Switch Mode

Chapter – 30

Chapter – 30

လီကျန်းချင်က ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး​နောက် လှောင်ပြောင်သလို အမူအရာမျိုးဖြင့် ပြောလိုက်သည်။
“ဒါက လျိုယီယီနဲ့ ဝမ်ယမ်ကြားက ကိစ္စဘဲ။ သူတို့ လဲချင်ရင် သူတို့ဘာသာ လဲကြပါစေ။ ယဲ့ဖန်း မင်းကဘာလို့ ဒီလောက်ထိ ဝင်ရှုပ်နေရတာလဲ။”
ဖြန်း …။
ယဲ့ဖန်းက အပိုစကားပြောမနေတော့ချေ။ သူက တိုက်ရိုက်ပင် ဝမ်ယမ်ကို​ ယမ်းလိုက်လျက် လီကျန်းချင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ထိုအသံက လူတိုင်းကိုပင် အံ့ဩသွားစေခဲ့သည်။ လီကျန်းချင်က ကြောက်လန့်သွားသောကျီးကန်းတစ်ကောင်လို နှစ်မီတာခန့်အထိ လွင့်ထွက်သွားသည်။ စိတ်ကူးယဥ် ကြည့်ရုံဖြင့်ပင် ထိုရိုက်ချက်က မည်မျှပြင်းကြောင်း သိနိုင်သည်။
သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။ မျက်နှာတစ်ဝက်က ချက်ချင်းလိုလို ယောင်တက်လာပြီး နှုတ်ခမ်းမှပင် သွေးများက ကျလာသည်။ သူ၏စိတ်ကပင် မူးဝေသွားသည်။ အချိန်တစ်ခုကြာမှသာ သူကဒေါသတကြီးအော်နိုင်သည်။
“ဟဲ့ကောင် …။ ”
ယဲ့ဖန်းက သူကိုပင် လှည့်မကြည့်ချေ။ သူ၏ နှလုံးသားက တစ်ဖက်လူကို မသိသလိုသာ လျစ်လျူရှုထားလိုက်သည်။
“ငါ့ကို ပေးစမ်း … ။”
ယဲ့ဖန်းက ထိုစကားကိုသာ ထပ်ပြောသည်။ သူက လျှိုယွန်ကျစ်နှင် ဝမ်ယမ်ကို တည်ငြိမ်စွာ ကြည့်နေသည်။
လီကျန်းချင်က ရုန်းကန်ကာ ထရပ်လာသည်။ သူ၏ ဒေါသများက အထိတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ သူက ခပ်မြန်မြန်အပြေးလာပြီးနောက် ယဲ့ဖန်၏ အင်္ကျီကော်လံကို ဆွဲတော့မည့်အချိန်တွင် သူက ကံဆိုးစွာဖြင့် အစွန်းနားကိုပင် မကိုင်နိုင်ခဲ့ချေ။
ယဲ့ဖန်းက လက်နောက်ပစ်ပြီး အခြားပါးတစ်ဖက်ကို ထပ်ရိုက်လိုက်သည်။ သူက လှည့်ပင်မကြည့်သေးချေ။ သို့သော်လည်း တစ်ဖက်က လွင့်ထွက်သွားရပြန်သည်။
ဒါက ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ခြင်း ဖြစ်ပြီး အားကလည်း ထူးဆန်းလောက်အောင် များပြားလွန်းနေသည်။ လီကျန်းချင်က လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။ သူက သစ်ပင်ကြီး တစ်ပင်နှင့်ပင် ဆောင့်မိသွားပြီး မှင်သက်သွားရသည်။
“ငါ့ကိုပေး … ။”
ယဲ့ဖန်းက ထိုစကားနှစ်လုံးကို ထပ်ပြောသည်။ သူက ဝမ်ယမ်နှင့် လျှိုယွမ်ကျစ်ကို တည်ငြိမ်စွာကြည့်သည်။ ဒီတစ်ကြိမ်တွင် လျှိုယွမ်ကျစ်နှင့် ဝမ်ယမ်က အလွန်မှင်သက်နေသည်။ သူမ၏ မျက်ဝန်းက အကြည့်ချင်း ရှောင်ရန်ကြိုးစားသည်။ သူမက ယဲ့ဖန်းကို ပြန်မကြည့်ရဲတော့ဘဲ ဘေးဘက်သို့ အကြည့်လွှဲလိုက်ပြီး ​အ​ကြောင်းအရာများကို ပြောင်းကာ ပြောသည်။
“ငါ ငါ ပြန်မပေးဘူးလို့ မပြောထားပါဘူး။ ငါ ဒီအတိုင်း ယီယီနဲ့ အမြဲဆွေးနွေးနေတာပါ။”
ကံဆိုးစွာဖြင့် သူမက လုံလောက်သော ယုံကြည်ချက် ရှိမနေခဲ့ချေ။ သူမက စကားကို ရပ်လိုက်ပြီးနောက် အကြောင်ူအရာကို ပြောင်းသည်။
“ယီယီ …။ ယီယီက ပြန်ပြောင်းချင်တယ် ဆိုမှတော့လည်း ငါက ပြန်ပေးလိုက်မယ် ဟုတ်ပြီလား။”
သူမက ပြောပြီးနောက် လက်ကောက်ဝတ်မှ ပုတီးကို ချွတ်လိုက်ကာ ယဲ့ဖန်းကို ပြန်ကမ်းပေးတော့မည့် အချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေသော လျှိုယွမ်ကျစ်က ဝင်ပြောလာသည်။
“ယဲ့ဖန်း မလွန်လာနဲ့။ လီကျန်းချင်ကို မင်းက ဘာလို့ ထင်နေတာလဲ။”
ထိုအချိန်တွင် လီကျန်းချင်က နောက်ဆုံးတွင် အသိပြန်ဝင်လာပြီဖြစ်သည်။ သူက ချက်ချင်းလိုလို လှမ်းအော်သည်။ သူက တစ်ဖန်ခုန်ဝင်လာတော့မည့် အချိန်တွင် ဘေးဘက်မှ ဖန်းပေါ်က အထင်တသေး နှုတ်ခမ်းများ ကော့တွန့်စွာ ပြုံးလိုက်ပြီး ဝင်ပြောလိုက်သည်။
“မင်းက အရှက်ကွဲချင်နေတာဘဲ။ မင်း ငါ့ကို ယုံလား မယုံလား မသိပေမဲ့ မင်း မယုံရင် ငါ့ဆီ ပြေးလာလို့ရတယ်။”
ထိုစကားကို ကြားသောအခါ လီကျန်းချင်က ချက်ချင်းလိုလို ရပ်တန့်သွားသည်။ သူက သိပ်မဝေးသော နေရာမှ အော်နေသော်လည်း နောက်ထပ်ရှေ့တစ်လမ်း မတိုးတော့ချေ။
“လီကျန်းချင်ကို ဘာလို့ အဲ့လိုလုပ်ရတာလဲ။”
လျှိုယွမ်ကျစ်က ယဲ့ဖန်းကို ပြောသည်။
“ဟုတ်တယ်။ မင်း ဘာလို့ ငါ့ကို ရိုက်တာလဲ။”
လီကျန်းချင်က ဒေါသတကြီး အော်သည်။
“ယင်းကောင်တစ်ကောင်နဲ့ ငါက အကြောင်းပြချက် ပြောပြီး ရှင်းပြနေစရာ လိုအပ်လား။”
ယဲ့ဖန်းက ပြောသည်။
“မင်း မင်း ဘာပြောတာလဲ … ။”
ထိုအချိန်တွင် လီကျန်းချင်၏ ပါးများက နှစ်ဖက်လုံး ယောင်ကိုင်းနေပြီဖြစ်ပြီး ဒေါသထွက်လွန်းသဖြင့် သွေးတစ်လုတ်အန်လိုက်ရသည်။
ယဲ့ဖန်းက လျှိုယွမ်ကျစ်ကို ကြည့်နေကြောင်း သူရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ယဲ့ဖန်းက သူကို တစ်ချက်ပင်မကြည်ခဲ့ချေ။ သူက လီကျန်းချင်နှင့် ငြင်းခုံရန်ပင် ပျင်းရိလွန်းနေခဲ့သည်။ ထိုအချက်က သူ၏မာနကို အလွန်ထိခိုက်သည်။ ယဲ့ဖန်းက ညာလက်ကို ဆန့်လိုက်သည်။ ဝမ်ယမ်က ချက်ချင်းလိုလို သူ၏ပုတီးကို ထည့်ပေးသည်။ သူမက သူ့ကို ကြည့်ပင်မကြည့်ရဲဘဲ နောက်သို့ခြေလှမ်းအနည်းငယ် ဆုပ်သွားသည်။
” ဒီနှစ်တွေထဲမှာ ယီယီရဲ့ဘဝက အခြေအနေမကောင်းဘူးဆိုတာ ငါတို့အားလုံး သိထားကြတယ်။ ယီယီက ပြင်းထန်တဲ့ ထိုးနက်ချက်ကို ခံထားရတာ။ သူမရဲ့ အကျင့်စရိုက် စိတ်ပိုင်းဆိုင်ရာ အခြေနေတွေက အရင်နဲ့မတူတော့ဘဲ ပြောင်းလဲသွားပြီ။ သူမက အရမ်းအားနည်းနေပြီး ယုံကြည်မှုလည်း မရှိဘူး။ ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာမျိုးက အချိန်အတန်ကြာ ညှိယူဖို့ လိုအပ်သေးတယ်။ မင်းက ကိုယ့်ကိုကို ထိန်းသိမ်းပြီး အားရုံစိုက်ဖို့ မျှော်လင့်တယ်။ ဒီလိုအခြေနေမျိုးတွေ နောက်ပိုင်း အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့။ အရမ်း အရှက်မဲ့ မလာနဲ့။”
ယဲ့ဖန်းက လျှိုယွမ်ကျစ်ကို ကြည့်ရင်း ဝမ်ယမ်ကို ပြောကာ သတိပေးလိုက်သည်။
သူက ပြင်းထန်သော စကားလုံးများသုံးကာ ပြောလာကြောင်း ကြားလိုက်သောအခါ ဝမ်ယမ်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမက အလွန်ဒေါသထွက်ကာ ရှက်ရွံ့သွားသည်။ သို့တိုင်အောင် ပို​၍ ကြောက်သွားမိသည်။ သူမက ခြေလှမ်းအနည်းငယ် ထက်ဆုပ်လိုက်ပြီး မည်သည့်စကားမှ မဆိုရဲတော့ချေ။
“ယဲ့ဖန်း မင်း မလွန်လွန်းလာနဲ့။”
လျှိုယွမ်ကျစ်၏ အသံက တုန်မှုန်လာသည်။
အခြားသူများကလည်း ထိုအခြေနေကို မြင်သော် ဘာစကားမှ မပြောလာကြချေ။ ယဲ့ဖန်းက နောက်လှည့်ပြီး ထွက်သွားတော့မည့် အချိန်တွင်ပင် သူက လက်သီးကိုမြှောက်ပြီး လျှိုယွမ်ကျစ်၏ မျက်နှာကို ပြေးထိုးလိုက်​ကြောင်း မြင်လိုက်ရသည်။
ချက်ချင်းလိုလို လျှိုယွမ်ကျစ်၏ နှာခေါင်းနှင့်ပါးစပ်က သွေးများစီးကျလာသည်။ သူ၏မျက်နှာက နီရဲလာကာ မြေပြင်ပေါ်သို့ လည်းကျသွားသည်။
“မင်း…”
သူအနေဖြင့် ယဲ့ဖန်းက သူကို စတင်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိချေ။
“ငါ မင်းနဲ့ မငြင်းခုံခဲ့ဘူး။ ဒါမဲ့ မင်းက ငါ့ကို အမြဲရန်စနေခဲ့တယ်။ ငါ အရမ်း စိတ်သဘောထား ကောင်းလွန်းတယ်လို့ မင်းက ထင်နေတာများလား။”
ယဲ့ဖန်းက တစ်ဖက်သူကို ​တစ်ချက်ကြည့်လိုက်ပြီးနောက် အထင်သေးမှုအပြည့်ဖြင့် နောက်လှည့်သွားသည်။
” ယဲ့ဖန်း …။ ”
လျှိုယွမ်ကျစ်က အံကို ကြိတ်သည်။ သူက မြေပြင်တွင် လဲကျနေပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများကို သုတ်ကာ ပြောသည်။
“မင်း စောင့်နေ။”
ဖန်းပေါ်က ထိုစကားကို ကြားသောအခါ ချက်ချင်းလိုလို အပြေးလာသည်။ သူက ခြေထောက်ကို မြှောက်ကာ ဆောင့်ကန်လိုက်ပြီးနောက် ပြောသည်။
“ဘယ်သူက ဘယ်သူ့ကို စောင့်ရမှာလဲ။ မင်း ဘာလုပ်ချင်လဲ။ လာစမ်းပါ။ ပြောစမ်းပါ။”
ဗမ်း ဗမ်း ဗမ်း …။
သူက လျှိုယွမ်ကျစ်ကို ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ကန်ကျောက်နေခဲ့ပြီးနောက် အဝေးသို့ လွင့်ထွက်သွားစေသည်။ အဆုံးတွင် လျှိုယွမ်ကျစ်က မေ့သွားသည်။ အခြားသူများကလည်း အရာအားလုံးကို ဘေးဘက်မှ ကြည့်နေခြင်းဖြစ်သည်။ မည်သူကမှ ဖြေရှင်းရန် မကြိုးစားကြချေ။
အကြောင်းမူကား လျှိုယွမ်ကျစ်ကို သဘောမကျသောသူများသောကြောင့် ဖြစ်သည်။ ယခင် ပတ်ဝန်းကျင်တွင်ဆိုလျှင် အဆင်ပြေသော်လည်း ယခုလောကသစ်တွင်မူ သူ၏နောက်ခံဆိုသောအရာကို ဂရုစိုက်ရန်မလိုချေ။ ထို့အပြင် လျှိုယွမ်ကျစ်၏ ဘက်မှလူနှစ်ယောက်ဆ သုံးယောက်ဆက ပြောချင်​ကြသော်လည်း ယဲ့ဖန်းက သူ၏ထက်မြက်မှုကို ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း သိလိုက်ရပြီး တိတ်ဆိတ်နေကြသည်။ သူကိုမူ ရန်မစလျှင် အကောင်းဆုံးဖြစ်သည်။
“အားလုံးလည်းမြင်တာဘဲ…”
လီကျန်းချင်က အခြေနေကို နားမလည်သေးချေ။ သူက အော်ပြီး ပတ်ဝန်းကျင်မှ လူများကို လှမ်းအော်ပြောသေးသည်။
ဖန်းပေါ်ကလွဲပြီး မည်သူကမှ သူကို အာရုံမစိုက်​ကြချေ။ ဒီတစ်ကြိမ်တွင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီးနောက် လီကျန်းချင်ကို ကန်ထုတ်ကာမေးသည်။
“ငါ မြင်တယ် ငါ မြင်တယ် ဘာဖြစ်လဲ … ။”
ဗုန်း ဗုန်း ဗုန်း …။
ခြေထောက်ကြီးက သဲအိတ်တစ်ခုကို ကန်နေသလိုမျိုး လီကျန်းချင်ကို ဝက်သေတစ်ကောင်လို ကန်ကြောက်ခြင်းအားဖြင့် သူ့ကို လှိမ့်ထွက်သွားပြီ ငယ်သံပါအောင် အော်စေသည်။
လူအုပ်က ထိုအချက်ကြောင့် ဆက်မနေကြတော့ဘဲ ကိုယ့်လမ်းကို ဆက်သွားကြသည်။ ဝမ်ယမ်က လျှိုယွမ်ကျစ်နှင့် လီကျန်းချင်ကို ထူမပေးပြီးနောက် အဖွဲ့၏ နောက်ဆုံးမှ ရပ်လိုက်ကြသည်။
ထိုအချိန်တွင် လျှိုယွန်ကျစ်နှင့် လီကျန်းချင်တို့က အံကိုကျိတ်နေကြသည်။ ယခုလေးတင် သူတို့က မျက်နှာပျက်ခဲ့ရသည်။ ဒါက အရှက်ကွဲခြင်းမျိုး ဖြစ်သည်။
တစ်ချိန်ထဲတွင်ပင် သူတို့က သွေးအန်ချင်စိတ်ပေါက်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့၏ ယခင်အပြုအမူများကို ယဲ့ဖန်းက အတည်မပြုခဲ့ကြောင်း သေချာသွားသည်။ သူက စိတ်ထဲပင် မထားခဲ့လောက်ချေ။ သူက သူတို့၏ လုပ်ဆောင်မှုများကို ဂရုပင်မစိုက်ခဲ့လောက်ချေ။
ထိုသို့သော အထင်သေးခံရသည့် အချိန်မျိုးတွင် သူတို့ကို လူပျက်ထက် မပိုကြောင်း ပြောနေသလိုဖြစ်​နေသည်။ တစ်ဖက်လူက သူ့တို့ကို အာရုံစိုက်ရန်ပင် ပျင်းရိနေခဲ့သည်။ သူက စိတ်ရှုပ်လာချိန်မှသာ ယင်ကောင်တစ်ကောင်ကို ရိုက်သလို ရိုက်ချလိုက်သည်။ သူတို့ကို လူလို့ပင် မသတ်မှတ်ချေ။
အကြီးမားဆုံးသော ထိုးနှက်ချက်က ထိုအချက်ဖြစ်သည်။ သူတို့ကို ခွေးများ၊ ကြောင်များလို ဆက်ဆံပြီး ပြိုင်ဘက်ဟုပင် မသတ်မှတ်ခဲ့ချေ။
တစ်နာရီခန့် ကြာပြီနောက် လူအုပ်က တောင်ပို့တစ်ခုကို တက်လိုက်ကြသည်။ အဝေးမှ မြင့်မားသော တောင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်​နေရပြီဖြစ်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး သားရဲဟိန်းသံများက ကျယ်သည်ထက်ကျယ်လာသည်။ သူတို့က အပျက်အစီး ရှေးဟောင်းတားမြစ်နယ်​မြေမှ ထွက်နိုင်တော့မည် ထင်နေကြသည်။
“ရှေ့ကို နည်းနည်းလောက် ဆက်သွားပြီးမှ နားရအောင်။”
သူတို့က နေ့တစ်ဝက်ကြာအောင် တောင်တန်းအတွင်း တောက်လျှောက် ခရီးဆက်နေခဲ့ခြင်းဖြစ်ရာ လူတိုင်းက ပင်ပန်းနေလေပြီ။
နောက်ထပ် တစ်တောင်ထိပ်သို့ ရောက်သောအခါ လူအုပ်က ပတ်ဝန်းကျင်တွင် ပေါ်လာသောငှက်များကို မြင်လိုက်ရသည်။ သိပ်မကြာခင် သက်ရှိလောကအတွင်းသို့ ဝင်ရောက်လာသလို ခံစားလိုက်ရသည်။
ထိုငှက်များ၏ တေးဆိုသံများ၊ အော်ဟစ်သံများ၊ သားရဲများ၏ ဟိန်းသံများက စည်ကားနေသည်။ အပင်များကလည်း အသက်ဓာတ် အပြည့်ရှိနေသလို တောက်ပနေသည်။ အထီးကျန်ဆန်သော ခံစားချက်မျိုးလည်း မရှိချေ။
“ဒီမှာ ယုန် ရှိတယ် … ။”
“ဒီမှာ ခွေးတူဝက်တူ ရှိတယ် .. ။”
လူတိုင်းက တောရဲကောင်များကို မြင်သောအခါ သရေကျလုနီးပါး ဖြစ်လာကြသည်။ သစ်သီးရိုင်းများကို စားရသောဘဝမှာ ဆိုးရွားသည်။
“ကျောက်တုံးနံရံပေါ်မှာ စာတွေရှိနေတာဘဲ .. ။”
ထိုအချိန်တွင် လူတစ်ယောက်က ကျောက်တုံးနံရံတစ်ခုပေါ် တွင် ရှာတွေ့သွားသည်။ ကြီးမားသော ကျောက်တုံးနံရံကြီးပေါ်တွင် ရှေးဟောင်းစကားလုံးလေးများကို ရေးထိုးထားသည်။
ပထမဆုံးစကားလုံးသုံးလုံးကို လူတိုင်းက မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ဒါက လူသူကင်းမဲ့သော ရှေးဟောင်းတားမြစ်နယ်မြေဖြစ်သည်။ လေးလုံးမြောက် စကားလုံးကမူ မြေကမ္ဘာဟု နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်သည်။
“ဘာလို့ ဒီစကာလုံးလေးလုံးကို မြင်ဖူးနေတာလဲ။ ငါတို့ တားမြစ်နယ်မြေထဲက မထွက်ရသေးတာလား။”
“မဟုတ်ဘူး။ ဒါက ငါတို့ထွက်လာတယ်ဆို သက်သေပြနေတာ။ ဒါက နယ်စပ်ဖြစ်နိုင်တယ်။ ငါတို့ နောက်ဆုံးတော့ လွတ်နိုင်သွားပြီ။”
“ခဏလောက် နားရအောင်။ ငါတို့ သိပ်မကြာခင် လူတွေ တွေ့ရတော့မယ်လို့ ယုံကြည်တယ်။”
လူအုပ်ထဲတွင် နှစ်ယောက်ခန့် သုံးယောက်ခန့်က အဖွဲ့ငယ်လေးအဖြစ် ပြောင်းနေသည်။ အားလုံးက ထိုင်ချပြီးနောက် ဒီနေရာက ထွက်သွားပြီးနောက် လုပ်ရမဲ့အရာများကို ဆွေးနွေးနေကြသည်။ သူတို့က ခွဲရတော့မည်မှာ သေချာသည်။
“လျှိုယွမ်ကျစ်တို့တွေ ဘာလုပ်နေလဲ ငါ သွားကြည့်လိုက်မယ်။ ဘာလို့ သူတို့က သံသယဝင်စရာ ကောင်းနေတယ်လို့ ငါ ခံစားမိနေရပါလိမ့်။”
ထိုသို့ပြောပြီးနောက် ဖန်းပေါ်က မတ်တပ်ထရပ်ကာ တောအုပ်ထဲသို့ လျှောက်သွားသည်။
သိပ်မကြာခင် ဖန်းပေါ်က ချက်ချင်းပြန်လာပြီးနောက် ယဲ့ဖန်း၏နား နာကကပ်ကာ တိုးတိုးလေးပြောသည်။
“ငါတို့ ဒီနေရာက ထွက်ခွာရတော့မယ်။ လူတိုင်းကလည်း လမ်းခွဲရတော့မှာ သေချာနေတယ်။ ဒီလိုလျှို့ဝှက်ဆန်းကျယ်တဲ့နေရာမှာ နတ်ဘုရားတွေ ထာဝရ ရှင်သန်သူတွေတောင် ရှိနေနိုင်သေးတယ်။ နောက်မှာ ဒီတိုင်းထားခဲ့ပြီး အဲ့ဒီသုံးယောက်က အောင်လံရသွားရင် အနည်းနဲ့အများ ကပ်ဘေးဆိုက်မှာဘဲ။ ဒီတော့ အဲ့ဒီအချိန်ကျလာတဲ့အခါ ငါတို့ဒုက္ခရောက်လိမ့်မယ်။ ဒီလိုမဖြစ်လာအောင် ကာကွယ်ဖို့ လိုအပ်တယ်။”
ယဲ့ဖန်းက မတ်တပ်ထရပ်လိုက်သည်။ သူက ထိုစကားများကို ပြောသောအခါ အလွန်ပဲ တည်ငြိမ်နေသည်။ သို့တိုင်အောင် ထိုသုံးယောက်၏ ကံကြမ္မာကို သူကဆုံးဖြတ်ပြီးလေပြီ။
အပိုင်း (၃၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset