Switch Mode

Chapter – 26

Chapter – 26

ယဲ့ဖန်က ရှေးဟောင်းကြေးနီရောင်အခေါင်းလေးကို ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရေကန်တွင်ပေါ်နေသော လမင်းလို ဖြစ်လာသည်။ သူက ခံစားချက်မဲ့စွာဖြင့် ထိုနေရာတွင် ဒီအတိုင်း ရပ်နေပြီး အခြားသော မြင့်မြတ်သည့် လောကမှ အရှိန်အဝါမျိုးကို လွင့်ထုတ်နေသည်။
ထိုအချိန်တွင် သူက ဒီလောကမှ ကွဲထွက်နေသည့် ကျော့ရှင်းကြည့်ကောင်းလွန်းသော သေမျိုးများ၏အစားကို မစားသလို လေထဲတွင် အချိန်မရွေး ပျံသန်းနိုင်သည့် အမတအလား ထင်ရသည်။
သို့ရာတွင် သူ၏ အတွင်းလောကကမူ သူ၏ စိတ်လောက် မတည်ငြိမ်ခဲ့ချေ။ မဟာတာအို၏ ကောင်းကင်သံစဥ်က အဆုံးမဲ့သော ချောက်နက် သို့မဟုတ် သမုဒ္ဒရာကြီးအလား ထင်ရပြီး အဆင့်မြင့်ကာ ကျယ်ပြောလွန်းသည်။ စကားလုံးတိုင်းက ပင်လယ်ပြင်က ပျက်စီးနေသလို ချောက်ကမ်းပါးကြီးက ကွဲထွက်နေသလို အရှိန်အဝါ ပြင်းထွန်လွန်းလှသည်။
ရှေးဟောင်းဗုဒ္ဓဘာသာမှ ဘုန်းတော်ကြီးတစ်ပါးက တရားစာ ရွတ်ဖတ်နေသလို ထင်ရသော်လည်း ရှေးဦးနတ်ဘုရားများကို ဆုတောင်းနေသူများက ရွတ်ဖတ်ပူဇော်နေသလိုလည်း ထင်ရပြန်သည်။
အသံက အဆုံးအစမဲ့ပြီး ကောင်းကင်တစ်ခုလုံးကိုပင် ထိုးဖောက်သွားသလို ယဲ့ဖန်း၏နှလုံးသားထဲ တိုက်ရိုက်စီးဝင်လာသည်။ သူ၏စိတ်က လှုပ်ခါလာပြီး အတွေးများကလည်း ဖိအားသက်ရောက်ခံရသည်။ သူက မည်သည့်နေရာတွင်ရှိကြောင်း မေ့သွားသည်။
အဝေးတွင် လူတိုင်းမှာ သူက ပဟေဠိဖြစ်သော အမူအရာမျိုးဖြင့် မျက်နှာသေနှင့် ရှိနေကြောင်း မြင်ရသောအခါ ဘာတွေဖြစ်နေမှန်း မသိကြတော့ချေ။ သို့သော် သူက ဖုန်မှုန့် အညစ်အကြေးများ ကင်းစင်သော အမတဟူသော ခံစားချက်ကိုသာ ခပ်ယဲ့ယဲ့ ရနေသည်။ သူက အခြားသော လောကမှ တစ်စုံတစ်ယောက်လို့ ခံစားလိုက်လာကြရသည်။
ယဲ့ဖန်း၏ တစ်ကိုယ်လုံးက ထိုနေရာတွင် အေးခဲနေသည်။ ကောင်းကင်သံစဥ်က ခေါင်းလောင်းတစ်ခုလို အသံမျိုး ထုတ်လွင့်နေပြီး အလှမ်းကွာဝေးလွန်းပြန်ရာ ​ကျယ်ပြောလွန်းပြန်သည်။ နားလည်ရန် ခက်ခဲသည်။ သူက အဓိပ္ပါယ်ကို နားမလည်နိုင်ချေ။
အချိန်တခဏတွင် သူက ငရဲချောက်ကမ်းပါးတွင် ရှိနေသည်ဟု ခံစားလိုက်ရပြီး နောက်တခဏတွင် သန့်စင်သော နတ်ဘုရားများ၏ နယ်မြေပေါ်တွင် လမ်းလျှောက်နေသလို ခံစားရပြန်သည်။
ရှင်းပြရန် ခက်ခဲသော ထိုကိစ္စက နှလုံးသားထဲတွင် လွင့်မြောနေပြီး သူကို သတိအပြည့်ဖြစ်လာစေသလို စိတ်ရှုပ်ထွေးလာစေပြန်သည်။
လျို့ဝှက်ဆန်းကျယ်သော ကောင်းကင်သံစဥ်က ရှည်ကြာခြင်း မရှိချေ။
အနှစ်ချုပ်ဆိုရသော် ထိုစကားလုံးများက အသိပေးနေသလိုသာလျှင် ဖြစ်နေခြင်းဖြစ်သည်။ အားလုံးပေါင်းမှ စကားလုံးရာဂဏန်းသာ ရှိသည်။ ရိုးရှင်းပြီး မွန်းမံထားခြင်းလည်း မရှိသော်လည်း ဘာသာကို သီးသန့်ပေါင်းစပ်ထားသလို ဖြစ်နေသေးပြန်သည်။
ကောင်းကင်သံစဥ်က ထပ်ခါတလဲလဲ မြည်ဟီးနေပြန်သည်။ ထို့နောက်တစ်ခါ ပြီးဆုံးသွားပြန်သည်။ ထိုသို့ဖြင့် ယဲ့ဖန်း၏ နှလုံးသားထဲတွင် စကားလုံးတစ်လုံးချင်စီတိုင်းက အစပိုင်းတွင် တောင်တန်းနှင့် မြစ်ပြင်များကို လှုပ်ခါနိုင်သလို ဖြစ်လာပြီးနောက် တဖြည်းဖြည်းချင်း ကန်ရေပြင်ပေါ်မှ လမင်းလို အေးချမ်းလာသည်။
ရှေးဟောင်းစကားလုံး အလုံးတစ်ရာကျော်က ယဲ့ဖန်း၏ နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း ထွင်းထုထားသလို ဖြစ်လာသည်။ ကောင်းကင်သံစဥ်က မရပ်မနားဆက်တိုက် မြည်ဟီးနေကာ သူ၏နံဘေးပတ်တွင် လှိုင်းထနေသည်။
ထိုဖြစ်စဥ်တောက်လျှောက် ယဲ့ဖန်း၏ ရင်ဘက်နားသို့ ရောက်သွားပြီဖြစ်သည့် ဗောဓိမျိုးစေ့လေးက အလွန်အမင်း နွေးထွေးသော ခံစားချက်ကို ထုတ်လွင့်ပေးနေကာ သူ၏တစ်ကိုယ်လုံးကို နွေးထွေးလာစေသည်။ ထိုအတွက်ကြောင့် ယဲ့ဖန်းက လျို့ဝှက်ဆန်းကျယ်သည့် အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခြင်းလည်း ဖြစ်သည်။
ဒဏ္ဍာရီအရ ဗောဓိသစ်ပင်က လူတစ်ယောက်၏ နားလည်သဘောပေါက်နိုင်စွမ်းအားကို မြှင့်မားအောင် သို့မဟုတ် လူတစ်ယောက်၏ အသိဉာဏ်ပညာကို လှုပ်နှိုးပေးနိုင်သလို ဉာဏ်အလင်းပွင့်အောင်လည်း လုပ်ပေးနိုင်ပြီး လောက၏ စည်းချပ်ညီမှုကိုလည်း ထိန်းညှိပေးနိုင်သည်။
ထို​ဗောဓိ သစ်ပင်အောက်တွင် ရှိနေခဲ့သော ​ဗောဓိမျိုးစေ့က အလွန်ထူးခြားသော ဇစ်မြစ်ကို ပိုင်ဆိုင်ထားနိုင်လေသည်။ ယဲ့ဖန်းက တိတ်ဆိတ်စွာဖြင့် ထိုနေရာတွင် ဒီအတိုင်းရပ်နေခြင်းသည် အခြားသူများက ပဟေဠိ ​ဖြစ်လာကြသည်။
အချို့ကမူ ယဲ့ဖန်းကို ဆွဲခေါ်ရန် အကြံပေးသည်။ မည်သို့ပင်ဆိုစေ သူနှင် ဒီလိုအခြေအနေမျိုးတွင် စကားပြောရန် ခက်ခဲနေသည်။
ဖန်းပေါ် က ယဲ့ဖန်းကို တစ်ပတ်ခန့် ပတ်ကြည့်သော်လည်း သူ၏မျက်နှာတွင် မည်သို့သော နာကျင်မှုကိုမှ မတွေ့ရချေ။
အနှစ်ချုပ်ဆိုရလျှင် သူ၏ခန္ဓာကိုယ်က မြင့်မြတ်သော အရှိန်အဝါကို လွင့်ထုတ်နေသေးရာ ထူးခြား ဖျော့တော့သည့် ခံစားချက်မျိုးကို ရနေသည်။
ထိုကြေးနီအခေါင်းက နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ အဆုံးတွင် ဖန်းပေါ်က အလျင်စလို မတုန့်ပြန်တော့ဘဲ ဘေးနားတွင်သာ ရပ်စောင့်နေလိုက်ပြီး တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
“သူရဲ့ခန္ဓာကိုယ်ထဲကို မိစ္ဆာဝင်ပူးသွားတာ မဟုတ်ဘူးလား။ ”
လီကျန်းချင်က ရှေးဟောင်းကြေးနီရောင်အခေါင်း ကိုကြည့်ပြီးနောက် ယဲ့ဖန်းကိုကြည့်ကာ ပြောသည်။
တခြားသူများက သူ၏စကားကိုကြားသောအခါ သူတို့၏ လက်ထဲမှပစ္စည်းများကို ဆုပ်ကိုင်လိုက်ကြသည်။ တစ်ချို့မနေနိုင်ကြဘဲ ​ခြေလှမ်းအနည်းငယ် ဆုပ်လိုက်ကြသည်။ လျို့ဝှက်ဆန်းကျယ်သော အခေါင်းက အမည်မသိရသော အရာများပြည့်နှက်နေကာ သူတို့အား မသက်မသာ ဖြစ်စေသည်။
“မင်းရဲ့အဆင့်ကို ဦးနှောက်က ဆုံးဖြတ်တယ်။ မင်း ယဲ့ဖန်းကို အသရေ မဖျက်ရရင် မင်း သေမှာဆိုးလို့လား။ ဘာလို့ ဒီလိုတွေ ပေါက်ကရတွေ လျှောက်တွေးနေရတာလဲ။ ”
ဖန်းပေါ်ကမူ ထိုကောင်ကို အလွန်မုန်းတီးနေပြီ ဖြစ်သည်။ သူတို့က ထိုစင်မြင့်ပေါ်တွင် ထိပ်တိုက်ရင်ဆိုင်ပြီးကထည်းက တစ်ဖက်လူက သူနဲ့ယဲ့ဖန်းကို ဆက်တိုက် ပစ်မှတ်ထားလေသည်။ ထိုကြောင့် သူကလည်း စကားလုံးများကို ထိန်းနေစရာ အကြောင်းမရှိချေ။
“တော်ပြီ မငြင်းကြနဲ့တော့။ ”
ကျိုးရင်က မျက်မှောင်ကြုံ့ကာ ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာပြောသည်။
” ဒီလိုအချိန်မှာ ဒီကြေးနီရောင် အခေါင်းကြီးထဲမှာ နောက်ထပ် နတ်မိကျောင်းတွေ ရှိနေလားဆိုတာ ငါတို့ သေချာမသိနိုင်ဘူး။ ဂရုတစိုက် ရှာကြတာ အကောင်းဆုံးဘဲ။”
အခြားသူများက ထိုစကားကို ကြာသောအခါ သူတို့၏ နှလုံးသားများက ကျဥ်းကြပ်သွားသည်။ သို့သော် ဒါက အမှန်တရားဖြစ်သည်။ တစ်စုံတစ်ယောက်က နတ်မိကျောင်းတစ်ကောင်ကို ရှာတွေ့သည်နှင့် နောက်ထပ် ဒုတိယ၊ တတိယ သို့မဟုတ် နောက်ထပ်အကောင်များ မရှိနိုင်တော့ဟု အာမခံရန် ခက်ခဲသွားပြီ ဖြစ်သည်။
ထိုအချက်က လူတိုင်း၏ သေရေးရှင်ရေးကိစ္စကို စိုးရိမ်စိတ်ဝင်လာစေသည်။ ကျန်သော လူ ဆယ့်လေးယောက်က နတ်မိကျောင်းများကြောင့် သေဆုံးသွားရပြီ ဖြစ်သည်။ ထိုမျှ ကြောက်စရာကောင်းပြီး ခက်ထန်လွန်းသော သတ္တဝါက လူတိုင်းကို တုန်ရီစေသည်။ လူအုပ်က လူစုမကွဲကြချေ။ နှစ်ယောက်စ သုံးယောက်စလေးသာ အနည်းငယ် ခပ်လှမ်းလှမ်းအထိသာ ချဲလိုက်ပြီးနောက် ဟိုဟိုဒီဒီ လိုက်လံရှာဖွေကြသည်။ သူတို့၏ ဖုန်းများကို ​ဖွင့်ပြီးနောက် လက်တစ်ဖက်ကလည်း နတ်ဘုရားများ၏ အမွေအနှစ်ပစ္စည်းများကို ခပ်တင်းတင်းကိုင်ကာ ရှာဖွေကြသည်။
သို့ရာတွင် ထောင့်တိုင်း၊ နေရာတိုင်း ရှာပြီးသည့်တိုင်အောင် အဖွဲ့ အချင်းချင်းပြန်ဆုံပြီးသည့်တိုင်အောင် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
သို့တိုင်အောင် သူတို့က ဂရုမစိုက်ပဲ မနေရဲကြချေ။ ကြေးနီရောင်အခေါင်းက အလွန်အမင်း ကြီးမားသည်။ ဒီလို ကွင်းပြင်လို ဖြစ်နေတဲ့ နေရာမျိုးထဲတွင် နတ်မိကျောင်း အကောင် အနည်းငယ်က မည်သူမှ ရှာမတွေ့အောင် ပုန်းနေနိုင်စွမ်း ရှိလောက်သည်။ ပို၍ဆိုးသည်မှာ နတ်မိကျောင်းများက အခေါင်းနံရံများကို ကပ်နေပြီလား မသေချာသေးနိုင်ချေ။
ထိုနေရာများက အလွန်ပင် မဲမှောင်လွန်းလျက် သူတို့က ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်ချေ။
“အားလုံးဘဲ သတိအပြည့်ထားကြပါ။ ငါတို့ ဂရုစိုက်မှ ဖြစ်မယ်။ ”
လင်းကျားက လူအုပ်ကို သတိပေးသည်။ တစ်ချိန်ထဲတွင် လူတိုင်းကို နှစ်သိမ့်ပေးသည်။
“နတ်မိကျောင်းတွေ ရှိနေသေးတယ် ဆိုရင်တောင်မှ ငါတို့ရဲ့ လက်ထဲက ဗုဒ္ဓ၏ အမွေအနှစ်တွေကို သူတို့အရမ်းကြောက်တာ သေချာနေတာဘဲ။ မဟုတ်ရင် သူတို့ ငါ့ကို တိုက်ခိုက် နေလောက်ပြီလေ။ ”
ရုတ်တရက် လူအုပ်က ထူးဆန်းသော အသံကို ကြားလိုက်ရသည်။ အသံက အားနည်းပြီး ဖျော့တော့လွန်းကာ သေချာစွာ သတိမထားလျှင် ကြားရလိမ့်မည်မဟုတ်ချေ။ သူတို့၏ နှလုံးသားများက တုန်ရီသွားသည်။
ထိုအသံက အဝေးရှိ အာကာပြင်နှင့် အရှိန်ကိုကျော်ဖြတ်ကာ လာသော ဗုံတီးသံနှင့်တူသည်။ ခပ်ထိုင်းထိုင်းဖြစ်ပြီး ဝမ်းနည်းမှုက အပြည့်ဖြစ်နေသည်။ ထို့နောက် ခေါင်းလောင်းသံက ထွက်လာပြန်သည်။ လေထဲတွင် မြှားပစ်လိုက်သလိုမျို တဝှီဝှီသံများက ​ပြည့်နှက်သွားပြန်သည်။
“ဘယ်ကအသံတွေ လာနေတာလဲ။”
လူတိုင်းက အံ့ဩသွားသည်။ သူတို့က ပတ်ဝန်းကျင်ကို လှမ်းကြည့်သော်လည်း ဘာမှမတွေ့ရချေ။ ခပ်ထိုင်းထိုင်း ဗုံတီးသံများနှင့် အဝေးမှလာနေသော ခေါင်းလောင်းသံများက အခေါင်း၏ နံရံများမှ လာနေသည်နှင့် တူသည်။
ထိုအချက်က လူတိုင်း၏ ဆံပင်မွှေးကို ထောင်တက်သွားစေသည်။
“ဒါ ဒါက ရှေးဟောင်းဧကရာဇ်ရဲ့ စျာပနသီချင်းသံလား။”
ရုတ်တရက် အသံများက ကျွတ်စီလာပြန်ပြီး အဆုံးမသတ်နိုင်သော ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ် သံစဥ်များကို လွင့်ထုတ်တော့သည်။ သောင်းပေါင်းများစွာသော လူများက ကိုးကွယ်ပူဇော်နေသလိုမျိုး သူတစ်ယောက်၏ စျာပနကို ကျင်းပနေသလိုမျိုး ဖြစ်လာသည်။
ပူဆွေးခြင်း အထိမ်းအမှတ် ခေါင်းလောင်းက ခေါင်းလောင်းသံ ဆက်တိုက် ထွက်ပေါ်နေချိန်တွင် ပူဆွေးခြင်းအထိမ်းအမှတ် ဗုံတီးသံများကလည်း ဆက်တိုက် ထွက်ပေါ်နေပြန်သည်။ လူတိုင်း၏ အရှေ့တွင်ပင် အဆုံးစမဲ့အောင် ကျယ်ပြောခမ်းနားသည့် ဈာပနကြီးကို ကျင်းပနေသည်နှင့် တူသည်။
ထို့ပြင် အဆုံးစမဲ့သော လူပင်လယ်၏ ကြေကွဲဝမ်းနည်း ဆုတောင်းသံများကိုလည်း ကြားလိုက်ရသည်။
ထိုအချိန်တွင် ရုတ်တရက် နဂါးအလောင်းကိုးကောင်၏ အော်ဟစ်သံများက ထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင် ပဲ့တင်ထွက်သွားပြီး မြေပြင်များကို တုန်ရီစေလျက် မြေကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကြယ်စင်ကောင်းကင်၏ သမိုင်းထဲသို့ ထိုပုံရိပ်က အမှန်တကယ် ဖြစ်တည်လာတော့မလိုပင် ခံစားလိုက်ရသည်။
ထိုအချိန် လူတိုင်းက ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။ သူတို့ကိုယ်တိုင်က ရှေးဟောင်းဧကရာဇ်က မြေကမ္ဘာပေါ်သို့ ဆင်းတက်လာသော မြင်ကွင်းကို မြင်လိုက်ရသလို လောကတစ်ခုလုံးက အုပ်စိုးခံရကြောင်း မြင်လိုက်ရသလို ခမ်းနားသော စျာပနပွဲကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
အမှန်တော့ မည်သည့် ဆူညံသံမှ ပေါ်မနေခဲ့ချေ။ အရာအားလုံးက ထိုအသံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူတိုင်းက ခပ်မြန်မြန် အသိပြန်ဝင်လာကြသည်။ ထာဝရ ရှိနေမည်ဟု ထင်ရသော ထိုအသံများက လေထဲတွင် ရှိနေသေးသည်။ လူတိုင်းကလည်း နားထောင်ရုံဖြင့်ပင် ကျောချမ်းလာသည်။
“ငါတို့ရဲ့ လက်ထဲက ပစ္စည်းတွေက ထပ်ပြီး လင်းလာပြန်ပြီ။”
ထိုအချိန်တွင် မြင့်မြတ်သောအလင်းက တစ်ဖန်ထွက်ပေါ်လာသည်။ လူတိုင်း၏ လက်ထဲမှ ဗုဒ္ဓ၏ အမွေအနှစ် ပစ္စည်းများ အားလုံးက ထပ်မံတောက်ပလာပြန်သည်။
သို့ရာတွင် သူတို့က နတ်အလင်းတန်းများကို သယ်ဆောင်ထားသောကြောင့် မဟုတ်ဘဲ သူတို့၏ အရောင်အဝါ ဆုံးရှုံးလုနီးပါးဖြစ်အောင် ဆုပ်ယူခံရသောကြောင့် ဖြစ်လာသည်။
သောင်းပေါင်းများစွာသော အလင်းတန်းများက ထွက်လာပြီးနောက် ကြီးမားသော ကြေးနီရောင်အခေါင်း၏ နံရံများထံသို့ ပြေးဝင်သွားပြီး ရှေးဟောင်းကြေးနီရောင် ရုပ်ပုံများထံ နစ်မြုပ်သွားသည်။
အခေါင်း၏ နံရံများက အစိမ်းရောင်ကြေးနီ သံချေးများ တက်နေသည်။ သို့သော် ရှေးခေတ်ဘိုးဘေးများ ရှေးဟောင်းနတ်ဘုရားများ၏ ရုပ်ပုံကို ဖုံးကွယ်ထားပြန်သည်။
ထိုအချိန်တွင် အားလုံးက လင်းလက်တောက်ပလာသည်မှာ ထိုလူများ အသက်ဝင်လာတော့မည်ကဲ့သို့ ထင်ရသည်။ ထွားကြိုင်းသော သားရဲကြီးများ၊ နတ်ငှက်ကြီးများကလည်း အသက်ပြန်ဝင်လာတော့မလိုဖြစ်လာသည်။ ရှေးဟောင်းကြေးနီရောင်ရုပ်ပုံများက လျှို့ဝှက်ဆန်းကျယ်သော စွမ်အင်များနှင့် ပြည့်နှက်နေသည်။
” ကြည့်ဦး … ။ ဒီကြယ်ကောင်းကင်က ရုပ်ပုံတွေက လင်းလက်လာတယ်။”
လူတိုင်းက ပုံမှန်မဟုတ်သော အရာများကို ရှာတွေ့လိုက်သည်။ အကြောင်းမူကား ရှေးဟောင်းကြေးနီရောင် ရုပ်ပုံများထဲတွင် အကြီးမားဆုံး အပိုင်းတစ်ပိုင်းက ကြယ်မြေပုံကဲ့သို့ အရာဖြစ်သည်။
ထိုအရာက ကျယ်ပြောသော ကောင်းကင်ကြီး ပုံစံဖြစ်နေပြီး ထိုအချိန်တွင် ကြယ်စင်များက အလွန်အမင်း လင်းလက်တောက်ပနေသည်။
အခေါင်းပေါ်ရှိ ထိုအနက်ရောင် နံရံကြီးများကမူ ပြောင်းလဲသွားခြင်း မရှိချေ။ ထို့ပြင် ပိန်းပိတ်အောင် မဲမှောင်နေသေးပြန်သည်။
သို့သော် အဆုံးအစမဲ့သော ကြယ်စင်များက ပိန်းပိတ်အောင် မဲမှောင်နေသော ညကောင်းကင်တွင် မရေမတွက်နိုင်သော အစစ်အမှန် ကြယ်စင်များဖြင့် အလှဆင်ထားသလို ဖြစ်နေခြင်း ဖြစ်သည်။
“ကြယ်စင်ကောင်းကင်ရုပ်ပုံမှာ ဒီလိုအကြောင်းတန်းလိုက် အလင်းတွေ တောက်ပလာတာဘဲ။ ဒါက ငါတို့ကျော်ဖြတ်သွားလာနေခဲ့တဲ့ ရှေးဟောင်း ကြယ်စင်လမ်းကြောင်းများ ဖြစ်နေမလား။”
လူတိုင်းက ထိုနေရာတွင် ဝိုင်းအုံလာပြီး ကြည့်ကာ ထင်မြင်ချက်များကို ပေးသည်။ လူတိုင်းကလည်း သူတို့၏ အံ့အားသင့်မှုကို ဖော်ပြကြပြန်သည်။
ကြယ်စင်ကောင်းကင်က ကျယ်ပြောသော ပင်လယ်ပြင်ကြီးပုံစံ ထွင်းထုထားခြင်းဖြစ်ပြီး လူပေါင်းများစွာက ဖုန်မှုန့်များလို သေးငယ်များပြားသည်။ သို့ရာတွင် အချို့သော ကြီးမားသည့် ကြယ်များကမူ အထူးတလည် တောက်ပနေပြီး မျက်စိကို ဖမ်းစားလွန်းနေပြန်သည်။
“ဒီကြယ်ခုနစ်စင်းက အတောက်ပဆုံးဘဲ။ ဒါက ထျယ်နဲ့တူတယ်။”
ဝမ်ကျစ်ဝမ်၏ စကားကိုကြားသော လူတိုင်း၏ အာရုံက ပြောင်းသွားပြီး သူတို့၏ရှေ့တွင် ရှေးဟောင်းကြယ်စင်လမ်းကြောင်းရှိနေပြီး ကြီးမားသောထျယ်ကြီးက ရှိနေပြီး မျက်စိဖမ်းစားလွန်းနေသည်။
ထိုထျယ်ကြီးလောက် တောက်ပသော အခြားသော ကြယ်ပေါင်းများစွာလည်း ရှိနေသေးသည်။ ဂရုတစိုက် အဓိပ္ပါယ် သတ်မှတ်ကြည့်ပြီးနောက် လူအများကမူ အံ့အားသင့်သော အမူအရာများကို ထုတ်ပြလာကြသည်။ ကျိုးရင်က ပညာသင်သား ဘဝကိုသာရှိတာမဟုတ်ဘဲ စာပေပေါင်းများစွာကိုလည်း ဖတ်ဖူးသောသူဖြစ်သည်။
ထိုကြောင့် သူက ချက်ချင်းလိုလို တောက်ပလွန်းသောကြယ်များကို အထူးတလည် မှတ်မိလိုက်ပြီးပြောလိုက်သည်။
“ဒါက ရှေးဟောင်း တရုတ်ပြည်ရဲ့ နက္ခတ်တာရာတွေဘဲ။”
ရှေးခေတ်တရုတ်ပြည်တွင် ကြယ်စင်ကောင်းကင်က နယ်မြေပေါင်းများစွာ ကွဲထွက်နေသည်။ မတူကွဲပြား ကြယ်နယ်မြေကြီးတွင် မတူကွဲပြားသော ​ကြယ်နယ်မြေများရှိသည်။ အားလုံးကို နယ်နိမိတ်များ ကန့်သတ်ရာတွင်အသုံးပြုသော ခြံဝန်းသုံးခု ပိုင်းခြားရာတွင် အသုံးပြုသော ခွဲခြမ်းမှုလေးခုနှင့် စံအိမ်ကြီး နှစ်ဆယ့် ရှစ်ခုဆိုပြီး ကောင်းကင် ကြယ်စင်စက်ဝိုင်း ဇယားဟူ၍ အနှစ်ချုပ်ထားသည်။
ရှေးဟောင်းကြေးနီ​ရောင်ရုပ်ပုံများက ထိုနည်းလမ်းကို အသုံးပြုကာ ခွဲခြားထားခြင်းဖြစ်သည်။
ထို့ကြောင့် အကျော်ကြားဆုံးသော ကြယ် အများစုကို အထူးတလည် မှတ်သားထားခြင်းလည်း ဖြစ်ပြန်သည်။
“ကြယ်စင်ကောင်းကင်ရုပ်ပုံတွေကို ကြည့်ပြီးတဲ့နောက်မှာ ရှေးဟောင်း ကြယ်စင်ကောင်းကင် လမ်းကြောင်းကို ပြန်ကြည့်ကြည့်ပါလား။ တကယ်ကို အံ့အားသင့်စရာကောင်းတာကို သိရလာလိမ့်မယ်။ ရှေးခေတ်က လူမျိုးတွေက ကြယ်စင်ကောင်းကင်ရုပ်ပုံနဲ့ ကြည့်ပြီး ခွဲခြားထားကြတာ။ အယူတွဲတာ သက်သက်မဟုတ်ဘူး။ မတူကွဲပြားတဲ့ ကြယ်တာရာလမ်းကြောင်းတွေက မတူကွဲပြားတဲ့ ကြယ်နယ်မြေကို ကိုယ်စားပြုတယ်။ ဒီကြယ်တွေဆိုရင် အရမ်းကို ထူးခြားတယ်။ ဒီတော့ ပိုပြီး အရေးကြီးတဲ့ အဓိပ္ပါယ်တွေကို သယ်ဆောင်ထားတယ်။ ”
“ဟုတ်တယ်။ ကြည့်ရတာ ဒါက ရှေးခေတ်ကြယ်ကောင်းကင် လမ်းကြောင်းနဲ့ ပတ်သက်နေသလိုဘဲ။ ဖြစ်နိုင်တာက အသက် အရင်းအမြစ်နဲ့တောင် ဆက်စပ်နေလောက်တယ်။”
လူတိုင်းက အံ့ဩသွားကြပြီး အထိတ်တလန့်ဖြစ်ကာ ဆွံ့အသွားကြပြန်သည်။
“ကြည့်ဦး။ ကြယ်စင်ကောင်းကင်ရုပ်ပုံတွေက ဆက်ပြီးတောက်လျှောက် တဖြောင့်ထဲ တောက်ပသွားတာ မဟုတ်ဘူးလား။ ဖြစ်နိုင်တာက ဒါက ငါတို့သွားနေတဲ့နေရာကို ဦးတည်ပြနေတာလား။ ဒီဆက်တိုက်တောက်ပသွားတာက ငါတို့ ရှေ့ဆက်သွားရမဲ့ ရှေးဟောင်း ကြယ်စင်ကောင်းကင်လမ်းကြောင်း ဘဲလား။ ”
“ဒါဆိုရင် ဒီခပ်ပါးပါး မျဥ်းကြောင်းက ထျယ်ပုံစံ ကြယ်စင်တွေကို သေချာပေါက် ချဥ်းကပ်သွားမှာဘဲ။”
လူတိုင်းက အံ့ဩသွားသည်။ သူတို့က နဂိုက ထိုက်တောင်ပေါ်တွင်သာ ရှိနေကြခြင်းဖြစ်သည်။ သို့သော် ချိန်တိုအတွင်းတွင် ထျယ်ကြီးထံ ချဥ်းကယ်နေလေပြီ။ ထိုအရာက အိမ်မက် အစစ်အမှန်မဟုတ်ဟုပင် ထင်ရလောက်အောင် စိတ်ကူးယဥ်ဆန်လွန်းနေသည်။
လက်ရှိ လူ လုပ် နည်းပညာများနှင့် ဆိုလျှင် ထိုထျယ်ကြီး၏ အနီးပတ်ဝန်းကျင်ကို ရောက်ရန်အတွက်ပင် အလင်းနှင့် သန်းပေါင်းများစွာကြာသည့်တိုင်အောင် မချဥ်းကပ်နိုင်လောက်သေးချေ။
ထို့ကြောင့် အလွန်ပင် ဝေးကွာလွန်းကြောင်း သိနိုင်သည်။ လူတိုင်းက သံသယဝင်သွားကြသည်။ သူတို့၏ နှလုံးသားကမူ အလွန်အမင်း လှုပ်ခါသွားပြန်သည်။
“ထျယ်ကြီးရဲ့ အရှေ့ဆုံးက အတောက်ပဆုံးကြယ်ကိုကြည့်လိုက်။ သူက အတောက်ပဆုံးဘဲ။ ဒါက မြောက်ပိုင်းကြယ် ဖြစ်လောက်တယ်။ ငါတို့ရဲ့ ဦးတည်ရာဘက်က အဲ့ဒီကြယ်နယ်မြေထဲက ဂြိုလ်တစ်ခုများလား။ မြောက်ပိုင်းကြယ်က ရှေးခေတ်အချိန်က ထူးခြားတဲ့ အဓိပ္ပါယ်ရှိတာကို အားလုံးသိကြတယ် မဟုတ်လား။”
လူတစ်ယောက်က မြောက်ပိုင်းကြယ်နဲ့ ပတ်သက်ပြီး ခန့်မှန်းချက် ထုတ်ပေးပြန်သည်။ ထိုကြယ်က မျက်စိထဲတွင်ရှိသော ကြယ်များထဲမှ အတောက်ပဆုံးဖြစ်သည်။
“ပြောဖို့ခက်တယ်။ ဖြစ်နိုင်တာက ပိုပြီးအလှမ်းဝေးတဲ့ ကြယ်နယ်မြေကို ဦးတည်နေတာလည်း ဖြစ်နိုင်တာဘဲ။”
ထိုအချိန်တွင် လူတစ်ယောက်က ရုတ်တရက် အော်သည်။
“တောက်ပနေတဲ့လမ်းကြောင်းက ဆက်ပြီး မပြန့်ကားတော့ဘူး။ ဒီနေရာမှာ ရပ်သွားပြီ။ ဆိုလိုတာက ဒါက အဲ့ဒီထျယ်ကြီးရှိတဲ့ ကြယ်နယ်မြေကြီးဘဲ။ ”
တစ်ချိန်ထဲတွင် ကြေးနီရောင်အခေါင်းက လှုပ်လာလာကြောင်း သိလိုက်ရသည်။ ကောင်းကင်နှင့် မြေပြင်ကပင် လှုပ်ခါသွားသလို ခံစားလိုက်ရသည်။
“ငါတို့ကြည့်ရတာ အဆုံးသတ်ရောက်ပြီထင်တယ်။ ”
“ငါတို့ နတ်ဘုရားတွေရဲ့ ဦးတည်တဲ့ လမ်းကြောင်းကို ရောက်သွားပြီလား။”
“ဒဏ္ဍာရီလာ ထာဝရရှင်သန်ခြင်း လောက ဖြစ်နိုင်မလား။ ”
“အရမ်းကို အဆင့်မြင့်လွန်းတဲ့ နည်းပညာမြင့်မားတဲ့ လူမျိုးစုလည်း ဖြစ်နိုင်တာဘဲ။ ”
“ထာဝရရှင်သန်သူတွေ ဗုဒ္ဓတွေရှိနေမယ်ဆိုရင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေကိုတောင် မြင်နိုင်လောက်တယ်။ ”
“နတ်ဘုရားတွေ ဖန်တီးထားတဲ့ ရှေးဟောင်းကြယ်စင်လမ်းကြောင်း နောက်ကိုလိုက်ပြီး အဆုံးမှာ ဘယ်လိုအရာမျိုးကိုများ တွေ့နိုင်လောက်လဲ။”
လူတိုင်က အလွန်မင်း ထိတ်လန့်နေကြသည်။ သို့သော်တစ်ချိန်ထဲတွင်ပင် မျှော်လင့်စောင့်စားမှုက ကြီးစိုးလာသည်။ မည်သူကမှ ဒီကြေးနီရောင်အခေါင်းထဲတွင် ဆက်လက်ပြီး မနေလိုကြချေ။
အပိုင်း (၂၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset