုင်ကျင့်တဲ့သူဆိုတာ ငါမသိဘူးများထင်နေတာလား ကျင်မု မင်းရောဘာကြောင့်သူတို့နဲ့အတူလိုက်ပြီ ပြဿနာရှာရတာလဲ ”

ခန့်ညားတဲ့လူငယ်လေးကျင်မုကတော့ စိတ်ညစ်ညစ်နဲ့သာ ပြန်ဖြေပါတယ်။

” ဆရာရွှမ် ဒေါသမထွက်ပါနဲ့ ကျွန်တော်တို့မှားသွားပါတယ် ”

သူဒီကိစ္စကိုသွားပြီ ချောက်မတွန်းတော့ပါဘူး။ ဟို့ယွိဟောင်လဲ သူ့ဘက်ကိုလှမ်းကြည့်နေခဲ့ပါတယ်။

” ၀မ်ရှောင်ကျဲ့ကတော့ နောက်ထပ်နားဖို့လိုဦးမယ် သူ့ကိုကျောင်းသားဆောင်ပြန်ပို့လိုက် ငါကုသဖို့အတွက် ဆရာတစ်ယောက်လွှတ်ပေးလိုက်မယ် ”

ရွှမ်ကျင့်၀မ်က ပြောလာခဲ့ပါတယ်။ ကျင်မုက ခေါင်းသာညိတ်နေခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဖက်ကို လှမ်းကြည့်ရင်း သူလဲတစ်ချက်တုန်သွားခဲ့ပါတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဒီလူငယ်ကို မြင်လိုက်တိုင်းမှာသူစိတ်၀ိညာဥ်ထဲက တစ်စုံတစ်ရာအက်ကွဲသွားတာကို ခံစားနေခဲ့ရတယ်။

ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးပြန်ကြည့်နေဆဲပါပဲ။ သူက ဒီတိုက်ခိုက်မှုရဲ့ အကျိုးအာနိသင်ကို ပိုပြီးရင်းနှီးတဲ့သူပါ။

ဧကရာဇ်နယ်မြေက ခန္ဓာကိုယ်နဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှုကို ပေါင်းစည်းထားတဲ့ကြောက်စရာစွမ်းအားတစ်ခုပါပဲ။ သူ့ရဲ့ပြိုင်ဘက်က ဒီတိုက်ခိုက်မှုကို ခံရပြီးပြီဆိုရင် သူတို့ရဲ့ယုံကြည်ချက်ကလဲ ပြိုလဲသွားမှာပါ။ ဒါ့အပြင် သူ့ပြိုင်ဘက်ကလဲ သူ့ကိုအမြဲတမ်းထိတ်လန့်နေပါလိမ့်မယ်။ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်တဲ့အချိန်မှာ သူ့ကိုခုခံနိုင်ဖို့ယုံကြည်ချက်လုံး၀ရှိတော့မှာမဟုတ်ပါဘူး။

ကျင်မုကတော့ ၀မ်ရှောင်ကျဲ့ကို သယ်သွားခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်ကတော့ ယွိဟောင်ဖက်ကို လှည့်ကြည့်ရင်းပြောလာခဲ့တယ်။

” အားယွိဟောင် နည်းနည်းတော့ပြဿနာများတော့မယ်…၀မ်ရှောင်ကျဲ့က တော်၀င်မိသားစုကသူ သူကတိုက်ရိုက်မိသားစုမဟုတ်ပေမဲ့ တော်၀င်မိသားစုရဲ့စာရင်းထဲမှာပါတဲ့ မိသားစုခွဲကသူပဲ ဒါကြောင့် ကျောင်းတော်အနေနဲ့ မင်းသူ့ကိုဘယ်လိုဒဏ်ရာရအောင်လုပ်လိုက်လဲဆိုတာ ပတ်သက်ပြီဖြေရှင်းရလိမ့်မယ် ”

” အရာအားလုံးက ဆရာသဘောအတိုင်းပါပဲဆရာ ”

ဟို့ယွိဟောင်ကတော့ ခေါင်းငုံ့နေရင်ပြောလာခဲ့ပါတယ်။ သူက လုပ်စရာရှိတာတွေလုပ်ပြီ ခံယူစရာရှိတာခံယူဖို့ အသင့်ပါပဲ။ အကယ်၍ နေလနိုင်ငံတော်ထဲမှာ ဆက်ပြီသင်ကြားချင်တယ်ဆိုရင် အရမ်းကြီးခေါင်းမာပြီ မာကျောနေလို့မဖြစ်ဘူးဆိုတာ သိလာခဲ့ပြီသားပါ။ ဒါ့အပြင် ဆရာရွှမ်ရဲ့အဆင့်အတန်းအရ ကျောင်းတော်ထဲမှာတစ်ခုခုကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သူသိနေခဲ့တယ်။

ရွှမ်ကျင့်၀မ်က မျက်မှောင်ကြုတ်ရင်ပြောလာခဲ့ပါတယ်။

” ကောင်းပြီလေ ဒီလောက်ဆိုလုံလောက်ပြီ ငါကိုင်တွယ်လိုက်မယ်…မင်းဒီအခန်းထဲမှာနေပြီ အားလုံးကိုရှင်းလင်းထားလိုက် ဘယ်သူမှမင်းကိုနောက်ထပ်ပြဿနာရှာ၀ံ့တော့မှာမဟုတ်ဘူး…မဟုတ်ရင်လဲ ငါမင်းကိုနောက်ထပ် အခွင့်အရေးတစ်ခေါက်မပေးဘူးလို့ အပြစ်မတင်လေနဲ့ ”

ပြောပြီတဲ့နောက် သူခပ်မြန်မြန်ပဲထွက်သွားပါတော့တယ်။ ဟို့ယွိဟောင်က ၀မ်ရှောင်ကျဲ့ကို မကူညီဘူးလို့ငြင်းလိုက်ပေမဲ့ နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကုသရေးဌာနကတော့ တကယ်ကိုကြောက်စရာကောင်းပါတယ်။ ဒါ့အပြင် ၀မ်ရှောင်ကျဲ့ကို ကုသဖို့အတွက် လူတစ်ယောက်ရှာပေးတယ်ဆိုတာ မခက်ပါဘူး။ ဒါကြောင့် သူ့ရဲ့ပြဿနာက ခပ်မြန်မြန်ပဲ ဖြေရှင်းခံလိုက်ရပါပြီ။

ခန်းမတံခါးပိတ်သွားပြီတဲ့နောက် ဟို့ယွိဟောင် ကျွီးကျင့်နဲ့ ခက်ခက်တို့သာကျန်ရစ်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ဘာမှမပြောပဲ အေးအေးဆေးဆေးသာ သန့်ရှင်းရေးလုပ်နေခဲ့ပါတယ်။ ခက်ခက်နဲ့ ကျွီးကျင့်တို့နှစ်ယောက်ကတော့ အရမ်းကိုပူးကပ်နေခဲ့ကြပြီ တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်ဆုံရင် စကားပြောနေခဲ့ကြတယ်။ ခက်ခက်ကတော့ ကျွီးကျင့်ကိုကပ်ရင် ပြောနေခဲ့ပါတယ်။

” ဒီကောင် တအားအင်အားကြီးလွန်တယ်…ငါတို့လေးယောက်တောင် ဒီကောင်ကိုအနိုင်မယူနိုင်ဘူး ”

” ဒီအခန်းထဲမှာဘယ်လိုလဲ အကယ်၍ ငါတို့သာအပြင်မှာရှိမယ်ဆိုရင် နေရာကျယ်ကျယ်သာရှိလို့ကတော့ ဒီကောင်ငါတို့ကိုတိုက်ခိုက်နိုင်မှာမဟုတ်ဘူး ”

ကျွီးကျင့်က မကျေမနပ်နဲ့ကျယ်ကျယ်လောင်လောင်ပြောနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဘာမှမကြားတဲ့အတိုင်းလုပ်စရာရှိတဲ့အလုပ်ကိုသာ လုပ်နေခဲ့တယ်။

ခက်ခက်ကတော့ ကျွီးကျင့်နဲ့အတူ သံယောင်လိုက်နေခဲ့ပါတယ်။

” သူက ၀ိညာဥ်ပညာရှင်တစ်ယောက်ပဲ အနီးကပ်တိုက်ခိုက်တဲ့အချိန်မှာ သေချာပေါက်အားသာချက်ရှိနိုင်တာပေါ့ ဒါပေမယ့် အဝေးတိုက်ခိုက်မှုမှာဆိုရင် လုံး၀အခွင့်အရေးရှိမှာမဟုတ်ဘူး…ငါတို့တွေအခွင့်အရေးရှိတဲ့အချိန်ကြည့်ကြသေးတာပေါ့ ”

ဟို့ယွိဟောင်က ကျောကိုမလိုက်ရင်း ခက်ခက်ကိုစိုက်ကြည့်ခဲ့နေလိုက်ပါတယ်။ ခက်ခက်ကတော့ အံ့အားသင့်သွားခဲ့ပြီ သူ့လက်နဲ့သူမျက်နှာကိုကွယ်ရင်းနဲ့ ပြောလာခဲ့တယ်။

” နင်ဘာလုပ်နေတာလဲ ”

ဟို့ယွိဟောင်ကတော့ လှောင်ရယ်တဲ့အပြုံးနဲ့သာ ပြောလာခဲ့တယ်။

” အင်အားနဲ့အစွမ်းအစဆိုတာ ပါးစပ်ကနေလာတဲ့စကားတွေမဟုတ်ဘူး…မင်းတို့တွေလဲ ၀ိညာဥ်လက်နက်ကိုရှာဖွေလေ့လာတဲ့နေရာမှာ အချိန်ကိုမြုပ်နှံသင့်တယ်..အကယ်၍ မင်းအနေနဲ့ ညွှန်ကြားချက်လိုတယ်ဆိုရင် ငါမင်းကိုကူညီပေးလို့ရတယ် ”

ချက်ချင်းဆိုသလို သူ့ရဲ့သိုလှောင်ရေးပစ္စည်းတွေထဲကနေ လိမ္မော်သီးတွေက မြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပါပြီ။ သူက နေ့စဥ်နေ့တိုင်း ဒီအခန်းကိုသန့်ရှင်းလုပ်နေခဲ့တာပါ။ ဒါကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဒီအရာတစ်ခုလုံးကိုသူပြောင်းလဲပြစ်နိုင်ပါတယ်။

အဲ့ဒီနောက် သူ့ရဲ့သန့်ရှင်းရေးအလုပ်ကို ပြီးဆုံးသွားချိန်မှာတော့ နေရာတစ်ခုရှာပြီသွားထိုင်လိုက်ပါတော့တယ်။ ဆရာအစောပိုင်းတုန်းက မေးသွားခဲ့တဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီသူ့ဘာသာသူစဥ်းစားနေခဲ့တယ်။

ခက်ခက်ကတော့ ဒေါသထွက်နေဆဲပါ။ ဒါကြောင့် ကျွီးကျင့်ကို လက်ဟန်ခြေဟန်နဲ့ စကားပြောနေခဲ့ပါတယ်။ ကျွီးကျင့်ကတော့ ခေါင်းသာခါနေခဲ့တယ်။

” မေ့ထားလိုက်တော့ သူ့ကိုပြဿနာသွားမရှာနဲ့ သူကမိဘမဲ့တစ်ယောက်လို့ပြောတယ်မလား ”

ခက်ခက်က လျှာထုတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” နင်တစ်ယောက်ပဲ စာနာစိတ်တွေ ကရုဏာစိတ်တွေပြည့်နေတာ ငါတော့အဲ့ဒီလိုမလုပ်နိုင်ဘူး ”

” သူက နင့်ကိုပြဿနာမရှာဘူး နင်ရဲ့လည်ပင်းကိုရိုက်ရုံပဲရိုက်တာ တွေးကြည့်လိုက်စမ်းပါ ကျင်မုတစ်ယောက်ပဲ တော်တော်လေးထိခိုက်သွားတာလေ ၀မ်ရှောင်ကျဲ့တောင်မှ သူ့မျက်လုံးနဲ့စိုက်ကြည့်တာပဲ ခံလိုက်ရတယ်…ဒါ့အပြင် အဲ့လိုမျက်လုံးနဲ့စိုက်ကြည့်ခံလိုက်ရပြီ ချက်ချင်းသွေးထွက်ရင် မေ့မြောသွားတာပဲ ”

သူတို့နှစ်ယောက်က အခြေအနေပိုကောင်းလာပါပြီ။ နောက်ပြီအသိစိတ်လဲ ပြန်ကပ်လာပြီဖြစ်တာကြောင့် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုတွေကိုပြန်ပြီစဥ်းစားကြည့်နေရင်း သူ့ဘဘာသာသူဆွေးနွေးနေခဲ့ကြတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေက သူတို့ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကျန်ရစ်နေခဲ့တာပါ။

ကျွီးကျင့်က ဟို့ယွိဟောင်ကို အသံတစ်သံနဲ့ခေါ်လိုက်ပါတယ်။

” ငါနာမည်ကဟို့ယွိဟောင် ၀ှီးဆိုတဲ့အသံမဟုတ်ဘူး ”

ဟို့ယွိဟောင်က ပြန်လှည့်သွားခဲ့ပါတယ်။ ဒီနှစ်ယောက်က သူ့ကိုစိုက်ကြည့်နေမယ်ဆိုရင် သူလဲ အာရုံစိုက်လို့ရနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီနေ့တော့ ဆရာရွှမ် စာမသင်နိုင်မဲ့ပုံပေါ်နေပါတယ်။ ဒါကြောင့်သာ သူအခန်းကိုပြန်ဖို့အတွက် ပြင်ဆင်လိုက်ပါတယ်။

” ကောင်းပြီ ယွိဟောင် နင်ရဲ့သိုင်းပညာ၀ိညာဥ်ကဘာလဲ နင်အစောကနကသုံးလိုက်တဲ့ လက်သည်းတွေက ၀ိညာဥ်လက်နက်တွေလား ဒါကဘယ်လိုအဆင့်အတန်းမျိုးလဲ ကျင်မုရဲ့အဆင့်ငါး၀ိညာဥ်လက်နက်အတားအဆီးကတောင် မတားဆီးနိုင်ဘူးဆိုတာ ပုံမှန်တော့မဟုတ်ဘူးပဲ ”

” အဲ့ဒါလျှို့၀ှက်ချက်ပဲ ငါသွားတော့မယ် ”

သူပြောပြီတဲ့နောက် ထွက်သွားပါတော့တယ်။

” နင်ငါ့ကိုမဖြေပဲနဲ့သွားလို့မရဘူး ”

ခက်ခက်က သူ့ရှေ့ကိုရောက်လာခဲ့ပါတယ်။

” ဘာလဲနောက်ထပ် အခဲခံချင်လို့လား ”

ဟို့ယွိဟောင်က ဂရုမစိုက်ပဲနဲ့ ဆက်လျှောက်နေရင်းနဲ့ ပြောလာခဲ့တယ်။ ခက်ခက်လဲ သူနဲ့ထိပ်တိုက်မတွေ့၀ံ့တဲ့အတွက် ပြန်ပြီတော့ခုန်ရှောင်လိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ တံခါးကိုဖွင့်ရင်းနဲ့ ထွက်ခွာသွားခဲ့ပါပြီ။

” ငတုံး ”

” ဒီကောင်က တကယ်ကိုအကျိုးအကြောင်းမသင့်တော်တာပဲ ”

” ထားလိုက်တော့ သူက မိဘမဲ့ပဲလေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကသာ သူ့ကိုပြဿနာအရင်သွားရှာတာမဟုတ်လား ”

” ဟေး ကျွီးကျင့် နင်သူ့ဖက်ကိုလိုက်ပြီဘာလို့ပြောပေးနေတာလဲ ဒီကောင်ရဲ့အစွမ်းအစကောင်းတာနဲ့တင် သူ့ကိုသဘောကျသွားပြီလား ဒါပေမယ့် ဒီကောင်ကငါတို့နဲ့ သက်တူရွယ်တူမဟုတ်ဘူးနော် ”
ကျွီးကျင့်ကတော့ အခုလက်ရှိအချိန်မှာ တံတွေးသီးနေခဲ့ပါပြီ။

” ငါရဲ့ရည်ရွယ်ချက်ကို နင်မေ့နေပြီလား ငါကျိန်ဆိုခဲ့ဖူးတယ်လေ ဒီတိုက်ကြီးတစ်ခုလုံးရဲ့ အကောင်းဆုံးစားဖိုမှုူးကို ငါလက်ထပ်မယ်လို့ ဒါဆိုရင် ငါကောင်းကောင်းစားလို့ရပြီ ”

” နင်ရဲ့ရည်ရွယ်ချက်က တကယ်တော့ ကျင်မုကိုနှိပ့်စက်ဖို့ပဲမလား သူက ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို၀င်ဖို့ မနှစ်တုန်းက အခွင့်အရေးရခဲ့တယ်..ဒါပေမယ့် နင်အတွက်စောင့်နေခဲ့တာ ဒါ့အပြင် နေ့တိုင်းနေ့တိုင်း ဟင်းချက်တာသင်ရင်နဲ့ ကြိုးစားနေခဲ့သေးတယ်…ရိုးရိုးသားသားပြောရမယ်ဆိုရင် သူ့နင်ကိုအတော်လေးကောင်းကောင်းထားတယ်မလား ဘာဖြစ်လို့နင်ဒီလောက်တောင် ခေါင်းမာနေရတာလဲ ”

” ထားလိုက်တော့ ငါလုံခြုံမှုမရှိတဲ့ လူကိုမရှာချင်ဘူး…ဒါ့အပြင် ငါလဲချောမောတဲ့ သူတွေကိုမကြိုက်ဘူးလေ ငါကနင့်လိုမျိုး အစွဲအလမ်းကြီးတဲ့သူမျိုးလဲ မဟုတ်ဘူး…နင်လိုချင်ရင် သူကိုယူလိုက်တော့ ”

” နင်ကမှအစွဲအလမ်းကြီးနေတာ ငါနင့်ကိုအလွှတ်မပေးဘူး စောင့်ကြည့်ထားလိုက် ”

သူပြောပြီတဲ့နောက် ကျွီးကျင့်ကို ခုန်အုပ်လိုက်ပါတော့တယ်။ အခုလက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုမေ့သွားတဲ့ပုံပါပဲ။ အမျိုးသမီးတွေရဲ့နှလုံးသားက တကယ်ကိုခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေမှာအမြဲရှိနေခဲ့တယ်။

အပိုင်း ၁၅၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset