Switch Mode

Chapter – 158.3

အစ်မကြီး ကျွီးကျင့်

အပိုင်း ၁၅၈•၃

” အစ်မကြီးကျွီးကျင့် ”
°°°
ဟို့ယွိဟောင် လိမ္မော်သီးတစ်လုံးကို လက်ညိုးနဲ့ထိုးကြည့်လိုက်ပါတယ်။ ဒီလိမ္မော်သီးရဲ့ မျက်နှာပြင်က လုံး၀နူးညံ့လို့နေခဲ့ပြီ ပုံမှန်လိမ္မော်သီးနဲ့ တူညီနေခဲ့တာကို နားလည်သွားခဲ့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုအသုံးပြုရင် ရှာဖွေလိုက်ချိန်မှာတော့ ဒီလိမ္မော်သီးကလုံး၀ကို အဆင့်လေး၀ိညာဥ်လက်နက်နဲ့ ထပ်တူညီတဲ့ဗျူဟာအခင်းအကျင်းတွေအပြင် ရှိနေခဲ့ပြီ သေးငယ်တဲ့စွမ်းအားစုစည်းရေးအခင်းအကျင်းတစ်ခုဖြစ်နေတာကို နားလည်သွားရပါတယ်။ အဲ့ဒီထဲပါနေခဲ့တဲ့ ၀ိညာဥ်စွမ်းအားကို သူကံကောင်းစွာနဲ့ပဲ အေးခဲပြစ်လိုက်လို့တော်ပါသေးတယ်။ မဟုတ်ရင်ကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ တွေ့ကြည့်လို့တောင်မရနိုင်ပါဘူး။

သေချာပေါက် သူမရဲ့ သိုင်းပညာ၀ိညာဥ်ပညာက သူမနာမည်လို လိမ္မော်သီးပဲဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အစာအမျိုးအစား၀ိညာဥ်တော်တော်များများက တိုက်ခိုက်နိုင်တဲ့အင်အားမရှိပါဘူး။ ဒါပေမယ့် လူတော်တော်များများက ဒီလိုအထင်မှားနေခဲ့တာပါ။ သူရဲ့အားကောင်းလွန်လှတဲ့ အာရုံခံနိုင်စွမ်းကြောင့်သာ မဟုတ်ရင် သူလဲတော်တော်ကြီးကို အထိနာသွားနိုင်ပါတယ်။ အဆင့်လေး၀ိညဥ်လက်နက်ဆယ်ခုတိတိက သူ့ခန္ဓာကိုယ်မှာ လာကပ်တွယ်နေတာကို ရေခဲဧကရီရဲ့သံချပ်ကာက အပြည့်အ၀တောင်မကာကွယ်ပေးနိုင်လောက်ပါဘူး။ ကျွီးကျင့်ကတော့ သူဘာလုပ်မိသွားလဲနားလည်သွားချိန်မှာချက်ချင်းရပ်လိုက်လို့တော်ပါသေးတယ်။ ဟို့ယွိဟောင်လဲ ဒါမျိုးကိုသူအသက်နဲ့တော့ လောင်းကြေးမထပ်၀ံ့ပါဘူး။ သူခန္ဓာကိုယ်ကိုတစ်ချက်ခါလိုက်ချိန်မှာကတော့ လိမ္မော်သီးဆယ်လုံးက ပြုတ်ကျလို့သွားပါတော့တယ်။ ယွိဟောင်လဲ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးလက်ဟန်ကို အသုံးပြုရင်း တစ်ခုချင်းဆီကိုဆွဲယူကာစားပွဲခုံပေါ်ခပ်ဝေးဝေးပြန်တင်ပေးလိုက်တယ်။

အဲ့ဒီနောက် ကျွီးကျင့်ရဲ့ပုခုံးပေါ်လက်တင်လိုက်ချိန်မှာတော့ သူထုတ်လုပ်ထားခဲ့တဲ့ ရေခဲစွမ်းအားနဲ့ ရေခဲရုပ်ထုနယ်မြေကဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ကျွီးကျင့်က ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ပါ။ ဒါပေမယ့် ဒီရေခဲတွေအားလုံးကို ဖယ်ရှားဖို့သူမအနေနဲ့ ဆယ့်ငါးမိနစ်လောက်တော့ အချိန်ယူရပါလိမ့်မယ်။ ဟို့ယွိဟောင်လဲ လူ့အသက်အန္တရာယ်မထိခိုက်အောင် သူ့အင်အားကိုထိန်းထိန်းသိမ်းသိမ်းသုံးထားတာကြောင့်သာ ဒီလောက်အချိန်နည်းနေခဲ့တာပါ။

” အရမ်းအေးတာပဲ ”

ကျွီးကျင့်ကတော့ ခိုက်ခိုက်တုန်နေခဲ့ပါပြီ။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်လေးက တုန်ရီနေခဲ့ရင်းနောက်ပြန်ထိုင်ချလိုက်ပါတယ်။ နီရဲပြီဖူးကြွနေတဲ့နှုတ်ခမ်းတွေက လက်ရှိအချိန်မှာ အပြာရောင်ပြောင်းနေခဲ့ရင်း ကြောက်လန့်နေတဲ့ပုံစံပေါ်နေခဲ့တယ်။

” နင်ဘာတွေတွေးနေတာလဲ ”

ကျွီးကျင့်ကတော့ ဒေါသတကြီးပြောလာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။

” အစ်မကြီးသာ ဒီလိုပြင်းပြင်းထန်ထန်မတုန့်ပြန်လာဖူးဆိုရင်ကျွန်တော်လဲ ဒီလိုလုပ်မိမှာမဟုတ်ဘူး ”

ကျွီးကျင့်ကတော့ ဟို့ယွိဟောင်ရဲ့နှာခေါင်းကိုလက်ညိုးနဲ့ညွှန်ရင်း ဒေါသတကြီးအော်ပါတော့တယ်။

” နင်စောင့်နေလိုက် ”

အဲ့ဒီနောက် သူပြောရင်းနဲ့ သူအစောပိုင်းတုန်းက ဖန်တီးထားခဲ့တဲ့ ဗျူဟာအခင်းအကျင်းကို ထုတ်ယူလာပါတော့တယ်။

ဟို့ယွိဟောင်ကတော့ သူ့နှာခေါင်းကိုသူသာ ပြန်ပွတ်နေခဲ့တယ်။ သူအစ်မကြီးကိုဒီလိုရန်စဖို့အတွက် အစောကထဲက အစီအစဥ်မရှိပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ ပြန်ပြီမတိုက်ခိုက်လို့ဘယ်လိုရမှာလဲ။

သူလဲအများကြီးမတွေးပဲရှိနေခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ကောင်ကင်ကြီးက လုံး၀မဲမှောင်သွားတာကို သတိထားမိလိုက်ပါတော့တယ်။ ဒါကြောင့် ထမင်းစားဆောင်မှာပေါ့ပေါ့ပါးပါးတစ်ခုစားပြီ ကျောင်းသားဆောင်ကိုပြန်လာရင်စတင်တရားထိုင်ပါတော့တယ်။

ဟို့ယွိဟောင်ရဲ့တရားထိုင်တဲ့အချိန်က သာမန်၀ိညာဥ်ပညာရှင်တွေနဲ့ မတူညီပါဘူး။ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကို သူရရှိပြီတဲ့နောက် သူအနေနဲ့ အသိစိတ်အမြင်တချို့ကို ခွဲထုတ်နိုင်မှန်း ဟို့ယွိဟောင် နားလည်ခဲ့ပါတယ်။ ဒါကသတင်းအချက်အလက်တွေအပေါ်မှာ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းကိုလဲ ပိုပြီးတိုးမြင့်လာစေခဲ့တယ်။

အဲ့ဒီလိုအသိစိတ်ကိုခွဲခြားပြီ အလုပ်လုပ်တာကတော့ ဒီလိုဖြစ်နိုင်ပါတယ်။ သူအနေနဲ့ များပြားလွန်လှတဲ့ အသိပညာတွေကို ပထမဆုံးနေ့မှာတင် စုပ်ယူလာခဲ့ရတဲ့အတွက် သူသိသမျှအရာအားလုံးနဲ့ ပေါင်းစည်းဖို့အတွက် အချိန်လိုပါလိမ့်မယ်။ ဒါ့အပြင် ၀ိညာဥ်ပညာကိုလေ့ကျင့်ဖို့ကလဲ ပိုပြီးအချိန်လိုဦးမှာပါ။ လက်ရှိအချိန်မှာကတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ စည်းမျဥ်းစည်းကမ်းတွေနဲ့ ပတ်သက်တဲ့အဆင့်မြင့်အသိပညာတွေကို အရင်ဆုံးနားလည်အောင်လုပ်ရပါဦးမယ်။

သုံးရက်တာအချိန်က မျက်တောင်တစ်ခတ်အတွင်းမှာကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဒီရက်တွေမှာ ရွှမ်ကျင့်၀မ်ရဲ့ များပြားတဲ့လမ်းညွှန်မှုတွေကို ဟို့ယွိဟောင် နားထောင်နေခဲ့ရတယ်။ သူလက်ရှိအချိန်မှာ ဘယ်၀ိညာဥ်လက်နက်ကိုမှ မထွင်းထုရသေးပေမဲ့ ၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်တဲ့ အသိပညာပိုင်းမှာကတော လုံး၀ကို စိတ်သစ်လူသစ်ဖြစ်သွားခဲ့ပါပြီ။ ပထမဆုံးနေ့ကထဲကစပြီ သူ ကျွီးကျင့်ကို နောက်ထပ်မမြင်ရတော့ပါဘူး။ သူမက လေထဲပျောက်သွားသလိုပါပဲ။

လေးရက်မြောက်မနက်ခင်းမှာတော့ ဟို့ယွိဟောင်က စောစောစီးစီးရောက်ရင်းနဲ့ အခန်းကိုသန့်ရှင်းရေးလုပ်နေခဲ့ပါတယ်။ သူဒီလိုလုပ်လာခဲ့တာ ဒုတိယနေ့ကထဲကပါပဲ။ ရွှမ်ကျင့်၀မ် ရောက်လာတဲ့အချိန်အထိကို သူဒီအတိုင်းသန့်ရှင်းရေးလုပ်ရင်း စောင့်နေခဲ့တယ်။

သန့်ရှင်းရေးလုပ်နေတဲ့ လမ်းတစ်၀က်မှာတင် စမ်းသပ်ခန်းတံခါးက ရုတ်တရက်ပွင့်လာခဲ့ပါပြီ။ ဆရာရွှမ်ဘာကြောင့်များ ဒီလိုစောစောစီးစီးရောက်လာလဲလို့တွေးနေတဲ့အချိန်မှာပဲ အပြင်ကနေလူလေးယောက်၀င်လာပါတော့တယ်။ အဲ့ဒီထဲမှာတစ်ယောက်ကတော့ ကျွီးကျင့်ပါ။

အရှေ့ဆုံးမှာရပ်နေတဲ့သူကတော့ အရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ လူငယ်လေးဖြစ်နေခဲ့တယ်။ သူက အနည်းဆုံးအရပ်နှစ်မီတာကျော်မြင့်မားပြီ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်က ဟယ့်ချိုက်ထို့နဲ့ထပ်တူပါပဲ။ အသားအရေးကအတော်ကို ညိုမှောင်ပေမဲ့ နေလနိုင်ငံတော်ရဲ့အသားအရေးလို့ ဖော်ပြနေတာပါ။ ဒီလူငယ်လေးရဲ့ ဆံကေသာတွေက အညိုရောင်မှာခပ်တိုတိုဖြစ်တဲ့အပြင် မျက်လုံးတွေကလဲ တောက်ပနေပါသေးတယ်။ သူ့ရဲ့တောင့်တင်းတဲ့ကြွက်သားတွေက ကျောင်း၀တ်စုံအပြင်ဘက်အထိကို ထင်ထွက်နေခဲ့တာပါ။

သူ့နောက်ဖက်မှာကတော့ ခပ်သေးသေးကောင်မလေးတစ်ယောက်ရပ်နေခဲ့ပါတယ်။ သူကကျွီးကျင့်လိုမလှပေမဲ့ ချစ်စရာကောင်းတဲ့ဆွဲဆောင်မှုက ရှိနေခဲ့တယ်။ တစ်ရာနဲ့ခြောက်ဆယ်စင်တီမီတာလောက်သာ မြင့်မားပြီမျက်လုံး၀ိုင်း၀ိုင်းနဲ့ လူတွေအပေါ်မှာ သဘောကောင်းမဲ့ရုပ်ရည်မျိုးရှိပါတယ်။ တတိယလူကတော့ အမျိုးသားတစ်ယောက်ပါပဲ။ သူကတော့ ပိန်ပိန်ပါးပါးနဲ့ ဟို့ယွိဟောင်ထက် အနည်းငယ်အရပ်မြင့်တဲ့သူပါ သူပုခုံးပေါ်အထိ ၀ဲကျနေတဲ့အညိုရောင်ဆံပင်ရှည်တွေကို ပိုင်ဆိုင်လို့ထားပါတယ်။ နှာတံမြင့်မြင့်နဲ့ဖြစ်ပြီ မျက်လုံးပြာပြာတွေကတော့ ပင်လယ်တစ်ခုလိုမျိုး နက်ရှိုင်းပြီတောက်ပလို့နေခဲ့တယ်။ သူ့ရဲ့ချောမောခန့်ညားတဲ့ရုပ်သွင်က အနောက်မှာရှိနေတဲ့ ကျွီးကျင့်နဲ့အတော်လေးကို လိုက်ဖက်ညီပါတယ်။

ဟို့ယွိဟောင်လဲ ဒီလူတွေကိုမြင်ချိန်မှာ လုပ်နေတာကိုရပ်လိုက်ပြီ ဒီလိုစကားနဲ့ပြောလာခဲ့တယ်။

” အစ်မကြီးကျွီးကျင့်ကို ပြန်တွေ့ရတာ၀မ်းသာပါတယ်…ဒါကဆရာတူအစ်ကိုကြီးနဲ့ အစ်မကြီးတွေဖြစ်လိမ့်မယ်…အားလုံးတွေ့ရတာ၀မ်းသာပါတယ်…ငါနာမည်က ဟို့ယွိဟောင်ပါ ကျောင်းပြောင်းကျောင်းသားပါ ”

သူ့စကားပြောပြီတာနဲ့ ခပ်သေးသေးကောင်းမလေးရဲ့ အသံစူးစူးကထွက်လာခဲ့ပါတယ်။

” ဒီလိုမျိုး ဓလေ့ထုံတမ်းတွေနဲ့ ယဥ်ကျေးဟန်ဆောင်နေတာတွေရပ်လိုက်တော့ ငါတို့က နင်ရဲ့ဆရာတူအစ်ကိုကြီး အစ်မကြီးတွေမဟုတ်ဘူး…ဘယ်တုန်းက အဲ့ဒီလိုခေါ်ခွင့်ပြုလိုက်လို့လဲ ”

သူပြောရင်းနဲ့ ဟို့ယွိဟောင်ဆီကို လျှောက်လာခဲ့ပါတယ်။ ခါးပေါ်မှာလက်နှစ်ဖက်ကိုထောက်ထားခဲ့ပြီ ခြိမ်းခြောက်တဲ့ပုံစံနဲ့ရှိနေခဲ့တယ်။

” ဒါဆိုရင် ဘယ်လိုခေါ်ရမှာလဲ ”

ကောင်မလေးက တခဏတာမျက်လုံးပြူးသွားခဲ့ပေမဲ့ သူမရဲ့ဒေါသကြီးတဲ့ပုံရိပ်က ချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။

” ဒါကိုမပြောရအောင် ဒီအခန်းထဲ၀င်ဖို့ဘယ်သူခွင့်ပြုလဲ ”

” သေချာပေါက် ဆရာရွှမ်ပဲ ခွင့်ပြုပေးတာပေါ့ ”

ဟို့ယွိဟောင်က တအံ့တဩပြန်ဖြေလာခဲ့တယ်။

” ငါတို့သဘောမတူရသေးဘူးလေ ဒါကမျှဝေပြီသုံးရတဲ့ သင်ကြားရေးနယ်မြေပဲ ငါနောက်လိုက်ခဲ့ အခုချက်ချင်းအပြင်ထွက် ငါ နင်ကိုတစ်ခုမေးချင်တယ် ”

သူပြောပြီတံခါးကိုလက်ညိုးထိုးပြလိုက်တယ်။

” ဘာကြောင့်များလဲ ”

ဟို့ယွိဟောင်က သံသယအပြည့်နဲ့ မေးလာခဲ့ပါတယ်။

” အပြင်ထွက်လာခဲ့လိုက် ဒါဆိုရင် နင်သိလိမ့်မယ် ”

သူက ဦးဆောင်ရင်းနဲ့ အပြင်ကိုထွက်သွားခဲ့ပါတယ်။ သူဘာလုပ်မလဲဆိုတာ ဟို့ယွိဟောင်မသိပါဘူး။ ဒါပေမယ့် သူ့ပုံစံအရတော့ ကောင်းတဲ့ကိစ္စမဟုတ်တာအသေအချာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပထမဆုံးရက်မှာတင် သူ့ရဲ့အစ်ကိုကြီး အစ်မကြီးတွေကို ပြဿနာသွားမရှာချင်ပါဘူး။ ဒါကြောင့် သူနောက်ကိုလိုက်လာခဲ့တယ်။ တခြားသုံးယောက်ကတော့ သူ့ကိုမျက်နှာသေနဲ့သာကြည့်နေခဲ့ပါတယ်။

အဲ့ဒီကောင်မလေးက စင်္ကြန်ရဲ့ပတ်ပတ်လည်နံရံကို လက်ညိုးထိုးပြရင် ပြောလာခဲ့တယ်။

” အဲ့မှာသွားရပ်နေ ”

” ဒါဆိုဘာကိုပြောချင်နေတာလဲ ”

” ငါပြောချင်တာနင်ကဒီအခန်းထဲကို ငါရဲ့ခွင့်ပြုချက်မပါပဲ ၀င်ဖို့လောက်အထိ မထိုက်တန်ဘူး…နောက်တစ်ခေါက် နင်အဲ့ဒီလိုလုပ်မယ်ဆိုရင် ငါတို့တွေနင်ကိုရိုက်မယ်…နားလည်လား ”

ဟို့ယွိဟောင် မျက်မှောင်ကြုတ်သွားပါတော့တယ်။ သူတစ်ခုခုပြောချင်ပေမဲ့ အဲ့ဒီကောင်မလေးက အထဲကိုပြန်၀င်ရင် တံခါးကိုပြန်ပိတ်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်က အထင်ကြီးစရာကောင်းလှတဲ့ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းပို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူမကျေမနပ်ဖြစ်မိတာကတော့ အမှန်ပါပဲ။ အဲ့ဒီနောက် သူ့ရဲ့၀င်ခွင့်ကဒ်ပြားကို ထုတ်လိုက်ပြီ အထဲကိုအကြောင်းပြချက်နဲ့အတူ၀င်ဖို့အတွက် ပြင်ဆင်လိုက်တယ်။

ဟို့ယွိဟောင်ရဲ့အမူအရာကတော့ လုံး၀ကိုတည်ငြိမ်ပြီ မှောင်မဲလို့နေခဲ့ပါတယ်။ သူအရမ်းကိုမျက်မှောင်ကြုတ်နေခဲ့ပြီ အေးစက်တဲ့အလင်းတန်းတွေလဲ အပြင်ကိုဖြာထွက်လို့နေခဲ့တယ်။

” ငါကဒီနေရာမှာစာသင်ချင်ရုံပဲ ဒါတောင်မှမင်းတို့ကောင်တွေက ငါ့ကိုလာပြီဖိအားပေးနေတယ်။ အခုလက်ရှိအချိန်မှာရွှမ်ကျင့်၀မ်နဲ့ တာ၀န်ရှိတဲ့ဆရာကိုခေါ်ပြီ အခြေအနေကို ဖြေရှင်းဖို့လုပ်ခိုင်းတာက အကောင်းဆုံးဖြစ်မယ်မှန်း သူသိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်မယ်ဆိုရင် ဒီလေးယောက်ကိုဦးညွတ်လိုက်သလိုဖြစ်သွားမှာပါ။ ဒါ့အပြင် အနာဂတ်မှာပိုပြီးအနိုင်ကျင့်ခံရတာလဲ ဖြစ်လာနိုင်ပါသေးတယ်။ ဒါဆိုရင် ဘယ်လိုလုပ်စာသင်ကြားဖို့ကို အာရုံစိုက်နိုင်မှာလဲ။

သူသက်ပြင်းချရင်းနဲ့ သူဘာသာသူပလုံပထွေးပြောနေခဲ့တယ်။

” မင်းတို့တွေငါ့ကိုဖိအားပေးလို့ဒီလိုဖြစ်လာတာ ”

သူညာဘက်လက်ကို သုံးပြီတဲ့နောက် တံခါးကိုလက်နဲ့ဖိနှိမ့်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းက ပေါ်ထွက်လို့လာခဲ့ပါပြီ။ အဖြူရောင်တစ်ခု ခရမ်းရောင်တစ်ခုနဲ့ အနက်ရောင်တစ်ခု၀ိညာဥ်စက်ကွင်းတွေက ထူးခြားတဲ့ပေါင်းစည်းမှုနဲ့အတူ ခန္ဓာကိုယ်ဘေးဖက်မှာစတင်ပြီတော့ ဖြစ်ပေါ်လာပါတော့တယ်။ ဒါက သူ့စိတ်၀ိညာဥ်မျက်လုံးရဲ့ ၀ိညာဥ်စက်ကွင်းတွေစစ်မှန်တဲ့အရောင်ကို ပထမဆုံးဖော်ပြလိုက်တာပါ။ ဒါပေမယ့် တခြားသူတွေယုံနိုင်လောက်တဲ့ အခြေအနေလောက်တော့ မဟုတ်ပါဘူး။ ဒီလိုမျိုး၀ိညာဥ်စက်ကွင်းတွေရဲ့အရောင်ကို လူတိုင်ကလိုသလိုပြောင်းလဲနိုင်တဲ့ အရည်အချင်းဆိုတာ ကြားဖူးဖို့တောင် ခက်ပါလိမ့်မယ်။

ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ကို စိတ်၀ိညာဥ်ထောက်လှမ်းမှုအသုံးပြုပြီး သတ္ထုပစ္စည်းတွေကို ထောက်လှမ်းဖို့အတွက် ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူလုပ်နိုင်ရင်တောင် အတိုင်အတာတစ်ခုအထိပဲ လုပ်နိုင်တယ်လို့ ဟို့ယွိဟာင်က ပြန်ဖြေခဲ့တာပါ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို နှစ်နှစ်တာအတွင်းလေ့ကျင့်မှုမှာ သူတိုးတက်မှုက အတော်ကိုကြီးမားလာခဲ့ပါပြီ။ ဒါ့အပြင် အာရုံစူးစိုက်မှုဆိုတဲ့ အချက်ကြောင့်မလို့ တိုးတက်မှုက ပိုမြန်ဆန်လာခဲ့ပါတယ်။

သူ့ရဲ့အာရုံစူးစိုက်မှုတွေကို တစ်နေရာထဲမှာစူးစိုက်လိုက်ပြီ ထိုးဖောက်လိုက်ချိန်မှာတော့ သုံးသပ်ဆင်ခြင်နိုင်စွမ်းက အရမ်းကိုကြောက်စရာကောင်းပါလိမ့်မယ်။ ဟို့ယွိဟောင်ရဲ့ အဓိကပစ်မှတ်ကတော့ ခန်းမတစ်ခုလုံးရဲ့ ထိန်းချုပ်ရေး၀ိညာဥ်လက်နက်ပါပဲ။

တစ်နေရာထဲကို သူအာရုံစိုက်ပြီ ညာဘက်လက်ကိုမြောက်ရင်း တံခါးကိုဖိချကာ လက်ညိုးကိုအသုံးပြုရင်း တစ်နေရာကိုထိုးချလိုက်ပါတော့တယ်။ ရွှေအိုရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပြီ ဓားတစ်ချောင်းက သူ့ရဲ့လက်အပြင်ဖက်ကိုထွက်လာကာတံခါးထဲကိုဖောက်ထွက်လို့သွားပါတော့တယ်။

နေလကျောင်းတော်က သူတို့ရဲ့စမ်းသပ်ခန်းတွေကို ထူးခြားတဲ့စက်ကိရိယာတွေအသုံးပြုပြီး မကာကွယ်ထားပါဘူး။ ဒါပေမယ့် ဒီတံခါးကအနည်းဆုံးခြောက်လက်မနီးပါးထူးကာ အရမ်းကိုမာ​​​ကြောပါတယ်။ ဟို့ယွိဟောင်က ဒါကိုရိုက်ထုတ်နိုင်တဲ့ အစွမ်းအစရှိပေမဲ့ အဲ့ဒီလိုလုပ်မယ်ဆိုရင် ၀ိညာဥ်စွမ်းအားအများကြီးကုန်မှာပါ။ ၀ိညာဥ်စွမ်းအားတွေကို သုံးဖို့အတွက် နောက်ထပ်နေရာတွေရှိသေးတာကြောင့် သူအားသိပ်မကုန်ခံချင်ပါဘူး။

ဒီလိုမာကြောတဲ့သတ္ထုမျိုးကို သူ့ရဲ့လက်သည်းတွေနဲ့ဖောက်ထွက်ဖို့တောင် သိပ်ပြီမလွယ်ကူတာအမှန်ပါ။ တစ်ကျီကျီမြည်သံတွေနဲ့အတူ မီးပွားတွေစင်ထွက်လာခဲ့ပြီ ခပ်မြန်မြန်ပဲ တိုးတက်မှုက ဖြစ်ပေါ်လာတော့တယ်။

နှစ်လက်မအထိဖောက်ထွက်လိုက်ပြီတဲ့နောက် သူ့ရဲ့လက်ချောင်းတွေကို လျှိုသွင်းရင်းနဲ့ အားသုံးကာဖောက်ချလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို ထိန်းချုပ်ရေး၀ိညာဥ်လက်နက်က မီးပွားတွေအပြည့်နဲ့ ပေါက်ကွဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့လက်သည်းကိုပြန်ဆွဲထုတ်လိုက်ပါတော့တယ်။

တံခါးကိုဖွင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ တံခါးအဖွင့်အပိတ်လုပ်ရတဲ့ ၀ိညာဥ်လက်နက်ကို ဖျက်ဆီးပြစ်တာပါပဲ။ သူ့အတွက် အဓိကဗျူဟာကိုရှာတွေ့ဖို့ဆိုတာ သိပ်ပြီမခက်ခဲပါဘူး။

” တီတီတီ တီတီတီ တီတီ ”

အချက်ပေးသံက ထွက်ပေါ်လာခဲ့ပါပြီ။ အခန်းထဲမှာရှိနေတဲ့ လေးယောက်ကတော့ ကြောင်အနေတဲ့ပုံစံတွေနဲ့သာ သူ့ကိုကြည့်နေခဲ့ပါတယ်။ သူတို့ရဲ့အိပ်မက်ဆိုးတွေထဲမှာတောင် ဟို့ယွိဟောင်အနေနဲ့ အဲ့ဒီတံခါးကိုဖောက်ထွက်လာနိုင်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူလုပ်နိုင်မယ်လို့ အရည်အချင်းရှိမယ်မထင်ခဲ့တာအမှန်ပါ။

စူးရှတဲ့အချက်ပေးသံက ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ဘာကိုမှမကြားတဲ့ပုံစံအတိုင်း ရပ်နေခဲ့တယ်။ ဒီလေးယောက်က မရှိတဲ့အတိုင်းသူဟန်ဆောင်နေပြီ ပုံမှန်အခြေအနေအတိုင်းသာ အခန်းကိုသန့်ရှင်းရေးလုပ်နေခဲ့ပါတော့တယ်။

” နင်အဲ့ဒီနေရာမှာ ရပ်နေလိုက်စမ်း ”

အစောပိုင်းတုန်းက သူ့ကိုနင်းလွှတ်ခဲ့တဲ့ကောင်မလေးပဲ ဒေါသတကြီးနဲ့ထအော်ပါတော့တယ်။

” နင်ငါတို့ရဲ့ စမ်းသပ်ခန်းကိုပျက်စီးအောင်လုပ်၀ံ့တယ်ပေါ့ အစောပိုင်းတုန်းက ဘာပြောခဲ့လဲမေ့သွားပြီလား အကယ်၍ နင်အထဲကို၀င်တာနောက်တစ်ကြိမ်တွေ့မယ်ဆိုရင် ငါတို့နင်ကိုရိုက်ထုတ်ပြစ်မယ်လို့လေ ”

ဟို့ယွိဟောင် လုပ်နေတာကိုရပ်ပြီ ဖြည်းဖြည်းချင်းပြန်လှည့်လာပါတယ်။ သူကတော့ နောင်တအပြည့်သနားစရာပုံစံနဲ့ပြောလာခဲ့တယ်။

” တံခါးကိုဖွင့်ပြီတဲ့နောက် မင်းတို့ကောင်တွေကို ငါနောက်ဆုံးအခွင့်အရေးတစ်ခုပေးပြီးပြီ မင်းတို့က ဒီအခွင့်အရေးကိုမလိုချင်ဘူးဆိုမှတော့ တောင်းပန်ပါတယ်…မင်းတို့ကောင်တွေအားလုံးက ကျူးကျော်လာတဲ့သူတွေလို့ ငါသံသယရှိတယ်…ကျွီးကျင့်က မင်းတို့ရဲ့ဖက်မှာရှိနေတဲ့ အပေါင်းအပါပဲ ဒါကြောင့် မင်းတို့အားလုံးကို ငါရိုက်ပြစ်ပြီ ဆရာရွှမ်ရဲ့လက်ထဲကို အပ်ပြစ်မယ် ”

အပိုင်း ၁၅၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset