Switch Mode

Chapter – 158.2

အစ်မကြီး ကျွီးကျင့်

အပိုင်း ၁၅၈•၂

” အစ်မကြီး ကျွီးကျင့် ”
°°°
ရွှမ်ကျင့်၀မ် ဘယ်လိုပဲပြောပါစေ ဟို့ယွိဟောင်ကအရမ်းကို အရပ်ရှည်လွန်နေပြီ သူ့ရဲ့ သက်တူရွယ်တူတွေနဲ့ယှဥ်မယ်ဆိုရင် ပိုပြီးတည်ငြိမ်အေးစက်လို့နေခဲ့ပါတယ်။ သူက လက်ရှိအရွယ်မှာ အသက်ဆယ်ခုနှစ် ဆယ်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်နဲ့သာ တူနေခဲ့တယ်။

ကျွီးကျင့်ကတော့ သူ့ကိုလက်တစ်ချက်သာဝှေ့ရမ်းပြလိုက်ပြီ ရွှမ်ကျင့်၀မ်ကို ဒေါသတကြီးနဲ့ပြောလာတော့တယ်။

” ဆရာရွှမ် ငါကိုနောက်တစ်ခေါက် လိမ်ပြန်ပြီ အကယ်၍ ဒီလိုထပ်လုပ်မယ်ဆိုရင် တခြားဆရာနဲ့ပြောင်းသင်ဖို့တောင်းဆိုတော့မယ် ”

ရွှမ်ကျင့်၀မ်က ရယ်မောရင်း ပြန်ဖြေလာခဲ့တယ်။

” မင်းဒီလိုမျိုးအစားကြီးတဲ့ ဇူဇကာပုဏ္ဍားလိုမွေးလာတာကငါအမှားမဟုတ်ဘူးလေ အကယ်၍ မင်းသာအားလုံးကို အလွန်အမင်ကြီးမတုန့်ပြန်နေဘူးဆိုရင် အဆင်ပြေသွားမှာပဲ ငါမရှိတဲ့အချိန်တွေမှာ မင်းရဲ့မောင်ငယ်လေးမေးမဲ့မေးခွန်းတွေကို ဖြေဖို့ငါတာ၀န်ပေးထားခဲ့မယ်…သူ့ရဲ့နာမည်က ဟို့ယွိဟောင် ”

ဟို့ယွိဟောင်က အရှေ့ကိုခပ်မြန်မြန်တိုးလာခဲ့ပြီ တလေးတစားနဲ့ အရိုအသေပြုလိုက်ပါတယ်။

” တွေ့ရတာ၀မ်းသာပါတယ် အစ်မကြီးကျွီးကျင့် ”

ကျွီးကျင့်ကတော့ အခုလက်ရှိအချိန်မှာ သူ့ကို အတော်လေးဂရုတစိုက်ပြန်ကြည့်ရင်းပြောလာခဲ့တယ်။

” ငါ့မှာဒီလိုလုပ်ဖို့အချိန်မရှိဘူး …ကိုယ်ဘာသာကိုယ်သင်ဖို့အတွက် ဆက်ပြီသုတေသနတွေအများကြီးလုပ်ရဦးမှာ ဘယ်လိုပဲဖြစ်ဖြစ် ငါဆာလို့သေတော့မယ်…တစ်ခုခုစားဖို့သွားရှာလိုက်ဦးမယ်…အခုထိဘာကိုမှမစားရသေးဘူး ”

သူမပြောပြီတာနဲ့ချက်ချင်းဆိုသလို ထွက်သွားခဲ့ပြန်ပါပြိီ။

ရွှမ်ကျင့်၀မ်ကတော့ သွားဖြဲပြီပြုံးပြရင်းနဲ့သာ ရှင်းပြလာခဲ့ပါတယ်။

” ငါတို့ရဲ့သင်ကြားတဲ့ပတ်၀န်းကျင်က နည်းနည်းလေးအေးအေးဆေးဆေးရှိတယ်…ကျွီးကျင့်က ပတ်၀န်းကျင်ကလူတွေနဲ့ ရောရောနှောနှောမနေဘူး…ဒါပေမယ့် ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်လာရင်း သူ့ရဲ့ပါရမီက အတော်လေးကိုထူးချွန်တယ်…အခုအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တောင် ဖြစ်နေပြီ သူက ကျင့်ကြံဆင့်မမြင့်သေးတာလေးတစ်ခုပဲ ”

ဟို့ယွိဟောင်လဲ တစ်စုံတစ်ရာကိုတွေးတောမိတာကြောင့် မေးလာခဲ့ပါတယ်။

” ကျွန်တော်နေလကျောင်းတော်က ကျောင်းသားတွေအများကြီးကို မြင်ဖူးခဲ့တယ်…ဒါ့အပြင် ကျွန်တော်သတိထားမိတာက သူတို့တွေအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားတွေကို ပိုင်ဆိုင်နေကြပြီးပြီ အသက်နှစ်ဆယ်မတိုင်ခင်မှာတောင် အဆင့်ခြောက်ဆယ်ကိုရောက်နေတယ်ဆိုတာက ရှားပါးတယ်မဟုတ်ဘူးလား သူတို့ကထူးဆန်းတဲ့အစားအသောက်တွေကို စားထားတာက တခြားဘာများလုပ်ထားလို့လဲ တွေးကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကြောက်စရာကောင်းတယ်နော် ”

” ဒီကောင်တွေက အရမ်းကာရောအလိုလိုက်ခံထားရတဲ့ကောင်တွေကြီးပဲ ကျောင်းတော်ကထူးခြားပြီ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ ၀ိညာဥ်လက်နက်တွေမှာ ပါရမီရှိတဲ့ကျောင်းသားတွေကို မွေးမြူးပေးတယ်..ဒါ့အပြင် ရှားပါးတဲ့အစားအသောက်တွေနဲ့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေကိုအသုံးချပြီ သူတို့ရဲ့ကျင့်ကြံဆင့်ကိုမြင့်တင်ဖို့အတွက် အများကြီးငွေကြေးကုန်ကြခံထားရတာ ဒီနည်းလမ်းတွေကလဲ သူတို့ရဲ့ဆိုးကျိုးတွေရှိတယ်လေ အနာဂတ်ရဲ့တိုးတက်မှုတွေကို သက်ရောက်စေနိုင်တယ်…ငါလဲသိပ်အများကြီးတော့မပြောနိုင်ဘူး ”

ရွှမ်ကျင့်၀မ်က ခပ်မြန်မြန်ထွက်သွားခဲ့ပါပြီ။ အခန်းထဲမှာ ဟို့ယွိဟောင်တစ်ယောက်သာကျန်ပါတော့တယ်။ သူလဲ အေးအေးဆေးဆေးတင်ပလ္လင်ခွေချိတ်ထိုင်နေရင်းနဲ့ တရားမှတ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ရွှမ်ကျင့်၀မ်ဆီနေ သင်ကြားထားသမျှအရာအားလုံးကို နားလည်ပြီခိုင်မာအောင် လုပ်ဖို့ကြိုးစားမနေပါဘူး။ အခန်းထဲမှာရှိနေတဲ့ တည်ဆောက်ပုံနဲ့ ဗျူဟာအခင်းအကျင်းတွေကိုသာ မှတ်မိအောင်လုပ်ဖို့ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ စာရွက်ပေါ်သွားပြီ ချမဆွဲရဲသေးပါဘူး။ ဒီနေရာမှာသူ့ရဲ့အပြုအမူတွေကို စောင့်ကြည့်ရေးကိရိယာတွေရှိမယ်ဆိုရင် ပြဿနာတက်သွားနိုင်သွားမယ်။

သူတစ်ခုခုစားဖို့အတွက် ကျောင်းစားသောက်ဆောင်ကို သွားတော့မဲ့အချိန်မှာပဲ တံခါးကပြန်ပွင့်လာခဲ့ပါတယ်။ ကျွီးကျင့်က ပြန်လာခဲ့ပါပြီ။

” အစ်မကြီးကျွီးကျင့် ”

ဟို့ယွိဟောင်ကတော့ အခုလိုမျိုးနှုတ်ဆက်ချိန်မှာ မောပန်းလို့နေခဲ့တယ်။ ကျွီးကျင့်က လက်တစ်ဖက်ကိုမြောက်ပြီတဲ့နောက် ဟို့ယွိဟောင်ဆီကို အစိုင်အခဲတစ်ခုခုပြုလုပ်ထားတဲ့ ကဒ်တစ်ကဒ်ထုတ်ပြလိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီကဒ်ကိုဟို့ယွိဟောာင်ဆီပြစ်လွှတ်လိုက်တဲ့အတွက် သူလဲဖမ်းလိုက်တယ်။

” တကယ်ပဲ ပြဿနာများလိမ့်တာ ဆရာရွှမ်က နင့်ကိုဒီကဒ်ပေးစေချင်နေတယ်…ဒါကိုသာရထားမယ်ဆိုရင်စမ်းသပ်ခန်းထဲကိုနင်အ၀င်အထွက်လုပ်လို့ရတယ်…ငါတို့ဒီနေရာမှာ ဘာစည်းမျဥ်းစည်းကမ်းမှတော့မရှိဘူး…ဒီတော့ အကယ်၍ နင်လုပ်စရာရှိတဲ့သုတေသနတွေရှိရင် ကိုယ်ဟာကိုယ်လုပ်လေ အကယ်၍ နားမလည်တာတစ်ခုခုရှိရင် ဆရာရွှမ်ကိုသွားရှာလိုက် ကောင်းပြီ ငါတရေးသွားအိပ်လိုက်ဦးမယ်…နေ့လည်မှာငါလဲ အလုပ်ပြန်လုပ်မှာ ”

သူပြောရင်းနဲ့ သမ်းဝေနေခဲ့ပါတယ်။ အဲ့ဒီနောက် လှည့်ထွက်ရင်းထွက်ပေါက်ဆီကို လျှောက်သွားခဲ့ပါပြီ။ အဲ့ဒီနောက် တစ်လှမ်းနှစ်လှမ်းလှမ်းပြီချိန်မှာ သူပြန်လှည့်လာခဲ့တယ်။

” ဟို့ယွိဟောင် နင်ငါရဲ့လိမ္မော်သီးတွေကို ခုနတုန်းက ဘယ်လိုများအများကြီးဖမ်းမိသွားတာပဲ ”

” ကျွန်တော်တို့မျိုးနွယ်ရဲ့နည်းလမ်းတစ်ခုကြောင့်ပါ ”

” နင်ကဘယ်မျိုးနွယ်ကလဲ ”

” ထန်မျိုးနွယ်ကပါ ”

ကျွီးကျင့်ကတော့ ဒါကိုမကြားဖူးတဲ့ပုံစံပါပဲ။

” ငါအဲ့ဒီနာမည်ကို မကြားဖူးဘူး ပျော်စရာကောင်လား ”

” မျိုးနွယ်စုတစ်ခုဆိုတာက ပျော်စရာကောင်းတယ်လို့ပြောလို့မရဘူး အစ်မကြီး ”

” ပျော်စရာမကောင်းဘူးဆိုရင်ထားလိုက်တော့ ငါသွားပြီ ”

သူပြောပြီတဲ့နောက် ဒီအတိုင်းထွက်သွားပါတော့တယ်။

ဟို့ယွိဟောင်လဲ ရိုးရှင်းတဲ့နေ့လည်စာကိုသာစားခဲ့ပြီ နေ့လည်စောစောမှာပဲ ပြန်လာခဲ့ပါတယ်။ ဒီအခန်းထဲမှာ ရွှမ်ကျင့်၀မ်ရော ကျွီးကျင့်ပါရှိမနေခဲ့ပါဘူး။ မနက်တုန်းက ရွှမ်ကျင့်၀မ်ရဲ့ အကြံပြုချက်ကို သူမှတ်မိလိုက်ပါတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်တွေကို စတင်ပြီ စမ်းသပ်ဖို့အတွက် သူစတင်တော့တယ်။ ပထမဆုံးအနေနဲ့ အရမ်းကိုတန်ဖိုးကြီးလွန်လှတဲ့ ၀ိညာဥ်လက်နက်တစ်ခုဖြစ်တဲ့ အဆင့်လေးနို့ပုလင်း၀ိညာဥ်လက်နက်ကို စတင်ပြီပြုလုပ်ဖို့အတွက် ကြိုးစားကြည့်နေပါပြီ။

နို့ပုလင်းလိုမျိုး ၀ိညာဥ်လက်နက်တွေက အမြဲတမ်း၀ယ်လိုအားမြင့်မားပါတယ်။ သူ့ရဲ့တစ်ခုတည်သောပြဿနာကတော့ ထွင်းထုရတာအခက်အခဲဆုံးပါပဲ။ သူ့ရဲ့ဗျူဟာက အရမ်းကိုရှူပ်ထွေးလွန်လှသလို ဟို့ယွိဟောင်အနေနဲ့ ဒီရှုပ်ထွေးတဲ့ဗျူဟာတွေကို ရိုးရှင်းအောင်လုပ်ဖို့အတွက် ကြိုးစားကြည့်နေခဲ့တယ်။

မိနစ်သုံးဆယ်နီးပါးသူအာရုံစိုက်နေတဲ့အချိန်မှာပဲ သူမျက်လုံးထဲ၀င်လာခဲ့ပါတယ်။ ဟို့ယွိဟောင် ၀ိညာဥ်လက်နက်လုပ်နေတာကို သူမြင်ချိန်မှာသူလဲအာရုံမစိုက်ပါဘူး။ တခြားတစ်ဖက်ကိုသာ လျှောက်သွားခဲ့ရင်း သူလဲသူအလုပ်သူလုပ်နေခဲ့ပါတယ်။ သူလဲဗျူဟာတစ်ခုကို ဖန်တီးနေတာပါ။

ဟို့ယွိဟောင်ရဲ့အာရုံခံနိုင်စွမ်းတွေက အရမ်းကိုစူးရှထက်မြက်လွန်ပါတယ်။ သူမ၀င်၀င်လာချင်မှာပဲ သူ့ရှိနေမှန်းကိုချက်ချင်းသိလိုက်တယ်။ ဒါကြောင့် သူ့အစ်မကြီးရဲ့လှုပ်ရှားမှုတွေအားလုံးကို စောင့်ကြည့်ဖို့အတွက် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုပြီး စတင်စောင့်ကြည့်နေခဲ့ပါပြီ။

ရွှမ်ကျင့်၀မ်ကို သူအခုလက်ရှိအချိန်မှာ အမြင်ကောင်းရှိနေပေမဲ့ တကယ်တမ်းတန်ဖိုးကြီးတဲ့ အသိပညာတွေကို လက်ခံရရှိဖို့အတွက် ခက်ခဲမယ်ဆိုတာ သိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက အမျက်ဒေါသကျောင်းတော်က လာသူဖြစ်နေလို့ပါပဲ။ ဒါကြောင့် သင်နိုင်သမျှအရာအားလုံးကို သင်နိုင်တဲ့နည်းလမ်းနဲ့ သင်ယူရမှာပါ။

ကျွီးကျင့်အပေါ်မှာ ဟို့ယွိဟောင်ရဲ့ပထမဆုံးအမြင်ကတော့ ချစ်စရာကောင်းတယ်ဆိုတာပါပဲ။ ဒါ့အပြင် လှလဲလှပါသေးတယ်။ တစ်ချိန်ထဲမှာပဲ အရမ်းကိုပျင်းပျင်းရိရိနဲ့ အာရုံမစိုက်တဲ့ပုံစံပေါ်နေခဲ့တယ်။ မကြာခင်မှာပဲ ဒီတစ်ခေါက်၀င်လာတဲ့ကျွီးကျင့်ရဲ့ပုံစံက လုံး၀ကို တခြားသူတစ်ယောက်လိုဖြစ်နေမှန်း သူနားလည်သွားခဲ့ပါပြီ။ သူမက သူမတူအောင်ကိုအားရုံစူးစိုက်လို့နေခဲ့ပြီ သူ့လက်ထဲမှာရှိနေတဲ့ဗျူဟာကလွဲလို့ တခြားလောကမှာရှိရှိသမျှဘယ်အရာကိုမှ အာရုံမစိုက်တဲ့ပုံစံအတိုင်းဖြစ်နေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင် ဖန်တီးနေတဲ့အဆင့်လေးနို့ပုလင်းထက်တောင် ပိုပြီးရှုပ်ထွေးတဲ့ တစ်စုံတစ်ရာကိုသူဖန်တီးနေခဲ့တာပါ။ အဲ့ဒါကဘာလဲဆိုတာတောင် မသိနိုင်ခဲ့ပါဘူး။ သူ့မှာများပြားတဲ့မှတ်ဉာဏ်တွေရှိနေခဲ့ပေမဲ့ ချက်ချင်းစတင်ပြုလုပ်နေတဲ့အရာကိုတော့ ဘာမှန်မပြောနိုင်အောင်ဖြစ်နေခဲ့တယ်။

ကျွီးကျင့်ကတော့ အပြည့်အ၀အာရုံစိုက်နေသလို သူ့ဘေးမှာရှိနေတဲ့ ဟို့ယွိဟောင်ကိုလုံး၀မသိတော့အတိုင်း ဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့ဘယ်ဘက်လက်ကို ဆန့်ထုတ်ရင်းနဲ့ငွေဖြူရောင်သတ္ထုတစ်ခုကို ဆွဲယူပြီထွင်းထုရေးဓားနဲ့ စတက်ထွင်းထုနေတော့တယ်။ ဒီဓားကလုံး၀ကိုကြည်လင်တောက်ပနေတဲ့ အစိုင်အခဲတစ်ခုခုနဲ့ပြုလုပ်ထားပြီ လက်ကိုင်တွေကတော့ လိမ္မော်နီရောင်ရှိနေခဲ့ပါတယ်။ ဓားရဲ့အရောင်အသွေးက ထိပ်ဖျားကိုရောက်တဲ့အချိန်မှာ ပိုပိုပြီးတော့ဖျော့တော့လို့လာခဲ့တယ်။ လုံး၀ကိုကြည်လင်နေလွန်လို့ မမြင်ရသလောက်ပါပဲ။

ဒီထွင်းထုရေးဓားက သူမရဲ့လက်ချောင်းထိပ်မှာဖြတ်သန်းလှုပ်ရှားရင်း ကခုန်နေတဲ့ပုံစံက မီးလျှံတစ်လုံးနဲ့တောင်တူနေခဲ့သေးတယ်။

မတူညီတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက မတူညီတဲ့ဓားတွေကိုအသုံးပြုရင်း ဗျူဟာတွေကိုဖန်တီးကြတယ်ဆိုတာ ဟို့ယွိဟောင်ကောင်းကောင်းသိပါတယ်။ ဒါ့အပြင် ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးမှာ ကိုယ်ပိုင်ပြိုင်ဘက်ကင်းတဲ့နည်းစနစ်နဲ့ဟန်ပန်တွေရှိနေခဲ့တယ်။

ဟို့ယွိဟောင်က သူ့ဘာသာသူထွင်းထုနေရင်း ကျွီးကျင့်ရဲ့ပုံစံကို အတုခိုးလို့နေပါသေးတယ်။

ကျွီးကျင့်က ပေါ့ပါးပြီလျင်မြန်တဲ့ခံစားချက်ကို ပေးစွမ်းနေသလိုမျိုး မီးလျှံအလုံးတစ်လုံးနဲ့ အလုပ်လုပ်နေတဲ့အတိုင်းရှိနေခဲ့တယ်။ သူက သတ္ထုတုံးကိုတခဏတာ ထိတွေ့လိုက်ရုံနဲ့တင် အဲ့ဒီသတ္ထုပေါ်မှာ ပုံသဏ္ဍာန်တချို့က ပေါ်လာခဲ့ပါပြီ။ ဒါတင်မကသေးပဲ တစ်ချက်လေးတောင်မရပ်မနားပဲ လှုပ်ရှားနေခဲ့တာပါ။ ဒီသဘာ၀ကျတဲ့ လှုပ်ရှားမှုက ဆက်တိုက်ဆိုသလို တစ်ကျီကျီမြည်သံတွေကို ထွက်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် သတ္ထုတွေရဲ့ ဖြတ်ထုတ်ခံလိုက်ရတဲ့အစိတ်အပိုင်းတွေအားလုံးက အပြင်ကိုလုံး၀ပြန့်ထွက်သွားတာမရှိပဲနဲ့ ထူးထူးခြားခြားပြန်လည်​ပေါင်းစည်းလို့သွားနေခဲ့တယ်။ တကယ်ကိုလက်ရာမြောက်လွန်တဲ့ လက်မှုပညာတစ်ခုလိုပုံစံနဲ့ သူမက လှုပ်ရှားနေခဲ့တာပါ။

တစ်ယောက်ကထိုင်နေခဲ့ပြီ နောက်တစ်ယောက်ကတော့ မတ်တပ်ရပ်နေခဲ့ပါတယ်။ တစ်ယောက်က တိတ်တဆိတ်နဲ့ထွင်းထုနေခဲ့သလို နောက်တစ်ယောက်ကတော့ ဘေးကနေသာစောင့်ကြည့်လို့နေခဲ့တယ်။ ဒီလိုနဲ့အချိန်တွေက ဆက်တိုက်ဆိုသလို ကုန်ဆုံးလို့သွားခဲ့ပါပြီ။

ညအမှောင်ရောက်လာချိန်မှာတော့ ချက်ချင်းဆိုသလို မီးရောင်ခပ်ဖျော့ဖျော့က စမ်းသပ်ခန်းထဲမှာလင်းလက်လို့လာခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ကျွီးကျင့်ပါ ဒီအပြောင်းအလဲတွေကို မခံစားမိပါဘူး။ တစ်ယောက်ကအာရုံစိုက်ပြီ အလုပ်လုပ်နေသလို နောက်တစ်ယောက်ကလဲ တအံ့တဩနဲ့စောင့်ကြည့်လို့နေခဲ့ပါတယ်။

ဒီနှစ်ရဲ့ကြုံတွေ့ရသမျှအရာအားလုံးက ဟို့ယွိဟောင်ရဲ့ ခေါင်းအစခြေအဆုံးမှတ်ဉာဏ်တွေထဲကို စီး၀င်လို့နေခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်ရဲ့ ၀ိညာဥ်လက်နက်စည်းမျဥ်းတွေကို မနက်မှနားထောင်ခဲ့ရသလို နေ့လည်မှာကတော့ နာရီပေါင်းများစွာကြာတဲ့အထိ မတ်တပ်ရပ်ရင်းနဲ့ သူများရဲ့နည်းစနစ်ကိုစောင့်ကြည့်လို့နေခဲ့ပါတယ်။

ဒါကအတွေးအခေါ်နဲ့ လက်တွေ့လေ့ကျင့်မှုကို ပေါင်းစည်းတာနဲ့အတူတူပါပဲ။ ကျွီးကျင့်က သူ့ကိုစိတ်လှုပ်ရှားစရာကောင်းပြီ တန်ဖိုးရှိတဲ့လက်တွေ့သင်ခန်းစာပေးနေခဲ့တယ်။ ရွှမ်ကျင့်၀မ် မနက်တုန်းက ပြောခဲ့တဲ့ စကားတွေကိုသူမရဲ့လှုပ်ရှားမှုက ပြန်အတည်ပြုချက်ပေးနေသလိုပါပဲ။ ဟို့ယွိဟောင်အတွက်တော့ သင့်တော်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ တံခါးအသစ်ကပွင့်လာခဲ့ပါပြီ။

အချိန်အကြာကြီးကြာပြီမှသာ ကျွီးကျင့်က သက်ပြင်းရှည်ကြီးကိုချရင်း ပြောလာခဲ့ပါတယ်။

” နောက်ဆုံးတော့ပြီးသွားပြီပဲ ”

သူမရဲ့လက်ထဲမှာ ရှိနေခဲ့တဲ့သတ္ထုအပိုင်းအစလေးက လေးထောင့်ပုံသဏ္ဍာန်ဗျူဟာအခင်းအကျင်းဖြစ်လာပါတော့တယ်။ ဒေါင်လိုက်နဲ့ အလျားလိုက်လှိုင်းတွေအားလုံးက စည်းချက်ကျကျရှိနေခဲ့ပြီ ဒါတွေအားလုံးကို လူကိုယ်တိုင်ဖန်တီးထားတာ ဟုတ်မယ်ဆိုရင်တောင် ဟို့ယွိဟောင်ကိုယ်တိုင်မမြင်ရသရွေ့ယုံမှာတောင်မဟုတ်နိုင်ပါဘူး။

” အစ်မကြီးတခြားကိရိယာတွေကို ဘာကြောင့်မသုံးတာလဲ ”

ဟို့ယွိဟောင် ပထမဆုံးအနေနဲ့သူပြောလာခဲ့ပါတယ်။

ကျွီးကျင့်ကတော့ ချက်ချင်းဆိုသလို အလန့်တကြားထအော်ရင်းနဲ့ သူတစ်ကိုယ်လုံးလဲလိမ္မောနီရောင်အလင်းတန်းတွေ တောက်ပလာပြီမရေမတွက်နိုင်တဲ့လိမ္မော်သီးတွေကလဲ ဟို့ယွိဟောင်ဆီကို ပြေး၀င်လာနေခဲ့ပါပြီ။ ဒီလိမ္မော်သီးတွေက မုန်တိုင်းတစ်ခုလိုမျိုးဟို့ယွိဟောင်ဆီကို ပြေး၀င်လို့လာရင်းတိုက်ခိုက်ပါတော့တယ်။

သူမအနေနဲ့ ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းတုန့်ပြန်လာမယ်လို့ ဟို့ယွိဟောင် မမျှော်လင့်ထားခဲ့မိပါဘူး။ ဒါပေမယ့် သူ့ရဲ့တိုက်ပွဲအလိုအလောက်အသိစိတ်က ချက်ချင်းဆိုသလို တုန့်ပြန်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးမှာစိန်ပွင့်နဲ့တူညီတဲ့ အစိုင်အခဲတွေက ဖုံးလွှမ်းလို့သွားခဲ့ပြီ ရှိရှိသမျှလိမ္မော်သီးတွေအားလုံးကို ချိုးချေပြစ်လိုက်ပါတယ်။ လိမ္မော်သီးတွေက သူ့ကိုနောက်တစ်လှမ်းတောင် မဆုတ်သွားစေခဲ့ပါဘူး။ ဒါ့အပြင် ရေခဲဧကရီရဲ့သံချပ်ကာကို မထွင်းဖောက်နိုင်ပဲ အားလုံးကဘေးပတ်လည်ကို ပြန့်ကျဲလို့သွားပါတော့တယ်။

ထူးဆန်းတဲ့လိမ္မော်သီးဆယ်လုံးကျော်က သူ့ခန္ဓာကိုယ်ပေါ်မှာတိတ်တဆိတ်လာကပ်နေတာကိုမြင်လိုက်တဲ့အတွက် ဟို့ယွိဟောင်မျက်မှောင်ကြုတ်သွားခဲ့ရတယ်။ သူက မခန့်မှန်းနိုင်တဲ့အန္တရာယ်ကြားထဲမှာရောက်သွားသလိုပါပဲ။

ဒီလိုအာရုံခံနိုင်စွမ်းကြောင့် ချက်ချင်းဆိုသလို သူအကဲဖြတ်လိုက်ပါပြီ။ ခန္ဓာကိုယ်ရဲ့အနောက်ဖက်မှာ မြစိမ်းရောင်အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် ဒီအလင်းတန်းတွေက သူခန္ဓာကိုယ်ရဲ့အပြင်ဆီကို ပေါက်ကွဲထွက်လာပါတော့တယ်။

ပတ်ပတ်လည်ဆယ်မီတာမှာရှိသမျှအရာအားလုံးက အေးခဲလို့သွားခဲ့ပါပြီ။ ကျွီးကျင့်လဲ အဲ့ဒီနေရာမှာရှိနေခဲ့ပြီ ဟို့ယွိဟောင်ကိုအထိတ်တလန့်နဲ့ ကြည့်နေခဲ့တယ်။ လိမ္မော်သီးတွေကတော့ ကောင်းကင်မှာ၀ဲပျံနေဆဲပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်းကြီးကို တိတ်ဆိတ်ပြီရပ်တန့်လို့နေခဲ့တယ်။

မကြာခင်မှာပဲ လိမ္မော်သီးတွေက မြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပြီ မီးရှုးမီးပန်းတွေလိုမျိုးအော်မြည်ရင်းနဲ့ မြေပြင်နဲ့ရိုက်ခတ်ပါတော့တယ်။ သူတို့တွေအားလုံးက မြေပြင်ပေါ်မှာကျောက်တုံးတွေနဲ့ ထိမိတဲ့အသံလိုမျိုးပြုလုပ်နေခဲ့ကြတယ်။

ဟို့ယွိဟောင် ပထမဆုံးသူ့ရဲ့ခန္ဓာကိုယ်ကို သေချာအကဲခတ်ကြည့်ပါတယ်။ သံချပ်ကာပေါ်မှာကပ်နေခဲ့တဲ့လိမ္မော်သီးတွေက ဆယ်လုံးနီးပါးရှိနေဆဲပါ။ ဒါပေမယ့် အားလုံးက ရေခဲတုံးတွေဖြစ်ကုန်ကြပြီ သူတို့ရဲ့မူလအစွမ်းသတ္တိကလဲ သူ့ရဲ့အဆုံးစွန်းရေခဲကြောင့် ဖျက်ဆီးခံလိုက်ရပါတယ်။

အပိုင်း ၁၅၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset