Switch Mode

Chapter – 159.1

နိုင်ငံခြားသားတွေကို မုန်းတီးအနိုင်ကျင့်ခြင်းနှင့် မြင့်မြတ်သူမျိုးဆက်များ

အပိုင်း ၁၅၉•၁

” နိုင်ငံခြားသားတွေကို မုန်းတီးအနိုင်ကျင့်ခြင်းနှင့် မြင့်မြတ်သူမျိုးဆက်များ ”
°°°°
” ဒီခွေးမသားဘယ်ကနေရောက်လာတာလဲ မင်းကိုမင်းဘာကောင်များထင်နေလို့လဲ ငါတို့ကိုမင်းရဲ့ပုံစံနဲ့များအလဲထိုးနိုင်မယ်များ ထင်နေတာလား ငါတို့ကိုမင်းကအလဲထိုးမယ် ဟုတ်တယ်ဟုတ် ကြားတာမှန်ရဲ့လား ”

အရှေ့ဆုံးမှာရပ်နေတဲ့ လူငယ်က ထူးမခြားနားလေသံနဲ့ ပြောလာခဲ့ပါတယ်။ ကျွီးကျင့်ကလဲ မကျေနပ်ပါဘူး။ အခုလက်ရှိအချိန်မှာတော့ ချောမောတဲ့လူငယ်ကသာ ဘာမှသိပ်မပြောပဲနဲ့ရှိနေခဲ့ပါတယ်။ စမ်းသပ်ခန်းတံခါးကို၀င်လာပြီကထဲကစလို့ သူဘာလုပ်ရမလဲဆိုတာ ဟို့ယွိဟောင်ကတွေးထားပြီသားပါ။ ဒီကောင်တွေကို အင်အားကောင်းကောင်းပြချင်ပါတယ်။ ဒီကောင်တွေက သူ့ကိုအလွယ်လေးများအနိုင်ကျင့်လို့ရမယ်သူလို့ မှတ်နေတာလား။

သူ့မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းတွေက ထွက်ပေါ်လာပါတော့တယ်။ အဖြူရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်း ခရမ်းရောင်တစ်ကွင်းနဲ့ အနက်ရောင်တစ်ကွင်းတို့က သူ့ခန္ဓာကိုယ်အပြင်ဘက်မှာထွက်ပေါ်လာခဲ့ပါပြီ။ ဒါကိုမြင်ချိန်မှာတော့ သူတို့လေးယောက်စလုံးလန့်သွားပါတော့တယ်။ ၀ိညာဥ်စက်ကွင်းသုံးကွင်းက သိပ်ပြီမထူးခြားပေမဲ့ ဟို့ယွိဟောင်ရဲ့အရောင်သုံးရောင်ကတော့ ထူးခြားလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ပထမနဲ့တတိယ၀ိညာဥ်စက်ကွင်းတို့က တစ်ချိန်ထဲမှာတောက်ပလာခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ချက်ချင်းအဖြူရောင်ပြောင်းသွားပြီတဲ့နောက် အဖြူရောင်အလင်းစက်ကွင်းတွေက သူ့ခန္ဓာကိုယ်အပြင်ဘက်ဆီဆန့်ထွက်လာခဲ့ပါတယ်။ ပတ်၀န်းကျင်လေထုရဲ့ အခြေအနေက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပါပြီ။ ကျွီးကျင့်တို့သူ့ကိုကြည့်နေပေမဲ့ ရှိရှိသမျှအရာအားလုံးက ဝေ၀ါးပြီဘာမှမမြင်ရဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။

သူတို့တွေက ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ အမြဲတမ်းသင်ယူနေကြတာမဟုတ်ပေမဲ့ နေလကျောင်းတော်ရဲ့ ခြောက်တန်းမြောက်ကျောင်းသားတွေပါ။ ဒါ့အပြင် သူတို့ရဲ့အုပ်စုထဲမှာ အထူးချွန်ဆုံးသူတွေလို့ ပြောလို့ရနိိုင်ပါတယ်။ ဟို့ယွိဟောင် သူတို့ကိုတိုက်ခိုက်တာဘယ်လိုများ ထိုင်ကြည့်နေနိုင်မှာလဲ။

ကျွီးကျင့်ကတော့ တုန့်ပြန်တာပိုအမြန်ဆုံးပါပဲ။ မရေမတွက်နိုင်တဲ့ လိမ္မော်သီးတွေက ဟို့ယွိဟောင်ဆီကို ချက်ချင်းပြေး၀င်လာပါတော့တယ်။ သူ့မရဲ့ဘေးမှာရှိနေတဲ့လူငယ်လေးကတော့ လက်နှစ်ဖက်စလုံးကိုမြောက်ရင်းနဲ့ ရှစ်ထောင့်ပုံသဏ္ဍာန်ရွှေရောင်သစ်သားချောင်းလုံးကို ချက်ချင်းထုတ်လိုက်ပါပြီ။ ရွှေရောင်အလင်းတန်းတွေက သူ့တို့ပတ်လည်မှာ ရစ်ပတ်လို့သွားခဲ့ရင်း အားလုံးကိုကာကွယ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့အဖြူရောင်အလင်းတန်းတွေ သူတို့ဆီရောက်မလာနိုင်အောင် တားထားခဲ့တာပါ။

သူတို့လေးယောက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကို တစ်ချိန်ထဲမှာပဲ ထုတ်သုံးလိုက်ပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့အင်အားကို အပြည့်အ၀ဆုံးထုတ်ဖော်ပေးနိုင်တဲ့ ၀ိညာဥ်လက်နက်တွေကလဲ ထွက်ပေါ်လာခဲ့ပါပြီ။

အသေးဆုံးကောင်မလေးရဲ့ ပုခုံးပေါ်မှာသူ့ရဲ့ခန္ဓာကိုယ်နဲ့ အရွယ်အစားတူညီလို့နီးပါးရှိတဲ့ ကြီးမားတဲ့အမြောက်ကြီးက ပေါ်လာပါတော့တယ်။

ဒီအမြောက်ရဲ့ပြောင်ဆံက ဟယ့်ချိုက်ထို့ကိုင်ဖူးတဲ့လက်နက်တွေထက်တောင်ပိုပြီး ကြီးမားကျယ်ပြန့်ပါသေးတယ်။ ဘေးမှာရှိနေတဲ့ အရပ်မြင့်မြင့်လူငယ်ကတော့ ထူးဆန်းတဲ့၀ိညာဥ်အမြောက်ပြောင်းငါးဆယ်နီးပါးကို ထုတ်ယူလာခဲ့ပါပြီ။ ဒါက၀ိညာဥ်လက်နက်ခံတပ်နဲ့မတူညီပဲ အရမ်းကိုမြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်သလို သူ့လက်နက်တွေကိုလဲ ကောင်းကောင်းရွေ့လျားနိုင်နေခဲ့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေကို လျော့တွက်လိုက်မိတာကတော့ သူတို့အတွက် သနားစရာပါပဲ။ အဖြူရောင်အလင်းစက်ကွင်းက ရွှေရောင်အလွှာကိုအေးအေးဆေးဆေးဖြတ်ပြီထွက်လာခဲ့ပါတယ်။ ဒါ့အပြင် သူတို့လေးယောက်ဆီကို ဒီအတိုင်းသာရောက်ရှိလာခဲ့တယ်။

သူတို့တွေရဲ့မျက်လုံးတွေက ချက်ချင်းအဖြူရောင်ပြောင်းသွားခဲ့ပြီ တစ်ကိုယ်လုံးကလဲ အားနည်းသွားခဲ့ပါပြီ။ အဲ့ဒီနောက် ပုံမှန်ခေါင်းမူးမှုကိုခံစားလိုက်ရပြီ အရှိန်နှုန်းတွေကလဲ နှေးကွေးသွားကာ ခြေထောက်တွေကလဲ ပျော့ခွေလာကြသလို မောပန်းမှုက သူ့တို့ကိုစတင်တိုက်ခိုက်တော့တယ်။ အထူးသဖြင့် ကြီးမားတဲ့ အမြောက်ကြီးကိုကိုင်ထားတဲ့ မိန်းမငယ်လေးအတွက် ဟန်ချက်တောင်ပျက်သွားလုနီးပါးဖြစ်သွားခဲ့ရတယ်။

ဒီအချိန်မှာပဲ သူတို့အရှေ့မှာရှိနေတဲ့ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပြီ လိမ္မော်သီးတွေနဲ့အတူ လေထဲမှာလုံး၀အစအနရှာမရအောင် ပျောက်သွားပါတော့တယ်။

ဟို့ယွိဟောင်က ပထမတစ်ကြိမ် လှည့်စားခံရဘူးပါပြီ။ ဒါကြောင့် တူညီတဲ့လှည့်ကွက်ထဲမှာ နောက်တစ်ကြိမ် ကျရောက်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ သူကလေထဲကိုတစ်ပတ်ပြီတစ်ပတ်လှည့်နေရင်းနဲ့ ရှောင်ရှားလို့နေခဲ့ပါတယ်။ ဒါ့အပြင် မျက်တောင်တစ်ခတ်အတွင်းမှာပဲ စစ်မှန်ပြီလက်နက်မပါတဲ့ လိမ္မော်သီးခြောက်လုံးတိတိကိုဖမ်းကာ ရွှေရောင်အလင်းတန်းတွေဆီကို ပြစ်လွှတ်လိုက်တော့တယ်။

အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေရဲ့ ပြောင်းလဲနိုင်စွမ်းအရာကတော့ ၀ိညာဥ်စွမ်းအားကို ပုံသဏ္ဍာန်အသွင်ပြောင်းတာပါပဲ။ ဒါ့အပြင် သူတို့ထုတ်လုပ်လိုက်တဲ့အစာတွေအားလုံးက တကယ်စားလို့ရတဲ့အစာတွေဖြစ်သလို ထူးခြားတဲ့အစွမ်းသတ္တိတွေလဲ ပါ၀င်နေခဲ့တယ်။

လိမ္မော်သီးတွေက ရေဓာတ်ပါ၀င်တဲ့အရာတွေပါ။ အခုလက်ရှိအချိန်မှာသူကအဲ့ဒီလိမ္မော်သီးတွေကို ရေခဲတုံးတွေအဖြစ်ပြောင်းလဲလိုက်ပါပြီ။ လိမ္မော်သီးခြောက်လုံးက အဆင့်ငါး၀ိညာဥ်အတားအဆီးကို ဘာများလုပ်နိုင်မယ်လို့ထင်လဲ။ ဟို့ယွိဟောင်ကတော့ သူတို့ကိုအဖြေပေးလိုက်ပါပြီ။

နေလနိုင်ငံရဲ့ ကျောင်းသားလေးယောက်က ထူးချွန်ကြပေမဲ့ အားလုံးကဟို့ယွိဟောင်ရဲ့ အစုလိုက်အပြုံလိုက်စိတ်ပိုင်ဆိုင်ရာတိုက်ခိုက်မှုကို ခံစားလိုက်ရတာပါ။ ဒါ့အပြင် စိတ်၀ိညာဥ်နှောင့်ယှက်မှုရဲ့ လွှမ်းမိုးမှုအောက်မှာလဲ ကျရောက်နေသေးတဲ့အတွက် သူတို့ကိုအချိန်မီမတိုက်ခိုက်နိုင်ကြပါဘူး။ ကျွီးကျင့်ရဲ့အရှေ့မှာရပ်နေတဲ့ လူငယ်လေးကတော့ တစ်ကိုယ်လုံးအဖြူရောင်အလင်းတန်းအလွှာတွေနဲ့ သူ့ကိုယ်သူဖုံးလွှမ်းထားလိုက်ရင်း ညာဘက်လက်ကို မြောက်လိုက်ပါတယ်။ သူ့ရဲ့လက်ထဲမှာမီးလျှံလိုတောက်ပနေတဲ့ဓားရှည်ကြီးက ပေါ်လာခဲ့ပါပြီ။

အင်အားနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုတာက အဝေးပြစ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေရဲ့ ပုံမှန်ရှိနေကြ၀ိသေသနလက္ခဏာမဟုတ်ပါဘူး။ သူက ပိန်ပါးပြီပေါ့ပါးနေပေမဲ့ အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပါတယ်။ သူ့လက်ထဲမှာရှိနေခဲ့တဲ့ အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်က သေချာပေါက် သူ့အထူးပြုလုပ်ထားတဲ့ပစ္စည်းဖြစ်ပါလိမ့်မယ်။

ဒီပိန်ပိန်ပါးပါးအရပ်ရှည်ရှည်လူငယ်က ၀ိညာဥ်အလင်းနဲ့ ၀ိညာဥ်လက်နက်တွေအားလုံးကို ကျော်ဖြတ်လာနိုင်ပါတယ်။ သူ့ရဲ့အကဲဖြတ်မှုကလဲ ဘယ်လိုပဲမူးဝေနေပါစေ လုံး၀ကိုတိကျနေခဲ့တယ်။ ဟို့ယွိဟောင်လှုပ်ရှားနေတဲ့ သူ့ဆီကို သူကမီးလျှံအသွင်နဲ့ ပြေး၀င်လာခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအချိန် သူ့ရဲ့စိတ်က နှောင့်ယှက်ခံနေရတဲ့အတွက် ကံဆိုးတာပါပဲ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့တိကျတဲ့အကဲဖြတ်မှုနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ထည့်သုံးလိုက်ချိန်မှာတော့ သူက အေးအေးဆေးဆေးတိုက်ခိုက်မှုတွေအားလုံးကို ရှောင်ရှားနိုင်ပါတော့တယ်။

အခုအချိန်မှသာ ကောင်မလေးအငယ်လေးက သူကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အမြောက်ကိုပြစ်ဖို့အတွက် သူမတွေဝေနေခဲ့တယ်။ အကယ်၍ ဒီအမြောက်ကိုအထဲမှာပြစ်လိုက်မယ်ဆိုရင် ကုန်ကျစရိတ်ကတော်တော်များများမှာပါ။ သူတွေဝေနေချိန်မှာပဲ ဟို့ယွိဟောင်က အလင်းတန်းအတားအဆီးရှေ့ကိုရောက်လာပါတော့တယ်။ ဒါကနောက်ဆုံးတော့လဲ စမ်းသပ်ခန်းတစ်ခုပါ။ ပြိုင်ပွဲနယ်မြေမဟုတ်ပါဘူး။ နှစ်ဖက်မှာရှိတဲ့ အကွာအဝေးက ဆယ်မီတာတောင်မရှိပဲဖြစ်နေခဲ့တယ်။

အလင်းတန်းထဲမှာ ပေါက်ကွဲမှုခြောက်ခုတိတိကဖြစ်လာခဲ့ပါပြီ။ ဖျက်ဆီးခံလိုက်ရတဲ့အရာတွေကတော့ ဟို့ယွိဟောင်ရဲ့လိမ္မော်သီးခြောက်လုံးပါပဲ။ သူက ရေခဲပေါက်ကွဲမှုကိုအသုံးပြုလိုက်တာပါ။

ဒါပေမယ့် သူတို့ရဲ့အမြင်အရဆိုရင် ဟို့ယွိဟောင်က ဒီပေါက်ကွဲမှုကိုလုံး၀လုပ်နေတာနဲ့ မတူညီပါဘူး။ မိန်းမငယ်လေးကတော့ ဒေါသတကြီးနဲ့ထအော်ပါတော့တယ်။

” ကျွီးကျင့် နင်ဘာတွေလုပ်နေတာလဲ ”

ရွှေရောင်အလင်းတန်းပေါ်မှာ အက်ကွဲကြောင်းတွေက ဆက်တိုက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ကလဲ အလင်းတန်းအလွှာကို အင်အားပြင်းပြင်းနဲ့ရိုက်ထုတ်လိုက်ပါတော့တယ်။ ကြောက်စရာကောင်းတဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ထဲကနေ ရေလှိုင်းတွေလိုမျ်ိုး ထွက်ပေါ်လာခဲ့ပြီ သူ့ရဲ့လက်၀ါးပေါ်မှာစိန်ပွင့်လိုရေခဲတွေက စုစည်းလို့သွားပါတော့တယ်။ မှိန်ဖျော့ဖျော့အစိမ်းရောင်အလင်းတန်းက အလင်းတန်းအလွှာကိုရိုက်ခတ်လိုက်ချိန်မှာတော့ တစ်စက္ကန့်တောင်မခံနိုင်ပဲ အလွှာကပေါက်ကွဲလို့သွားပါတော့တယ်။

သူက သရဲအရိပ်ခြေရာကိုလဲ အသုံးပြုလို့ထားခဲ့တာပါ။ ဒါကြောင့် များပြားတဲ့ပုံရိပ်ယောင်တွေကို ဖန်တီးရင်းမိန်းမငယ်လေးအနားကို စက္ကန့်ပိုင်းအတွင်းရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူမကိုချက်ချင်းဆွဲယူလိုက်ပြီ တစ်ဖက်မှာတိုက်ခိုက်နေတဲ့ လူငယ်ရဲ့လမ်းတည့်တည့်ကိုချထားပေးလိုက်တယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ ခုခံမှုနေရာမှာ အရမ်းကိုအားကောင်းတဲ့၀ိညာဥ်လက်နက်အတားအဆီးနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ၀ိညာဥ်အလင်းတန်းတွေနဲ့ အင်အားတူညီတဲ့အခွံတိုက်ခိုက်မှုတွေပါ။ နောက်တစ်ခုကတော့ ခန္ဓာကိုယ်တွေကို ခုခံနိုင်တဲ့အတားအဆီးပါပဲ။ နှစ်ခုကိုတစ်ပြိုင်နက်ထဲ အသုံးပြုလို့ရပေမဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကတော့ တိုက်ပွဲထဲမှာတစ်ခုကိုသာ အဓိကအသုံးပြုလေ့ရှိပါတယ်။ အဆုံးသတ်မှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ခန္ဓာကိုယ်တိုက်ခိုက်မှုကို အသုံးပြုတာရှားပါးလေ့ရှိပြီ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေထဲမှာတောင် အနီးကပ်တိုက်ခိုက်ရေးသမားတွေလောက်သာ ဒီလိုခန္ဓာကိုယ်ကို အသုံးပြုကြတာပါ။

ခန့်ညားတဲ့လူငယ်ထုတ်သုံးနေတဲ့ရွှေရောင်အလင်းတန်းက ခန္ဓာကိုယ်တိုက်ခိုက်မှုတွေကို ခုခံဖို့အတွက် ဖန်တီးထားတာပါ။ ဒီကောင်မလေးက သူ့လိုမျိုးတိကျတဲ့အကဲဖြတ်နိုင်စွမ်းကို မပိုင်ဆိုင်ထားပါဘူး။ ဒါကြောင့် ဟို့ယွိဟောင် အံ့ဩလို့သွားခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့လက်ကိုအသုံးပြုပြီး သူမရဲ့လည်ပင်းကိုရိုက်ချလိုက်ပါပြီ။

အရာအားလုံးကဖြစ်သွားတာမြန်လွန်လှပါတယ်။ ဟို့ယွိဟောင် ကောင်မလေးရဲ့လည်ပင်းတစ်လျှောက်ကို ရိုက်ချလိုက်ပြီ အားလုံးကိုဖမ်းဆုပ်လိုက်တာ​အထိ အသက်ရှုချိန်နှစ်ကြိမ်စာသာကြာမြင့်ခဲ့တယ်။ နှစ်ဖက်စလုံးက မြန်မြန်ဆန်ဆန်လှုပ်ရှားနေတာဖြစ်ပေမဲ့ ဟို့ယွိဟောင်ကတော့ အားလုံးရဲ့ထိပ်ဆုံးမှာရောက်နေခဲ့ပါတယ်။

ဒီကောင်မလေးက မမျှော်လင့်ထားနိုင်လောက်အောင် သန်မာတဲ့သူပါ။ ဟို့ယွိဟောင် သူမကိုရိုက်လိုက်တာတောင် သူမကအတော်လေးတောင့်ခံနိုင်နေတုန်းပါပဲ။ ဒါ့အပြင် သူ့ရဲ့ညာဘက်လက်နဲ့ခြေထောက်တွေကိုအသုံးပြုပြီး ဟို့ယွိဟောင်ကိုကန်ထုတ်ဖို့အတွက် ကြိုးစားနေခဲ့တယ်။

ဒါပေမယ့် မရနိုင်ခဲ့ပါဘူး။ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ၀ိညာဥ်အတားအဆီးက လူငယ်ရဲ့၀ိညာဥ်လက်နက်တိုက်ခိုက်မှုကို တားဆီးနိုင်ပေမဲ့ ပြင်းထန်တဲ့အေးစက်မှုက သူ့တစ်ကိုယ်လုံးကို ထုံထိုင်လို့သွားစေခဲ့တယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ပျော့ခွေလို့လှဲကျလို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းတွေက အပြင်ကိုထွက်ပေါ်လာပါတော့တယ်။ သူက သူ့အမေကိုဆဲဆိုတဲ့သူတွေကို အမုန်းဆုံးဖြစ်သလို ခွေးမသားလေးလို့ခေါ်တဲ့သူတွေကို ပိုလို့တောင် မုန်းပါသေးတယ်။ ဒါကြောင့်သာ ဒီတိုက်ခိုက်မှုတွေအားလုံးကို သူမြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့ရတာပါ။

နောက်ဆုံးတော့လဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက ပိန်ပါးတဲ့လူငယ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ပါပြီ။

စိတ်၀ိညာဥ်တိုက်ခိုက်မှုရဲ့ ကြောက်စရာအကောင်းဆုံးတဲ့ကိစ္စကတော့ ဘယ်လိုခုခံကာကွယ်တားဆီးမှုနဲ့မှ တားဆီးလို့မရနိုင်တာပါပဲ။ ဒါ့အပြင် ကိုယ်ပိုင်၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို လုံလောက်အောင်အားကောင်းတဲ့အထိ အားမဖြည့်ထားဘူးဆိုရင် ချက်ချင်းလဲပြိုသွားနိုင်ပါတယ်။

နေလနိုင်ငံတော်ရဲ့ ကျောင်းသားလေးယောက်က ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေပါ။ ဒါပေမယ့် သူတို့ရဲ့ စိတ်၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်နဲ့ ယှဥ်မယ်ဆိုရင် လုံး၀ကိုနည်းပါးလွန်ပါတယ်။

အရပ်ရှည်ရှည်လူငယ်ရဲ့ မျက်လုံးနှာခေါင်းပါးစပ်နဲ့ နာရွက်တွေဆီကနေ သွေးတွေကဆက်တိုက်ဆိုသလို စိမ့်ထွက်လာပါတော့တယ်။ သူလဲ လဲကျလို့သွားခဲ့ပါပြီ ဒါ့အပြင် မျက်ဖြူစိုက်နေခဲ့ရင်း ချက်ချင်းသတိလစ်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်က ဒီအတိုင်းရပ်မသွားခဲ့ပါဘူး။ ညာဘက်လက်ကိုအသုံးပြုရင်း ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်ကာခန့်ညားတဲ့လူငယ်ကိုခုတ်ချလိုက်ပါတယ်။ ဒီလူငယ်ရဲ့ဓားကသူ့ဆီကို ရောက်လာခဲ့လို့ပါပဲ။

အဲ့ဒီလူငယ်ရဲ့လက်က အခုအချိန်အထိ တည်ငြိမ်နေဆဲဖြစ်သလို ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုတွေအောက်မှာတောင် သူက လှုပ်ရှားနိုင်နေဆဲပါ။ ဒါ့အပြင် လေထဲမှာနောက်ထပ်ဓားပုံရိပ်ယောင်သုံးခုကို ထုတ်လွှတ်လိုက်ရင်း နှင်းဆီပန်းပွင့်လိုအသွင်မျိုးနဲ့ ဟို့ယွိဟောင်ရဲ့သေကွင်းသေကွက်နေရာတွေအားလုံးကို တိုက်ခိုက်ပါတော့တယ်။

ဟို့ယွိဟောင်ကတော့ စက္ကန့်ပိုင်းအတွင်းမှာ မှန်ကန်တဲ့အကဲဖြတ်မှုကိုပြုလုပ်နေရပါပြီ။ သူ့ရဲ့ပြိုင်ဘက်ကအနီးကပ်တိုက်ခိုက်တဲ့နေရာမှာ သူ့ထက်ပိုပြီးသာလွန်နေခဲ့တယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့တိုက်ခိုက်နိုင်စွမ်းက သူ့ထပ်ပိုအားကောင်းနေတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် ပြီးပြည့်စုံတဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းကိုစပြီ ထုတ်လွှတ်လိုက်ပါတော့တယ်။

ကြီးမားတဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ကောင်ကင်ကနေ ထွက်ပေါ်လို့လာခဲ့ပြီ ၀ိညာဥ်အကာအကွယ်အတားအဆီးကို တိုက်ခိုက်တော့တယ်။ ဒီအတားအဆီးက ချက်ချင်းပျက်စီးလို့သွားခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဘယ်ဘက်လက်သီးကိုအသုံးပြုရင်း ထိုးချပြစ်လိုက်ပါတယ်။

ညာဘက်ခြေထောက်ကတော့ အရှေ့ကိုတစ်လှမ်းတိုးသွားခဲ့ပြီ ဘာထူးခြားတဲ့အစွမ်းအစမှမပါပဲ ရုတ်တရက်ကန်ကြောက်ထိုးကြိတ်နေခဲ့တယ်။ ဒါပေမယ့် ဒီကန်ကြောက်ထိုးကြိတ်မှုတွေက တစ်ဖက်လူတွေရဲ့ မျက်လုံးထဲမှာတော့ အဲ့ဒီလောက်ကြီးမရိုးရှင်းနေခဲ့ပါဘူး။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားတွေကို သူ့လက်သီးထဲမှာ စူးစိုက်လို့ထားခဲ့တဲ့အတွက် တစ်ဖက်လူရဲ့မျက်လုံးထဲမှာကတော့စိန်ပွင့်တွေလိုလက်သီးမျိုးနဲ့ ပုံစံတူနေခဲ့တယ်။

လူငယ်ရဲ့လက်ထဲမှာ ရွှေရောင်ဒိုင်းကာတစ်ခုက ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်ဘုရင်အဆင့် အင်အားတွေကိုပါပေါင်းစည်းလို့ထားခဲ့ပြီ အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေနဲ့ တားဆီးဖို့လုပ်ပါတော့တယ်။

” ငါရှုံးလို့မရဘူး ”

ဒီလူငယ်က ဆက်ပြီကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ပဲဖြစ်လာပါတော့တယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းတို့က သူ့ရဲ့ခန္ဓာကိုယ်အောက်ဖက်မှာ ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီထူးခြားမှုက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အောက်မှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဟို့ယွိဟောင်က ပထမဆုံးအနေနဲ့ ဒိုင်းကာကိုထိုးချပြစ်လိုက်ပြီ တစ်ဖက်လူငယ်ကို တုန်လှုပ်ပြီခြောက်ခြားသွားစေခဲ့တယ်။

သူ့ရဲ့ဒိုင်းကာတစ်ခုထဲနဲ့တင် ဖျက်ဆီးခံလိုက်ရတာမဟုတ်ပဲ သူ့ရဲ့စိတ်ကပါ အကာအကွယ်မဲ့တဲ့ ခံစားချက်ကိုခံစားလိုက်ရပြီနှလုံးသားရဲ့အတွင်းထဲကလာတဲ့ထိတ်လန့်မှုနဲ့အတူ တစ်လောကလုံးအစိတ်စိတ်အမွှာမွှာဆွဲဖြဲခံလိုက်ရသလိုမျိုး နာကျင်သွားရပါတော့တယ်။

ချက်ချင်းဆိုသလို သွေးအိုင်ထဲမှာလဲကျလို့သွားခဲ့ပြီ အစောပိုင်းတုန်းက မေ့လဲသွားခဲ့တဲ့လူငယ်အတိုင်း မြေပြင်ပေါ်မှာပြိုလဲလို့သွားခဲ့ရတယ်။ ဒါ့အပြင် သူ့ရဲ့နှာခေါင်းပေါက်တွေထဲကနေ သွေးစီးကြောင်းတွေကလဲ စီးကျနေပါသေးတယ်။ လက်ထဲမှာရှိနေတဲ့ဒိုင်းကာကတော့ အခုအထိမဖျက်ဆီးသေးပါဘူး။

ဟို့ယွိဟောင်က ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ရင်း ​နောက်ဆုံးကျန်ရစ်သူဖြစ်တဲ့ကျွီးကျင့်ကို လှမ်းကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ သူမကတော့ လုံး၀ကိုဖြူဖျော့နေခဲ့ပါပြီ။

” နင်ဘာတွေလုပ်နေတာလဲ ”

လက်ရှိအချိန်မှာ သူဘယ်လောက်အထိ ထိတ်လန့်နေမလဲဆိုတာအသံကနေကြားနေခဲ့ရပါတယ်။ ဒါ့အပြင် လူတစ်ယောက်ကလဲ စမ်းသပ်ခန်းထဲမှာရှိနေခဲ့ပြီ ကျွီးကျင့်ရဲ့ရှေ့မှာရပ်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာရှိနေတဲ့ရွှေရောင်အလင်းတန်းက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အ၀ါတွေကလဲ ကမ္ဘာကိုအုပ်စိုးနေတဲ့ဘုရင်တစ်ပါးလိုပုံစံကနေ ချက်ချင်းဆိုသလို ပြန်ငြိမ်သက်လို့သွားပါတော့တယ်။

အပိုင်း ၁၅၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset