အပိုင်း ၁၅၉•၂
” နိုင်ငံခြားသားကိုမုန်းတီးအနိုင်ကျင့်ခြင်းနှင့် မြင့်မြတ်သူမျိုးဆက်များ ”
°°°
အုပ်ချုပ်သူတစ်ယောက်ရဲ့နယ်မြေဆိုတာ ဒီအစွမ်းအစရဲ့နာမည်ပါပဲ။ ကန့်သတ်မဲ့သော့်လော့အကြီးအကဲမုတီထွင်းခဲ့တဲ့နည်းလမ်းပါ။ ဒါ့အပြင် ခန္ဓာကိုယ်တိုက်ခိုက်မှုနဲ့ စိတ်၀ိညာဥ်တိုက်ခိုက်မှုကို ပေါင်းစည်းနိုင်တဲ့ကြောက်စရာအစွမ်းအစလဲရှိပါသေးတယ်။ လက်ရှိအချိန်မှာ ဒီစွမ်းရည်ကိုအမွေဆက်ခံရရှိထားတဲ့တစ်ဦးတည်သောသူကတော့ ဟို့ယွိဟောင်ပါပဲ။
ဒါက၀ိညာဥ်စွမ်းရည်တစ်ခုမဟုတ်ပဲ ဘယ်၀ိညာဥ်စွမ်းရည်နဲ့မဆိုအသုံးပြုလို့ရနိုင်တဲ့ အသိပညာတစ်ခုလိုပြောရမှာပါ။ ဒါက စိတ်၀ိညာဥ်စွမ်းအားနဲ့ ပေါင်းစည်းပြီတော့သာ ခန္ဓာကိုယ်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့အဓိကအခြေခံက ခန္ဓာကိုယ်တိုက်ခိုက်မှုမှာရှိနေဆဲပါပဲ။ ဟို့ယွိဟောင် ဘာကြောင့်စိတ်၀ိညာဥ်စွမ်းအားကို ဘယ်ခန္ဓာကိုယ်တိုက်ခိုက်မှုထဲမှာမဆို အသုံးပြုပြီးတိုက်ခိုက်နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေတွေအားလုံးကိုတော့ ပြောင်းပြန်လှန်းမပြစ်နိုင်ခဲ့ပါဘူး။အနည်းဆုံးတော့လဲ ဒီတိိုက်ခိုက်မှုကို ဖန်တီးခဲ့တဲ့သူက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်မနေခဲ့လို့ပါ။
အကြီးအကဲမုက ဟို့ယွိဟောင်ကို အပိုင်ပေးခဲ့ပါတယ်။ အကယ်၍ ဒီဖြစ်စဥ်ကိုဘယ်လိုပြောင်းပြန်လှန်ရမလဲဆိုတာ နားလည်နိုင်ပြီဆိုရင် သူအနေနဲ့ ဘ၀မှာအောင်မြင်နိုင်ပြီပါပဲ။
ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ ဟို့ယွိဟောင်အနေနဲ့ ခက်ခဲစေဆဲမှာပဲ ဒါပေမယ့် သူဘ၀မှာသင်ယူဖို့အတွက် အရာတွေကများလွန်ပါသေးတယ်။ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က အခုမှစပြီအသီးအပွင့်ရရှိတာဖြစ်သလို သူလျှောက်လမ်းရမဲ့ခရီးစဥ်ကလဲ အရမ်းကိုရှည်လျားပါတယ်။
ရွှမ်ကျင့်၀မ်ကတော့ ကျွီးကျင့်ရဲ့အရှေ့မှာ ထိတ်လန့်တကြားနဲ့ရှိနေခဲ့တယ်။ အခုလက်ရှိအချိန်မှာ ကျွီးကျင့်က သရဲတစ်ကောင်လိုဖြူဖျော့နေပါတယ်။ သူလဲ အကယ်၍ အချက်ပြအသံတွေသာမမြည်ခဲ့ဘူးဆိုရင် နောက်ဆယ့်ငါးမိနစ်လောက်မှသာ စမ်းသပ်ခန်းကိုရောက်မှာပါ။ သူ့မှာဒီတံခါးတွေကို ထိန်ချုပ်နိုင်တဲ့ ခလုတ်ရှိပါတယ်။ ဒါကြောင့် သူ့အခန်းမှာဖြစ်လာတဲ့ အရာတွေကို နားလည်ပြီးပြီချင်ပဲ ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်လာပြီ မြန်နိုင်သလောက်မြန်အောင်ရောက်လာခဲ့တာပါ။
သတိလစ်နေကြတဲ့ တပည့်သားသုံးယောက်ကိုကြည့်ရင်း ရွှမ်ကျင့်၀မ်က လုံး၀ကို ထိတ်လန့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို ပထမဆုံးတွေ့တဲ့နေ့မှာထဲက ပြောခဲ့ဖူးတယ်။ သင့်တော်တဲ့အကွာအဝေးတစ်ခုမှာဆိုရင် ဟို့ယွိဟောင်က သူ့ကိုအလဲထိုးနိုင်တယ်ဆိုပြီတော့ပါ သူကအဲ့ဒီကိစ္စကိုသိပ်ပြီ အာရုံမစိုက်ခဲ့ပေမဲ့ အဲ့ဒီအချိန်မှာတော့ အရှေ့မှာရှိနေတဲ့မြင်ကွင်းကြောင့် တကယ်ကိုတုန်လှုပ်နေခဲ့ပါပြီ။
ဒီကျောင်းသားတွေက ခြောက်တန်းကိုရောက်ကထဲက သူ့လက်အောက်မှာသင်ကြားနေတဲ့ ကျောင်းသားလေးယောက်ပါ။ ဒါကြောင့် ဒီကျောင်းသားတွေရဲ့အစွမ်းအစကို သူကောင်းကောင်းသိပါတယ်။ အားလုံးက၀ိညာဥ်ဘုရင်တွေနဲ့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးပါပဲ။ ဒါ့အပြင် သူတို့ရဲ့သက်တူရွယ်တွေထဲမှာ အတော်တကာအတော်ဆုံးလို့ ပြောရမှာပါ။
ဒါပေမယ့် ၀ိညာဥ်စက်ကွင်းလေးကွင်းတောင်မရှိသေးတဲ့ ဟို့ယွိဟောင်က သူတို့ထဲက သုံးယောက်ကိုတကယ်ပဲ မေ့လဲသွားတဲ့အထိ ရိုက်နိုင်ခဲ့ပါတယ်။ အကယ်၍ သူသာတစ်စက္ကန့်လောက်သာ နောက်ကျသွားမယ်ဆိုရင် ကျွီးကျင့်လဲ သတိလစ်နေလောက်ပါပြီ။
” ဒီကလေးက အဲ့လောက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် ကြောက်စရာကောင်းလိုက်တာ အရမ်းကိုကြောက်စရာကောင်းလောက်အောင်အင်အားကြီးတာပဲ တကယ်အံ့ဩစရာမရှိတော့ဘူး ”
ပထမဆုံးနေ့ ဟို့ယွိဟောင်ကို တွေ့ဆုံပြီချိန်ကထဲကစလို့ ရွှမ်ကျင့်၀မ်လဲ ဟို့ယွိဟောင်အကြောင်း မှတ်တမ်းတွေကိုချက်ချင်းသွားပြီကြည့်ခဲ့ပါတယ်။ အထူးသဖြင့် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ အတွေ့အကြုံတွေကို သေချာကြည့်ခဲ့တာပါ။ အဲ့ဒီမှတ်တမ်းတွေထဲမှာ အဓိကတိုက်ပွဲတစ်လျှောက် ဟို့ယွိဟောင်ရဲ့လှုပ်ရှားမှုတွေအားလုံးကို အသေးစိတ်မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် သူ့ကို နဂါးနတ်ဘုရားသော့်လော့မုအန်ကိုယ်တိုင် မကွယ်လွန်အချိန်မှာ သင်ကြားပေးခဲ့တယ်လို့ အကြီးကြီးရေးထားခဲ့တယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့လက်ရှိလူငယ်မျိုးဆက်သစ်တွေထဲမှာ သူကလုံး၀ကို ထိပ်သီးပါပဲ။ နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာလဲ သေချာပေါက် ပါ၀င်ယှဥ်ပြိုင်မဲ့သူဖြစ်ပါလိမ့်မယ်။
ဒါတွေအားလုံးကို ဖတ်ပြီပေမဲ့ သူလဲအများကြီးမတွေးမိခဲ့ပါဘူး။ ဟို့ယွိဟောင်က အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တယ်လို့ သိထားခဲ့ပေမဲ့ မှတ်တမ်းထဲမှာဆိုရင် သူကအဲ့ဒီပြိုင်ပွဲမှာ၀ိညာဥ်စွမ်းအားအဆင့်နှစ်ဆယ်ကျော်ကျော်လေးသာရှိသေးတာပါ။ ၀ိညာဥ်စက်ကွင်းကလဲ နှစ်ကွင်းသာရှိပါသေးတယ်။
သူ့၀ိညာဥ်စက်ကွင်းတွေရဲ့ စစ်မှန်တဲ့သက်တမ်းကိုဘယ်သူမှမသိကြပေမဲ့ အစွမ်းအစတွေကိုတော့ ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားပါတယ်။
ဒါ့အပြင် အထူးခြားဆုံးကတော့ ၀မ်သုန့်နဲ့ပေါင်းစည်းတဲ့၀ိညာဥ်စွမ်းရည်တွေပါပဲ။ ရွှမ်ကျင့်၀မ်အနေနဲ့ ဒီနှစ်ယောက်ရဲ့ပေါင်းစည်းစွမ်းရည်ကြောင့်သာ ဟို့ယွိဟောင်ပိုပြီးထူးခြားနေသလားဆိုတာကို တွေးမိခဲ့တဲ့အတွက် သိပ်ပြီအာရုံမစိုက်ပဲ ရှိခဲ့ပါတယ်။
ဒါပေမယ့် သူ့မှားသွားတာကို ရွှမ်ကျင့်၀မ် နားလည်သွားခဲ့ရပါပြီ။ ဟို့ယွိဟောင်ရဲ့ တစ်ယောက်ချင်းတိုက်ခိုက်နိုင်စွမ်းက အားနည်းတယ်တဲ့လား ဒါဆိုရင် အခုလက်ရှိသူနဲ့တိုက်ခိုက်ပြီ သတိလစ်နေကြတဲ့သုံးယောက်ကိုဘယ်လိုပြောရမှာလဲ။
ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းလေးကွင်းမြောက်ကိုတောင်မရသေးပဲနဲ့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်သုံးယောက်ကို အလဲထိုးနိုင်လိုက်တာပါ။ ဒါ့အပြင် နောက်ဆုံးတစ်ယောက်ကလဲ ဆက်ပြီတိုက်ခိုက်ဖို့အခြေအနေမရှိတော့ပါဘူး။ ရွှမ်ကျင့်၀မ်အနေနဲ့ အစောပိုင်းအတွေ့အကြုံတွေ ယုံကြည်ချက်တွေအားလုံး က ပျောက်ဆုံးလို့သွားရပါတော့တယ်။
” ဆရာရွှမ် ဒီကောင်တွေက ထိန်းချုပ်ရေးစနစ်ကို ဖောက်ထွင်းပြီစမ်းသပ်ခန်းထဲကိုအတင်း၀င်လာခဲ့တယ်…ဒါကြောင့် သူတို့တွေက ကျူးကျော်သူတွေလို့ သံသယရှိပါတယ်…ဒါကြောင့်သာ ပထမဆုံးလှုပ်ရှားခဲ့တာပါ သူတို့ကိုအလဲထိုးပြီတာနဲ့ ဆရာလက်ကိုအပ်ပါ့မယ်…ကျွီးကျင့်က သူတို့ကိုခေါ်လာခဲ့တာကြောင့် ကြံရာပါအပေါင်းအဖော်လို့ ထင်ပါတယ်…ကျေးဇူးပြုပြီးဒီကိစ္စကိုအရေးယူပေးပါ ”
ဟို့ယွိဟောင်ကတော့ အမှန်တရားကိုပြောနေတဲ့အတိုင်းသာ အေးအေးဆေးဆေးရှိနေခဲ့တယ်။ သူကလုံး၀ကို မျက်တောင်မခတ်ပဲနဲ့ မကျေမနပ်ဖြစ်နေပုံလဲမရသလို စိတ်ရင်းမှန်ကန်မှုနဲ့သာ အမှန်တရားဘက်တော်သားကြီးတစ်ယောက်လိုမျိုးပြောနေခဲ့တာပါ။
အခုအချိန်မှသာ သတိ၀င်လာတဲ့ကျွီးကျင့်က ၀င်ပြောပါတော့တယ်။
” မဟုတ်တရမ်းတာတွေ နင်ငါ့တို့ကိုတမင်တကာတိုက်ခိုက်တာပဲ ”
” အကယ်၍ မင်းတို့တွေသာ အထဲကိုဖောက်ထွင်း၀င်မလာခဲ့ဘူးဆိုရင် ဘာကြောင့်များ ဒီထဲ၀င်လာနိုင်ရတာလဲ ဒါ့အပြင် ငါကိုသာဒီလိုမျိုးသာအပြစ်ပြုတဲ့စကားတွေသာမပြောခဲ့ဘူးဆိုရင် ငါကဘာကြောင့်များမင်းတို့ကို ကျူးကျော်လာသူတွေလို့ သတ်မှတ်မှာလဲ ငါပြောတာမှားသွားသလားဆရာရွှမ် ဆရာရွှမ်ထိန်းချုပ်ရေး၀ိညာဥ်လက်နက်ကို စစ်ဆေးကြည့်လို့ရပါတယ်…သူတို့က ကျွန်တော်ကို စမ်းသပ်ခန်းအပြင်ထွက်သွားစေဖို့ လှည့်စားခဲ့တယ်…အဲ့ဒီနောက် သူတို့တွေအထဲကို ဖောက်ထွင်း၀င်ရောက်ခဲ့ပါတယ်….ဒါ့အပြင် ကျွန်တော်တို့ရဲ့စမ်းသပ်ခန်းလုံခြုံမှုအတွက် သူတို့ကိုသေချာပေါက်အလဲထိုးမှရနိုင်မဲ့အခြေအနေကို ရောက်ခဲ့ရတယ်..သူတို့အားလုံး မလှုပ်ရှားနိုင်လောက်အောင်တဲ့ အခြေအနေကို ရောက်သွားပေမဲ့ဘာဒဏ်ရာမှပြင်းပြင်းထန်ထန်မရပါဘူး…အဲ့တော့ကိစ္စကြီးမဟုတ်ဘူးလား ”
ရွှမ်ကျင့်၀မ်က ၀ိညာဥ်လက်နက်တွေအပေါ်မှာ လုံး၀နစ်မြုပ်ထားတဲ့သူပါ။ ဒါပေမယ့် သူက အရူးမဟုတ်ပါဘူး။ ဟို့ယွိဟောင်ပြောပြသလောက်အရဆိုရင် ကျွီးကျင့်နဲ့တခြားသူတွေက ဟို့ယွိဟောင်ကိုစကားနဲ့အနိုင်ကျင့်ခဲ့ပါတယ်။ ဟို့ယွိဟောင်က ဒေါသထွက်ပြီ ပြန်တိုက်ခိုက်ဖို့အတွက် တမင်တကာ အကြောင်းပြချက်တွေရှာနေတာပါ။
အဓိကဖြစ်စဥ်က အရေးမကြီးပါဘူး။ ပိုပြီးအရေးကြီးတာကတော့ ဒီလေးယောက်က ဟို့ယွိဟောင်လက်ထဲမှာ တစ်ယောက်ပြီတစ်ယောက်ရိုက်ထုတ်ခံနေရပါပြီ။ ဟို့ယွိဟောင်ကတော့ ခန္ဓာကိုယ်ပေါ်မှာ ဖုန်တစ်စက်မှတောင် ကပ်မနေပဲ အေးအေးဆေးဆေးရပ်နေဆဲပါပဲ။
သူ့မှာထူးခြားတဲ့၀ိညာဥ်လက်နက်တစ်ခုခုများရှိနေတာလား။ ရွှမ်ကျင့်၀မ် သံသယ၀င်လာခဲ့မိပါတယ်။ ဒီအချိန်မှာပဲ ကျောင်းတော်ရဲ့အစောင့်တွေအများကြီးက ရောက်ရှိလာခဲ့ပါပြီ။ ရွှမ်ကျင့်၀မ်ကတော့ ဟို့ယွိဟောင်ကို တစ်ချက်မျက်စောင်းထိုးရင်းနဲ့ အပြင်ဘက်ဆီကိုလျှောက်သွားပါတော့တယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကို ရှင်းပြပြီး သူ့ကျောင်းသားတွေစမ်းသပ်ချက်မှားယွင်းသွားတဲ့အတွက် စမ်းသပ်ခန်းပြဿနာတက်သွားတယ်လို့သာ ပြောလိုက်တယ်။
၀ိညာဥ်လက်နက်တွေကို စမ်းသပ်တဲ့ကိစ္စက ပြဿနာအများကြီးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရွှမ်ကျင့်၀မ်လိုမျိုး နာမည်ကျော်ကြားတဲ့သုတေသနပညာရှင်တစ်ယောက်က ဒီလိုပြဿနာဖြစ်စေတာကြောင့် သံသယမ၀င်ပဲနဲ့စကားကိုယုံကြည်ကာ ထွက်ခွာသွားပါတော့တယ်။ ရွှမ်ကျင့်၀မ်ကလဲ သူ့ရဲ့ထိန်းချုပ်ရေးလက်နက်ကိုအသုံးပြုကာအားလုံးကိုပြန်ပြီ ထိန်းညှိနေတော့တယ်။
ကျွီးကျင့်ကတော့ ဟို့ယွိဟောင်ကိုကြည့်ပြီ တစ်ခုခုခြိမ်းခြောက်ချင်ပေမဲ့ ဘာမှပါးစပ်ကနေ ထွက်မလာနိုင်ပါဘူး။ ဒီကလေးက သူ့ထက်တကယ်ငယ်ပေမဲ့ သူ့ကိုလန့်အောင်ခြောက်နိုင်ခဲ့တာတော့ အမှန်ပါ။
ဒီနေ့သူ့ရဲ့အတန်းဖော်တွေကိုခေါ်လာပြီ အရင်နေ့ကဖြစ်ခဲ့တဲ့ကိစ္စအတွက် လက်စားချေချင်နေခဲ့တာပါ။ သူမရေခဲရုပ်ထုနယ်မြေကြောင့် အခဲခံလိုက်ရတဲ့ကိစ္စကို အခုထိမကျေနပ်သေးပါဘူး။
သူမအဲ့ဒီနေ့မှာ ရေခဲကနေလွတ်လာခဲ့ပေမဲ့ နောက်ထပ်တစ်ရက်လုံးလုံး ဖျားနေခဲ့ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံးတုန်နေတာကလဲ မရပ်ခဲ့ပါဘူး။ ပြန်လည်ကုသကောင်းမွန်ဖို့အတွက်ဆိုတာ အတော်လေးမလွယ်ကူပဲရှိခဲ့ပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်ကို သူမလျှို့၀ှက်စောင့်ကြည့်နေခဲ့တာနဲ့ တိုက်ခိုက်ခဲ့တဲ့ပုံစံတွေကို တွေးတွေးပြီဒေါသထွက်လာခဲ့ပါတယ်။ အတန်းဖော်တွေပြန်ရောက်လာတာနဲ့ ကိစ္စတွေအားလုံးကိုပြောပြပြီး အားလုံးကိုခေါ်ရင်း လာပြဿနာရှာတာပါ။ သူတို့အားလုံးက ဟို့ယွိဟောင်ကို ကျောင်းသားအသစ်က ဒီလိုလာပြီ ပြဿနာရှာလို့မရနေမှန်း သိအောင်ပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ကျွီးကျင့်ရဲ့အိပ်မက်ထဲမှာ မတွေးမိတာက ဟို့ယွိဟောင်က ဒီလေးယောက်စလုံးကို ဆုံးမအောင်လုပ်လိုက်တာပါပဲ။ သူတို့လေးယောက်ပေါင်းတာတောင် ဒီတစ်ယောက်ကိုမနိုင်ပါဘူး။ ဒီစမ်းသပ်ခန်းက သိပ်မကြီးပေမဲ့ ဘယ်သူမှအစွမ်းကုန်မတိုက်ခိုက်ခဲ့တာအမှန်ပါ။ ဟို့ယွိဟောင်ရဲ့လှုပ်ရှားမှုတွေက မြန်တာထက်တောင်ပိုပါသေးတယ်။ သူတို့အနေနဲ့ တိုက်ခိုက်ဖို့တောင် အချိန်ကောင်းကောင်းမရလိုက်သလို အကောင်းဆုံးလုပ်ဆောင်ဖို့လဲ အစွမ်းပြချိန်မရလိုက်ပါဘူး။ အကယ်၍ ဆရာရွှမ်သာ အချိန်မီရောက်မလာခဲ့ဘူးဆိုရင် သူမလဲ သတိလစ်နေလောက်ပါပြီ။
” ဒီကောင်ဘယ်လိုများ လုပ်လိုက်တာလဲ ၀ိညာဥ်လက်နက်တစ်ခုခုကိုလဲ သုံးသွားတာမတွေ့ရပါဘူး။ တစ်ခုမှကိုလဲ သုံးတာမတွေ့ရပါဘူး။ ဒါက ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့စွမ်းအားကိုပဲ အဓိကထားထားတာလား။
ကျွီးကျင့်က သူတို့ကျောင်းတော်ရဲ့ထိပ်သီးတွေထဲကတစ်ယောက်ပါ။ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိပါတယ်။ သူမရဲ့၀ိညာဥ်လက်နက်တွေအပေါ် သုတေသနက ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစကို သံသယ၀င်နိုင်တာထက်ကို ကျော်လွန်နက်ရှိုင်းလို့နေခဲ့ပါပြီ။ သူမရဲ့အမြင်အရ အဆင့်အတန်းတူ၀ိညာဥ်ပညာရှင်တွေတောင် နေလနိုင်ငံတော်ရဲ့ ထိပ်သီး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တဲ့သူမကို ဘယ်လိုမှယှဥ်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် ဒီနေ့မှာတော့ ဟို့ယွိဟောင်က သူမရဲ့အမြင်ကို ပြောင်းပြန်လှန်းပြစ်လိုက်ပါပြီ။ သူအခုထိမကျေနပ်သေးပေမဲ့ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းကို ပြန်တွေးမိလိုက်ချိန်တိုင်းမှာ ဒီလိုအနိုင်ယူခံလိုက်ရတာကို ဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်ကတော့ ဘာမှမဖြစ်တဲ့အတိုင်းသာအေးအေးဆေးဆေးသာဆက်ပြီ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နေရာကိုသန့်ရှင်းရေးလုပ်နေခဲ့သလို အောက်ဖက်မှာရှိနေတဲ့လိမ္မော်သီးအညစ်အကြေးတွေကို အထူးသဖြင့်လှဲထုတ်နေခဲ့ရတာပါ။
ရွှမ်ကျင့်၀မ်ကတော့ ထူးဆန်းတဲ့အမူအရာနဲ့ တံခါးကိုပြန်ပိတ်လိုက်ပြီ အားလုံးဆီကို ပြန်လျှောက်လာခဲ့ပါတယ်။ သတိလစ်နေတဲ့ သူ့ကျောင်းသားတွေအဆင်ပြေမပြေ စစ်ဆေးပြီတဲ့နောက် ရုတ်တရက်ဆိုသလို သူ့ရဲ့လက်ထဲပြဿနာထုပ်ကြီးရောက်လာပြီဆိုတာကို နားလည်သွားခဲ့တယ်။
ဟို့ယွိဟောင်က ဒါကိုပြဿနာကြီးမဟုတ်ဘူးလို့ လုပ်လိုက်ပေမဲ့ ဒီကလေးတွေရဲ့အသက်က အန္တရာယ်မရှိရင်တောင် သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားတာလောက်တော့ မရိုးရှင်းနိုင်တာအမှန်ပါ။
အခုလက်ရှိအချိန်မှာ အခြေအနေကောင်းကောင်းနဲ့ရှိနေတဲ့သူကတော့ ကောင်မလေးသေးသေးလေးပါပဲ။ သူမရဲ့ အဓိကမူလအာရုံကြောစနစ်ကို ဟို့ယွိဟောင်က အဆုံးစွန်းရေခဲနဲ့ အေးခဲလိုက်ပါပြီ။ ဒါကြောင့် ပထမဆုံးနေ့မှာ ကျွီးကျင့်လိုပဲ တစ်ခိုက်ခိုက်တုန်ပြီ ဖျားနေခဲ့ပါတယ်။ တစ်ရက်လုံးလုံးကို ကျော်ဖြတ်ပြီမှသာ သူလဲဒီလိုချမ်းစိမ့်ပြီဖျားနေတာကနေ ပြန်ကောင်းလာတော့တယ်။ တခြားကောင်လေးနှစ်ယောက်ရဲ့အခြေအနေကတော့ သိပ်ပြီမကောင်းလှပါဘူး။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုခံလိုက်ရတဲ့ အရပ်ရှည်ရှည်လူငယ်လေးကတော့ သူဘယ်လောက်ပဲ အင်အားကိုကန့်သတ်ပြီသုံးထားပါစေ ပြိုင်ဘက်ကိုလုံး၀အထိနာသွားစေခဲ့ပါတယ်။ အထူးသဖြင့် အဲ့ဒီလူငယ်ရဲ့ စိတ်၀ိညာဥ်ပင်လယ်က အတော်ကို ပရမ်းပတာဖြစ်နေခဲ့ပါပြီ။ အခုလက်ရှိအချိန်မှာ သူက ဦးနှောက်သေနေတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ အချိန်အနည်းငယ်အထိ ပြန်နိုးလာနိုင်မှာမဟုတ်ပါဘူး။ နိုးလာပြီချိန်မှာ နောက်ထပ် ဘာပြဿနာတွေထပ်ဖြစ်လာဦးမှာလဲဆိုတာကလဲ ပြောဖို့ခက်ပါဦးမယ်။
ချောမောခန့်ညားတဲ့လူငယ်ကတော့ အနည်းငယ်အခြေအနေပိုကောင်းပါတယ်။ သူက လက်ရှိအချိန်မှာ ရွှမ်ကျင့်၀မ်ကိုယ်တိုင်တောင် အတည်ပြုလို့မရနိုင်တဲ့ စိတ်ဒဏ်ရာကိုသာ ခံစားနေခဲ့ရပါပြီ။ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်တဲ့စွမ်းအားတချို့က အခုအချိန်ထိ ပဋိပက္ခဖြစ်နေတုန်းပါပဲ။ ရွှမ်ကျင့်၀မ်က အဆင့်ရှစ်၀ိညာဥ်သော့်လော့တစ်ယောက်ဖြစ်နေခဲ့ပေမဲ့ သူကိုယ်တိုင်တောင်ဒါကိုအင်အားအပြည့်သုံးပြီ ဖြေရှင်းလို့မရနိုင်ပဲဖြစ်နေခဲ့ပါတယ်။
” ဒီလိုလာခဲ့ ယွိဟောင် ”
ရွှမ်ကျင့်၀မ်က လက်ဝှေ့ရမ်ရင်းနဲ့ ခေါ်လိုက်ပါတယ်။ ဟို့ယွိဟောင်လဲ ချက်ချင်းသွားပြီ ရိုးရိုးကျိုးကျိုးလေး ရပ်နေခဲ့တယ်။
” ဒီကလေးသုံးယောက်က ငါရဲ့ကျောင်းသားတွေ သူတို့တွေမင်းကိုပြဿနာရှာခဲ့ပေမဲ့ မင်းလဲသူတို့ကိုထိခိုက်အောင်လုပ်ခဲ့ပြီးပြီလေ ဒီတော့ညီတူညီမျှဖြစ်သွားပြီးလို့ပြောလို့ရတာပေါ့ မင်းဘယ်လိုထင်လဲ ”
ဟို့ယွိဟောင်က အခုလက်ရှိအချိန်မှာ လန့်သွားခဲ့ရပါတယ်။ သူ့အနေနဲ့ ရွှမ်ကျင့်၀မ်က ဆူပူပြီအပြစ်ပေးမယ်လို့ ထင်ထားခဲ့တာပါ။ ဒါကိုလဲ သူ့ဘာသာသူစိတ်ပိုင်ဆိုင်ရာအရပြင်ဆင်ထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဆရာရွှမ်က ဒီကိစ္စကိုပုံမှန်အတိုင်းသာ ဖြေရှင်းလိုက်ပါတယ်။
” ဆရာပြောတာကို နားထောင်ပါ့မယ် ”
ဟို့ယွိဟောင်ကတော့ လိမ်မာတဲ့ကလေးတစ်ယောက်လိုမျိုး ပြန်ဖြေလိုက်တယ်။
ကျွီးကျင့်ကတော့ ဘေးမှာကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ သူလဲ သူ့ဘာသာသူတွေးနေခဲ့ပါတယ်။
” ဒီခွေးမသားကတော့လေ ဆရာရွှမ်ရဲ့ရှေ့မှာဆိုရင် လိမ်မာပြီနူးညံ့နေတဲ့ကလေးပုံစံဟန်ဆောင်နေတယ် ခုနတုန်းကပဲ ကျားတစ်ကောင်လိုငါတို့ကို ခုန်အုပ်ပြီတိုက်ခိုက်နေတာမဟုတ်ဘူးလား။
” မင်းက ကျောင်းပြောင်းကျောင်းသား ဒါကြောင့် ဒီနေရာမှာနှစ်နှစ်ဆက်တိုက်သင်ကြားရဦးမယ်…ဘယ်လိုပဲဖြစ်ပါစေ သူက မင်းရဲ့အစ်ကိုကြီး အစ်မကြီးတွေပဲ ဒါကြောင့် ဒီအခန်းထဲမှာနောက်ထပ် တိုက်ခိုက်တော့ဘူး..ငါတို့ကိစ္စကို ထားလိုက်တော့မယ်…နောက်တစ်ကြိမ်တော့ မဖြစ်စေနဲ့ ”
” ငါသူတို့ကိုလဲ ထိန်းထားပါ့မယ်…အကယ်၍ သူတို့မင်းကိုနောက်တစ်ကြိမ် ပြဿနာရှာ၀ံ့တယ်ဆိုရင် ကျောင်းတော်ရဲ့စည်းမျဥ်းတွေအတိုင်းသူတို့ကို အပြစ်ပေးလိုက်မယ် …ဒါပေမယ့် သူတို့ကိုကုသပေးဖို့အတွက် ကူညီပေးပါဦး ငါလဲ ငါကျောင်းသားတွေကိုနောက်ထပ်ဆိုးဆိုးရွားရွားဘာမှမဖြစ်စေချင်ဘူး ငါပြောချင်တာနားလည်တယ်မလား ”
” ကျွန်တော်နားလည်ပါတယ် ”
ဟို့ယွိဟောင်လဲ အရပ်ရှည်ရှည်လူငယ်ကိုလက်ညိုးထိုးရင်းပြောလာခဲ့ပါတယ်။ ဒီကောင်ရဲ့စကားတွေကို သူမကျေနပ်သေးပါဘူး။
” သူ့ကိုတော့ ကျွန်တော်မကူညီနိုင်ဘူးဆရာရွှမ် ကျွန်တော်မွေးကထဲက အမေတစ်ယောက်ပဲရှိခဲ့တာ ဒါပေမယ့် ကျွန်တော်အမေက အခုဆုံးပါးသွားခဲ့ပြီ သူက ကျွန်တော်ကိုခွေးမသားလေးလို့ခေါ်တယ်…ဒါကြောင့် သူ့ကိုဘာမှမကူညီပေးနိုင်ဘူး ”
” သူအနားယူဖို့ နေရာတစ်ခုခုရှာပြီ နောက်လ၀က်ကြာရင်း သူဘာသာသူကောင်းသွားလိမ့်မယ်…ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိတော့ စိတ်ပိုင်ဆိုင်ရာပြဿနာကို ကြုံတွေ့နေရမှာပါ ”
အပိုင်း ၁၅၉•၂ ပြီး၏။