Switch Mode

Chapter – 28

Chapter – 28

ဒဏ္ဍာရီလာ ရွှေတောင်ပံဖန်းငှက်က ရှေးဟောင်းကျမ်းစာများထဲတွင် ထည့်သွင်းထားခံရပြီး သဘာဝလွန်ကျမ်းစာ၏ အလယ်ပိုင်းလောက်တွင် ပါဝင်ခြင်းဖြစ်သည်။ ထို့အပြင် ရေးကျမ်းစာ၏ အနှစ်ချုပ်ထဲတွင်လည်း ပါသည်။
အကျော်ကြားဆုံးက ကျွမ်းကျိုး၏ ” လွတ်လပ်ပြီး သံခြေကျင်းများ ” မှ ” လွတ်မြောက်သော ခရီး ” ဖြစ်သည်။
“မြောက်ပိုင်းပင်လယ်ထဲမှာလည်း ခွန်းလို့ခေါ်တဲ့ ငါးတစ်ကောင်ရှိသေးတယ်။ အဲ့ဒီ ခွန်းလို့ခေါ်တဲ့ငါးရဲ့ အရွယ်အစားက မိုင်ထောင်ပေါင်းများစွာတောင် ရှည်လျားသေးတယ်။ သူက ငှက်အဖြစ်ပြောင်းသွားတဲ့ အချိန်မှာ ဖန်းငှက်ဖြစ်သွားတယ်။ ဖန်းငှက်ကျောက မိုင်ထောင်ရှည်တယ်။ သူက ခရီးပျံသန်းမယ်ဆိုရင် တိမ်စင်ထဲကိုတောင် ထိုးဖောက်နိုင်သေးတယ်။”
ကျွမ်းကျစ်က ပြိုင်ဘက်ကင်းကာ ခမ်းနားပြီး ကောင်းကင်သို့သာ ဟိန်းဟောက်လိုက်မည်ဆိုလျှင် မိုင်ကိုးသောင်းကျော်အထိ ဟိန်းတက်သွားနိုင်လေသည်။ ထိုသို့ တချက်တွေးကြည့်ယုံဖြင့် ထိုစာပိုဒ်က်ု ဖတ်ရှူခဲ့ရချိန် အားလုံးက ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသေးသည်။
ပုံမှန်အားဖြင့် ဒါက ဖြစ်နိုင်ချေ မရှိချေ။ ထိုနတ်ငှက်ကြီးက မည်မျှပင် ကြီးနေစေကာမူ ထိုမျှထိ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်မထားသင့်ချေ။
ထို့ကြောင့် ရှေးခေတ်လူများက အလွန်ပင် ချဲ့ကားထားသည်ဟုသာ ထင်ကြသည်။
သို့ရာတွင် ပို၍ ပဟေဠိဖြစ်ရသည်မှာ များစွာသော ရှေးခေတ်ကျမ်းစာထဲတွင် ဖန်းငှက်နှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်နေခြင်းဖြစ်သည်။ ပို၍ရှေးကျသော သမိုင်းမှတ်တမ်းစာအုပ်များထဲတွင်လည်း ဖန်းများက တည်ရှိကြောင်း ဆိုထားသည်။ သို့သော် ဒဏ္ဍာရီလာကဲ့သို့ မိုင်ထောင်ပေါင်းများစွာ ကြီးမားနေခဲ့သည်။
လူအများကလည်း အသီးသီး ဆွေးနွေးနေကြသည်။ ဖန်းဟုခေါ်သော ရှေးခေတ်လောကမှ နတ်ငှက်က အမှတ်တကယ် တည်ရှိမရှိ သူတို့က သိချင်သွားကြသည်။
ကျိုးရင်တို့ အားလုံးက ထိုရွှေရောင်အရိပ်ကြီးက ချောက်ကမ်းပါး၏ အနောက်တွင် ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်လိုက်ကြပြီး မှင်တက်နေကြသေးလေသည်။
“ဒဏ္ဍာရီလာ နတ်ငှက်”
လူအများစုကမူ တအံ့တဩ ရေရွတ်ကြသည်။ သူတို့၏ အံ့ဩမှုက နှလုံးသား အောက်ခြေမှလာသည်။ ထိုအကောင်ကြီးက ကြီးမားသော ဆင်ကြီးကိုပင် ထိုးခွဲသွားပြီး သုတ်ချီသွားနိုင်သည့်အပြင် ကြီးမားသော အကောင်တစ်ကောင်ကို သယ်ဆောင်ထားသည့်အတွက် လေးလံသောသဏ္ဌာန်လည်း မပြခဲ့ချေ။ သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားပြီး လူအများကိုပင် တအံ့တဩ ဖြစ်စေလောက်သည်။ သူ၏ ကြီးမားသော အရှည်ကပင် အားလုံးကို သံသယဝင်စေသည်။
ခါသဲ့က အလေးအနက်ထားကာ ဝင်ပြောလာသည်။
“ဒီကြီးမားတဲ့ ငှက်ကြီးက… ငှက်သားကောင် စွန်ရဲလိုဘဲ။ ဒါက မျိုးနွယ်အသစ် မဟုတ်လား။ ကြီးမားတဲ့ ရှာဖွေမှုဘဲ။”
“ထွက်သွားစမ်း … ။”
ဖန်းပေါ်က ထိုခေါင်းမာသော ခါသဲ့ကြောင့် ဆွံ့အသွားသည်။ တစ်ချိန်ထဲတွင်ပင် ဒီလိုအခြေအနေမျိုးတွင် သိပ္ပံနည်းကျ တွေးတောနေ၍ မရတော့ချေ။ သူတို့အားလုံးက ဒီနေရာကို ရောက်လာပြီး ပြန်ရန်ပင် မတွေးတောသင့်လောက်ချေ။
“ဖန်းပေါ် … နင့် အပြုအမူကို ထိန်းစမ်းပါ။”
လီရှောင်းမန်က ဖြတ်ပြောသည်။ သူမ၏ ရှည်လျားသောမျက်တောင်မွှေးများက တုန်ရီလာလျက် လှပသောမျက်ဝန်းဖြင့် သူ့ကို ကြည့်လိုက်သည်။
“ငါက မင်းကို ပြောနေလို့လား … ။”
ဖန်းပေါ်ကလည်း ပြန်ရေရွတ်သည်။
“ငါတို့ ဘယ်လိုလောကမျိုးကို ရောက်လာတာလဲ။ ”
တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက ထိုမေးခွန်းကို တွေးမိပြန်သည်။
ကြီးကြီးမားမား ရှိနေသော စကြာဝဠာကြီးကို ကျော်ဖြတ်ကာ ခရီးဆက်လာပြီးနောက် ကြီးမားသော ထျယ်ကြီးတည်ရှိရာ ကြယ်နယ်မြေသို့ ရောက်လာခဲ့ပြီး ထိုမှဆက်၍ ဤလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ ယင်းက နတ်ဘုရားများ၏ အိမ်သို့ရောက်သွားခြင်းလည်း ဖြစ်နိုင်သည်။
သူတို့ ဘယ်လို ရှင်သန် နေထိုင်နိုင်ကြမှာလဲ။
ထိုနည်းတူစွာ လူတိုင်းက စဥ်းစားနေသော အရာဖြစ်သည်။
ရှေ့ရှိခရီးလမ်းကို ကြိုမသိနိုင်တော့ဘဲ အရာအားလုံးကို ဂရုတစိုက် စဥ်းစားဆင်ခြင်ဆုံးဖြတ်ရန် လိုအပ်နေသေးပြန်သည်။
လူအများစုကမူ သူတို့၏ လက်ထဲမှရတနာများကို ခပ်တင်းတင်းဆုပ်ကိုင်ထားကြသည်။ သို့ရာတွင် ဗုဒ္ဓ အမွေအနစ် ပစ္စည်းများအားလုံးက အရောက်အဝါ ကျဆင်းနေပြီဖြစ်သည်။ ပြောရလျှင် အချို့ဆိုလျှင် ကွဲအက်နေလေပြီ။ ထို့ကြောင့် ဖျက်ဆီုးခံရသည်ဟုပင် ဆိုလို၍ရနေသေးသည်။
နောက်ဆုံးသော အမွေအနစ်ထဲမှ ကျန်ရစ်နေသည့်စွမ်းအင်မျှင်များက ကြေးနီရောင်အခေါင်း၏ ဆွဲစုပ်ယူမှုကို ခံရပြီးဖြစ်သည်။ ဒီအချိန်တွင် မည်သည့်အလင်းမှ ထွက်မလာတော့ချေ။ လက်ထဲတွင် ကိုင်ထားသော်လည်း သာမန်ကြေးနီတုံးတစ်ခုကို ကိုင်ထားရသလို ခံစားချက်ကလွဲ၍ အခြားမရှိတော့ချေ။
သို့ရာတွင် မည်သူကမှ မပစ်ထုတ်ကြချေ။ သူတို့က ဒါက သူတို့၏ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဆုပ်ကိုင်ထားလိုကြသည်။ အနာဂတ်တွင် အသုံးပြုနိုင် စွမ်းအားရှိမရှိ သို့မဟုတ် အနာဂတ်တွင် အလင်းက ပြန်ထွက်လာခြင်း ရှိ မရှိ မသေချာနိုင်ကြချေ။ အလင်းရောင်ကသာ ပြန်ထွက်ပေါ်လာဦးမည် ဆိုလျှင် ဒါက သူတို့အတွက် အကြီးမားဆုံးသော အခွင့်အရေးကြီး ဖြစ်လာပေလိမ့်မည်။
ဂလု …။
ရုတ်တရက် လူတစ်ယောက်၏ ဝမ်းဗိုက်က မြည်လာသည်။ လူအများစုကမူ ကို့ယို့ကားယားဖြစ်သွားကြသည်။ လူသားများက စားရန်၊ သောက်ရန်၊ အိမ်သာသွားရန် လိုအပ်သည်။ လူအများစုကမူ ပြောင်းရွှေ့ပြီး ဟိုဒီကိစ္စများကို ဖြေရှင်းရာ လူကွယ်သော နေရာများသို့ သွားကြသည်။
” ငါ အသက်ရှင်ရမဲ့အစား သေပဲ သေလိုချင်တယ်။ ”
ဖန်းပေါ်က အထင်းသေးနှာခေါင်းရှုံ့ကာ ပြောသည်။
“မားစ်ပေါ်က ကောင်းကင်နန်းတော် အပျက်အစီးဘုံများထဲက ငါက ကြိုမြင်နိုင်စွမ်းရှိလို့ ငါရဲ့ ကြီးမြတ်တဲ့ သဲလွန်စတွေကို ချန်ရစ်ထားခဲ့တယ်။ ”
နှစ်ရာပေါင်းများစွာ ကြာသွားပြီးနောက်မှာ စကြာဝဠာကြီးကို စူးစမ်းလေ့လာသူတွေက ဆက်လက်ရှာဖွေနိုင်ပါစေလို့ မျှော်လင့်ရတာဘဲ … ။”
ထွီ …။
ယဲ့ဖန်းကမူ ရေသောက်နေချိန်ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူက လက်ထဲကရေသန်းဗူးကိုပင် လွှင့်ထုတ်မတက် ဖြစ်သွားသည်။
“ညီအကို …။ ငါ ရေသောက်နေချိန် ဒါတွေ မပြောလို့ မရဘူးလား။ မင်းက ငါ့ကို သတ်နေတာဘဲ။”
ပတ်ဝန်းကျင်မှ လူများက ထိုနှစ်ယောက်ကို သည်းမခံနိုင်တော့ချေ။ လူတိုင်းက ရှင်းပြချက် တစ်ခုစီပြော၍ ထွက်ခွာသွားကြသည်။ လူတိုင်းနီးပါးက ကိုယ့်ကိစ္စကိုယ် ဖြေရှင်းရန် အလွန်အမင်း ရှက်ရွံ့နေကြသည်။ ဖန်းပေါ်က လူတိုင်း၏အမူအရာကို မြင်သောအခါ ထိတ်လန့်စွာအော်သည်။ ထို့နောက် သူက ရည်ရွယ်ချက်ရှိရှိဖြင့် တစ်နေရာသို့ လှမ်းကြည့်ကာ ချောင်းအနည်းငယ် ဟန့်လိုက်သည်။ သူက ထိုနေရာသို့ ဝင်လိုက်သွားတော့မလို လုပ်လိုက်သည်။
ချက်ချင်းလိုလို ကြီးမားသော သစ်ပင်းနားမှာ လူများက ဝင်သွားကြပြီး သူတို့ကိစ္စသူတို့ ချောချောမွေ့မွေ့ ဖြေရှင်းနိုင်သည်။
ဖန်းပေါ်က အလွန် ကျယ်လောင်စွာ ရယ်သည်။ ထို့နောက် သူက စောင့်ကြောင့် ထိုင်လိုက်ပြီး ခဲလုံးနှစ်လုံးကို ကောက်လိုက်ကာ ထိုနေရာသို့ လှမ်းပစ်လိုက်သည်။ ရုတ်တရက် လီကျန်းချင်၏ အသံကြီးက နွယ်ပင်များ၏ အနောက်မှ ထွက်လာသည်။
“ဘယ်ကောင်လဲ။ ဘယ်ကောင်က ယုတ်မာတာလဲ။”
တစ်ချိန်ထဲတွင်ပင် လျိုယွမ်ကျစ်၏ ဒေါသတကြီး အသံကလည်း ပါသေးသည်။
ထိုအခါ နောက်ထပ် ခဲလုံးတစ်လုံးကို ကောက်နှင့်ပြီး လီရှောင်းမန် ဝင်သွားသောနေရာသို့ ပစ်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်သောအခါ ယဲ့ဖန်းက အလျင်စလိုတားလိုက်သည်။
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြောင်း မြင်သောအခါ ဖန်းပေါ်ကလည်း လေးနက်သော မျက်နှာထားမျိုး ပြန်ပြောင်းလိုက်သည်။ သူကယဲ့ဖန်းကို ဆွဲပြီးနောက် တောင်ထိပ်၏ ပတ်ပတ်လည်ကို လိုက်ရှာဖွေတော့သည်။ စားကောင်းမည့် သစ်သီးများ ရှိ မရှိ လိုက်ကြည့်လိုသည်။ ယဲ့ဖန်းက မားစ်ဂြိုလ်ရှိ ငါးရောင်ခြယ်ယစ်ပုလ္လင်ပေါ်တွင် နတ်မိကျောင်းများကို သယ်လာသည့်တိုင် သူတို့နှစ်ယောက်က ဒီလိုအခြေနေမျိုးတွင် မစားချင်ကြချေ။ အကြောင်းမူကား သူတို့အန်ချင်စိတ်ကို ထိန်းနိုင်မည်မဟုတ်ချေ။
“ဒီမှာ စမ်းရေရှိနေတာဘဲ။ ”
ဖန်းပေါ်က ရုတ်တရက် တစ်စုံတစ်ရာကို ရှာတွေသွားသည်။
ထိုတို့၏ ရှေ့ရှိ တစ်ဆယ်မီတာခန့် အကွာတွင် ရေပုံးတစ်ပုံးမျှ ထူထဲသော နွယ်ပင်အချို့က နေရာလွတ်တစ်ကို ရစ်ပတ်ထားသည်။ ထိုနေရာတွင် တစ်မီတာခန့်ရှိသော စတုရန်းပုံစံရှိမည့် စမ်းရေကန်လေးကိုလည်း မြင်ရသည်။
ကြည့်ရုံဖြင့် နတ်စမ်းရေကန်နှင့် တူသည်။ ထိုစမ်းရေကန်၏ဘေးတွင် သေးငယ်သော အပင်အမျိုးအစားများ ရှိနေပြီး တစ်ဝက်ခန့်တာ မြင်ရသည်။
ထိုအပင်လေးများက အစိမ်းရောင် အရွက်လေးများ သန်းနေပြီး လက်တစ်ဝါးစာခန့် ကြီးမားနေသေးသည်။ အရွက်ပုံစံများက လက်မောင်းများ ဆန့်တန်းနေသည်နှင့်ပင် ထင်နေရသည်။ ထို့ကြောင့် အပင်တစ်ပင်ချင်းစီတိုင်းတွင် အနီရောင်အသီးများရှိနေသေးသည်။
ထိုအသီးများက ချယ်ရီသီးများနှင့် တူသော်လည်း ကြက်ဥလုံးလာက် ကြီးသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်က နွယ်ပင်ကို ကျော်ဖြတ်ပြီးနောက် လျှောက်သွားလိုက်ကြသည်။ သူတို့က မွှေးပျံ့သော အသီးနံ့များကို ရနေကြသည်။
ရုတ်တရက် သူတို့နှစ်ယောက်လုံးက သရေကျလုမတက် ဖြစ်သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့က တစ်ရက်နဲ့တစ်ညလုံး ဘာမှမစားခဲ့ရချေ။ ထို့ကြောင့် သူတို့၏ အစာအိမ်များက ဆာလောင်လာကြသည်။ သူတို့ကသာ စားစရာတစ်ခုခု မရှာနိုင်ကြလျှင် သူတို့နှစ်ယောက်လုံးက နတ်မိကျောင်းအသားကိုသာ ကိုက်စားရန် ဆုံးဖြတ်ထားကြသည်။
“အနံ့က အတော်မွှေးတာဘဲ။ ငါ ဒီလောက်မွှေးတဲ့ သစ်သီးမျိုးကို မမြင်ဖူးသေးဘူး။ ”
သူတို့က နီးကပ်လာသောအခါ သစ်သီးများက ပို၍သင်းပျံ့လာသည်။ နှစ်ထောင်ကျော် သက်တမ်းရှိသော သေရည်ကောင်းတစ်ခု၏ အနံ့ထက်ပင် ဆွဲဆောင်မှု ပြင်းလာသေးသည်။
“အနံ့က အတော်ဆွဲဆောင်မှု ပြင်းတာဘဲ။ အဆိပ်ရှိနေနိုင်လား။ ”
နှစ်ယောက်လုံးက အနည်းငယ် မတင်မကျ ဖြစ်နေကြသည်။ လှပပြီး ဆွဲဆောင်မှုပြင်းသော သစ်သီးက အဆိပ်အရှိဆုံး ဖြစ်နိုင်သည်။
“ငါတော့ ဂရုမစိုက်ဘူး။ ဒီလောက်မွှေးတဲ့ သစ်သီးနံ့ဆိုရင် အဆိပ်ရှိတယ်ဆိုရင်တောင် ငါ စားကြည့်မှာဘဲ။ ဦးနှောက်ထဲက ထွက်လာတဲ့ ရွံ့စရာကောင်းတဲ့ အကောင်တွေကို စားရတာထက်စာရင် တော်ပါသေးတယ်။”
“ဘာလို့ မင်း အရင်မစားကြည့်တာလဲ။ မင်းက ပိုပြီးသန်မာတာဘဲ။ အဆိပ်ရှိနေခဲ့ရင် မင်း တောင့်ခံနိုင်မှာပါ။”
” ငါ့ထက်တော့ မင်းက ပိုအရေထူတာဘဲ။ မင်းက အဆိပ်ပြီးလောက်တယ်။ ဒီတော့ မင်း အရင်စမ်းကြည့်တာ အကောင်းဆုံးဘဲ။ ”
နှစ်ယောက်လုံးက အလွန်တက်ကြွနေကြသည်။ ထို့နောက် မည်သို့ပင်ဆိုစေ သူတို့က ထိုဆန္ဒလောကကို ရောက်လာကြသည့်တိုင်အောင် လုံးဝပင် မကြောက်ဘဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် ရင်ဆိုင်လိုကြသည်။
ယဲ့ဖန်းက အနီရောင်အသီးတစ်လုံးကို ယူပြီး လက်ထဲတွင် ​ကိုင်ကြည့်သည်။ အသီးက အလွန်နူးညံ့နေသည်။ ထို့ပြင် သလင်းသားလို ကြည်လင်နေကာ အနီရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားသလို ထင်ရပြန်သည်။ တစ်ချိန်ထဲတွင် ဖန်းပေါ်ကလည်း နုတ်ယူလိုက်ကာ ပြောသည်။
“ငါတော့ မရ​တော့ဘူး။ ဒီသစ်သီးရဲ့ အနံ့က တကယ်ကို ဆွဲ​ဆောက်မှု ပြင်းလွန်းတယ်။ ငါ မနေနိုင်တော့ဘူး။ ငါအရင် စားကြည့်မယ်။”
“ငါလည်း စားကြည့်မယ်။”
နှစ်ယောက်လုံးက တစ်ချိန်ထဲလိုလို ကိုက်လိုက်ကြသည်။ သူတို့က ကိုက်လိုက်သောအချိန်တွင် အသီးထဲမှ အနီရောင်အရေပြားက ကွဲထွက်သွားပြီး ချက်ချင်းလိုလို မွှေးပျံ့လွန်းသော အရသာ သူတို့၏ ကိုယ်တွင်းအင်္ဂါများထဲသို့ ဝင်ရောက်လာကာ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သလို ခံစားလိုက်ရသည်။
“အရသာရှိလိုက်တာ .. ။”
ဖန်းပေါ်က ချက်ချင်းပင် မျိုချလုမတက် ဖြစ်သွားသာ်။ အရည်က ရွှမ်းပြီး နီရဲလွန်းနေကာ အမွှေးနံ့ကလည်း ပြင်ထန်လွန်းနေသည်။ ထိုနေရာတစ်ခုလုံး အမွှေးနံ့က ကြိုင်လာသည်။
“ဒီလောက်အရသာရှိတဲ့ သစ်သီးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ အရမ်းပင်ပန်းနေလို့များလား။”
နှစ်ယောက်လုံးက ပထမအသီးကို စားပြီး ခဏစောင့်ကြည့်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်က ပို၍အားအင်ပြည့်ဖြိုးလာသလို ခံစားလာရပြီး အဆိပ်အတောက်လည်း မဖြစ်ချေ။
“အဆိပ် မရှိဘူး။”
” ဒါဆို ဘာစောင့်နေတာလဲ။ စားကြစို့။”
နှစ်ယောက်လုံးက တစ်မီတာခံရှိသော စမ်းရေကန်လေး၏ ဘေးတွင်ထိုင်က အသည်းအသန်စားကြသည်။ အရည်များကလည်း ဟိုဟိုဒီဒီ ဖိတ်စင်ကုန်သည်။ သူတို့က အချိန် အတိုင်းအတာတစ်ခုထိ ဗိုက်ဆာသောကြောင့် သူတို့က ကိုယ်လျှာကို မျိုချမိမတတ် အရသာရှိလွန်းသော အသီးကို စားနေကြရသည်။ သို့ရာတွင် တစ်ယောက် လေးလုံးစီ စားပြီးနောက် ရပ်လိုက်သည်။ ယဲ့ဖန်းက ပြောသည်။
“ယီယီနဲ့ ကျန်းကျစ်လင် အတွက် နည်းနည်းလောက် ယူသွားရအောင်။”
“ကောင်းပြီလေ။ သူတို့လည်း ဆာနေမှာဘဲ။”
ထိုသေးငယ်သော အသီးများက မီတာဝက်ခန့်သာလျှင် ရှည်ပြီး အလွန်ထူးခြားလွန်းသည်။ သို့သော် တစ်ပင်စီတွင် ရှိနေလေရာ စမ်းရေကန်ပတ်ပတ်လည်တွင် သေးငယ်သော သစ်ပင်လေးများက အစိမ်းရောင် ကျောက်စိမ်းတိုင်လေး သုံးတိုင်ဟုပင် ထင်ရသည်။ ထို့ပြင် အလွန်တောက်ပကာ နီရဲသော အသီးများကလည်း အလင်းရောင် ဟပ်နေစေပြန်သည်။
ဖန်းပေါ်က အသက်ပြင်းပြင်းရှူပြီးနောက် စမ်းရေကန်ကို သွားမွှေနှောက်တော့သည်။ ထို့နောက်​ ပြောလိုက်သည်။
“ထူးဆန်းလိုက်တာ။ ဒီစမ်းရေကန်က ရနံ့ရှိနေသလိုဘဲ .. ။”
ယဲ့ဖန်းကလည်း မွှေးကြည့်သည်။ အနံ့က ဖျော့တော့သော်လည်း အနံ့တစ်ခုက ရှိနေသည်မှာ သေချာသည်။ သူက ပြောသည်။
“ဒီအပင်လေးတွေက ထူးဆန်းတဲ့သစ်သီးတွေကို သီးနေမှတော့ ဒီစမ်းရေကလည်း ထူးဆန်းနေလောက်သေးတယ်။”
ဖန်းပေါ်က စမ်းရေအနည်းငယ် သောက်ပြီးနောက် ပြောသည်။
“အရသာက အတော်လေးကို ချိုတာဘဲ။ ကံဆိုးစွာနဲ့ အရသာက အနည်းငယ် ထူးခြားနေတာဘဲ။ သောက်ပြီးတဲ့ အချိန်မှာတော့ ငါ ဘာမှမခံစားရတော့ဘူး။ ”
သူက သူ၏ ရေသန့်ဗူးထဲမှ ရေများကို သွန်ချလိုက်ပြီးနောက် ရေများကိုဖြည့်သည်။
နှစ်ယောက်လုံးက ထိုနေရာတွင် တစ်ခဏမျှ နားနေပြီးမှ သစ်သီးများကို စားပြီးနောက် စမ်းရေကို သောက်ပြီး တစ်ဖန်ပြန်လည် ကျန်ရစ်သည့် အသီးများကို ယူလိုက်ကာ ပြန်ထွက်လာသည်။ ဖန်းပေါ်က လေသံတိုးတိုးဖြင့် ပြောသည်။
“ဒီသစ်သီးကို စားပြီးတဲ့နောက်မှာ ငါတို့ရဲ့ မောပန်းနွမ်းနယ်မှုတွေ ပျောက်ကင်းသွားတယ်။ မင်းရော အဲ့လိုခံစားရလား။ ငါကတော့ အားအင်အပြည့်ဘဲ။”
ယဲ့ဖန်က ပဟေဠိ ဖြစ်သွားသည်။ ချက်ချင်းလိုလို ခေါင်းငြိမ့်ကာ ပြောသည်။
“ဒီအနီရောင် သစ်သီးက တကယ်ကို ပုံမှန်မဟုတ်ဘူး။”
ထိုအချိန်တွင် လူတိုင်းက ကိုယ့်ကိစ္စကို ဖြေရှင်းပြီးကြလေပြီ။ တစ်ချို့လူများကမူ အဝေးသို့ ကြည့်ပြီး အနေအထားကို စစ်ဆေးနေသည်။ တစ်ချို့သူများက စုစည်းကာ မည်သို့သွားသင့်ကြောင်း ရှင်းလင်းနေကြသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်က ဖြတ်သွားသောအခါ မွှေးပျံ့သော သစ်သီးနံ့က ကပ်ပါသွားသည်။ ချက်ချင်းလိုလို လူတိုင်း၏ အာရုံက သူတို့ထံရောက်လာသည်။ လူအများစုကမူ တံတွေးမျိုချကြသည်။ တစ်ချို့လူများကမူ ဗိုက်ဆာမှုကို ကြာရှည်စွာ ခံစားနေရလေသည်။
” ယီယီ …။ မင်းအတွက် စားလိုက် .. ။”
ဖန်းပေါ်က တောက်ပသော အနီရောက် သစ်သီးနှစ်လုံးကို လျိုယီယီ၏ လက်ထဲသို့ ထည့်ပေးသည်။ သူတို့က နေရောင်အောက်တွင် အလွန်တောက်ပနေသည်။
လီကျန်းချင်က သိပ်မဝေးသောနေရာတွင် ရပ်နေ​ခြင်း သည်။ သူက အမွှေးနံ့ကို ရလိုက်သောအခါ မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“ဖန်းပေါ် … မင်းတို့တွေ ဒီသစ်သီးကို ဘယ်နေရာက ရှာလာတာလဲ။ မြန်မြန်လူတိုင်းနဲ့ မျှဝေလိုက်။ ငါတို့အားလုံး ဆာနေကြတာ … ။”
သူက ပြောနေရင်း ရှေ့တက်လာသည်။ သူက သူ့ကိုသူ အပြင်လူဟုလည်း မသတ်မှတ်ချေ။
သူက ယဲ့ဖန်းကို သိပ်မကြာခင်ကပင် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ပြီး သတ်လုနီးပါး ဖြစ်သွားခဲ့ကြောင်းကို မေ့နေခဲ့ပုံရသည်။ သူက လက်ဆန့်ပြီး ဖန်းပေါ်၏ လက်ထဲမှ အခြားသော သစ်သီးသုံးလုံးကို လုရန် ပြင်လိုက်သည်။
အပိုင်း(၂၈)ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset